Switch Mode

Chapter – 461

အခန်း (၄၆၁) ခြေရာမဲ့လေပြေ ကြာပန်း
မဟာတာအိုကို ဆယ်နှစ်ကျော် သုံးသပ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင် မဟာတာအိုကို ဖန်တီးနိုင်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင် မဟာတာအိုကို သုံးသပ်နားလည်ရင်း ခန္ဓာကိုယ်ရဲ့ရောင်ဝါဟာ ပြောင်းလဲလာပါတယ်။ အနက်ရောင် အငွေ့အသက်တစ်ခုက ဟန်ကျွယ် ခန္ဓာကိုယ်ကို ရစ်ပတ်လာတဲ့အတွက် နတ်ထူးဆန်းဟာ အကြောက်ကြီး ကြောက်သွားပြီး ဟန်ကျွယ့်အနား မကပ်ရဲတော့ဘဲ အဝေးထောင့်တစ်နေရာမှာ ခိုက်ခိုက်တုန်နေပါတယ်။
တစ်ချိန်တည်းမှာပဲ အမှောင်ထုတစ်နေရာမှာ အလင်းလုံးတစ်လုံး ပေါ်လာပြီး တဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ အမှောင်ထုထဲမှာ ရုပ်သွင်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပြီး အလင်းလုံးကို အဝေးကနေ လှမ်းကြည့်ကြပါတယ်။
“မဟာတာအို အသစ်ပါလား”
“ငါ တွက်ကြည့်လို့မရဘူး၊ ဒီမဟာတာအိုကို ဘယ်သူ ဖန်တီးတာလဲ မသိဘူး”
“သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ မဟာတာအိုထင်တယ်”
“ဒီမဟာတာအိုကနေ သူ့ကိုယ်ပိုင်နိယာမနဲ့ သက်ရှိတွေ မွေးဖွားလာဖို့ လောကဦးတွေ့ဆုံပွဲ လေးငါးဆယ်ကြိမ်လောက် ကြာအောင် စောင့်ကြည့်ရအုန်းမှာ”
“မင်းတို့က ဒီမဟာတာအိုကို လိုချင်နေတာလား၊ တကယ်လို့ ဒီမဟာတာအိုကို ကျင့်ကြံသူတစ်ဦးဦးက ဖန်တီးထားတာဆိုရင် မင်းတို့ ကြိုးစားသမျှက သဲထဲရေသွန်ရုံပဲ”
“စောင့်ကြည့်ကြတာပေါ့”
ဟန်ကျွယ်ဟာ သူဖန်တီးလိုက်တဲ့ မဟာတာအိုကြောင့် အမှောင်ထုတစ်နေရာမှာ ဖန်တီးမှုတစ်ခု ဖြစ်ပေါ်လာတာကို မသိပါဘူး။
ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ထဲမှာရှိနေတဲ့ မဟာတာအို စွမ်းအားအသစ်ကို ခံစားနိုင်ပါတယ်။ ဒီမဟာတာအိုစွမ်းအားက မြူခိုးနက်လို ပုံစံရှိပြီး ကြယ်ပင်လယ်ရဲ့ အစွန်းတစ်နေရာမှာ ရှိနေတာပါ။
ဒီမဟာတာအိုက ဟန်ကျွယ် လေ့ကျင့်ပြီးဖြစ်တဲ့ နတ်ဘီလူးရှစ်ပါးရဲ့ လက္ခဏာတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
ကောင်းကင်နက္ခတ် နတ်ဘီလူး၊ ကျို့ယင် နတ်ဘီလူး၊ ဖုန်းယောင် နတ်ဘီလူး၊ အရိပ်လွှမ်းမိုး နတ်ဘီလူး၊ ဟင်းလင်းပြင် နတ်ဘီလူး၊ ရဲရဲတောက် နတ်ဘီလူး၊ ရော့‌ရွှေ နတ်ဘီလူး၊ အမှောင်ထု နတ်ဘီလူး။
အနာဂတ်မှာ ဟန်ကျွယ်ဟာ တခြားနတ်ဘီလူးဓမ္မရုပ်တုတွေကို တက်မြောက်လာရင်လည်း ဒီမဟာတာအိုအသစ်ထဲ ဖန်တီးမှုအသစ်တွေ ထပ်ပြီးတော့ ပေါင်းထည့်မှာပါ။ ဒီလိုဆိုရင် ဟန်ကျွယ်ရဲ့ မဟာတာအိုက တခြားမဟာတာအိုတွေရဲ့ ထူးခြားတဲ့ အသွင်အပြင် လက္ခဏာတွေ ပေါင်းစပ်ထားတာကြောင့် အသန်မာဆုံးနဲ့ အလားအလာအရှိဆုံး မဟာတာအိုတစ်ပါး ဖြစ်လာမှာပါ။
“ဒီမဟာတာအိုကို အန္တိမမူလ မဟာတာအိုလိုခေါ်မယ်” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
အန္တိမက မဟာတာအိုသုံးထောင်ရဲ့ ကန့်သတ်ချက်ကို ရည်ညွှန်းပြီး မူလကတော့ မဟာတာအိုသုံးထောင်ရဲ့ ရင်းမြစ်လို့ ဆိုလိုချင်တာပါ။
မဟာတာအိုသုံးထောင်ကို ပေါင်းစပ်ပြီးရင်လည်း ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင် မဟာတာအိုသုံးထောင်ကို ဖန်တီးနိုင်မှာပါ။
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုက သူ နာမည်ပေးတာကို လက်ခံတယ်လို့ ခံစားလိုက်ရပါတယ်။
[ပထမဆုံးအကြိမ် မဟာတာအိုကို ဖန်တီးခြင်း ဖြစ်သည့်အတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ တာအိုအား ဟောကြားဖြန့်ဝေပြီး သက်ရှိအားလုံးအား အန္တိမမူလ မဟာတာအိုအား ကျင့်ကြံစေပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ အန္တိမမူလ မဟာတာအို၏ တည်ရှိမှုအား ထုတ်မပြပါနှင့်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာ တစ်ပါးအား ရရှိမည်။]
‘ငါက နာမည်တောင် မကြီးချင်တာ ဘာလို့ တာအိုဟောရမှာလဲ’ ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
အန္တိမူလ မဟာတာအိုသာ ပျံ့နှံ့သွားရင် ကောင်းကင်တာအိုပညာရှိတွေသာမက မဟာတာအို စိတ်ဝိညာဉ်တွေနဲ့ တာအိုဖြတ်ကျော် ဆရာကြီးတွေ အာရုံစိုက်တာကို ခံရမှာပါ။ ဟန်ကျွယ်က ဒီလောက်ထိတော့ မတုံးသေးပါဘူး။
[သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့၍ မဟာတာအိုအပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ခြေရာမဲ့‌လေပြေ ကြာပန်းကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ခြေရာမဲ့လေပြေ ကြာပန်း: ရှန်တျန်စိတ်ဝိညာဉ် ရတနာ၊ မြေကြီးထဲတွင်ရှိပါက ခြေရာကောက်ရန် ခက်ခဲပြီး ကြာစေ့ ဘီလီယံချီအား ဖြန့်ကျက်ကာ အဆုံးမဲ့သော ရှန်တျန်ချီအား ထုတ်လွှတ်နိုင်သည်။]
‘မဆိုးဘူး… ငါ ဒီကြာပန်းကို တိတ်ဆိတ်ကျွန်းအပြင်မှာ စိုက်ရမယ်၊ ဒါမှ တာအိုစက်ကွင်း အပြင်ဘက်မှာ ရှန်တျန်ချီ တိုးလာမှာ’
တာအိုစက်ကွင်း အတွင်းမှာတော့ ရှန်တျန်ချီက ထပ်တိုးစရာ မလိုလောက်အောင် သိပ်သည်းနေပါပြီ။

ဟန်ကျွယ်ဟာ ကျင့်ကြံဖို့အတွက် စိတ်ဝိညာဉ်ချီနဲ့ ရှန်တျန်ချီကို ထပ်ပြီးတော့ မလိုအပ်တော့ပါဘူး။ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကို စုပ်ယူတာနဲ့တင် လုံလောက်နေပါပြီ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တိတ်ဆိတ်ကျွန်းထဲကနေ ခုန်ထွက်လိုက်ပါတယ်။ အပြင်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တွေက တော်တော်လေး ကျဲနေတာကို တွေ့သွားပါတယ်။ တချို့နေရာတွေမှာတော့ သစ်ပင်တွေအစား နန်းတော်တွေ ဘုံကျောင်းတွေက နေရာယူထားကြပါတယ်။ ကြည့်ရတာ တိတ်ဆိတ်ဂိုဏ်းသားတွေနဲ့ ရှကျဲ့မျိုးနွယ်စုက နေစရာနေရာ ရှာတွေ့သွားကြပုံပါပဲ။
ဟန်ကျွယ်ဟာ ခြေရာမဲ့လေပြေ ကြာပန်းကို ထုတ်ယူလိုက်ပါတယ်။ စနစ်က ပေးထားတဲ့ ဒီကြာပန်းရဲ့ အစေ့က မြေပဲစေ့တစ်စေ့စာပဲ ရှိပါတယ်။ ဟန်ကျွယ်ဟာ ခြေရာမဲ့လေပြေ ကြာစေ့ကို မြေကြီးပေါ် လွှင့်ပစ်လိုက်တဲ့အခါ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကြာစေ့က ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ မြေကြီးကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့ ခြေရာမဲ့လေပြေ ကြာစေ့က လျင်မြန်စွာ အစေ့တွေ ခွဲထုတ်နေတာကို တွေ့လိုက်ရပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် လုပ်ရမှာက ခြေရာမဲ့လေပြေ ကြာပန်း ကြီးထွားလာတာကို စိတ်ရှည်ရှည်စောင့်ဖို့ပဲ ကျန်ပါတော့တယ်။
ဟန်ကျွယ်ဟာ သူ့ရောင်ဝါကို ဖုံးကွယ်ထားတာကနေ ပြန်ဖော်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စနစ်ရဲ့ လုပ်ဆောင်ချက်ကိုသုံးပြီး သူ့ကျင့်ကြံမှုကို အင်မော်တယ်ဧကရာဇ် ပထမအဆင့်အထိ ဖိနှိပ်လိုက်ပါတယ်။
မကြာခင်မှာပဲ တိတ်ဆိတ်ဂိုဏ်းတပည့်တွေ စုစည်းလာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတောင် ရောက်လာပါတယ်။
တိတ်ဆိတ်ဂိုဏ်းတပည့်တွေကတော့ ရွှင်ချန်အန်း၊ ဝူတောက်ကျန့်၊ လီယောင်၊ ထူလင်းအာ၊ ကျောက်ရွှမ်ယွမ်၊ တာအိုအရှင်သခင်၊ ကျန်းယီ၊ ဟန်ညီအစ်ကိုရှစ်ဖော်၊ ငရဲကြက်နက်၊ ပဋိပက္ခကောင်းကင်ခွေး၊ ချူရှီရန်၊ မုရုံချီ၊ စန့်ရှီ၊ လွီဟွာရွှီ၊ ကျိုးမင်ယွဲ့နဲ့ တခြားလူတွေ ဖြစ်ပါတယ်။
ဘယ်သူကမှ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ် ပထမအဆင့်ပဲ ရှိတယ်ဆိုတာကို မယုံကြည်ကြပါဘူး။
ကျန်းယီဟာ ဟန်ကျွယ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာကို ပြန်တွေးမိပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ထပ်လိမ်ချင်သေးတာလား၊ ဘယ်သူ့မှလည်း မရှိတော့ဘဲနဲ့၊ ဘယ်သူ့ကို လိမ်ဖို့ ကြိုးစားနေတာလဲ’
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းတို့တွေ ဒီနေရာကို သိလား”
မုရုံချီက ပထမဆုံး ဖြေပါတယ် “ကျွန်တော် ကြားတာတော့ ဒီနေရာက ချီလင်မျိုးနွယ်စုရဲ့ နယ်မြေ ဖြစ်ခဲ့ဖူးတယ်၊ စိတ်ဝိညာဉ်ချီလည်း ပေါကြွယ်ဝယ်တယ်ဆိုတော့ ကျင့်ကြံဖို့ မခက်ဘူး၊ ဆရာဘိုးဘိုး… ဒီနေရာကို နာမည်ပေးလိုက်ပါလား”
တခြားသူတွေကလည်း သဘောတူကြပါတယ်။ နာမည်မရှိရင် မပြည့်စုံဘဲ သူတို့တွေဟာ နာမည် မပေးရဲကြပါဘူး။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်”
“ဘာအဓိပ္ပာယ်လဲ” ကျန်းယီက မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီကို တစ်ချက်ကြည့်ပြီး ပြန်ဖြေပါတယ် “ဘာအဓိပ္ပာယ်မှ မရှိဘူး”
ကျန်းယီဟာ မှင်သက်သွားပြီး ဆက်မေးဖို့ ပြင်လိုက်စဉ်မှာပဲ ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “တပည့်တွေက ဆရာသခင်ပြောတဲ့အတိုင်း လုပ်ရမှာလေ၊ ကျန်းယီ… မင်းက ဘာလဲ၊ သခင်စကားကို နားမထောင်တာလား”
“သခင်… ဒီကျန်းယီကို နှစ်တစ်ရာ ဒူး‌ထောက်ခိုင်းပြီး ကျွန်တော်မှားတယ်လို့ ပြောခိုင်းပါ”
ကျန်းယီဟာ အမျက်ထွက်သွားပါတယ် ‘ဒီခွေးမသာ ကြက်ကတော့ ကလိမ်ကကျစ်ကျပြီ’
ဟန်ကျွယ်ဟာ ငရဲကြက်နက်စကားကို ဂရုမစိုက်ပါဘူး “အနာဂတ်မှာ မင်းတို့တွေ တိတ်ဆိတ်ကျွန်းအနားမှာပဲ နေကြ၊ ပြဿနာတစ်ခုခုရှိရင် ငါ့ကို အချိန်မရွေး ခေါ်လို့ရတယ်၊ ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအကုန်လုံးနီးပါး သေသွားတာဆိုတော့ ရှင်ကျန်ရစ်တဲ့လူတွေက နတ်မင်းအဆင့်ထက် လွန်တာချည်းပဲ၊ မင်းတို့တွေ သူတို့နဲ့ ရင်ဆိုင်ရရင် သတိကြီးကြီးထား၊ ငါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို စောင့်ကြပ်ဖို့ လွီပုနဲ့ မာချောင်ကို တာဝန်ပေးလိုက်မယ်”
“ငါ ခွင့်ပြုချက်မရဘဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ မထွက်နဲ့၊ အေးအေးဆေးဆေး ကျင့်ကြံကြ၊ ကောင်းကင်တာအိုရဲ့ သက်ရှိအသစ်တွေ ပေါ်လာရင် မင်းတို့က ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေပဲ၊ ဒါက ကပ်ဘေးပြီးတဲ့အချိန် အကြီးမားဆုံး အခွင့်အရေးပဲ”
ဟန်ကျွယ်ရဲ့ စကားကို ကြားရတဲ့အခါမှာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဆီကနေ တုံ့ပြန်ချက်မျိုးစုံ ထွက်လာပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ဒီအခြေအနေကို ခန့်မှန်းထားပြီး ဖြစ်ပေမဲ့ ဟန်ကျွယ်ဆီက ကြားလိုက်ရတဲ့အခါမှာ မတုန်လှုပ်ဘဲ မနေနိုင်ပါဘူး။
ကျန်းယီက မေးလိုက်ပါတယ် “နတ်ရွှေကျီးကန်း မျိုးနွယ်စုကရော မျိုးတုံးသွားပြီလား”
“ကောင်းကင်ဘဝဂ် ကျင့်ကြံသူတွေတော့ အသက်ရှင်လောက်သေးတယ်”
ဟန်ကျွယ်ရဲ့ အဖြေကြောင့် ကျောက်ရွှမ်ယွမ်ရဲ့ မျက်နှာဟာ သွေးမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူသားမျိုးနွယ်စုကမှ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ သိပ်မရှိလို့ပါပဲ။
နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာလည်း တစ်စုံတစ်ခုကို တွေးမိပြီး မျက်နှာညိုးကျသွားပါတယ်။
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာရဲ့ မျက်နှာအမူအရာကို သတိထားမိပါတယ် “ကြက်သွေးရောင် တိမ်ကမ္ဘာကို ငါ ကာကွယ်ထားတယ်၊ အခု ထုန်ကျန့်ကမ္ဘာလို့ခေါ်တယ်”
လွီဟွာရွှီက ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်တော်က ထုန်ကျန့်ကမ္ဘာကနေ လာတာ၊ ထုန်ကျန့်ကမ္ဘာက ဟင်းလင်းပြင်ထဲမှာ မဟုတ်ဘူး၊ ဘုံပျံတက်သူအချို့ ပြောတာတော့ ထုန်ကျန့်ကမ္ဘာကနေ ထွက်ခွာတာနဲ့ ကြောက်ဖို့ကောင်းတဲ့ မြူခိုးတွေကို ရင်ဆိုင်ရတယ်တဲ့”
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာ အကြောင်းနဲ့ ပတ်သက်ပြီး အများကြီး မပြောပါဘူး။
ဘုံပျံတက်တာကိစ္စနဲ့ ပတ်သက်ရင် ဟန်ကျွယ်ဟာ တစ်ခါမှ ဘုံပျံမတက်ရသေးပါဘူး။ ဟန်ကျွယ်ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ဆိုရင် ဘုံပျံတက်တာက ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ တကယ်တော့ ဘုံပျံတက်တာက အဆင့်နိမ့်လောကက ကျင့်ကြံသူတွေကိုပဲ ကျင့်ကြံမှုတိုးအောင် ကူညီနိုင်တာပါ။
ဘုံပျံတက်ပြီး တာအိုပညာရှိအတု ဖြစ်မယ်ဆိုရင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေက ဘုံပျံတက်ဖို့ နည်းလမ်းရှာတာ ကြာပါပြီ။
“ဆရာသခင်… ကျွန်တော်တို့တွေ ကောင်းကင်တာအိုရဲ့ ပထမဆုံး သက်ရှိတွေကို တာအိုဟောကြားရင် အနန္တကုသိုလ်ကံကို ရနိုင်တယ်၊ နောက်ပြီး တာအိုပညာရှိဖြစ်ဖို့ အခွင့်အရေးတောင် ရနိုင်တယ်” ကျောက်ရွှမ်ယွမ်ရဲ့ မျက်လုံးတွေဟာ တောက်ပလာပါတယ်။
တခြားသူတွေလည်း စိတ်လှုပ်ရှားသွားကြပါတယ်။ သူတို့တွေဟာ တာအိုပညာရှိတွေရဲ့ ဒဏ္ဍာရီတွေကို ကြားဖူးပါတယ်။ တာအိုပညာရှိတွေကို ကောင်းကင်တာအိုပညာရှိတွေလို့ ခေါ်ရတဲ့ အကြောင်းရင်းက ကောင်းကင်တာအိုအောက်က သက်ရှိတွေကို အများကြီး အကျိုးပြုခဲ့လို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset