Switch Mode

Chapter – 393

အခန်း (၃၉၃) လီယောင် အင်မော်တယ်ဧကရာဇ် ဖြစ်ခြင်း၊ ဟန်ကျွယ် အံအားသင့်ရခြင်း
စာစောင်တွေကနေ သိလန်တျန်နဲ့ နတ်ရွှေကျီးကန်း မိသားစု အစော်ခံနေရတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို လာမသက်ရောက်ရင် ဘာကိစ္စပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။
ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းသံကို မကြာခဏဆိုသလိုလည်း ကြားရပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအားငါးပါးနဲ့ အတော်လေး နီးကပ်နေပါပြီ။ ဒါတောင် အရင်တစ်ခေါက် အဆင့်ထိုးဖောက်တာကနေ ကျင့်ကြံတဲ့နှစ်ကို ရေတွက်ရင် နှစ် ၂၀၀ မပြည့်သေးပါဘူး။ ဒီလိုမျိုး ကျင့်ကြံမှု လျင်မြန်ရတာက သေခြင်းရှင်ခြင်းကို နားလည်ခဲ့တဲ့ အကျိုးကျေးဇူးအနေနဲ့ ကျင့်ကြံမှု တိုးတက်ခဲ့တာကြောင့်ပါ။
ဒါ့အပြင် အမှောင်တားမြစ်နယ်မြေကို ရောက်ပြီးနောက်ပိုင်း အနှောင့်ယှက် မခံရတော့တဲ့အတွက် စိတ်အေးလက်အေး ကျင့်ကြံနိုင်တာလည်း ပါပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေကလည်း ကြိုးကြိုးစားစား ကျင့်ကြံကြပြီး နောက်ထပ် ရောက်ရှိလာတော့မဲ့ ဂိုဏ်းတွင်း နှစ်တစ်ရာပြိုင်ပွဲအတွင်း ပြင်ဆင်ကြပါတယ်။
ဒီနှစ်တစ်ရာ ပြိုင်ပွဲက ဘာဆုလာဘ်မှ မရှိဘူးဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်အာရုံစိုက်တာကို လိုချင်တာကြောင့် အစွမ်းကုန် ကြိုးစားကြပါတယ်။ ဟန်ကျွယ်ရဲ့ အာရုံစိုက်မှုကို ခံရပြီး လမ်းညွှန်မှု ရရှိတာက ဆုလာဘ်တွေထက် ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စာစောင်တွေကို ကြည့်လိုက်တဲ့အခါမှာ အများစုက တိုက်ခိုက်ခံရပြီး လက်ဆုပ်စာ လူတစ်စုပဲ အခွင့်အရေးတွေ ရရှိတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်တာအိုက အကျိုးအမြတ် အများစုကို ပေးပြီးဖြစ်တဲ့အတွက် နောက်တစ်ဆင့်ကတော့ ကပ်ဘေးအထွတ်အထိပ်ပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို မလေးစားဘဲ မနေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျင့်ကြံသူတွေက အန္တရာယ်ရှိမှန်း သိတာတောင် တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ မီးပုံထဲ တိုးဝင်ကြလို့ပါပဲ။
ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ကတော့ ကောင်းကင်တာအိုရဲ့ ထောင်ချောက်ထဲမှာ ရှိမနေပါဘူး။ မဟုတ်ရင် ဟန်ကျွယ်အတွက် သေခြင်းတရားက လက်တစ်ကမ်းမှာ ရှိနေမှာပါ။
ရှေးခေတ်ကစလို့ ကောင်းကင်တာအိုကို ဖိနှိပ်နိုင်တဲ့လူက ဘယ်နှယောက်ရှိလို့လဲ။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ငါးနှစ်ကြာတဲ့အခါမှာတော့ လီယောင်ဟာ ဧကရာဇ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ပြီး ပထမအဆင့် အင်မော်တယ်ဧကရာဇ် ဖြစ်သွားပါတယ်။ တာအိုစက်ကွင်းထဲမှာ အဆင့်တက်တာကြောင့် ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်စရာ မလိုပါဘူး။ ဒါ့အပြင် သူတို့ရောက်နေတဲ့ နေရာကလည်း ကောင်းကင်တာအိုပြင်ပ အမှောင်တားမြစ်နယ်မြေ မဟုတ်ပါလား။
လီယောင် အင်မော်တယ်ဧကရာဇ် ဖြစ်သွားတာက တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။ ငရဲနက်နတ်ဆိုးသခင်၊ ကျန်းယီနဲ့ စန့်ရှီတို့ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
ဂျူနီယာရဲ့ အရည်အချင်းက ထက်မြက်လွန်းတဲ့အတွက် စီနီယာတွေလည်း ပေါ့ပေါ့လျော့လျော့ မနေရဲတော့ဘဲ ကြိုးကြိုးစားစား ကျင့်ကြံကြပါတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်လိုက်ပါတယ်။
လီယောင်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ပြီးနောက် သူ့ကိုယ်ဟန်က ပိုပြီးတော့ အေးစက်လာပါတယ်။ ဒါပေမဲ့ လီယောင်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ အခေါ်ခံရတဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ လီယောင်ဟာ ဟန်ကျွယ်ရဲ့ ချီးကျူးမှုကို မျှော်လင့်နေတာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အင်မော်တယ် ဧကရာဇ် ပထမအဆင့်က ဘာမှမဟုတ်သေးဘူး၊ ဒါကြောင့် ဘဝမြင့်မနေနဲ့၊ ဒီအတိုင်း ဆက်ပြီးတော့ ကြိုးစားကျင့်ကြံချည်၊ ငါ ပြောတာ နားလည်လား”
“ကျွန်မ နားလည်ပါတယ်” လီယောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
“မင်း စွမ်းအားကြီးလာအောင် ငါ မင်းကို နောက်ထပ် ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ မင်း အမြန်ဆုံး ကြီးပြင်လာပြီး တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ငါ မျှော်လင့်တယ်”
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်၊ ကျွန်မ ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး” လီယောင်ဟာ လေးနက်စွာ ကတိပေးလိုက်ပါတယ်။
လီယောင်ဟာ သူ့စရိုက်အရ သတိကြီးတယ်ဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းမှာနေတာ ကြာပြီမို့ တိတ်ဆိတ်ဂိုဏ်းသား လုံးလုံး ဖြစ်နေပါပြီ။ လီယောင်ဟာ တိတ်ဆိတ်ကျွန်းမှာ နေထိုင်ရတာက ဘယ်နေရာမှာမှ မခံစားဖူးတဲ့ အေးချမ်းငြိမ်သက်မှုကို ခံစားရတာကြောင့် တိတ်ဆိတ်ဂိုဏ်း တစ်ခုခုဖြစ်မှာကို လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး ကာကွယ်‌စောင့်ရှောက်မှာပါ။
ဟန်ကျွယ်ဟာ လီယောင်ကို ဆန်းကြယ်စွမ်းအား စသင်ပေးပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ လီယောင်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။ တခြားသူတွေဟာ လီယောင်ကို ဝန်းရံပြီး ဘာသင်ခဲ့ရလဲ ဝိုင်းမေးကြပါတယ်။
“လာမဲ့ နှစ်တစ်ရာပြိုင်ပွဲကျရင် သိလိမ့်မယ်”
လီယောင်အဖြေကြောင့် လူတိုင်းဟာ မျက်လုံးပင့်တက်သွားပါတယ်။
ရှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေရင်း ရှင်းဟုန်ရွှမ်က ဖိတ်ခေါ်ပညာရပ် အသုံးပြုလိုက်တာကို အာရုံခံမိလိုက်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ ဝင်ပြီး ရှင်းဟုန်ရွှမ်ဆီ သွားပါတယ်။
ဟန်ကျွယ်ဟာ အိပ်ရာနား လျှောက်သွားပြီး ခုတင်ပေါ်ထိုင်ကာ ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရှင်းဟုန်ရွှမ်ဟာ အရင်လိုမျိုး ဟန်ကျွယ်နား အတင်းမကပ်ဘဲ မျက်နှာတစ်ခုလုံး လေးနက် တည်ကြည်နေပါတယ်။
“ဘာဖြစ်လို့လဲ..” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ နှုတ်ခမ်းကို အသာကိုက်လိုက်ပါတယ် “လူသားတွေက ကောင်းကင်ဘုံကိုးဘုံဆီသွားပြီး ကောင်းကင်ရုံးတော်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်”
ဟန်ကျွယ်ဟာ ဒီအကြောင်းကို သိပြီးသားမို့ အံအားသင့်ခြင်း မရှိပါဘူး။
“လက်ရှိမှာ လူသားမျိုးနွယ်စုရဲ့ မဟာဧကရာဇ်တွေက အင်မော်တယ်အဆင့် အထက်မှာရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို စုစည်းနေတယ်၊ ကျွန်မလည်း သွားရလိမ့်မယ်၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်က ယောက်ျားနဲ့ အရမ်းရင်းနှီးတာဆိုတော့ ကျွန်မသွားသင့်တယ်လို့ ယောက်ျားထင်လား…”
ရှင်းဟုန်ရွှမ်ဟာ လူသားမျိုးနွယ်စုတစ်စုလုံးရဲ့ သဘောထားထက် ဟန်ကျွယ်ရဲ့ သဘောထားကို ပိုပြီးတော့ အလေးထားပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ မေးခွန်းကြောင့် မျက်လုံးပင့်တက်သွားပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “အခုမှ ဘာလို့ ငါ့ကို လာမေးနေတာလဲ၊ မင်းကို ပြန်လာဖို့ ငါပြောခဲ့သားပဲ၊ မင်းမှ ပြန်မလာဘဲနဲ့”
ရှင်းဟုန်ရွှမ်ဟာ နှုတ်ခမ်းတွန့်ပြီး ပြောလိုက်ပါတယ် “မိန်းမလည်း မိန်းမဘာသာ ကြီးပြင်းချင်တာပေါ့၊ မိန်းမသာ ယောက်ျားရဲ့အရိပ်အောက်မှာနေရင် အမြဲတမ်း ယောက်ျားရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာပေါ့၊ ယောက်ျားက ကောင်းကင်ရုံးတော်ကို ဂရုစိုက်တယ်ဆိုရင် မိန်းမ သူတို့နဲ့ ရန်သူမလုပ်ဘူး”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ တကယ်တော့ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကိုပဲ ဂရုစိုက်တာပါ။ ကောင်းကင်ရုံးတော်ကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ရှင်းဟုန်ရွှမ် မသွားဘူးဆိုရင် လူသားမျိုးနွယ်စုရဲ့ ငြင်းပယ်ခြင်းကို ကျိန်းသေပေါက် ခံရမှာပါ။
ဒါကြောင့် ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်က နက်နဲတဲ့ အုတ်မြစ်ရှိတယ်၊ မင်း သူတို့နဲ့ ဟန်ပြလောက်ပဲတိုက်၊ အရေးကြီးဆုံးက မင်းအသက်ကို ကာကွယ်ဖို့ပဲ၊ ဒီကမ္ဘာမှာ ကိုယ့်အသက်လောက် ဘယ်ဟာမှ အရေးမကြီးဘူး”
“တကယ်တော့ မိန်းမမှာ ဒီစစ်ပွဲထဲ ဝင်မပါဖို့ နည်းလမ်းရှိတယ်၊ ဒါပေမဲ့ အဲဒါက နည်းနည်း အန္တရာယ်များတယ်”
“ဘာနည်းလမ်းလဲ”
“တာအိုပညာရှိနွီဝါ ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေပဲ၊ အဲဒီကို မိန်းမသွားလို့ အောင်မြင်ခဲ့မယ်ဆိုရင် လူသားမျိုးနွယ်စုတစ်စုလုံးကို မိန်းမကို ထောက်ပံ့ပေးပြီး နည်းနည်းလေးမှ စွန့်စားခိုင်းမှာ မဟုတ်တော့ဘူး” ရှင်းဟုန်ရွှမ်ရဲ့ လေသံဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။
ဟန်ကျွယ်ကတော့ မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ပထမဆုံးအတွေးက ရှင်းဟုန်ရွှမ်ကို မသွားခိုင်းဖို့ပါ။ ဒါပေမဲ့ နွီဝါက သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်နေတာကို ဟန်ကျွယ် သိထားတဲ့အတွက် ရှင်းဟုန်ရွှမ်သာ နွီဝါချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေကိုသွားရင် အောင်မြင်ဖို့ ရာခိုင်နှုန်းက တော်တော်လေး များပါတယ်။ နောက်ပြီး ရှင်းဟုန်ရွှမ်လိုမျိုး သေမျိုးတစ်ယောက်အတွက် တာအိုပညာရှိရဲ့ အမွေအနှစ်ထက် ဘယ်ဟာကများ ဆွဲဆောင်နိုင်အုန်းမှာလဲ။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ အတွေးကို ထိုးဖောက်မြင်သည့်အလား မနေနိုင်ဘဲ ပြောလိုက်ပါတယ် “ဒီလျှို့ဝှက်နယ်မြေက ဟိုရှေးကတည်းက လက်ဆင့်ကမ်းလာကြတာ၊ အခုမှ ပေါ်လာတဲ့ လျှို့ဝှက်နယ်မြေ မဟုတ်ဘူး”
“မင်း သွားချင်တာ ကျိန်းသေလား”
ရှင်းဟုန်ရွှမ်ဟာ အလေးအနက် ခေါင်းညိတ်လိုက်ပါတယ်။
“ဒါဆို ငါ မင်းကို ဆန်းကြယ်စွမ်းအားတချို့ အရင်ဆုံး သင်ပေးမယ်”
ရှင်းဟုန်ရွှမ်ဟာ အားပါတရ ပြုံးလိုက်ပြီး ဟန်ကျွယ်ရင်ခွင်ထဲ တိုးဝင်လိုက်ပါတယ် “ယောက်ျားက အကောင်းဆုံးပဲ၊ မိန်းမကို နောက်လကျမှ ဆန်းကြယ်စွမ်းအားတွေ သင်ပေး၊ အခုတော့…”
“ဒူးထောက်”
“ယောက်ျားရဲ့ အမိန့်အတိုင်းပါ”
…..
တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာထိုင်ပြီး စနစ်ကို မေးလိုက်ပါတယ် “ကပ်ဘေးပြီးသွားရင် ရှင်းဟုန်ရွှမ် ဘာဖြစ်နေလဲ ငါ သိချင်တယ်”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဟ… ဘယ်လိုဖြစ်ပြီး ၁ ဘီလီယံတောင် ဖြစ်သွားတာလဲ၊ ဒါ ကောင်းကင်ဘဝဂ်ကျင့်ကြံသူကို တွက်ချက်ရတဲ့ ဈေးနှုန်းပဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိယောင်တစ်ခုထဲ ရောက်ရှိသွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မြို့တစ်မြို့ရဲ့ လမ်းမပေါ် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ လူသားတွေဟာ သွားလိုက်လာလိုက်နဲ့ လမ်းမတစ်ခုလုံး ကြိတ်ကြိတ်တိုးအောင် စည်ကားနေပါတယ်။
အဲဒီနောက် လူတိုင်းက ကောင်းကင်ကို မော့ကြည်နေတာ တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်လည်း ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ အံအားသင့်သွားရပါတယ်။
လေထဲမှာ ငွေရောင်ချပ်ဝတ်နဲ့ စစ်သားတွေ ရှိနေပါတယ်။ ဒီစစ်သားတွေအကုန်လုံးဟာ သာမန်စစ်သားတွေနဲ့ လုံးဝမတူဘဲ ကောင်းကင်စစ်သားတွေနဲ့ ဆင်တူပါတယ်။ ဒီအထဲမှာ တရာထိုင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အချို့လည်း ရှိနေပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ မရေမတွက်နိုင်တဲ့ ငွေ‌ရောင်ချပ်ဝတ် စစ်သားတွေကို ကျော်ဖြတ်ပြီး တိမ်ပင်လယ်ထက်က ဝတ်ရုံပြာ အမျိုးသမီးဆီ ရောက်သွားပါတယ်။
ဒီဝတ်ရုံပြာ အမျိုးသမီးက ရှင်းဟုန်ရွှမ်ပါ။
ရှင်းဟုန်ရွှမ်ဟာ နဂါးနဲ့ဖီးနစ် ချည်ထိုးထားတဲ့ ဝတ်ရုံပြာကို ဝတ်ဆင်ထားပြီး ခေါင်းထက်မှာလည်း သလင်းကျောက် ပုလဲသရဖူကို ဆင်မြန်းထားပါတယ်။ သူ့အကြည့်ဟာ လောကကြီးကို ငုံကြည့်နေသလိုမျိုးပါပဲ။ သူ့မျက်လုံးတွေဟာ အထင်သေးမှု၊ ပျော်ရွှင်မှု၊ တက်ကြွမှု စတဲ့ခံစားချက်တွေနဲ့ ပြည့်နှက်နေပါတယ်။
‘ဟ… ဘာတွေ ဖြစ်ကုန်တာလဲ… သူက လူသားမျိုးနွယ်စုရဲ့ ဧကရာဇ် ဖြစ်သွားတာလား’
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းဟုန်ရွှမ်ရဲ့ အရည်အချင်းက ပြန်လည်မွေးဖွားပြီးနောက် ထက်မြက်လာတယ်ဆိုပေမဲ့ ဒီလောက်ကြီးအထိ ရောက်နိုင်လိမ့်မယ်လို့ ဟန်ကျွယ် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့လို့ပါပဲ။
ဟန်ကျွယ်ဟာ ဆက်ကြည့်ချင်သေးပေမဲ့ မြင်ကွင်းတစ်ခုလုံး ကွဲကျေပြီး ဟန်ကျွယ်ရဲ့သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ် ‘ဒါလေးပဲလား… ငါ သူ့ကို သေချာ မမြင်ရသေးဘူး၊ တကယ်ပဲ ရှင်းဟုန်ရွှမ်လား’
ဟန်ကျွယ်ဟာ စနစ်ကို မကျေနပ်တာကြောင့် စိတ်ထဲမှာ စောဒက တက်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ ရှင်းဟုန်ရွှမ်ရဲ့ အချက်အလက်တစ်ခု ပေါ်လာပါတယ်။
[ရှင်းဟုန်ရွှမ်: ကျင့်ကြံမှုမသိ။ အနန္တအင်မော်တယ်ဧကရာဇ်။ လူသားမျိုးနွယ်စု၏ ဧကရီဖြစ်ပြီး တာအိုပညာရှိ၏ တပည့်ဖြစ်ကာ တိတ်ဆိတ်ဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော် ဖြစ်သည်။]
‘ဝိုး… အံဩဖို့ကောင်းလိုက်တာ… အနန္တအင်မော်တယ်ဧကရာဇ်ဆိုတော့ ရှင်းဟုန်ရွှမ်က ကပ်ဘေးထဲဝင်ပြီး အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မဲ့ပုံပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
သူ့ရှေ့မှာ ပေါ်လာတဲ့ ရှင်းဟုန်ရွှမ်ရဲ့ အချက်အလက်က အနာဂတ်ရှင်းဟုန်ရွှမ်ရဲ့ အချက်အလက်မှန်း ဟန်ကျွယ်သိပါတယ်။ ဒီအချက်အလက်ကနေ ရှင်းဟုန်ရွှမ်ဟာ နွီဝါချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေကို ကျိန်းသေပေါက် အောင်မြင်မယ်ဆိုတာ သေချာနေပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset