Switch Mode

Chapter – 341

အခန်း (၃၄၁) အဆုံးသတ်အပျက်အစီးမှ နတ်ဘုံ၊ ဟောင်တျန်ခန္ဓာသိမ်းခြင်း
တစ်လကြာတဲ့အခါမှာတော့ နတ်ဆိုးဧကရာဇ်ဟာ လက်လျှော့သွားပြီး ဟန်ကျွယ်ကို အိပ်မက်ထဲကနေ မဆက်သွယ်တော့ပါဘူး။ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကြောင့် တော်တော်လေး စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။
‘ဒီခွေးမသားက ဘာဖြစ်နေတာလဲ၊ နေပါအုန်း… ငါက အမှောင်သခင်ကြီးဆိုတာ သူ ခန့်မှန်းမိသွားတာလား’
ကြောက်လန့်သွားတဲ့ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကိုသုံးပြီး နတ်ဆိုးဧကရာဇ်က အမှောင်သခင်ကြီး ဘယ်သူဆိုတာကို သိမသိ တွက်ချက်ပါတယ်။ သက်တမ်း သန်း ၁၀၀ သုံးစွဲပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်က အမှောင်သခင်ကြီး ဘယ်သူဆိုတာကို မသိတဲ့အကြောင်း သိလိုက်ရပါတယ်။
ဒါကြောင့် နတ်ဆိုးဧကရာဇ်မှာ တခြားရည်ရွယ်ချက် ရှိနေတယ်လို့ ဟန်ကျွယ် ခန့်မှန်းမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့အကြောင်း တစ်စွန်းတစ်စ ပေါ်သွားမှာစိုးတဲ့အတွက် နတ်ဆိုးဧကရာဇ်နဲ့ မဆက်သွယ်ရဲပါဘူး။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီး ကျင့်ကြံအားထုတ်ပါတယ်။
အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ကို ရောက်ပြီးနောက်ပိုင်းမှာ ဟန်ကျွယ်ရဲ့ စုပ်ယူမှုအလျင်က တိုးတက်လာတဲ့အတွက် ကျင့်ကြံမှုအလျင်ကလည်း များစွာ တိုးတက်လာပါတယ်။ ဒီနှုန်းအတိုင်းဆက်သွားမယ်ဆိုရင် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို မကြာခင် ရောက်ရှိသွားမှာပါ။
ဒီလိုဆိုရင် ဟန်ကျွယ်ဟာ နတ်မင်းအဆင့်နဲ့ မဝေးတော့ပါဘူး။ ဟန်ကျွယ်သာ နတ်မင်းအဆင့်ကို ရောက်သွားရင် အကုသိုလ်ကံတွေကို ကျိန်းသေပေါက် ဝါးမြိုနိုင်မှာ ဖြစ်တဲ့အတွက် ကျင့်ကြံမှုကလည်း မိုးပေါ်တစ်လှမ်းတည်းနဲ့ ရောက်သွားမှာပါ။ ဟန်ကျွယ်ဟာ အဲဒီအချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။
ကျို့ယိုငရဲထဲမှာ ဘာမှမရှိတဲ့အတွက် အချိန်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတယ်။ ကျို့ယိုငရဲမှာက မဆုံးနိုင်တဲ့ အကုသိုလ်ကံတွေပဲ ရှိတဲ့အတွက် ဆူပူမှုတွေ မရှိပါဘူး။
တိတ်ဆိတ်ဂိုဏ်းအတွက်တော့ ကျို့ယိုငရဲမှာ ရှိနေတာက အတိတ်မှာတုန်းကနဲ့ ဘာမှထူးပြီးတော့ ခြားနားမသွားပါဘူး။ တိတ်ဆိတ်ဂိုဏ်းရဲ့ ပြိုင်ပွဲကို နှစ်တစ်ရာတိုင်း ကျင်းပပြီး မုရုံချီက ဦးစီးပါတယ်။ မုရုံချီက စစ်နတ်ဘုရားဖြစ်တဲ့အတွက် ဒီကိစ္စ သူနဲ့အသင့်တော်ဆုံးပါပဲ။
သွမ့်ဟုန်ချန်နဲ့ ငရဲနက်နတ်ဆိုးသခင်လည်း ဝင်ပြိုင်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ သူတို့နှစ်ယောက်ဟာ စန့်ရှီကို မနိုင်ပါဘူး။ လျူပေ့က တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမဲ့ ရုပ်နာမ်နှစ်ပါး လုံလုံလောက်လောက် မပေါင်းစပ်သေးတာကြောင့် အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ရှိတဲ့ ငရဲနက်နတ်ဆိုးသခင်ကို မနိုင်ရှာပါဘူး။ ဒီရလဒ်က အနာဂတ်မှာတော့ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။
တပည့်တွေထဲမှာ လီယောင်က ထိပ်ဆုံးပါ။ လီယောင်ဟာ ကောင်းကင်ဓားတာအို စတုတ္ထအဆင့် နတ်သတ်ဓားအစီအရင်ကိုတောင် ပိုင်နိုင်နေပါပြီ။ ဒါပေမဲ့ လီယောင်ရဲ့ဓားတွေကို သိပ်ပြီးတော့ စွမ်းအားမကြီးရှာပါဘူး။
ဝူတောက်ကျန့်ကတော့ ကောင်းကင်ဓားတာအို တတိယအဆင့် လောကဦးဖန်တီးခြင်းကို နားလည်ပြီးခါစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီရလဒ်က ဝူတောက်ကျန့်အတွက် တော်တော်လေး ကောင်းနေပါပြီ။
တခြားတပည့်တွေလည်း တိုးတက်လာကြပါတယ်။
အတိုးတက်ဆုံးကတော့ ချူရှီရန်ပါ။ လွီဟွာရွှီကို တပည့်အဖြစ် လက်ခံပြီးကတည်းက ချူရှီရန်ဟာ လေးလေးနက်နက် ကျင့်ကြံအားထုတ်တဲ့အတွက် ရွှင်ချန်အန်းကို ကျော်တက်ပြီး မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ကို ရောက်ရှိသွားပါတယ်။
အားအနည်းဆုံးကတော့ ပဋိပက္ခကောင်းကင်ခွေးပါ။ ပဋိပက္ခကောင်းကင်ခွေးဟာ မျက်စိနှစ်ဖက် ဖောက်ထုတ်ခံရပြီး ကံတရား အထောက်အပံ့ ဆုံးရှုံးခဲ့တဲ့အတွက် ပြန်ကောင်းလာဖို့ တော်တော်လေး အချိန်ယူခဲ့ရပါတယ်။
ငရဲကြက်နက်ရဲ့ ကျင့်ကြံမှုကလည်း မဆိုးပါဘူး။ မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ် ဖြစ်နေပါပြီ။
အတိုချုံးပြီး ပြောရမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းတစ်ဂိုဏ်းလုံးက အလွန်လျင်မြန်တဲ့အရှိန်နဲ့ တိုးတက်နေပါတယ်။ အနန္တကပ်ဘေး ပြီးသွားတာနဲ့ လူတိုင်းက အင်မော်တယ်ကမ္ဘာရဲ့ နေရာဒေသတစ်ခုကို အုပ်စိုးနိုင်တဲ့ ထိပ်သီးကျင့်ကြံသူတွေ ဖြစ်သွားကြမှာပါ။
မျက်စိတစ်မှိတ်အတွင်း နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အားရစွာ ပြန်သိမ်းလိုက်ပါတယ်။ ဆယ်နှစ်တိုင်း ကျိန်စာမတိုက်ရရင် ဟန်ကျွယ်ဟာ စားမဝင် အိပ်မပျော်ပါဘူး။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြီးလို့ ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခု နှောင့်ယှက်တာကို ခံလိုက်ရပါတယ်။
ကျန်းယီပေးခဲ့တဲ့ ရွှေကျီးကန်းတိုကင်ပါ။
ဟန်ကျွယ်ဟာ နတ်အာရုံချင်း ဆက်သွယ်ပြီး‌ မေးလိုက်ပါတယ် “မင်း အကယ်ခံရပြီလား”
ကျန်းယီဟာ ပြုံးလိုက်ပါတယ် “အင်း ငါ အကယ်ခံလိုက်ရပြီ၊ ဒီတစ်ခါ ကံကောင်းမှုက ရုပ်ဖျက်လာတာပဲ၊ ငါ ကျင့်ကြံမှုလည်း တော်တော်လေး တိုးတက်သွားတယ်၊ အခုဆိုငါက တတိယအဆင့် အင်မော်တယ်ဧကရာဇ် ဖြစ်သွားပြီ”
“အံဩဖို့ကောင်းသားပဲ”
“ကောင်းတာပေါ့” ကျန်းယီရဲ့ လေသံဟာ ဘဝင်ခိုက်နေပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “တခြား ဘာကိစ္စရှိသေးလဲ”
ကျန်းယီက အပြုံးနဲ့ ပြောလိုက်ပါတယ် “အဆုံးသတ်အပျက်အစီးမှာ တည်ရှိတဲ့ နတ်ဘုံကို လာခဲ့ချည်၊ ငါက…”
ဟန်ကျွယ်ဟာ ကျန်းယီစကား မဆုံးခင်မှာပဲ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ် ‘ကောင်စုတ်… ငါ မင်းကို ကယ်ထားတာတောင် ငါ့ကို လှည့်စားချင်သေးတယ်’
ဒီအချိန်မှာပဲ ရွှေကျီးကန်းတိုကင်ဟာ ထပ်မံတုန်ခါလာတဲ့အတွက် ဟန်ကျွယ်ဟာ နတ်အာရုံချင်း ချိတ်ဆက်လိုက်ပြန်ပါတယ်။
“ဟေ့ကောင်… မင်း ဘာလို့ ဒီလောက်တောင် လူမှုရေး မသိတက်ရတာလဲ” ကျန်းယီက အော်ပြောလိုက်ပါတယ်။
ဟန်ကျွယ်က အေးစက်စွာ ပြောလိုက်ပါတယ် “မင်းက ငါ့ကို ဘာအခွင့်အရေးနဲ့ လှည့်စားအုန်းမှာလဲ၊ မင်းတောင် ဒုက္ခရောက်နေတာကို၊ ဘာလို့ ကိုယ့်မိတ်ဆွေကို လှည့်စားချင်ရတာလဲ”
ကျန်းယီဟာ ဟန်ကျွယ်စကားကို ကြားရတဲ့အခါမှာ နေရခက်သလို ခံစားလိုက်ရပါတယ် ‘ငါ ဒုက္ခရောက်နေတာကို သူက ဘယ်လိုသိတာလဲ၊ ငါ သူ့ကို တစ်ခါပဲ အကူအညီ တောင်းဖူးတာပါ’
ကျန်းယီက ခပ်တိုးတိုး ပြောလိုက်ပါတယ် “ငါ ဒီတစ်ခါ မင်းကို ညာတာ မဟုတ်ဘူး၊ မင်း အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို လာမယ်ဆိုရင် အနန္တကပ်ဘေးကို ရှောင်တိမ်းနိုင်တယ်”
ကျန်းယီစကားကြောင့် ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် “ဘာဆိုင်လို့လဲ”
“ငါလည်း သေချာမသိဘူး၊ ငါလည်း နတ်ဘုံကို အခုမှ ရောက်ဖူးတာ၊ ပြောကြတာတော့ အဆုံးသတ်အပျက်အစီးမှာရှိတဲ့ နတ်ဘုံက ကောင်းကင်တာအိုအောက်မှာ မရှိဘူးတဲ့”
“အဲဒါဆိုရင် အင်မော်တယ်ကမ္ဘာရှိတဲ့ သက်ရှိတွေကို အဲဒီကို ဘာလို့ မသွားကြတာလဲ”
“အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို သွားမယ်ဆိုရင် အမှောင်တားမြစ်နယ်မြေကို ဖြတ်ကျော်ဖို့လိုတယ်၊ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်၊ အင်မော်တယ်ဧကရာဇ်တောင် အဲဒီနေရာမှာ လုံးဝမလုံခြုံဘူး”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘အဆင့်မြင့်တဲ့မြေပုံလား’
ကျန်းယီက ဆက်ပြောပါတယ် “ဒါပေမဲ့ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံက အင်မော်တယ်ကမ္ဘာလောက် မစည်းကားဘူး၊ အင်မော်တယ်ချီက မလုံလောက်တဲ့အပြင် အခွင့်အရေးကလည်း သိပ်မရှိဘူး၊ အင်မော်တယ်ဧကရာဇ်အောက်က ကျင့်ကြံသူတွေ ဒီလာမယ်ဆိုရင် သေမင်းခံတွင်းထဲ ခုန်ချတာနဲ့ အတူတူပဲ၊ ဒါပေမဲ့ မင်းက အင်မော်တယ်ဧကရာဇ် ဖြစ်နေတဲ့အပြင် အနန္တကပ်ဘေးကို ရှောင်တိမ်းချင်တယ်မလား”
“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ၊ ဒါပေမဲ့ ငါအခု အရမ်းလုံခြုံတဲ့နေရာမှာ ပုန်းနေလို့ ကပ်ဘေးထဲ ဝင်စရာမလိုဘူး”
“မဖြစ်နိုင်တာ… မင်း ကောင်းကင်တာအိုအောက်မှာ ရှိနေရင် ကပ်ဘေးထဲ ကျိန်းသေပေါက် ဝင်ရလိမ့်မယ်”
“မဖြစ်နိုင်တာ မရှိဘူး”
“ဒါဆို စောင့်ကြည့်ကြတာပေါ့”
“အင်း…”
“ဒါဆိုရင် ငါ့ကို ပုံပြင်တစ်ပုဒ် ပြောပြ”
“ငါ မအားဘူး၊ ဒါပဲ၊ နောက်တစ်ခါကျမှ ပြောပြမယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ် ‘အရင်တစ်ခေါက်တုန်းက ငါ မင်းလောက် မစွမ်းလို့ အချိန်ကုန်ခံပြီး ဧည့်ခံခဲ့ရတာ၊ အခု မင်းက ငါ့ကို ထပ်ပြီးတော့ ပြောစေချင်သေးတာလား၊ အိပ်မက်မက်နေလိုက်’
နှစ်ပေါင်းများစွာကြာလို့ ဒီသတင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် အမှောင်သခင်ကြီး အရှက်ကွဲမှာ ကျိန်းသေပါတယ်။
ကျန်းယီက ဆက်ပြီးတော့ မနှောင့်ယှက်တဲ့အတွက် ဟန်ကျွယ်ဟာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပါတယ်။
လင်းထိန်နေတဲ့ တာအိုဘုံကျောင်းတစ်ကျောင်းမှာ လုံဟောင်ဟာ တရားထိုင်နေပါတယ်။ လုံဟောင်ရဲ့ အခြေအနေဟာ အလွန်တရာ ထူးဆန်းနေပါတယ်။ မျက်နှာက ရှုံမဲ့နေပြီး တစ်ခြမ်းက ရွှေရောင်အလင်းတွေ ဖြာထွက်နေပါတယ်။
လုံဟောင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ ရွှေရောင်တောက်သွားပါတယ်။ အဲဒီနောက် လုံဟောင်ဟာ အမောတကော အသက်ရှူပြီး သူ့လက်တွေကို ငုံ့ကြည့်ကာ မတ်တတ်ရပ်လိုက်ပါတယ်။
“ဟားဟား… အောင်မြင်ပြီ၊ ကောင်းကင်ဧကရာဇ်ရဲ့ သားတော်လို့ မပြောရဘူး၊ အရည်အချင်းကလည်း ထိပ်တန်းပဲ၊ ဒီကလေးက ငါနဲ့တော့ နည်းနည်းဆင်တူသားပဲ” လုံဟောင်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။
အမှန်တော့ လုံဟောင်ရဲ့ခန္ဓာကိုယ်ကို ဟောင်တျန်ကို အပိုင်သိမ်းလိုက်တာပါ။ ဟောင်တျန်ဟာ လုံဟောင်ရဲ့ ဝိညာဉ်ကို အတင်းဖိနှိပ်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
ဟောင်တျန်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။ တာအိုဘုံကျောင်း အပြင်ဘက်မှာ ရေကန်ကျယ်ကြီးတစ်ကန် ရှိနေပြီး အစိမ်းရောင်တောင်တန်းတွေနဲ့ ရောင်စုံတဲ့ ကောင်းကင်ပြင်ဟာ ရှုမငြီးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
ဟောင်တျန်ဟာ ရေကန်ဘေးနားကို လျှောက်သွားပြီး သာယာလှပတဲ့ရှုခင်းကို ခံစားလိုက်ပါတယ် ‘နှစ်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ နောက်ဆုံးတော့ ငါ သာယာလှပတဲ့ လောကကြီးကို ငါ့မျက်လုံးနဲ့ ပြန်မြင်တွေ့နိုင်ပြီ’
ဒီအချိန် ဟောင်တျန်‌ဘေးနားမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က တာအိုကလေးငယ်ပါ။ တာအိုကလေးငယ်က ပြောလိုက်ပါတယ် “ဆရာသခင်က မင်းကို စုဝေးပွဲ သွားစေချင်နေတယ်၊ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေလည်း တက်မှာဆိုတော့ မင်း မသွားလို့ မဖြစ်ဘူး”
ဟောင်တျန်ဟာ တာအိုကလေးငယ်ကို တစ်ချက်ကြည့်ပြီး အပြုံးနဲ့ ခေါင်းညိတ်လိုက်ပါတယ် ‘ဟမ်… ကျယ်ကျောင်းတော် ချန်ကျောင်းတော်… ငါ မင်းတို့ကို တစ်ခါတည် ဖမ်းပစ်မယ်’ ဟောင်တျန်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့ ယှက်သမ်းသွားပါတယ်။
ကျန်းယီ ဟန်ကျွယ်ကို ဆက်သွယ်တဲ့ အချိန်ကစလို့ ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရုတ်တရက် မြင်လိုက်ရတဲ့ စာအိတ်တစ်စောင်ကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
[သင့်တပည့် လုံဟောင်သည် ခန္ဓာသိမ်းခံရပြီး ဝိညာဉ် ဖိနှိပ်ခံလိုက်ရ၏။]
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ လုံဟောင်ရဲ့ အချက်အလက်က ခန္ဓာသိမ်းခံလိုက်ရတာကို တွေ့လိုက်ရပါတယ်။
‘ခွေးမသား ဟောင်တျန်… မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်’
ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်တာ ချက်ချင်းရပ်ပြီး ဟောင်တျန်ကို ကျိန်စာ ပြောင်းတိုက်ပါတယ်။
ငါးရက်ကြာသွားတဲ့ အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ လုံဟောင်တစ်ခုခု ဖြစ်မှာစိုးတဲ့အတွက် စာအိတ်တွေကို မျက်တောင်မခတ် စိုက်ကြည့်ပြီး ကျိန်စာဆက်တိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်း နှစ်သန်း ၁၀၀ ကုန်ဆုံးသွားတဲ့အခါမှာတော့ စာအိတ်တစ်စောင် ရောက်လာပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်တပည့် လုံဟောင်၏ ဝိညာဉ်စွမ်းအားသည် ဖရိုဖရဲ ဖြစ်ပြီး ရုပ်ခန္ဓမှာ ပြိုကွဲလုနီး ဖြစ်သွား၏။ ဟောင်တျန်၏ ဝိညာဉ်သည် ဘေးထွက်ဆိုးကျိုး ခံစားရပြီး အားနည်းသွားသောကြောင့် လုံဟောင်သည် သူ့ခန္ဓာကိုယ်အား ပြန်လည် ထိန်းချုပ်နိုင်သွား၏။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ချက်ချင်းရပ်လိုက်ပါတယ်။ လုံဟောင်က အားနည်းလွန်းတဲ့အတွက် ကျိန်စာအစွမ်းကို ဟောင်တျန်ကို တိုက်ရိုက်ထိမှန်သွားတာပါ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ ဘာလုပ်သင့်လဲ၊ ဒီဟောင်တျန်က ချိန်ကိုက်ဗုံးလိုပဲ၊ အချိန်မရွေး လုံဟောင်ကို ဒုက္ခပေးနိုင်တယ်’
ဟန်ကျွယ်ဟာ ဟောင်တျန်ကို ကိုယ်တိုင် မရင်ဆိုင်နိုင်တဲ့အတွက် နောက်ကွယ်ကနေပဲ ဒုက္ခပေးနိုင်ပါတယ် ‘မဖြစ်ဘူး… ငါ ကောင်းကင်ဧကရာဇ်ကို ဆက်သွယ်မှ ဖြစ်မယ်၊ ဒါပေမဲ့ အခုချက်ချင်း ဆက်သွယ်လိုက်ရင် ငါ့သရုပ်မှန် ပေါ်သွားလိမ့်မယ်၊ ဒီတော့ နောက်ဆယ်နှစ်လောက် ထပ်စောင့်လိုက်မယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset