Switch Mode

Chapter – 348

အခန်း (၃၄၈) နတ်မင်းအဆင့်သို့ ထိုးဖောက်ခြင်း၊ မဟာအဂ္ဂဗုဒ္ဓ နိုးထခြင်း
ကောင်းကင်တာအိုဗုဒ္ဓဟာ ကျိန်စာကို ခုခံရင်းနဲ့ အမှောင်သခင်ကြီးကို ဘယ်လိုရှာရမလဲဆိုတာ ဦးနှောက်ခြောက်မတက် စဉ်းစားပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓဟာ အမှောင်သခင်ကြီးကို မရှာနိုင်ဘူးဆိုရင် အနာဂတ်မှာလည်း ဒီလိုမျိုး ဆက်ပြီးတော့ ခံစားနေရမှာပါ။
ကောင်းကင်တာအိုဗုဒ္ဓဟာ အမှောင်သခင်ကြီးက သူ့ကို ဘာလို့ဆက်ပြီးတော့ ကျိန်စာတိုက်နေလဲဆိုတာ နားမလည်နိုင်ပါဘူး ‘ငါ ဗုဒ္ဓဂိုဏ်းကနေ ထွက်လာခဲ့ပြီးပြီပဲ၊ သူ ဘာလို့ ကျိန်စာတိုက်နေသေးတာလဲ၊ ငါနဲ့ အမှောင်သခင်ကြီးက ဘာရန်ငြိုးရန်စများ ရှိနေလို့လဲ၊ ကမ္ဘာမကြေနိုင်တဲ့ ရန်ငြိုးများ ရှိနေလို့လား’
နောက်ရက်တွေမှာ ကျိန်စာစွမ်းအားက ပိုအားကောင်းလာတာကြောင့် ကောင်းကင်တာအိုဗုဒ္ဓဟာ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ ထပ်ပြီးတော့ အသိစိတ်ကင်းမဲ့သွားပါတယ်။ အတွင်းနတ်ဆိုးက ကောင်းကင်တာအို‌ဗုဒ္ဓရဲ့ နှလုံးသားကို စိုးမိုးသွားပြီး ကောင်းကင်တာအိုဗုဒ္ဓရဲ့ စိတ်ထဲမှာ အမှောင်သခင်ကြီးကို သတ်ဖြတ်ချင်စိတ်ပဲ ရှိပါတော့တယ်။
ဒီသတ်ဖြတ်ချင်စိတ်ကြောင့် ကောင်းကင်တာအိုဗုဒ္ဓဟာ တွေ့သမျှ အကုန်သတ်ပစ်တော့မှာပါ။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် အသိစိတ်ကင်းမဲ့သွား၏။]
ဒီစာကိုမြင်ပေမဲ့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ မရပ်ပါဘူး။ သက်တမ်း ၂ ဘီလီယံ ကုန်သွားမှသာ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။ မုန်းတီးမှု ကြယ်ခြောက်ပွင့်က နည်းနည်းနောနော မုန်းတီးမှု မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို မသတ်ရဘူးဆိုရင် စိတ်ချနိုင်မှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်က သွေးမထွက်တာ သတိထားမိသွားပါတယ် ‘ဒါ မကြာသေးခင်က ပြောင်းလဲသွားတဲ့ လောကဦး ကြယ်တရာခန္ဓာကိုယ်ကြောင့်ပဲ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ သုံးလေးရက်နားပြီးမှ နတ်ဆိုးဧကရာဇ်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်ဘီလီယံကုန်အောင် ကျိန်စာတိုက်ပေမဲ့ နတ်ဆိုးဧကရာဇ် တစ်ခုခုဖြစ်တဲ့ စာတစ်စောင်မှ ရောက်မလာပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ဇုထူကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဇုထူကလည်း ဘာမှမဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျချင်သလို ဖြစ်သွားပါတယ်။
‘ဒီလူတွေက ကျိန်စာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိသွားကြပြီလား… ဒီအတိုင်းဆိုရင် ငါ ကြမ္မာဆိုးစာအုပ်ကို ထပ်ပြီးတော့ အဆင့်မြှင့်မှပဲ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ငါ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်ချင်ရင် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးလိုတယ်၊ ဒီဟာကို စနစ်ကပေးတဲ့ ရွေးချယ်မှုတွေကနေပဲ ရနိုင်တာ’
ဟန်ကျွယ်ဟာ အပြင်ထွက်ပြီး မတိုက်ခိုက်ချင်တာကြောင့် အဆင့်ထိုးဖောက်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။
ရှန်နန်းတော်။
ဇုထူဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ကြည့်ရတာ အမှောင်သခင်ကြီးက မရိုးရှင်းဘူးပဲ”
အမှောင်သခင်ကြီးရဲ့ ကျိန်စာတိုက်မှုကို ခံရတဲ့ ဇုထူဟာ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလိုပဲ စာအုပ်တစ်အုပ်ကိုသာ တွက်ချက်နိုင်ပါတယ်။ စာအုပ်ပိုင်ရှင် အမှောင်သခင်ကြီးရဲ့ ရုပ်သွင်ကိုတော့ လုံးဝ မတွက်ချက်နိုင်ပါဘူး။ အကြိမ်ကြိမ် ကြိုးစားပြီးတဲ့နောက်မှာတော့ ဇုထူဟာ လက်လျှော့လိုက်ပါတယ်။
‘ဒီအမှောင်သခင်ကြီးက အံဩဖို့တော့ ကောင်းသားပဲ၊ ဒါပေမဲ့ မင်းက အမှောင်ထဲမှာပဲ ပုန်းနေပြီး အပြင်ထွက်မလာရဲမှာတော့ ဘယ်တော့မှ ထွက်လာဖို့ မစဉ်းစားနဲ့’
ဇုထူဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ်။ အခုလက်ရှိ ကျိန်စာစွမ်းအားက ဇုထူကို ဘာမှမလုပ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ သက်တမ်း ၆ ဘီလီယံ သုံးစွဲပြီးနောက် ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။ သက်တမ်း ၆ ဘီလီယံတောင် သုံးစွဲလိုက်တဲ့အတွက် လက်ဖွာပုံပေါ်ပေမဲ့ တကယ်တော့ ဒီပမာဏာက ဟန်ကျွယ်ရဲ့ ၂ ကွာဒလီယံနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။
‘ဟင်း.. ဒီအမြင်က လုံးဝမကောင်းဘူး၊ ငါ့သက်တမ်းကို ငါ လေးစားရမယ်၊ လောင်းကစားလုပ်တဲ့လူတွေက ဘယ်သူပဲဖြစ်ဖြစ် ဘယ်တော့မှ အဆုံးသတ်မကောင်းဘူး၊ အင်း… ဟုတ်တယ်၊ ကပ်ဘေးပြီးတာနဲ့ ငါ ဘယ်တော့မှ ကျိန်စာမတိုက်တော့ဘူး… တခြားသူက အသက်မရှင်ချင်ရင်တော့ တစ်မျိုးပေါ့လေ’
အချိန်တွေ ကုန်ဆုံးသွားပြီး စကြာဝဠာမှာရှိတဲ့ အနန္တကမ္ဘာတိုင်းဟာ အနန္တကပ်ဘေးကို ရင်ဆိုင်ရပါတယ်။ ဟန်ကျွယ် ဝိညာဉ်ထဲမှာရှိနေတဲ့ ထုန်ကျန့်ကမ္ဘာကလွဲရင် ကျန်တဲ့ကမ္ဘာတွေ အကုန်လုံးမှာ ကမ္ဘာဖျက်စစ်ပွဲတွေ ဖြစ်ပွားပါတယ်။
ဒီလိုစစ်ပွဲတွေကြောင့် အကုသိုလ်ကံဟာ လျှံတက်လာပြီး အနန္တကမ္ဘာကနေ ဟင်းလင်းပြင်ထိ စတင်ပျံ့နှံ့သွားပါတယ်။ အရာအားလုံးကို မြင်နိုင်တဲ့ မျက်စိနဲ့ ကြည့်မယ်ဆိုရင် အမှောင်ထုက အနန္တကမ္ဘာတွေကို ဝါးမြိုနေတဲ့ပုံစံမျိုး တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ကန့်သတ်စည်းကို ရောက်ရှိသွားပြီး ထပ်ပြီး မတိုးတက်တော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ဘယ်လို ထိုးဖောက်ရမလဲဆိုတာ အခုထိ မသိသေးပါဘူး။
‘နတ်မင်းအဆင့်က ဘယ်လိုမျိုးလဲ’ ဟန်ကျွယ်ဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ ဒီလိုဖြစ်မယ်မှန်းသာသိရင် မဟာအန္တိမခန်းမှာ နတ်မင်းအဆင့်နဲ့ ပတ်သက်ပြီး ဘိုးဘေးရှီတျန်ကို မေးမြန်းခဲ့မိမှာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို အသုံးပြုလိုက်ပေမဲ့ အဆင့်မြင့်မားတဲ့ ကျင့်စဉ်ကို တွက်ချက်လို့မရဘူးလို့ စနစ်က ပြန်ဖြေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်ကာ နတ်မင်းအဆင့်ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာ မေးမြန်းလိုက်ပါတယ်။
“ဘာ… မင်းက နတ်မင်းအဆင့်ကို ထိုးဖောက်တော့မှာလား” ကောင်းကင်ဧကရာဇ်ဟာ အံအားသင့်သွားပြီး ပျာယာခတ်သွားပါတယ်။
“ကျွန်တော်က မေးကြည့်ရုံပဲ” ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က သူ့စကားကို မယုံကြည်မှန်း သိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်မှာ ကောင်းကင်ဧကရာဇ်ကလွဲရင် မေးစရာ ဘယ်သူမှ မရှိပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ အတန်ကြာအောင် တိတ်ဆိတ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ ချသွားပြီလို့ ထင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ ကောင်းကင်ဧကရာဇ်ရဲ့ စကားသံကို ကြားလိုက်ရပါတယ်။
“နတ်မင်းအဆင့်ကို ထိုးဖောက်တာက ဝိညာဉ်အပေါ် အဓိက မူတည်တယ်၊ နတ်မင်းအဆင့်ကို ရောက်သွားရင် ခန္ဓာကိုယ်က အရေးမကြီးတော့ဘူး၊ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် အတွေးတစ်ချက်နဲ့ ပြန်တည်ဆောက်နိုင်တယ်”
“ဝိညာဉ်ကို တိုးတက်အောင် လုပ်ဖို့အတွက် မဟာတာအိုကို လိုအပ်တယ်၊ မဟာတာအိုကို အသုံးပြုပြီး ဝိညာဉ်နဲ့ မဟာတာအိုကို ပေါင်းစပ်နိုင်လောက်တဲ့အထိ ပြုစုပြိုးထောင်မယ်ဆိုရင် နတ်မင်းအဆင့်ကို ရောက်သွားလိမ့်မယ်၊ ဒါပေမဲ့ နတ်မင်းအဆင့်မှာ သိမြင်နိုင်တဲ့ မဟာတာအိုက အစိတ်အပိုင်းနည်းနည်းလေးပဲ၊ ဥပမာပေးရရင် အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်တာအိုနဲ့ သေမျိုးကမ္ဘာရဲ့ ကောင်းကင်တာအိုလိုမျိုး ကွာခြားတယ်၊ တာအိုပညာရှိတွေပဲ မဟာတာအိုက တကယ်သိမြင်နိုင်တာ၊ တာအိုပညာရှိတွေ ပိုင်ဆိုင်ထားတဲ့ မဟာတာအိုကို လေ့ကျင့်တဲ့ ကျင့်ကြံသူတွေက တာအိုပညာရှိရဲ့ အမိန့်ကို လုံးဝမလွန်ဆန်နိုင်ဘူး”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ထိတ်လန့်သွားပါတယ် ‘တာအိုပညာရှိတွေက အဲဒီလာက်တောင် အစွမ်းရှိတာလား… ဒါဆို ဘိုးဘေးရှီတျန်က မဟာတာအို ဟောကြားပြီး တာအို လာနားထောင်တဲ့သူတွေကို ထိန်းချုပ်ချင်တာလား’
‘တော်တော် ကြောက်ဖို့ကောင်းတာပဲ၊ နောက်ကျရင် ငါ ကံတရား မဟာတာအိုကို လေ့ကျင့်လို့ မဖြစ်ဘူး’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကျေးဇူးပါပဲ အရှင်မင်းကြီး၊ ကျွန်တော်က နတ်မင်းအဆင့်နဲ့ တော်တော်လေး အလှမ်းဝေးသေးတယ် ဆိုပေမဲ့ နတ်မင်းအဆင့်ကို ရောက်ရင် အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ကျွန်တော် မမေ့ပါဘူး”
ကောင်းကင်ဧကရာဇ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်၊ ငါ အခုအချိန်မှာ မင်းထွက်လာပြီး ကောင်းကင်ရုံးတော်ကို ကူညီဖို့ မမျှော်လင့်ဘူး၊ ငါ မျှော်လင့်တာက ဒီကပ်ဘေးပြီးသွားရင်း မင်း ကောင်းကင်ရုံးတော်ကို ကာကွယ်ပေးဖို့ပဲ၊ အဲဒီအချိန်ကျရင် မင်းက လီတောက်ခုံးနဲ့ လီရွှမ်အောက်လိုမျိုး စွမ်းအားကြီးနေလောက်ပြီဆိုတော့ မင်းကို ဒဏ်ရာရအောင်လုပ်နိုင်တဲ့လူ ရှိတော့မှာ မဟုတ်ဘူး၊ ငါက မင်းကို အစွန်းရောက် ဧကရာဇ်လေးပါးလိုမျိုး ကောင်းကင်ရုံးတော်ရဲ့ ထောက်တိုင်ကြီး ဖြစ်စေချင်တာ”
“ရပါတယ်၊ ကျွန်တော်မှာ လုံလောက်တဲ့ စွမ်းအားရှိရင် ကောင်းကင်ရုံးတော်ကို ကျိန်းသေပေါက် ကာကွယ်ပေးမှာပါ” ဟန်ကျွယ်ဟာ လေးလေးနက်နက် ကတိပေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပြီး နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ကတော့ သူ့ခန္ဓာကိုယ်ထဲက သေခြင်ရှင်ခြင်း မဟာတာအိုကို ကြည့်လိုက်ပါတယ်။ ကံတရား မဟာတာအိုက ဘိုးဘေးရှီတျန်ဆီက ရထားတာ ဖြစ်တဲ့အတွက် အန္တရာများလွန်းပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကံတရား မဟာတာအိုကို လုံးဝ မကျင့်ကြံရဲပါဘူး။ ဒါပေမဲ့ သေခြင်းရှင်ခြင်း မဟာတာအိုကတော့ ဘာအန္တရာယ်မှ မရှိပါဘူး။
ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုကို ရထားတာ အတော်ကြာပါပြီ။ ဒီမဟာတာအိုကိုပဲ မှီခိုပြီး ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ကျွယ် အမြင်မှာ သေခြင်းရှင်ခြင်း မဟာတာအိုကို သိမြင်ထားတဲ့ တာအိုပညာရှိ မရှိနိုင်ပါဘူး။ မဟုတ်ရင် ဆက်ကျင့်ကြံလို့ ဘာအကျိုးမှ မရှိပါဘူး။
သေခြင်းရှင်ခြင်း မဟာတာအိုက သက်ရှိအားလုံးရဲ့ သေခြင်းရှင်ခြင်းကို တိုက်ရိုက် ဆုံးဖြတ်နိုင်တဲ့အတွက် အလွန်တရာမှ အစွမ်းထက်လှပါတယ်။
ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုကို ထုတ်ယူပြီး သူ့ဝိညာဉ်ကို ရစ်ပတ်လိုက်ပါတယ်။ သေခြင်းရှင်ခြင်း မဟာတာအိုရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုကြောင့် ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ နွေးလိုက်အေးလိုက် ဖြစ်သွားပါတယ်။
‘ဒါက ဒဏ္ဍာရီလာ ရေမီး…’
ဟန်ကျွယ်ဟာ ပျံ့လွင့်သွားတဲ့ အတွေးကို အချိန်မီ ပြန်သိမ်းပြီး သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ သူ့ဝိညာဉ်ကို ဆက်ပြီးတော့ ပြုစုပြိုးထောင်ပါတယ်။ သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြောင်းလဲမှုတစ်ခုကို တွေ့ရှိသွားပါတယ်။
အဲဒါက ဟန်ကျွယ်ရဲ့ဝိညာဉ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ စတင်ပေါင်းစပ်လာတာပါ။ ဒီပေါင်းစပ်မှုက အပေါ်ယံထင်သလိုမျိုး မရိုးရှင်းလှပါဘူး။
ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ နည်းလမ်း တွေ့သွားပြီဖြစ်တဲ့အတွက် အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။ ဒီဖြစ်စဉ်က အလွန်တရာမှ နှေးကွေးပေမဲ့ ဟန်ကျွယ်မှာ အချိန်အများကြီး ရှိပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာတဲ့ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို အဖြူရောင်နဲ့ အနက်‌ရောင်ချီတွေ ဝန်းရံနေတာကို တွေ့လိုက်ရပါတယ်။ ဝူတောက်ကျန့်ဟာ ကျင့်သားရနေပြီမို့ ဟန်ကျွယ်ရှေ့ လျှောက်သွားပြီး အသာခေါ်လိုက်ပါတယ် “သခင်”
ဟန်ကျွယ်ဟာ မျက်လုံးမဖွင့်ဘဲ မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
“ချူရှီရန် တစ်ခုခုဖြစ်နေတယ်”
“ဘာ…” ဟန်ကျွယ်ဟာ ချက်ချင်းပဲ မျက်လုံးဖွင့်လိုက်ပါတယ် ‘ဒီကောင်လေး ဘာဖြစ်တာလဲ’ ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ ဖူစန်းသစ်ပင်အောက်မှာ ထိုင်နေတဲ့ ချူရှီရန်ကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ချူရှီရန်ရဲ့ ခန္ဓာကိုယ်ကနေ ဗုဒ္ဓအလင်းရောင်တွေ ဖြာထွက်နေတာကြောင့် အလွန်တရာ ကြည်ညိုဖွယ် ကောင်းနေပါတယ်။
တခြားတပည့်တွေက အချင်းချင်း ဆွေးနွေးနေကြပါတယ်။
“သူကလည်း ဗုဒ္ဓဂိုဏ်းကလူ ပြန်ဝင်စားတာလား”
“ရွှင်ချန်အန်း… မင်း သူ့ကိုသိလား”
“မသိဘူး၊ ဒါပေမဲ့ ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားရတယ်”
“ချူရှီရန်ရဲ့ ဘဝဟောင်းကို သရုပ်မှန်ကို ခန့်မှန်းကြည့်ကြရအောင်၊
“လိုဟန့် ဖြစ်လောက်တယ်”
“လိုဟန့်က အဲဒီလောက် အရည်အချင်း ရှိမှာလား၊ သူက အနည်ဆုံးဗုဒ္ဓပဲ”
တပည့်တွေ အကုန်လုံးဟာ စိတ်လှုပ်ရှားသွားကြပါတယ်။
ဘဝဟောင်းရဲ့ မှတ်ဉာဏ်နိုးထတာက လက်ရှိဘဝရဲ့ မှတ်ဉာဏ်တွေကို ဝါးမြိုသွားတာ မဟုတ်ဘဲ ပေါင်းစပ်ခြင်းတာ ဖြစ်ပါတယ်။ မုရုံချီ၊ ရွှင်ချန်အန်းနဲ့ စုချီတို့ဟာလည်း ဘဝဟောင်းက မှတ်ဉာဏ်တွေ နိုးထပြီးပါပြီ။ ဒါပေမဲ့ သူတို့ဟာ တိတ်ဆိတ်ဂိုဏ်းကို စွန့်ခွာမသွားကြပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset