Switch Mode

Chapter – 59

မရှောင်လွှဲနိုင်သော ထိပ်တိုက်ရင်ဆိုင်မှု

Chapter – 59
“မရှောင်လွှဲနိုင်သောထိပ်တိုက်ရင်ဆိုင်မှု”

“မင်း . . . မင်း အကြောင်းပြချက်လေး ဘာလေးတော့ ပြောသင့်တယ်နော် . . .”
ရဲရှောင်မှာ အရိုက်ခံရသဖြင့် အညိုအမည်းများပင် စွဲနေပြီ ဖြစ်၏။ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ကြိုးစားနေပြီး နားမလည်နိုင်သော မျက်နှာဖြင့် ဒေါသများလည်း ထွက်လျက် ရှိနေသည်။
“မင်း . . . မင်း . . . မင်းကရော င့ါကို ဟန်ဆောင်မျက်နှာပဲ ပြခဲ့တာပဲ မဟုတ်ဘူးလား။ မင်း . . . မင်း . . . ငါ့ကိုလည်း လိမ်ခဲ့တာပဲလေ။ ငါလိမ်တာကျ ဒေါသထွက်တယ်တဲ့လား။ မင်းတို့ မိန်းမတွေက တကယ်ပဲ အရူးတွေ . . . တော်တော် အူကြောင်ကြောင်နိုင်တာပဲ . . .”
ပြင်းထန်သော ထိုးနှက်ချက်များကို ခံနေရသဖြင့် ရဲရှောင်မှာ အစော်ကားခံနေရသလို ခံစားနေရလေ၏။
ယခုကဲ့သို့ အရိုက်နှက်ခံရခြင်းသည် သူ၏ လက်ရှိဘ၀ရော အရင်ဘ၀ရောမှာပါ ပထမဆုံးအကြိမ် အဖြစ် ခံနေရခြင်းပင် ဖြစ်သည်။
(ငါက မိန်းမတစ်ယောက်ရဲ့ ရိုက်ပုတ်တာကိုတောင် ခံနေရပြီလား . . . တော်တော် ရှက်ဖို့ ကောင်းတာပဲ။ ဘာမှ မဆိုင်ပဲနဲ့များကွာ . . .)
ထိုအချိန် ရဲရှောင်မှာ စဉ်းစားလေ အဓိပ္ပါယ်မရှိသလို ခံစားရလေပင် ဖြစ်နေလေ၏။
၀မ်ရမ်ချူးချူးမှလည်း ဒေါသတကြီး လေသံဖြင့်ပင် –
“ကျွန်မရှင့်ကို အရူးလို့ ပြောခဲ့တာ မမှားဘူး။ ရှင်က မိန်းမတစ်ယောက်ဆီကတောင် အကြောင်းပြ ချက် တောင်းနေသေးတယ်။ ရှင်က အရိုက်ခံရဖို့ဘဲ ထိုက်တန်တယ် . . .”
သူမ၏ အသံမှာ ပြောနေရင်းဖြင့် ရယ်ချင်သလိုလို ဖြစ်သွားသော အသံနှင့် တူနေပါသည်။
သူမ၏ စကားများကို ကြားပြီးနောက် ရဲရှောင် ရုတ်တရက် စိတ်ဓာတ်ကျသွားလေသည်။
(တောက် . . . ငါက အရူးတဲ့လား . . . ငါက မိန်းမတစ်ယောက်ကို မချေမခံ ပြောမိတာနဲ့ပဲ ဒီလို အရိုက်ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို မရှိဘူး . . .”
၀မ်ရမ်ချူးချူး ရိုက်နှက်ရင်း ရိုက်ချက်များမှာ တဖြည်းဖြည်း ပြင်းထန်လာပါသည်။ သူမရင်ထဲမှ ဒေါသများ အတော်အတန် ပျောက်သွားပြီးနောက် တစ်ချက် ခုန်တက်လိုက်ပြီး လှပစွာပင် လှည့်ထွက် သွားပါတော့သည်။ ထို့နောက် ခပ်တည်တည်ပင် –
“နောင်ကြီးဖန် . . . နောက် ၃ လနေရင် ကျွန်မ ပြန်လာမယ် . . .”
“ဒုန်း . . .”
တံခါးကြီးမှာ လုံးဝ ပိတ်သွားပြီ ဖြစ်လေ၏။
ရဲရှောင် တံခါးကြီးရှေ့ အညိုအမည်းစွဲသည့် မျက်နှာဖြင့် မတ်တတ်ရပ်နေရင်း ငိုချင်သလို ခံစားလာရသည်။ သို့သော်လည်း မျက်ရည်တော့ မထွက်ချေ။ ယခုအခါ သူ့တွင် ပြောစရာ စကားမရှိတော့ ဘဲ ဆွံ့အသလို ဖြစ်နေခြင်းပင် ဖြစ်၏။
ဒေါသထွက်ခြင်း ရှက်ရွံ့ခြင်းစသော ခံစားချက်များအား ရောထွေးစွာ ခံစားလိုက်ရပြီးနောက် –
“မင်းဘယ်လိုပဲ ကြိုးစားကြိုးစား င့ါကို တွေ့ရဖို့ မမျှော်လင့်နဲ့ . . . အရူးမ . . .”
အတွင်းမှ သဘောကျဟန်ဖြင့် ရယ်မောသံများကို ကြားလိုက်ရပြီးနောက် တိတ်ဆိတ်သွားပြန်လေ ၏။
ရဲရှောင်သည် ဒေါသထွက်လွန်းသဖြင့် သွေးများပင် အန်ချင်သလို ဖြစ်နေလေ၏။ ထို့နောက် လှည့်ထွက်လိုက်ရင်း ရေရွတ်မိသည်မှာ –
“မိန်းမတွေက တကယ်ကို အဓိပ္ပါယ်မရှိတာပဲ . . .”
သူ၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ဝေးကာ ဝေးကာဖြင့် ပျောက်ကွယ်သွားပါတော့သည်။
သူထွက်သွားစဉ် တံခါးကြီးမှ အနည်းငယ် ပွင့်လာပြီး ချောင်းကြည့်နေသည့် အဖြစ်ကိုတော့ ရဲရှောင်တစ်ယောက် သတိမပြုမိတော့ပါချေ။
ရဲရှောင် ထိုကဲ့သို့ ဒေါသတကြီး ထွက်သွားသည်ကို ကြည့်ရင်း ၀မ်ရမ်ချူးချူးမှာ ပြုံးကာ လေသံတီးတိုးဖြင့် –
“ဒီအရူးကတော့ . . .”
သူမ နောက်လှည့်လိုက်သည့်အခါ သူမကို ကြည့်နေသည့် လူနှစ်ယောက်အား မြင်တွေ့လိုက်ရလေ၏။
“မိန်းကလေး . . .”
သက်လတ်ပိုင်းအရွယ် မိန်းမမှ စကားစလိုက်သည်။
၀မ်ရမ်ချူးချူး အနည်းငယ် မျက်နှာပူသလို ခံစားလိုက်ရပြီးနောက် ချက်ချင်းပင် အိနြေ္ဒဆယ်ကာ မထူးဆန်းသော ဟန်ပန်ဖြင့် –
“အထုပ်အပိုးတွေ ပြင်ထားတော့ . . . တတ်နိုင်သလောက် မြန်မြန်သွားကြမယ်။ အိမ်ပြန်ကြတာပေါ့ . . .”
သူမလည်း ထိုကဲ့သို့ ပြောပြီးနောက် သူမအခန်းရှိရာသို့ လျှောက်သွားပါလေတော့သည်။
ရဲရှောင် ထိုင်ခဲ့သည့် နေရာအား လှမ်းကြည့်လိုက်ရင်း သူမကို ရဲရှောင် ကိုင်တွယ် ကုသပေးခဲ့သည်ကို စဉ်းစားမိလိုက်သည်။ ကြီးမား၍ နွေးထွေးသော လက်ဖြင့် သူမ၏ ၀မ်းဗိုက်နေရာသို့ ဖိနှိပ်ကာ အပူဓာတ်များ ထုတ်လွှတ်ပေးခဲ့သည်ကိုလည်း သတိရမိသလို ဖြစ်သွား၏။ ၀မ်ရမ်ချူးချူး ထိုင်ချလိုက်ပြီး ရဲရှောင်ထိုင်ခဲ့သည့် နေရာအား လက်ဖြင့် ဖြည်းညှင်းစွာ ပွတ်သပ်မိလိုက်သည်။ ရဲရှောင်၏ အပူဓာတ်များမှာ ထိုနေရာတွင် ကျန်ခဲ့သည့်အလား နွေးထွေးသလိုပင် ခံစားလိုက်ရပါတော့သည်။
သူမ၏ မျက်လုံးများ မှိုင်းညို့သွားပြီးနောက် လေသံတီးတိုးဖြင့် –
“ရန်သူတော်ကြီး . . . ရှင်က ကျွန်မရဲ့ မဟာရန်သူတော်ကြီးပဲ . . .”
. . . . . .
၀မ်ရမ်ချူးချူး၏ နေအိမ်မှ ထွက်ခွာလာပြီးနောက် ရဲရှောင်မှာ လမ်းကြိုလမ်းကြားများမှ ကွေ့ပတ်၍ သွားလာနေမိသည်။ သူ့နောက်မှ မည်သူမျှ လိုက်မလာဘူးဆိုတာ သေချာလောက်ပြီဆိုမှ မှင်ရောင်အား ဖြည့် ကြာပန်းပင်အား ဟင်းလင်းပြင်ကြီးအတွင်းသို့ ပစ်ထည့်လိုက်လေ၏။
ရဲရှောင်မှာ ကြာပန်းပင်ထည့်ထားသည့် သေတ္တာအား လွှင့်ပစ်ရန် ကြံရွယ်လိုက်စဉ်မှာပင် တစုံတစ်ခုအား သတိပြုမိသွားသည်။ သေချာကြည့်လိုက်သည့်အခါ နူးညံ့သည့် လက်ကိုင်ပုဝါ အသေးလေးတစ်ထည်အား တွေ့လိုက်ရ၏။ လက်ကိုင်ပုဝါပေါ်တွင် တိမ်တိုက်ကဲ့သို့ ပုံစံများအား မပီဝိုးတဝါး ရေးဆွဲထားပြီး အလယ်တွင် ကြာပန်းပုံရိပ်တစ်ခုကို ခပ်ဖျော့ဖျော့ ထိုးထားတာပဲ ဖြစ်သည်။
သာမန်လူများအဖို့ ထိုလက်ကိုင်ပုဝါမှာ ဘာမှထူးခြားမည် မဟုတ်သော်လည်း ရဲရှောင်ကတော့ ထိုပန်းအကြောင်း ကောင်းကောင်း သိနေလေသည်။ ဒါတင်မက ထိုကြာပန်း၏ နောက်ကွယ်မှ ဇာတ်လမ်းကိုပါ သိရှိနေခြင်း ဖြစ်၏။
ထိုကြာပန်းသည် အငွေ့များဖုံးလွှမ်းနေသည့် တောင်ကြားတွင် ရှင်သန်ကြီးထွားသော ပန်းဖြစ်ပြီး အငွေ့ကြာပန်းဟု ခေါ်ပါသည်။
ထိုကြာပန်းမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပုံစံရှိနေပြီး နတ်ဘုံနတ်နန်းမှ ပန်းတစ်ပွင့်နှင့်ပင် တူနေပါသေးသည်။ သို့သော်လည်း အလွန်အမင်းကို အဆိပ်ပြင်းထန်လှလေ၏။ အငွေ့ကြာပန်းသည် လူသားများအား သတိလစ်မေ့မြောစေပြီး တခဏအတွင်းမှာတင် အရိုးပဒေသာဖြစ်စေနိုင်သော အပင်တစ်မျိုးပင် ဖြစ်လေ၏။ အလွန်ကြောက်စရာကောင်းသည့် အပင်တစ်မျိုးပါပင်။
နူးညံ့၊ လှပ၍ လိုချင်စဖွယ် ရှိသော်လည်း အလွန်ကို အဆိပ်ပြင်းထန်လှပေသည်။ ရဲရှောင်မျက်လုံးထဲ ချက်ချင်းဆိုသလို ၀မ်ရမ်ချူးချူးကို ပြေး၍မြင်သွားပါတော့သည်။
(ဒီကောင်မှလေးက နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ နှစ်လိုဖွယ် ရှိသလို ပုံစံ ဖြစ်ပေမဲ့ တကယ်တော့ သွေးအေးရက်စက်တတ်တဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ မျက်နှာအမှန်ကိုသာ ထုတ်ပြလိုက်မယ်ဆိုရင် သေချာပေါက် ကမ္ဘာပေါ်က အလှဆုံး မိန်းကလေးတွေထဲက တစ်ယောက် ဖြစ်သွားမှာပဲ . . .)
သူမ၏ သွင်ပြင်နှင့် အငွေ့ကြာပန်း၏ သွင်ပြင်နှင့် အတူတူလိုပါပင်။
လက်ကိုင်ပုဝါ၏ အောက်ခြေဘက်နားတွင် ခပ်သော့သော့ လက်ရေးတစ်ခုနှင့် စာအချို့ ရေးသား ထားသည်ကိုလည်း ရဲရှောင် မြင်တွေ့လိုက်ရ၏။
“အခိုးအငွေ့တွေကြားထဲက ပန်းလေးက အရမ်းလှပတယ် . . . လေယူရာယိမ်းနေပုံက ကောင်းကင်ဘုံမှာ ကနေတဲ့ နတ်မိမယ်လေးလိုပဲ . . . ရန်သူတစ်ယောက်အတွက် နတ်ဆိုးက လှပသလောက် ရက်စက်လိမ့်မယ် . . .”
ရဲရှောင် လက်ကိုင်ပုဝါလေးအား ကိုင်ထားရင်း အတွေးနယ်ချဲ့နေမိသည်။ ထို့နောက် ခေါင်းကို ခါယမ်း၍ ပြုံးလိုက်ရင်း –
“မင်းလို မိန်းကလေးမျိုးက မင်းကိုယ်မင်း လှတယ်လို့ ထင်နေတယ်ပေါ့လေ . . .”
၀မ်ရမ်ချူးချူးသာ ရဲရှောင်ထိုကဲ့သို့ ရေရွတ်လိုက်သည်ကို ကြားလိုက်မည် ဆိုပါက ထပ်မံ၍ အရိုက်ခံသွားရနိုင်ပါသည်။ သူယခု အရိုက်ခံခဲ့ရသည်ထက်ပင် ပိုမိုနာကျင်စွာ ခံစားရစေမည့် ရိုက်ချက်ပြင်း များကို ခံစားရမှာ အသေအချာပါပင်။ ကောင်မလေးမှာ လက်ကိုင်ပုဝါလေးအား တမင်တကာ ထည့်ပေးလိုက်ခြင်း ဖြစ်သော်လည်း သူကတော့ နားမလည်ဘဲ ကန့်လန့်တိုက်နေသလိုပင် ဖြစ်နေခြင်း ဖြစ်၏။ ယခုကဲ့သို့ သူ့ကိုယ်သူ ရေရွတ်သလိုဖြင့် မိန်းကလေးအား ခနဲ့လိုက်နေပါသေးသည်။
ရဲရှောင်မှာ မိန်းမကြမ်းကြေသူတစ်ဦးမဟုတ်ဘဲ ထိုကဲ့သုိ့သော နေရာတွင် အလွန် နုံအသူ တစ်ဦးဟု သတ်မှတ်၍ ရနိုင်ပါသည်။
လက်ကိုင်ပုဝါလေးအား ဝေ့ယမ်းကြည့်နေရင်းဖြင့် ရုတ်တရက် တစုံတစ်ခုအား တွေးလိုက်မိသည်။ သူ၏ လက်ချောင်းများတွင် နူးညံ့မှုများကို ခံစားနေရသေးသလို ဖြစ်နေပြီး လက်ချောင်းလေးများအား နှိပ်ကြည့်ရင်း ၀မ်ရမ်ချူးချူး၏ ဗိုက်သားနေရာလေးအား အာရုံခံမိသလို ဖြစ်သွားလေသည်။
“ဗိုက်သားလေးက တော်တော် နူးညံ့လှပမယ်ထင်တယ်။ ကိုင်ရတာနဲ့တောင် အတော်ကိုင်လို့ ကောင်းနေပြီ . . .”
ထို့နောက် လက်ကိုင်ပုဝါအား အကျိင်္ီအတွင်းသို့ ထည့်လိုက်ပြီး ထိုအချိန် ၀မ်ရမ်ချူးချူး၏ အနံ့အသက်မျိုးကို ခံစားနမ်းရှိုက်မိလိုက်ပြန်သည်။ ၀မ်ရမ်ချူးချူးတစ်ယောက် သူ့အနားတွင် ရောက်နေသလိုကို ခံစားသွားရတာပင် ဖြစ်၏။
(ဒီကောင်မလေးက သူ့အကျိင်္ီထဲမှာ ဒါကို အမြဲသိမ်းထားတာများလား။ ငါတောင် သတိမထားမိခဲ့ဘူး)
“ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်သလဲ . . . ငါက အရူးမတစ်ယောက်ရဲ့ ရိုက်နှက်ခြင်းကိုတောင် ခံခဲ့ရပါလား . . .”
ရဲရှောင် နာနာကျင်ကျင်ဟန်ဖြင့် ရေရွတ်မိလိုက်သည်။ ဆက်လက်၍လည်း –
“ငါဒါကို မှတ်ထားမယ်။ ငါ့မှာနောက်ပိုင်း သူ့ကို ပြန်ရိုက်နိုင်တဲ့ အခွင့်အရေး ရှိလာတဲ့ အခါကျရင် သူ့ရဲ့ တင်ပါးပါ ပိန်ချိုင့်သွားအောင်ကို ရိုက်ပစ်မယ် . . . .”
ရဲရှောင် စိတ်ကူးအတွင်း ကောင်မလေးကို နှိပ်စက်နေသည့်ပုံနှင့် ကောင်မလေးမှ တောင်းပန်နေသည့် ပုံစံများအား စိတ်ကူးယဉ်ကြည့်နေမိသည်။ အတော်ကို ကျေနပ်စရာမြင်ကွင်းဟု ရဲရှောင် ထင်နေမိပါတော့သည်။
စိတ်ကူးထဲ ကောင်မလေးအား အနိုင်ယူရင်း ခေါင်းမော့ ရင်ကော့ကာဖြင့် အိမ်ပြန်လမ်းသို့ ဦးတည်လိုက်လေ၏။
သူလျှောက်လာသည့် အကွာအဝေးမှာ အတော်ကို ဝေးကွာလှပြီး အိမ်အနားသို့ ရောက်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။
သူ၏ အိမ်ဘက်ဆီမှ လေပြင်းများ တိုက်ခတ်လာတာကို ခံစားလိုက်မိသည်။
လူများစွာ လျင်လျင်မြန်မြန်ဖြင့် သွားလာနေသလို အနေအထားမျိုးအား ရဲရှောင် ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ လျှောက်လာလိုက်သည်။
သူ့အနားသို့ ပထမဆုံး ကပ်လာသည့်လူမှာ လေအဟုန်ကဲ့သို့ လျင်မြန်လှပြီး တကိုယ်လုံးတွင်လည်း သွေးများ စိုရွှဲလျက် ရှိ၏။ ရဲရှောင်အား ပေ ၃၀ လောက်အကွာမှ လှမ်းမြင်လိုက် သောအခါ လေသံတီးတိုးဖြင့် –
“မသေချင်ရင် မြန်မြန်ပြေးတော့ . . .”
ထိုကဲ့သို့ပြောပြီးနောက် ရဲရှောင်အား ကျော်သွားလေ၏။ ဒါ့အပြင် ရဲရှောင်ကိုပါ တွန်းတိုက်သွား ခြင်း ဖြစ်လေသည်။
ထိုသူသည် လျင်မြန်စွာဖြင့် ပြေးလွှားနေသော်လည်း ရဲရှောင်အား နံရံဘက်သို့ တွန်းထုတ်လိုက် လေ၏။
ထိုလူမှ သာမန်မျှသာ တွန်းလိုက်ခြင်း ဖြစ်သော်လည်း ရဲရှောင်မှာမူ ပြင်းထန်လှသော အားကို ခံစားလိုက်ရပြီး လမ်းထောင့်သို့ လွင့်ထွက်သွားလေတော့သည်။
ရဲရှောင် အတော်ကြီးကို လန့်သွားမိသည်။
(ဒီလူက ကျင့်ကြံမှုအဆင့် အတော်မြင့်မြင့်က ဖြစ်ရမယ်။ ဒါဆို ဘယ်လိုဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရလာတာပါလိမ့် . . .)
သူထိုကဲ့သို့ စဉ်းစားနေချိန်မှာပင် အရိပ်သုံးခု သူ့ထံသို့ ပျံသန်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ လျှပ်စီးကဲ့သို့ လျင်မြန်လှသော ဓားသုံးချောင်းဖြစ်ပြီး သူယခင် ရပ်နေသည့် နေရာမှ ဖြတ်သန်းသွားခြင်းပင် ဖြစ်၏။
သူ့ကိုသာ တွန်းထုတ်ခြင်း မခံလိုက်ရဘူး ဆိုပါက ထိုဓားသုံးချောင်းမှာ သူ့ထံသို့ တိုက်ရိုက် ထိမှန်သွားမည် ဖြစ်သည်။ ဓားသုံးချောင်းအား ပစ်လွှတ်လိုက်သည့် လူ ၃ ယောက်မှာလည်း ပြေးသွားသော လူအား လုံးဝ အလွတ်ပေးမည့် ဟန်မျိုး မရှိချေ။
အကယ်၍ အဆိုပါ ဓားချက်သာ ထိမှန်သွားမည် ဆိုပါက တော်ရုံအားကောင်းသည့်လူပင် ရှောင်တိမ်းရန် မလွယ်ကူပါ။
ရဲရှောင် ဒေါသထွက်သွားလေ၏။
(ဒီလိုဆိုမှတော့ ငါကလည်း နှုတ်ဆက်ပေးရမှာပေါ့ . . .)
ရဲရှောင်အား ဓားချက်မထိမှန်ဘူး ဆိုသည်ကို သိသွားကြသည့်အခါ လူသုံးယောက်အနက် တစ်ယောက်မှ –
“ဟိုမှာ ပုရွတ်ဆိတ်လေးတစ်ကောင် . . .”
“ပြောနေစရာတောင် မလိုပါဘူး . . .”
နောက်လူတစ်ယောက်မှ ခပ်တည်တည်ပင် ပြောလိုက်သည်။
“သူငါတို့ ဓားနဲ့ ပစ်တာကိုရော ဟိုလူကို လိုက်နေတာကိုရော မြင်သွားပြီ . . . သူ့ကို အရှင်ထားလို့ မဖြစ်ဘူး . . .”
“သတ်လိုက်ကြတာပေါ့ . . .”
ဓားရောင်များ လတ်ခနဲ ဖြစ်သွားပြီးနောက် ထိုသုံးယောက်မှာ ရဲရှောင်အား လှည့်၍ပင် မကြည့်ကြချေ။
လင်းခနဲ ဖြစ်သွားသည့် ဓားသုံးချောင်းမှာ လမ်းထောင့်ရှိ ရဲရှောင် ရှိရာသို့ တန်းတန်းမတ်မတ်ကို လာနေပါတော့သည်။
ရဲရှောင် သေသေရှင်ရှင် သူတို့ သိပ်ပြီး အရေးမစိုက်ချင်ကြပေ။ ထိုလူသုံးယောက်မှာ ရဲရှောင်အား လျစ်လျူရှုထားချင်သော်လည်း ရဲရှောင်မှာ သူတို့ကို မြင်တွေ့သွားသဖြင့် သတ်ချင်နေခြင်းပင် ဖြစ်၏။
ရဲရှောင် အတော်ကြီးကို ဒေါသထွက်နေမိသည်။ ခေါင်းကို စောင်းငဲ့ကာဖြင့် တဖက်သို့ ရှောင်တိမ်း လိုက်လေ၏။ ဓားသုံးချောင်းမှာလည်း နံရံသို့သာ စိုက်ဝင်သွားပါတော့သည်။ ထိုအချိန် ရဲရှောင် လက်ကောက်ဝတ်အား တစ်ချက်လှုပ်ရှားလိုက်သောအခါ သူ့လက်မှ အေးစက်သည့် အလင်းတချို့ ထွက်ပေါ်လာသည်။ ရွှတ်ခနဲ အသံတစ်ချက် ပေါ်သွားပြီးနောက် အလင်းတန်းသုံးခု ထွက်သွားပါတော့ သည်။
ထိုစွမ်းအားမှာ အအေးစွမ်းအားပင် ဖြစ်သည်။
ထိုစွမ်းအားမှာ မော်တယ်ကမ္ဘာတွင် မည်သူမျှ မသုံးဖူးသေးသည့် စွမ်းအားပင် ဖြစ်၏။
လေထုကိုပဲ ခဲသွားစေသော စွမ်းအားရှိပြီး ချက်ချင်းဆိုသလိုပင် ရဲရှောင်၏ ထုတ်လွှတ်လိုက်သော အလင်းတန်းသုံးခုမှာ ချွန်ထက်သော ဓားငယ်လေးများ အသွင်သို့ ပြောင်းလဲကာ လွင့်ပျံထွက်သွားပါတော့ သည်။
အေးစက်သော အလင်းတန်း ဓားတိုများ ထုတ်လွှတ်လိုက်ပြီးနောက် ရဲရှောင်မှာ သူ့ပစ်မှတ်များကို လှည့်၍ပင် မကြည့်တော့ချေ။ ချက်ချင်းဆိုသလို သူ၏ အရိပ်မဲ့ပျံသန်းခြင်း နည်းလမ်းကို အသုံးပြုကာ ပျောက်ကွယ်သွားပါတော့သည်။
လူသုံးယောက်မှာ ရှေ့မှ ပြေးသွားသူ၏ အရိပ်အခြေကို လိုက်လံ ကြည့်ရှုနေတုန်းမှာပင် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်လိုက်ရလေ၏။
တချိန်တည်းမှာပင် အလွန်အမင်း အံ့သြသွားကြသည်။ နောက်ကို လှည့်ကြည့်လိုက်သည့်အခါ အလင်းတန်း သုံးခုကို မြင်တွေ့လိုက်ရပြီး သူတို့ဆီသို့ ရောက်လုရောက်ခင်ကို ဖြစ်နေပြီ ဖြစ်၏။
သုံးယောက်အနက် နှစ်ယောက်မှာ ချက်ချင်းဆိုသလို သူတို့၏ ဓားများဖြင့် ရေခဲဓားငယ်လေးများအား ကာကွယ်လိုက်သည်။ ထိုကဲ့သို့ ကာကွယ်လိုက်ချိန်တွင် ရေခဲဓားလေးများမှာ သူတို့၏ မျက်ခုံးမွှေးနှစ်ဖက်အလယ်တည့်တည့် နေရာသို့ ရောက်ခါနီးစဲစဲလေးပင် ဖြစ်၏။ ရေခဲဓားချက် မထိခင်မှာတင် အေးစက်လှသော စွမ်းအင်တစ်မျိုးကို ခံစားလိုက်ကြရပြီး တုန်သွားသလို ဖြစ်သွားကြတာ ဖြစ်သည်။
သူတို့၏ ဓားရှည်များအား ကြည့်လိုက်သောအခါ ဓားတစ်ချောင်းလုံးအား ရေခဲများဖြင့် ဖုံးအုပ်ထား သလို ခဲနေသည်ကို မြင်တွေ့လိုက်ကြရ၏။ သူတို့၏ ပုံစံမှာ ရေခဲများဖြင့် ဖုံးနေသည့် လွန်ခဲ့သည့် နှစ်တစ်သောင်းလောက်မှ ပစ္စည်းတစ်ခုအား ကိုင်ထားသည်နှင့်ပင် တူနေပါသေးသည်။ ဓားရိုးများထိပင် အေးစိမ့်လာသဖြင့် မကိုင်နိုင်လောက်အောင်ကို ဖြစ်သွားကြသည်။
အရိုးထဲထိပင် အေးစိမ့်မှုကို ခံစားလိုက်ကြရပြီး ဓားများ လွတ်ကျချင်သလိုပင် ဖြစ်သွားကာ ချက်ချင်းဆိုသလိုပင် သူတို့၏ ချီဓာတ်များကို လည်ပတ်စေ၍ အအေးဓာတ်အား ဖိနှိပ်လိုက်ပါတော့သည်။
ထိုအချိန် အော်သံတစ်ခု ထွက်ပေါ်လာလေ၏။
သုံးယောက်အနက် နှစ်ယောက်မှာ ခုခံနိုင်လိုက်ကြပြီး တစ်ယောက်မှာတော့ အနည်းငယ် နောက်ကျသွားခဲ့ပါသည်။ သက်ရောက်လာသည့် ရေခဲဓားအား ခုတ်ပိုင်းနိုင်လိုက်သော်လည်း ဓား၏ ထိပ်ဖျားမှာ သူ့ပခုံးအား စိုက်ဝင်သွားလေ၏။
ထိုကဲ့သို့ ထိမှန်သွားသည့် တခဏမှာပင် ပခုံးနေရာတွင် ခံစားမှုမရှိတော့သလို ထုံကျင်မှု ဖြစ်ပေါ်သွားပြီး သိပ်မကြာခင်မှာပဲ အေးစက်မှုကို ခံစားလိုက်ရပါတော့သည်။ လက်မောင်းတစ်ခုလုံးမှာ ရေခဲစွမ်းအား၏ အေးစက်မှုကြောင့် အကြောသေသွားသလို ဖြစ်သွားလေတော့၏။
“ဒေါက် . . .”
ဓားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချေပြီ။
တကိုယ်လုံးအား အအေးဓာတ် လျင်မြန်စွာ ပြန့်နှံ့လာပြီးနောက် သူ၏ ဆံပင်များ၊ မျက်တောင်မွှေးများ၊ မုတ်ဆိတ်မွှေးများနှင့် ရှိသမျှ အမွှေးတို့တွင် ရေခဲအတိ ဖုံးလွှမ်းသွားလေတော့၏။
သူ့ပခုံးရှိ ဓားစိုက်ဝင်သွားသည့် နေရာတွင် အပေါက်ကြီး ဖြစ်ပေါ်သွားသော်လည်း သွေးထွက်ခြင်း တော့ မရှိချေ။ သွေးကြောများအားလုံး ခဲနေသလို ဖြစ်နေခြင်းပင် ဖြစ်၏။
ထိုအခိုက်မှာတင် ရေခဲရုပ်တုတစ်ရုပ်အလား ခဲတောင့်သွားရလေသည်။
သုံးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြပြီး ရှေ့မှ ပြေးသွားသူနောက်သို့ ဆက်လိုက်နိုင်ခြင်း မရှိတော့ချေ။ ကြောက်ရွံ့မှုကြောင့် ချွေးစေးများပင် ထွက်ပေါ်နေကြပါတော့သည်။
တကယ်တော့ သူတို့၏ ကျင့်ကြံမှု အဆင့်နှင့် ယခုအခြေအနေလောက်ကို ထိတ်လန့်တကြား မဖြစ်သင့်ပေ။ သို့သော်လည်း ရန်သူမှာ အလွန်ကို အစွမ်းထက်နေသည် မဟုတ်ပါလား။
ယခုကိစ္စမှလွဲ၍ မည်သည်ကိုမျှ အာရုံစူးစိုက်နိုင်ခြင်း မရှိကြတော့ချေ။
ကံဆိုးစွာဖြင့် အစွမ်းထက် ရန်သူတစ်ဦးအား လမ်းတွင် ဆုံတွေ့ခဲ့ရခြင်းဖြစ်ပြီး သူတို့အနေဖြင့် ဘာမှ လုပ်လိုက်ချိန်ပင် မရချေ။ ရှောင်တိမ်းရန်လည်း အလွန်နောက်ကျသွားခဲ့သည် မဟုတ်ပါလား။
“သူက ဘယ်သူလဲ မသိဘူး . . .”
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြရင်း စဉ်းစားနေကြသည်။ ကြောက်ရွံ့မှုကြောင့် နှလုံးခုန်သံများလည်း မြန်ဆန်လျက် ရှိနေကြ၏။
ကမ္ဘာကြီးတွင် ယခုကဲ့သို့ ထူးဆန်းသော စွမ်းအားမျိုး ထုတ်သုံးနိုင်သည့် လူတစ်ယောက် ရှိနေလိမ့် မည်ဟု မထင်မှတ်ထားခဲ့မိကြပါချေ။
ဒဏ်ရာရသွားသောသူလည်း သူ၏ ဝိညာဉ်တော်ချီဓာတ်များကို အသုံးပြု၍ အအေးဓာတ်ကို တွန်းလှန်ရန် ကြိုးစားကြည့်သည်။ သူ၏ အဖော်နှစ်ယောက်မှလည်း ကူညီပေးကြလေ၏။ နောက်ဆုံးတွင် ပြန်လည်၍ သက်သာလာခဲ့ပြီး ပခုံးနေရာရှိ ဒဏ်ရာမှာ အသားများပုပ်ကြေ၍ သွားပါတော့သည်။
အသားရောင်ပင် အပြာရောင်သန်းသွားခြင်း ဖြစ်လေ၏။
“ဒါ . . . ငါသတ်ဖို့ ကြိုးစားခဲ့တဲ့လူ လုပ်တာပဲ . . .”

Comment

Leave a Reply

Options

not work with dark mode
Reset