Switch Mode

Chapter – 549

အခန်း (၅၄၉) နတ်ဆိုးမျိုးနွယ်စုနဲ့ မိုးကောင်းကင်မျိုးနွယ်စု စစ်ဖြစ်ပွားခြင်း
‘ကျောက်စိမ်းဗောဓိရဲ့ ကိုယ်ပွားလား…’ ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ်။ ဒီဟာက တကယ့်ကိုယ်ပွားစစ်စစ်ပါ။ ဓမ္မရုပ်တုလည်း မဟုတ်သလို ပြန်လည်မွေးဖွားလာတာလည်း မဟုတ်ပါဘူး။
နားလည်လွယ်အောင် ပြောရရင် ကျောက်စိမ်းဗောဓိရဲ့ ခန္ဓာစစ်က ကျဲယွီကနေ သူ့ကို စိုက်ကြည့်နေတာ ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ ကျောက်စိမ်းဗောဓိရဲ့ အချက်အလက်ကို ကြည့်လိုက်ပါတယ်။
[ကျောက်စိမ်းဗောဓိ: ကျင့်ကြံမှုမသိ။ တာအိုဖြတ်ကျော် ဆရာကြီး။ ကောင်းကင်တာအိုအောက်၌ ပထဆုံးဗုဒ္ဓဖြစ်ပြီး ဗုဒ္ဓဂိုဏ်း၏ လောကဦးဘိုးဘေး ဖြစ်သည်။ ကျောက်စိမ်းဗောဓိသည် အမှောင်တားမြစ်နယ်မြေ၌ အမြဲနေထိုင်ပြီး ဘိုးဘေးရှီတျန်က သင့်ကို ချီးကျူးခဲ့သောကြောင့် ကျောက်စိမ်းဗောဓိသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
မဟာအန္တိမခန်းမမှာ တာအိုနားထောင်ပြီးတုန်းက ဘိုးဘေးရှီတျန် သိကျွင်း ခုနစ်ပါးတာအိုပညာရှိနဲ့ ကျောက်စိမ်းဗောဓိဟာ ဟန်ကျွယ်အပေါ် အကောင်းမြင်စိတ် ရှိခဲ့ပါတယ်။ အဲဒီတုန်းက သူတို့လေးယောက်ဟာ မာကျောက်ကစားနေတာ ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် တွေးခဲ့ပါသေးတယ်။
ကျောက်စိမ်းဗောဓိက တာအိုဖြတ်ကျော် ဆရာကြီး ဖြစ်တဲ့အတွက် မဟာတာအိုပညာရှိထက်တော့ အဆင့်နိမ့်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကိုသုံးပြီး ကျဲယွီရဲ့ တည်ရှိမှုကို စစ်ဆေးလိုက်ပေမဲ့ လှမ်းတော့ မကြည့်ပါဘူး။ ကျဲယွီဟာ ငယ်ရွယ်ပြီး ကြည့်ကောင်းတဲ့ ရုပ်သွင်ရှိပါတယ်။ ကျဲယွီဟာ ပိတုန်းရောင် ဆံကေသာရှိပြီး အဖြရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ ဒါပေမဲ့ ကျဲယွီဟာ သာမန်လူနဲ့ သိပ်မကွာတဲ့အတွက် အဝေးကနေကြည့်ရင် လူအုပ်ထဲမှာ ရှိနေတာကို သတိမထားမိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကျဲယွီကို မမြင်ချင်ယောင်ဆောင်ပြီး ဟန်ထော်ကို အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းက အင်မော်တယ်တွေကို မုန်းတာလား”
“မုန်းတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လူသားတွေက အဲဒီအင်မော်တယ် နတ်ဘုရားတွေကို ယုံကြည်စရာ မလိုဘူးလို့ ခံစားရလို့ပါ၊ ကျွန်တော်တို့ လူသားတွေ အန္တရာယ်တွေ့ရင် အဲဒီ အင်မော်တယ် နတ်ဘုရားတွေက မကူညီဘူး၊ ဒါပေမဲ့ လူသားတွေ အင်အားကြီးလာတော့ အင်မော်တယ် နတ်ဘုရားတွေက လူသားတွေရဲ့ ယုံကြည်သက်ဝင်မှုကို လိုချင်လာတယ်၊ အဲဒါကြောင့် ကျွန်တော် အဲဒီ အင်မော်တယ် နတ်ဘုရားတွေကို လုံးဝ မကြိုက်ဘူး”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ဒီကောင်လေးက ငါနဲ့မတူဘူးပဲ၊ ဘာမှမစဉ်းစားဘဲ လျှောက်ပြောတယ်၊ ဒီလောက် ခေါင်းမာနေရင် ပြဿနာလွယ်လွယ် တက်မှာ ကျိန်းသေနေပြီ…’
ဒီနှစ်တွေမှာ ဟန်ထော်ဟာ ဟန်ကျွယ်ကို တစ်ခါမှ မမှီခိုခဲ့ပေမဲ့ ဟန်ကျွယ်ရဲ့ လွှမ်းမိုးမှုကို နည်းနည်းများများ အသုံးပြုခဲ့ရတာတော့ ထင်ရှားပါတယ်။ ဒါကလည်း သာမန်ပါပဲ။ လောကမှာ ဘယ်သူက အမှီအခိုမပါဘဲ တစ်ယောက်တည်း ရပ်တည်နိုင်လို့လဲ။
“နေရာတစ်နေရာရှာပြီး စကားပြောကြမလား” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်ထော်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် သားအဖနှစ်ယောက်စလုံး ပြိုင်ကွင်းကနေ ထွက်ခွာလာခဲ့ပါတယ်။ ဟန်ကျွယ် သတိထား စောင့်ကြည့်တဲ့အခါ ကျဲယွီ လိုက်မလာတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်တို့ သားအဖနှစ်ယောက်ဟာ စားသောက်ဆိုင်တစ်ဆိုင်ကိုသွားပြီး လွတ်လွတ်လပ်လပ် စကားပြောဆိုကြပါတယ်။ စကားပြောတာ ကြာလာတာနဲ့ သူတို့နှစ်ယောက်ဟာ ပိုပိုရင်းနှီးလာပါတယ်။ သွေးက စကားပြောတယ်ဆိုတာ တကယ်မှန်ပါတယ်။
ဒီလိုနဲ့ နှစ်နာရီ ကြာတဲ့အခါမှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျဲယွီဟာ ဟန်ကျွယ်တို့ သားအဖ ထိုင်နေတဲ့ စားသောက်ဆိုင်ကို ရောက်လာပြီး ဘေးနားက စားပွဲမှာ ထိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျဲယွီကို မသိချင်ယောင် ဆောင်ပြီး ဟန်ထော်နဲ့ စကားဆက်ပြောပါတယ်။
ဟန်ထော်က ရုတ်တရက် သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ပုန်းနေတဲ့နဂါး… ခင်‌ဗျားရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”
ဟန်ထော်ဟာ နှစ် ၉,၀၀၀ ကျင့်ကြံပြီး အင်မော်တယ် ဧကရာဇ် ဖြစ်လာတာ ဖြစ်တဲ့အတွက် အသိဉာဏ်ကြွယ်ဝတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် သူ့ရှေ့မှာရှိတဲ့ ရုပ်ဆိုးဘုန်းကြီး သူ့ထက် အဆင့်တစ်ဆင်မက မြင့်မားနေမယ်ဆိုတာကို ခန့်မှန်းမိပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ ကျင့်ကြံမှုအဆင့်က အရေးမကြီးပါဘူး၊ ငါတို့တွေက အခုမှ တွေ့ကျတာ၊ တကယ်လို့ မင်းအတွက် အနာဂတ်မှာ ရွေးချယ်စရာ မရှိတော့ဘူးဆိုရင် မိုးကောင်းကင် မျိုးနွယ်စုပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်ကိုပဲဖြစ်ဖြစ် သွားလို့ရတယ်၊ သူတို့က မင်းကို လက်ခံလိမ့်မယ်”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
ဟန်ထော်လည်း ချက်ချင်း မတ်တတ်ရပ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက အင်မော်တယ် နတ်ဘုရားလား”
“ငါက အင်မော်တယ်လည်း မဟုတ်သလို နတ်ဘုရားလည်း မဟုတ်ဘူး၊ ငါက သေမျိုးကမ္ဘာ အပြင်ဘက်က ပွဲကြည့်ပရိသတ်တစ်ယောက်ပဲ” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ပျောက်ကွယ်သွားပါတယ်။
‘ပွဲကြည့်ပရိသတ်…’ ဟန်ထော်ဟာ အထင်ကြီးသွားပါတယ်။
ဒီအချိန်မှာပဲ ကျဲယွီဟာ ရုတ်တရက် မတ်တတ်ရပ်ပြီး ဟန်ထော်ဆီ အပြုံးနဲ့ လျှောက်လာပါတယ် “ဒီကညီအစ်ကို… ကျုပ် ထိုင်လို့ရမလား”
ဟန်ထော်ဟာ ကျဲယွီကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာလို့ တစ်ယောက် ထွက်သွားတာနဲ့ နောက်တစ်ယောက် ရောက်လာရတာလဲ”
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ စနစ်ကို တန်းမေးလိုက်ပါတယ် “ဘာဖြစ်လို့ ကျောက်စိမ်းဗောဓိက ငါ့သားကို ချဉ်းကပ်ဖို့ ကျဲယွီကို လွှတ်လိုက်ရတာလဲ”
[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက် လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျယ်ဝန်းပြီး တောက်ပတဲ့ နန်းတော်တစ်ဆောင်ကို ရောက်သွားပါတယ်။ တိမ်တိုက်တွေဟာ ခန်းမကို ဝန်းရံထားပြီး ရွှေရောင်အလင်းတွေ ဖြာထွက်နေပါတယ်။ ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ဗုဒ္ဓတွေကို တွေ့လိုက်ရပါတယ်။ ဗုဒ္ဓအချို့ဟာ ကြာပလ္လင်မှာ လဲလျောင်းနေပြီး တချို့ကတော့ သားရဲကြမ်းတွေလည်း တိုက်ခိုက်နေပါတယ်။ တချို့ကတော့ မျက်စိတ်မှိတ်ပြီး ကျမ်းစာတွေ ရွတ်ဖတ်နေပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ကျောက်စိမ်းဗောဓိဆီ ရောက်သွားပါတယ်။ ကျောက်စိမ်းဗောဓိဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ပွင့်ချပ် ၇၂ ချပ်ရှိတဲ့ အဖြူရောင် ကြာပလ္လင်ပေါ်မှာ မျက်လွှာချပြီး ထိုင်နေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါက ဘယ်နေရာလဲ.. ဗုဒ္ဓဂိုဏ်းလား… အင်မော်တယ်ကမ္ဘာရှိတဲ့ ဗုဒ္ဓဂိုဏ်းထက် အဆင့်ပိုမြင့်တဲ့ ဗုဒ္ဓဂိုဏ်းလား’
ကျောက်စိမ်းဗောဓိရဲ့ ဘေးမှာ ကျက်သရေရှိတဲ့ ရုပ်သွင်တစ်ခု ရှိနေပါတယ်။ ဒီရုပ်သွင်ကနေ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်နေတဲ့အတွက် သဲသဲကွဲကွဲ မမြင်နိုင်ပါဘူး။ ဒီရုပ်သွင်ဟာ ပိန်ပိန်ပါးပါးရှိတဲ့ ဧရာမ ဗုဒ္ဓတစ်ပါးပဲ ဖြစ်ပါတယ်။
ပိန်ပါးတဲ့ ဧရာမဗုဒ္ဓက ပြောလိုက်ပါတယ် “ဒီအတောအတွင်း ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ နိမ့်ပါးပြီး ကောင်းကင်မိစ္ဆာတွေ ဝင်သောင်းကျန်းတာကို ခံလိုက်ရတယ်၊ ဒီအန္တရာယ်ကို ဖြေရှင်းနိုင်လိုက်ပြီဆိုပေမဲ့ မဟာတာအို အနန္တကပ်ဘေးရဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်၊ ကိုယ်တော် ဘယ်လိုထင်လဲ”
ဗုဒ္ဓတွေက တစ်ပါးပြီးတစ်ပါး ပြန်ဖြေပါတယ်။
“ဘယ်သူက ကောင်းကင်တာအိုကို ဂရုစိုက်နေလို့လဲ၊ အကုန်လုံးက ပကာသနတွေချည်းပဲ”
“ကောင်းကင်တာအိုက တစ်ခုမကရှိတာ၊ ဘာလို့တစ်ခုတည်းကိုပဲ ဂရုစိုက်နေရမှာလဲ”
“ကောင်းကင်တာအိုက အရာအားလုံးရဲ့ အစပဲ၊ မဟာတာအိုရဲ့ အုတ်မြစ်လည်း ဖြစ်တယ်၊ ဒီကိစ္စကို သေချာစုံစမ်းရမယ်”
“အဲဒီ လောကဦး နတ်ဘီလူးက တကယ်တော့ ရှိလို့လား”
“ပဋိပက္ခ နတ်ဘီလူးတချို့ကတော့ ဒီကြားထဲ ရှေးပျက်သုဉ်းနယ်မြေမှာ ပြန်ပေါ်လာတယ်၊ ကြည့်ရတာ မဟာစစ်ပွဲခေတ်ကို ပြန်ရောက်တော့မယ်နဲ့ တူတယ်၊ ဒီအချိန်က ကောင်းကင်တာအိုကို ဂရုစိုက်ဖို့ အချိန်ကောင်း မဟုတ်ဘူး”
ဗုဒ္ဓတွေဟာ အမြင်ကိုယ်စီ ရှိကြပါတယ်။ သူတို့တွေဟာ တစ်ပါးပြီး တစ်ပါး ထုတ်ပြောကြပေမဲ့ ရုတ်ရုတ်သဲသဲ မရှိဘဲ တာအိုဟောကြားနေသလိုမျိုး တည်ငြိမ်လှပါတယ်။
ကျောက်စိမ်းဗောဓိက တစ်လုံးချင်း ပြောလိုက်ပါတယ် “ဒီကိစ္စကို ငါ့ တာဝန်ထားလိုက်၊ ကိုယ်တော် ဂရုစိုက်စရာ မလိုဘူး”
ဗုဒ္ဓတွေဟာ တိတ်ဆိတ်သွားပြီး ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ရှေးပျက်သုဉ်းနယ်မြေက အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ ရှိတာကြောင့် ဒီဗုဒ္ဓတွေဟာ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကနေ လာတယ်ဆိုတာ သေချာပါတယ်။
‘ဒီလိုဆို ကျဲယွီက မဟာတာအို အနန္တကပ်ဘေးကို စုံစမ်းဖို့ ရောက်လာတာပဲ… တော်သေးတယ်၊ ငါ ဟန်ထော်ရဲ့ သွေးစည်းကို ဖိနှိပ်ထားလို့ မဟုတ်ရင် မတွေးရဲစရာပဲ…’
ဟန်ကျွယ်ဟာ ဟန်ထော်နဲ့ ကျဲယွီကို အကဲခတ်လိုက်ပါတယ်။ ဟန်ထော်နဲ့ ကျဲယွီဟာ စားပွဲမှာထိုင်ပြီး စကားပြောနေကြပါတယ်။ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း ရင်းနှီးလာပြီး အင်မော်တယ်ကမ္ဘာကို အတူတူ လှည့်လည်ဖို့တောင် သဘောတူလိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ အလျင်စလို မလုပ်ရဲတဲ့အတွက် ဆက်ပြီးတော့ တိတ်တဆိတ် စောင့်ကြည့်ပါတယ်။ ဒီလိုနဲ့ သုံးနှစ်ကြာတဲ့အခါမှာတော့ ကျဲယွီနဲ့ ဟန်ထော်ဟာ လမ်းခွဲလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်နေပြီဆိုပေမဲ့ ကျဲယွီမှာ လုပ်စရာကိစ္စရှိတာကြောင့် ဟန်ထော်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “ကျဲယွီက ဟန်ထော်ကို လောကဦး နတ်ဘီလူးလို့ ထင်နေတာလား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မထင်ပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကျဲယွီက ဟန်ထော်ကို လောကဦး နတ်ဘီလူးလို့ သံယမဝင်ရင် အရာအားလုံး အဆင်ပြေပါတယ်။ သူ့ကို လောကဦး နတ်ဘီလူးလို့ သံသယဝင်မှာကိုတော့ ဟန်ကျွယ်ဟာ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုစက်ကွင်းထဲမှာ ပုန်းနေမှာမို့လို့ပါ။
ဟန်ကျွယ်ဟာ စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် မဟာတာအို အနန္တကပ်ဘေး ရောက်လာဖို့က အတော်လေး လိုအုန်းမှာပါ။
တာအိုပညာရှိတွေ တာအိုပညာရှိအသစ် ရွေးချယ်မယ်လို့ ကြော်ငြာလိုက်ကတည်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံး သက်ဝင်လှုပ်ရှားလာပါတယ်။
ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိဖို့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တိုင်းလိုလို ကျောင်းတွေထောင်ပြီး တာအိုဟောကြားကာ ဆန်းကြယ်စွမ်းအားတွေ ဖန်တီးကြပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းမှာ စည်ကားသိုက်မြိုက်လာပြီး ကောင်းကင်တာအိုဟာ ရှေ့ကို အများကြီး ရောက်သွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကတော့ အရင်လို တည်ငြိမ်နေတုန်းပါပဲ။ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တာအိုပညာရှိနေရာကို စိတ်မဝင်စားကြပါဘူး။ စိတ်ဝင်စားလည်း တာအိုပညာရှိအတုဖြစ်မှ အပြင်ထွက်လို့ရမယ် မဟုတ်ပါလား။
နှစ်တစ်ရာဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ နားကန်းလောက်တဲ့ အသံကျယ်ကြီးအသံကို ကောင်းကင်ကနေ ကြားလိုက်ရပါတယ်။
ဟန်ကျွယ်လည်း မနေနိုင်ဘဲ မော့ကြည့်လိုက်တဲ့အခါ ခြေသုံးချောင်း ရွှေကျီးကန်းကြီးတစ်ကောင်က မရေမတွက်နိုင် နတ်ဆိုးစစ်သားတွေနဲ့ နတ်ဆိုးစစ်သူကြီးတွေကို ဦးဆောင်ပြီး ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ဆီ ချီတက်သွားတာကို တွေ့လိုက်ရပါတယ်။
နတ်ဆိုးမျိုးနွယ်စုက မိုးကောင်းကင်မျိုးနွယ်စုနဲ့ တိုက်ခိုက်တာပါ။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီခြေသုံးချောင်း ရွှေကျီးကန်းက ဒီလောက်တောင် အ,ရလား၊ ကောင်းကင်တာအို မျိုးနွယ်စုကို တိုက်ရိုက် စိန်ခေါ်ရဲတယ်’
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန်က မိုးကောင်းကင်မျိုးနွယ်စုမှာ မရှိဘဲ ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ကို စောင့်ကြပ်နေကြတာက တခြား ကံတရား အထောက်အပံ့ဂိုဏ်းတွေရဲ့ အင်မော်တယ်တွေ ဖြစ်နေလို့ပါ။
‘ဂျိရှင်းရှန်က အငှားဓားနဲ့ လူသတ်တာလား… စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ’
ဟန်ကျွယ်ဟာ နတ်ဆိုးစစ်သားတွေက ဆယ်သန်းကျော်နေတာကို တွေ့လိုက်ရပါတယ်။ ဒီနတ်ဆိုးစစ်သားတွေထဲမှာ အများစုရဲ့ ကျင့်ကြံမှုက နိမ့်ပါးတယ်ဆိုပေမဲ့ သူတို့အားလုံးရဲ့ အရှိန်အဟုတ်က်တော့ တကယ်ကို အထင်ကြီးဖွယ်ပါ။
ဒီတိုက်ပွဲဟာ အတော်လေး ကြာညောင်းပြီး‌ နောက်ဆုံးမှာတော့ နတ်ဆိုးတွေရော မိုးကောင်းကင်မျိုးနွယ်စုရော နှစ်ဖက်စလုံး ထိခိုက်သွားကြပါတယ်။
ဒီတိုက်ပွဲပြီးပြီးချင်းပဲ နတ်ဆိုးတွေရဲ့ ဂုဏ်သတင်းဟာ ထိုးတက်သွားပါတယ်။ သက်ရှိအားလုံးရဲ့ မျက်စိထဲမှာ မိုးကောင်းကင်မျိုးနွယ်စုက အစွမ်းအထက်ဆုံး အင်အားစု မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စု လွှတ်ပေးလိုက်တဲ့ ရေက ပင်လယ်ဖြစ်တော့မှာကို သတိထားမိလိုက်ပါတယ်။ တိုက်ပွဲစတာနဲ့ နတ်မင်းအဆင့် အထက်က တည်ရှိမှုအားလုံး ဂူအောင်းကုန်ကြပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset