အခန်း (၄၆၄) တိတ်ဆိတ်ဂိုဏ်းသားများ အပြင်ထွက်ကြခြင်း
“အင်း” ချုံရှီလိုင်က ဟန်ကျွယ်စကားကို ပြန်တုံ့ပြန်ပါတယ်။ ဒါပေမဲ့ သူ့စကားကို တကယ် ယုံလား မယုံလားကတော့ ဟန်ကျွယ်လည်း မသိပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကျွန်တော်တပည့်စုချီ…”
ဟန်ကျွယ်ဟာ ချုံရှီလိုင် နားလည်မယ်လို့ ယုံကြည်တဲ့အတွက် စကားဆုံးအောင် မပြောပါဘူး။
ချုံရှီလိုင်က ပြန်ဖြေပါတယ် “သူ့ကို မိုးကောင်းကင် မျိုးနွယ်စုရဲ့ အကျဉ်းထောင်မှာ အကျဉ်းချထားတယ်၊ နှစ်တစ်ရာကြရင် သူ့ကို သေဒဏ်ပေးလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါ သူ့ဝိညာဉ်ကို ကာကွယ်ပြီး မင်းဆီ လာပေးမယ်၊ မင်း သူ့ကို ကောင်းကင်တာအိုနယ်မြေမှာ ပေါ်မလာစေနဲ့၊ မဟုတ်လို့ကတော့ သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူး”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
စုချီမှာ အသက်ဆက်ဖို့ အခွင့်အရေးတစ်ခု ရှိတာကလည်း မဆိုးလှပါဘူး။ စုချီက တကယ်ကို သေဖို့ ထိုက်တန်တဲ့လူပါ။ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားနဲ့ သက်ရှိအားလုံးကို သတ်ဖြတ်ခဲ့လူကိုမှ အပြစ်မပေးရင် ဘယ်သူက တရားမျှတမှုကို ယုံကြည်တော့မှာလဲ။
ချုံရှီလိုင်ဟာ ဘာမှထပ်မပြောတော့ဘဲ အိပ်မက်နယ်မြေထဲက ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ချုံရှီလိုင်က သူ့ကို အရင်တုန်းကလောက် စိတ်မဝင်စားတော့ဘူးလို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့ ဒီလိုခံစားရတာလဲဆိုတော့ ချုံရှီလိုင်က အရင်ကထက် စကားနည်းလာလို့ပါပဲ။
ဒီကိစ္စက ကပ်ဘေးပြီးသွားတာနဲ့ ပတ်သက်ကောင်း ပတ်သက်နိုင်ပါတယ်။ ကြည့်ရတာ ချုံရှီလိုင်က အနန္တကပ်ဘေးမှာ အနိုင်ရလိုက်တဲ့အတွက် တာအိုဘိုးဘေးပြောတဲ့ မသိကိန်းကို ဆက်ပြီးတော့ ဂရုမစိုက်တော့တာ ဖြစ်နိုင်ပါတယ်။
ဒါက ကောင်းတဲ့ကိစ္စမို့ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ချုံရှီလိုင်က သူ့ကို ဂရုမစိုက်လေလေ ဟန်ကျွယ်အတွက် တိတ်တိတ်လေး အင်အားကြီးမားလာဖို့ အခွင့်အရေးရလေလေပါပဲ။ ဒီအတိုင်းဆက်သွားလို့ တစ်ချိန်မှာ ချုံရှီလိုင်က ဟန်ကျွယ် တာအိုပညာရှိ ဖြစ်နေတာကို ရှာတွေ့သွားရင် လုံးဝအံဩသွားမှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးစတွေကို ဖြတ်ထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို ကျင့်စဉ်အရ ဟန်ကျွယ်သာ တာအိုပညာရှိအတု ဖြစ်ချင်တယ်ဆိုရင် မဟာတာအိုကို ဒီထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း နားလည်ဖို့ လိုအပ်ပါတယ်။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကို စုပ်ယူရင်း အန္တိမမူလ မဟာတာအိုကို ဆက်သုံးသပ်ပါတယ်။
သေခြင်းရှင်ခြင်း မဟာတာအိုကိုတော့ ဟန်ကျွယ်ဟာ ဆက်မကျင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ယောက်ကသာ သေခြင်းရှင်ခြင်း မဟာတာအိုကို လေ့ကျင့်ထားရင် နောက်မှ ရောက်လာတဲ့ ဟန်ကျွယ်အနေနဲ့ ရှေ့လူကို ဖိနှိပ်ဖို့ ခက်ခဲလို့ပါပဲ။
အန္တိမမူလ မဟာတာအိုကတော့ ဒီလို မဟုတ်ပါဘူး။ ဟန်ကျွယ် ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာ မလိုဘဲ စိတ်ချလက်ချ ကျင့်ကြံအားထုတ်နိုင်ပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်ဟာ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။ အန္တိမူလ မဟာတာအိုက အလွန်တရာမှ နက်ရှိုင်းသိမ်မွေ့ပါတယ်။ ဒါကြောင့် ဒီတာအိုကို ဖန်တီးထားတဲ့ ဟန်ကျွယ်ကိုယ်တိုင်တောင် သိမြင်နားလည်ဖို့ အချိန်အများကြီး ယူရမှာပါ။
မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာ ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ စုချီနဲ့ ပတ်သက်တဲ့ စာတစ်စောင်ကို လက်ခံရရှိလိုက်ပါတယ်။
[သင့်တပည့် စုချီသည် မိုးကောင်းကင် မျိုးနွယ်စု၏ အပြစ်ပေးမှုကြောင့် သေဆုံးသွားသော်လည်း ကံကောင်းထောက်မစွာ သူ့ဝိညာဉ်မှာ တာအိုပညာရှိတစ်ပါး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် ‘ချုံရှီလိုင်က တစ်ခုခု ကြံစည်နေပုံပေါ်ပေမဲ့ သူ့ကတိကိုတော့ တည်သားပဲ’
ဒီအတောအတွင်း ဟန်ကျွယ်ရဲ့ စာအိတ်ဟာ ပြန်ပြီးတော့ သက်ဝင်လှုပ်ရှားလာပါတယ်။ စာစောင်အများစုက မိုးကောင်းကင်မျိုးနွယ်စုမှာရှိတဲ့ ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေ အခွင့်အရေးရတဲ့ အကြောင်းပါ။
ကောင်းကင်တာအိုအောက်က သက်ရှိအားလုံးနီးပါး သေဆုံးသွားတဲ့အတွက် ရတနာအများကြီးဟာ ပိုင်ရှင်မဲ့ ဖြစ်ကုန်ပါတယ်။ ဒီရတနာတွေက ကပ်ဘေးမှာ ရှင်ကျန်ရစ်ခဲ့တဲ့လူတွေအတွက် တကယ့် အခွင့်အရေးကြီးပါ။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး တပည့်တွေကို စုဝေးခိုင်းပါတယ်။ တပည့်တွေ စုံညီတဲ့အခါ ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းတို့ အပြင်ထွက်ချင်ကြလား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် တပည့်တွေဟာ တအံတဩ ဖြစ်သွားပါတယ်။ ဘယ်သူမှ ဟန်ကျွယ်မေးခွန်းကို အဖြေမပေးကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တပည့်တွေက ဟန်ကျွယ် သူတို့ကို စမ်းနေတယ်လို့ ထင်နေတာကြောင့်ပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကောင်းကင်တာအို ပြန်စခါဆိုတော့ ပိုင်ရှင်မဲ့ရတနာတွေ အများကြီးပဲ၊ မင်းတို့ လိုချင်ရင် လိုက်စုဆောင်းလို့ရတယ်၊ မင်းတို့ စုဆောင်းလို့ရတာက မင်းတို့ဟာပဲ၊ သဘာဝရတနာတွေ့ရင်တောင် ပြန်ယူလာပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ စိုက်ပျိုးရမယ်”
“အဲဒီ ခန္ဓာအစိတ်အပိုင်း အကြီးကြီးတွေကို တွေ့ရင် ရှောင်လွှဲသွားချည်၊ အဲဒီအစိတ်အပိုင်းတွေက ကျိန်စာပစ္စည်းတွေ ဖြစ်နေပြီ၊ သူတို့က မင်းတို့ရဲ့ ခန္ဓာကိုယ်တောင် အပိုင်သိမ်းနိုင်တယ်”
လူတိုင်းရဲ့ မျက်လုံးဟာ အရောင်တောက်သွားကြပါတယ်။ သူတို့တွေမှာလည်း ဒီလိုအတွေးရှိတာ ကြာပါပြီ။ ဒါပေမဲ့ ဟန်ကျွယ် သဘောမတူမှာကို စိုးရိမ်တဲ့အတွက် ဘယ်သူ့မှ ဘာမှ မပြောတာပါ။ ကျောက်ရွှမ်ယွမ်၊ တာအိုအရှင်သခင်၊ ကျန်းယီ၊ မုရုံချီ၊ ရွှင်ချန်အန်းနဲ့ တခြားလူတွေဟာ ထွက်သွားဖို့ တောင်းဆိုပါတယ်။
ဟန်ကျွယ်ဟာ သဘောတူလိုက်ပါတယ်။
နောက်ဆုံးမှာတော့ ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေး၊ လီယောင်ပဲ ကျန်နေခဲ့ပါတယ်။ အမြဲတမ်း ဂူအောင်းကျင့်ကြံနေတဲ့ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတောင် အပြင်ထွက်ကြပါတယ်။
ဝူတောက်ကျန့်ဟာ ပထမဆုံးအကြိမ် အပြင်ထွက်ဖူးတာမို့ စိတ်လှုပ်ရှားနေသလို ရင်လည်း နည်းနည်း ခုန်နေပါတယ်။ ဒါပေမဲ့ အဖော် အများကြီး ပါတာကြောင့် သိပ်တော့ မစိုးရိမ်ပါဘူး။ ဟန်ကျွယ်က သူတို့ကို တစ်ယောက်တည်း လျှောက်သွားဖို့ တားမြစ်ထားပြီး အနည်းဆုံး သုံးယောက်တစ်ဖွဲ့သွားဖို့ အမိန့်ထုတ်ထားတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပဋိပက္ခ ကောင်းကင်ခွေးကို ကြည့်ပြီး စလိုက်ပါတယ် “မင်း ဘာလို့ အပြင်မထွက်တာလဲ”
ပဋိပက္ခ ကောင်းကင်ခွေးဟာ ကြောက်လန့်တကြား ခေါင်းခါလိုက်ပါတယ် “မထွက်ဘူး၊ မထွက်ဘူး… သေရင်တောင် အပြင်မထွက်ဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ကြည့်ရတာ လီရွှမ်အောက်ပေးလိုက်တဲ့ ဒဏ်ရာက ပဋိပက္ခကောင်းကင်ခွေးကို သေရာပါသွားစေပုံပါပဲ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ လီရွှမ်အောက်နဲ့ လီတောက်ခုံးကို တွေးမိလိုက်ပါတယ်။ ဒီနှစ်တွေမှာ သူတို့နှစ်ယောက် အကြောင်း မကြားရတာ အတော်ကြာပါပြီ။ ဒါပေမဲ့ လီရွှမ်အောက်က မကြာသေးခင်ကမှ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်ထားတာဆိုတော့ တစ်နေရာရာမှာ ဂူအောင်းကျင့်ကြံနေတာ သေချာပါတယ်။
ငရဲကြနက်ဟာ ပြုံလိုက်ပါတယ် “ငါ့သားတောင် တော်တော် တိုးတက်လာပြီပဲ”
ပဋိပက္ခ ကောင်းကင်ခွေးဟာ ခပ်ထေထေသာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ဘက်လှည့်ပြီး မေးလိုက်ပါတယ် “မင်းကရော ဘာလို့ အပြင်မထွက်တာလဲ၊ မင်းရဲ့ အရည်အချင်းက သိပ်မဆိုးပေမဲ့ ရတနာက သိပ်ရှိတာ မဟုတ်ဘူး”
လီယောင်ဟာ ခေါင်းခါလိုက်ပါတယ် “ရတနာဆိုတာက ပြင်ပစ္စည်းပဲ၊ ကျွန်မက ကိုယ့်အစွမ်းအစကိုပဲ ယုံကြည်တယ်”
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲပြန်ပြီး ဆက်ကျင့်ကြံပါတယ်။
ငါးနှစ်ကြာတဲ့အခါမှာတော့ ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အိပ်မက်ပေးပြီး စုချီရဲ့ ဝိညာဉ်ကို ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ လာယူဖို့ ပြောပါတယ်။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က ကောင်းကင်တာအို ထိန်းချုပ်မှု လွတ်ကင်းတဲ့ နေရာပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ ကိုယ်တိုင်မသွားဘဲ ကောင်းကင်ရုပ်သေးရုပ်ကို လွှတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအား သွတ်သွင်းပြီးနောက်မှာ ကောင်းကင်ရုပ်သေးရုပ်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်သွားတဲ့အတွက် ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ပျံသွားဖို့ မခက်ခဲပါဘူး။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ကောင်းကင်ရုပ်သေးရုပ်ဟာ စုချီရဲ့ ဝိညာဉ်နဲ ပြန်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ စုချီရဲ့ ဝိညာဉ်ကို ရတာနဲ့ ကြယ်ပင်လယ်ထည့်ပြီး ကြယ်တစ်လုံးမှာ ဖိနှိပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စုချီ ပြန်ဝင်စားလို့ရတဲ့ အချိန်ကောင်းကိုရောက်မှာ စုချီကို လွှတ်ပေးမှာပါ။
တာအိုဘုံကျောင်းထဲမှာ ဟန်ကျွယ်တစ်ယောက်တည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ထူးဆန်းက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ လျှောက်သွားပြီး တစ်ခါတစ်လေမှ တာအိုဘုံကျောင်းကို ပြန်လာလို့ပါပဲ။ ဒါပေမဲ့ နတ်ထူးဆန်းဟာ သူ့စွမ်းအားကို ထိန်းချုပ်နိုင်နေပြီမို့ တိတ်ဆိတ်ဂိုဏ်းသားတွေကို အန္တရာယ်ဖြစ်စေမှာတော့ မစိုးရိမ်ရပါဘူး။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို တာအိုစက်ကွင်းအတွင်းမှာ ကြိုက်သလို သွားလာခွင့် ပေးထားတာပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာ စတိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တာအိုစက်ကွင်းက လွှမ်းမိုးထားတဲ့အပြင် တာအိုဘုံကျောင်းမှာလည်း စနစ်ရဲ့ အရံအတား ရှိပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒုတိယလူတစ်ယောက်က သူကျိန်စာတိုက်တာကို ရှာတွေ့သွားမှာ မစိုးရိမ်ပါဘူး။
ဒီလောက် နှစ်တွေအကြာကြီးမှာ ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ဖို့ ဘယ်တော့မှ မမေ့ပါဘူး။ ဆယ်နှစ်တိုင်း ကျိန်စာတိုက်ပါတယ်။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နှစ် ၃၀၀ ကုန်ဆုံးသွားပါတယ်။
ချီလင်ဥတွေထဲက ဥတစ်ဥဟာ နောက်ဆုံးတော့ အကောင်ပေါက်လာပါတယ်။ ဟန်ကျွယ်ဟာ ချီလင်ဥတွေကို ဂရုစိုက်ဖို့ သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွား လျူပေ့ကို တာဝန်ပေးထားတဲ့အတွက် လျူပေ့ဟာ ချီလင်ပေါက်လေး အကောင်ပေါက်လာတာနဲ့ ဟန်ကျွယ်ကို သတင်းပို့ပါတယ်။
ဟန်ကျွယ်ဟာ အသံလွှင့်ပြီး ချီလင်ပေါက်စလေးကို ဂရုစိုက်ဖို့ လျူပေ့ကို ထပ်ပြီးတော့ တာဝန်ပေးလိုက်ပါတယ်။
လျူပေ့ဟာ ဒီကိစ္စအတွက် ပျော်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချီလင်မျိုးနွယ်စုက သူတို့ကို ကျွေးမွေးပြုစုစောင့်ရှောက်တဲ့ သူ့စကားကို အနာဂတ်မှာ နားထောင်နိုင်ချေ ရှိလို့ပါပဲ။ အဲဒီအချိန်ကျရင် လျူပေ့က တိတ်ဆိတ်ဂိုဏ်းမှာ စကားပြောနိုင်တဲ့ နေရာတစ်နေရာကို ရနိုင်မှာပါ။
လျူပေ့ဟာ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဆိုပေမဲ့ ကိုယ်ပိုင်အတွေး ရှိပါတယ်။ ဟန်ကျွယ်ကို ဘယ်တော့မှ သစ္စာမဖောက်တာကလွဲရင် သူလည်း လူသားပါပဲ။
ဒီလောက်နှစ်တွေ ကြာပေမဲ့ အပြင်ထွက်သွားတဲ့ တိတ်ဆိတ်ဂိုဏ်သားတွေဟာ တစ်ခါမှ ပြန်မလာသေးပါဘူး။ ကြည့်ရတာ သူတို့တွေ ရတနာစုလို့ မဝသေးဘူးနဲ့ တူပါတယ်။ ကျိန်းသေတာတစ်ခုကတော့ သူတို့တွေ တစ်ယောက်မှ ဒဏ်ရာ မရသေးတာပါပဲ။
ဟန်ကျွယ်ဟာ တာအိုပညာရှိအတုဖြစ်ဖို့ အတော်လိုသေးပေမဲ့ အလျင်မလိုပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်အတွက် အပေါဆုံးက အချိန် မဟုတ်ပါလား။
ဒီနေ့မှာတော့ ဟန်ကျွယ်ရဲ့ ကောင်းကင်တာအိုတိုကင်ဟာ ထပ်ပြီးတော့ လှုပ်ရှားလာပါတယ်။ ဟန်ကျွယ်လည်း ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး နတ်အာရုံချင်း ချိတ်ဆက်လိုက်ပါတယ်။
“ဆရာဘိုးဘိုး…” ဖန်းလျန်က တလေးတစား ခေါ်လိုက်ပါတယ်။
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်း အသက်ရှင်နေသေးတာပဲ”
ဟန်ကျွယ်ဟာ ဖန်းလျန် အသက်ရှင်နေမှန်း မသိတာ မဟုတ်ပါဘူး။ တမင်သက်သက် စနောက်လိုက်တာပါ။
ဖန်းလျန်ဟာ ကသိကအောက် ဖြစ်သွားပါတယ် “အဟွတ်..အဟွတ်… နောက်ဆုံးတော့ ကျွန်တော်တို့ ဖြတ်ကျော်နိုင်ခဲ့တယ်၊အခုဆိုရင် ကောင်းကင်တာအိုက မိုးကောင်းကင်မျိုးနွယ်စုကို ကောင်းကင်တာအို မျိုးနွယ်စုအဖြစ် လက်ခံထားတယ်၊ မိုးကောင်းကင် မျိုးနွယ်စုရဲ့ ခေါင်းဆောင်က ဂျိရှင်းရှန်၊ ဆရာဘိုးဘိုး အင်မော်တယ်ကမ္ဘာကို ပြန်လာလို့ရပြီ၊ ဒီမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး”
“ငါက ပြန်ရောက်နေတာ ကြာပြီ”
“အို ဟုတ်လား၊ ဘယ်နေရာမှာလဲ၊ ကျွန်တော် လာလည်လို့ရမလား”
“အခုလောလောဆယ်တော့ ဘယ်နေရာမှာလဲဆိုတာ ပြောလို့မရသေးဘူး၊ တခြားကိစ္စ ရှိသေးလား” ဟန်ကျွယ်ဟာ သတိကြီးသူမို့ သူ့မြေးတပည့်ဖြစ်လဲ ၁၀၀ ရာခိုင်နှုန်း မယုံကြည်ပါဘူး။
“ကောင်းကင်တာအို ပြန်စပြီဆိုတော့ ကျွန်တော် တိတ်ဆိတ်ဂိုဏ်းသားတွေကို ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်နတ်ဘုရားလုပ်ဖို့ ဖိတ်ခေါ်ချင်လို့ပါ၊ ဒီလိုဆို သူတို့တွေ အနာဂတ်မှာ မိုးကောင်းကင် မျိုးနွယ်စုဝင် ဖြစ်လာဖို့ အခွင့်အရေးရှိတယ်၊ ဒါဆို နောက် အနန္တကပ်ဘေး လေးငါးခုလောက်ကို စိုးရိမ်စရာ မလိုတော့ဘူး”
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ စကားကြောင့် မျက်ခုံး ပင့်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်ရဲ့စကားကနေ ကောင်းကင်ရုံးတော်က မိုးကောင်းကင်မျိုးနွယ်စုရဲ့ လက်အောက်ခံ ဖြစ်နေပြီဆိုတာကို မှန်းဆမိလိုက်လို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 464
? Views, Released on December 8, 2024