Switch Mode

Chapter – 477

အခန်း (၄၇၇) ဟုတ်ထိုရဲ့ အတွေး၊ ချုံရှီလိုင် အိပ်မက်ပေးခြင်း
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ရဲ့ လိုအပ်ချက်ကို တာအိုဟောကြားပြီးတော့ပဲ ဖြည့်ဆည်းပေးလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် အဆင့်ကို ဘယ်လို ထိုးဖောက်ရမလဲဆိုတာ အသားပေး ဟောပြောပါတယ်။
ဒီတာအိုဟောကြားမှုဟာ ၁၀ နှစ် ကြာပါတယ်။ တာအိုအရှင်သခင်ဟာ နားလည်မှုအသစ်တွေနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ကတော့ တာအိုအရှင်သခင် အဆင့်ထိုးဖောက်မဲ့ အချိန်ကို မျှော်ကြည့်လိုက်ပါတယ်။
ဒါပေမဲ့ တာအိုအရှင်သခင်ဟာ စိတ်ထင်ရာ လုပ်လွန်းတဲ့အတွက် မကြာသေးခင်ကမှ ရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရတာပါ။ ဒါ့ကြောင့်မို့ တော်တော်များများ သင်ယူရအုန်းမှာပါ။
ကျန်းယီကလည်း တာအိုအရှင်သခင်နဲ့ ဘာမှမထူးပါဘူး။ ကျောက်ရွှမ်ယွမ်ကျပြန်တော့ သတိကြီးလွန်းပေမဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နိုင်စွမ်း မရှိပါဘူး။ လီယောင်လို ကျင့်ကြံမှုမှာ ရူးသွပ်သူကိုလည်း ဒီတာဝန်ပေးလို့ မဖြစ်ပြန်ပါဘူး။ သူက တစ်သက်လုံး တာအိုစက်ကွင်းကနေ ထွက်မဲ့ပုံ မပေါ်ပါဘူး။
မုရုံချီနဲ့ ဒီတာဝန်က သင့်တော်ပေမဲ့ ပါရမီပိုင်းမှာ အနည်းငယ် နိမ့်ပါးနေပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲကို အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နှစ် ၂၀၀ ကြာတဲ့ အခါမှာတော့ တာအိုအရှင်သခင်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို အောက်မြင်စွာ ထိုးဖောက်နိုင်သွားပြီး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာပါတယ်။ တာအိုစက်ကွင်းရဲ့ အရံအတားကြောင့် ကောင်းကင်စမ်းသပ်မှု မရှိပေမဲ့ တာအိုအရှင်သခင်ရဲ့ အားကောင်းတဲ့ ရောင်ဝါကို လူတိုင်း ခံစားနိုင်ကြပါတယ်။
နောက်ဆုံးမှာတော့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေထဲမှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ပေါ်လာခဲ့ပါပြီ။
နှစ်ငါးဆယ်ကြာသွားတဲ့ အခါမှာတော့ တာအိုအရှင်သခင်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်လို့ ပြီးသွားပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီး တပည့်အားလုံးကို စုစည်းခိုင်းကာ မုရုံချီကို စား‌သောက်ပွဲ ကျင်းပခိုင်းပါတယ်။
ဒီစားသောက်ပွဲက တိတ်ဆိတ်ဂိုဏ်း တည်ထောင်ချိန်ကစလို နှစ်တစ်သောင်းအတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ စားသောက်ပွဲတော် ဖြစ်ပါတယ်။ ဒီစားသောက်ပွဲတော်မှာ သူတို့တွေဟာ အသားမစားကြပါဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ် အသီးအနှံမျိုးစုံနဲ့ အရက်မျိုးစုံ စားသောက်ကြပါတယ်။
စားသောက်ပွဲတော်မှာ ဟန်ကျွယ်က ကောင်းကင်ဘဝဂ်အဆင့်နဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ လမ်းကြောင်းကို ရှင်းပြပါတယ်။
“တိတ်ဆိတ်ဂိုဏ်းက တိတ်တိတ်လေးနေတဲ့ ဂိုဏ်းပဲ၊ မင်းတို့တွေ မင်းတို့ရဲ့ မူလရည်ရွယ်ချက်ကို မမေ့မပျောက်ဘဲ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ကြဖို့ ငါ မျှော်လင့်တယ်၊ ငါတို့ဂိုဏ်းက လက်ရှိအင်မော်တယ်ကမ္ဘာမှာ အင်မော်တယ်ဧကရာဇ် အများဆုံးရှိတယ်ဆိုပေမဲ့ နတ်မင်းအဆင့်နဲ့ ကောင်းကင်ဘဝဂ်အဆင့်က အလွန် နည်းပါးလွန်းတယ်၊ ဒီထက်မြင့်တဲ့ တာအိုပညာရှိအတုဆို လုံးဝ မရှိသေးဘူး၊ ဒါကြောင့် တခြား အင်အားစုတွေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲတယ်၊ မင်းတို့တွေ နတ်မင်းအဆင့်ကို မရောက်မချင်း အပြင်မထွက်ကြနဲ့၊ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်ဘူးဆိုရင် စွမ်းအားကြီးရန်သူကို ရန်မစမိစေနဲ့”
“တာအိုဘိုး ပေါ်လာတဲ့အချိန်မှာ သူက ပြိုင်ဘက်ကင်းနေပြီ၊ ငါတို့ကလည်း တာအိုဘိုးဘေးရဲ့ လမ်းစဉ်အတိုင်း အမြဲတမ်း ကြိုးကြိုးစားစား ကျင့်ကြံရမယ်၊ ငါတို့တွေ အပြင်ထွက်တာနဲ့ စွမ်းအားကြီးရန်သူ တစ်ယောက်မှ မရှိစေရဘူး”
ဟန်ကျွယ်ဟာ အရက်ခွက်ကို အသာလှုပ်လိုက်ပါတယ်။
လူတိုင်းဟာ မျက်နှာနီသွားတဲ့ တာအိုအရှင်သခင်ကို မကြည့်ဘဲ မနေနိုင်ပါဘူး။ တာအိုအရှင်သခင် ကျန်းတုကူးကို စိန်ခေါ်တဲ့ကိစ္စက ကျန်းယီရဲ့ ပါးစပ်ကြောင့် တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံး သိနေကြပါပြီ။ ဒါပေမဲ့လည်း တာအိုအရှင်သခင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်သွားတာက လေးစားအားကျဖို့တဲ့ ကိစ္စတစ်ခုပါ။
ဟန်ကျွယ် စကားပြောပြီးတဲ့အခါမှာတော့ တာအိုအရှင်သခင်ဟာ ဒီနေ့စားသောက်ပွဲတော်ရဲ့ အဓိကလူ ဖြစ်လာပါတယ်။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်ရတာ ဘယ်လိုနေလဲလို့ လူတိုင်းက တာအိုအရှင်သခင်ကို ဝိုင်းမေးကြပါတယ်။
ဒီစားသောက်ပွဲတော်ဟာ လေးငါးဆယ်ရက် ကြာပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ပျင်းလာတဲ့ ဟန်ကျွယ်ဟာ စနစ်ကို ရောက်တက်ရာရာ မေးလိုက်ပါတယ် “နောက်ကပ်ဘေးရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်တာအို မပြောင်းလဲလျှင် နောက်ကပ်ဘေး ရောက်ရှိရန်အတွက် နှစ်ပေါင်း ၄.၉ ဘီလီယံ ကြာမြှင့်မည်။]
‘၄.၉ ဘီလီယံတောင်လား… တော်တော်ကြာတာပဲ…’
‘အဲဒီအချိန်လောက်ဆို ငါက ကောင်းကင်တာအိုအောက်မှာ ကျိန်းသေပေါက် ပြိုင်ဘက် ကင်းနေလောက်ပြီ’ ဟန်ကျွယ်ဟာ တွေးရင်းနဲ့ ကျေနပ်အားရသွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ စနစ်ရဲ့ အဖြေကို မျက်စိစုံမှိတ်ပြီးတော့ မယုံကြည်ပါဘူး။ ဒီဟာက ယေဘုယျ အခြေအနေပါ။ တကယ်လို့ ဟန်ကျွယ်သာ တာအိုပညာရှိကို ‌‌ဒေါသထွက်အောင် လုပ်လိုက်ရင် ကောင်းကင်တာအိုကို ကျိန်းသေပေါက် ပြောင်းလဲသွားစေမှာပါ။
ဘာပဲဖြစ်ဖြစ် အနည်းဆုံး နှစ်သန်း ၁၀၀ အတွင်းမှာတော့ နောက်ထပ် ကပ်ဘေး ရောက်လာမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ နှစ်သန်း ၁၀၀ အတွင်း တာအိုပညာရှိဖြစ်ဖို့တော့ သူ့ကိုယ်သူ ယုံကြည်ချက် ရှိပါသေးတယ်။
အင်မော်တယ်ကမ္ဘာမှာ အထူးသဖြင့် ကျင့်ကြံမှုနဲ့ ပတ်သက်လာရင် အချိန်ဆိုတဲ့အရာကို မေ့သွားတက်ကြပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလိုက်တာ နောက်ထပ် နှစ်တစ်ထောင် ကြာသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိအတု အလယ်အဆင့်နဲ့ နီးကပ်သွားပါပြီ။ အတိအကျ ပြောရရင် ဟန်ကျွယ် အဆင့်မတက်တာ နှစ်ပေါင်းလေးထောင် ရှိပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် တာအိုပညာရှိအတု အဆင့်က ဘယ်လောက်ထိ ကျင့်ကြံဖို့ ခက်ခဲလဲဆိုတာ မှန်းဆနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အများဆုံး နောက်နှစ်တစ်ရာအတွင်း သူ အဆင့်တက်နိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ရှန်တျန်သက်ရှိတွေ ပိုပိုပေါ်လာတဲ့အတွက် အခုဆိုရင် ရှန်တျန်သက်ရှိက တစ်ထောင် ကျော်နေပါပြီ။ ဟန်ဇွေတျန်က ရှန်တျန်သက်ရှိတိုင်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားတဲ့အတွက် အနာဂတ်မှာ သူတို့ကို သိမ်းသွင်းဖို့က ခက်ခဲမှာ မဟုတ်ပါဘူး။
ရှကျဲ့မျိုးနွယ်စုကလည်း အမြဲလိုလို တိတ်ဆိတ်နေပါတယ်။ သူတို့ဟာ ဟန်ကျွယ် လိုချင်တဲ့အတိုင်း ဖြစ်လာတဲ့ မျိုးနွယ်စုဆိုရင် မှားမယ် မထင်ပါဘူး။
ဟန်ကျွယ်ဟာ စပြီးတော့ စိုးရိမ်လာပါတယ်။ အင်မော်တယ်ဧကရာဇ် တစ်သောင်းက တိတ်ဆိတ်ဂိုဏ်းရဲ့ မဏ္ဍိုင်ဖြစ်တဲ့အတွက် ဧကရီဟုတ်ထိုက ရုတ်တရက်ကြီး ပြန်ယူသွားမှာကို စိုးရိမ်နေတာပါ။
ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ် ‘ငါ အကြွင်းမဲ့သန့်စင်ခြင်းနဲ့ ရှကျဲ့မျိုးနွယ်စုကို သန့်စင်လိုက်ရင် ကောင်းမယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရှကျဲ့မျိုးနွယ်စု ခေါင်းဆောင် ဟန်ယိုကို ခေါ်ပြီး သန့်စင်တဲ့အခါမှာ သက်တမ်း သန်း ၁၀၀ ကုန်သွားပါတယ်။ အင်မော်တယ်ဧကရာဇ် တစ်ပါးအတွက် သက်တမ်း သန်း ၁၀၀ ပဲ ကုန်ကျတာက ဟန်ကျွယ်အတွက် စာမဖွဲ့လောက်ပါဘူး။
ဟန်ယိုကို သန့်စင်လို့ အောင်မြင်တဲ့အခါမှာ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုတွေကို တောင်ကြားတစ်ခုမှာ စုစည်းဖို့ ဟန်ယိုကို ခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို တာအိုဟောကြားရင်း သန့်စင်ပစ်ပါတယ်။
ဒီကိစ္စက နှစ်တစ်ရာနီးပါး ကြာသွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုတစ်စုလုံးကို သန့်စင်နိုင်လိုက်ပါပြီ။
အကြောင်းမသိတဲ့ ရှကျဲ့မျိုးနွယ်စုကတော့ ဟန်ကျွယ်က သူတို့ကို နှစ်တစ်ရာတောင် သီးသန့် တာအိုဟောကြားပေးတဲ့အတွက် ကျေးဇူးတင်လို့ မဆုံးပါဘူး။
ဟန်ကျွယ်ဟာ မြားတစ်စင်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။ ရှကျဲ့မျိုးနွယ်စုရဲ့ စိတ်ဝိညာဉ်ကို သိမ်းသွင်းနိုင်လိုက်တဲ့အပြင် စိတ်ထဲက စိုးရိမ်ပူပန်မှုကိုလည်း ဖျောက်ပြီးသား ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စတစ်ခုလုံးအတွက် ၁ ထရီလီယံသာ သုံးစွဲလိုက်ရပါတယ်။ ဒီပမာဏာက တာအိုပညာရှိကို အတွင်းနတ်ဆိုး ဖြစ်ပေါ်တဲ့အထိတောင် ကျိန်စာတိုက်လို့ မရပါဘူး။
တာအိုဘုံကျောင်းကို ပြန်ရောက်တဲ့အခါမှာတော့ ကျင့်ကြံဖို့ ပြင်ဆင်လိုက်ပါတယ်။
[ဧကရီဟုတ်ထိုသည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘ဟင်… တိုက်ဆိုင်လှချည်လား၊ ကြည့်ရတာ ဧကရီဟုတ်ထိုက ရှကျဲ့မျိုးနွယ်စုကို အာရုံခံနိုင်တဲ့ပုံပဲ’
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပေမဲ့ နောက်ဆုံးမှာတော့ ဧကရီဟုတ်ထိုရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ ဟန်ကျွယ် အိပ်မက်ထဲကို ဝင်လိုက်တဲ့အခါမှာ နွေဦးပင်လယ်ကို ရောက်သွားပါတယ်။ ဧကရီဟုတ်ထိုကတော့ မလှမ်းမကမ်းကနေ ဟန်ကျွယ်ကို တိတ်တဆိတ် စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်က ဦးညွှတ်ပြီး မေးလိုက်ပါတယ် “ဧကရီဟုတ်ထို… ကျွန်တော့်ကို ရှာနေတာလား”
“ရှကျဲ့မျိုးနွယ်စုရဲ့ အခြေအနေ ဘယ်လိုရှိလဲ” ဧကရီဟုတ်ထိုက မေးလိုက်ပါတယ်။
“မဆိုးပါဘူး၊ သူတို့တွေက ကျွန်တော်နဲ့အတူ ဂူအောင်း ကျင့်ကြံနေကြတယ်၊ ဧကရီ မစိုးရိမ်ပါနဲ့၊ ကျွန်တော်က သူတို့ကို ကျွန်တော်တပည့်တွေလို ဆက်ဆံမှာပါ”
ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုက အကြွင်းမဲ့သန့်စင်ခြင်းနဲ့ ပတ်သက်ပြီး မေးလိုက်မှန်း သိပေမဲ့ အ ချင်ယောင် ဆောင်လိုက်ပါတယ်။
ဧကရီဟုတ်ထိုဟာ ပြုံးလိုက်ပါတယ် “ဒါဆို ငါ စိတ်ချပါပြီ၊ သူတို့တွေ ဧကရာဇ်အဆင့် ရောက်သွားတာကို ငါ ခံစားမိတယ်၊ မင်း ဘယ်လိုနည်းတွေနဲ့ သူတို့ကို ပြုစုပြိုးထောင်လိုက်တာလဲ၊ ဒါက တော်တော် အထင်ကြီးဖို့ကောင်းတယ်”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ကျွန်တော်ရဲ့ သဘာဝရတနာတွေ အကုန်လုံးကို ပေးလိုက်တာပါ”
ဟန်ကျွယ်စကားကြောင့် ဧကရီဟုတ်ထိုဟာ တိတ်ဆိတ်သွားပါတယ်။
“ဧကရီက သူတို့ကို ပြန်ခေါ်ချင်လို့လား” ဟန်ကျွယ်က သွေးတိုးစမ်းလိုက်ပါတယ်။
ဧကရီဟုတ်ထိုဟာ‌ ခေါင်းခါလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါ သူတို့ကို မင်းလက်ထဲ အပ်ခဲ့ပြီးပြီပဲ၊ သူတို့တွေ အရွယ်ရောက်လာတော့မှ ငါက ဘယ်လိုလုပ်ပြီး ပြန်ယူနိုင်မှာလဲ”
‘သိရင် ပြီးတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
ဧကရီဟုတ်ထိုက ဆက်ပြောပါတယ် “မင်းတပည့် ရန်ထျန်တုန်းက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားနဲ့ သေသွားပေမဲ့ သူ့ဝိညာဉ်ကို တာအိုပညာရှိတစ်ပါးက ကာကွယ်ပေးထားတယ်၊ အခု သူ့ဝိညာဉ်က ငါ့ဆီ ရောက်လာပြီ၊ ပြန်လည်မွေးဖွားခြင်း ပြန်လည်ပတ်တာနဲ့ ငါ သူ့ဝိညာဉ်ကို ပြန်ဝင်စားခိုင်းလိုက်မယ်”
“ကျေးဇူးပါပဲ ဧကရီ”
“မင်းရဲ့ ကျင့်ကြံမှုကရော ဘယ်အဆင့် ရောက်ပြီလဲ” ဧကရီဟုတ်ထိုက မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ ဖြေလိုက်ပါတယ် “ကောင်းကင်ဘဝဂ် ကနဦးအဆင့်ပါ”
“မင်းရဲ့ ပါရမီက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ”
ဧကရီဟုတ်ထိုဟာ ဟန်ကျွယ်နဲ့ စကားနည်းနည်း ထပ်ပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်တာနဲ့ စနစ်ကို မေးလိုက်ပါတယ် “ဧကရီဟုတ်ထိုက ရှကျဲ့မျိုးနွယ်စုကို ပြန်ယူချင်နေတာလား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘အင်း.. အကုန်လုံးက အကျိုးအမြတ် အတွက်ပါပဲလား’
ဧကရီဟုတ်ထိုအတွက် အများကြီး လုပ်ပေးခဲ့ပြီးပြီမို့ ဟန်ကျွယ်ဟာ ဘယ်နည်းနဲ့မှ ရှကျဲ့မျိုးနွယ်စုကို ပြန်ပေးမှာ မဟုတ်ဘူး။
အတိတ်မှာတုန်းက ဧကရီဟုတ်ထိုဟာ မှော်မျိုးနွယ်စုကို မကာကွယ်နိုင်တဲ့အတွက် ထူလင်းအာ၊ စန့်ရှီနဲ့ ရှကျဲ့မျိုးနွယ်စုကို ဟန်ကျွယ်လက်ထဲ အပ်ခဲ့ပါတယ်။ အဲဒီတုန်းက ဧကရီဟုတ်ထိုဟာ ဟန်ကျွယ်ကို ကာကွယ်ပေးဖို့ပဲ ပြောခဲ့တာပါ။ ဟန်ကျွယ်ကလည်း ဧကရီဟုတ်ထိုရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပြီးပါပြီ။
ဟန်ကျွယ်ရဲ့ ပြုစုပြိုးထောင်မှုကြောင့် ရှကျဲ့မျိုးနွယ်စုတွေ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်သွားရင် ဧကရီဟုတ်ထိုက ရှကျဲ့မျိုးနွယ်စုကို ပြန်ခေါ်ချင်ရင်တောင် ရှကျဲ့မျိုးနွယ်စုက ပြန်လိုက်မှာ မဟုတ်ပါဘူး။
ပြုစုပြိုးထောင်ပြီး ပညာသင်ပေးတဲ့ ကြင်နာမှုက ဖန်တီးတဲ့ ကြင်နာမှုထက် ပိုကြီးမားပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး တာအိုပညာရှိအတု အလယ်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။ နှစ်ငါးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေး ရသွားပါတယ်။
ဟန်ကျွယ် အဆင့်တက်မလို့ လုပ်နေစဉ်မှာပဲ အရေးကောင်း ဒိန်းဒေါင်ဖျက်ဆိုသလို အဖျက်ဝင်ပါတော့တယ်။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘ဒီသောက်ရူးက ထပ်ပြီးတော့ အရူးထပြန်ပြီ’ ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို အစိမ်းလိုက် ဝါးစားချင်သွားပါတယ် ‘ဒီသောက်ရူးက အချိန်ကောင်းကိုမှ ရွေးတက်တယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset