Switch Mode

Chapter – 465

အခန်း (၄၆၅) ကောင်းကင်တာအို၏ နံပါတ်တစ် ကျောက်တုံး စိတ်ဝိညာဉ်
“ကောင်းကင်ရုံးတော်က မိုးကောင်းကင် မျိုးနွယ်စုအောက် ရောက်သွားပြီလား” ဟန်ကျွယ်က ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ်။
ဖန်းလျန်ဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေပါတယ် “ဒါက ကျွန်တော် တွေးနိုင်တဲ့ အကောင်းဆုံး ရလဒ်ပဲ၊ ကျွန်တော်နဲ့ ဂျိရှင်းရှန်က ရင်းနှီးတယ်၊ နောက်ကျရင် ကျွန်တော်တို့တွေ ကောင်းကင်တာအိုပညာရှိတွေရဲ့ စကားကို နားထောင်စရာ မလိုတော့ဘူး”
ဟန်ကျွယ်ဟာ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ရဲ့ အကြောင်းကို ပြန်တွေးမိလိုက်ပါတယ်။ ဖန်းလျန် ပြောတာက မမှားပါဘူး။ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ နှစ်ပေါင်းများစွာ အတူတူ တိုက်ပွဲဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ဟန်ကျွယ်ဟာ တခြားလူတွေအပေါ်မှာ မှီခိုမဲ့လူ မဟုတ်ပါဘူး။
“ထားလိုက်ပါတော့၊ စွန့်စားမှု နည်းနည်းလေးရှိရင်တောင် ငါ သူတို့ကို မစွန့်စားစေချင်ဘူး” ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။
ဖန်းလျန်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဖန်းလျန်ဟာ ဟန်ကျွယ်ရဲ့ ဒီစကားကို ကြားရလို့ အံဩခြင်း မရှိသလို စိတ်လည်း မပျက်ပါဘူး။ ဖန်းလျန်ဟာ သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး တပည့်က ဘယ်အဆင့်ကို ရောက်ပြီလဲ”
“အင်မော်တယ်ဧကရာဇ် အဆင့်ပဲ ရှိပါသေးတယ်”
“မဆိုးပါဘူး”
“ဟုတ်တယ်၊ ကျင့်ကြံရတာ မလွယ်ဘူး”
“ဆရာဘိုးဘိုး ပြောတာ အမှန်ပဲ”
အဲဒီနောက် စကားနည်းနည်းပါးပါး ထပ်ပြောပြီး ဟန်ကျွယ်နဲ့ ဖန်းလျန်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
စိတ်ဝိညာဉ်နန်းတော်။
ဖန်းလျန်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီး သက်ပြင်းချလိုက်ပါတယ် ‘ဆရာဘိုးဘိုးက ယဉ်ကျေးနေတယ်၊ ကြည့်ရတာ ငါတို့ဆက်ဆံရေးက အလှမ်းဝေးလာပြီပဲ၊ ဒါပေမဲ့ ဆရာဘိုးဘိုး တွေးတာလည်း မမှားပါဘူး၊ ငါ လျှောက်တဲ့လမ်းက မှားများ မှားနေပြီလား’
ဖန်းလျန်ဟာ သူ့ကိုယ်သူ ပြန်သုံးသပ်လိုက်ပါတယ်။
ဖန်းလျန်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးတပည့်က အင်မော်တယ်ဧကရာဇ်အဆင့်ပဲ ရှိတယ်ဆိုတာကို မယုံပါဘူး။ အဲဒီအစား တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ယောက်က နတ်မင်းအဆင့်ကို ရောက်နေပြီလို့ တထစ်ချ ယုံကြည်သွားပါတယ်။
ဒီအချိန်မှာပဲ ရှန်စစ်သူကြီးဟာ ခန်းမထဲ ဝင်လာပါတယ်။
ရှန်စစ်သူကြီးဟာ ဖန်းလျန်ရှေ့ လျှောက်လာပြီး ဦးညွှတ်လိုက်ပါတယ် “အရှင်မင်းကြီး… လူသားမျိုးနွယ်စု မြင့်မြတ်နယ်မြေတွေဖြစ်တဲ့ ဗုဒ္ဓဂိုဏ်း၊ ကျယ်ကျောင်းတော်၊ ချန်ကျောင်းတော်၊ ရွမ်လိန့်ကျောင်းတော်၊ မိုးကောင်းကင်မျိုးနွယ်စုတွေ တစ်ခုပြီးတစ်ခု ပေါ်လာပြီ၊ သူတို့အကုန်လုံးက အကြံအစည်တွေနဲ့ချည်းပဲ၊ ကျွန်တော်တို့ ကောင်းကင်ရုံးတော်ကရော ဘာလုပ်သင့်လဲ”
“ကောင်းကင်တာအို ပြန်စတာ မကြာသေးတော့ ကောင်းကင်တာအိုရဲ့ ပထမသက်ရှိတွေတောင် ပေါ်မလာသေးဘူး၊ ငါတို့က ဘာလုပ်နိုင်မှာလဲ၊ နယ်မြေ စိုးမိုးရုံကလွဲပြီး တခြားမရှိဘူး”
ရှန်စစ်သူကြီးက အကြံပေးပါတယ် “အရှင်မင်းကြီး ဖန်းမိသားစုကို သေမျိုးကမ္ဘာဆီ အရင်ဆုံး ဆင်းသက်ခိုင်းပြီး လူဦးရေ တိုးပွားအောင် လုပ်ခိုင်းပါလား၊ ဒီလိုဆိုရင် အနာဂတ်မှာ မိသားစုကြီးတစ်ခု ဖြစ်လာလိမ့်မယ်”
“ဒီအကြံမဆိုးဘူး” အဲဒီနောက် ဖန်းလျန်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ကောင်းကင်နတ်ဘုရား စစ်သူကြီးနဲ့ သိုင်းနတ်ဘုရား စစ်သူကြီး‌ရော…”
“သူတို့နှစ်ယောက်က ရွမ်လိန့်ကျောင်းတော်ထဲ ဝင်သွားပြီ”
ရှန်စစ်သူကြီး စကားကြောင့် ဖန်းလျန်ဟာ တိတ်ဆိတ်သွားပါတယ်။ အနန္တကပ်ဘေးကို ရင်ဆိုင်ရပြီးတဲ့နောက် ကောင်းကင်ရုံးတော် တစ်ခုလုံးမှာ အင်မော်တယ် နတ်ဘုရား တစ်ရာတောင် မကျန်တော့ပါဘူး။ ကောင်းကင်စစ်သား အကုန်လုံးကလည်း တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကြောင့် သေဆုံးသွားခဲ့ပါတယ်။
ခြောက်ကပ်ပြီး ဘာမှမရှိတာက ကောင်းကင်ရုံးတော်ရဲ့ လက်ရှိ အခြေအနေပါ။
ရှန်စစ်သူကြီးဟာ ဖန်းလျန် စိတ်မကောင်းတာကို သိတဲ့အတွက် နှစ်သိမ့်လိုက်ပါတယ် “အရှင်မင်းကြီး… ကောင်းကင်ရုံးတော် ရှင်ကျန်ရစ်တာပဲ ကံကောင်းလှပါပြီ၊ ကျွန်တော်တို့တွေက တာအိုပညာရှိစစ်ပွဲ ကြုံတွေ့ခဲ့ရတာ၊ အရှင်မင်းကြီးလည်း အကောင်းဆုံးကြိုးစားခဲ့တာပဲ၊ ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာ မလိုပါဘူး”
ဖန်းလျန်ဟာ ပြုံးလိုက်ပါတယ် “ငါ့မှာ မင်းလို စစ်သူကြီးတစ်ယောက်ရှိတာ အတော် ကံကောင်းတာပဲ”
နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုပညာရှိ မင်ကျွယ်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် လူသားမျိုးနွယ်စု၏ အကောင်းစား ရတနာကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကြောင့် ကံတရား အထောက်အပံ့နှင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဝူတောက်ကျန့်သည် ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် လောကဦးမျိုးနွယ်စု နယ်မြေသို့ မတော်တဆ ဝင်ရောက်သွားခဲ့သည်။]
[သင့်မိတ်ဆွေ အာတသည် စိတ်ဝိညာဉ်ဇူးရှန့်အား ဝါးမြိုပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရှောင်အာသည် စိတ်ဝိညာဉ်ဇူးရှန့်အား ဝါးမြိုပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ပါးကြောင့် ပြန်လည် ရှင်သန်ထမြောက်ပြီး အင်မော်တယ်ကမ္ဘာသို့ ပြန်လာ၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်အား ပြန်လည် ပြုပြင်လိုက်၏။]
အကုန်လုံးက သတင်းကောင်းတွေချည်းပါပဲ။ ဟန်ကျွယ်ဟာ ကျိုးဖန် ပြန်ရှင်တာ မြင်ရလို့ အံဩခြင်း မရှိပါဘူး။ ခုနစ်ပါးတာအိုပညာရှိလိုမျိုး မဟာတာအို စိတ်ဝိညာဉ်က ကောင်းကင်တာအိုမှာ တစ်ခုခုလုပ်ထားတာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့ ကျိုးဖန်ကို ထပ်ခါထပ်ခါ အသက်ပြန်သွင်းနိုင်တာပါ။ ဒါပေမဲ့ သနားစရာကောင်းတဲ့ မော့ဖူချိုကတော့ မပေါင်းသင့်တဲ့လူကို ပေါင်းမိလို့ ဘဝဇာတ်သိမ်းသွားရပါပြီ။
ငါးရက်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြီးနောက် ဆက်လက် ကျင့်ကြံဖို့ ပြင်ဆင်ပါတယ်။
[ကံတရား အထောက်အပံ့ ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စုံစမ်း စစ်ဆေးနေသည်။]
‘ဟင်…’
ဟန်ကျွယ်ဟာ ဒီလို သတိပေးချက်ကို မတွေ့ရတာ အတော်ကြာပြီမို့ လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ကောင်းကင်ကျောက်တုံး: ရှန်တျန်သက်ရှိ၊ ကောင်းကင်တာအို ပြန်စပြီးနောက် ပထမဆုံး စိတ်ဝိညာဉ် ကျောက်တုံး ဖြစ်ပြီး ကောင်းကင်တာအို၏ ကံတရား အထောက်အပံ့ ရှိသည်။]
ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံး ရှိတဲ့နေရာကို စစ်ဆေးလိုက်တဲ့အခါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒီကျောက်တုံးက အနက်ရောင်ရှိပြီး အသိဉာဏ်ရှိနေတာကို ဟန်ကျွယ် ခံစားမိပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံးကို လောလောဆယ်မှာ မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံး အသွင်ပြောင်းတဲ့အထိ စောင့်ဆိုင်းမှာပါ။
‘ကောင်းကင်တာအိုက ခုမှပြန်စခါဆိုတော့ နောက်ကျရင် ရှန်တျန်သက်ရှိတွေ ပိုပိုပေါ်လာမှာပဲ’ ဟန်ကျွယ်ဟာ အဲဒီအချိန်ကို မျှော်တွေးကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ တာအိုရရှိသွားတဲ့အချိန်ကို စိတ်ကူးယဉ်ရင်း စိတ်လှုပ်ရှားသွားပါတယ်။
ချောက်ကမ်းပါးတစ်ခုမှာတော့ ကျောက်ရွှမ်ယွမ်၊ ချူရှီရန်၊ ကျိုးမင်ယွဲ့နဲ့ လွီဟွာရွှီဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။
ကျိုးမင်ယွဲ့ဟာ မနေနိုင်ဘဲ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ဆရာတူဘိုးဘိုးကျောက်… ကျွန်တော်တို့တွေ ဘာကို စောင့်နေကြတာလဲ”
ကျောက်ရွှမ်ယွမ်က တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်ဖြစ်ပြီး ကျိုးမင်ယွဲ့က စတုတ္ထမျိုးဆက်မို့ ကျောက်ရွှမ်ယွမ်ကို ဆရာတူဘိုးဘိုးလို့ ခေါ်တာပါ။
ကျိုးမင်ယွဲ့ဟာ ချူရှီရန်က စိုက်ကြည့်နေတာကို မြင်သွားတဲ့အတွက် ကြောက်လန့်ပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်က ပြန်ဖြေလိုက်ပါတယ် “မိတ်ဆွေဟောင်းတစ်ယောက်”
ကျိုးမင်ယွဲ့ဟာ ချူရှီရန်က စိုက်ကြည့်နေတာကို မြင်သွားတဲ့အတွက် ကြောက်လန့်ပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်ပါတယ်။
လေးငါး ခြောက်နာရီ အကြာမှာတော့ မိုးကုပ်စက်ဝိုင်းကနေ ရုပ်သွင်တစ်ခု ပျံသန်းလာပါတယ်။ ဒီရုပ်သွင်ကတော့ ကျိုးဖန်ပါ။
ကျိုးဖန်ဟာ ရွှေရောင်သင်္ကေတတွေ ရေးထိုးထားတဲ့ ခရမ်းရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်း သရဖူကို ခေါင်းထက်မှာ ဆင်မြန်းထားပါတယ်။ ကျိုးဖန်ရဲ့ သာမန်သေမျိုး တစ်ယောက် မဟုတ်တော့တဲ့အတွက် သူ့ရောင်ဝါကလည်း သာမန်မဟုတ်ဘဲ တမူထူးခြားနေပါတယ်။
ကျိုးဖန်ဟာ ကျောက်ရွှမ်ယွမ်ရှေ့မှာ ဆင်းသက်ပြီး အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ် “မတွေ့ရတာ အတော်ကြာပြီနောက် အစ်ကိုကျောက်၊ အစ်ကို ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး၊ အစ်ကို မိုးကောင်းကင်မျိုးနွယ်စုထဲ ဝင်လိုက်တာလား”
ကျောက်ရွှမ်ယွမ်က ခပ်တည်တည်ပဲ ပြန်ဖြေလိုက်ပါတယ် “မဝင်ပါဘူး၊ ငါက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဆရာတင်မိလိုက်ရုံပဲ၊ အခုဆိုရင် ငါတို့တစ်ဂိုဏ်းလုံးက အနန္တကပ်ဘေးကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့ပြီး အနန္တဧကရာဇ် ကံတရား အထောက်အပံ့တောင် ရလိုက်သေးတယ်”
ကျိုးဖန်ဟာ ကျောက်ရွှမ်ယွမ်ရဲ့ စကားကြောင့် သိချင်စိတ် ပြင်းပြသွားပါတယ် “ဘယ်သူများလဲ”
ကျိုးဖန်ဟာ ချူရှီရန်နဲ့ တခြားလူနှစ်ယောက်ကိုကြည့်ပြီး မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပါတယ် “မင်းတို့က ကြက်သွေးရောင် တိမ်ကမ္ဘာကမှတ်လား၊ နေပါအုန်း… မင်းတို့တွေ ဟန်ကျွယ်ကို သိလား”
ကျိုးဖန် ဒီလိုမေးတာက အဆန်းတော့ မဟုတ်ပါဘူး။ ကြက်သွေးရောင် တိမ်ကမ္ဘာကနေ ဘုံပျံတက်လာသူတွေထဲမှာ ဟန်ကျွယ်နဲ့ ပတ်သက်တဲ့သူမှန်သမျှ တန်ခိုးထွားခဲ့တာပဲ မဟုတ်ပါလား။
“မင်းက ငါတို့ရဲ့ ဆရာဘိုးဘေးကို ဘယ်လိုလုပ်ပြီး နာမည်တပ်ခေါ်ရဲတာလဲ” ကျိုးမင်ယွဲ့က မ‌ပျော်မရွှင် မေးခွန်းထုတ်လိုက်ပါတယ်။ ကျိုးဖန်က အစွမ်းထက်ပုံ ပေါ်ပေမဲ့ ကျောက်ရွှမ်ယွမ်လောက် မစွမ်းဘူးဆိုတာကို ကျိုးမင်ယွဲ့ ခံစားလို့ရပါတယ်။
ကျောက်ရွှမ်ယွမ်ကလည်း ကျိုးဖန်ရဲ့ စကားကြောင့် မကျေမနပ် ဖြစ်သွားပါတယ်။
ကျိုးဖန်ဟာ ကျောက်ရွှမ်ယွမ်ကို ကြည့်ပြီး တအံတဩ မေးလိုက်ပါတယ် “အစ်ကိုရဲ့ ဆရာသခင်က ဟန်ကျွယ်လား”
“ယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ၊ ငါ့ ဆရာသခင်က မင်းရဲ့ စီနီယာ မဟုတ်တာ ကျနေတာပဲ”
ကျိုးဖန်ဟာ လန့်သွားပါတယ်။ ကျိုးဖန်ဟာ ပဋိပက္ခရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ရဲ့ ဆရာသခင်က ဟန်ကျွယ် ဖြစ်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။ ကျိုးဖန်ဟာ လန့်သွားပြီးနောက် စိတ်လှုပ်ရှားသွားပါတယ်။
“စီနီယာဟန်က ဘယ်လောက်တောင် စွမ်းအားကြီးလဲ”
ကျောက်ရွှမ်ယွမ်ဟာ ကျိုးဖန်ရဲ့ အတွေးကို ထိုးဖောက်မြင်တဲ့အတွက် ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ် “ကံတရား အထောက်အပံ့ဂိုဏ်းတွေထဲက ဘယ်သူရှင်ကျန်ရစ်လဲ”
“ဒါဆို ကျွန်တော်ကို သူ့ဆီ ခေါ်သွားနိုင်မလား၊ ကျွန်တော်နဲ့ သူက ဂိုဏ်းတူတယ်၊ ကျွန်တော်တို့တွေ သိခဲ့တာ သေမျိုးဘဝကတည်က”
ကျောက်ရွှမ်ယွမ်ဟာ ကျိုးဖန်စကားကို ပြန်မဖြေဘဲ စကားလမ်းကြောင်း ပြောလိုက်ပါတယ် “လောကဦးဆန်းကြယ်နယ်မြေ အကြောင်း အရင်ပြောရအောင်၊ ဒီကန့်သတ်စည်းက အတော် အားကောင်းတယ်၊ ငါတို့တွေ ပူးပေါင်းမှ ရလိမ့်မယ်”
“ကောင်းပြီလေ”
ကျိုးဖန်ဟာ ချက်ချင်း သဘောတူလိုက်ပေမဲ့ သူ့အတွေးကတော့ ဟန်ကျွယ်ဆီ ရောက်နေပါပြီ။
နောက်တစ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံးရှေ့ကို လျှောက်သွားပါတယ်။ ဒီအချိန်မှာ ကောင်းကင်ကျောက်တုံးက လှုပ်ရှားနိုင်နေပါပြီ။ ကောင်းကင်ကျောက်တုံး အခုလို အလွန် လျင်မြန်စွာ ကြီးထွားလာတာက တာအိုစက်ကွင်းထဲက ထူထပ်သိပ်သည်းလွန်းတဲ့ ချီစွမ်းအားတွေကြောင့်ပါ။
ဟန်ကျွယ်ကို တွေ့တာနဲ့ ကောင်းကျောက်တုံးဟာ ဂဏန်းလိုမျိုး ပုန်းတာကြောင့် ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားရပါတယ်။ ဒါပေမဲ့လည်း ကောင်းကင်ကျောက်တုံးဟာ ဟန်ကျွယ် မျက်စိကနေ လွတ်အောင် မပုန်းနိုင်ပါဘူး။
ပုန်းနေတဲ့ ကောင်းကင်ကျောက်တုံးဟာ သူ့ရှေ့မှာ ဟန်ကျွယ် ပေါ်လာတာကို တွေ့လိုက်ရတဲ့အတွက် အလန့်ကြီးလန့်ပြီး ဆက်ပုန်းပါတယ်။ ဟန်ကျွယ်ကလည်း ကောင်းကင်ကျောက်တုံးကို အရင်ဆုံး ပုန်းစေပြီး နောက်မှလိုက်ရှာပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံးနဲ့ တူတူပုန်းတမ်း ကစားပါတယ်။ လေးငါးဆယ်ကြိမ် အရောက်မှာတော့ ကောင်းကင်ကျောက်တုံးဟာ မောလာပြီး မြက်တောထဲမှာ ရပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံးရှေ့မှာ မတ်တတ်ရပ်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာလို့ ထပ်မပြေးတော့တာလဲ”
ကောင်းကင်ကျောက်တုံးဟာ တိတ်ဆိတ်နေပါတယ်။
ဟန်ကျွယ်ဟာ ညာလက်မြောက်ပြီး လက်ညိုးညွှန်လိုက်တဲ့အခါ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကျောက်တုံးထဲ ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။ ဒီအလင်းတန်းက ကောင်းကင်ကျောက်တုံးကို စကားပြောတက်အောင် သင်ပေးတဲ့ မှတ်ဉာဏ်တွေပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset