Switch Mode

Chapter – 419

အခန်း (၄၁၉) ကောင်းကင်တာအိုပညာရှိ
ကြောက်မက်ဖွယ်အကြည့်ကို ရင်ဆိုင်ရတဲ့ ဟန်ကျွယ်ဟာ နေရထိုင်ရ ခက်လာတာကြောင့် မော့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ တိမ်အလွှာများစွာကို ဖြတ်သန်းပြီး ကြီးမားတဲ့ မျက်ဝန်းတစ်စုံကို တွေ့လိုက်ရပါတယ်။ ဒီမျက်လုံးတစ်စုံက လူသားမျက်လုံးတွေနဲ့ ဆင်တူပေမဲ့ ခံစားချက် တစ်စုံတစ်ရာ မရှိတာကြောင့် အလွန်တရာမှာ ခြားနားလှပါတယ်။
“ဝုန်း…”
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပေါက်ကွဲထွက်သွားပြီး တိုက်ပွဲကြီးတစ်ပွဲကို မြင်တွေ့လိုက်ရပါတယ်။ မရေမတွက်နိုင်အောင် များပြားလှတဲ့ ကြောက်မက်ဖွယ် ရုပ်သွင်တွေဟာ အကြီးမားဆုံး အမြင့်မားဆုံး ရုပ်သွင်ဆီကို ပိုးဖလံမီးပုံတိုးသလို အရူးအမူး ပြေးလွှားသွားကြပါတယ်။
အကြီးမားဆုံး အမြင့်မားဆုံး ကျက်သရေအရှိဆုံး ရုပ်သွင်ဟာ ကြာပလ္လင်ပေါ်မှာ မတ်တတ်ရပ်ပြီး ပုဆိန်ကြီးတစ်လက်ကို လက်ထဲမှာ ကိုင်ထားပါတယ်။ ခေါင်းထက်မှာလည်း တောင်ပတဲ့ အလင်းရောင် ဖြာထွက်နေပါတယ်။
‘ဒါက ဘယ်လိုတောင် စွမ်းအားကြီးတာလဲ’
ဟန်ကျွယ်ဟာ တိုက်ပွဲအဆုံးသတ်ကို မမြင်လိုက်ရပါဘူး။ ဟန်ကျွယ် သတိပြန်ဝင်လာတဲ့အခါမှာ ဟင်းလင်းပြင်မှာရှိတဲ့ စွမ်းအားကြီးရုပ်သွင်တွေ အကုန်လုံး ပျောက်ကွယ်သွားပါပြီ။
“ကောင်းကင်တာအိုက အိပ်မက်တစ်ခုလိုပဲ၊ အရာအားလုံးက စိတ်လှည့်စားမှုကြောင့် ဖြစ်လာတာ၊ သေမျိုး… ဒီအတုယောင်ကနေ မြန်မြန် ခုန်ထွက်လိုက်စမ်းပါ၊ အဲဒါမှ မင်း တကယ် အသက်ရှင်မှာ”
ကြီးမားကျယ်ပြောလှတဲ့ အသံဟာ ဟန်ကျွယ်နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီစကားကြောင့် မှင်သက်သွားပါတယ် ‘သူက ဘာကိုပြောချင်တာလဲ’
ချက်ချင်းဆိုသလိုပဲ မှတ်ဉာဏ် မြင်ကွင်းဟာ ကွဲကြေသွားပြီး ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ နတ်ထူးဆန်းကလည်း ဟန်ကျွယ်ရှေ့မှာ ပေါလောမျောနေပါတယ်။
ဟန်ကျွယ်လည်း သိချင်စိတ်ကို ထိန်းမရတာကြောင့် စနစ်ကို မေးလိုက်ပါတယ် “ခုနက စကားပြောတာ ဘယ်သူလဲ”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဘီလီယံ ၁၀၀ တောင်လား’ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ် ‘ဈေးက ဒီလောက်မြင့်တာဆိုတော့ သူက ဘယ်လိုတည်ရှိမှုမျိုးလဲ’
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[ကံတရား ဆက်စပ်မှု အလွန်များပြားလွန်းပြီး လက်ရှိအချိန်၌ စနစ် လက်လှမ်းမမီသည့် အဆင့်တစ်ခုတွင် ရှိနေသောကြောင့် တွက်ချက်မရပေ။ သက်တမ်းအား ပြန်အမ်းပါမည်။]
‘ဟင်… ယုတ္တိမရှိလိုက်တာ၊ ငါ့စနစ်က တာအိုဘိုးဘေးကိုတောင် တွက်ချက်နိုင်တယ်၊ ဒီကောင်က တာအိုဘိုးဘေးထက်တောင် စွမ်းအားကြီးနေတာလား’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘မဟုတ်မှလွဲရော သူက ပန်ကူးနတ်ဘုရားများလား’
ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးပါတယ် “လက်ရှိမှာ တိတ်ဆိတ်ဂိုဏ်းကလွဲပြီး ငါ့တည်နေရာကို ဘယ်သူသိလဲ”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မည်သူမျှ မသိပါ။]
ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် ‘တော်သေးတယ်’
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ မတော်တဆ အဖြစ်အပျက်တွေကနေ ကာကွယ်ဖို့အတွက် တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး တခြားဝေးကွာတဲ့နေရာတစ်ခုကို ရွှေ့ပြောင်းပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ရပ်လိုက်ပြီး နတ်ထူးဆန်းကို ကြည့်လိုက်ပါတယ် ‘နတ်ထူးဆန်းက ဘာအကြောင်းနဲ့ ဒီလိုမျိုးမှတ်ဉာဏ်ကို ငါ့ဆီပေးရတာလဲ၊ ဒီမှတ်ဉာဏ်မြင်ကွင်းက ပဋိပက္ခခေတ်ရဲ့ ပဋိပက္ခနတ်ဘီလူးစစ်ပွဲလား’
နတ်ထူးဆန်းကို ပြီးခဲ့တာတွေကို မေ့သွားပုံနဲ့ ဟိုဟိုဒီဒီ လျှောက်သွားပါတယ်။ ဟန်ကျွယ်လည်း ခဏပဲဆက်တွေးပြီး ဆက်ကျင့်ကြံပါတယ်။ အတိုချုပ်ရရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက နိမ့်ပါးလွန်းတဲ့အတွက် တချို့အရာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာပါ။
အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်မြစ်ဘေး။
ဖန်းလျန်ဟာ လက်နောက်ပစ်ပြီး တိမ်ပေါ်မှာ မတ်တတ်ရပ်ကာ လေးနက်တည်ကြည်တဲ့ မျက်နှာထား ရှိနေပါတယ်။ ဖန်းလျန်ရဲ့ ဘေးမှာတော့ ဖန်းလျန်နဲ့ လုံးဝနီးပါးဆင်တူတဲ့ အင်မော်တယ်တစ်ပါး ရပ်နေပါတယ်။ နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် ဖန်းလျန်ဟာ လုံးဝကို ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်နေပါပြီ။ သူ့မျက်လုံးတွေက တည်ကြည်လေးနက်လွန်းပြီး အလွန်တရာ ဉာဏ်များကြောင်း ဖော်ပြနေပါတယ်။
ရှန်စစ်သူကြီးဟာ ဖန်းလျန်ဘေးမှာ ရုတ်တရက် ပေါ်လာပြီး ဘေးနားက အင်မော်တယ် နတ်ဘုရားကို တစ်ချက်ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်သီးဆုပ်ပြီး လျှောက်တင်ပါတယ် “အရှင်မင်းကြီး… ရွမ်လိန့်ကျောင်းတော်ရဲ့ ကျန်းမိသားစုက လူသားမျိုးနွယ်စုကို ‌ထောက်ပံ့ဖို့ ရွေးချယ်လိုက်တယ်၊ ကျန်းတုကူးက လောကဦးယွမ်ဖီးနစ်ကို ခေါ်လာလို့ ကောင်းကင်စစ်သား တစ်သိန်းနီးပါး လောကဦးယွမ်ဖီးနစ် ဝါးမြိုတာကို ခံလိုက်ရတယ်၊ ဒီတစ်ခါ ကောင်းကင်ရုံးတော်ဘက်က တော်တော်လေး ဆုံးရှုံးသွားတယ်”
ဖန်းလျန်ဟာ မျက်စိမှေးသွားပြီး မျက်မှောင်ကြုတ်သွားပါတယ် “ကျန်းတုကူးအကြောင်းကို လီတောက်ခုံး သိပြီးပြီလား”
ရှန်စစ်သူကြီးက ပြန်ဖြေပါတယ် “လီတောက်ခုံးက ကျန်းတုကူးနဲ့ တိုက်ခိုက်ဖို့ ထွက်သွားပါပြီ”
ဖန်းလျန်ဟာ အတွေးနက်သွားပြီး အတန်ကြာမှ ပြောလိုက်ပါတယ် “အင်မော်တယ်တွေက မြောက်ပိုင်းစွန်းဆီ စေလွှတ်ပြီး ဖန်မိသားစုကို ဖိတ်ခေါ်ချည်”
‘ဖန်မိသားစု’ ရှန်စစ်သူကြီးဟာ မှင်သက်သွားပြီး တအံတဩ မေးလိုက်ပါတယ် “အရှင်မင်းကြီးက ဖန်မိသားစုနဲ့ ပတ်သက်နေတာလား”
ဖန်းလျန်ဟာ မဆိုစလောက် ခေါင်းညိတ်ပြလိုက်ပါတယ်။
ရှန်စစ်သူကြီးဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်ဟောင်းက ဒီအကြောင်းကြောင့် သူ့ကို ကောင်းကင်ဧကရာဇ်အဖြစ် ရွေးချယ်ခဲ့တာပဲ’
ရှန်စစ်သူကြီးဟာ အမိန့်နာခံပြီး ချက်ချင်း ထွက်ခွာသွားပါတယ်။
ဖန်းလျန်ဟာ ဘေးနားက အင်မော်တယ်နတ်ဘုရားကို လှည့်ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ဒီတိုက်ပွဲက မင်းရဲ့နတ်စွမ်းအားပေါ် မူတည်တယ်”
ဖန်းလျန်နဲ့ လုံးဝနီးပါး ဆင်တူတဲ့ အင်မော်တယ် နတ်ဘုရားဟာ အရုပ်လိုမျိုး ဘာမှပြန်ပြောတဲ့အပြင် မျက်နှာလည်း ပြောင်းမသွားပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးပြီး နှစ် ၂၀ ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းတုကူးသည် လူသားမျိုးနွယ်စုသို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် လူသား ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇၀၀၉၈
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လူသားကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉၀၂၂၁
[သင့်မိတ်ဆွေ ပန်ရှင်းသည် လူသားမျိုးနွယ်စုသို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟန်မင်းသည် သင့်မိတ်ဆွေ ပန်ရှင်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် သင့်မိတ်ဆွေ ပန်ရှင်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘ကျန်းတုကူးနဲ့ ပန်ရှင်းက လူသားမျိုးနွယ်ထဲ ဝင်လိုက်တာလား… ဒီနှစ်ယောက်က တော်တော် စွမ်းအားကြီးတာပဲ’
ဟန်ကျွယ်ဟာ စာစောင်တွေကနေ ပန်ရှင်းလက်ချက်နဲ့ သူ့မိတ်ဆွေတော်တော်များများ ဒဏ်ရာရကုန်တာကို တွေ့လိုက်ရတဲ့အတွက် ပဟေဠိ ဖြစ်သွားပါတယ်။
‘ဒီငကြောက်က ဘယ်က သတ္တိတွေရလာလို့ ကပ်ဘေးထဲ ဝင်လိုက်တာလဲ’
‘မဟုတ်မှလွဲရော… သူတို့တွေက ဘက်ရွေးနေကြတာလား’
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာရဲ့ စစ်ပွဲရလဒ်ကို တော်တော်လေး သိချင်သွားတဲ့အတွက် မနေနိုင်ဘဲ စနစ်ကို မေးလိုက်ပါတယ် “အနန္တကပ်ဘေးကို ဘယ်သူနိုင်မလဲဆိုတာ ငါ သိချင်တယ်”
[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်ရုံးတော်]
ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ် ‘ဒီလိုဆို လူသားတွေ သုတ်သင်ခံရမှာလား’
ဟန်ကျွယ်ဟာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယ်သူ လူသားလို့ ခံယူထားတာမို့ လူသားမျိုးနွယ်စု ရှင်သန်ကျန်ရစ်လိမ့်မယ်လို့ ထင်နေခဲ့တာပါ။
“အဲဒါဆို လူသားမျိုးနွယ်စုက ဘယ်လိုဖြစ်မှာလဲ”
[မျိုးတုံးပျောက်ကွယ်ပါမည်။ လူသားအဖြစ် မွေးဖွားလာသည့် သက်ရှိအားလုံး သေကြပျက်ဆီးပါမည်။ လူသား အင်မော်တယ်များလည်း ပါဝင်သည်။]
ဒီမေးခွန်းကိုတော့ စနစ်က အလကားတွက်ပေးတာပါ။ ကြည့်ရတာ အရင်မေးခွန်းဟောင်းနဲ့ ဆက်စပ်ပုံပါပဲ။
‘လူသားအင်မော်တယ်တွေပါ မျိုးတုံးကုန်းမှာလား’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာတွေဖြစ်ကုန်တာလဲ’
“ဒါဆို ကပ်ဘေးပြီးဆုံးရင် ငါ သေမှာလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မသေပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ စနစ်ရဲ့ အဖြေအရ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ လူသားတွေပဲ သေဆုံးမဲ့ပုံပါ။
‘ငါ အခု ဘာလုပ်သင့်လဲ’
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ချက်ချင်းပဲ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး ရှင်းဟုန်ရွှမ်ကို အိပ်မက်ထဲ ဆွဲထည့်လိုက်ပါတယ်။
တိမ်ပင်လယ်ထက်မှာ ရှင်းဟုန်ရွှမ်နဲ့ ဟန်ကျွယ်တို့ တွေ့ဆုံကြပါတယ်။ ရှင်းဟုန်ရွှမ်ဟာ မျက်နှာမကောင်းတဲ့အပြင် အရင်လိုမျိုး ဟန်ကျွယ်ဆီ အပြေးရောက်မလာတဲ့အတွက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာဖြစ်တာလဲ… အခုအချိန်က သူ အိပ်မက်ထဲဝင်ဖို့ မသင့်လျော်လို့လား’
ဒီအချိန်မှာပဲ ရှင်းဟုန်ရွှမ်ဘေးမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က ဝူတောက်ကျန်နဲ့ တစ်ထေရာတည်းတူတဲ့ အမျိုးသမီးပါ။
‘ထိုက်စုတျန်… သောက်ပြဿနာတော့ တက်ပြီ၊ နောက်တစ်ကျရင် ဘေးမှာ ဘယ်သူရှိနေလဲဆိုတာ တွက်ချက်ဖို့ လိုပြီ’
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပေါ့ဆလွန်းတဲ့အတွက် ကျိန်ဆဲလိုက်ပါတယ်။ ထိုက်စုတျန်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ကျေးဇူးပြုပြီး လူသားတွေကို ကယ်ပေးပါ”
‘လူသားတွေကို ကယ်ရမယ်’
ဟန်ကျွယ်ဟာ ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “လူသားမျိုးနွယ်စုက ငါ ကယ်ဖို့ လိုအပ်နေတာလား”
ထိုက်စုတျန်က ပြန်ဖြေပါတယ် “ဟုတ်တဘ်၊ ကောင်းကင်တာအိုပညာရှိ ကိုးပါးမှာ ခြောက်ပါးက ကောင်းကင်ရုံတော်ကို ထောက်ပံ့ပြီး လူသားမျိုးနွယ်စုကို မျိုးတုံးချင်တယ်၊ တာအိုပညာရှိနွီဝါနဲ့ တာအိုပညာရှိဖူရှီကသာ လူသားမျိုးနွယ်စုကို ကာကွယ်ပေးတာ၊ ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်ဧကရာဇ်ဖန်က ရှင့်ရဲ့မြေးတပည့်ပဲ၊ ရှင့်ရဲ့ ကံတရားဆက်စပ်မှုက နည်းပါးတယ်ဆိုပေမဲ့ ကပ်ဘေးသခင် အများကြီးနဲ့ ဆက်စပ်နေတယ်၊ ရှင်ကပဲ ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်”
“ဒါပေမဲ့ ငါ့ကျင့်ကြံမှုက အဲဒီလောက် မကောင်းဘူး”
“ကျွန်မ တာအိုပညာရှိတွေဆီက ကြားထာတာတော့ ရှင်က အနည်းဆုံး နတ်မင်းအဆင့်ကို ရောက်နေပြီတဲ့”
ထိုက်စုတျန်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ပါတယ် ‘တာအိုပညာရှိနွီဝါက ငါ့ကို အာရုံစိုက်နေတာလား’
လူသားမျိုးနွယ်စုကိစ္စက တွင်းနက်ကြီးဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ခုန်မချချင်ပါဘူး။ လူသားမျိုးနွယ်စုကို ကူညီမယ်ဆိုရင်တောင် ကံတရား ဆက်စပ်မှုအများကြီးရှိလို့ မဖြစ်ပါဘူး။
ထိုက်စုတျန်က ဆက်ပြောပါတယ် “လူသားမျိုးနွယ်စုသာ ဒီကပ်ဘေးမှာ ရှင်သန်မယ်ဆိုရင် တာအိုပညာရှိတွေက တာအိုကို ဘယ်လိုယူရမလဲဆိုတာ ပြောပြလိမ့်မယ်”
‘တာအိုကို ရယူနိုင်တဲ့နည်းလမ်းဆိုတော့ ကောင်းကင်တာအိုပညာရှိ ဖြစ်လာမှာလား…’
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “ကောင်းကင်တာအိုပညာရှိက ကိုးပါးပဲ ရှိတာ မဟုတ်ဘူးလား”
“တာအိုပညာရှိနွီဝါက သူ့နေရာကို စွန့်လွှတ်လိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset