Switch Mode

Chapter – 351

အခန်း (၃၅၁) ကောင်းကင်ဘဝဂ်ကျင့်ကြံသူ၏ နိဂုံး
ဟန်ကျွယ်ဟာ လီတောက်ခုံးကို ရင်ဆိုင်ရလို့ ကြောက်လန့်ခြင်းမရှိဘဲ အပြုံးနဲ့ ပြောလိုက်ပါတယ် “စီနီယာက တကယ်ကို စွမ်းအားကြီးတာပဲ”
လီတောက်ခုံးက ပြုံးပြီး မေးလိုက်ပါတယ် “မင်းက ငါ့ကို ကျော်တက်ချင်လို့လား”
“ကျော်တက်ချင်တာပေါ့၊ ဒါပေမဲ့ ကျွန်တော့်မှာ အဲဒီ အရည်အချင်း မရှိဘူး”
“မင်း ငါ့ကို ကျော်တက်ချင်ရင် လွယ်ပါတယ်၊ ငါ့ဓားချက်တစ်ချက်ကို ခုခံချည်၊ ငါ မင်းကို ဒီနေရာပေးမယ်၊ မင်း မခံနိုင်ဘူးဆိုရင်တော့ ပြန်ပြီးတော့ သွားလေ့ကျင့်လိုက်အုန်း”
“ရတယ်၊ တိုက်ပါ” ဟန်ကျွယ်က အလေးအနက် ပြုလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးက သူ့ကို တမင်ခက်ခဲအောင် မလုပ်ဘူးလို့ ယုံကြည်ထားပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားက နတ်မင်းအဆင့် ဖြစ်တဲ့အတွက် ရှေ့ဆက်သွားမယ်ဆိုရင် ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်သွားမှာပါ။
လီတောက်ခုံး လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဓားချီတစ်စ ထွက်ပေါ်လာပြီး ဟန်ကျွယ်ဆီ ပျံသန်းသွားပါတယ်။ ဒီဓားချီက ဘာမှ မကြီးကျယ်သလို ခမ်းနားထည်ဝါခြင်းလည်း မရှိပါဘူး။ ဒါပေမဲ့ ဒီဓားချီဟာ မြန်လွန်းတဲ့အတွက် ဟန်ကျွယ်ဟာ တုံ့ပြန်ချိန်တောင် မရလိုက်ပါတယ်။
“ဝုန်း…”
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ချာချာလည်ထွက်သွားပြီး ခန္ဓာကိုယ်ဆီကို ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ် ‘ငါ သူ့ဆီက ဓားချက်တစ်ချက်တောင် မခုခံနိုင်ပါ့လား၊ တော်တော်လေး ရယ်စရာကောင်းတာပဲ’
ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲမှာ စွမ်းအားကုန် ထုတ်မသုံးခဲ့ဖူးဆိုပေမဲ့ ဒီတိုက်ပွဲကနေ ဟန်ကျွယ်နဲ့ လီတောက်ခုံးရဲ့ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းကြီး သိမြင်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင်တော့ လီတောက်ခုံးက ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပျော်အောင်နေလိုက်ပြီး တခြားဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ဆက်ပြီးတော့ မြှင့်တင်ပါတယ်။ အကြိမ်တိုင်းမှာ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ဆီ ရောက်သွားပေမဲ့ လီတောက်ခုံးက ထပ်ပြီးတော့ မတိုက်ခိုက်တော့ပါဘူး။
ဒါကို ကြည့်ခြင်းအားဖြင့် ဓားတာအိုမြစ်ထဲက လီတောက်ခုံးဟာ အစစ်အမှန် မဟုတ်ဘဲ စိတ်ဆန္ဒ အကြွင်းအကျန်ဆိုတာ သိသာလှပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့စွမ်းအားကို ကန့်သတ်စည်းထိ မြှင့်တင်ပြီးတာကြောင့် အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီရွှမ်အောက်နဲ့ အရင်ဆုံး တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ အချက်အလက်ကို မဟာအန္တိမခန်းမမှာ ပုံတူကူးခဲ့တာပါ။
လီရွှမ်အောက်ဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက နိမ့်ပါးပေမဲ့ စွမ်းအားကြီးတဲ့ ရတနာကြောင့် လီရွှမ်အောက်ကို ယှဉ်တိုက်နိုင်တာ ဖြစ်ပါတယ်။ ပြောစရာရှိတာဆိုလို့ လီရွှမ်အောက်ရဲ့ ကျင့်ကြံမှုက မူလဆန်းကြယ်စွမ်းအား ခြောက်ပါးပါ။
‘ဒီကောင်က ကောင်းကင်ဘဝဂ်အဆင့်ကို ဘယ်တော့ရောက်မှာလဲ’
ဟန်ကျွယ်ဟာ လီရွှမ်အောက်က ပဋိပက္ခကောင်းကင်ခွေးရဲ့ မျက်လုံးကို ဖောက်ထုတ်ခဲ့တာအတွက် လုံးဝခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ကျိန်းသေပေါက် လက်စားချေမှာပါ။
သုံးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အဆုံးသတ်လိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူကို အနိုင်မယူနိုင်သေးပါဘူး။ ဒါပေမဲ့ ကမ္ဘာဖျက်ကြာနက် ရှိနေတာကြောင့် တစ်ချက်တည်းလည်း အသတ်မခံရတော့ပါဘူး။
နတ်မင်းအဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူအများစုက ဟန်ကျွယ်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ သူတို့တွေဟာ ကမ္ဘာဖျက်ကြာနက်ကို ဘယ်လိုနည်းနဲ့မှ မထိုးဖောက်နိုင်တဲ့အတွက် ဟန်ကျွယ်ဟာ အခွင့်အရေးရှာပြီး သူတို့ကို အနိုင်ယူနိုင်ပါတယ်။ မူလဆန်းကြယ်စွမ်းအား ခြောက်ပါးရှိတဲ့ ကျင့်ကြံသူအနည်းစုကတော့ ဟန်ကျွယ် ဘယ်လိုပဲ တိုက်ခိုက်ပါစေ ဘာမှမဖြစ်ကြပါဘူး။
ယေဘုယျခြုံပြောရရင် ဟန်ကျွယ်ဟာ ဒီရလဒ်ကို တော်တော်လေး အားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်မင်းအဆင့်ကို အခုမှရောက်တာ ဖြစ်ပေမဲ့ အောက်ဆုံးမှာ ရှိမနေလို့ပါပဲ။ ဒါကလည်း စွမ်းအားကြီးမားလွန်းတဲ့ ကမ္ဘာဖျက်ကြာနက်ကြောင့်ဆိုရင် မှားမယ် မထင်ပါဘူး။
‘လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ကမ္ဘာဖျက်ကြာနက်ကို လိုချင်တာ မထူးဆန်းတော့ပါဘူး၊ ဒါပေမဲ့ ဒီထဲမှာပါတဲ့ အကုသိုလ်ကံက တော်တော်လေး ကြောက်စရာကောင်းတယ်၊ လောကဦး ကြယ်တာရာ ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် ဒီရတနာက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာမှာပဲ’
ဟန်ကျွယ် အတွေးက မမှားပါဘူး။ ဒါကြောင့်လည်း တာအိုဆရာယွီချိက ဟန်ကျွယ် ဟန်ဆောင်နေမှန်း သိရက်နဲ့ ကမ္ဘာဖျက်ကြာနက်ကို ပေးခဲ့တာပါ။
‘ငါ အဆင့်ထိုးဖောက်ထာတာဆိုတော့ အောင်ပွဲလေးတော့ ခံသင့်တယ်’
ဟန်ကျွယ်ရဲ့ ပထမဆုံးပစ်မှတ်က ဇုထူပါ။ ဇုထူဟာ ကောင်းကင်ဧကရာဇ်ကို အမှောင်သခင်ကြီးယောင် ဆောင်ပြီး ကျိန်စာတိုက်တဲ့အတွက် ဟန်ကျွယ်ဟာ ဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါဘူး။
ဒါ့အပြင် ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရ ဇုထူက သက်ရှိအားလုံးကို သတ်ပစ်မဲ့လူ ဖြစ်တဲ့အတွက် ဇုထူကို သတ်ပစ်တာက သက်ရှိအားလုံးကို အကျိုးအမြတ် ဖြစ်ထွန်းစေမှာပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး သက်တမ်း ဘယ်လောက်သုံးရမလဲ စဉ်းစားရင်း ကျိန်စာတိုက်ပါတယ်။
‘ဆယ်ဘီလီယံ ဆိုရင်ရော… ဆယ်ဘီလီယံနဲ့ ဇုထူကို ဒုက္ခရောက်စေပါ့မလား၊ ထားလိုက်ပါတော့၊ ငါ့ရည်ရွယ်ချက်က အောင်ပွဲခံဖို့ပဲဟာကို’
ကောင်းကင်ကိုးဘုံ အထက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ပါး တိုက်ခိုက်နေကြပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇုထူနဲ့ လီတောက်ခုံးတို့ပဲ ဖြစ်ပါတယ်။
လီတောက်ခုံးဟာ ဓားတစ်လက် ကိုင်ထားပြီး ဓားချက်တိုင်းမှာ ဘီလီယံချီတဲ့ ဓားချီတွေ ထုတ်လွှတ်တာကြော်င့ ကောင်းကင်ဘုံ ကိုးဘုံလုံးမှာ ဓားချီတွေချည်းပါပဲ။ ဇုထူကလည်း လက်နှစ်ဖက်ကိုသုံးပြီး ဆန်းကြယ်စွမ်းအား အမျိုးမျိုးနဲ့ ပြန်လည် တိုက်ခိုက်ပါတယ်။
ကြောက်မက်ဖွယ် ဖိအားက ကောင်းကင်ပြင်တစ်ခုလုံး ပြည့်နှက်နေတာကြောင့် ဒီနေရာကို ဘယ်သူမှ မလာရဲပါဘူး။
ဇုထူ ညာလက်ကို မြှောက်လိုက်တဲ့အခါမှာ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေ လက်ဖဝါးမှာ စုစည်းလာပြီး လက်သည်းငါးခုရှိတဲ့ လျှပ်စီးနဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာကာ မိုးမြေကွဲအက်မတက် ဟိန်းဟောက်လိုက်ပါတယ်။
ဒီအချိန်မှာပဲ…။
ဇုထူဟာ မျက်မှောင်ကြုတ်သွားပြီး ကျိန်ဆဲလိုက်ပါတယ် ‘ခွေးမသား… ဒီအချိန်ကျမှ ငါ့ကို ကျိန်စာတိုက်ရလား’ ဇုထူဟာ အမှောင်သခင်ကြီးကို တော်တော်လေး မုန်းတီးသွားပါတယ်။
လီတောက်ခုံးဟာ ဇုထူဘာဖြစ်နေမှန်း မသိတာကြောင့် ကိုယ်ပွားတွေခွဲပြီး ဓားသိုင်းမျိုးစုံသုံးကာ ဇုထူကို တိုက်ခိုက်ပါတယ်။ ဓားအရိပ်တွေဟာ ပိုပိုများလာပြီး ဇုထူဆီကို ပျံသန်းသွားပါတယ်။ တစ်ချိန်တည်းမှာပဲ လီတောက်ခုံးရဲ့ ကိုယ်ပွားတွေက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားပါတယ်။
ရုတ်တရက်ဆိုသလို လီတောက်ခုံးရဲ့ ဓားအရိပ်တွေဟာ ဇုထူကို ရင်ဆိုင်မိသွားပြီး ဖြာထွက်လာတဲ့ အလင်းရောင်တွေဟာ လောကတစ်ခုလုံးကို လင်းထိန်သွားစေပါတယ်။
ကျို့ယိုငရဲ၊ တိတ်ဆိတ်ကျွန်း။
ကျင့်ကြံအားထုတ်နေတဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ အပေါ်ကို မော့ကြည့်လိုက်ကြပါတယ်။
“ဒီအလင်းက ဘယ်ကနေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ” မုရုံချီက တအံတဩ မေးလိုက်ပါတယ်။
ကျို့ယိုငရဲကို ရောက်လာပြီးနောက် တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ အလင်းရောင်ကို ပထမဆုံး မြင်ရတာပါ။
လီယောင်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် “အဲဒါ ဓားအလင်းရောင်”
‘ဓားအလင်း’ လူတိုင်းဟာ မှင်သက်သွားကြပါတယ်။
စန့်ရှီက ရှုပ်ထွေးတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “စွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ဓားအလင်းရောင်က ကျို့ယိုငရဲထိ ဖောက်ထွင်းနိုင်တယ်၊ ဒီကျင့်ကြံမှုက တော်တော် ကြောက်ဖို့ကောင်းတာပဲ၊ သူက အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားအကြီးဆုံး တည်ရှိမှုတွေထဲက တစ်ယောက် ဖြစ်ရမယ်”
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေလည်း စိတ်ကူးယဉ်ကြည့်လိုက်ကြပါတယ် ‘ကောင်းကင်ဘုံကို လင်းထိန်စေနိုင်တဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေတာလဲ’
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ ဟန်ကျွယ်ကတော့ ကျိန်စာတိုက်တာကို အာရုံစိုက်နေတဲ့အတွက် ဓားအလင်းရောင်ကို သတိမထားမိပါဘူး။
လေးငါးခြောက်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ပြီး ဂရုတစိုက် စောင့်ကြည့်ပါတယ်။
တစ်ဘီလီယံ။
သုံးဘီလီယံ။
ငါးဘီလီယံ။
ဆယ်ဘီလီယံ အရောက်မှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်း ဆယ်ဘီလီယံ အလျော့ခံပြီး ကျိန်စာတိုက်ပေမဲ့ သွေးတစ်စက်တောင် မထွက်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် နတ်မင်းအဆင့်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဇုထူက အဆင်ပြေနေလား ဒုက္ခရောက်နေလား မသိပေမဲ့ ဘာမှမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် စိတ်ထဲမှာတော့ နေလို့ထိုင်လို့ ကောင်းသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ခဏနားပြီး ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာ ဆက်တိုက်ပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓက ရူးသွပ်နေပြီဖြစ်တဲ့အတွက် ဒီအချိန်က သေအောင် ကျိန်စာတိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို‌ဗုဒ္ဓကိုလည်း ဆယ်ဘီလီယံ အကုန်ခံပြီး ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ငါးရက်ကျော်တဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ အားကုန် ကျိန်စာတိုက်တဲ့အတွက် ဟန်ကျွယ်ရဲ့ သက်တမ်းကလည်း အလွန်လျင်မြန်စွာ လျှော့ကျသွားပါတယ်။
သုံးဘီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် မိစ္ဆာနှလုံးသားနှင့် ဝိညာဉ်စွမ်းအားကို ထိန်းချုပ်မှု လွတ်ကင်းသွား၏။]
ငါးဘီလီယံ။
ရှစ်ဘီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် မိစ္ဆာနှလုံးသားနှင့် မိစ္ဆာဝိညာဉ်ကို ဖော်ထုတ်မိပြီး ကောင်းကင်တာအို၏ ပြစ်ဒဏ်ပေးခြင်းကို ဆွဲဆာင်မိသွား၏။]
ကိုးဘီလီယံ။
ဆယ်ဘီလီယံ အရောက်မှာ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ချက်ချင်းရပ်လိုက်ပါတယ်။
“အမှောင်သခင်ကြီး… မင်းစောင့်နေ… ငါ မင်းကို ကျိန်းသေပေါက် သတ်ပစ်မယ်”
“အား…”
ကောင်းကင်တာအိုဗုဒ္ဓရဲ့ အသံဟာ ပေါက်ကွဲထွက်လာပါတယ်။ ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းက လူတွေအားလုံး ကောင်းကင်တာအိုဗုဒ္ဓရဲ့အသံကို ကြားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်မြင်ကွင်းထဲမှာ စာတစ်စောင် ရောက်လာပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် ကောင်းတာအို၏ သတ်ဖြတ်ခြင်းကို ခံရပြီး တာအိုလွှင့်ပါး ပျောက်ကွယ်သွား၏။ သို့သော်လည်း လက်ကျန် ဝိညာဉ်အပိုင်းအစ တစ်ခုမှာမူ ထွက်ပြေး လွတ်မြောက်သွား၏။]
‘သူက သေသွားပြီလား’
‘ဒါမှမဟုတ် လုံးဝ မသေသေးတာလား’
လက်ကျန် ဝိညာဉ်အပိုင်းအစက ဟန်ကျွယ်ကို မသက်မသာ ဖြစ်စေပါတယ်။
တစ်ချိန်တည်းမှာပဲ အနန္တကမ္ဘာမှာ ရွှေမိုးရွာသွန်းပါတယ်။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ကျဆုံးသွားတဲ့အတွက် အနန္တကမ္ဘာမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်သွားပါတယ်။
ကောင်းကင်ရုံးတော်၊ စိတ်ဝိညာဉ်နန်းတော်။
ကောင်းကင်ဧကရာဇ်ဟာ နတ်ဘုရားခန်းမ အပြင်ဘက်က ရွှေမိုးကိုကြည့်ပြီး မျက်နှာအမူအရာ လုံးဝ ပျက်သွားပါတယ်။
‘အမှောင်သခင်ကြီးက ဘယ်သူလဲ၊ ဇုထူက လီတောက်ခုံးနဲ့ တိုက်ခိုက်နေတုန်းဆိုတော့ အမှောင်သခင်ကြီး လုံးဝ မဖြစ်နိုင်ဘူး၊ အမှောင်သခင်ကြီးက ကောင်းကင်တာအိုဗုဒ္ဓကို သေအောင် ကျိန်စာတိုက်လိုက်တယ်၊ ဒါ…’
ကောင်းကင်ဧကရာဇ်ရဲ့ ရင်ထဲမှာ မုန်တိုင်းထန်သွားပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်း တွက်ချက်ကြည့်တဲ့အခါ ထူးဆန်းသွားပါတယ်။
‘ဟင်… ကောင်းကင်တာအို‌ဗုဒ္ဓက မိစ္ဆာဘိုးဘေးလား၊ ကောင်းကင်တာအိုက ပြစ်ဒဏ်ပေးတာ မထူးဆန်းတော့ပါဘူး’
မိစ္ဆာဘိုးဘေးဆီမှာ စုစည်းနေတဲ့ အကုသိုလ်ကံက အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းတဲ့အတွက် ကောင်းကင်တာအိုက သူ့ကို အာရုံခံမိတာနဲ့ ချက်ချင်း ပြစ်ဒဏ်ပေးတာပါ။
‘အမှောင်သခင်ကြီးရဲ့ ကျိန်စာကြောင့် ကောင်းကင်တာအိုဗုဒ္ဓက သူ့ကိုယ်သူ မဖုံးကွယ်နိုင်တော့တာလား’
ကောင်းကင်ဧကရာဇ်ဟာ စိတ်ထဲမှာ လေးလံသွားပါတယ် ‘ဒီနေ့ ကောင်းကင်တာအိုဗုဒ္ဓ အလှည့်ဆိုတော့ နောက်တစ်ခါကျရင် ငါ့အလှည့်ရော မဖြစ်နိုင်ဘူးလား’
ကောင်းကင်ဧကရာဇ်ဟာ မိစ္ဆာမျိုးနွယ်စုက မဟုတ်တဲ့အတွက် ကောင်းကင်တာအိုရဲ့ ပစ်မှတ်ထားခြင်းကို မခံရပါဘူး။ ဒါပေမဲ့လည်း ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို လုံးဝ မခံချင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset