Switch Mode

Chapter – 382

အခန်း (၃၈၂) ဖိတ်ခေါ်ပညာရပ်အား အဆင့်မြှင့်တင်ခြင်း၊ ရွှယ်မင်းဟယ်ဆီ သွားလည်ခြင်း
“ငါ့ကို ဆင့်ခေါ်နေတဲ့လူကို သိချင်တယ်”
ဟန်ကျွယ် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်တဲ့အချိန်မှာပဲ ဟန်ကျွယ် နောက်ကျောဘက်မှာ အနက်ရောင်ဝဲကတော့တစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ နောက်တစ်ခါကျရင် ဘယ်သူဆင့်ခေါ်နေမှန်း တန်းသိအောင် ဖိတ်ခေါ်ပညာရပ်ကို အဆင့်မြှင့်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
[သက်တမ်း ၁ သောင်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
သက်တမ်း ၁ သောင်းက ဟန်ကျွယ်အတွက် ကလေးကစားစရာအဆင့်တောင် မရှိပါဘူး။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ နာမည်တစ်ခု ပေါ်လာပါတယ်။
[ရှင်းဟုန်ရွှမ်]
‘ဒီ မိန်းမကတော့…’
ဟန်ကျွယ်ဟာ ဆွံအသွားပြီး စိတ်သက်သာရာ ရသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပေမဲ့ အနက်ရောင်ဝဲကတော့ထဲ ဝင်လိုက်ပါတယ်။
နောက်တစ်စက္ကန့်မှာပဲ ဟန်ကျွယ်ဟာ အနက်‌ရောင်ဝဲကတော့ကို ဖြတ်သန်းပြီး ကြီးကျယ်ခမ်းနားလှတဲ့ နန်းတော်တစ်ဆောင်ကို ရောက်သွားပါတယ်။ ခန်းမထဲမှာ ပန်းချီကားတွေ ကျောက်စိမ်းပစ္စည်းတွေ အပြည့်ပါပဲ။
ဟန်ကျွယ်ဟာ အစားသောက်တွေ တည့်ခင်းထားတဲ့ စားပွဲရှေ့မှာထိုင်နေတဲ့ ရှင်းဟုန်ရွှမ်ကို တွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းကြောင့် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် ဘာလုပ်နေမှန်း တန်းသိလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ယောက်ျား… လာ ထိုင်ပါအုန်း”
“ဘာကိစ္စနဲ့ ထိုင်ရမှာလဲ၊ ငါ မင်းကို ဒီဆန်းကြယ်စွမ်းအား သင်ပေးထားတာ ဒီလိုသုံးဖို့မဟုတ်ဘူး”
“လာပါ ယောက်ျားကလဲ…”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ လျှောက်သွားပြီး လက်မောင်းကို ဆွဲလိုက်ပါတယ်။ ဟန်ကျွယ်လည်း ဘာမှမတက်နိုင်ဘဲ ရှင်းဟုန်ရွှမ် ခေါ်ရာပါသွားရပါတယ်။
စားပွဲမှာထိုင်ပြီးနောက် ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ အရက်နည်းနည်း သောက်လိုက်တယ်ဆိုရင်ပဲ လေထုတစ်ခုလုံး ပြောင်းလဲသွားပါတယ်။
ငါးမိနစ်မပြည့်ခင်မှာပဲ ဟန်ကျွယ်ကိုယ်ပေါ်က အဝတ်အစားတွေ အကုန်လုံး ဖယ်ရှားခံလိုက်ရပါတယ်။
တစ်လကြာပြီးနောက်။
နန်းတော်အပြင်ကနေ ယောက်ျားသံတစ်သံ ထွက်ပေါ်လာပါတယ် “သူတော်စင်… အင်မော်တယ်ဧကရာဇ်က မြင့်မြတ်ခြင်းမြို့တော်မှာ တာအိုဟောကြားနေတယ်၊ ကျွန်တော်မှာ ဖိတ်စာရှိတယ်၊ သူတော်စင် သွားချင်လား မသိဘူး”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်အပေါ်မှာ ထိုင်ရင်း ပြန်ဖြေလိုက်ပါတယ် “မသွားဘူး… ငါ ဒီကြားထဲ ဂူအောင်းကျင့်ကြံစရာရှိတယ်”
“ဒီအင်မော်တယ်ဧကရာဇ်က မရိုးရှင်ဘူး…”
“မသွားပါဘူး ဆိုနေမှ…”
“ကောင်းပါပြီ… ဒါဆို သူတော်စင် ဆက်ကျင့်ကြံပါ၊ သူတော်စင် ဂူအောင်းကျင့်ကြံတာကနေ ထွက်လာရင် ကျွန်တော့်ကို အချိန်မရွေး လာရှာနိုင်တယ်”
“အင်း…”
ခန်းမအပြင်ဘက် အမျိုးသား ထွက်ခွာသွားတဲ့အခါမှာ ဟန်ကျွယ်က မေးလိုက်ပါတယ် “သူက ဘယ်သူလဲ”
