Switch Mode

Chapter – 470

အခန်း (၄၇၀) နတ်ဘီလူးဓမ္မရုပ်တု ၁၃ ပါး
ဟန်ကျွယ်ဟာ သူ့ရဲ့ ကျိန်စာတိုက်မှုကြောင့် တာအိုပညာရှိတွေကြားထဲမှာ စိုးရိမ်ကြောင့်ကြမှုတွေ တိုးပွားလာာတကို မသိရှာပါဘူး။ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။
တစ်လကြာတဲ့အခါမှာတော့ ဓားတာအို ဆန်းကြယ်စွမ်းအား အကုန်လုံးကို အဆင့်မြှင့်တင်ပြီးသွားတဲ့အတွက် မဟာညီညွတ်မှုရုပ်သွင်ကို ဆက်လေ့ကျင့်ပါတယ်။
ကိုးပါးမြောက် နတ်ဘီလူးက တိုက်ခိုက်ရေး နတ်ဘီလူးဖြစ်ပြီး တိုက်ခိုက်လိုစိတ်ကို အသုံးပြုကာ ကျင့်ကြံမှုတိုးတက်အောင် လုပ်နိုင်ပါတယ်။ ဒ့ါအပြင် သေတဲ့အထိလည်း တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
ဆယ်ပါးမြောက် နတ်ဘီလူးကတော့ မရဏနတ်ဘီလူးဖြစ်ပြီး သေခြင်း မဟာတာအိုကို မရဏချီအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒီမရဏချီက အသက်ဓာတ်မှန်သမျှကို ဝါးမြိုတဲ့အတွက် အရာအားလုံးကို သေဆုံးစေနိုင်စွမ်း ရှိပါတယ်။
ဆယ့်တစ်ပါးမြောက် နတ်ဘီလူးကတော့ မုဟူးရှီ နတ်ဘီလူးဖြစ်ပြီး သစ်သား မူလဓာတ်ကို ပိုင်ဆိုင်ပါတယ်။ မုဟူးရှီနတ်ဘီလူးရဲ့ ဓမ္မစွမ်းအားကနေ မွေးဖွားလာတဲ့ သစ်သားက ကောင်းကင်ဘုံတွေကို ချုပ်နှောင်နိုင်စွမ်း ရှိပါတယ်။
ဆယ့်နှစ်ပါးမြောက် နတ်ဘီလူးကတော့ ဝိညာဉ် နတ်ဘီလူးဖြစ်ပြီး ခန္ဓာကိုယ်မရှိဘဲ ဝိညာဉ်ကိုသာ ကျင့်ကြံတဲ့အတွက် အတွေးတစ်ချက်ကနေ ဘာမဆိုဖြစ်လာနိုင်ပါတယ်။
ဆယ်သုံးပါးမြောက် နတ်ဘီလူးကတော့ ရှယိ နတ်ဘီလူးဖြစ်ပြီး သတ်ဖြတ်ငွေ့ကို မဟာတာအိုအဖြစ် ခဲစေတာပါ။ သတ်ဖြတ်ငွေ့ အားကောင်းလေလေ တာအိုပညာရပ်တွေက အားကောင်းလေလေး ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဒီနတ်ဘီလူးဓမ္မရုပ်တု ငါးပါးကို လေ့ကျင့်ဖို့အတွက် အချိန်ကိုးနှစ် ယူရပါတယ်။ အချိန်ယူရသလောက် အကျိုးကလည်း မယုတ်ပါဘူး။ ဒီနတ်ဘီလူးဓမ္မရုပ်တု ၁၃ ပါး တစ်ပြိုင်တည်း ပေါ်လာာတာနဲ့ ဘယ်အရာကမှ တားဆီးနိုင်စွမ်း မရှိပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ပြီး လက်ရည်စမ်းပါတယ်။ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်တွေက တာအိုပညာရှိအတုတွေသာ ဖြစ်တဲ့အတွက် ဘယ်သူ့မှ ဟန်ကျွယ်ကို အနိုင်မယူနိုင်ပါဘူး။ ဟန်ကျွယ်ဟာ အောင်နိုင်ခြင်းရဲ့ အရသာကို တစ်ဝကြီး ခံစားပါတယ်။
တာအိုပညာရှိအတုတွေက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဘယ်လောက်ကောင်းတဲ့ ရတနာတွေပဲရှိရှိ နတ်ဘီလူး ဓမ္မရုပ်တု ၁၃ ပါးရှေ့မှာ ပုရွက်ဆိတ်နဲ့ မခြားပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိ ဖူရှီကို စိန်ခေါ်ကြည့်ပါတယ်။
ဟန်ကျွယ် အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ အရင်လိုမျိုး တစ်ချက်တည်းတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဖူရှီရဲ့ တိုက်ခိုက်မှုကို အသက်ရှူကြိမ် နှစ်ကြိမ်စာ ခုခံနိုင်လိုက်ပါတယ်။ တစ်ချက်တည်း သေသွားတာနဲ့ဆိုရင် ဒါက အတော်လေး တိုးတက်လာတာလို့ ပြောလို့ရပါတယ်။
စိတ်ကောင်းဝင်သွားတဲ့ ဟန်ကျွယ်ဟာ တပည့်တွေကို တာအိုဟောကြားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကထွက်ပြီး ဖူစန်းသစ်ပင်ဆီ ဦးတည်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ ဖူစန်းသစ်ပင်ဆီ တစ်ခါတည်း ပေါ်တယ်ခုန်သွားလို့ ရပါတယ်။ ဒါပေမဲ့ ဟနက်ျွယ်ဟာ မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခြေလျင်လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ချင်လို့ပါပဲ။
နှစ်တွေကြာသွားပြီ ဖြစ်တဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တောင် တော်တော်လေး ပြောင်းလဲသွားပါပြီ။ ခြေရာမဲ့လေပြေ ကြာပန်းတွေက နေရာတကာမှာရှိနေပြီး ထူထပ်သိပ်သည်းတဲ့ ရှန်တျန်ချီကို ထုတ်လွှတ်နေပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က သစ်ပင်တွေဟာ အလွန်တရာမှာ မြင့်မားပါတယ်။ အရှည်ဆုံး သစ်ပင်ဆိုရင် ပေတစ်ထောင်ကျော် ရှည်လျားပါတယ်။ ဒါပေမဲ့ ဒီသစ်ပင်တွေက ဖူစန်းသစ်ပင်ရှေ့မှာ ပန်းပင်တွေလိုပါပဲ။ ဘာအရွယ်အစားမှ မရှိပါဘူး။
ဖူစန်းသစ်ပင်ဟာ ပေပေါင်းတစ်သောင်းကျော် မြင့်မားနေပြီ ဖြစ်တဲ့အတွက် ဒဏ္ဍာရီထဲက အသက်အကြီးဆုံး သစ်ပင်လိုပါပဲ။
ဟန်ကျွယ် ဖူစန်းသစ်ပင်ဆီ လျှောက်သွားနေတုန်းမှာပဲ တပည့်အကုန်လုံးက ဖူစန်းသစ်ပင်အောက်မှာ စုစည်းနေပြီးပါပြီ။ ကျန်းယီ၊ ငရဲကြက်နက်နဲ့ တခြားသားရဲ့တွေကတော့ အခုထိ ပြန်မလာသေးပါဘူး။ ဒါပေမဲ့ သူတို့တွေ အခြေအနေ ကောင်းနေတာကို စာစောင်တွေကနေ ဟန်ကျွယ် သိထားပါတယ်။
ကျန်းယီတို့က တခြားသားရဲတွေကို ဝါးမြိုပြီး အရည်အချင်းကို မြှင့်တင်တဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်လာတဲ့အခါကျရင် သူတို့အကုန်ုလုံး အင်မော်တယ်ဧကရာဇ် ဖြစ်နေမှာ ကျိန်းသေပါတယ်။ သားရဲခေတ်ကြမ်းက ပထမဆုံး စွမ်းအားကြီးပုဂ္ဂိုလ်တွေအတွက် ပြင်ဆင်ထားတဲ့ စားသောက်ပွဲလိုပါပဲ။
ဒီလိုခေတ်မှာ ထိုးထွက်ချင်ရင် အရည်အချင်း၊ စွမ်းအားနဲ့ တိုက်ရည်ခိုက်ရည်က ထူးချွန်းထက်မြက်နေရမဲ့အပြင် ကံကောင်းဖို့လည်း လိုပါသေးတယ်။ ဒီအချက်တွေသာ ပြည့်စုံမယ်ဆိုရင် အချိန်ကြာလာတာနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်လာပြီး အနန္တကမ္ဘာကို အုပ်ချုပ်နိုင်မှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဟန်ကျွယ်ဟာ တာအိုစတင် ‌ဟောကြားပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုအသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပဲ့တင်ထပ်သွားပြီး ရှကျဲမျိုးနွယ်စုတွေကိုပါ ကြားသွားစေပါတယ်။
တာအိုပညာရှိအတု ဖြစ်လာပြီးနောက် ဟန်ကျွယ်ရဲ့ တာအိုအသံဟာ ပိုမိုသိမ်မွေ့ နက်နဲလာပါတယ်။ တာအိုဟောကြားနေစဉ်မှာ ဟန်ကျွယ်ရဲ့ တာအိုအသံက နားထောင်သူတွေရဲ့ သုံးသပ်နားလည်နိုင်စွမ်းကို များစွာ တိုးသွားစေပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုပညာရပ်က ပိုလိုတောင် သိမ်မွေ့နက်နဲပေမဲ့ လူတိုင်းကို တစ်ခုမဟုတ် တစ်ခုတော့ ရသွားစေတာချည်းပါပဲ။
ဒီတာအိုဟောကြားမှုဟာ အရင်တုန်းက တာအိုဟောကြားမှုတွေထက် အများကြီး ပိုကြာပါတယ်။ ဟန်ကျွယ်ဟာ နှစ် ၅၀ ကြာအောင် တာအိုဟောကြားပါတယ်။ တာအိုဟောကြားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို တစ်ယောက်ထဲ ပြန်ပါတယ်။
တပည့်တွေကို တာအိုဟောကြားတာက ဟန်ကျွယ်ရဲ့ တာအိုပညာရပ်တွေကို အစီအစဉ်တကျ ဖြစ်အောင် လုပ်လိုက်တာမျိုး ဖြစ်တဲ့အတွက် ဟန်ကျွယ်ကိုယ်တိုင်လည်း အကျိုးအမြတ် အများကြီး ရလိုက်ပါတယ်။
‘စွမ်အားကြီးပုဂ္ဂိုလ်တွေ တာအိုဟောကြားချင်တာ အံဩစရာ မရှိတော့ပါဘူး၊ လက်ဆောင်ပေးရုံတင် မဟုတ်ဘူး၊ သူတို့ရဲ့ ကျင့်ကြံမှု တိုးတက်အောင်လည်း ကူညီနိုင်သေးတာကိုး…’
ဟန်ကျွယ်ဟာ တစ်ချက်ပြုံးလိုက်ပြီး မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံပါတယ်။
…..
တောရိုင်းကြီးတစ်ခုမှာ တောင်တန်းတစ်ခုစာလောက် ရှိတဲ့ ပိုးကောင်တစ်ကောင်ဟာ ဟိုဟိုဒီဒီ လျှောက်သွားနေပါတယ်။ ဒီပိုကောင်းက ကင်းခြေများနဲ့ဆင်တူပြီး သူ့ခြေထောက်တစ်ရာက ခြင်္သေ့တစ်ကောင်ရဲ့ လက်ဖဝါးတွေလိုပါပဲ။ ဒီပိုကောင်းသွားတဲ့နေရာတိုင်းဟ ဆင်သွားလမ်းဖြစ်ဆိုသလို လမ်းဖြစ်ကျန်နေခဲ့ပါတယ်။
ဒီပိုကောင်းဟာ သွားလိုက်ရပ်လိုက်နဲ့ အစာရှာနေပုံပါပဲ။
ဒီအချိန်မှာပဲ မြေကြီးပြိုကျသွားပြီး နီရဲတဲ့ပါးစပ်တစ်ခု မြေအောက်ကနေ ထွက်ပေါ်လာကာ ပိုးကောင်ကို ကိုက်လိုက်တဲ့အတွက် သွေးစသွေးနတွေ မြေကြီးပေါ် လွှင့်စဉ်ကုန်ပါတယ်။ မြေအောက်ကနေ ထွက်လာတဲ့ သားရဲဟာ ဝက်ဝံခေါင်းရှိပြီး အရပ်ရှစ်မျက်နှာကို ကြည့်နေတဲ့ မျက်လုံးရှစ်လုံး ရှိပါတယ်။
“ဝုန်း…”
ကြောက်မက်ဖွယ် လေပြင်းတစ်ခု ကောင်းကင်ကနေ ဆင်းသက်လာပြီး ကြောက်မက်ဖွယ် လက်သည်းတစ်စုံက တိမ်ပင်လယ်ကနေ ထိုးဆင်းကာ မျက်စိရှစ်လုံး သားရဲကို ဖမ်းဆုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မျက်စိရှစ်လုံး သားရဲကို မြေပြင်ကနေ တိမ်ပင်လယ်ဆီ ဆွဲခေါ်သွားပါတယ်။
“ဟားဟား… နောက်ဆုံးတော့ ဆရာကြီးကြက် ဗိုက်ပြည့်အောင် ထပ်စားရပြီ”
မောက်မာလှတဲ့ ရယ်မောသံဟာ ကောင်းကင်ပြင်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ဒီမျက်စိရှစ်လုံး သားရဲကို ဖမ်းဆုပ်ထားသူက ကြက်နက်ကြီးတစ်ကောင်ပါ။
ဒီကြက်နက်ကြီးက တခြားတော့ မဟုတ်ပါဘူး။ အပြင်ထွက်ရမှာ သေလောက်အောင် ကြောက်တဲ့ ငရဲကြက်နက်ပါ။ ငရဲကြက်နက်‌ရဲ့ ရှေ့မှောက်မှာ မျက်စိရှစ်လုံးသားရဲက လူပုလေးလိုပါပဲ။ ငရဲကြက်နက်ဟာ တောင်ပံခတ်ပြီး မိုးကုပ်စက်ဝိုင်းမှာ ပျောက်ကွယ်သွားပါတယ်။
ငရဲကြက်နက်ရဲ့ ကျောပေါ်မှာတော့ လူတစ်စုရှိနေပါတယ်။ ဒီလူတစ်စုက ကျန်းယီနဲ့ တခြားသူတွေပါ။
သွေးတွေလွှင့်စဉ်ကုန်တဲ့အတွက် ကျန်းယီဟာ ရွေးချယ်စရာမရှိဘဲ ဆန်းကြယ်စွမ်းအားသုံးပြီး အကာအကွယ်ဒိုင်းတစ်ခု ဖန်တီးလိုက်ရပါတယ်။
“ဒီကြက်စုတ်က အမြဲတမ်း မောက်မာတယ်၊ အခုလည်း တမင်လုပ်တာ ဖြစ်ရမယ်” အာတက မပျော်မရွှင် ပြောလိုက်ပါတယ်။
ပဋိပက္ခကောင်းကင်‌ခွေးဟာ ငရဲနက်နတ်ဆိုးသခင်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ခင်ဗျားက သူ့အစ်ကို မဟုတ်ဘူးလား၊ ဘာလို့ မထိန်းတာလဲ”
“ထိန်းရမယ်၊ ဒီကောင်က အမြဲတမ်း ဘဝလေဟပ်နေတာ၊ ဂိုဏ်းချုပ်ကလွဲရင် ဒီကြက်စုတ်က ဘယ်သူ့ကိုမှကြောက်တာ မဟုတ်ဘူး”
မြွေနဂါးဘုရင်က အော်ပြောလိုက်ပါတယ် “ဒီတစ်ခါ ငါ့အလှည့်ပဲ၊ မင်းတို့တွေ ကိုယ်တာ ကိုယ်ထိန်းကြ”
လူတိုင်းဟာ ဆူဆူညံညံ ဖြစ်သွားပါတယ်။ တစ်ခဏအကြာမှာပဲ ငရဲကြက်နက်ဟာ မျက်စိရှစ်လုံး သားရဲကို စားသောက်လို့ ပြီးသွားပါတယ်။
“အို… မင်းတို့သားရဲတွေက တကယ်ကြီး အသိဉာဏ် ရှိနေတာပဲ”
လောကတစ်ခွင် ပဲ့တင်ထပ်သွားတဲ့ အသံကြောင့် ကျန်းယီဟာ မျက်နှာပျက်သွားပါတယ်။ ပိုဆိုးတာက တစ်ဖက်လူ ဘယ်မှာရှိနေတယ်ဆိုတာတောင် အာရုံခံလို့မရတာပါ။
‘ဒါ စွမ်းအားကြီးပုဂ္ဂိုလ်ပဲ’
ကျန်းယီက ကျယ်လောင်စွာ အော်ပြောလိုက်ပါတယ် “စီနီယာ…. ကျွန်တော်တို့က သားရဲကြမ်းတွေ မဟုတ်ပါဘူး”
အရင်တုန်းကဆိုရင် ကျန်းယီဟာ သေချာပေါက် ကျိန်ဆဲမိမှာပါ။ ဒါပေမဲ့ နတ်ရွှေကျီးကန်း မိသားစုက ဘယ်ဆီရောက်နေမှန်း မသိရတဲ့အပြင် အနန္တကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သာမန်မဟုတ်မှန်း သိတဲ့အတွက် ကျန်းယီက စိတ်လျှော့ထားတာပါ။
“ရွှေကျီးကန်းလည်း ရှိနေတာလား၊ မင်းအရည်အချင်းက မဆိုးဘူး၊ မင်းတို့အကုန်လုံး ငါ့ဆီလာခဲ့တော့”
စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ စကားအဆုံးမှာပဲ ကောင်းကင်ပြင်တစ်ခုလုံး မဲမှောင်သွားပြီး ကြောက်မက်ဖွယ် လေပြင်းတစ်ခု ဖြစ်ပေါ်လာကာ ကျန်းယီတို့အကုန်လုံးကို ကောင်းကင်ပြင်ဆီ သယ်ဆောင်သွားပါတယ်။
ကျန်းယီနဲ့ တခြားသူတွေလည်း မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ပြင်ကို လွှမ်းအုပ်ထားတဲ့ အင်္ကျီလက်စကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ ဒီအင်္ကျီလက်စက ကြီးလွန်းတဲ့အတွက် အရွယ်အစား ဘယ်လောက်ရှိလဲဆိုတာတောင် ပြောဖို့ခက်ပါတယ်။
ကျန်းယီတို့ဟာ ထွက်ပြေးဖို့ ကြိုးစားချင်ပေမဲ့ ကြီးမားလှတဲ့ ဓမ္မစွမ်းအားရဲ့ ဖိနှိပ်မှုကြောင့် လှုပ်တောင် မလှုပ်နိုင်ပါဘူး။ မကြာခင်မှာပဲ သူတို့အကုန်လုံး အင်္ကျီလက်စထဲ ပါသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။
တာအိုဟောကြားမှု ပြီးဆုံးတာ ရှစ်နှစ်ကြာသွားပါပြီ။ ဒါပေမဲ့ တပည့် တော်တော်များများက တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကနေ နိုးမလာကြသေးပါဘူး။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက်က ဖိတ်ခေါ်ပညာရပ် အသုံးပြုနေတာကို ရုတ်တရက် ခံစားမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ဖိတ်ခေါ်ပညာရပ်ကို သုံးနေတဲ့လူက ငရဲကြက်နက်မှန်း သိလိုက်ပါတယ်။
‘နှစ်တွေ ဒီလောက်ကြာသွားပြီ၊ ငရဲကြက်နက်က ပထမဆုံးအကြိမ် ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုတယ်ဆိုတော့ တစ်ခုခုဖြစ်နေတာ သေချာတယ်’
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်း ဖြစ်နေပြီဆိုပေမဲ့ သတိဆိုတာ ပိုတဲ့မရှိဆိုတဲ့ စကားအတိုင်း စနစ်ကို မေးလိုက်ပါတယ် “ငါ သွားရင် အန္တရာယ်ရှိနိုင်လား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ရတနာတွေအကုန်လုံးကို နိုးလိုက်ပါတယ်။ နေလ ယင်ယန် အကာကွယ်ကနေ ထွက်ပေါ်နေတဲ့ အလင်းရောင်ကလည်း ပိုမိုတောက်ပလာပြီး ဟန်ကျွယ်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပါတယ်။ အကုန်လုံး အဆင်သင့်ဖြစ်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။
တခြားတစ်ဖက်…
ကျန်းယီ၊ ငရဲကြက်နက်၊ ငရဲနက်နတ်ဆိုးသခင်နဲ့ တခြားသူတွေဟာ ကျယ်ပြောတဲ့ နေရာတစ်နေရာမှာ ပိတ်မိနေပါတယ်။ ဒီနေရာရဲ့ ကြမ်းပြင်က ကျောက်စိမ်းနဲ့တူပြီး အစွန်းတွေကတော့ နက်မှောင်နေပါတယ်။ ထွက်ပေါက်ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပါဘူး။
အပေါ်ကို မော့ကြည့်မယ်ဆိုရင်ဆိုရင်တော့ လျှပ်စီးတွေ ယှက်ဖြာနေတဲ့ အလင်းရောင်တစ်ခု ရှိနေပါတယ်။
ငရဲကြက်နက်ဟာ ဝဲကတော့ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရင်း ရေရွတ်လိုက်ပါတယ် “သခင် လာပါ့မလား”
ကျန်းယီနဲ့ တခြားသူတွေကလည်း စိုးရိမ်နေကြပါတယ်။ ဒီအချိန်မှာပဲ ဝဲကတော့နက်ကနေ တောက်ပတဲ့ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ဟန်ကျွယ်ပေါ်လာပါတယ်။
လူတိုင်းဟာ ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်က ရန်သူတွေကို ချင်ချင်း စစ်ဆေးလိုက်ပါတယ်။
[ထထျန်ကော်: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်၊ ချန်ကျောင်းတော် အင်မော်တယ်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset