အခန်း (၄၇၂) ပုံရိပ်ယောင် အနန္တကမ္ဘာ
[၁။ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး အင်မော်တယ်ကမ္ဘာတွင် နာမည်ကြီးအောင် လုပ်ပါ။ ဆုလာဘ်အဖြစ် အမြဲတမ်း ဂုဏ်သတင်းကျော်စောပြီး စနစ်အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]
[၂။ သင်၏ မူလရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား နိုးထရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]
‘စနစ်အဆင့်မြှင့်တင်တာနဲ့ လုပ်ဆောင်ချက်အသစ်တစ်ခု… ငါ့ရဲ့ အနှစ်တစ်သောင်းပြည့် မွေးနေ့က တကယ်ကို သာမန်မဟုတ်ဘူးပဲ’
ဟန်ကျွယ်ဟာ နံပါတ်တစ်ကို ရွေးချယ်ချင်ပေမဲ့ အန္တရာယ်များလွန်းတာကြောင့် နံပါတ်နှစ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။ စနစ်အဆင့်မြှင့်တင်ရုံနဲ့ ဟန်ကျွယ်စွမ်းအားက ထိုးတက်သွားမှာ မဟုတ်ပါဘူး။ ဟန်ကျွယ် ကိုယ်တိုင်ပဲ ကျင့်ကြံ အားထုတ်ရမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ လုံးဝပြိုင်ဘက်မကင်းခင်အထိ ဘယ်လိုစွန့်စားမှုမျိုးကိုမှ လုပ်မှာ မဟုတ်ပါဘူး။
[ပုံရိပ်ယောင် အနန္တကမ္ဘာ လုပ်ဆောင်ချက်အား နိုးထလိုက်၏။]
[ပုံရိပ်ယောင် အနန္တကမ္ဘာ: သင်သည် မည်သူ့ကိုမဆို သူတို့၏သိစိတ်အား စနစ်ဖန်တီးထားသည့် ပုံရိပ်ယောင်ကမ္ဘာသို့ ဆွဲထည့်နိုင်သည်။ အဖွဲ့ဝင်များသည် မည်သည့်နေရာ၌ ရှိနေသည်ဖြစ်စေ ဤပုံရိပ်ယောင်ကမ္ဘာထဲတွင် အချင်းချင်း ဆက်သွယ်နိုင်ပြီး ရတနာများ ပေးပို့နိုင်၏။ ပုံရိပ်ယောင် အနန္တကမ္ဘာသည် ကံတရားနှင့် နတ်အာရုံများ၏ ချောင်းကြည့်မှုကို ဟန့်တားနိုင်ပြီး ခံစစ်အဆင့်အတန်းမှာ တာအိုစက်ကွင်းနှင့် သက်ဆိုင်သည်။]
‘အင်း… အနန္တကမ္ဘာ စကားပြောခန်းပဲ’
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ဒီလုပ်ဆောင်ချက်က နည်းနည်း အသုံးမဝင်ဘူးလို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရတနာတွေ ပေးပို့လို့ရတယ်ဆိုတဲ့ အချက်ကို သတိထားမိသွားပါတယ်။ ဒီအချက်က တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို တော်တော်လေး အထောက်အကူ ဖြစ်စေမှာပါ။
တကယ်လို့ တိတ်ဆိတ်ဂိုဏ်း တပည့်တစ်ယောက်က ရန်သူကို အနိုင်မယူနိုင်ဘူးဆိုရင် ဟန်ကျွယ်ဟာ ဒီလုပ်ဆောင်ချက်ကိုသုံးပြီး ရတနာပို့ပေးလို့ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဆီမှာ သူ့ရတနာတွေကို သူများဆီ အလွယ်တကူပေးပစ်ဖို့ စိတ်ကူးမရှိသေးပါဘူး။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင် အနန္တကမ္ဘာ လုပ်ဆောင်ချက်ကို ချက်ချင်း အသုံးမပြုပါဘူး။ အဲဒီအစား အရင်တစ်ခါ ရခဲ့တဲ့ အကြွင်းမဲ့သန့်စင်ခြင်း လုပ်ဆောင်ချက်ကို ပြန်တွေးမိလိုက်ပါတယ်။
“ငါ စုချီကို အကြွင်းမဲ့သန့်စင်းခြင်း လုပ်ဆောင်ချက်နဲ့ သန့်စင်မယ်ဆိုရင် စုချီရဲ့ ကြမ္မာဆိုးတွေကို ဆေးကြောနိုင်မှာလား”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[စုချီသည် ကြမ္မာဆိုး၏ ရုပ်သွင်ဖြစ်သည့်အတွက် သူ့ကြမ္မာဆိုးအား ဆေးကြောရန်မှာ မဖြစ်နိုင်ပါ။ သို့သော်လည်း စုချီ၏ ကောင်းကင်တာအို အကုသိုလ်ကံများနှင့် မတည်ငြိမ်သော ကံဆိုးမှုများအား ဆေးကြောနိုင်သည်။ ထို့အပြင် ကြမ္မာဆိုးစွမ်းအားကို ပြည့်စုံစွာ ထိန်းချုပ်နိုင်ရန် စုချီအား ကူညီပေးနိုင်သည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ စုချီသာ သူ့ကြမ္မာဆိုးကို ထိန်းချုပ်နိုင်မယ်ဆိုရင် စုချီရဲ့ ကျင့်ကြံမှုက မိုးပေါ် ထိုးတက်သွားမှာပါ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စုချီကို အကြွင်းမဲ့သန့်စင်ခြင်းသုံးပြီး သန့်စင်လိုက်ပါတယ်။ စုချီကို ကြယ်ပင်လယ်ထဲမှာ ဖိနှိပ်ထားတာ ဖြစ်တဲ့အတွက် လွှတ်ပေးစရာတောင် မလိုပါဘူး။ ဟန်ကျွယ်ဟာ အကြွင်းမဲ့သန့်စင်ခြင်း လုပ်ဆောင်ချက်ကို တစ်ခါတည်း အသုံးပြုလိုက်ပါတယ်။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]
ဆက်လုပ်မယ်။
[သန့်စင်ခြင်းအား စတင်နေပါပြီ။]
ဟန်ကျွယ်ဟာ ပုံရိပ်ယောင် အနန္တကမ္ဘာ လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပြီး ပထမဆုံး ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို ဖန်တီးပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပါတယ်။
ရုတ်တရက်ဆိုသလို နက်မှောင်တဲ့ ခန်းမတစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ စားပွဲထိပ်ဆုံးမှာ ထိုင်လိုက်ပြီး စားပွဲရဲ့ တစ်ဖက်တစ်ချက်မှာတော့ အဖိုးတန်လှတဲ့ ကုလားထိုင်တွေ အစီအရီ ပေါ်လာပါတယ်။ ခန်းမအပြင်ဘက်မှာလည်း တောက်ပတဲ့ ဂလက်ဆီတစ်ခု ပေါ်လာပါတယ်။
ပုံရိပ်ယောင်ကမ္ဘာက သိပ်မကြီးပါဘူး။ ဒီနေရာတစ်ခုပါပဲ။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေ အချင်းချင်း ဆက်သွယ်ဖို့ လုံလောက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ပုံရိပ်ယောင်ကမ္ဘာထဲ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအထဲမှာ ရှကျဲမျိုးနွယ်စု ခေါင်းဆောင်လည်း ပါပါတယ်။
ရှကျဲ့မျိုးနွယ်စု ခေါင်းဆောင်က ဟန်ယိုလို့ခေါ်ပြီး သူလည်းပဲ အင်မော်တယ်ဧကရာဇ် ဖြစ်နေပါပြီ။
လူတိုင်းဟာ ပုံရိပ်ယောင်အနန္တကမ္ဘာကို ရောက်သွားတဲ့အခါမှာ ကြက်သေသေသွားကြပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ကိုလည်း ဆွဲထည့်လိုက်ပါတယ်။ ဒီသုံးယောင်က အခုဆိုရင် တိတ်ဆိတ်ဂိုဏ်းရဲ့ တစိတ်တပိုင်း ဖြစ်နေပါပြီ။
လူတိုင်းရဲ့ အကြည့်ဟာ ဟန်ကျွယ်ဆီ ရောက်သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့အတွက် အံအားသင့်ခြင်း မရှိပါဘူဂ။
ငရဲကြက်နက်က ပထမဆုံး မေးလိုက်ပါတယ် “သခင်… ဒီနေရာက ဘယ်လိုနေရာမျိုးလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါက ငါ ဖန်တီးထားတဲ့ ဆန်းကြယ်စွမ်းအား ပုံရိပ်ယောင် အနန္တကမ္ဘာလို့ ခေါ်တယ်၊ အနာဂတ်မှာ မင်းတို့တွေ ဘယ်ကိုပဲသွားသွား မင်းတို့ရဲ့သိစိတ်နဲ့ ဒီနေရာကိုလာပြီး အချင်းချင်း စကားပြောလို့ရတယ်၊ နောက်ပြီး ရတနာတွေကိုလည်း လဲလှယ် ပေးပို့လို့ရတယ်။
ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးပြူးသွားပါတယ် “ဒါက ပဋိပက္ခနယ်မြေ မဟုတ်ဘူးလား”
ကျောက်ရွှမ်ယွမ်ဟာ မနေနိုင်ဘဲ တာအိုအရှင်သခင်ကို ကြည့်လိုက်ပါတယ်။
တာအိုအရှင်သခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာသခင်ကို တကယ်ကို တော်ပါပေတယ်၊ ဒီလိုမျိုး ဆန်းကြယ်စွမ်းအားကို တကယ်ကြီး ဖန်းတီးလိုက်တယ်၊ ကျွန်တော်တို့တွေ ဘယ်လိုမှ ဆရာသခင်ကို လိုက်မီမှာ မဟုတ်ဘူး”
သူတို့တွေ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ အနန္တကမ္ဘာခန်းမထဲကို ဆွဲထည့်တာ ခံလိုက်ရပါတဘ်။
“ဒီလိုဆိုတော့ အနာဂတ်မှာ အပြင်ထွက်လို့ ဒုက္ခရောက်ရင် အကူအညီတောင်းလို့ ရပြီပေါ့”
“မင်း ဘာသိလို့လဲ၊ ဂိုဏ်းအစ်ကိုတာအိုက ဒီလိုလုပ်ရတာ အကျင့်ဖြစ်နေပြီ”
“မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့”
“ဒါက မင်းပြောတဲ့ ပဋိပက္ခနယ်မြေ ဆိုတာလား”
“အနာဂတ်မှာ ငါ တစ်ခုခုဖြစ်ရင် ငါ့ကို မင်းရတနာငှား”
လူတိုင်းဟာ ကုလားထိုင်မှာ ထိုင်ပြီး တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။
ဟန်ကျွယ်ကတော့ အနန္တကမ္ဘာခန်းမကနေ ထွက်ခွာသွားပါတယ်။ အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေ ဒီအထဲကို ဝင်ချင်ရင် အတွေးတစ်ချက်နဲ့ ဝင်လို့ရပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံဖို့ ပြင်လိုက်စဉ်မှာပဲ တာအိုဘုံကျောင်း အပြင်ဘက်ကနေ ရှင်းဟုန်ရွှမ်ရဲ့ အသံကို ကြားလိုက်ရပါတယ် “ယောက်ျား… မိန်းမ ဝင်လာလို့ရမလား”
“ဝင်လာခဲ့”
‘ကျွတ်… ဒီမိန်းမက ထပ်ဆာပြန်ပြီလား’
ရှင်းဟုန်ရွှမ်ဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး ဟန်ကျွယ်ဘေးမှာထိုင်ကာ ပြောလိုက်ပါတယ် “ယောက်ျား… မိန်းမ ဒီအတောအတွင်း ကျင့်ကြံရင်း ပြဿနာတစ်ခု တွေ့နေတယ်၊ မိန်းမ ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံ အသုံးမဝင်ဘူးလို့ ခံစားနေရတယ်၊ ကြည့်ရတာ မိန်းမရဲ့ ကျင့်စဉ်က ထောက်နေသလိုပဲ၊ လူသားမျိုးနွယ်စုက မိန်းမရဲ့ ဆရာသခင် ပြောတာတော့ ဒီကျင့်စဉ်က မဟာတာအိုကို ကျင့်ကြံဖို့ လိုအပ်တယ်တဲ့၊ ဒါပေမဲ့ မဟာတာအိုက ဘာလဲဆိုတာကို မိန်းမ မသိဘူး ဖြစ်နေတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကိစ္စမရှိဘူး၊ ငါ မင်းကို မဟာတာအို သင်ပေးမယ်”
ရှင်းဟုန်ရွှမ်ဟာ ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်ရဲ့ လက်ထဲကို တိုးဝင်လိုက်ပါတယ်။
တကယ်တော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသား အကုန်လုံးကို အန္တိမမူလ မဟာတာအို သင်ပေးဖို့ စီစဉ်ထားပြီးပါပြီ။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို လေ့လာသုံးသပ်ဖို့ လိုအပ်နေသေးပေမဲ့ ကိုယ်တိုင် ဖန်တီးထားတဲ့ မဟာတာအို ဖြစ်တာကြောင့် တခြားသူတွေကို ပြန်သင်ပေးဖို့ အခက်အခဲ မရှိပါဘူး။ ဒါ့အပြင် ဒီမဟာတာအိုကို ကျင့်ကြံအားထုတ်တဲ့ သက်ရှိတွေက မဟာတာအိုကို ဖန်တီးထားတဲ့ ဟန်ကျွယ် အင်အားကြီးလာဖို့ အထောက်အကူပေးမှာပါ။
ပြောရမယ်ဆိုရင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ။ လူတစ်ယောက် တာအိုရရင် သူ့ခွေးတောင် ကောင်းကင်ပေါ် ရောက်တယ်လို့ ဆိုရိုးရှိတယ် မဟုတ်ပါလား။
ဘိုဘေးရှီတျန် ကံတရား မဟာတာအိုကို ဟောကြားတာက ကံကောင်းဖို့အတွက်တင်ပဲ မဟုတ်ပါဘူး။ သူ့တာအိုကို ကျင့်ကြံသူပေါစေချင်တာလည်း ပါပါတယ်။
ဟန်ကျွယ်ဟာ တခြားသူတွေရဲ့ အန္တိမမူလ မဟာတာအိုက သူ့ကို ကျော်တက်သွားမှာကို စိုးရိမ်စရာ မလိုပါဘူး။ မဟာတာအိုက ကျင့်စဉ်လည်း မဟုတ်သလို ဆန်းကြယ်စွမ်းအားလည်း မဟုတ်ပါဘူး။ ဒါကြောင့် အန္တိမမူလ မဟာတာအိုကို ကျင့်ကြံတဲ့ သက်ရှိတွေက ဟန်ကျွယ်အတွက် လမ်းခင်းပေးနေသလိုပါ။ ဟန်ကျွယ်က ဖန်တီးရှင်ဖြစ်တဲ့အတွက် ဒီမဟာတာအိုကို ကျင့်ကြံတဲ့ တခြားသူတွေထက် အမြဲတမ်း ရှေ့ရောက်နေမှာပါ။
မဟာတာအို အမွေဆက်ခံတာက ဆရာက တပည့်ကို ပညာသင်ပေးသလိုမျိုး ရိုးရှင်းနေတာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို တစ်ခါတည်း အသိဉာဏ်လင်းလက်အောင် သင်ကြားပေးတာတောင် ၁၃ နှစ် ကြာပါတယ်။
အမွေဆက်ခံမှု ပြီးတဲ့နောက်မျာတော့ ထုံးစံအတိုင်း အဝတ်အစားမပါဘဲ နပမ်းသတ်ကြာပါတယ်။ တစ်လကျော် နပမ်းသတ်ပြီးမှပဲ ရှင်းဟုန်ရွှမ်ဟာ ကျေနပ်အားရစွာ ထွက်ခွာသွားပါတယ်။
ဒီအတောအတွင်း စုချီကို အောင်မြင်စွာ သန့်စင်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စုချီရဲ့ ဝိညာဉ်ကို ချက်ချင်းကြီ မလွှတ်ပေးသေးပါဘူး။ ဘာမှလုပ်စရာမရှိတဲ့ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တာအိုပညာရှိ တာအိုဟောကြားသည်ကို နားထောင်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် တာအိုပညာရှိတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်တာအိုကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် လောကဦးရှန်ခန်းမကို ကံအားလျော်စွာ တွေ့ကြုံမိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သင့်ရန်သူ လီရွှမ်အောက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ရှေးဟောင်း ကပ်ဘေးသခင် ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
စာစောင်တွေ အကုန်လုံးနီးပါးက အခွင့်အရေး အကြောင်းချည်းမို့ ဖတ်ရတာ ပျင်းစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို တွေ့လိုက်ရတဲ့အတွက် နည်းနည်း စိတ်ဝင်စားသွားပါတယ်။
အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ကျယ်ကျောင်းတော်ဆီ သူလျှိုလုပ်ဖို့ စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်က ဘယ်လိုနည်းလမ်းတွေ သုံးလိုက်လဲ မသိပါဘူး။ အခုအချိန်မှာ ကျယ်ကျောင်းတော်ရဲ့ ဒုဂိုဏ်းချုပ်တောင် ဖြစ်လို့နေပါပြီ။
‘ငါ သူ့ကို ဆက်သွယ်သင့်လား’
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို အိပ်မက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်နဲ့ ဟွမ်ဇွမ်တျန်ဟာ အိပ်မက်ထဲမှာ တွေ့ဆုံကြပါတယ်။ အိပ်မက်နယ်မြေကတော့ ယီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်တစ်အုပ်ပါ။
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ခန္ဓာစစ်နဲ့ သွားတွေ့တာပါ။ ဒါပေမဲ့ နေလ ယင်ယန် အကာအကွယ်က ထုတ်လွှတ်နေတဲ့ တောက်ပတဲ့ အလင်းရောင်ကြောင့် ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို ချက်ချင်း မမှတ်မိပါဘူး။
“အဆင်ပြေရဲ့လား”
ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ကျေနပ်အံအားသင့်သွားပါတယ်။
‘ငါ ကြက်သွေးရောင် တိမ်ကမ္ဘာကို ပြန်သွားဖို့ အိပ်မက်မက်ခဲ့တာ ဘယ်လောက်တောင် ရှိနေပြီလဲ၊ နောက်ဆုံးတော့ ဆရာ့ကို ပြန်မြင်ရပြီ’
အိပ်မက်ထဲမှာဆိုပေမဲ့ ဟွမ်ဇွမ်တျန်ဟာ အလွန်တရာမှာ စိတ်လှုပ်ရှားနေပါတယ် ‘နေပါအုန်း… ဒါ လူလိမ်များ ဖြစ်နေမလား’ ဒီအတွေးကြောင့် ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အတွေးကို ထိုးဖောက်မြင်တာကြောင့် ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ဒီအိပ်မက်က မင်းနဲ့ ငါပဲ သိတာ၊ တာအိုပညာရှိတောင် ချောင်းကြည့်လို့ မရဘူး၊ မင်းကို ကျယ်ကျောင်းတော် သွားဖို့ လွှတ်လိုက်တာ ငါပဲလေ”
ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာသာပေးမှုကို လျော့ကျမသွားတဲ့အတွက် ယုံကြည်လို့ရတဲ့အထဲမှာ ပါပါတယ်။ နောက်ပြီး အမှောင်ထုရဲ့ အိပ်မက်ဆိုးထဲကို ချောင်းကြည့်နိုင်တဲ့လူကလည်း မရှိပါဘူး။
ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်စကားကြောင့် စိတ်သက်သာရာ ရသွားပြီး စိတ်လှုပ်ရှားမှု ထိန်းချုပ်ကာ ပြောလိုက်ပါတယ် “နောက်ဆုံးတော့ ဆရာက ကျွန်တော်ကို လာရှာပြီပဲ၊ ကျွန်တော် ဘယ်တော့မှာ ဆရာဆီ ပြန်လာနိုင်မှာလဲ၊ ကျွန်တော် ဒီမှာ ဆက်နေရင် ဂိုဏ်းချုပ် ဖြစ်တော့မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 472
? Views, Released on December 8, 2024