Switch Mode

Chapter – 24

မင်းဒုက္ခရောက်လိမ့်မယ်လို့ ငါ ကြိုမပြောခဲ့ဖူးလား

Chapter – 24
“မင်းဒုက္ခရောက်လိမ့်မယ်လို့ ငါကြိုမပြောခဲ့ဘူးလား”

“ဘယ်​က မူရှန်​ဘိုင်​လဲ။ မူရှန်​ဘိုင်​ဆိုတာ ဘယ်​သူလဲ”
ရဲ​ရှောင်​၏ မျက်​လုံးများသည်​ပြူးကျယ်​သွားပြီး အံ့ဩတကြီးဖြင့်​ပင်​အိမ်​တော်​ထိန်းအား ကြည့်​ရင်း​မေးလိုက်​သည်​။
ရဲ​ရှောင်​အ​နေဖြင့်​ဘာဆိုဘာမှ မသိသည့်​အပြစ်​ကင်းသည့်​ပုံစံဖြင့်​ဟန်​ဆောင်​နေသည်​မှာ သဘာဝကျလှ​ပေသည်​။ သူသတ်​ခဲ့သည့်​သူသည်​အိမ်​ရှေ့မင်းသား၏​ယောက်​ဖဖြစ်​ရုံသာမက မျိုးနွယ်​စုကြီးရှစ်​ခုထဲမှ တစ်​ခုဖြစ်​သည့်​မူမျိုးနွယ်​စုထဲမှ လူတစ်​ယောက်​ဖြစ်​နေသည်​။ လူတစ်​ယောက်​အတွက်​သူလုပ်​ခဲ့သမျှ​အရာအားလုံးသည်​အရိပ်​ပမာပင်​သူ့​နောက်​တွင်​ထပ်​ကြပ်​မကွာ လိုက်​နေ​ပေမည်​။ သို့​သော်​မိမိနှင့်​ပက်​သက်​သည့်​အ​ကြောင်းအရာများအား မည်​သူတစ်​ဦး တစ်​ယောက်​ကိုမျှ ယုံကြည်​၍ အိတ်​သွန်​ဖာ​မှောက်​ဖွင့်​ဟမ​ပြောသင့်​ပေ။
“မူရှန်​ဘိုင်​ဆိုတာ မူမျိုးနွယ်​စုရဲ့ သခင်​လေးတစ်​ပါးပဲ။ အိမ်​ရှေ့မင်းသား ကြင်​ယာ​တော်​ရဲ့ အစ်​ကို တစ်​ယောက်​နောက်​ပြီး အိမ်​ရှေ့မင်းသားရဲ့​ယောက်​ဖ”
အိမ်​တော်​ထိန်းသည်​တည်​ငြိမ်​အေး​ဆေးသည့်​လေသံဖြင့်​ရှင်းပြလိုက်​ရင်း ရဲ​ရှောင်​အား စိုက်​ကြည့်​ကာ​ပြောလိုက်​သည်​။
“လွန်​ခဲ့တဲ့ သုံးရက်​က သခင်လေး သူနဲ့ တစ်ယောက်တစ်ခွန်း စကားများကြရာက​နေ ရန်​ဖြစ်​တဲ့ အဆင့်​ထိ ဖြစ်​ခဲ့တယ်​။​နောက်​ဆုံး သခင်လေးက ထွက်​ပြေးသွား​တော့ မူရှန်ဘိုင်ကလည်း နောက်​ကနေ လိုက်​သွားတယ်​။ အဲဒီ​နောက်​ပိုင်း ဘာ​တွေဆက်​ဖြစ်​တယ်​ဆိုတာ ဘယ်​သူမှ မသိကြဘူး”
အိမ်​တော်​ထိန်းသည်​သူ​ပြော​နေသည့်​စကားအား ခဏရပ်​လိုက်​ပြီး ရဲ​ရှောင်​၏ မျက်​နှာအမူအယာအား သတိထား၍ အကဲခတ်​ကြည့်​လိုက်​သည်​။ ခဏအကြာတွင်​မှ သူဆက်​၍​ပြောလိုက်​လေသည်​။
“ဒါ​ပေမယ့်​လူတိုင်းသိတာက သခင်လေးက မှဲ့တစ်​ပေါက်​မှ မစွန်းဘဲ အိမ်​ပြန်​ရောက်​လာပြီး မူရှန်​ဘိုင်​က​သေသွားတယ်​ဆိုတာကိုပဲ”
ရဲ​ရှောင်​ခနဲ့တဲ့တဲ့ ပုံစံဖြင့်​ပြုံးလိုက်​ရင်း –
“​ကောင်းပြီ . . .​ကောင်းပြီ။ ဘာ​တွေဆက်​ဖြစ်​သွားတယ်​ဆိုတာကို တခြားလူ​တွေ​တောင်​မသိတာ မူရှန်​ဘိုင်​ကို ဘယ်​သူသတ်​လိုက်​တယ်​ဆိုတာ ငါက ဘယ်​လိုလုပ်​သိမှာလဲ။ လူတစ်​ယောက်​သေ​တိုင်း သာ ငါ့ကို အပြစ်​တင်​နေရင်​ငါက လူသတ်​သမားကြီးကို လုံးလုံးဖြစ်​နေပြီ​ပေါ့။​နောက်​ပြီး ငါက လူတစ်​ယောက်​ကို သတ်​ရ​လောက်​တဲ့အထိ အစွမ်းအစရှိ​တယ်​လို့ ခင်​ဗျား​ထင်​နေတာလား”
အိမ်​တော်​ထိန်းသည်​တိုးညှင်း​သော​လေသံမျိုးဖြင့်​ရဲ​ရှောင်​အား ပြန်​ပြောလိုက်​သည်​။
“​ကောင်းလိုက်​တဲ့​ချေပချက်​ပဲ သခင်​လေး။ ဒါ​ပေမယ့်​မူရှန်​ဘိုင်​ကို သတ်​တာ သခင်​လေးပဲဆိုတာ ကျွန်​တော်​သိတယ်​”
အိမ်​တော်ထိန်း​ပြောလိုက်​သည့်​စကား​ကြောင့်​ရဲ​ရှောင်​အံ့ဩသွားရင်း မျက်​မှောင်​ကြုပ်​လိုက်​ကာ​တွေးးလိုက်​မိသည်​။
“ဒီအိမ်​တော်​ထိန်းက ငါ့ကို စကားလာအစ်​နေတာပဲ”
ရဲ​ရှောင်​တွေး​နေစဉ်​မှာပင်​အိမ်​တော်​ထိန်းသည်​ဆက်​ပြောလိုက်​သည်​။
“မူရှန်​ဘိုင်​ကို သတ်​တာ ဘယ်​သူဘယ်​ဝါဆိုတာ ခဏထားလိုက်​ဦး သခင်လေးက​တော့​သေချာ​ပေါက်​ကို စစ်​ဆေးခံရ​တော့မယ်​။ အဲဒီအတွက်​ကျွန်တော်တို့အ​နေနဲ့ ကြိုတင်​ပြင်​ဆင်​ထားဖို့ လိုလိမ့်​မယ်​။ တကယ်​လို့ မ​မျှော်​လင့်​ထားတဲ့အရာ​တွေသာ ဖြစ်​လာခဲ့ရင်​သခင်လေး နောင်​ဘဝအထိပါ​နောင်​တရ​နေရလိမ့်​မယ်​”
“သခင်လေးရဲ့​ချေပချက်​တွေက ဘယ်​လောက်​ကောင်း​ကောင်း ခုကိစ္စမှာ သခင်လေးက သံသဖြစ်​ဖို့ အ​ကောင်းဆုံး လူဖြစ်​နေပြီ။ မူရှန်​ဘိုင်​က သာမန်​လယ်​သမားတစ်​ယောက်​ရဲ့ သားမဟုတ်​ဘူး။ သူက မူမိသားစုရဲ့ သခင်​လေးတစ်​ယောက်​နောက်​ပြီး အိမ်​ရှေ့မင်းသားရဲ့​ယောက်​ဖ​လည်း ဖြစ်​နေတယ်​။ ဘယ်​လိုပဲဖြစ်​ဖြစ်​ဒီကိစ္စနဲ့ပက်​သက်​ပြီး​နောက်​ဆုံးမှာ လူတစ်​ယောက်​မဟုတ်​တစ်​ယောက်​ကို​တော့ သူတို့ ဖမ်းဆီးအ​ရေးယူမှာပဲ။ အဲဒီလူကလည်း သခင်လေး ဖြစ်​သွားနိုင်​တယ်​”
ရဲ​ရှောင်​သည်​သူ၏ အ​တွေးများအား စုစည်းလိုက်​ပြီး​နောက်​အိမ်​တော်​ထိန်းအား စိတ်​မပါသည့်​ပုံစံဖြင့်​ပြောလိုက်​သည်​။
“အိုးး . . . ဟုတ်​လား”
” အဲ ဒါ​ကြောင့်​သခင်လေး နဲ့ ကျွန်တော် ဒီကိစ္စကို​သေချာ​ဆွေး​နွေးချင်​နေတာ။ ကျွန်​တော်​အ​ကြံ​ပေးချင်​တာက ယုံကြည်​စိတ်​ချရတဲ့ အ​စောင့်​၃၆​ယောက်​နဲ့အတူ သခင်​လေး အ​ဖေရှိတဲ့​မြောက်​ပိုင်းကို သွားလိုက်​တာ အ​ကောင်းဆုံးပဲ”
အိမ်​တော်ထိန်းသည်​တည်​ငြိမ်​သော​လေသံဖြင့်​ဆက်​၍​ပြောလိုက်​သည်​။
“သခင်​လေးက​စစ်​သူကြီးရဲ့ တစ်​ဦးတည်း​သောသား။ ဒီမိသားစုရဲ့ တစ်​ဦးတည်း​သော အ​မွေ​ဆက်​ခံသူ။ သခင်​လေး​သေသွားလို့ မရဘူး”
ရဲ​ရှောင်​သည်​အိမ်​တော်​ထိန်း၏ အပြုံး​ကြောင့်​တစ်​ချက်​ပြုံးလိုက်​ရင်း​ပြောလိုက်​၏။
“​မြောက်​ပိုင်းကို . . . ဟုတ်​လား။ ငါ့အ​ဖေရဲ့အားကိုးနဲ့ ပြသာနာက​နေ လွတ်​မြောက်​အောင်​ရှောင်​ပြေးခိုင်းတဲ့ သ​ဘောလား”
“ဟုတ်​ပါတယ်​. . . သခင်​လေး”
အိမ်​တော်​ထိန်းသည်​ရိုကျိုးသည့်​လေသံမျိုးဖြင့်​ပြန်​ဖြေလိုက်​သည်​။
“လက်​ရှိအ​ခြေအ​နေအရ ဒီမှာ ဆက်​နေရင်​အန္တရာယ်​အရမ်းများတယ်​။ တကယ်​လို့ ဒီမှာ ဆက်​နေ​နေရင်​ဒီအိမ်​မှာရှိတဲ့ လူတိုင်း မ​သေသင့်​ဘဲ​သေရမှာကို ကျွန်​တော်​စိုးရိမ်​မိတယ်​”
အိမ်​တော်​ထိန်းသည်​မျက်​နှာမသာမယာဖြင့်​သက်​ပြင်းချရင်း​ပြောလိုက်​လေသည်​။
သူ့အ​နေဖြင့်​ယခုကဲ့သို့​သော အ​ခြေအ​နေမျိုးနှင့်​ကြုံ​တွေ့​နေရသည့်​အတွက်​အလွန်​အမင်းပင်​စိတ်​မသက်​သာရာ ရလျက်​ရှိ၏။ ပြသာနာများနှင့်​ကြုံ​တွေ့ရမည်​စိုး၍ သူ၏ သခင်​လေးအား အပြင်​သို့ မသွားရန်​အတန်​တန်​တားခဲ့​သော်​လည်း မည်​သည့်​ပြသာနာမှ မတက်​အောင်​နေပါမည်​ဟု သူ့အား ကတိအထပ်​ထပ်​ပေးပြီး အပြင်​သို့ မရမကပင်​ထွက်​သွားခဲ့သည်​။
ကတိ​ပေးခဲ့ပြီး​ပြောလို့​ဖြင့်​မဆုံး​သေး အိမ်​ရှေ့မင်းသား၏​ယောက်​ဖဖြစ်​သူအား သတ်​ပစ်​ခဲ့သည်​။ သူ၏ သခင်​လေးသည်​ထိုအရာကိုမှ ပြသာနာဟု မသတ်​မှတ်​လျှင်​မည်ကဲ့သို့​သောအရာကို ပြသာနာဟု သတ်​မှတ်​ချင်​နေမှန်းပင်​မသိ​တော့​ပေ။
အကယ်​၍ ရဲ​ရှောင်​အ​နေဖြင့်​မည်​သူတစ်​ဦးတစ်​ယောက်​ကိုမှ မသတ်​ခဲ့မိလျှင်​တောင်​မှ ယခုအချိန်​တွင်​သူသည်​သံသယဖြစ်​ဖို့အ​ကောင်းဆုံး လူတစ်​ယောက်​ဖြစ်​နေ​ချေပြီ။ ထိုအချက်​ကပင်​သူ၏ မိသားစုအတွက်​သည်းမခံနိုင်​စရာ အ​နေအထားပင်​ဖြစ်​၏။ အိမ်​ရှေ့မင်းသားအ​နေဖြင့်​လည်း သူ့အား အမှန်​တကယ်​ပင်​သတ်​ချင်​ပါက လက်​ဖြောက်​တစ်​ချက်​တီးလိုက်​ရုံ အ​နေအထားပင်​။ မည်​သူတစ်​ဦးတစ်​ယောက်​ကမှ ထိုအ​ခြေအ​နေအား ရပ်​တန့်​ပစ်​နိုင်​မည်​မဟုတ်​ပေ။
ထို့ပြင်​မူမိသားစု၏ ဩဇာအရှိန်​အဝါသည်​အလွန်​တရာမှပင်​ကြီးမားလှသည်​။
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​နှင့်​ပက်​သက်​၍ ဘာ​ပြောရမှန်းမသိ​တော့​အောင်​ပင်​ဖြစ်​နေပြီး တစ်​ယောက်​တည်း အ​တွေးနယ်​ချဲ့​နေမိ​သည်​။
“ငါ​ပြောနိုင်​တာ ဘာများရှိ​တော့လို့လဲ။ တစ်​ရက်​နှစ်​ရက်​လောက်​လေး​တောင်​မင်း​ကောင်း​ကောင်းမွန်​မွန်​မ​နေနိုင်​ဘူးလား။ ငါ့မှာ​တော့ မင်းက အရင်​လို မဟုတ်​တော့ဘူး​မင်းရဲ့ မ​ကောင်းတဲ့ အကျင့်​တွေကို ပြင်​လိုက်​ပြီး လူ​ကောင်းတစ်​ယောက်​ဖြစ်​လာပြီထင်​လို့ ဝမ်းသာအားရနဲ့ မင်းအ​ဖေဆီကို​တောင်​စာလှမ်းပို့လိုက်​သေးတာ။ အခု​တော့ သူ့လက်​ထဲကို အဲဒီစာ​တောင်​မ​ရောက်​လောက်​သေးဘူး မင်းက အခုလို ပြသာနာ ထရှာတယ်”
“ငါ လုံးဝ မသွားနိုင်​ဘူး”
ရဲ​ရှောင်​ပြတ်​ပြတ်သားသားပင်​ပြောလိုက်​သည်​။
ထိုစကားအား အိမ်​တော်​ထိန်း ကြားလိုက်​သောအခါ သူ၏ စိတ်​အား တတ်​နိုင်​သမျှပင်​တည်​ငြိမ်​အောင်​ထိန်းလိုက်​သော်​လည်း စိတ်​ထဲတွင်​မူ –
“ခုအ​ခြေအ​နေက ငါတို့အတွက်​တော်​တော်​ကို ကြီးမားတဲ့ ပြသာနာကြီးတစ်​ခု။ ဒါကို​တောင်​မင်းက ဘယ်​အရာကိုမှ ဂရုမစိုက်​ဘဲ မသွားဘူးဆိုတဲ့ စကား​ပြောရဲ​သေးတယ်​”
“လုံးဝပဲ . . . ငါ မသွားဘူးဆို မသွားဘူးပဲ . . .”
ရဲ​ရှောင်​သည်​တည်​ငြိမ်​သော​လေသံဖြင့်​အိမ်​တော်​ထိန်းအား​ထပ်ပြောလိုက်​၏။
“ပြသာနာ​တွေနဲ့ ကြုံတိုင်း ငါ့အ​ဖေဆီကို က​လေးတစ်​ယောက်​လို​ပြေး​ပြေးသွား​နေမယ်​ဆိုရင်​ငါ့ကိုယ်​ငါ​ယောက်ျားတစ်​ယောက်​လို့ ဘယ်​ခေါ်နိုင်​တော့မလဲ”
ရဲ​ရှောင်​ပြောလိုက်​သည့်​စကား​ကြောင့်​အိမ်​တော်​ထိန်းသည်​မျက်​လုံးများပင်​ပြူးကျယ်​သွားပြီး​တွေးလိုက်​မိသည်​။
“ဘာ​တွေဖြစ်​ကုန်​တာလဲ။ ဒါငါတို့အိမ်​က သခင်​လေး​ရော ဟုတ်​ရဲ့လား။ ဘယ်​အချိန်​ကတည်းက သူဒီလို ရင့်​ကျက်​တဲ့ အ​တွေးမျိုး​တွေ​တွေးတတ်​သွားတာပါလိမ့်​”
“အင်း . . . အဲဒီလို ခံယူချက်​ရှိတာ​အရမ်း​ကောင်းတယ်​”
အိမ်​တော်​ထိန်းအ​နေဖြင့်​သူ၏ သခင်​လေးအား ယခုကဲ့သို့ ရင့်​ကျက်​သည့်​လူတစ်​ယောက်​အဖြစ်​မြင်​တွေ့ဖူးသည်​မှာ ပထမဆုံးအကြိမ်​ပင်​ဖြစ်​သည်​။ ထို့​ကြောင့်​သူ့သခင်​လေးအား ချီးမွှမ်းစကား ဆိုလိုက်​လေသည်​။ သို့​သော်​ရဲ​ရှောင်​ပြောလိုက်​သည့်​စကား​ကြောင့်​သူထပ်​၍ပင်​အံ့ဩသွားမိသည်​။
“ဒါ​ပေမယ့်​ခင်​ဗျားသိထားရမှာက ဘယ်​လိုအ​ခြေအ​နေမျိုး​တွေပဲ ဖြစ်​လာ ဖြစ်​လာ ရင်​ဆိုင်​နိုင်​ဖို့ ငါတို့အ​နေနဲ့ အ​ကောင်းဆုံး ပြင်​ဆင်​ထားသင့်​တယ်​”
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​အား ကြည့်​လိုက်​ရင်း​တွေးလိုက်​မိသည်​။
[အင်း . . . မင်းအရင်​ကထက်​စာရင်​နည်းနည်း​တော့ ရင့်​ကျက်​လာ​တော့ အမှန်​ပဲ။ ဒါ​ပေမယ့်​မင်း​ပြောချင်​တာသာ​ပြော​တော့။ ငါနားပဲ​ထောင်​ပေး​တော့မယ်​]
အိမ်​တော်​ထိန်းသည်​အပြင်​ပန်းတွင်​တည်​ငြိမ်​သော ပုံစံဖြင့်​နေ​နေ​သော်​လည်း စိတ်​ထဲတွင်​မူ​လေပြင်းမုန်​တိုင်းများ တိုက်​ခတ်​နေသကဲ့သို့ပင်​စိုးရိမ်​ပူပန်​လျက်​ပင်​ရှိသည်​။ သူ၏ သခင်​လေးနှင့်​ပက်​သက်​၍ မည်​သို့ ကိုင်​တွယ်​ရမည်​ကို ယခင်​ကတည်းပင်​ဆုံးဖြတ်​ချက်​ချ ထားခဲ့ပြီး​ချေပြီ။​မြောက်​ပိုင်းတွင်​ရှိ​နေ​သော စစ်​သူကြီးထံသို့ သူ၏ သခင်​လေးအား လုံလုံခြုံခြုံဖြင့်​ရောက်​ရှိသွားနိုင်​စေရန်​အတွက်​လိုက်​ပါပို့​ဆောင်​ပေးမည့်​ကိုယ်​ရံ​တော်​(၃၆)​ယောက်​လုံး၏ အသက်​အား စွန့်​လွှတ်​သင့်​လျှင်​စွန့်​လွှတ်​ရ​ပေမည်​။ သူ့သခင်​လေး၏ အသက်​လောက်​မည်​သည့်​အရာမှ တန်​ဖိုးမကြီး​ပေ။
“အင်း . . . အ​ထွေထူး ပြင်​ဆင်​နေစရာ အ​ကြောင်းလည်း မရှိပါဘူး။ ဘာ​တွေပဲ ဖြစ်လာဖြစ်​လာ မီးစင်​ကြည့်​ကရမှာပဲ . . .”
ရဲ​ရှောင်​မထီမဲ့မြင်​ပုံစံမျိုးဖြင့်​ပြုံးလိုက်​ရင်း ဆက်​ပြောလိုက်​သည်​။
“ခုကိစ္စက ထင်​သ​လောက်​လည်း ကြီးကျယ်​တဲ့ ကိစ္စမဟုတ်​ဘူး။ ဘာလို့လဲဆို​တော့ ပထမတစ်​ချက်​အ​နေနဲ့က သူတို့မှာ ဘာသက်​သေမှ မရှိဘူး။ ဒုတိယအချက်​က အခုအချိန်​မှာ ငါက သံသယဖြစ်​ဖို့ အ​ကောင်းဆုံး လူတစ်​ယောက်​ဆိုတာထက်​ဘာမှ ပိုမဖြစ်​လာနိုင်​ဘူး။ တတိယအချက်​. . . အိမ်ရှေ့မင်းသားအ​နေနဲ့လည်း​နောင်​တစ်​ချိန်​မှာ ဘုရင်​ဖြစ်​ဖို့အထိ​ရည်​ရွယ်​ထားရင်​ဒီနိုင်​ငံရဲ့ အားအကိုးရဆုံး စစ်​သူကြီးတစ်​ယောက်​နဲ့ ထိပ်​တိုက်​တွေ့မယ့်​ကိစ္စမျိုး လုပ်​မှာမဟုတ်​ဘူး။​နောက်​ဆုံးတစ်​ချက်​က​တော့ . . .”
ရဲ​ရှောင်​သည်​ယခင်​ကထက်​ပင်​ပို၍ ရင့်​ကျက်​လာပြီး အ​မျှော်​အမြင်​ကြီးမားသည့်​လူတစ်​ယောက်​ကဲ့သို့ပင်​ပြောဆို​နေသည့်​အတွက်​အိမ်​တော်​ထိန်းသည်​အလွန်​အမင်းပင်​အားရ​ကျေနပ်​မိ​နေ​လေသည်​။ ထို့​ကြောင့်​သူသည်​စိတ်​အားထက်​သန်​စွာဖြင့်​ပင်​မေးလိုက်​လေသည်​။
“​နောက်​ဆုံးတစ်​ချက်​က ဘာလဲ”
“​နောက်​ဆုံးက​တော့ . . .”
ရဲ​ရှောင်​သည်​မထီမဲ့မြင်ပုံစံမျိုးဖြင့်​ပြုံးလိုက်​ရင်း​ပြောလိုက်​၏။
“တကယ်​လို့ သူတို့ ငါ့ကို ဟိုလိုလို ဒီလိုလို အာရုံ​နောက်​နေရင်​တော့ အိမ်​ရှေ့မင်းသားကိုပါ ငါသတ်​ပစ်​ရလိမ့်​မယ်​။ သူ​သေသွားရင်​အကုန်​လုံး​ငြိမ်းချမ်းသွားမယ်​။​နောက်​ပြီး ပြသာနာ​တွေ အကုန်​လုံးကိုလည်း​ဖြေရှင်းပြီးသား ဖြစ်​သွားလိမ့်​မယ်​”
ရဲ​ရှောင်​၏​နောက်​ဆုံးအချက်​အား ကြားလိုက်​ရ​သောအခါ အိမ်​တော်​ထိန်း၏ မျက်​နှာတစ်​ခုလုံးသည်​သွေးမရှိ​တော့သည့်​အတိုင်း ဖြူဖတ်​ဖြူ​ရော်​ပင်​ဖြစ်​သွားကာ စိတ်​ထဲမှပင်​ကျိန်​ဆဲလိုက်​သည်​။
[ငါလခွမ်းပဲ . . . ငါ့မှာဖြင့် အဟုတ်မှတ်လို့ နားထောင်နေတာ။ ဒီ​ကောင်​ဘာဖြစ်​နေတာလဲ]
ပထမဆုံး အချက်​သုံးချက်အား ကြားလိုက်​ရ​ချိန်တွင်​ရဲ​ရှောင်​တစ်​ယောက်​အမှန်​တကယ်​ပင်​ရင့်ကျက်​လာပြီဖြစ်​ကြောင်း ထင်​မြင်​ချင်​စရာ​ပေ။ သို့​သော်​သူ၏ ပါးစပ်​မှ​နောက်​ဆုံးအချက်​အား​ပြောလိုက်​သောအခါ အိမ်​တော်​ထိန်းသည် ရဲ​ရှောင်အား အားရပါးရဖြင့်​ပင်​အော်​ဆဲပစ်​ချင်​လိုက်​မိသည်​။
သို့​သော်​သူ၏ အ​တွေးထဲတွင်​သာ စိတ်​ရှိတိုင်း​ပြောလိုက်​လေသည်​။
[ဘယ်​လို​ကောင်​မျိုးလဲ။ အဲဒီအချက်​သာ မင်းရဲ့ အစီအစဉ်​ဆိုရင်​ရေမရှိတဲ့​ချောင်းမှာ နှာ​ခေါင်း​ဖော်​သေလိုက်​တာမှ​ကောင်းဦးမယ်​။ မင်း​ပြောတဲ့ စကား​တွေကိုသာ တခြားလူ​တွေ ကြားသွားခဲ့ရင်​မင်းဘာသာ မူရှန်​ဘိုင်​တကယ်​သတ်​ခဲ့ မသတ်​ခဲ့ အ​ရေးမပါ​တော့ဘူး။ အိမ်​ရှေ့မင်းသားကို သတ်​ပစ်​မယ်​ဆိုတဲ့ စကားတစ်​ခွန်းတည်းနဲ့တင်​မင်း​ခေါင်းကိုဖြတ်​ခံရပြီး အစိတ်​စိတ်​အမွှာမွှာကို အလုပ်ခံရမှာ​သေချာ​ပေါက်​ပဲ။ ငါ​နော် . . . တွေးရင်းနဲ့ အသည်း​ပေါက်​လိုက်​တာ ငါလခွမ်းပဲ]
“အာ . . . အဲဒီလို မဟုတ်​သေးဘူး​လေ”
တည်​ငြိမ်​အေး​ဆေးစွာ​နေတတ်​သည့်​အိမ်​တော်​ထိန်းလိုလူပင်​ရဲ​ရှောင်​၏ စကားများ​ကြောင့်​အကြီးအကျယ်​ပင်​စိတ်​ဓာတ်​ကျသွား​လေသည်​။ ထို့​ကြောင့်​သူသည်​အလွန်​အမင်းပင်​စိတ်​မသက်​သာရာဖြစ်​သည့်​လေသံမျိုးဖြင့်​ရဲ​ရှောင်​အား​ပြောလိုက်​သည်​။
” အဲဒီအ​ကြောင်းကို​မေ့လိုက်​တော့ . . .​မြောက်​ပိုင်းကို သွားဖို့ ကိုယ်​ရံ​တော်​တွေကို စီစဉ်​လိုက်​တော့မယ်​”
“မသွားဘူး။ ငါ့အတွက်​မလိုအပ်​ဘူး။ ငါအတည်​ပြော​နေတာ။ ငါတို့ လုံခြုံဖို့အတွက်​အ​စောင့်​တွေကို သုံးရက်​လောက်​ပဲ ကာကွယ်​ခိုင်းထား။ အဲဒီ​လောက်​ဆိုရင်​ပဲ လုံ​လောက်​နေပြီ . . .”
ရဲ​ရှောင်​သည်​ထိုစကားများအား ယုံကြည်​မှုအပြည့်​ဖြင့်​ပင်​ပြော​နေခြင်း ဖြစ်​သည်​။
သူသည်​အ​ရှေ့မှ အ​နောက်​သို့​ခြေလှမ်းအနည်းငယ်​လျှောက်​လိုက်​ပြီး​နောက်​တစ်​စုံတစ်​ခုအား​လေး​လေးနက်​နက်​ဖြင့်​ပင်​တွေးလိုက်​ပြီး အိမ်​တော်​ထိန်းအား​ပြောလိုက်​လေသည်​။
“သတင်းတစ်​ခု လွှင့်​ဖို့ လူတစ်စုကို စီစဉ်​ထားလိုက်​။ နောက်ပြီးရင် အဲဒီလူတွေကို ပြောခိုင်းလိုက်။ ငါက အိမ်​ရှေ့မင်းသားရဲ့​ယောက်​ဖကို သတ်​လိုက်​လို့ အိမ်​ရှေ့မင်းသားက ရူးမတတ်​ကို​ဒေါသထွက်​နေတယ်​ဆိုတဲ့အ​ကြောင်း​နောက်​ပြီး ငါ့ကို အစိတ်​စိတ်​အမွှာမွှာကို ဖြစ်​အောင်​လုပ်​ပြီး​ခေါင်းဖြတ်​သတ်​ဖို့အတွက်​ရဲ​ရှောင်ဆိုတဲ့ ငါ့ကို​ရှာ​နေကြတယ်​ဆိုတဲ့အ​ကြောင်း​. . . အဲဒီအကြောင်းတွေကို မြို့ထဲမှာ မပြန့်ပြန့်​အောင်​ကို သတင်းလွှင့်​ထားလိုက်​။ အချိန်​တိုတို​လေးအတွင်းမှာ လူ​ပြောအများဆုံး သတင်းတစ်​ခုဖြစ်​အောင်​ကို လုပ်​”
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​ပြောလိုက်​သည့်​စကားများ​ကြောင့်​အံ့ဩမှင်​သက်​သွားရင်း မဆိုင်းမတွပင်​ပြန်​ပြောလိုက်​သည်​။
“​ကောင်းတယ်​. . . အရမ်းကို​ကောင်းတဲ့ အစီအစဉ်​ပဲ . . .”
အိမ်​တော်​ထိန်းသည်​မျက်​မှောင်​ကြုပ်​လိုက်​ရင်း ဆက်​ပြောလိုက်​၏။
“တကယ်​လို့ သခင်​လေး​ပြောတဲ့ အစီအစဉ်​အတိုင်းသာ လုပ်​လိုက်​လို့က​တော့ အိမ်​ရှေ့မင်းသားက​သေချာ​ပေါက်​ကို​ဒေါသထွက်​သွားမှာပဲ။ အဲဒီအခါကြရင်​ကျွန်​တော်​တို့ကို​လွတ်​မထား​တော့ဘဲ တိုက်​ခိုက်​လာနိုင်​တယ်​။ တိုက်​ခိုက်​တာ​တောင်​ပေါ်​ပေါ်ထင်​ထင်​နဲ့​တော့ တိုက်​ခိုက်​မှာ မဟုတ်​ဘူး။ ခုခံကာကွယ်​ဖို့ မလွယ်​အောင်​လျှို့လျှို့ဝှက်​ဝှက်​နဲ့ကို တိုက်ခိုက်​လိမ့်​မယ်​။ တကယ်​လို့ အိမ်​ရှေ့မင်းသားလက်​ထဲက လွတ်​ခဲ့ရင်​တောင်​မူမျိုးနွယ်​စုကြီးက လူသတ်​သမားကို မရရ​အောင်​ကို ပိုက်​စိပ်​တိုက်​ပြီး​တော့ ရှာလိမ့်​မယ်​။ သူတို့ကမှ အိမ်​ရှေ့မင်းသားထက်​ကို ပို​အန္တရာယ်​ရှိပြီး ပို​ကြောက်​ဖို့​ကောင်းတာ”
ရဲ​ရှောင်​သည်​အိမ်​တော်​ထိန်းအား ဂရုမစိုက်​သည့်​ပုံစံမျိုးဖြင့်​ကြည့်​ရင်း​ပြောလိုက်​လေသည်​။
“ချက်​ချင်းလက်​ငင်း​တော့ သူတို့လည်း ဘာမှ မလှုပ်​ရှားနိုင်​သေးပါဘူး။ ငါတို့ကို သတ်​ဖို့အတွက်​သူတို့ အ​ကောင်းဆုံး ပြင်​ဆင်​ကြဦးမှာပဲ။​သူတို့ဘက်​က ချက်​ချင်း တုန့်​ပြန်​လာ​တော့​ရော ဘာဖြစ်​လဲ . . . ဖြစ်​လာတဲ့ ပြသာနာ​တွေကို​ယောက်ျားပီပီသသ ထိပ်​တိုက်​ရင်​ဆိုင်​ရင်​ရင်​ဆိုင်​ဒါမှမဟုတ်​လည်း ဘယ်​သူမှ မသိ​အောင်​ကိုယ့်​နည်းကိုယ့်​ဟန်​နဲ့​ဖြေရှင်းလို့ ရ​နေတာပဲ။ ခင်​ဗျားက ဘာအတွက်​စိုးရိမ်​နေရတာလဲ။ မူရှန်​ဘိုင်​က​တော့ အခုဆို ငြိမ်းချမ်းသွားပြီ။ ငါကသာ ကံ​တွေဆိုး​နေတာ”
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​၏ အ​ပြော​ကြောင့်​အံ့ဩတုန်​လှုပ်​သွားရင်း​တွေးလိုက်​မိသည်​။
[ဪ . . . မူရှန်​ဘိုင်​ကပဲ မင်းထက်​ပိုကံ​ကောင်းတယ်​လို့​ပြောချင်​နေတာလား။ သူ့ရဲ့အလောင်းကို ရှာ​တွေ့​တော့ သူ့ခန္ဓာကိုယ်​တစ်​ခုလုံးက ရစရာကို မရှိ​တော့ဘူး။​တော​ကောင်​တွေ စားထားလိုက်​ကြတာဆိုတာ။ ခု​ချိန်​လောက်​ဆိုရင်​ဘယ်​လောက်​တောင်​ပုပ်​ပွ​နေပြီလဲ မသိ။ မင်းကမှ အနည်းဆုံး​တော့ အသက်​ရှင်​နေပါ​သေးတယ်​. . .]
တစ်ယောက် တစ်ခွန်းဖြင့် အပြန်အလှန် စကားပြောလိုက်ပြီးနောက်တွင် အိမ်​တော်​ထိန်းသည်​မူရှန်​ဘိုင်​ကို သတ်​လိုက်​သည့်​လူသည်​သူ၏ သခင်​လေးပင်​ဖြစ်​ကြောင်း အခိုင်​အမာပင်​သိသွားခဲ့သည်​။ သို့​သော်​ဘာအစွမ်းအစမှ မရှိသည့်​သူ၏​ပေါ​ကြောင်​ကြောင်​သခင်​လေးသည်​မူရှန်​ဘိုင်​အား သတ်​နိုင်​သည့်​အစွမ်းအစရှိ​နေသည်​ကို မယုံကြည်​နိုင်​အောင်​ပင်​ဖြစ်​နေ​လေသည်​။
မူရှန်​ဘိုင်​သည်​သိုင်းပညာဘက်​တွင်​အလွန်​အမင်း ထူးချွန်​သည့်​လူတစ်​ယောက်​မဟုတ်​သော်​လည်း သူ၏ သခင်​လေးနှင့်​ယှဉ်​လျှင်​တော့ ပို၍ သာ​လွန်ေ​ပသည်​။ ရဲ​ရှောင်​သည်​ကျင့်​စဉ်​များ ကျင့်ကြံခြင်းထက်​မိန်းမများနှင့်​ပျော်​ပါးရသည်​ကို ပိုမက်​မက်​သည့်​လူမျိုးဖြစ်​သည်​။ သူ၏ ခွန်​အား အစွမ်းအစများသည်​သုံးစားမရသည့် အမှိုက်​သာသာပင်​။
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​၏ အစွမ်းအစများအား အထင်​သေးခဲ့မိသည့်​အတွက်​နောင်​တရ​နေမိ​သည်​။ အကယ်​၍ ရဲ​ရှောင်​သည်​အမှန်တကယ်ပင်​မူရှန်​ဘိုင်​အား တစ်​ချက်​တည်းဖြင့်​အ​သေသတ်​ခဲ့သည်​ဆိုပါက မူမျိုးနွယ်​စုကြီး တစ်​ခုလုံးပင်​ပျက်​စီးပြိုကွဲသွား​အောင် လုပ်နိုင်ပေလိမ့်​မည်​။
“မူမိသားစုက ငါ့ကို အာရုံလာ​နောက်​ရဲ လာ​နောက်​ကြည့်​စမ်း . . . ငါ သူတို့တစ်​မျိုးလုံးကို တစ်​ယောက်​မကျန်​အကုန်​သတ်​ပစ်​မယ်​။ ကျုပင်​ခုတ်​ကျုငုတ်​မကျန်​ဘဲ . . .”
ရဲ​ရှောင်​ပြောလိုက်​သည့်​စကား​ကြောင့်​အိမ်​တော်​ထိန်းတစ်​ယောက်​အထိတ်​ထိတ်​အလန့်​လန့်​ပင်​ဖြစ်​သွားရင်း သူ၏ စိတ်​များအား တည်​ငြိမ်​စေရန်​အ​တော်​လေးပင်​ကြိုးစားလိုက်​ရသည်​။
အိမ်​တော်​ထိန်းအ​နေဖြင့်​သူ၏ ဘဝတစ်​လျှောက်​လုံးတွင်​လူ​ပေါင်း​များစွာဖြင့်​တွေ့ကြုံခဲ့ဖူး​သော်​လည်း ရဲ​ရှောင်​ကဲ့သို့ လူမျိုးကို​တော့ မ​တွေ့ဖူး​သေး​ပေ။
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​ရေရွတ်​ပြောဆိုလိုက်​သည့်​စကား​ကြောင့်​တွေးလိုက်​မိသည်​။
[မူမျိုးနွယ်​စုကြီးက ဘယ်​လောက်​ထိ အင်​အားကြီးလဲဆိုတာ မင်းမသိ​သေးပါဘူး။ မင်းသာ သိသွားရင်​အခုလို​စကား​တွေကို​ပြောရဲဖို့​နေ​နေသာသာ သူတို့အ​ကြောင်း​တောင်​မင်း​တွေးရဲမှာမဟုတ်​ဘူး။ မင်း​လေကျယ်​နေတာ​တွေကိုသာ ရပ်​လိုက်​မယ်​ဆိုရင်​မင်းအသက်​ရှင်​ကောင်း ရှင်​နိုင်​လိမ့်​မယ်​]
စိတ်​မ​ကောင်းစရာ​ကောင်းသည့်​အချက်​မှာ အကယ်​၍ မူမျိုးနွယ်​စုကြီးသည် ရဲ​ရှောင်​အား အမှန်​တကယ်​ပင်​အာရုံ​နောက်​အောင်​လုပ်​ခဲ့လျှင်​ရဲ​ရှောင်​ဘက်​မှလည်း​တွေ​ဝေတုန့်​ဆိုင်း​နေမည်​မဟုတ်​ဘဲ ပြတ်​ပြတ်​သားသားပင်​ပြန်လည်၍ တုန့်ပြန်​မည်​ကို အိမ်​တော်​ထိန်းတစ်​ယောက်​ဘယ်​သောအခါ သိလာမည်​မဟုတ်​ပေ။

………………

အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​စီစဉ်​ခိုင်းသည့်​အတိုင်း မူရှန်​ဘိုင်​အား သတ်​လိုက်​သည့်​သူသည်​ရဲ​ရှောင်​ပင်​ဖြစ်​ကြောင်း လူတစ်စုအား​မြို့ထဲတွင်​သတင်းလွှင့်​ခိုင်း​လိုက်​သည်။ အဆိုပါ​ကောလဟာလ သတင်းအား ကြားလိုက်​ရအ​ပေါင်းတို့သည်​မယုံကြည်​နိုင်​အောင်​ပင်​အံဩတုန်​လှုပ်​သွားသည့်​အတွက်​တစ်ယောက်တစ်ခွန်းဖြင့် အတင်းအဖျင်းစကားများပင်​ပြောလိုက်​ကြသည်​။
“မူရှန်​ဘိုင်​ကို သတ်​တာ . . ရဲ​ရှောင်​. . . ဟုတ်​လား။ ရဲ​ရှောင်​ဆိုတာ ဟိုသခင်​လေးသုံးပါးထဲက တစ်​ယောက်​ကို​ပြောတာလား။ အိမ်​ရှေ့မင်းသားက​ရော မူရှန်​ဘိုင်​ကို သတ်​တာ ရဲ​ရှောင်​ဆိုတာ တကယ်​ယုံတယ်​ပေါ့။ အဲ ဒါဆို အိမ်​ရှေ့မင်းသားလည်း ရူး​နေလို့ပဲ ဖြစ်​ရမယ်​”
“ငါ လခွမ်းပဲ . . . မင်း မဟုတ်​တဲ့ သတင်း​တွေ လာလာ​လျှောက်​ပြောမ​နေနဲ့”
“ဟား . . . ဟား . . . အဲဒီ​ကောင်​လား လူသတ်​ရဲမှာ။
ခုသတင်းက ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ”
“ဟား . . . ဟား . . . ဟား . . .​အေး​လေ . . . မဟုတ်​တဲ့ သတင်းကို လာ​လျှောက်​ပြောမ​နေနဲ့။ သူ့လို​ကောင်​မျိုးကို ဘယ်​သူမှ အထင်​မကြီးဘူး”
“ရဲ​ရှောင်​လို လူမျိုးက ကြက်​က​လေးတစ်​ကောင်​ကို သတ်​လိုက်​တယ်​လို့ လာ​ပြောရင်​တောင်​ယုံ​ချင်​စရာ မရှိတာ။ အခုမင်း​လာ​ပြောတဲ့ သတင်းကြီးက ပို​တောင်​ဆိုး​သေးတယ်​။ သူ့လိုလူမျုိးက သိုင်းပညာရှင်​တစ်​ယောက်​ကို သတ်​လိုက်​တယ်​တဲ့ ဟား . . . ဟား . . . လာ​နောက်​မ​နေစမ်းပါနဲ့ကွာ။ ကမ္ဘာကြီးက အလုံးကြီးမဟုတ်​ဘူး အပြားကြီးလို့ လာ​ပြောရင်​တောင်​ငါတို့ ယုံ​ပေးဦးမယ်​။ အခုသတင်းက​တော့​သေ​တောင်​မယုံဘူး​ဟေ့ . . .”
ရဲ​ရှောင်​ကဲ့သို့ လူမျိုးသည်​မူရှန်​ဘိုင်​အား သတ်​လိုက်​သည်​ဆိုသည့်​သတင်းအား မည်​သူကမှ မယုံကြည်​ကြ​ပေ။ ထိုအ​ခြေအ​နေအရ ရဲ​ရှောင်​ဘက်​တွင်​များစွာ အားသာမှုရှိသွားသည့်​သ​ဘောပင်​။ အကယ်​၍ အိမ်​ရှေ့မင်းသားအ​နေဖြင့်​သူ၏​ယောက်​ဖ အသတ်​ခံလိုက်​ရသည့်​အတွက်​မ​ကျေနပ်​ချက်​ဖြင့်​မစဉ်းစားမဆင်​ခြင်​ဘဲ ရဲ​ရှောင်​အား ထိခိုက်​နာကျင်​အောင်​လုပ်​မည်​ဆိုပါက တစ်​မြို့လုံး၏ ဟားတိုက်​ရယ်​မောခြင်းကို ခံရ​ပေလိမ့်​မည်​။
ထို့ပြင်​သူ၏ ဩဇာအရှိန်​အဝါအား အသုံးချ၍ အတင်းအကြပ်​လုပ်​လိုက်​မည်​ဆိုပါက ပြည်​သူများအတွက်​မေးခွန်းထုတ်​စရာအ​နေအထားပင်​ဖြစ်​သွား​ပေလိမ့်​မည်​။
[ဒီလို စဉ်းစားဥာဏ်​မရှိတဲ့ လူက ဘယ်​လိုလုပ်​ငါတို့ရဲ့ ဘုရင်​ဖြစ်​လာနိုင်​မှာလဲ။ ဒီ​လောက်​ထင်​သာမြင်​သာရှိ​နေတဲ့ အမှန်​တရားကို​တောင်​မျက်​ကွယ်​ပြုပြီး အိမ်​ရှေ့မင်းသားဆိုတဲ့ ဂုဏ်​နဲ့ ထင်​တိုင်းကြဲ​နေပုံ​ထောက်​ရင်​အရင်​က​ရော ဘယ်​သူမှ မသိ​အောင်​မတရားမှု​တွေကို ဘယ်​လောက်​တောင်​ကျုးလွန်​ခဲ့ပြီးပြီလဲ မသိဘူး။ ဒီ​နေ့ ဒီအချိန်​မှာ အိမ်​ရှေ့မင်းသားက​သူ့​ရှေ့မှာ ရှိ​နေတဲ့ အမှန်​တရားကို​တောင်​လျစ်​လျူရှုပြီး ငါတို့စစ်​သူကြီးရဲ့သားကို သတ်​ပစ်​ခဲ့ရင်​နောင်​တစ်​ချိန်​သူသာ ဘုရင်​ဖြစ်​လာလို့က​တော့ သူစိတ်​မကြည်​တိုင်း အမတ်​တွေကို ထိုင်​သတ်​နေမလားမသိ]
လူတိုင်း၏ စိတ်​ထဲတွင်​အိမ်​ရှေ့မင်းသားအ​ပေါ် ယခုကဲ့သို့ စိတ်​ပျက်​သည့်​အ​တွေးမျိုး​သေချာ​ပေါက်​ပင်​တွေးကြ​ပေလိမ့်​မည်​။
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​၏ အစီအစဉ်​အတိုင်း လူတစ်​စုအား ရည်​ရွယ်​ချက်​ရှိရှိဖြင့်​သတင်း လွှင့်​ခိုင်းသည့်​ကိစ္စအား​စီမံ​ဆောင်​ရွက်​ခဲ့ရုံသာမက သူ၏ သခင်​လေးအား ကာကွယ်​စောင့်​ရှောက်​ရန်​အတွက်​ကိုယ်​ရံ​တော်​(၃၆)​ယောက်​အား တိတ်​တဆိတ်​ဖြင့်​စီစဉ်​ထား​လေသည်​။ အကယ်​၍ ရဲ​ရှောင်​၏ အစီအစဉ်​များ မ​အောင်​မြင်​ခဲ့လျှင်​အဆိုပါ ကိုယ်​ရံ​တော်​များနှင့်​အတူ ရဲ​ရှောင်​အား စစ်​သူကြီးရှိရာ​မြောက်​ပိုင်းသို့​စေလွှတ်​ရန်​ပင်​စီစဉ်​ထားပြီး ဖြစ်​သည်​။
ရဲ​ရှောင်​မူရှန်​ဘိုင်​အား သတ်​လိုက်​သည်​ဆိုသည့်​သတင်းသည်​တောမီးကဲ့သို့ပင်​ချက်​ချင်း ပြန့်နှံ့သွားခဲ့​လေသည်​။ အဆိုပါ သတင်းသည်​မြို့တစ်​ခုလုံးအား ပွက်​လောညံသွား​စေပြီး လူတိုင်း​၏ ပါးစပ်​ဖျားတွင် ထိုအ​ကြောင်းသာ​ပြောဆို​နေကြသည်​။
“​ဟေးး . . . မင်းတို့ ကြားပြီးကြပြီလား။ သခင်​လေးရဲက ဒီတစ်​ခေါက်​တော့ ပြသာနာအကြီးကြီးကို လုပ်​ချလိုက်​ပြန်​ပြီတဲ့”
“ဟမ်​. . . ဒီတစ်​ခေါက်​ရော သူဘာပြသာနာရှာပြန်​ပြီလဲ . . .”
“​ပြော​နေကြတာ​တော့ အိမ်​ရှေ့မင်းသားရဲ့​ယောက်​ဖကို သတ်​ပစ်​လိုက်​တာတဲ့ . . .”
“ဟမ်​. . .​နေစမ်းပါဦး . . . တကယ်​ကြီးလား။ ဘယ်​က​နေ ဘယ်​လိုစဖြစ်​ကြတာတဲ့လဲ။ အမ​လေး သိချင်​လှပြီ . . . မြန်​မြန်​ပြောပြ​တော့”
“အင်း . . . သူများ​တွေ​ပြော​နေကြတာ​တော့ . . .”
“အာ . . . ခဏ​နေပါဦး . . . ရဲ​ရှောင်​က အိမ်​ရှေ့မင်းသားရဲ့​ယောက်​ဖကို သတ်​လိုက်​တယ်​လို့ မင်း​ပြောလိုက်​သလားလို့။ အဲဒီ အသတ်​ခံလိုက်​ရတဲ့သူက မူမျိုးနွယ်​စုထဲကလား . . . သူတို့မျိုးနွယ်​စုရဲ့ အ​မွေဆက်​ခံမယ့်​လူ​လေ​နောက်​ပြီး သူက သိုင်းပညာရှင်​တစ်​ယောက်​မဟုတ်​လား”
“အင်း . . . ဟုတ်​တယ်​လေ . . .”
“မင်းရူး​နေလား။ မင်း​လောက်​တုံးတဲ့သူ​တောင်​မင်းထပ်​မတုံးနိုင်​တော့ဘူး . . . ရဲ​ရှောင်​ဆိုတဲ့​ကောင်​ဘယ်​လိုလူလဲဆိုတာ မင်းမသိဘူးလား။ ရဲ​ရှောင်​က အိမ်​ခြေယာမဲ့တစ်​ယောက်​ယောက်​ကို သတ်​လိုက်​တယ်​လို့​ပြောရင်​တောင်​ငါယုံ​ပေးလိုက်​ဦးမယ်​။ တကယ့်​မျိုးနွယ်စုကြီးထဲက သိုင်းပညာရှင်​တစ်​ယောက်​ကို သတ်​လိုက်​တယ်​လို့ လာ​ပြော​နေတာ​တော့ ယုံကိုမယုံဘူး။ အခုချက်​ချင်း မင်း​ခေါင်း​ပေါ်ကို မိုးကြိုးပစ်​ချလိုက်​လို့ မင်း​သေသွားရင်​တောင်​ငါမယုံဘူး . . .”
“ဟမ်​. . . မင်း​ပြောလိုက်​တဲ့ ပုံကြီးကလည်းကွာ . . . ငါက ဘာလို့​သေ​ပေးရမှာလဲ . . .”
“ဟုတ်​တယ်​လေ . . . မင်းက အဲဒီလို​ပြောတာနဲ့ပဲ တန်​တယ်​။ ဟုတ်​သော်​ရှိ မဟုတ်​သော်​ရှိ မင်းကြားသမျှ ကိစ္စ​တွေအကုန်​လုံးကို လိုက်​ယုံ​နေ​တော့တာပဲ။ ယုံရုံတင်​မကဘူး အ​ခြေအမြစ်​မရှိတဲ့ သတင်း​တွေကို လိုက်​ဖြန့်​နေ​သေးတယ်​။ အဓိပ္ပါယ်​မရှိတဲ့ စကား​တွေ လာ​ပြော​နေလို့ မင်းကို လက်​သီးနဲ့​တောင်​ထိုးပစ်​လိုက်​ချင်​တယ်​။ သွားပြီ . . . မင်းဦး​နှောက်​က​တော့ . . . သွားရှာပြီ”
“အင်း . . . ဟုတ်​တယ်​. . . ဒီကိစ္စက အ​တော်​တော့ထူးဆန်း​နေတယ်​. . ”
……………………
“ဒါက ကြားသဖူးမျှထဲမှာ အဓိပ္ပါယ်​မရှိဆုံး ကိစ္စပဲ . . .”
“ရဲ​ရှောင်​က ဘာမှသုံးစားလို့ အမှိုက်​။ သူက မူရှန်​ဘိုင်​ကို မုဒိမ်းကျင့်​လိုက်​တယ်​လို့​ပြောရင်​တောင်​ယုံလို့ရဦးမယ်​။ ဒါ​ပေမယ့်​အခုဟာကြီးက​တော့ . . . ဟီးဟီးဟီး . . .”
“ဟုတ်​တယ်​. . . အဲ ဒါ​တော့ အမှန်​ပဲ . . .”
“အိမ်​ရှေ့မင်းသားက​မြောက်​ပိုင်းစစ်​သူကြီးရဲ့ စစ်​အင်​အားကို အထင်​သေးရဲမှာ မဟုတ်​ဘူး။ အဲဒီအတွက်​ခုကိစ္စကို သူခွင့်​လွှတ်​ကောင်း ခွင့်​လွှတ်​ပေးနိုင်​လောက်​တယ်​. . .”
“အင်း . . . အဲ ဒါ​တော့ ငါလည်း မ​ပြောတတ်​တော့ဘူး . . .”
“ဒီလို ကိစ္စမျိုးကို အာကျယ်​အာကျယ်​နဲ့​ပြော​နေကြတယ်​။ တိုးတိုးသာသာ​ပြောကြ . . .”
“ရှူး”

Comment

Leave a Reply

Options

not work with dark mode
Reset