ဒီနန်းတော်ဟာ အထူးပြုလုပ်ထားတဲ့ အစီအရင်တစ်ခုရှိတဲ့အတွက် အပြင်လူတွေဟာ အထဲမှာ ဘာဖြစ်နေတယ်ဆိုတာ အာရုံမခံနိုင်ပါဘူး။ ရှင်းဟုန်ရွှမ်ဟာ စက်ဆုပ်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ယောက်ျားစကားနဲ့ ပြောရရင် ငန်းသားစားချင်တဲ့ ဖားရုပ်ဆိုးလေ၊ သူ့ကို လျစ်လျူရှုထားလိုက်ပါ၊ ကျွန်မတို့တွေ လုပ်စရာရှိတာ ဆက်လုပ်ရအောင်…”
“အို… ဒီလောက် လုပ်ထားတာတောင် မင်း ဆန္ဒ မပြည့်သေးဘူးလား”
“မပြည့်သေးဘူး… ကျွန်မဆန္ဒက ဘယ်တော့မှ ပြည့်မှာ မဟုတ်ဘူး”

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ပြန်ရောက်လာတဲ့ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်သာ နတ်မင်းအဆင့်ကို ရောက်မနေခဲ့ရင် ဖိတ်ခေါ်ပညာရပ်ကို ပိတ်လိုက်တဲ့အတွက် ကျို့ယိုငရဲဆီ အချိန်အကြာကြီး ပျံသန်းရမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ လမ်းခြောက်သွယ် အမှတ်အသားကို အာရုံခံကာ အာကာသစုံမှတ်ကို ဖွင့်လှစ်လိုက်တာကြောင့် တိတ်ဆိတ်ကျွန်းကို တစ်ခဏအတွင်း ပြန်လာနိုင်တာပါ။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
လအနည်းငယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖိတ်ခေါ်ပညာရပ်ကို စပြီးတော့ လေ့လာပါတယ်။ နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖိတ်ခါ်ပညာရပ်ကို အဆင့်မြှင့်တင်နိုင်သွားပြီး ဘယ်သူက ဆင့်ခေါ်နေလဲဆိုတာကို ခံစားသိရှိနိုင်သွားပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အားတိုင်းယားတိုင်း ဆင့်မခေါ်ဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်ရဲ့ ထပ်တလဲလဲ တောင်းဆိုမှုကြောင့် နှစ်တစ်ရာတိုင်း တစ်ကြိမ်ဆင့်ခေါ်နိုင်ခွင့် ပေးခဲ့ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ရဲ့ အိပ်မက်ထဲကို သွားလည်ဖို့ ပြင်ဆင်ပါတယ်။
ရွှယ်မင်းဟယ် ကျို့ယိုငရဲကနေ ထွက်လာတုန်းက တိတ်ဆိတ်ကျွန်းနားမှာ ပေါ်လာခဲ့တာကြောင့် ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ရဲ့ အချက်အလက်တွေကို ပုံတူကူးခဲ့ပါတယ်။ ဒါကြောင့် ရွှယ်မင်းဟယ်ရဲ့ အိပ်မက်ထဲကို သွားလည်ဖို့က ဟန်ကျွယ်အတွက် မခက်ခဲပါဘူး။
တစ်ခဏအကြာမှာပဲ ဟန်ကျွယ် အောင်မြင်သွားပါတယ်။ ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်အတွက် အိပ်မက်တစ်ခု ဖန်တီးပြီး ရွှယ်မင်းဟယ်ကို အတင်းဆွဲထည့်လိုက်ပါတယ်။
ဒီအိပ်မက်က မီးတောင်တွေနဲ့ ပြည့်နှက်နေပြီး မှောင်မိုက်တဲ့ ကမ္ဘာတစ်ခုပါ။ ဟန်ကျွယ်ကလည်း အမှောင်သခင်ကြီးအသွင် ပြောင်းလဲထားတဲ့အတွက် ဒီနေရာက အတိုင်းထက်ပိုပြီး ကြောက်စရာ ကောင်းနေပါတယ်။
ရွှယ်မင်းဟယ်ဟာ မျက်လုံးဖွင့်လိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ် အသွင်ပြောင်းထားတဲ့ အမှောင်သခင်ကြီးကို တွေ့လိုက်ရတာကြောင့် လန့်ဖျပ်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ရွှယ်မင်းဟယ်ဟာ အခြေအနေကို နားလည်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “စီနီယာက အမှောင်သခင်ကြီးလား..”
ရွှယ်မင်းဟယ်ဟာ ဒီအိပ်မက်ထဲကနေ ခုန်ထွက်နိုင်တယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက သူ့ကို အိပ်မက်ထဲ အတင်းဆွဲထည့်နိုင်တဲ့အတွက် သူ့ထက် စွမ်းအားပိုကြီးလိမ့်မယ်လို့ ခံစားမိပါတယ်။ နောက်ပြီး အင်မော်တယ်ကမ္ဘာမှာ သူ့ထက်စွမ်းအားကြီးပြီး ဒီလိုမျိုး ပုံရိပ်နဲ့ လိုက်ဖက်တဲ့လူက တစ်ဦးပဲ ရှိပါတယ်။
ဟန်ကျွယ်က လေသံအေးနဲ့ မေးလိုက်ပါတယ် “ငါ့နာမည်ကို သုံးရတာ တော်တော်ကြိုက်နေလား..”
ဒီစကားကို ကြားလိုက်ရတဲ့ ရွှယ်မင်းဟယ်ဟာ ငယ်ထိပ်မိုးကြိုးကျသလို ခံစားလိုက်ရပြီး ချက်ချင်း ဒူးထောက်ကာ ကြောက်လန့်တကြား ဆိုပါတယ် “စီနီယာ… အမှောင်ဂိုဏ်းနဲ့ ကျွန်တော်က စီနီယာကို အရမ်းလေးစားနေတာပါ၊ ကျွန်တော်တို့တွေ စီနီယာအတွက် အမှုထမ်းလိုပါတယ်”
“မင်းမှာ အသူရာမျိုးနွယ်စု ရှိနေတာပဲ၊ ဘာလို့ ငါ့ဆီမှာ အမှုထမ်းချင်တာလဲ..”
“ရိုးရိုးသားသား ပြောရရင် အသူရာမျိုးနွယ်စုက ရှေးခေတ် သွေးပင်လယ် အသူရာမျိုးနွယ်စုကနေ ဆင်းသက်လာတာလို့ ပြောလို့ရတယ်၊ ကျွန်တော်တို့ မျိုးနွယ်စုက ကောင်းကင်တာအို မနှစ်သက်တဲ့ မျိုးနွယ်စုပဲ၊ ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော် နည်းလမ်းရှာနေတာ၊ ဒါကြောင့် ကျွန်တော်ကို့ စီနီယာဆီမှာ အမှုထမ်းခွင့်ပြုပါ”
“အခုအချိန်ကစပြီး အသူရာမျိုးနွယ်စုက စီနီယာလက်အောက်မှာ ရှိပါတယ်၊ ကျွန်တော်တို့တွေ ဘာမှ ကြီးကြီးမားမား မမျှော်လင့်ထားပါဘူး၊ ကျွန်တော်ကို ကာကွယ်နိုင်ရင်ပဲ ရပါပြီ”
“မင်းတို့ အသူရာမျိုးနွယ်စုက အခုအချိန်အထိ ရှင်လန်လာတာပဲ၊ အနန္တကပ်ဘေးကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတော့လို့လား”
ရွှယ်မင်းဟယ်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အကုသိုလ်ကံနဲ့ မွေးဖွားလာတာဆိုတော့ ကောင်းကင်တာအိုက ပိုပိုပြီး ဖိနှိပ်လာတယ်၊ စီနီယာက ကောင်းကင်တာအိုကို ကြောက်ရွံ့လို့ အနန္တကပ်ဘေးကို အမှောင်ထဲကနေ ကြိုးကိုင်နေတာမလား… ဒါကြောင့် ကျွန်‌တော်တို့တွေက တစ်ခရီးတည်းသွားတဲလူတွေလို့ ပြောလို့ရတယ်”
ဟန်ကျွယ်ဟာ ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။
ဟန်ကျွယ်က ဘာမှပြန်မပြောတဲ့အတွက် ရွှယ်မင်းဟယ်ဟာ နှလုံးခုန်မြန်သွားပါတယ် ‘ငါ တစ်ခုခုများ မှားပြောမိလို့လား..’
ဟန်ကျွယ်ဟာ ရွှမ်မင်းဟယ်ကို တိတ်တဆိတ် စိုက်ကြည့်ပါတယ်။ ရွှယ်မင်းဟယ်ဟာ ဟန်ကျွယ်ရဲ့ ခရမ်းရောင်မျက်ဝန်းတွေကို ကြာကြာမရင်ဆိုင်ရဲတဲ့အတွက် တစ်ခဏအကြာမှာပဲ ခေါင်းငုံ့သွားပါတယ်။
ဘယ်သူမှ ဘာမှမပြောတဲ့အတွက် အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။
အတော်အတန်ကြာလို့ ရွှယ်မင်းဟယ် ပြိုလဲလုနီးနီးမှာ ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းက ကောင်းကင်ရုံးတော်နဲ့ အတူတူ အလုပ်လုပ်နေတယ်လို့ ငါကြားတယ်၊ ငါက ကောင်းကင်ရုံးတော်နဲ့ မပတ်သက်ဘူး၊ ငါ ကောင်းကင်ရုံးတော်ကို ကျိန်စာမတိုက်တာက ငါ့အတွက် အရေးကြီးတဲ့ နယ်ရုပ်မို့လို့ပဲ”
ရွှယ်မင်းဟယ်ဟာ ဟန်ကျွယ်ကို တအံတဩ မော့ကြည့်လိုက်ပါတယ်။
“ထိပ်သီးအင်အားစုကို ဖျက်ဆီးချင်ရင် သူတို့ကို ဘဝမြင့်ပြီး အောက်ခြေလွတ်အောင် လုပ်ရတယ်”
ရွှယ်မင်းဟယ်ဟာ ချက်ချင်းဆိုသလိုပဲ အသိဉာဏ် လင်းလက်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “စီနီယာရဲ့ နောက်ဆုံးပန်းတိုင်က ကောင်းကင်ရုံးတော်ကို ဖျက်ဆီးဖို့လား၊ ဒါမှမဟုတ် ကောင်းကင်တာအိုရဲ့ အင်အားစုတွေကို နေရာပြောင်းမလို့လား..”
ဟန်ကျွယ်က ချက်ချင်း ပြန်ဖြေလိုက်ပါတယ် “ငါ့အတွက်ပဲ”
‘သူ့အတွက်..’ ချက်ချင်းဆိုသလိုပဲ ရွှယ်မင်းဟယ်ရဲ့ ခေါင်းထဲကို အတွေးမျိုးစုံ ဝင်လာပါတယ်။
ဒီအဖြေက ယုံကြည်ဖို့ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ဘယ်သူက အချိန်ကုန်ခံ အလှုပ်ရှုပ်ခံပြီး အနန္တကပ်ဘေးကို ထိန်းချုပ်မှာလဲ။
‘သူက တာအိုပညာရှိ ဖြစ်ချင်တာလား..’
[ရွှယ်မင်းဟယ်သည် သင့်အား မျက်နှာသာပေးမှု တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ကောင်းကင်ရုံးတော်ကို ဆက်ပြီးတော့ ကူညီချည်၊ အခု တာအိုပညာရှိတစ်ပါးက ကပ်ဘေးထဲ ဝင်လာပြီဆိုတော့ တကယ့်ကပ်ဘေးအစစ်ကို အခုမှစမှာ၊ ကောင်းကင်ရုံးတော်ကို အရင်ဆုံး တွယ်ကပ်ပြီး မင်းကိုယ်မင်း ကာကွယ်ချည်၊ လောလောဆယ် အခြေအနေကို စောင့်ကြည့်ကြမယ်”
‘တာအိုပညာရှိက ကပ်ဘေးထဲ ပါလာတာလား..’ ရွှယ်မင်းဟယ်ဟာ မျက်လုံးပြူးသွားပြီး ဇောချွေးပျံသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ရွှယ်မင်းဟယ်ဟာ ရှေးဟောင်း ဒဏ္ဍာရီတွေကို အမှတ်ရသွားပါတယ်။
တာအိုပညာရှိတွေ ဝင်ပါတဲ့ ဘယ်ကပ်ဘေးမဆို လောကကြီး ပျက်သုဉ်းလုနီးဖြစ်ပြီး အင်မော်တယ်ကမ္ဘာတောင် သူ့ကိုယ်သူ ကာကွယ်ဖို့ ခက်ခဲလှပါတယ်။
[ရွှယ်မင်းဟယ်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်ခွဲ။]
ရွှယ်မင်းဟယ်က ဂရုတစိုက် ပြောလိုက်ပါတယ် “ကျွန်တော် နားလည်ပါပြီ” ရွှယ်မင်းဟယ်ရဲ့ သဘောထား ပြောင်းလဲမှုက တော်တော့်ကို မြန်ဆန်လွန်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရွှယ်မင်းဟန်ကို ဂရုမစိုက်ပါဘူး။ အဲဒီနောက် ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ အိပ်မက်တစ်ခုလုံး ကွဲကျေသွားပါတယ်။
ရွှယ်မင်းဟယ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပြီးနောက် အိပ်မက်ထဲက အကြောင်းအရာတွေကို ပြန်တွေးကာ သက်ပြင်းချလိုက်ပါတယ် “ဒါက အမှောင်သခင်ကြီးလား… တော်တော်ကို နက်ရှိုင်းတဲ့အစွမ်း ရှိတာပဲ’
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ နောက်ထပ် ဘယ်သူ့ဆီ သွားလည်ရကောင်းမလဲ စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ ရွှယ်မင်းဟယ်က လွဲရင် အမှောင်သခင်ကြီးကို ယုံကြည်တဲ့ တခြားလူတွေကို ဟန်ကျွယ် မသိပါဘူး။
‘ထားလိုက်ပါတော့… နောက်မှပဲ မီးစင်ကြည့်ကတာပေါ့’
ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဒီအတောအတွင်း ရှင်းဟုန်ရွှမ်ကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံရမဲ့ အချိန်တော်တော်များများကို ဖြုန်းတီးမိလိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဖြုန်းတီးမိခဲ့တဲ့အချိန်တွေအစား ကျားကုတ်ကျားခဲ ကျင့်ကြံပါတယ်။
ဟန်ကျွယ်ရဲ့ အကုသိုလ်ကံ စုပ်ယူနိုင်စွမ်းက ပုံမှန် တိုးတက်လာတဲ့အတွက် မူလဆန်းကြယ် နတ်စွမ်းအား လေးပါးအဆင့်နဲ့ သိပ်မဝေးတော့ပါဘူး။ မူလဆန်းကြယ် နတ်စွမ်းအားလေးပါးရဲ့ အစအန အရိပ်အယောင်တွေကို ဟန်ကျွယ် မြင်တွေ့နေရပါပြီ။
လျှပ်တပြက်အတွင်းမှာပဲ နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
လျူပေ့ဟာ ဟန်ကျွယ် မျှော်လင့်တားထက် စောပြီး ပြန်ရောက်လာပါတယ်။
လျူပေ့ဟာ ဟန်ကျွယ်ကို အပြုံးနဲ့ ပြောလိုက်ပါတယ် “သခင်… သခင်ရှာနေတဲ့ နေရာကို ကျွန်တော် ရှာတွေ့ခဲ့ပြီ၊ အဲဒီနေရာက ကျို့ယိုငရဲထက် အများကြီး ပိုကောင်းတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset