Switch Mode

Chapter – 536

အခန်း (၅၃၆) တာအိုကောင်းကင်မိစ္ဆာ
နောက်ထပ် နှစ် ၂၀၀ ကုန်ဆုံးသွားပါတယ်။
တာအိုဘုံကျောင်းထဲမှာရှိတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မသက်မသာ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်လည်း မျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေတာကို တွေ့လိုက်ရပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ချုံရှီလိုင်၊ ဖူရှီနဲ့ ဧကရာဇ်ရှောင်တို့က တွင်းနက်တစ်ခုကို အတူတကွ တိုက်ခိုက်နေကြပါတယ်။ ဆန်းကြယ်စွမ်းအားတွေဟာ အတော်မသတ်နိုင်အောင် ထွက်ပေါ်နေပြီး သူတို့ရဲ့ ဓမ္မရတနာတွေကလည်း အတော်လေး စွမ်းအားကြီးပါတယ်။
‘ဘာလဲဟ…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး တွင်းနက်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ကို မသက်မသာ ဖြစ်စေတာက တွင်းနက် မဟုတ်ပါဘူး။ တွင်းနက်ထဲမှာရှိတဲ့ တည်ရှိမှုတစ်ခုပါ။ ဒီခံစားချက်က ဟန်ကျွယ် အမင်္ဂလာ မကောင်းဆိုးဝါးကို ပထမဆုံး ရင်ဆိုင်တုန်းကလည်း ခံစားခဲ့ရဖူးပါတယ်။
‘ဒီဟာက အမှောင်တားမြစ်နယ်မြေနဲ့ ဆက်စပ်နေတာလား…’
ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ပြန်ခေါ်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲကို ပြလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ နတ်ထူးဆန်းဟာ အလွန်အမင်း ကြောက်လန့်သွားပါတယ်။ စိတ်ချင်းဆက်သွယ်မှုကနေ နတ်ထူးဆန်းရဲ့ ခံစားချက်ကို ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
အန္တရာယ်။
အလွန့်အလွန်ကြီးမားတဲ့ အန္တရာယ်ပါ။
နတ်ထူးဆန်းရဲ့ ပထမဆုံး တုံ့ပြန်မှုက ထွက်ပြေးတာပါ။ ဟန်ကျွယ်လည်း မျက်မှောင်ကြုတ်သွားပြီး နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲမှာ ဖိနှိပ်လိုက်ပါတယ်။
“တာအိုပညာရှိတွေ ရင်ဆိုင်နေတဲ့ အရာကို ငါ အနိုင်ယူနိုင်လား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အနိုင်ယူနိုင်ချေ ရှိသည်။]
‘အနိုင်ယူနိုင်ချေပဲ ရှိတာလား… ဒီလိုဆို ငါ ရှုံးနိုင်ချေလည်း ရှိတယ်ပေါ့’ ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ရှုံးနိုင်ချေ မပြောနဲ့၊ ဟန်ကျွယ်ဟာ ရန်သူကို တစ်ချက်တည်းပဲ အသေသတ်ချင်တာပါ။
ဟန်ကျွယ်ဟာ ဆက်တွက်ချက်ပါတယ် “ငါ ဒီကောင် ဘယ်သူလဲဆိုတာကို သိချင်တယ်”
ဒီတစ်ကြိမ်မှာတော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို မနှုတ်ယူပါဘူး။
[တာအိုကောင်းကင်မိစ္ဆာ: ကျင့်ကြံမှုမသိ။ အကုသိုလ်ကံမှ အသွင်ပြောင်းလာခြင်းဖြစ်ပြီး အလွန်တရာမှ အရိုင်းမိစ္ဆာဆန်သော တည်ရှိမှုတစ်ခု ဖြစ်သည်။]
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်းထုတ်ယူပြီး တာအိုကောင်းကင်မိစ္ဆာကို ကျိန်စာတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျ လာပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကိုလည်း စောင့်ကြည့်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာကို ကျိန်စာ သက်ရောက်မှုကို သိပ်မခံရသလိုပါပဲ။ ကျိန်စာစွမ်းအားနဲ့ တာအိုပညာရှိတွေရဲ့ တိုက်ခိုက်မှုကို ပူးခံရတာတောင် သူ့ရောင်ဝါက လျော့ကျမသွားပါဘူး။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ချက်ချင်း ရပ်လိုက်ပါတယ်။ ကျိန်စာတိုက်တာက သက်တမ်း ကုန်လွန်းတဲ့အတွက် အရင်ဆုံး တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ငါ့ကျိန်စာစွမ်းအားက တာအိုကောင်းကင်မိစ္ဆာအပေါ်ကို သက်ရောက်မှုရှိလား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သက်ရောက်မှု မရှိပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် နေရာကနေ ထပြီး သူ့ရဲ့ အကောင်းစား ရတနာတွေ အကုန်လုံးကို အသက်သွင်းလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ခန္ဓာကိုယ်ကနေ တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာကို ရောက်သွားပါတယ်။ ဟန်ကျွယ် ရုတ်တရက် ပေါ်လာတာက တခြားတာအိုပညာရှိတွေကို အံအားသင့်သွားစေပါတယ်။
“ဟန်ကျွယ်… ဒီနတ်ဆိုးက မြန်မြန်သတ်…” ချုံရှီလိုင်က အော်ပြောလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကိုသုံးပြီး တာအိုကောင်းကင်မိစ္ဆာရဲ့ အချက်အလက်တွေကို ချက်ချင်း ပုံတူကူးပြီးတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။
တာအိုပညာရှိတွေဟာ တစ်ခဏကြက်သေသေသွားပြီး တွင်းနက်ကို ဆက်လက် တိုက်ခိုက်ကြပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ်ဟာ မုန်းတီးမှုတိုးလာတဲ့ စာစောင်အချို့ကို လက်ခံ ရရှိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်မရှိဘဲ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီတာအိုကောင်းကင်မိစ္ဆာက တော်တော် စွမ်းအားကြီးတာပဲ’
ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို အသေသတ်နိုင်ဖို့အတွက် သူ့ရဲ့ နတ်ဘီလူးဓမ္မရုပ်တု အကုန်လုံးကို ထုတ်သုံးလိုက်ရပါတယ်။ အဲဒီမတိုင်ခင် ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာ လက်ချက်နဲ့ အကြိမ်ပေါင်းများစွာ သေလုနီး ဖြစ်ခဲ့ရပါတယ်။
ဒီတာအိုကောင်းကင်မိစ္ဆာက ဟန်ကျွယ် တွေ့ဖူးတဲ့ ရန်သူတွေအထဲမှာ အစွမ်းအထက်ဆုံးပါ။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်းနဲ့ ဘယ်လိုသတ်ရမလဲမဆိုတာကို ဆက်ရှာပါတယ်။
ဟန်ကျွယ်ဟာ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတယ်။
ဒီလိုနဲ့ နှစ်နှစ်ကြာသွားပေမဲ့ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း သတ်နိုင်မဲ့ နည်းလမ်းကို ရှာမတွေ့သေးပါဘူး။ ကံကောင်းတာတစ်ခုက ဟန်ကျွယ်ဟာ တာအိုပညာရှိ ဖြစ်နေတာပါ။ မဟုတ်ရင် ဟန်ကျွယ်ရဲ့ ဆံပင်တွေက အနက်‌ရောင်ကနေ အဖြူရောင် ပြောင်းလဲသွားမျာ ကျိန်းသေပါတယ်။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အိပ်မက်ဆက်တိုက် ပေးပါတော့တယ်။ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို တွေးမိတာကြောင့် ချုံရှီလိုင် အိပ်မက်ပေးတာကို လက်ခံလိုက်ပါတယ်။
အိပ်မက်ထဲမှာ ချုံရှီလိုင်က အရင်လို တန်ခိုးထွားပြီး ကြည်ညိုလေးစားဖွယ် ကောင်းနေတုန်းပါပဲ။ ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို ငုံ့ကြည့်ပြီး‌ လေသံတိုးနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်မိစ္ဆာ တိုက်ခိုက်နေတာကို ဘာလို့ တစ်ချက်ပဲကြည့်ပြီး ထွက်သွားရတာလဲ”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဒေါသထွက်သွားပါတယ် ‘ငါက တာအိုကောင်းကင်မိစ္ဆာနဲ့ နှစ်နှစ်တောင် တိုက်ခိုက်ခဲ့တာ အနည်းဆုံး အကျိုးမဆောင်ဘူး ဆိုရင်တောင် ကြိုးစားခဲ့သေးတာပဲ’
ဟန်ကျွယ်ဟာ ချုံရှိလိုက်ကို ပြန်ပက်လိုက်ပါတယ် “ခင်ဗျားတို့ တာအိုပညာရှိတွေက ကောင်းကင်မိစ္ဆာ တစ်ကောင်ကိုတောင် မနိုင်တော့ဘူးလား”
“ဟုတ်တယ်၊ ငါတို့အားလုံး တန်ပြန်ထိထားတယ်၊ မကြာခင်မှာ ကောင်းကင်မိစ္ဆာက ကောင်းကင်ဘုံ ၃၃ ဘုံကို ဝင်ရောက်လာတော့မှာ၊ အဲဒီအချိန်ကျရင် ငါတို့အားလုံး သေကြရလိမ့်မယ်၊ ကောင်းကင်တာအိုနဲ့ သက်ရှိအားလုံးလည်း ကောင်းကင်မိစ္ဆာ ဝါးမြိုတာကို ခံရလိမ့်မယ်၊ မင်းရဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်လည်း လွတ်မှာ မဟုတ်ဘူး”
ချုံရှီလိုင်ရဲ့ လေသံဟာ အငြိုးအတေးတွေနဲ့ ပြည့်နေပါတယ်။
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။
ချုံရှီလိုင်ဟာ သက်ပြင်းလိုက်ပါတယ် “ကောင်းကင်တာအိုက အနန္တရာယ် တွေ့နေပြီ၊ နောက်တစ်ခါ ကောင်းကင်မိစ္ဆာ တိုက်ခိုက်ရင် မင်း လှုပ်ရှားဖို့ ငါ မျှော်လင့်ပါတယ်၊ မဟုတ်ရင် ကောင်းကင်တာအို ပျက်ဆီးသွားလိမ့်မယ်”
“ကျုပ် စဉ်းစားပေးမယ်”
“မစဉ်းစားနဲ့၊ မင်းလာကို လာရမယ်”
“ဘာဖြစ်လို့လဲ၊ ကျုပ်မှ ကောင်းကင်တာအိုကို ဘာအကြွေးမှ တင်မထားတာ” ဟန်ကျွယ်ဟာ ဒေါသထွက်သွားပါတယ်။ ချုံရှီလိုင်က ကောင်းကင်တာအိုနဲ့ ပေါင်းပြီး သူ့ကို အကောက်ကြံဖူးတယ် မဟုတ်ပါလား။ ဒါပေမဲ့ ချုံရှီလိုင်က သူ့ကို အရင်ကပ်ဘေးမှာ ကူညီဖူးတဲ့အတွက် ဟန်ကျွယ်က ချက်ချင်း ကျိန်စာမတိုက်တာပါ။
ဟန်ကျွယ်ရဲ့ ပြန်ခံပက်မှုကြောင့် ချုံရှီလိုင်ဟာ စိတ်မရှည်နိုင်တော့ပါဘူး “ကောင်းကင်တာအို ပျက်စီးသွားရင် မင်းက ဘယ်သွားနေမှာလဲ”
“ဒါပဲလား”
ဟန်ကျွယ်ဟာ ညာလက်ကို ဝှေ့ယမ်းပြီး ချုံရှီလိုင်ရဲ့ အိပ်မက်ကို အတင်းဖျက်လိုက်ပါတယ်။
တာအိုစက်ကွင်းတစ်ခု။
ချုံရှီလိုင်ဟာ လေးနက်တဲ့မျက်နှာနဲ့ မျက်လုံးပွင့်လာပါတယ် ‘ဒီကောင်လေးက ဒီလောက်တောင် စွမ်းနေပြီလား’
ချုံရှီလိုင်ရဲ့ ရင်ထဲမှာ မုန်တိုင်းထန်သွားပါတယ်။ ဟန်ကျွယ်က တာအိုပညာရှိဆိုပေမဲ့ သူ့လောက် အစွမ်းမရှိဘူးလို့ ချုံရှီလိုင်က ယူဆထားခဲ့တာပါ။
ဒါပေမဲ့ ခုနက ဟန်ကျွယ်ရဲ့ အစွမ်းဟာ ချုံရှီလိုင်ကို ထိတ်လန့်သွားစေပါတယ်။
တာအိုကောင်းကင်မိစ္ဆာ ပေါ်လာတာကို ဟန်ကျွယ်ကို အတော်လေး ဖိအားပေးပါတယ်။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံပြီး အန္တိမမူလ မဟာတာအိုကို နေ့စဉ် သုံးသပ်နားလည်ပါတယ်။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေဟာ ကပ်ဘေးကြီးတစ်ခု နီးကပ်လာတာကို မခံစားမိပါဘူး။ တစ်ချို့က ကျင့်ကြံအားထုတ်နေကြပြီး တချို့က ရတနာတွေ ရှာဖွေနေကြပါတယ်။ တချို့ကတော့ တာအိုဟောကြားပြီး တချို့ကတော့ တိုက်ခိုက်နေကြပါတယ်။
သက်ရှိအားလုံးဟာ ပုံစံမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေပါတယ်။ ပြန်လည်မွေးဖွားခြင်း စက်ဝန်းဟာလည်း ပြောင်းလဲပြီး နိယာမအစုအဝေးတစ်ခု ဖြစ်တည်လာပါတယ်။
ဂူတစ်ဂူထဲမှာ လီတောက်ခုံးဟာ တရားထိုင်ပြီး ဒဏ်ရာတွေကို ကုသနေပါတယ်။ သူ့နောက်မှာတော့ ဓားတစ်ချောင် လေပေါ် ပျံဝဲနေပြီး ကောင်းကင်အရှင်သခင်ရဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။
လီ‌တောက်ခုံးဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်ပြီး ရေရွတ်လိုက်ပါတယ် “အသက်တစ်သောင်းဓားက အစွမ်းထက်ပေမဲ့ ငါ့ရဲ့ ဓမ္မစွမ်းအားက ရှီတုတောက်ကို မမီသေးဘူး၊ ငါရဲ့ ကျင့်ကြံမှုကို တိုးတက်အောင် လုပ်ရမယ်၊ ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံမှုက အတော်နှေးတယ်၊ ကြည့်ရတာ အကောင်းစားရတနာတစ်ပါးပါးရဲ့ အကူအညီကိုယူမှ ဖြစ်တော့မယ်”
လီတောက်ခုံးဟာ ရှီတုတောက်ကို အနိုင်ယူဖို့ အလျင်လိုနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှီတုတောက်ကို အနိုင်မယူနိုင်ရင် ဒီဟာက သူ့ရဲ့အတွင်းနတ်ဆိုး ဖြစ်လာမှာမို့လို့ပါ။
ဒီအချိန်မှာပဲ ဂူအောက်ခြေကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ စီနီယာ လီတောက်ခုံးက ဒီမှာ‌ရှိနေလား သိချင်ပါတယ်”
လီတောက်ခုံးဟာ ဒီအသံပိုင်ရှင်ကို ဂရုမစိုက်ဘဲ မျက်စိပြန်မှိတ်လိုက်ပါတယ်။
“စီနီယာတို့ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် အနန္တရာယ် တွေ့နေတယ်၊ စီနီယာသာ မကယ်ဘူးဆိုရင် သူ ကျိန်းသေပေါက် သေရပါလိမ့်မယ်”
တိတ်ဆိတ်ဂိုဏ်းတပည့်ဆိုတဲ့အတွက် လီတောက်ခုံးဟာ မျက်လုံးဖွင့်ပြီး အပြင်ဘက်ကလူကို ဂူထဲ ဆွဲသွင်းလိုက်ပါတယ်။ ဒီလူဟာ သားသားနားနား ဝတ်စားထားပြီး ချောမောတဲ့မျက်နှာနဲ့ အင်မော်တယ်ရောင်ဝါ ရှိပါတယ်။
ဒီလူဟာ ဒူးတစ်ဖက်ထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ် “ကျွန်တော်က ဟန်မင်ပါ၊ ဒီကလေးကို ကျယ်ကျောင်းကို ဖမ်းထားပါတယ်”
အဲဒီနော ဟန်မင် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ဟန်မင်ရဲ့ဘေးမှာ ပုံရိပ်တစ်ခု ပေါ်လာပါတယ်။ ဒီပုံရိပ်ပိုင်ရှင်က ဟန်ထော်ပါ။
လီတောက်ခုံးဟာ ဟန်ထော်ရဲ့ မျက်နှာကို ကြည့်ပြီး မှင်သက်သွားပါတယ် ‘ဆင်လှချည်လား… ဂိုဏ်းချုပ်နဲ့ တကယ်တူတာပဲ’
လီတောက်ခုံးဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်တဲ့အခါ ဟန်ထော်ရဲ့ ကံတရားက အလွန်တရာမှ ဝေဝါးနေတာကို တွေ့လိုက်ရပါတယ် ‘ဒါ မဟုတ်မှလွဲရော…’
နှစ်တစ်ရာ ကြာပြီးနောက်…

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်နဲ့ အလှမ်းဝေနေးပါသေးတယ်။ ဒီကိစ္စက ဟန်ကျွယ်ကို တော်တော်လေး စိတ်ဓာတ်ကျစေပါတယ်။
ဟန်ကျွယ် အဆင့်မထိုးဖောက်တာ အတော်ကို ကြာနေပါပြီ။ ဟန်ကျွယ်ဟာ ဒီအခြေအနေကို နေသားမကျနိုင်သေးပါဘး။
တာအိုကောင်းကင်မိစ္ဆာက အချိန်မရွေး တိုက်ခိုက်နိုင်တဲ့အတွက် ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း သတ်ဖြတ်နိုင်တဲ့စွမ်းအားကို လိုအပ်နေပါတယ်။ ဟန်ကျွယ်ဟာ စိတ်ငြိမ်ဖို့အတွက် စာစောင်တွေကို ကောက်ဖတ်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္တာတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် တာအိုနှလုံးသား ထိခိုက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ရန်ထျန်တုန်းသည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၉၂၃၀
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ကျိန်စာတိုက်ခံရပြီး အတွင်းနတ်ဆိုး ဖြစ်ပေါ်သွား၏။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွာ၏။]
[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် တာအိုနှလုံးသား ထိခိုက်သွား၏။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset