Switch Mode

Chapter – 488

အခန်း (၄၈၈) လီတောက်ခုံးရဲ့ ရည်မှန်းချက်
‘ဒီကောင်က လီမုယဲ့နောက်ကျောကို ဓားနဲ့ ထိုးချင်တာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း သဘောမတူပါဘူး။
လီတောက်ခုံးသာ ဒီအတိုင်း တကယ်တွေးနေတာဆိုရင် လီမုယဲ့က ဒီကိစ္စကို သိနေပြီးလောက်ပါပြီ။ တာအိုပညာရှိတွေ သက်ရှိအားလုံးကို အပေါ်စီးကနေ ငုံ့ကြည်နိုင်တာက အရာအားလုံး သိနိုင်လို့ပါပဲ။
ဟန်ကျွယ်ရဲ့ အတွေးကို ထိုးဖောက်မြင်တဲ့အလား လီတောက်ခုံးက ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ့ဆီမှာ ကောင်းကင်တာအို အကောင်းစား ရတနာ ရှိတယ်၊ တာအိုပညာရှိတွေက ငါ့လှုပ်ရှားမှုကိုရော ငါ့ကိုရော ချောင်းကြည့်လို့ မရဘူး”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ဒီလိုဆိုရင် လီမုယဲ့က မင်းကို ပိုကြောက်မှာပေါ့”
“ဟုတ်တယ်၊ အဲဒါကြောင့်လည်း သူက ကျန်းတုကူးကို ပိုယုံတာ”
လီတောက်ခုံးရဲ့ တည်ငြိမ်လှတဲ့ လေသံကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ လီတောက်ခုံးဟာ သူနဲ့ ကျန်းတုကူးရဲ့ ဆက်ဆံရေးကို ဆက်ပြောပြပါတယ်။
ကျန်းတုကူးက ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်ဟောင်းပါ။ သူက လီမုယဲ့ရဲ့ တပည့်ဖြစ်တာကြောင့် လီတောက်ခုံးရဲ့ ဂိုဏ်းတူအစ်ကိုဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ လီတောက်ခုံးက လီမုယဲ့ရဲ့ မွေးစားတပည့်ပါ။ ကျန်းတုကူးက အင်အားအကြီးဆုံးအချိန်မှာ လီမုယဲ့ဆီ ဝင်ခဲ့တာပါ။
ဒါ့အပြင် ကျန်းတုကူးက လူသားမျိုးနွယ်စုမှာ အလွန်မြင့်မားတဲ့ အဆင့်အတန်း ရှိတဲ့အတွက် ရွမ်လိန့်ကျောင်းတော်ရဲ့ အဆင့်အတန်းဟာလည်း လူသားမျိုးနွယ်စုမှာ အတော်လေး မြင့်မားလာခဲ့ပါတယ်။ ဒါကြောင့်လည်း လီမုယဲ့က ကျန်းတုကူးကို ယုံကြည်တာပါ။
ပြီးခဲ့တဲ့ ကပ်ဘေးတုန်းက လီတောက်ခုံးဟာ လီမုယဲ့ရဲ့ အမိန့်အတိုင်း ကောင်းကင်ရုံးတော်ကို ကူညီခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ ကိစ္စတွေ ဖြစ်ပျက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်းကင်ရုံးတော်က ရုတ်တရက် အင်အားကြီးမားလာပြီး တာအိုပညာရှိ မျိုးဆက်ကို ခြိမ်းခြောက်လာတာပါ။ ဒီအကြောင်းကြောင့် လီမုယဲ့ဟာ လီတောက်ခုံးနဲ့ ကျန်းတုကူးကို နောက်ဆုတ်ဖို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ လီတောက်ခုံးဟာ လီမုယဲ့ရဲ့ စကားကို နားမထောင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးက ကောင်းကင်ရုံးတော်ကို ကူညီမယ်လို့ ကတိပေးထားပြီး ဖြစ်လို့ပါ။ ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရိုး ထုံးစံမရှိသလို လီတောက်ခုံးကလည်း သူ့ကတိကို အပျက်မခံနိုင်ပါဘူး။
ဒါ့အပြင် လီတောက်ခုံးရဲ့ ကိုယ်ပိုင်အမြင်အရလည်း ကောင်းကင်ရုံးတော် အနိုင်ရပြီး အနန္တကပ်ဘေး မြန်မြန် ပြီးဆုံးသွားတာကို လိုချင်ခဲ့တာပါ။
ဒါကြောင့် လီတောက်ခုံးဟာ လီမုယဲ့ကို အပြစ်ပြုမိခဲ့ပြီး ကျန်းတုကူးကလည်း ကပ်ဘေးထဲ ဝင်လာခဲ့ပါတယ်။ လီတောက်ခုံးနဲ့ ကျန်းတုကူးဟာ ကိုယ်ပိုင် အကြောင်းပြချက်တွေကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလို တိုက်ခိုက်ရာကနေ အချိန်ကြာလာတဲ့အခါမှာတော့ ရန်ငြိုးရန်စတွေက ထုနဲ့ထည်နဲ့ ဖြစ်လာပါတယ်။ အခုဆိုရင် ကမ္ဘာမကျေတဲ့အဆင့်ကို ရောက်နေပါပြီ။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ရယ်မောလိုက်ပါတယ် ‘ဒီလိုဆို ဒီကောင်တွေ အချင်းချင်း မတည့်တာက ငါ ကျိန်စာတိုက်ခဲ့လို့ကိုး…’
လီတောက်ခုံးဟာ ဟန်ကျွယ်ကို ပြင်းပြတဲ့ အာသီသမျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း ငါနဲ့ ပူးပေါင်းမလား၊ ငါ မင်းကို ဒုဂိုဏ်းချုပ်ရာထူး ပေးနိုင်တယ်”
“ဒါဆို ခင်ဗျားမှာ တပည့်ဘယ်နှယောက်ရှိလဲ”
“သိပ်မများဘူး၊ ငါတို့ ဆက်ပြီးတော့ လက်ခံလို့ရတာပဲ”
“ထားပါတော့… အဲဒီတပည့်တွေက တိတ်ဆိတ်ဂိုဏ်းလိုမျိုး အရွယ်အစား ဖြစ်လာဖို့ ဘယ်လောက်ကြာမှာလဲ”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် လီတောက်ခုံးဟာ ပါးစပ်ပိတ်သွားပြီး နတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ တိတ်ဆိတ်ဂိုဏ်းထဲမှာ အင်မော်တယ်ဧကရာဇ် တစ်သောင်းကျော် ရှိနေတာကို ရှာတွေ့သွားပါတယ်။
ဒါတင် မကသေးပါဘူး။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူသုံးလေးယောက်လည်း ရှိနေပါသေးတယ်။
လီတောက်ခုံးဟာ လန့်သွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဂိုဏ်းအသစ်ထောင်မဲ့အစား တိတ်ဆိတ်ဂိုဏ်းကို လာခဲ့ပါလား”
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ လီတောက်ခုံးကို လေးစားနေတုန်းပါ။ ပြီးခဲ့တဲ့ကပ်ဘေးမှာ တာအိုပညာရှိတွေ ပြီးရင် နာမည်အကျော်ဆုံးက လီတောက်ခုံးပါ။ ကောင်းကင်တာအိုအောက်မှာ ပထမဆုံးဓားအင်မော်တယ်ဆိုတာက လီတောက်ခုံးဆိုတာကို မသိတဲ့သူ မရှိသလောက်ပါပဲ။ ဒီထက်ပိုပြီး အရေးကြီးတာက လီတောက်ခုံးရဲ့ အဆင့်ထိုးဖောက်နှုန်း အလွန်မြန်ဆန်တာပါ။
လီတောက်ခုံးဟာ မျက်စိကျဉ်းမြောင်းသွားပြီး မေးလိုက်ပါတယ် “မင်း တာအိုပညာရှိကို အပြစ်ပြုမိမှာ မကြောက်ဘူးလား”
“ခင်ဗျားနဲ့ ရွမ်လိန့်ကျောင်းတော် အသစ် ထူထောင်ရင်ကော တာအိုပညာရှိကို ရန်မစမိမှာ ကျနေတာပဲ၊ နောက်ပြီး ခင်ဗျားမှာ ကံတရား အထောက်အပံ့ဂိုဏ်းကို တည်ထောင်ပြီး ထိန်းချုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ်ရော ယုံကြည်မှု ရှိရဲ့လား”
ဟန်ကျွယ်ရဲ့ မေးခွန်းက လီတောက်ခုံးရဲ့ အရှိုက်ကို ထိသွားပါတယ်။
လီတောက်ခုံးဟာ ဘာမှပြန်မပြောနိုင်ပါဘူး။ တကယ်လည်း လီတောက်ခုံးဟာ ဘယ်လို အုပ်ချုပ်ရမလဲဆိုတာကို မသိပါဘူး။ လီတောက်ခုံး ဂိုဏ်းသစ်ထောင်ချင်တာကလည်း လီမုယဲ့ကို ဆန့်ကျင်ချင်တာကြောင့်ပါ။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ဒီကောင်ကို သိမ်းသွင်းဖို့က တကယ် မလွယ်တာပဲ’
“ငါတို့တွေ လက်ရည်စမ်းကြည့်ရအောင်” လီတောက်ခုံးက ရုတ်တရက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်လည်း တစ်ခဏတွေးတောလိုက်ပြီးနောက် တိုက်ခိုက်ဖို့ သဘောတူလိုက်ပါတယ် “ရတယ်၊ ပုံရိပ်ယောင်ထဲမှာ တိုက်ခိုက်နိုင်တဲ့ ဆန်းကြယ်စွမ်းအားတစ်မျိုး ကျုပ်ဆီမှာ ရှိတယ်၊ အဲဒီပုံရိပ်ယောင်ထဲမှာ ခင်ဗျား အစွမ်းကုန် ထုတ်တိုက်လို့ရတယ်”
စိတ်ဝင်စားသွားတဲ့ လီတောက်ခုံးဟာ ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးကို အသွင်တူလက်ရည်စမ်းပွဲထဲ ဆွဲထည့်လိုက်ပါတယ်။
အသွင်တူလက်ရည်စမ်းပွဲကို တစ်ခုခုလုပ်ထားတယ်လို့ လီတောက်ခုံး ထင်မှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ စမတိုက်ပါဘူး။ လီတောက်ခုံး တိုက်ခိုက်သမျှကို ခုခံပါတယ်။ လီတောက်ခုံး အစွမ်းကုန် ထုတ်ပြီးတဲ့အခါကျမှ ဟန်ကျွယ်ဟာ တစ်ချက်တည်းနဲ့ ပွဲသိမ်းလိုက်ပါတယ်။
ဟုတ်ပါတယ်။ တစ်ချက်တည်း သတ်ပစ်လိုက်တာပါ။
ဟန်ကျွယ်ဟာ တာအိုပညာရှိအောက်မှာရှိတဲ့ ဘယ်သူ့ကိုမဆို တစ်ချက်တည်း သတ်နိုင်စွမ်း ရှိနေပါပြီ။ လီတောက်ခုံးက နာမည် ဘယ်လောက်ပဲကြီးကြီး တာအိုပညာရှိ မဟုတ်တဲ့အတွက် ဟန်ကျွယ်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
လေးငါးဆယ်ရက် အကြာမှာတော့ လီတောက်ခုံးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ မည်းမှောင်တဲ့ မျက်နှာနဲ့ ထွက်ခွာသွားပါတယ်။ သူ့ကျောပြင်က အတော်လေး အထီးကျန်နေပါတယ်။
ဖူစန်းသစ်ပင်အောက်။
ကျန်းယီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သူကြည့်ရတာ တော်တော်လေး မပျော်တဲ့ပုံပဲ၊ ဂိုဏ်းချုပ်နဲ့ ရန်ဖြစ်လာတာလား မသိဘူး”
ငရဲကြက်နက်က ပြောလိုက်ပါတယ် “ငါ့အထင် မမှားဘူးဆိုရင် အသွင်တူလက်ရည်စမ်းပွဲထဲမှာ ပညာပေးခံလိုက်ရတာ ဖြစ်လိမ့်မယ်”
ကျန်းယီဟာ တိတ်ဆိတ်သွားပါတယ်။ အရင်တုန်းကလည်း ကျန်းယီဟာ အသွင်တူလက်ရည်စမ်းပွဲရဲ့ အရိပ်မည်းကြီးကနေ လွတ်မြောက်ဖို့အတွက် အတော်ကြိုးစားခဲ့ရပါတယ်။
လီတောက်ခုံး ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ အဆင့်မြှင့်တင်ပါတယ်။ လေးငါးခြောက်လကြာအောင် သုံးသပ်နားလည်ပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေဟာ ကန့်သတ်စည်းကို ရောက်ရှိသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို ဆက်ပြီးတော့ လေ့ကျင့်ပါတယ်။ နှစ် ၂၀ အတွင်းမှာပဲ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ၁၂ ပါးကို ကျင့်ကြံလို့ အောင်မြင်သွားပါတယ်။
အဲဒီနတ်ဘီလူး ၁၂ ပါးကတော့ ကျို့ယန်နတ်ဘီလူး၊ မြေနတ်ဘီလူး၊ ယွမ်ကျင်းနတ်ဘီလူး၊ အန္တိမအရိုး နတ်ဘီလူး၊ ခေါင်းတစ်ထောင် နတ်ဘီလူး၊ ကျွေ့လော့ခုန်ကျန် နတ်ဘီလူး၊ တုန့်ရန် နတ်ဘီလူး၊ မိစ္ဆာနီ နတ်ဘီလူး၊ ရှီထျန် နတ်ဘီလူး၊ တဖာနတ်ဘီလူး၊ အိပ်မက်ဆိုး နတ်ဘီလူးနဲ့ အတွေးဖြတ် နတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၃၄ ပါးကို ကျင့်ကြံအောင်မြင်ခဲ့ပြီမို့ ပြိုင်ဘက်ကင်း လမ်းကြောင်းပေါ်ကို ပိုပိုရောက်လာပါပြီ။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိအောက်က လူတိုင်းက တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုပညာရှိကို စိန်ခေါ်တိုက်ခိုက်တဲ့အခါမှာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ အရင်တစ်ကြိမ်ထက်တော့ ပိုခံနိုင်လာပါတယ်။
ဟန်ကျွယ်ဟာ ပျင်းရိသွားပါတယ်။ ဟန်ကျွယ်ဟာ ပျင်းရိခြင်းကို ဖြေ‌ဖျောက်ဖို့အတွက် ပန်းတိုင်တစ်ခု ချလိုက်ပါတယ်။ အဲဒီပန်းတိုင်ကတော့ တာအိုကို မရရှိခင် ကောင်းကင်တာအိုပညာရှိကို အနိုင်တိုက်ဖို့ပါ။
ဒီကိစ္စလေးကိုတောင် အောင်မြင်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် တာအိုကိုရရှိပြီးတဲ့အခါ ဟန်ကျွယ်က ဘယ်လိုအင်အားနဲ့ ကောင်းကင်တာအိုပညာရှိ အားလုံးကို စိန်ခေါ်နိုင်မှာလဲ။
ဟန်ကျွယ်ဟာ ခံစားချက်တွေးကို ရှင်းလင်းပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ အပြုံးဆိုပေမဲ့ အတော်ကြောက်ဖို့ကောင်းတဲ့ အပြုံးပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ထဲကို ဓမ္မစွမ်းအား လောင်းထည့်လိုက်တဲ့အခါ အနက်ရောင် အလင်းတန်း ထွက်ပေါ်လာပြီး ဟန်ကျွယ်မျက်နှာကို လာဟပ်ပါတယ်။ ဒီအခါမှာတော့ ဟန်ကျွယ်ရဲ့ အပြုံးက သေမင်းရဲ့ အပြုံး ဖြစ်သွားပါတယ်။
ငါးရက်ကျော်တဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာလို့ မပြောရပါဘူး။ သာမန်ကျင့်ကြံသူသာ ဒီစာအုပ်နဲ့ ကျိန်စာတိုက်မယ်ဆိုရင် တစ်စက္ကန့်တည်းနဲ့ မရဏလမ်း မြန်းရမှာပါ။
တခြားတစ်ဖက်မှာတော့ တာအိုပညာရှိမင်ကျွယ်ဟာ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ခံစားမိတဲ့အတွက် စွမ်းအားကို လှည့်ပတ်ပြီး အမြန်ခုခံပါတယ်။ ဒါပေမဲ့ ကျိန်စာစွမ်းအားက အရင်တစ်ခေါက်ကထက် ပိုအားကောင်းလာတာကို တာအိုပညာရှိမင်ကျွယ် ခံစားမိလိုက်ပါတယ်။
ဒီအချိန်မှာ တာအိုပညာရှိမင်ကျွယ်ဟာ ဧကရာဇ်ရှောင်ရဲ့ တာအိုစက်ကွင်းထဲကို ရောက်နေတာပါ။ ဧကရာဇ်ရှောင်ဟာ တာအိုပညာရှိမင်ကျွယ်က စွမ်းအားကို လှည့်ပတ်နေတာ‌ တွေ့လိုက်ရတဲ့အတွက် မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက ကျိန်စာ စတိုက်တာလား”
တာအိုပညာရှိမင်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဧကရာဇ်ရှောင်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်ပေမဲ့ ကျိန်စာရင်းမြစ်ကို မရှာနိုင်ပါဘူး ‘ငါထင်တာ မမှားဘူး၊ ဒီအမှောင်သခင်ကြီးက တကယ်ကို တာအိုပညာရှိပဲ’
ဧကရာဇ်ရှောင်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားတာအိုပညာရှိတွေကို ဖျက်ဆီးချင်တဲ့ တာအိုပညာရှိက အရမ်းကို အန္တရာယ်များလို့ပါပဲ။ ဧကရာဇ်ရှောင်ဟာ အကြံအစည်တွေ ရှိတယ်ဆိုပေမဲ့ တခြားတာအိုပညာရှိတွေ တိတ်တဆိတ် ပစ်မှတ်ထားတာကိုတော့ လုံးဝမခံလိုပါဘူး။
တစ်ခဏအကြာမှာတော့ အနက်ရောင်ချီတွေဟာ တာအိုပညာရှိမင်ကျွယ်ကို ဝန်းရံလာပါတယ်။ ဒါအနက်ရောင်ချီက ကျိန်စာရဲ့အစွမ်းကြောင့် ဖြစ်ပေါ်လာတာပါ။
ဧကရာဇ်ရှောင်ဟာ အနက်ရောင်ချီကို နတ်အာရုံနဲ့ စစ်ဆေးပြီး စိတ်ထဲမှာ လန့်သွားပါတယ် ‘ဒီအမှောင်သခင်ကြီးက ကမ္ဘာတစ်ခုကို စတေးပြီး ကျိန်စာတိုက်နေတာလား’
တာအိုပညာရှိမင်ကျွယ်ဟာ ရွှေခေါင်းလောင်းကို ထုတ်ယူပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပါတယ်။ ဒါပေမဲ့ ကျိန်စာစွမ်းအားက ရွှေခေါင်းလောင်းကို တစ်ချက်တည်း ထိုးဖောက်ပြီး တာအိုပညာရှိမင်ကျွယ်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို တိုက်ခိုက်လိုက်ပါတယ်။
‘အို… မကောင်းတော့ဘူး’ တာအိုပညာရှိမင်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဒီတစ်ခါ ကျိန်စာစွမ်းအားက အလွန်တရာ အားကောင်းလာတဲ့အတွက် အတွင်းနတ်ဆိုးနဲ့တင် ပြီးသွားမဲ့ကိစ္စ မဟုတ်တော့ပါဘူး။
တာအိုပညာရှိမင်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် “ဧကရာဇ်ရှောင်… ငါ့ကို ကူညီအုန်း”
ဧကရာဇ်ရှောင်ဟာ တာအိုပညာရှိမင်ကျွယ်နောက်မှာ ချက်ချင်း ပေါ်လာပြီး ညာလက်ဖဝါးကို တာအိုပညာရှိမင်ကျွယ်ရဲ့ ပခုံးပေါ် တင်လိုက်ပါတယ်။ အဲဒီနောက် တာအိုပညာရှိမင်ကျွယ် ကျိန်စာကို ခုခံနိုင်အောင် ဓမ္မစွမ်းအား လွှဲပြောင်းပေးလိုက်ပါတယ်။
တာအိုဘုံကျောင်းထဲက အနက်ရောင် ရောင်ဝါတွေ တစ်ကိုယ်လုံး လွှမ်းခြုံနေတဲ့ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို မျက်တောင်မခတ် စိုက်ကြည့်ရင်း ကျိန်စာတိုက်နေပါတယ်။
၁၀ ထရီလီယံ။
၁၅ ထရီလီယံ။
၂၀ ထရီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုပညာရှိ မင်ကျွယ်သည် အတွင်းနတ်ဆိုးများ ဖြစ်ပေါ်လာ၏။ သို့သော်လည်း တာအိုပညာရှိတစ်ပါး၏ ကူညီမှုကြောင့် အတွင်းနတ်ဆိုးများကို ဖိနှိပ်နိုင်ခဲ့၏။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset