Switch Mode

Chapter – 548

အခန်း (၅၄၈) နတ်ဘီလူးဓမ္မရုပ်တု ငါးဆယ်၊ သားအဖနှစ်ယောက် တွေ့ဆုံခြင်း
ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ် သေဆုံးမှုကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ အရင်တုန်းက တာအိုပညာရှိမင်ကျွယ်ဟာ တာအိုပညာရှိတွေထဲမှာတောင် ထိပ်တန်းတည်ရှိမှုပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ ဟန်ကျွယ်ကို ရန်စမိပြီး ဘဝဇာတ်သိမ်းသွားရပါတယ်။
တာအိုပညာရှိမင်ကျွယ်သာ စုချီကို မဖြားယောင်းခဲ့ရင် စုချီဟာ ပြန်လမ်းမဲ့လမ်းကို လျှောက်ခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကလည်း ရေစက်ပါ။ တာအိုပညာရှိမင်ကျွယ်က ကျိန်စာတိုက်တာက ဟန်ကျွယ်ဆိုပေမဲ့ တကယ်သတ်လိုက်တာက တခြားတာအိုပညာရှိတွေပါ။
ဟန်ကျွယ်ဟာ ဒီအဖြစ်အပျက်ကနေ တာအိုပညာရှိတွေကို ပိုပြီးတော့ နားလည်သွားပါတယ်။ တာအိုပညာရှိတွေရဲ့ သဘောထားက မိန်းမတွေထက်တောင် အပြောင်းအလဲမြန်ပါသေးတယ်။ အခုအချိန်မှ ကောင်းနေပေမဲ့ တစ်ခဏအတွင်းမှာပဲ သင့်ကို ထသတ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကိုလည်း အလွယ်တကူ ယုံမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကာ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်လက် ကျင့်ကြံပါတယ်။
၄၈ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ငါးဆယ်ကို တက်မြောက်သွားပြီး နောက်ထပ် ဆက်ကျင့်လို့ မရတော့ပါဘူး။
ဟန်ကျွယ် တတ်မြောက်သွားတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကတော့ ကူရှင်းနတ်ဘီလူး၊ အတွင်းဦးတည်ရာ နတ်ဘီလူး၊ ငွေရောင်အမုန်း နတ်ဘီလူး၊ ဖုံးကွယ် နတ်ဘီလူး၊ နှလုံးသားမဲ့ နတ်ဘီလူး၊ အသွင်ပြောင်း နတ်ဘီလူး၊ အန္တိမယင်နတ်ဘီလူး၊ အချစ်နတ်ဘီလူး၊ ချင်မင်နတ်ဘီလူး၊ ပင်လယ်နက် နတ်ဘီလူး၊ အန္တိမမီးနတ်ဘီလူး၊ တဟွမ်လျောင် နတ်ဘီလူး၊ အတိတ်ဒဏ်ရာ နတ်ဘီလူး၊ တကျန်းရှီကျဲ့ နတ်ဘီလူး၊ အောက်အာကာသ နတ်ဘီလူး၊ ကောင်းကင်မိစ္ဆာ နတ်ဘီလူး၊ ဂနာမငြိမ် နတ်ဘီလူး၊ အတွေးတစ်ချက် နတ်ဘီလူး၊ နေလဆယ့်ရှစ်ပါး နတ်ဘီလူး၊ ပုံရိပ်ယောင် နတ်ဘီလူး၊ ရှန်နတ်ဘီလူး၊ စိတ်ဝိညာဉ်ချီ နတ်ဘီလူး၊ မူလသဲ နတ်ဘီလူး၊ အတုအယောင်ဒိဋ္ဌ နတ်ဘီလူး၊ ကံတရား နတ်ဘီလူး၊ အန္တိမမူလ နတ်ဘီလူး၊ အစွန်းရောက်မိနစ် နတ်ဘီလူး၊ မြေမိစ္ဆာ နတ်ဘီလူး၊ အသက်ဓာတ် နတ်ဘီလူး၊ ဗို့အားနတ်ဘီလူး၊ မဟာဧကရာဇ် နတ်ဘီလူး၊ ကျိန်စာနတ်ဘီလူး၊ ချုပ်နှောင် နတ်ဘီလူး၊ ပဏာမနတ်ဘီလူး၊ ထောက်ထဲ့နတ်ဘီလူး၊ မှော်နတ်ဘီလူး၊ အနန္တရတနာ နတ်ဘီလူး၊ အတုအယောင် အမှန်တရား နတ်ဘီလူး၊ ဥတုလေးပါး နတ်ဘီလူး၊ အရူးဒေါသနတ်ဘီလူး၊ မိစ္ဆာနတ်ဘီလူး၊ စောင်းသံစဉ် နတ်ဘီလူး၊ သေခြင်းမဲ့နတ်ဘီလူး၊ ပျက်စီးခြင်းမဲ့ နတ်ဘီလူး၊ အစောင့်အရှောက်နတ်ဘီလူး၊ အကာနံရံ နတ်ဘီလူး၊ စကြဝဠာ နတ်ဘီလူး၊ ဧရာမ နတ်ဘီလူး၊ ကောင်းကင်ပြေးတိုက် နတ်ဘီလူးနဲ့ အတိုင်းအဆမဲ့ နတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။
အခုဆိုရင် ဟန်ကျွယ်ဆီမှာ နတ်ဘီလူးဓမ္မရုပ်တုပေါင်း ၁၂၄ ခု ရှိသွားပါပြီ။ ဟန်ကျွယ်ဟာ အရင်ကထက် ပိုနားလည်လာတာမို့ အရာအားလုံးရဲ့ ရင်းမြစ်က ပဋိပက္ခနတ်ဘီလူးတွေလို့ ခံစားလိုက်ရပါတယ်။ ပဋိပက္ခနတ်ဘီလူးတွေက ဒဏ္ဍာရီဆိုပေမဲ့ သူတို့က လောကကြီးရဲ့ နေရာတိုင်းမှာ ရှိနေပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲကိုဝင်ပြီး ပထမဆုံး တာအိုကောင်းကင်မိစ္ဆာနဲ့ တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမူလ မဟာတာအိုကို နားလည်မှု နက်ရှိုင်းလာတဲ့အတွက် မဟာညီညွတ်မှု ရုပ်သွင်ကို ပေါင်းစပ်အသုံးပြုလို့ ရတယ်လို့ ခံစားလာရပါတယ်။ ဒီခံစားချက်သာ မှန်မယ်ဆိုရင် ဟန်ကျွယ်ဟာ အရင်လိုမျိုး နတ်ဘီလူးဓမ္မရုပ်တုတွေ အများကြီးထုတ်ပြီး အစုအဖွဲ့နဲ့ တိုက်ခိုက်စရာ မလိုတော့ပါဘူး။
နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ စွမ်းအားတွေကိုသာ စုစည်းနိုင်မယ်ဆိုရင် ရန်သူကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၁၂၄ ပါးကို ဆင့်ခေါ်ပြီး တာအိုကောင်းကင်မိစ္ဆာကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ဆီးပစ်လိုက်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာဟာ အသက်ရှူကြိမ် ဆယ်ကြိမ်ပဲ ခံပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူး ၁၂၄ ပါးရဲ့ စွမ်းအားတွေကို တိုက်ပွဲအထဲမှာ စတင်ပေါင်းစပ်လိုက်ပါတယ်။ ဒီပေါင်းစပ်မှုက ဖြစ်စဉ်က အတော်လေးကို ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအို ဆွဲအားတွေက တစ်ခုနဲ့တစ်ခု တွန်းကန် ငြင်းဆန်နေလို့ပါပဲ။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ စိတ်နှစ်သွားပါတယ်။ တာအိုကောင်းကင်မိစ္ဆာကို ခြောက်လကျော် အနိုင်ကျင့်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း သတ်နိုင်သွားပါတယ်။
ဟန်ကျွယ်ဟာ သိကျွင်းကို စိန်ခေါ်လိုက်ပါတယ်။
ဘာမှတောင် မလုပ်ရသေးခင်မှာပဲ ဟန်ကျွယ်ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားပါတယ်။ ဟန်ကျွယ်ဟာ မကျေနပ်ဘဲ သိကျွင်းကို ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။ အကြိမ်တစ်ရာ စိန်ခေါ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျလုနီး ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကို ပြောင်းလိုက်ပါတယ်။
ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လုံးဝကို စိတ်ဓာတ်ကျသွားပါတော့တယ်။
သိကျွင်းနဲ့ ဘိုးဘေးရှီတျန်က တကယ်ကို အထင်ကြီးဖို့ကောင်းတာပါ။ ဟန်ကျွယ် ဘယ်လိုမှ ယှဉ်လို့မရပါဘူး။
ဟန်ကျွယ်ဟာ ပြိုင်ဘက် ပြောင်းလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ပြိုင်ဘက်အဖြစ် ချုံရှီလိုင်၊ လီမုယဲ့၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တာအိုပညာရှိ ကျင်အန်း၊ ဧကရာဇ်ရှောင်နဲ့ တာအိုပညာရှိမင်ကျွယ်တို့ကို သတ်မှတ်လိုက်ပါတယ်။
ရှစ်‌ယောက် တစ်ယောက် ချမှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိရှစ်ပါးကို အသာအယာပဲ ဖိနှိပ်လိုက်ပါတယ်။ တာအိုပညာရှိ ရှစ်ပါးဟာ အတူတူတိုက်ခိုက်တဲ့အခါ အပေးအယူမျှပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်မှာက နတ်ဘီလူးဓမ္မရုပ်တု အများကြီး ရှိတဲ့အတွက် တာအိုပညာရှိရှစ်ပါးကို အသက်ရှူကြိမ် ဆယ်ကြိမ် မပြည့်ခင်မှာပဲ ဖျက်ဆီးပစ်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေက တာအိုပညာရှိတွေရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ဖြတ်တောက်နိုင်စွမ်း ရှိပါတယ်။ ဒီလိုဖြစ်ရတာက နတ်ဘီလူးဓမ္မရုပ်တုတွေ များလာတဲ့အပြင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု တိုးလာတာလည်း ပါပါတယ်။ ဟန်ကျွယ်ဟာ မကြာသေးခင်ကမှ အဆင့်လေးတစ်ဆင့် တက်ခဲ့တာဆိုပေမဲ့ ဒီအဆင့်လေးက သာမန်အဆင့်လေး မဟုတ်ပါဘူး။ စွမ်းအားအများကြီး ကွာပါတယ်။
တာအိုပညာရှိအဆင့်ရဲ့ အထက်မှာ အဆင့်လေးတိုင်းက စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာကို ပြသဖို့ လုံလောက်ပါတယ်။ အသွင်တူလက်ရည်စမ်းပွဲထဲမှာ အကြိမ်တစ်ရာလောက် တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိရှစ်ပါးကို တစ်ချက်တည်း သတ်နိုင်သွားပါတယ်။
“အရမ်းကောင်းတယ်” ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို မျက်စိထဲ မထည့်တော့ပါဘူး။ အနာဂတ်မှာ တာအိုပညာရှိတွေက သူ့ကို မချေမငံဆက်ဆံရင် ဟန်ကျွယ်ဟာ အဲဒီတာအိုပညာရှိကို ကျိန်းသေပေါက် ပညာပေးမှာပါ။
စိတ်ကောင်းဝင်သွားတဲ့ ဟန်ကျွယ်ဟာ အပြင်ထွက်ပြီး အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလက်ရှိ ကောင်းကင်တာအိုမှာ ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းနေပါပြီ။ ဒါကြောင့် ဟန်ကျွယ် အနားယူတာက ဖြစ်သင့်တဲ့ကိစ္စပါ။
ဟန်ကျွယ်ဟာ သူ့သားဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လောကဦးကမ္ဘာထဲမှာ ကောင်းကင်တာအို ကုသိုလ်ကံတွေ အများကြီး ရှိနေတဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကုသိုလ်ကံကို ခန္ဓာကိုယ်မှာ ပတ်လိုက်တာနဲ့ ကောင်းကင်တာအိုရဲ့ ငြင်းဆန်မှုကို ခုခံနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် တာအိုပညာရှိ စွမ်းအားကို သုံးမယ်ဆိုရင်တော့ ကောင်းကင်တာအိုက အားသုံးပြီး ဟန်ကျွယ်ကို နှင်ထုတ်မှာပါ။
တခြား ကောင်းကင်တာအိုပညာရှိတွေကတော့ ဒီလိုလုပ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ တာအိုပညာရှိ ဖြစ်လာတာမို့လို့ပါ။ သူတို့သာ ခွင့်ပြုချက်မရဘဲ အင်မော်တယ်ကမ္ဘာထဲ ဝင်မယ်ဆိုရင် အတွင်းအပြင်မှာရှိတဲ့ ကောင်းကင်တာအိုက ဝိုင်းပြီးငြင်းဆန်မှ ဖြစ်တဲ့အတွက် ဘယ်လိုမှ နေသာထိုင်သာ ရှိနိုင်မှာ မဟုတ်ပါဘူး။
တောင်ပိုင်းဒေသ၊ လူသားမျိုးနွယ်စု၊ လမင်းနှလုံးသားမြို့။
ဟန်ထော်ဟာ ပြိုင်ကွင်းထဲက တိုက်ပွဲကို ငုံ့ကြည့်နေပါတယ်။ လမင်းနှလုံးသားမြို့က ကီလိုမီတာထောင်ချီကို နေရာယူထားတဲ့အတွက် ဒီဒေသရဲ့ လူသားမျိုးနွယ်စု မြို့တွေထဲမှာ အကြီးဆုံးမြို့တစ်မြို့လို့ ပြောလို့ရပါတယ်။ ကျင့်ကြံသူတွေလည်း များပြားတဲ့အတွက် ဒီလိုမျိုး ပြိုင်ကွင်းတွေက တစ်ခုမက ရှိနေပါတယ်။
စင်မြင့်ပေါ်မှာ တိုက်ခိုက်နေတဲ့ ကျင့်ကြံသူနှစ်ဦးဟာ မဟာညီညွတ်မှု အင်မော်တယ်တွေပါ။ အဟန့်အတားက သူတို့ရဲ့ ဓမ္မစွမ်းအားတွေကို ကန့်သတ်ထားတာတောင် ဘေးနားက လူတွေနဲ့ ကျင့်ကြံသူတွေကို ထိတ်လန့်စေပါသေးတယ်။
“မင်းကျင့်ကြံမှုအဆင့်နဲ့ ဒီလိုပွဲမျိုး ကြည့်နေတာ သူတို့တိုက်ခိုက်တာက စိတ်ဝင်စားဖို့ ကောင်းလို့လား”
ဘေးနားက ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံကြောင့် ဟန်ထော် လှည့်ကြည့်လိုက်တဲ့အခါ အလွန်ရုပ်ဆိုးတဲ့ ဘုန်ကြီးတစ်ပါးက သူ့ကို ပြုံးပြနေတာကို တွေ့လိုက်ရပါတယ်။ ဒီရုပ်ဆိုးဘုန်းကြီးက ဟန်ကျွယ်ပါ။ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ ရုပ်ဆိုးလှတဲ့ အတိတ်က မျက်နှာကိုယူပြီး သူ့သား ဟန်ထော်ကို လာတွေ့တာပါ။
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ခင်ဗျားက ဘယ်သူလဲ”
ဟန်ထော်ဟာ မကြာသေးခင်ကမှ အင်မော်တယ်ဧကရာဇ် ဖြစ်လာတာပါ။ နှလုံးသားမြို့တော်မှာရှိတဲ့ ဘယ်သူကမှ သူ့ပြိုင်ဘက် မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ထော်ဟာ သူ့ရှေ့က ရုပ်ဆိုးဘုန်းကြီးကို ထိုးဖောက် မမြင်နိုင်ပါဘူး။
ဟန်မင်က ဗုဒ္ဓဂိုဏ်းကျင့်ကြံသူတွေကို ဂရုစိုက်ဖို့ ဟန်ထော်ကို တစ်ခါတုန်းခဲ့ ပြောခဲ့ဖူးပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းရဲ့ ကံတရား အထောက်အပံ့က သာမန်မဟုတ်တာကို တွေ့လို့ မိတ်ဆွေလာဖွဲ့တာပါ၊ ငါက ဝပ်နေတဲ့နဂါးပဲ၊ လူတွေကတော့ ဖီးနစ်ငယ်လေးလို့ ခေါ်ကြတယ်၊ ဖီးနစ်ငယ်ပဲဖြစ်ဖြစ် ဝပ်နေတဲ့နဂါးပဲဖြစ်ဖြစ် မင်း ကြိုက်သလို ခေါ်လို့ရပါတယ်၊ မိတ်ဆွေလေးရဲ့ နာမည်ကရော ဘယ်လိုခေါ်လဲ”
‘ဝပ်နေတဲ့နဂါး… ဖီးနစ်ငယ်လေး…’ ဟန်ထော်ဟာ ဒီလိုနာမည်မျိုးတွေကို တစ်ခါမှ မကြားဖူးတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက မကောင်းတဲ့ ရည်ရွယ်ချက် မရှိတဲ့အတွက် ဟန်ထော်ဟာ အလိုက်သင့် ပြန်ဆက်ဆံလိုက်ပါတယ်။
“ငါ နာမည်က ဟန်ထော်”
“မိတ်ဆွေလေး… မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဂိုဏ်းမရှိသေးဘူးလား”
“ဂိုဏ်းလည်းမရှိဘူး ကျောင်းလည်း မရှိဘူး၊ အင်မော်တယ်ကမ္ဘာက အစက်အပြောက် သေးသေးလေးတစ်ခုပဲ”
“မိတ်ဆွေလေး အင်အားစုကြီးတစ်ခုနဲ့ မိတ်ဆက်ပေးရမလား”
“အဲဒီအင်အားစုက ဘယ်လောက်ကြီးလို့လဲ”
“မိတ်ဆွေလေးက ဘယ်လောက်ကြီးတဲ့ အင်အားစုကို ဝင်ချင်တာလဲ”
“ခင်ဗျား လီတောက်ခုံးကို ကြားဖူးလား”
ဟန်ကျွယ်ဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပါတယ် “ကြားဖူးတယ်၊ မိတ်ဆွေလေးက ရွမ်လိန့်ကျောင်းတော်ထဲ ဝင်ချင်တာလား”
ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “ကျုပ်က တိတ်ဆိတ်ဂိုဏ်းထဲဝင်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိရဲ့ တပည့်ဖြစ်ချင်တာ၊ မဟုတ်ဘူး… အနန္တကုသိုလ်ကံရှင် တာအိုပညာရှိကို ဆရာဘိုးဘိုးအဖြစ်ရလည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ ကျုပ် ကျင့်ကြံမှုက နိမ့်ပါးလွန်းတယ်၊ တိတ်ဆိတ်ဂိုဏ်းမှာက အင်မော်တယ်ဧကရာဇ်တွေ အများကြီးပဲလို့ ပြောကြတယ်”
ဘေးနားက အမျိုးသမီးတစ်ယောက်ဟာ ဟန်ကျွယ်နဲ့ ဟန်‌ထော်ကို တအံတဩ ကြည့်လိုက်ပါတယ် ‘လေလုံးထွားလိုက်တာ… သူ့ကိုယ်သူ အင်မော်တယ်ဧကရာဇ်တဲ့… ဘုန်းတန်ခိုးကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိကိုတောင် ထည့်ပြောလိုက်သေးတယ်’ အမျိုးသမီးရဲ့ မျက်လုံးတွေမှာ အထင်အမြင်သေးတဲ့ အရိပ်အယောင်တွေ ယှက်သမ်းသွားပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ဖို့က မလွယ်ဘူး၊ ဒီကိစ္စကို ငါ မကူညီနိုင်ဘူး၊ မိုးကောင်းကင်မျိုးနွယ်စု ဆိုရင်ရော”
ဟန်ထော်ဟာ အံအားသင့်သွားပါတယ် ‘ဒီရုပ်ဆိုးဘုန်းကြီး တကယ်ပဲ နည်းလမ်းရှိတာလား…’
ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “မိုးကောင်းကင်မျိုးနွယ်စုက အင်မော်တယ်နတ်ဘုရားတွေ၊ ကျုပ် မဝင်ချင်ဘူး”
ဒီတစ်ခါ အံအားသင့်သွားရတဲ့ လူကတော့ ဟန်ကျွယ်ပါ ‘ဒီကောင်လေးက အင်မော်တယ် နတ်ဘုရားတွေကို မုန်းတာလား…’
ဟန်ကျွယ်ဟာ ဆက်မေးဖို့ ပြင်လိုက်စဉ်မှာပဲ သူ့မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[မွေးရာပါ ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးနေသည်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မမြင်တာ အတော်ကြာခဲ့ပါပြီ။ တိတိကျကျပြောရရင် ဟန်ကျွယ် တာအိုကို ရပြီးကတည်းကပါ။ အခုအချိန်မှာ တာအိုပညာရှိ ပြန်မွေးဖွားရင်တောင် စနစ်က စိတ်ဝင်စားမဲ့ အလားအလာ မရှိပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ကျဲယွီ: မဟာညီညွတ်မှု ရွှေအင်မော်တယ် ကနဦးအဆင့်။ တာအိုဖြတ်ကျော်ဆရာကြီး ကျောက်စိမ်းဗောဓိ၏ ကိုယ်ပွားတစ်ခု ဖြစ်သည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset