Switch Mode

Chapter – 597

အခန်း (၅၉၇) အသက်တစ်သိန်းပြည့်ခြင်း၊ ဒုတိယ တာအိုစက်ကွင်း
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်သား ဟန်ထော်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် ကောင်းကင်တာအိုမှ ထွက်ခွာသွား၏။]
[သင့်မိတ်ဆွေ တောင်ဘက်စွန်း ကောင်းကင်အရှင်သည် ကမ္ဘာတစ်ခုကို ဖွင့်လှစ်လိုက်သောကြောင့် ကောင်းကင်တာအို ကံတရား အထောက်အပံ့ လျော့ကျသွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ဆန်းကြယ်စွမ်းအားတစ်မျိုးကို သိမြင်နားလည်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် မုရုံချီသည် ပဋိပက္ခ နတ်ဘီလူးအသွင် ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် စုချီသည် လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခု၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။]
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်က ဟန်ထော်ရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကို တွေ့လိုက်ရတဲ့အခါမှာ မှင်သက်သွားပါတယ်။
‘မဖြစ်နိုင်တာ… သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက ဒီလောက်ကွာတာ၊ ဟန်ထော်ရဲ့ သူ့အရည်အချင်း အကုန်လုံး ထုတ်သုံးရင်တောင် ဟွမ်ဇွမ်တျန်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး၊ နောက်ပြီး ဟွမ်ဇွမ်တျန်ကလည်း ဟန်ထော်ကို မြင်ရင် ငါနဲ့ ဟန်ထော်ရဲ့ ဆက်ဆံရေးကို မခန့်မှန်းနိုင်စရာမှ မရှိတာ…’
‘ဟွမ်ဇွမ်တျန်က ငါ အာရုံကို ဆွဲဆောင်ဖို့ တမင်လုပ်လိုက်တာများလား…’
ပုံမှန်အခြေအနေမှာ အဖေတစ်ယောက်က သူ့သားကို ကျိန်းသေပေါက် အာရုံစိုက်မှာပါ။ ဟန်ကျွယ်လည်း တစ်ခဏတွေးတောပြီး ဟွမ်ဇွမ်တျန်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်ထဲမှာ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို တအံတဩ ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “ဆရာက ကျွန်တော့်ကို တကယ် နားလည်တာပဲ”
ဟန်ကျွယ်က စိတ်ဆိုးမာန်ဆိုး ပြန်မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
ဟွမ်ဇွမ်တျန်က ဂိုဏ်းချုပ်တျန်ကျွယ် သူ့အတွက် စီစဉ်ထားတာတွေကို ချက်ချင်း ပြောပြလိုက်ပါတယ်။
‘ဒီကောင်တွေက ကောင်းကင်တာအိုအသစ် ဖန်တီးချင်နေတာကကိုး…’
ဟန်ကျွယ်ဟာ စာစောင်တွေကနေ ဒီကိစ္စကို ရိပ်မိပြီသားဆိုပေမဲ့ ဟွမ်ဇွမ်တျန်ကို မပြောပါဘူး။ စာစောင်တွေက တစ်ဖက်သတ် ရှုထောင့်ကနေပဲ ရေးထားတာပါ။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်က သူ့ကိုယ်သူ ဒဏ်ရာရခံပြီး ဒီသတင်း လာပေးတဲ့အတွက် အတော်လေး ကျေနပ်သွားပါတယ်။
ဟန်ကျွယ်ဟာ လွှတ်ထားတဲ့ သူလျှိုတွေထဲမှာ ဟွမ်ဇွမ်တျန်က အတော်ဆုံးပါ။ ပြဿနာလည်း မရှာသလို ကူညီစရာလည်း မလိုပါဘူး။ သူ့ဟာသူ အကုန်လုံးကို စီမံဆောင်ရွက်နိုင်ပါတယ်။ ဒီအတွေးကြောင့် ဟန်ကျွယ်ရဲ့ အကြည့်ဟာ တင်းမာမှုတွေ ပြေလျော့သွားပါတယ်။
ဒါပေမဲ့ နေလ ယင်ယန် အကာကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်ကြောင့် ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာကို မမြင်နိုင်ပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါ ဒီကိစ္စကို ကြည့်စီစဉ်လိုက်မယ်၊ နောက်တစ်ခါ ဟန်ထော်ကို သွားမရှာနဲ့၊ မင်း တစ်ခါမကလုပ်ရင် တာအိုပညာရှိတွေက သံသယဝင်လိမ့်မယ်”
ဟွမ်ဇွမ်တျန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
“ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ မင်း ဒီဆန်းကြယ်စွမ်းအားကို သုံးလိုက်တာနဲ့ မင်း ငါ့ကို ရှာနေတယ်ဆိုတာ ငါ သိနိုင်တယ်”
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ နဖူးကို လက်ညိုးနဲ့ ညွှန်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ဖိတ်ခေါ်ပညာရပ် သင်ပေးလိုက်တာ ဖြစ်ပါတယ်။
အိပ်မက် ပြီးဆုံးသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပြီး နှစ်နာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီမို့ နောက်ထပ် ထိုးဖောက်ရမဲ့အဆင့်က လွတ်လပ် တာအိုပညာရှိအဆင့်ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို အမှီပြုပြီး လွတ်လပ် တာအိုပညာရှိ ဖြစ်ချင်တာပါ။
ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအိုက အရမ်းစွမ်းအားကြီးနေပြီး အကုန်လုံးကို လွှမ်းခြုံမိနေပါပြီ။ ဟန်ကျွယ် မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ကျင့်ကြံလာတာနဲ့အမျှ အန္တိမမူလ မဟာတာအိုရဲ့ စွမ်းအားကလည်း ပိုမိုကျယ်ပြောလာပါတယ်။ တစ်နေ့မှာ အန္တိမမူလ မဟာတာအိုက မဟာတာအိုသုံးထောင် ပါဝင်လာပြီး အစွမ်းအထက်ဆုံး မဟာတာအိုတစ်ပါး ဖြစ်လာမှာပါ။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အန္တိမမူလ မဟာတာအိုအသွင် ပြောင်းလဲချင်လာပါတယ်။ မဟာတာအိုက နေရာတိုင်းမှာရှိတဲ့အတွက် မဟာတာအိုခန္ဓာကိုယ်က ထာဝရ တည်ရှိနိုင်ပါတယ်။ ဒါက တာအိုပေါင်းစပ်တာနဲ့ နည်းနည်း ဆင်တူပါတယ်။
တာအိုဘိုးဘေး တာအိုပညာရှိ ဖြစ်လာပြီးနောက် ဒီထက်ပိုမြင့်တဲ့ အဆင့်ကို ရောက်ရှိဖို့အတွက် ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီး တာအိုပညာရှိတွေရဲ့ အထက်မှာ ရပ်တည်ခဲ့ပါတယ်။
ဟန်ကျွယ်နဲ့ အန္တိမမူလ မဟာတာအိုကြားက ဆက်ဆံရေးဟာ ကောင်းကင်တာအိုနဲ့ တာအိုဘိုးဘေးကြားက ဆက်ဆံရေးနဲ့ မတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က အန္တိမမူလ မဟာတာအို တစ်ခုလုံးကို တစ်ယောက်တည်း ဖန်တီးထားလို့ ဖြစ်ပါတယ်။ အန္တိမမူလ မဟာတာအိုက ဟန်ကျွယ်ကို လုံးဝနာခံပြီး ဟန်ကျွယ် ဘာလုပ်လုပ် တန်ပြန်ထိမှာကို စိုးရိမ်စရာ မလိုပါဘူး။
ဟန်ကျွယ်ဟာ လွတ်လပ် တာအိုပညာရှိဖြစ်လာဖို့ အမြန်ဆုံး လိုအပ်နေပါတယ်။ လွတ်လပ် တာအိုပညာရှိ ဖြစ်လာမှသာ အမှောင်ဘုရင် တာအိုပညာရှိနဲ့ လျိုဟုန်ကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
…..
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နှစ် ၂,၀၀၀ ကြာသွားပါတယ်။ ဘာလိုလိုနဲ့ ဟန်ကျွယ်တောင် အသက် ၁၀၀,၀၀၀ ပြည့်သွားပါပြီ။
[သင်သည် အသက် ၁၀၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ ကိုယ်ပိုင် ကောင်းကင်တာအို ဖန်တီးပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဒုတိယ တာအိုစက်ကွင်းအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ဒုတိယ တာအိုစက်ကွင်း…’ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို စိတ်ဝင်စားသွားပါတယ် ‘ဒုတိယ တာအိုစက်ကွင်းက ဘာကို ပြောတာလဲ၊ တာအိုစက်ကွင်း အသစ်ကို ဖန်တီးတာလား…’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့၍ မဟာတာအို အပိုင်းအစ တစ်စနှင့် ဒုတိယ တာအိုစက်ကွင်း ဖွင့်လှစ်ရန် အခွင့်အရေးတစ်ကြိမ် ရရှိပါသည်။]
[ဒုတိယ တာအိုစက်ကွင်း: နေရာရွေးပြီးနောက် အချိန်တစ်ခုအတွင်း ဒုတိယ တာအိုစက်ကွင်းကို တည်ဆောက်နိုင်သည်။ ဒုတိယ တာအိုစက်ကွင်း၏ စိတ်ဝိညာဉ်ချီနှင့် အစီအမံ အရံအတားသည် ပင်မတာအိုစက်ကွင်းနှင့် အဆင့်အတူတူ ဖြစ်ပြီး တာအိုစက်ကွင်း နှစ်ခုအကြား အချိန်မရွေး ရွှေ့ပြောင်းသွားလာနိုင်၏။ အရာအားလုံးသည် တာအိုစက်ကွင်းသခင်၏ ဆန္ဒအပေါ်တွင် မူတည်သည်။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွဝားပါတယ် ‘ဒုတိယာ တာအိုစက်ကွင်းက အဆင့်မြှင့်တင်စရာ မလိုဘဲ ပင်မ တာအိုစက်ကွင်းလို တစ်ခါတည်း စွမ်းအားကြီးလာမှာလား… ပြီးတော့ အချိန်မရွေးလည်း ရွှေ့ပြောင်းသွားလာနိုင်တယ်… ဒါက ထွက်ပြေးဖို့အတွက် မရှိမဖြစ်အရာပဲ’
ဟန်ကျွယ်ဟာ အရမ်းပျော်သွားပါတယ်။ ဒီလုပ်ဆောင်ချက်က မဆိုးပါဘူး။ တစ်နေကျလို့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တာအိုဘိုးဘေး တိုက်ခိုက်ခဲ့ရင် ဟန်ကျွယ်ဟာ အချိန်မရွေး ထွက်ပြေးလို့ရပါပြီ။
‘ငါ ဘယ်နေရာမှာ ဒုတိယ တာအိုစက်ကွင်းကို တည်ဆောက်သင့်လဲ၊ အမှောင်တားမြစ်နယ်မြေမှာ ဆောက်ရင် ကောင်းမလား… အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံဆိုရင်ရော…’
ဟန်ကျွယ်ဟာ ပထမဆုံး အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို စိတ်ထဲကနေ ထုတ်ပစ်လိုက်ပါတယ်။ ဒီနေရာက ကောင်းကင်တာအိုနဲ့ နီးကပ်လွန်းတဲ့အတွက် တာအိုဘိုးဘေးက ကျိန်းသေပေါက် ရှာတွေ့မှာပါ။
ဟန်ကျွယ်အနေနဲ့ အင်မော်တယ်ကမ္ဘာကနေ အရမ်းဝေးကွာတဲ့ နေရာတစ်ခုကို သွားဖို့ လိုအပ်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မြေအင်မော်တယ်ကမ္ဘာကို တွေးမိသွားပါတယ်။ မြေအင်မော်တယ်ကမ္ဘာရဲ့ ကျန့်ယွမ်ဇီက တာအိုဘိုးဘေးလောက် စွမ်းအားမကြီးပါဘူး။ ဒါပေမဲ့ မြေအင်မော်တယ်ကမ္ဘာက အင်မော်တယ်ကမ္ဘာနဲ့ ဘယ်လောက်ဝေးလဲ ဆိုတာကိုတော့ ဟန်ကျွယ် မသိသေးပါဘူး။
“ငါ အင်မော်တယ်ကမ္ဘာနဲ့ အဝေးကွာဆုံးနေရာကို သိချင်တယ်”
[အင်မော်တယ်ကမ္ဘာသည် ပဋိပက္ခ၏ အလယ်တွင် တည်ရှိသောကြောင့် အဝေးကွာဆုံး နေရာကို တွက်ချက်ရန် မဖြစ်နိုင်ပါ။]
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြန်ရယ်မိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဝေးကွာဆုံး နေရာကို သိရင်တောင် ဟန်ကျွယ်ဟာ သွားမှာ မဟုတ်လို့ပါပဲ။
ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ချက်ချင်း အိပ်မက်ပေးပြီး ဖိတ်ခေါ်ပညာရပ် သင်ပေးလိုက်ပါတယ်။ လေးငါးခြောက်ရက် အကြာမှာတော့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဖိတ်ခေါ်ပညာရပ်ကို တတ်မြောက်သွားပြီး ဟန်ကျွယ်ကို စတင်ဆင့်ခေါ်ပါတယ်။
ဟန်ကျွယ်ဟာ သတိကြီးသူ ဖြစ်တဲ့အလျောက် စနစ်ကို မေးလိုက်ပါတယ် “မြေအင်မော်တယ်ကမ္ဘာမှာ ငါ့ထက် စွမ်းအားကြီးတဲ့လူရှိလား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချပြီး ဝဲကတော့နက်ထဲ လှမ်းဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရှေ့ကို ရောက်သွားပါတယ်။
ဒီနေရာက နက်မှောင်ပြီး နတ်ဆိုးသရဲတွေနေတဲ့ လိုဏ်ဂူလိုပါပဲ။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဒူးတစ်ဖက်ထောင်ပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီအတောအတွင်း လွမ်ဟွေအာကာသရဲ့ အခြေအနေ ဘယ်လိုရှိလဲ” ဟန်ကျွယ်ဟာ ရန်သူလာရင် အသင့်ဖြစ်ဖို့ သူ့ရဲ့ အကောင်းစား ရတနာတွေ အကုန်လုံးကို အသက်သွင်းထားပါတယ်။ မြေအင်မော်တယ်ကမ္ဘာမှာ သူ့ထက် စွမ်းအားကြီးတဲ့ တည်ရှိမှု မရှိဘူး ဆိုပေမဲ့ အပြင်ဘက်ကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဆင်းသက်မလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
သတိဆိုတာက ပိုတယ်မရှိပါဘူး။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ လွမ်ဟွေ အာကာသရဲ့ တိုးတက်မှုတွေကို စပြီးတော့ ပြောပြပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံကို ဖြန့်ကျက်ပြီး မြေအင်မော်တယ်ကမ္ဘာကို ထောက်လှမ်းလိုက်ပါတယ်။
မြေအင်မော်တယ်ကမ္ဘာက စကြဝဠာတစ်ခုအသွင် ပြောင်းလဲပြီး ဖြစ်တာကြောင့် အလွန်တရာ ကျယ်ပြောပြီး ကြယ်တွေကလည်း မရေမတွက်နိုင်အောင် ရှိနေပါတယ်။ လွမ်ဟွေ အာကာသက ပဋိပက္ခထဲမှာ တည်ရှိပြီး မြေအင်မော်တယ်ရဲ့ အထက်မှာပါ။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းအတွက် သင့်လျော်တဲ့နေရာကို စပြီးတော့ ရှာဖွေပါတယ်။
‘ကမ္ဘာမြေဆိုရင်ရော… မကောင်းဘူး… ကမ္ဘာမြေက အားနည်းလွန်းတယ်၊ ကျင့်ကြံသူတွေ လက်ချက်နဲ့ ကမ္ဘာမြေ ပျက်ဆီးသွားရင် ငါ့ တာအိုစက်ကွင်း ပေါ်သွားမှာပေါ့…’
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ နေမင်းဆီ ရောက်သွားပါတယ် ‘ဟုတ်တယ် ငါ နေဆီမှာ တာအိုစက်ကွင်းကို ထားလို့ရတာပဲ’
စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို စကားဖြတ်ပြောလိုက်ပါတယ် “ငါ လျှောက်ကြည့်လိုက်အုန်းမယ်၊ မင်းကိစ္စတွေ ဆက်လုပ်တော့…”
စကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မျက်မှောင်ကြုတ် ကျန်ခဲ့ပြီး နိုးနိုးကြားကြား ဖြစ်သွားပါတယ်။
‘မြေအင်မော်တယ်ကမ္ဘာမှာ တာအိုပညာရှိ ပေါ်လာလို့လား… အဲဒီကျန့်ယွမ်ဇီ ပြန်လာတာလား…’ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ တွေးလေလေ စိတ်လေးလေလေပါပဲ။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ်က စွမ်းအားကြီးရန်သူကို ရှင်းပစ်နိုင်ဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ်ကိုတော့ တော်တော်လေး ယုံကြည်မှု ရှိပါတယ်။ ဟန်ကျွယ်က ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုမရှိရင် လှုပ်ရှားမဲ့လူစားမျိုး မဟုတ်ပါဘူး။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ နေဆီ ရောက်သွားပါတယ်။ ပူပြင်းတောက်လောင်တဲ့ အပူရှိန်ဟာ ဟန်ကျွယ်အပေါ် သက်ရောက်မှု မရှိပါဘူး။ ဟန်ကျွယ်ဟာ မြေပြင်ကို ထိုးဖောက်ပြီး နေထဲမှာ နေရာတစ်ခု ဖန်တီးကာ စနစ်ကို ဒုတိယ တာအိုစက်ကွင်း တည်ဆောက်ခိုင်းလိုက်ပါတယ်။
[ဒုတိယ တာအိုစက်ကွင်းအား စတင် တည်ဆောက်နေပါပြီ။ သင် အချိန်မရွေး ထွက်သွားနိုင်သည်။ စောင့်ဆိုင်းစရာ မလိုပါ။]
‘လူသားဆန်လှချည်လား…’ ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပြီး လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဆီ ပြန်ခုန်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset