Switch Mode

Chapter – 424

အခန်း (၄၂၄) ဖန်တီးရှင် ကျောက်စိမ်းပြား အပျက်အစီး
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၉ ဘုံမြောက်မှာ ဘာဖြစ်လို့ ညဖြစ်နေတာလဲဆိုတာကို စဉ်းစားနေတုန်းမှာပဲ ကောင်းကင်ဧကရာဇ်က ရုတ်တရက် မတ်တတ်ရပ်ပြီး ဟားတိုက်ရယ်မောလိုက်ပါတယ် “မင်းရောက်လာမှတော့ ဘာလို့ ကိုယ်ထင်မပြတာလဲ၊ ငါ့ကို ကြောက်နေတာလား”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပါတယ် ‘ကပ်ဘေးရဲ့ ရလဒ်က ထပ်ပြောင်းသွားပြီလား၊ ဒီတစ်ခါ ဘယ်သူပေါ်လာအုန်းမှာလဲ’
ဟန်ကျွယ် သိတဲ့လူ ပေါ်လာရင် ကိစ္စမရှိပါဘူး။ သူမသိတဲ့လူ ပေါ်လာမှာကို ဟန်ကျွယ်က စိုးရိမ်နေတာပါ။
အနန္တကမ္ဘာမှာ မရေမတွက်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိကြပြီး အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ရေတွက်လို့ မရပါဘူး။ ဟန်ကျွယ်ဟာ အမြဲတမ်း ဂူအောင်း ကျင့်ကြံနေတာမို့ အင်မော်တယ်ကမ္ဘာနဲ့ ကောင်းကင်တာအိုကို နားမလည်ပါဘူး။
နတ်ဘုရားခန်းမရဲ့ ရှေ့မှာ မီးလျှံတစ်ခု ပေါ်လာပြီး မီးလျှံတွေ လွှင့်ပါးပျောက်ကွယ်သွားတဲ့ အခါမှာတော့ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ဒီရုပ်သွင်ကို သေချာစိုက်ကြည့်လိုက်ပါတယ်။ ဒီရုပ်သွင်ဟာ အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး နောက်ကျောမှာလည်း ဝတ်ရုံတစ်ခု ဆင်မြန်းထားပါတယ်။ သူ့ဆံပင်တွေဟာ ရှုပ်ပွနေပြီး သတ်ဖြတ်ငွေ့တွေ ဖြာထွက်နေတာကြောင့် ငရဲကိုးထပ်က ကြောက်မက်ဖွယ် စစ်သူကြီးတစ်ပါးလိုပါပဲ။
ဟန်ကျွယ်ဟာ ကြည့်ရင်းကြည့်ရင်း ဒီရုပ်သွင်နဲ့ တရင်းတနှီးရှိတယ်လို့ ခံစားလာရပါတယ်။
‘ဟင်… ဒီကောင်က ကျိုးဖန်ပါလား…’
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။
‘ကပ်ဘေးပြီးတာနဲ့ ကျိုးဖန်က ဒီလောက်တောင် စွမ်းအားကြီးနေပြီလား၊ သူ့ရောင်ဝါက ဇုထူထက် မနိမ့်ဘူး’
ကောင်းကင်ဧကရာဇ်ဟာ အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ် “မင်းက တာအိုပညာရှိရဲ့ အကာကွယ်ကို ရရှိထားတဲ့ ဓမ္မကိုယ်ပွားသာ မဟုတ်ရင် ငါ့လက်ထဲမှာ သေတာကြာလှပြီ”
ကျိုးဖန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ငါ့ဘဝမှာ လူအများကြီးကို ရှုံးနိမ့်ခဲ့တယ်၊ ဒါပေမဲ့ ငါ အသက်ရှင်နေသမျှ ကာလပတ်လုံး လူတိုင်းကို ဖိနှိပ်နိုင်တယ်၊ ဒီထဲမှာ ကောင်းကင်ဧကရာဇ်ဆိုတဲ့ ခင်ဗျားလည်း ပါတယ်၊ လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေရဲ့ စစ်ပွဲမှာ ခင်ဗျားက သက်ရှိတွေရဲ့ အငြိုးအာဃတတွေကို ဝါးမြိုပြီး မရေမတွက်နိုင်တဲ့ သရဲတွေ ပြန်မမွေးဖွားနိုင်အောင် လုပ်ခဲ့တယ်၊ ကောင်းကင်တာအိုကို ခင်ဗျားကို ဘာမှမလုပ်နိုင်ဘူးဆိုရင် ကျုပ်က ကောင်းကင်တာအိုကိုယ်စား ခင်ဗျားကို အပြစ်ပေးမယ်”
“ခင်ဗျား…. လူသားဘီလီယံချီရဲ့ သွေးကြွေးကို လက်ခံဖို့ ပြင်ဆင်ပြီးပြီလား”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က အမှောင်ခြမ်း ရောက်သွားလည်း လူသားမျိုးနွယ်စုက ပျက်စီးတာပဲလား’
ကောင်းကင်ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ် “မင်းလို သေမျိုးကလား… ဟားဟား… မင်းလို နယ်ရုပ်တစ်ရုပ်က ငါ အခုအချိန်အထိ ဘာလို့ ကောင်းကင်ဧကရာဇ် ဆက်ဖြစ်နေသေးလဲဆိုတာကို ဘယ်သိပါ့မလဲ”
ကောင်းကင်ဧကရာဇ် ညာလက်မြှောက်လိုက်တဲ့အခါ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာပါတယ်။ ပုံရိပ်ယောင်ဆိုပေမဲ့ ဒီဖိအာားကြောင့် ဟန်ကျွယ်တောင် တုန်ယင်သွားပါတယ်။
“ငါက ကောင်းကင်တာအိုကို ကျော်တက်သွားပြီ၊ မင်းက တာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွားဆိုတော့ရော ဘာဖြစ်လဲ၊ မင်းက တာအိုပညာရှိမှ မဟုတ်တာ”
ဟန်ကျွယ်ရှေ့က မြင်ကွင်းဟာ ကွဲကြေသွားပြီး ဟန်ကျွယ်ရဲ့သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ မျက်မှောင်ဟာ ပြေလျော့သွားပါတယ်။ ကောင်းကင်ဧကရာဇ်က အမှောင်ခြမ်းကို ရောက်သွားပေမဲ့လည်း ဒီအနန္တကပ်ဘေးကို ကျော်ဖြတ်နိုင်ပါတယ်။ အမှောင်ခြမ်းဆိုတာက လူတွေ သတ်မှတ်ကြတာပါ။ ဒီလိုမျိုး ဝရုန်သုန်းကားဖြစ်နေတဲ့ခေတ်မှာ ရှင်သန်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့က ပထမဆုံးဦးစားပေး မဟုတ်ပါလား။
ဒါ့အပြင် လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေရဲ့ စစ်ပွဲက ကောင်းကင်ဧကရာဇ်ကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ စွမ်းအားကြီးပြီး မြင့်မြတ်လှပါတယ်ဆိုတဲ့ တာအိုပညာရှိတွေကြောင့် ဖြစ်လာရတာပါ။ တာအိုပညာရှိတစ်ပါးနဲ့ အတွေးတစ်စကြောင့် သက်ရှိဘီလီယံကို သေစေနိုင်ပါတယ်။ ဒါကရော အပြစ်မဟုတ်ဘူးလား။
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးပုံရိပ်ကို အသုံးပြုပြီး ကောင်းကင်ဧကရာဇ်ကို အိပ်မက်ထဲ ဆွဲထည့်လိုက်ပါတယ်။
အိပ်မက်ထဲကို ဝင်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ် ပုံရိပ်ယောင်ထဲမှာ တွေ့ခဲ့ရသလိုမျိုးပါပဲ။ ကောင်းကင်ဧကရာဇ်ရဲ့ ဧကရာဇ်ဝတ်ရုံဟာ နက်မှောင်နေပြီး ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် မိစ္ဆာရောင်ဝါတွေ ဖြာထွက်နေပါတယ်။
ဒီမိစ္ဆာရောင်ဝါက နတ်ထူးဆန်းနဲ့ ဆင်တူပေမဲ့ နက်နက်မှုတော့ မရှိပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် အံအားသင့်ခြင်းမရှိဘဲ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ် ဘာမှမပြောနိုင်ခင်မှာပဲ ကောင်းကင်ဧကရာဇ်က စကားစလိုက်ပါတယ်။
“ငါထင်တာ မမှားဘူး၊ ဟန်ကျွယ်… မင်းက ကောင်းကင်ဘဝဂ်အဆင့်ကိုတောင် ရောက်နေပြီပဲ၊ ဟုတ်တယ်မလား”
ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပေမဲ့ အထိတ်တလန့် မဖြစ်ပါဘူး ‘ကောင်းကင်ဧကရာဖ်က ဘယ်လိုလုပ်ပြီး ငါ့သရုပ်မှန်ကို သိသွားတာလဲ… မဟုတ်သေးဘူး၊ သူ ငါ့ကို စမ်းသပ်နေတာပဲ ဖြစ်ရမယ်’
“မင်း ငါ့ကို လာရှာကတည်းက ကျောက်စိမ်းဧကရာဇ်ကျိုးရန် စပြီးတော့ ကျိန်စာတိုက်ခံရတာပဲ၊ ငါ မိစ္ဆာစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီးတယ်ဆိုရင်ပဲ မင်း ပေါ်လာတယ်၊ မင်းက ငါ့ကို တကယ်ဂရုစိုက်တာပဲ” ကောင်းကင်ဧကရာဇ်ဟာ ကြောက်မက်ဖွယ်အပြုံးနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကိုသုံးပြီး စိတ်ထဲမှာ မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်က ငါ့ကို လှည့်စားနေတာလား”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘အလိမ်အညာစစ်ဖို့ သန်း ၁၀၀ တောင်သုံးရမှာလား… တော်တော်လောဘကြီးတဲ့ စနစ်ပဲ၊ ဆက်တွက်မယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။
[ကောင်းကင်ဧကရာဇ်သည် သင့်အား စမ်းသပ်နေခြင်းတည်း။]
‘အင်း… သူက ငါ့ကို ကတယ်စမ်းသပ်နေတာပဲ’ ဟန်ကျွယ်ဟာ အမှန်တရားကို သိလိုက်ရပြီမို့ ထပ်ပြီးတော့ မတုန်လှုပ်တော့ပါဘူး။
ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုက လျော့ကျမသွားဘူးဆိုပေမဲ့ အမှောင်သခင်ကြီးဆိုတဲ့ နာမည်က အရမ်း အ‌‌ရေးကြီးတဲ့အတွက် ဟန်ကျွယ်ဟာ ဝန်မခံရဲပါဘူး။
“မင်း ဝန်မခံလည်း ကိစ္စမရှိပါဘူး၊ ငါ နားလည်ပါတယ်၊ မင်းရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ငါ့ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံလိုက်ရလောက်ပြီ’
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “ငါ ဒီနေရာရဲ့ အကုသိုလ်ကံကိုသုံးပြီး တာအိုကို အရယူဖို့ စီစဉ်ထားတယ်၊ ငါ့အတွက် နာမည်တစ်ခု အရမ်းအရမ်းလိုနေတယ်၊ ငါ အမှောင်သခင်ကြီးရဲ့ တမန်တော် ဖြစ်လာရင်ရော ဘယ်လိုလဲ”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ခန့်မှန်းမနေနဲ့၊ လူအများကြီး ငါ့နာမည်သုံးကြတာပဲ၊ နောက်ပြီး မင်းက ကောင်းကင်ဧကရာဇ်ဆိုတော့ ကောင်းကင်လျှို့ဝှက်ချက်ကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ”
ကောင်းကင်ဧကရာဇ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါက အသွင်ပြောင်းလဲပြီးပြီ၊ ကောင်းကင်ဘုံရဲ့ မျက်လုံးထဲမှာ ငါက ခန္ဓာသိမ်းခံလိုက်ရတဲ့လူပဲ၊ အရင် ကောင်းကင်ဧကရာဇ်က မရှိတော့ဘူး၊ မင်းနဲ့ငါပဲ ငါက အရင်ကောင်းကင်ဧကရာဇ်ဆိုတာကို သိတာ၊ ငါ တာအိုရသွားရင် မင်းကို ပြန်ကာကွယ်ပေးပြီး အမှောင်ထဲမှာ ဆက်ပုန်းမနေရအောင် လုပ်ပေးမယ်၊ မင်းက ငါ့အတွက် လူတစ်ချို့ကို ကျိန်စာတိုက်ပေး၊ ဘယ်လိုသဘောရလဲ”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ခွီးတဲ့မှပဲ… သူက ငါ့ကို ကျိန်စာထဲ မြားခေါ်နေတာပဲ’
ကောင်းကင်ဧကရာဇ်က သူ့သရုပ်မှန်ကို မသိရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အခု ကောင်းကင်ဧကရာဇ်က သူ့ကို အမှောင်သခင်ကြီးလို အတင်းခန့်မှန်းထားပါတယ်။ ဒါကြောင့် ဟန်ကျွယ်သာ ကောင်းကင်ဧကရာဇ်ရဲ့ အစီအစဉ်အတိုင်း ကပ်ဘေးထဲဝင်မယ်ဆိုရင် တာအိုပညာရှိရဲ့ တွက်ချက်မှုကိုခံရပြီး ကိစ္စတုံးဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
“မင်း ဘာကို စိုးရိမ်နေတာလဲ ငါသိတယ်၊ ကပ်ဘေးထဲမှာ တာအိုပညာရှိတွေက ကပ်ဘေးသခင်ကို တွက်ချက်လို့မရဘူး၊ ဒါ့အပြင် ငါ့မှာ တာအိုဘိုးဘေး ချန်ထားခဲ့တဲ့ အကောင်းစားရတနာ ရှိတယ်၊ သူတို့တွေ ငါ့ကို ဘယ်နည်းနဲ့မှ တွက်ချက်နိုင်မှာ မဟုတ်ဘူး” ကောင်းကင်ဧကရာဇ်က ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကို စိတ်မချတဲ့အတွက် စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
တည်ငြိမ်မှုက ကြွယ်ဝမှုသော့ချက် မဟုတ်ပါလား။
[ဖန်တီးရှင် ကျောက်စိမ်းပြား: ပဋိပက္ခအကောင်းစား ရတနာ အပျက်အစီး၊ တာအိုဘိုး၏ အမွေအနှစ်တစ်ခု။ ကောင်းကင်လျှို့ဝှက်ချက်နှင့် ကံတရား တွက်ချက်မှုအားလုံးကို ဟန့်တားနိုင်သည်။]
‘ဟင်… တကယ်ကြီးလား… တော်တော် အထင်ကြီးဖို့ကောင်းတာပဲ’
“ကောင်းကင်ဧကရာဇ်ဆီမှာ အဲဒီရတနာရှိနေတာ ကျိန်းသေလို့လား”
[လုံးဝကျိန်းသေပါသည်။]
ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး မေးလိုက်ပါတယ် “ဘယ်သူ့ကို ကျိန်စာတိုက်ပေးရမှာလဲ”
“တကျို့တျန်နဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို အရင်ဆုံဂ သေအောင် ကျိန်စာတိုက်ရမယ်၊ သူတို့နှစ်ယောက်က ငါ့လက်ရှိသရုပ်မှန်ကို ပေါ်သွားစေနိုင်တယ်”
“ဟုတ်တယ်၊ သူတို့နှစ်ယောက်က လီတောက်ခုံးကို ဒုက္ခပေးထားတာ၊ ငါ သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး” ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ နောင်တရသွားပါတယ် ‘ငါ ပေါ်တော့မလို့၊ အနာဂတ်မှာ ဒီထက်ဂရုစိုက်မှ ဖြစ်တော့မယ်’
တကျို့တျန်နဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်တာက ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်နဲ့ မဆန့်ကျင်ပါဘူး။ ကောင်းကင်ဧကရာဇ်ဆီမှာ ဖန်တီးရှင် ကျောက်စိမ်းပြား အစိတ်အပိုင်း ရှိနေတဲ့အတွက် တာအိုပညာရှိ တွက်ချက်တာကို မခံရပါဘူး။ ဒါကြောင့် ကောင်းကင်ဧကရာဇ်ကသာ ပါးစပ်မဟဘူးဆိုရင် အမှောင်သခင်ကြီးက ဟန်ကျွယ်ဆိုတာကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ယုံကြည်တုန်းပါပဲ။
ဟန်ကျွယ်ကိုယ်တိုင်က အမှောင်သခင်ကြီးလို့ ဝန်မခံဘူးဆိုရင် ကောင်းကင်ဧကရာဇ်က သူ့အပေါ် အပြစ်ပုံချလို့ရမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ပျင်းရိစရာကောင်းတဲ့ ကျင့်ကြံမှုနဲ့ သူ့စိတ်ကို တည်ငြိမ်စေပါတယ်။
နှစ် ၂၀ ကြာပြီးနောက်…
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ရှေးဟောင်းတားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။] 
[သင့်မြေးတပည့် ဖန်းလျန်သည် ရှေးဟောင်းမျိုးနွယ်စုများ၏ ကံတရား အထောက်အပံ့ကို အမွေဆက်ခံရရှိပြီး လောကဦးနတ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကောင်းကင်ရုံးတော်မှ နတ်မင်းအဆင့် ကျင့်ကြံသူတစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး လက်ကျန်ဝိညာဉ်သည် ထွက်ပြေး လွတ်မြောက်နိုင်ခဲ့၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် အဓိကခန္ဓာကိုယ်မှ ကျင့်ကြံမှုကို ဆက်ခံရရှိပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘ကြည့်ရတာ လီတောက်ခုံးက အရူးအမူး ဖြစ်နေပြီနဲ့ တူတယ်’
လီတောက်ခုံးဟာ သူ့ကို အနိုင်တိုက်တဲ့လူမှန်သမျှကို အလွတ်မပေးပါဘူး။ ရူးနေတဲ့မိစ္ဆာလိုမျိုး နောက်ကနေ တရစပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ ကျန်းတုကူးကို ကြည့်ပြီး ဆွံအသွားပါတယ်။ ကျန်းတုကူးဟာ လောကဦးယွမ်ဖီးနစ်ကို ဖိနှိပ်နိုင်တဲ့ ကြောက်မက်ဖွယ် တည်ရှိမှုပါ။ နောက်ပြီး သူကလည်း ရွမ်လိန့်ကျောင်းတော်ကနေ လာတာပါ။
‘ရွမ်လိန့်ကျောင်းတော်က အချင်းချင်း ပြန်တိုက်နေကြတာလား’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ဖန်းလျန်ကို စစ်‌ဆေးကြည့်လိုက်တဲ့အခါမှာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset