Switch Mode

Chapter – 564

အခန်း (၅၆၄) လွမ်ဟွေ အင်မော်တယ်ဧကရာဇ် အညံခံခြင်း၊ တာအိုရှာဖွေသူ
တွက်ချက်မှုကနေ လူသားမျိုးနွယ်စုရဲ့ ကပ်ဘေးက လူသားတွေကြောင့်ပဲ ဖြစ်လာတယ်ဆိုတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။
လွန်ခဲ့တဲ့နှစ်တစ်သောင်းက လူငယ်လေးတစ်ယောက်ရဲ့ မိသားစုဟာ သတ်ဖြတ်ခံရပြီး အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ဒီလူငယ်လေးဟာ လူသားမျိုးနွယ်စုကို အမုန်းကြီး မုန်းတီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလူငယ်လေးဟာ အခွင့်အရေးတစ်ခုကို ရရှိပြီး ကောင်းကင်ပေါ် ထိုးတက်သွားခဲ့ပါတယ်။
ဒီလူငယ်လေး နာမည်ကတော့ ရွှီတုတောက်ပါ။ သူ့ဆရာသခင်ကတော့… လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ပါ။
ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို မေ့ပျောက်လုနီး ဖြစ်နေပါပြီ။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က အခုလိုမျိုး တိတ်တဆိတ် လှုပ်ရှားနေလိမ့်အုန်းမယ်လို့ ဟန်ကျွယ် ထင်မထားပါဘူး။
ရွှီတုတောက်ဟာ နတ်မင်းအဆင့်ကို ရောက်နေပါပြီ။ နှစ်တစ်သောင်းအတွင်း နတ်မင်းအဆင့်ကို ရောက်သွားတာက အတော်လေး မြန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ရွှီတုတောက် ခန္ဓာကိုယ်ထဲမှာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ ဓမ္မစွမ်းအားတွေ ပြည့်နှက်နေတာကို ဟန်ကျွယ် အာရုံခံမိပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ပါ။ သူ့အတွက် အနာဂတ်မှာ တာအိုပညာရှိအတုအဆင့်ကို ရောက်ဖို့က သိပ်ခက်မယ် မထင်ပါဘူး။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဘာမှပြန်မပြောဘဲ တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ရွှီတုတောက်ကို ဘာဖြစ်လို့ ပံ့ပိုးပေးရတာလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၂ ဘီလီယံ… မဆိုးဘူး… ဒီလွမ်ဟွေ အင်မော်တယ်ဧကရာဇ်က တစ်ခုခုတော့ တစ်ခုခုပဲ’
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ မြူခိုးတွေ ပြည့်နေတဲ့ အမှောင်ထုတစ်နေရာကို ရောက်ရှိသွားပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ်ရှေ့မှာ ထိုင်နေပြီး သူ့ပုံရိပ်က အရင်လိုပဲ လျှို့ဝှက်ဆန်းကြယ်နေတုန်းပါ။
ဒီအချိန်မှာပဲ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရှေ့ကို ရုပ်သွင်တစ်ခု ရောက်လာပါတယ်။ ဒီရုပ်သွင်က တခြားလူ မဟုတ်ပါဘူး။ ရွှီတုတောက်ပါ။
ရွှီတုတောက်ဟာ သတိလစ် မေ့မျောနေပြီး သေမင်းနှုတ်ခမ်းဝ ရောက်နေပါတယ်။
ဒီအချိန်မှာ အသံတစ်သံ ထွက်ပေါ်လာပါတယ် “လွမ်ဟွေ အင်မော်တယ်ဧကရာဇ်… မင်း တာအိုပညာရှိ မဖြစ်ချင်ဘူးလား၊ ဒီ‌ကောင်လေးကို နောက်ကနေ ပံ့ပိုးပေးပြီး လူသားမျိုးနွယ်စုကို သူ့ဘာသာ ဖျက်ဆီးပါစေ၊ လူသားမျိုးနွယ်စုက မင်းလက်ထဲမှာ ပျက်သုဉ်းသွားပေမဲ့ မင်းရောငါရော ဒီကံဝန်ကို ထမ်းဆောင်ရမှာ မဟုတ်ဘူး၊ အနာဂတ်မှာ ငါ မင်းအတွက် လောကဦး ခရမ်းရောင်ချီရအောင် ကြံဆောင်ပေးမယ်”
ဟန်ကျွယ်ရဲ့ အမူအရာဟာ ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသံပိုင်ရှင်က ဧကရာဇ်ရှောင် ဖြစ်နေလို့ပါပဲ။ ဧကရာဇ်ရှောင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်နောက်မှာ ရှိနေလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားပါဘူး။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မျက်လုံးဖွင့်ပြီး ပြန်မေးလိုက်ပါတယ် “ခင်ဗျားစကားကို ဘယ်လိုယုံရမှာလဲ”
ဧကရာဇ်ရှောင်က ပြန်ဖြေလိုက်ပါတယ် “မင်းမှာ ငါ့ကို ယုံကြည်ဖို့ကလွဲပြီး တခြားနည်းလမ်း ရှိလို့လား၊ တခြားတာအိုပညာရှိတွေက မင်းကို ဘာကောင်မှထင်တာ မဟုတ်ဘူး၊ မင်းက ပြန်လည်မွေးဖွားခြင်း တာအိုက လာတာ၊ မင်းအထက်မှာ ဧကရီဟုတ်ထို ရှိနေသေးတယ်”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။
ပုံရိပ်ယောင် ကွဲကြေသွားပြီး ဟန်ကျွယ်လည်း မျက်လုံးဖွင့်လိုက်ပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ် အကြောင်း စဉ်းစားရင် ဟန်ကျွယ်ရဲ့ ခံစားချက်တွေဟာ နည်းနည်း ရှုပ်ထွေးသွားပါတယ်။ ဟန်ကျွယ်ကို စနစ်ပေးတဲ့ အင်မော်တယ်ဧကရာဇ် အမွေအနှစ်က လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဆီကနေ လာတာပါ။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သူ့ကို အရင်တုန်းက ကြံစည်ခဲ့တယ်ဆိုပေမဲ့ ဒုက္ခမပေးခဲ့ပါဘူး။ အဲဒီအစား လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ ကိုယ်ပွား တိထိုက်ပိုင်က ဟန်ကျွယ်ကို တော်တော်လေး ကူညီခဲ့ပါတယ်။
နှစ်သောင်းချီ ကြာပြီးတဲ့နောက်မှာတော့ အရာအားလုံး ပြောင်းလဲသွားပြီး ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အပေါ်စီးကနေ ငုံ့ကြည်နိုင်နေပါပြီ။
သေချာစဉ်းစားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဆီ အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က အပုန်းကောင်းတယ်ဆိုပေမဲ့ တာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာတော့ လုံအောင် ပုန်းနိုင်တဲ့နေရာ မရှိပါဘူး။ ကောင်းကင်တာအိုထဲမှာ ရှိနေရင် အသာလေး ရှာလို့ရပါတယ်။
အိပ်မက်နယ်မြေ။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မျက်လုံးဖွင့်ဖွင့်ချင်း နတ်အလင်းရောင်တွေ တောက်ပနေတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ တစ်ဖက်လူက သူ့ကို အိပ်မက်ထဲ အလွယ်တကူ ဆွဲသွင်းလိုက်တဲ့အတွက် ထိတ်လန့်နေပါတယ်။ တာအိုညာရှိတွေတောင် ဒီလောက်ကြောက်ဖို့ မကောင်းပါဘူး။
ဟန်ကျွယ်ဟာ နေလ ယင်ယန် အကာအကွယ်ရဲ့ နတ်အလင်းရောင်ကို ရုပ်သိမ်းပြီး သူ့ရဲ့ ပြိုင်ဘက်ကင်း ရုပ်ရည်ကို ထုတ်ဖော် ပြသလိုက်ပါတယ်။ ဟန်ကျွယ်မျက်နှာကို မြင်ရတဲ့အခါမှာတော့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ နှလုံးလှုပ်သွားပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒါက ငါတို့တွေ ပထမဆုံး တွေ့တာလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ ငါတို့တွေ အတိတ်မှာ တွေ့ခဲ့ပြီးပြီလို့ သတ်မှတ်လို့ရတယ်”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ် အတန်ကြာအောင် တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်ပါတယ် “ငါ မင်းကိုတွေးတာ မမှားဘူး၊ ဒါပေမဲ့ ငါ မင်းကို လျှော့တွက်မိခဲ့တယ်”
ဟန်ကျွယ်အပေါ် ထားရှိတဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ ခံစားချက်တွေကလည်း ရှုပ်ထွေးပါတယ်။ ဟန်ကျွယ် သူ့အရည်အချင်းကို ထုတ်ဖော်ပြသတုန်းက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ်ကို အထူးအာရုံစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ ခပ်မြန်မြန် အင်အားကြီးလာလိမ့်မယ်လို့တောင် ထင်မထားခဲ့ပါဘူး။ မြန်ဆန်လွန်းတဲ့အတွက် သူဘာမှ မတုံ့ပြန်နိုင်ခင်မှာဘဲ ဟန်ကျွယ်က သူ့ကို ကျော်တက်သွားပါပြီ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “နောက်ခံလိုသေးလား”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ် ဟန်ကျွယ် မေးခွန်းကြောင့် မှင်သက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဘာကို ဆိုလိုတာလဲ”
“ငါ မင်းကို ကံအကြွေးတစ်ခု တင်နေတယ်၊ ငါ့အတွက် အလုပ်လုပ်ပေး၊ ငါ မင်းကို ပံ့ပိုးပေးမယ်”
“မင်းက ငါ ဘာလိုချင်တယ်ဆိုတာကို သိလို့လား”
“တာအိုပညာရှိနေရာ မဟုတ်ဘူးလား”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ကလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က မော့ကြည့်ပြီး မေးလိုက်ပါတယ် “ငါ့ကို ဘာဖြစ်လို့ ယုံကြည်တာလဲ”
ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ် “အကျိုးရှိရင် အကြောင်းရှိရမယ်၊ အကြောင်းရှိရင်လည်း အကျိုးရှိရမယ်၊ ကောင်းကင်တာအိုကံက သူ့ဘာသာ လည်ပတ်နေတာ၊ ငါ မင်း အခြေအနေ မကောင်းဘူးဆိုတာကို သိတယ်၊ မင်းကိုယ်မင်း နှိမ့်ချပြီး ငါ့ဆီမှာ အမှုထမ်းဖို့ပဲ လိုတယ်၊ မင်းလည်း ငါဘယ်လိုလူလဲဆိုတာကို သိနေတာပဲ၊ တိတ်ဆိတ်ဂိုဏ်းက ဘယ်သူမှ အဆင်မပြေတဲ့လူ တစ်ယောက်မှ မရှိဘူး၊ ငါ မင်းကို ဒီအခွင့်အရေး တစ်ခါပဲ ပေးမှာ၊ သဘောတူပြီးမှ သစ္စာဖောက်လို့ကတော့ ဧကရာဇ်ရှောင်မပြောနဲ့ တခြားဘယ်တာအိုပညာရှိမှ မင်းကို မကယ်နိုင်ဘူး”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မျက်နှာအမူအရာ မပျက်ပေမဲ့ ရင်ထဲမှာတော့ နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားပါတယ် ‘ဧကရာဇ်ရှောင်… သူ သိနေတာလား…’
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ရုတ်တရက် ဒူးထောက်လိုက်ပါတယ်။ ဒူးထောက်လိုက်တယ်ဆိုရင်ပဲ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ပြေလျော့သွားပါတယ်။
ဂုဏ်သိက္ခာထက်စာရင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ သူ့အနာဂတ်ကို ပိုဂရုစိုက်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ တကယ်ကို တာအိုပညာရှိ ဖြစ်ချင်တာပါ။
“ကျွန်တော် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်” လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က လေးနက်စွာ ပြောပြီး ဦးညွှတ်လိုက်ပါတယ်။
[လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်ခွဲ။]
“ရွှီတုတောက်ကိစ္စထဲ မပါတော့နဲ့၊ အမြန်ဆုံး နှောင်ကြိုးတွေ ဖြတ်တော့၊ ဧကရာဇ်ရှောင်က ကံဝန်ကို မထမ်းရပေမဲ့ မင်းက ရွှီတုတောက်ရဲ့ ဆရာသခင်လေ၊ ဘယ်လိုလုပ်ပြီး လွတ်မှာလဲ၊ မဟုတ်ရင် တာအိုပညာရှိက မင်းကို ကြားခံလူအနေနဲ့ သုံးပါ့မလား”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မချိုပြုံး ပြုံးလိုက်ပါတယ် “တကယ်တော့ ကျွန်တော် ဒီကိစ္စကို သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်မှာ ရွေးချယ်စရာမှ မရှိတာ”
“ငါမင်းကို မဟာတာအို သင်ပေးမယ်၊ ကြိုးကြိုးစားစား ကျင့်ကြံချည်၊ အနာဂတ်မှာ ငါ့ဆီက ညွှန်ကြားချက်မရဘဲ ဘယ်တာအိုပညာရှိ ခိုင်းတာကိုမှ မလုပ်နဲ့၊ မင်းက အားနည်းလွန်းတယ်၊ ငါ့အတွက် မင်းအလုပ်လုပ်ပေးစရာ မလိုသေးဘူး”
အဲဒီနောက် ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အန္တိမမူလ မဟာတာအို သင်ကြားပေးလိုက်ပါတယ်။
ဒီအိပ်မက်က ၁၀ နှစ်ကြာပါတယ်။ အိပ်မက် ပြီးဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်အပေါ် ထားရှိတဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုက ကြယ်ငါးပွင့်ခွဲကို တိုးသွားပါတယ်။ ဘာလို့ ဒီလိုတိုးသွားရလဲဆိုတော့ အန္တိမမူလ မဟာတာအိုထဲမှာ တာအိုရယူနည်း ပါနေလို့ပါပဲ။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဒီအဖြစ်ကြောင့် လန့်လည်းလန့်သလို ဝမ်းလည်း သာသွားပါတယ် ‘တော်သေးတယ်၊ ငါ သူ့ဆီမှာ အမှုထမ်းဖို့ သဘောတူလိုက်လို့၊ မဟုတ်ရင် အခွင့်အရေးကြီးတစ်ခုကို လွဲချော်သွားတော့မှာ…’
ဒါပေမဲ့လည်း လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ကိစ္စတွေကို ပြန်တွေးပြီး သက်ပြင်းချလိုက်ပါတယ်။ သူရှာနေတဲ့ နောက်ခံကို သူကိုယ်တိုင်ပဲ ပြိုးထောင်ခဲ့လိမ့်မယ်လို့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် ဘယ်တုန်းက အိပ်မက် မမက်ခဲ့ပါဘူး။ ကံအကျိုးကို တကယ်ကို ဆန်းကြယ်ပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ပံ့ပိုးပေးတာက ဟန်ကျွယ်အတွက်တော့ ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုပါ။ တကယ်လေး ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဆီက ဘာမှ မမျှော်လင့်ထားပါဘူး။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် သစ္စာဖောက်သွားရင်တောင် လက်ဖျစ်တစ်ချက် တောက်ရုံနဲ့ ဖျက်ဆီးနိုင်တယ် မဟုတ်ပါလား။
ဒါ့အပြင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သာ အန္တိမမူလ မဟာတာအိုကို ကျင့်ကြံလိုက်ပြီဆိုရင် ဟန်ကျွယ်ကို သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် တစ်ခုခုဖြစ်ရင် ဒီတာအိုကို ကျင့်ကြံသူတိုင်း ဒုက္ခရောက်မှာ မိုလို့ပါပဲ။
တာအိုပညာရှိတွေက အန္တိမမူလ မဟာတာအိုရဲ့ ဆွဲဆောင်မှုကို ခုခံနိုင်ပေမဲ့ တာအိုပညာရှိအောက်မှာ ဘယ်သူကများ မဟာတာအိုရဲ့ ဆွဲဆောင်မှုကို ခုခံနိုင်မှာလဲ။
ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က အန္တိမမူလ မဟာတာအိုကို စလေ့လာနေပြီလို့ ယုံကြည်ထားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်နေတဲ့အတွက် တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်ပြီး တပည့်တွေကို စုစည်းစေကာ တာအိုဟောကြားပေးပါတယ်။
ဒီတာအိုဟောကြားမှုက နှစ် ၁၀၀ ကြာပါတယ်။
နှစ်တစ်ရာကြာလို့ တာအိုဟောကြားမှု ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က တာအိုရှာဖွေသူတစ်ယောက်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားကို ရောက်လာပြီး ဒူးထောက်နေတဲ့ အခုထိပါပဲ။
ဒီတာအိုရှာဖွေသူက တခြားလူ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့သား ဟန်ထော်ပါ။
အမှန်အတိုင်း ပြောရရင် ဟန်ကျွယ်ဟာ ဟန်ထော်ကို လောလောဆယ်မှာ ပြန်ခေါ်ဖို့ စိတ်ကူးမရှိပါဘူး။ ဟန်ကျွယ်ဟာ ဟန်ထော်ကို သူနဲ့မတူတဲ့ တခြားလမ်း လျှောက်စေချင်တာပါ။
ဟန်ထော်သာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ဝင်လိုက်တာနဲ့ တခြားတပည့်တွေက ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့သား ဆိုတာကို ခန့်မှန်းမိသွားကြမှာပါ။ အမှန်တရား ပေါ်ပေါက်သွားရင် ဟန်ထော်ရဲ့ စိတ်ဓာတ်လည်း ပြောင်းလဲသွားမှာ ကျိန်းသေပါတယ်။ ဟန်ထော်ရဲ့ စိတ်ဓာတ်က ပိုကောင်းလာမလား ပိုဆိုးလာမလားကိုတော့ ဟန်ကျွယ် သိပ်ဂရုမစိုက်ပါဘူး။
ဟန်ကျွယ်ဂရုစိုက်တာက ဟန်ထော်ကို ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုရယူစေချင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်တာအိုထဲမှာ ဟန်ကျွယ် ရှိနေသမျှကာလပတ်လုံး ဘယ်သူမှ ဟန်ထော်ကို သတ်နိုင်မှာ မဟုတ်ပါဘူး။
ဒူးထောက်နေတဲ့ ဟန်ထော်ဟာ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပါတယ် “မင်း သွားတော့”
ဟန်ထော်ဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ကျွန်တော်ကို တိတ်ဆိတ်ဂိုဏ်းတပည့်တွေဖြစ်တဲ့ တာအိုအရှင်သခင်၊ ကျိုးဖန်နဲ့ ကျောက်ရွှမ်ယွမ်တို့ကို ဖိတ်ခေါ်ထားလို့ပါ”
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့စကားကနေ ပဋိပက္ခနယ်မြေကို အသစ်ရောက်လာတဲ့ နှစ်ယောက်က ယီတျန်နဲ့ ဟန်ထော်မှန်း သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် အသံလွှင့်ပြီး ပြောလိုက်ပါတယ် “မင်း ကိုယ့်ဘာသာ ကြိုးစားပြီး နှစ်တစ်သန်းအတွင်း တာအိုပညာရှိအတု ဖြစ်လာရင် ငါ တိတ်ဆိတ်ဂိုဏ်းချုပ်က မင်းကို ငါ့တပည့်အဖြစ် လက်ခံပြီး တာအိုရယူဖို့ လမ်းညွှန်ပေးမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset