Switch Mode

Chapter – 423

အခန်း (၄၂၃) နွီဝါ အိပ်မက်ပေးခြင်း
လောင်ဇီအပြင် သိကျွင်းနဲ့ နွီဝါနဲ့ ဖူရှီလည်း ရှိနေပါသေးတယ်။ ဒီထဲက နွီဝါဟာ ကောင်းကင်တာအိုပညာရှိနေရာကို စွန့်လွှတ်တော့မှာပါ။ ဟန်ကျွယ်ဟာ လောကကြီးက သူထင်ထားတာထက် ပိုရှုပ်ထွေးနေတယ်လို့ ပထမဆုံးအကြိမ် ခံစားလိုက်ရပါတယ်။
တာအိုပညာရှိတွေက ဟန်ကျွယ်ကို စည်းရုံးသိမ်းသွင်းချင်ပေမဲ့ ဟန်ကျွယ်ကိုလည်း အထင်သေးကြပါတယ်။ လီမုယီကတော့ အထင်ရှားဆုံးပါ။ နွီဝါကလည်း ဟန်ကျွယ်အပေါ်မှာ အကောင်းမြင်စိတ် မရှိပါဘူး။ ဒီအကြောင်းတွေကြောင့် ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက နှလုံးသား မရှိဘူးလို့တောင် ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ ဒီကိစ္စက မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေ ဘက်လိုက်တာ အသိသာကြီးမို့လို့ပါပဲ။
ဟန်ကျွယ်ဟာ အနန္တကပ်ဘေးရဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ပြီး တာအိုပညာရှိတွေက သက်ရှိတွေ သေကြေပျက်စီးမှာကို ဂရုမစိုက်ဘဲ ကိုယ်ကျိုးအတွက် တိုက်ခိုက်နေတယ်လို့ ခံစားလိုက်ရပါတယ်။ ရှင်းအောင်ပြောရရင် တာအိုပညာရှိတွေက ဝိသမလောဘသားတွေပါ။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ဟွမ်ဇွမ်တျန်နဲ့ စုချီကို သတိရသွားပါတယ်။
‘ငါ သူတို့ဆီ သွားလည်သင့်လား၊ စုချီက အမှောင်တားမြစ်နယ်မြေမှာဆိုတော့ ကိစ္စမရှိဘူး၊ ဟွမ်ဇွမ်တျန်ရဲ့ လက်ရှိရာထူးက အတော်မြင့်နေတာဆိုတော့ သွားမထိတာပဲ ကောင်းပါတယ်လေ၊ မတော်လို့ ကျင်းတျန်ကုန်းရဲ့ အိပ်မက်ထဲက အမှောင်သခင်ကြီးနဲ့ ဆက်စပ်မိသွားရင် မကောင်းဘူး’
ဟန်ကျွယ်ဟာ ဘာမှမစဉ်းစားတော့ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် လုပ်နိုင်တာက ကျင့်ကြံအားထုတ်တာကလွဲပြီး တခြားမရှိပါဘူး။
လျှပ်တပြက်အတွင်း နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။ ဒီနှစ် ၄၀ အတွင်း ဟန်ကျွယ်ဟာ ဆယ်နှစ်တိုင်း ကျိန်စာတိုက်ပါတယ်။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ကောင်းကင်မိစ္ဆာ ဖြစ်သွားပြီဆိုပေမဲ့ သူ့ပုံရိပ်က ရှိနေသေးတဲ့အတွက် ဟန်ကျွယ်က ဆက်ပြီးတော့ ကျိန်စာတိုက်နေတာပါ။
ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက မထွက်ဘဲ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်တဲ့အတွက် ကျင့်ကြံမှုကလည်း များစွာ တိုးတက်လာပါတယ်။
လူသားတွေနဲ့ ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲက ပိုပိုပြင်းထန်လာတဲ့အတွက် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို နားမလည်နိုင်တော့ပါဘူး။ ဟန်ကျွယ်ရဲ့ စာအိတ်ထဲမှာလည်း စစ်ပွဲနဲ့ ပတ်သက်တဲ့ စာစောင်တွေချည်းပါပဲ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က ဖိတ်ခေါ်ပညာရပ် အသုံးပြုနေတာကို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ပိုလုံခြုံအောင် ဟန်ကျွယ်ဟာ အရင်ဆုံး တွက်ချက်လိုက်ပါတယ်။ သက်တမ်း သန်း ၁၀၀ သုံးစွဲပြီးနောက်မှာတော့ ရှင်းဟုန်ရွှမ်ကို ဘယ်သူမှ စောင့်ကြည့်မနေတာ သိလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာရဲ့ ဟင်းလင်းပြင်ကို ချက်ချင်း သွားပါတယ်။
ဝဲကတော့နက်ကို ဖြတ်သန်းပြီးနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို တွေ့လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးလို တောက်ပလင်းလက်နေပါတယ်။
ဟန်ကျွယ်ကို တွေ့တာနဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ ပျံသွားပြီး ပြုံးလိုက်ပါတယ် “သွားရအောင်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ရှင်းဟုန်ရွှမ်ကို အင်္ကျီလက်အိုးထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဝဲကတော့နက်ထဲ ပြန်ဝင်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ထုတ်ယူပြီးတာနဲ့ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး နေရာစရွှေ့ပါတယ်။ အမှောင်တားမြစ်နယ်မြေက အရမ်းလုံခြုံတယ်ဆိုပေမဲ့ ဂရုစိုက်တာက မမှားပါဘူး။
ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို လျှောက်ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “ဒီနေရာက ဒီလောက် နှစ်တွေကြာတာတောင် မပြောင်းလဲသေးဘူးပဲ”
နတ်ထူးဆန်းကလည်း ဟန်ကျွယ်ဆီကနေ ထွက်လာတဲ့ ရှင်းဟုန်ရွှမ်ကို အသစ်အဆန်းမြင်ရတဲ့ ကလေးတစ်ယောက်လို သေချာလိုက်ကြည့်ပါတယ်။
“မင်းရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူက အရင်အတိုင်း ရှိသေးတယ်၊ သွားတော့”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နား ကပ်သွားပြီး စိတ်လှုပ်ရှားတဲ့ မျက်ဝန်းအစုံနဲ့ ပြောလိုက်ပါတယ် “ယောက်ျား… မိန်းမတို့တွေ…”
“ငါ မအားဘူး”
“ရပါတယ်” ရှင်းဟုန်ရွှမ်ဟာ နှုတ်ခမ်းတွန့်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး ခရီးနှင်နေတာမို့ ရှင်းဟုန်ရွှမ်နဲ့ ပျော်မြူးဖို့ အချိန်မရှိပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ ရှင်းဟုန်ရွှမ်ဟာ လူတိုင်းရဲ့ အာရုံစိုက်တာကို ခံလိုက်ရပါတယ်။ ပြန်လည်မွေးဖွားပြီးနောက် ရုပ်ရည်ပြောင်းလဲသွားတဲ့အတွက် ဘယ်သူမှ ရှင်းဟုန်ရွှမ်ကို သတိမရကြပါဘူး။
ဒါပေမဲ့ ငရဲကြက်နက်ကတော့ ခဏချင်းပဲ ရှင်းဟုန်ရွှမ် ဘယ်သူလဲဆိုတာကို သိသွားပါတယ်။ တိတိကျကျပြောရရင် ငရဲကြက်နက်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ရနံ့ကို သတိရသွားတာပါ။
ရှင်းဟုန်ရွှမ်ရဲ့ သရုပ်မှန်ကို သိသွားကြတဲ့အခါ တိတ်ဆိတ်ဂိုဏ်းကလူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။ အဖြစ်အပျက် အလုံးစုံကို သိသွားတဲ့အခါမှာတော့ ရင်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။
‘ကျင့်ကြံမှုစွမ်းရည်ကို ဒီလိုနည်းလမ်းနဲ့ တိုးလို့ရတာလား’
“ရိုးရိုးစင်းစင်း ပြန်ဝင်စားတာ မဖြစ်နိုင်ဘူး” ချူရှီရန်ဟာ ဒီကိစ္စက ဧကရီဟုတ်ထိုနဲ့ ပတ်သက်နေရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ မဟုတ်ရင် ဒီလိုအချိန်တိုအတွင်းမှာ နောက်ခံကြီးကြီးနဲ့ ပြန်ဝင်စားဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စပါ။
စန့်ရှီနဲ့ ထူလင်းအာက မှော်မျိုးနွယ်စုဝင်တွေ ဖြစ်တဲ့အတွက် ဧကရီဟုတ်ထိုက ဟန်ကျွယ်ကို ကူညီတာ နားလည်လို့ရပါတယ်။
ငရဲကြက်နက်ဟာ မြွေနဂါးဘုရင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းရော ပြန်ဝင်စားချင်လား”
“မလိုဘူး” မြွေနဂါးဘုရင်က ဒေါသတကြီး ပြန်ဖြေပါတယ်။ အခုလက်ရှိမှာ မြွေနဂါးဘုရင်က တိတ်ဆိတ်ဂိုဏ်းရဲ့ အောက်ဆုံးကို ရောက်နေပါပြီ။ ဒါကြောင့် ငရဲကြက်နက်က တမင်စနောက်လိုက်တာပါ။
ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်ဂိုဏ်းကလူတွေနဲ့ အကြာကြီး စကားမပြောပါဘူး။ စကားခဏပြောပြီးတာနဲ့ သူ့ကျင့်ကြံခြင်းလိုဏ်ဂူဆီ ထွက်သွားပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ရပ်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မသက်မသာ ဖြစ်နေတဲ့ နှလုံးသားလည်း ပြန်လည် ငြိမ်သက်သွားပါတယ်။
လူသားမျိုးနွယ်စုကနေ ရှင်းဟုန်ရွှမ် ပြန်ရောက်လာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ လူသားမျိုးနွယ်စု ရှုံးနိမ့်မှာကို မစိုးရိမ်တော့ပါဘူး။ တခြားမိတ်ဆွေတွေကိုလည်း ကပ်ဘေးရှောင်ရှားဖို့ အကြံပေးပြီးပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ် တာဝန်ကျေပါပြီ။ ကျန်တာကတော့ သူတို့ကိစ္စပါ။
‘တာအိုပညာရှိတွေ တိုက်ခိုက်ကြမယ်ဆိုရင် နောက်ဆုံးမှာတိုက်တာ အကောင်းဆုံးပဲ၊ အဲဒီလိုမှ မဟုတ်ရင်လည်း ခပ်စောစော တိုက်ခိုက်တာ ပိုကောင်းတယ်’
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကို စုပ်ယူလိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ဝက်ကြာတဲ့အခါ ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[ဧကရီနွီဝါသည် သင့်အား အိပ်မက်ပေးနေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ အံအားသင့်ခြင်းမရှိဘဲ မမြင်ချင်ယောင်ဆောင်ကာ အကုသိုလ်ကံကို ဆက်ပြီးတော့ စုပ်ယူပါတယ်။
[ဧကရီနွီဝါသည် သင့်အား အိပ်မက်ပေးနေ၏။ လက်ခံမည်လော။]
‘လာပြန်ပြီလား’
ဟန်ကျွယ်ဟာ ငြင်းလည်း မငြင်းသလို လက်လည်း မခံပါဘူး။ အဲဒီနောက်ပိုင်း နွီဝါဟာ ဟန်ကျွယ်ကို မကြာခဏ အိပ်မက်တွေ ပေးပို့ပါတယ်။ နွီဝါ အိပ်မက်ပေးပို့တဲ့ အရေအတွက်က သိကျွင်းထက်တောင် ပိုများပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကပ်ဘေးထဲက ဆွဲထုတ်နိုင်ပြီဖြစ်တဲ့အတွက် လူသားမျိုးနွယ်စုနဲ့ ထပ်ပြီးတော့ မဆက်သွယ်ချင်တော့ပါဘူး။ အနာဂတ်မှာ ဟန်ကျွယ် တာအိုကိုရသွားလို့ ဧကရီနွီဝါက ဒီကိစ္စကို မေးလာခဲ့ရင် ဟန်ကျွယ်က မသိချင်ယောင်ဆောင်မှာပါ။
အမှောင်တားမြစ်နယ်မြေမှာက လိုင်းမကောင်းဘူး မဟုတ်ပါလား။
နောက်ဆုံးမှာတော့ နွီဝါဟာ လက်လျှော့သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ နွီဝါဆီကနေ ဘာမုန်းတီးမှုမှ မရပါဘူး။ တာအိုပညာရှိလို့ မပြောရပါဘူး။
ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတဲ့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်မင်းအဆင့် လူသားကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ကောင်းကင်ရုံးတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် စုချီသည် ကန့်သတ်စည်းအား ချိုးဖျက်ပြီး ကိုယ်ပိုင်တာအိုပညာရပ်အား ဖန်တီးလိုက်၏။]
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ သတ်ဖြတ်ငွေ့သည် တိုးတက်ပြီး လူသားများအား သတ်ဖြတ်သောကြောင့် လူသားမျိုးနွယ်စုမှ တာအိုပညာရှိ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် လူသားဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး လူသားမျိုးနွယ်စုထဲသို့ ဝင်ရောက်သွားသဖြင့် ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် လူသားမျိုးနွယ်စုထဲသို့ ဝင်ရောက်သွားသဖြင့် ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ဖူရှီက ဖိနှိပ်တာ တွေ့လိုက်ရတဲ့အတွက် ဝမ်းသာသွားပါတယ် ‘ကောင်းတယ်၊ မင်းက ဒါနဲ့ပဲ တန်တယ်’
ဟန်ကျွယ်ဟာ ကျိုးဖန်နဲ့ မော့ဖူချိုက လူသားမျိုးနွယ်စုဆီ ပြောင်းသွားတာကိုလည်း တွေ့လိုက်ရပါတယ် ‘ဒီနှစ်ကောင်က ဘာတွေ လျှောက်ပွေအုန်းမှာလဲ’
ဘက်ပြောင်းတာက ကျိုးဖန်နဲ့ မော့ဖူချိုပဲ မဟုတ်ပါဘူး။ တခြားအင်မော်တယ်တွေလည်း ဘက်ပြောင်းကြပါတယ်။ အနန္တကပ်ဘေးရဲ့ ရလဒ်ကိုသာ ကြိုမသိခဲ့ရင် သစ္စဖောက်တွေ ဒီလောက်များတဲ့ ကောင်းကင်ရုံးတော်က နောက်ဆုံးမှာ အနိုင်ရလိမ့်မယ်လို့ ဟန်ကျွယ် ယုံကြည်ရဲမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေဖတ်ရင်း ကောင်းကင်ဧကရာဇ်နဲ့ ပတ်သက်တဲ့ စာတစ်‌စောင်ကို တွေ့လိုက်ရပါတယ်။
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အဆင့်နိမ့် နတ်ထူးဆန်းနှင့် ပေါင်းစပ်သွားသည်။ ကောင်းကင်ဧကရာဇ်သည် ခန္ဓာကိုယ်အား ပြန်လည် ထိန်းချုပ်နိုင်ပြီး အဆင့်နိမ့် နတ်ထူးဆန်းအား ဝါးမြိုကာ ပဋိပက္ခ မိစ္ဆာစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွား၏။]
‘ကောင်းကင်ဧကရာဇ်က အမှာင်ဘက်ခြမ်း ရောက်သွားပြီလား’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်ပုံကို စစ်ဆေးလိုက်တဲ့အခါမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာ ပြုံးနေတာကို တွေ့လိုက်ရပါတယ်။ သက်ရှိအားလုံးကို သတ်ဖြတ်ပြီး လောကကြီးဖျက်ဆီးချင်တဲ့ ဗီလိန်လိုပါပဲ။
ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိတာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ခကျ်ကို သုံးလိုက်ရပါတယ် “အနန္တကပ်ဘေးပြီး ကောင်းကင်ဧကရာဇ်က ဘယ်လိုဖြစ်မှာလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ကျရောက်သွားပြီး စိတ်ဝိညဉ်နန်းတော်ကို ရောက်သွားပါတယ်။ နတ်ဘုရားခန်းမဟာ သန့်ရှင်း တောက်ပနေပြီး ဖျော့တော့တဲ့ ရွှေရောင်အလင်းတန်းတွေ ရှိနေပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ပလ္လင်ပေါ်မှာထိုင်ကာ ခန်းမအပြင်ဘက်က ကောင်းကင်ပြင်ကို စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်လည်း နတ်ဘုရားခန်းမ အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ အပြင်ဘက်မှာ မှောင်မည်းနေတာကို တွေ့လိုက်ရပါတယ်။
ကောင်းကင်ဘုံ ၉ ဘုံမြောက်မှာ ည မရှိပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset