အခန်း (၃၂၂) နိဗ္ဗာန် မဟာတာအို၊ အင်မော်တယ်ကမ္ဘာ ဝရုန်းသုန်းကား ဖြစ်ခြင်း
ဟန်ကျွယ်ဟာ တစ်ခဏမှင်သက်သွားပြီးနောက် လူမှုဆက်ဆံရေးကနေ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ဘိုးဘေးရှီတျန်: ကျင့်ကြံမှုမသိ။ တာအိုဖြတ်ကျော် ဆရာကြီး။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်၌ နေထိုင်ပြီး ကံကြမ္မာနှင့် ကောင်းကင်တာအို နှောင်ဖွဲ့ခြင်းမှ လွတ်ကင်းကာ အနန္တကပ်ဘေးအား ကိုးကြိမ် ကြုံတွေခဲ့ရသူ ဖြစ်သည်။ ကျင့်ကြံမှုအပေါ်တွင် ထားရှိသော သင့်အယူအဆကြောင့် ဘိုးဘေးရှီတျန်သည် သင့်အား အကောင်းမြင်စိတ် ဝင်လာ၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်ခွဲ။]
[သိကျွင်း: ကျင့်ကြံမှုမသိ။ အနှိုင်းမဲ့နတ်မင်း။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်၌ နေထိုင်သူဖြစ်သည်။ သီကျွင်း၏ ခန္ဓာကိုယ်သည် စိတ်ဆန္ဒပေါင်း ဘီလီယံချီမှ အသွင်ပြောင်းလဲလာပြီး သီကျွင်း၏ စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံ၏ ပစ္စုပ္ပန်ဖြစ်သည်။ ဘိုးဘေးရှီတျန်က သင့်အား ချီးမွမ်းသောကြောင့် သိကျွင်းသည် သင့်အား အကောင်းမြင်စိတ် ဝင်သွား၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
[ကျောက်စိမ်းဗုဒ္ဓ: ကျင့်ကြံမှုမသိ။ တာအိုဖြတ်ကျော်ဆရာကြီး။ ကောင်းကင်တာအိုအောက်၌ ပထမဆုံးဗုဒ္ဓဖြစ်ပြီး ဗုဒ္ဓဂိုဏ်း၏ အဦးဆုံးဘိုးဘေး ဖြစ်ကာ အမှောင်တားမြစ်နယ်မြေ၌ နေထိုင်၏။ ဘိုးဘေးရှီတျန်က သင့်အား ချီးမွမ်းသောကြောင့် ကျောက်စိမ်းဗုဒ္ဓသည် သင့်အား အကောင်းမြင်စိတ် ဝင်သွား၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
[တာအိုခုနစ်ပါးပညာရှိ: ကျင့်ကြံမှုမသိ။ မဟာတာအို စိတ်ဝိညာဉ်။ မဟာတာအို ခုနစ်ပါးအား ထိန်းချုပ်သူဖြစ်ပြီး မဟာတာအို အနန္တကပ်ဘေးအား ကြုံတွေ့ဖူးကာ နတ်ဘုံ၏ အဆုံးသတ်အပျက်အစီး၌ နေထိုင်သူ ဖြစ်သည်။ ဘိုးဘေးရှီတျန်က သင့်အား ချီးမွမ်းသောကြောင့် တာအိုခုနစ်ပါး ပညာရှိသည် သင့်အား အကောင်းမြင်စိတ် ဝင်သွား၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
‘အနှိုင်းမဲ့နတ်မင်း၊ တာအိုဖြတ်ကျော်ဆရာကြီး၊ မဟာတာအို စိတ်ဝိညာဉ်… ဘွဲ့နာမည်တွေက ကြမ်းလှချည်လား’
ဟန်ကျွယ်ဟာ ဒီဘွဲ့နာမည်တွေကို ဖတ်ပြီး မျက်စိကန်းလုနီး ဖြစ်သွားပါတယ် ‘ဒီဘော့စ်လေးယောက်က မာကျောက် ကစားနေကြတာလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပဟေဠိဖြစ်သွားပါတယ်။ ကံကောင်းထောက်မပြီး မျက်နှာသာပေးမှု ဖြစ်နေလို့ပါ။ မုန်းတီးမှုသာဆိုရင် ဟန်ကျွယ် စားဝင်အိပ်ပျော်မှာ မဟုတ်တော့ပါဘူး။
မဟာအန္တိမခန်းမ။
ဘိုးဘေးရှီတျန်နဲ့ လူသုံးယောက်ဟာ စက်ဝိုင်းပုံ ထိုင်နေကြပါတယ်။ ဒီလူသုံးယောက်က သိကျွင်း၊ ကျောက်စိမ်းဗုဒ္ဓနဲ့ တာအိုခုနစ်ပါး ပညာရှိတို့ ဖြစ်ပါတယ်။ သိကျွင်းဟာ သာမန်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး နူးညံတဲ့မျက်နှာရှိပါတယ်။ သိကျွင်းဟာ ရှည်လျားတဲ့အရပ်ရှိပြီး မျက်နှာကလည်း ပြုံးနေပါတယ်။
ကျောက်စမ်းဗုဒ္ဓကတော့ ဘုန်းကြီးအိုတစ်ပါးနဲ့ တူပြီး ပိန်ပါးကာ အနက်ရောင်သင်္ကန်းကို ဝတ်ဆင်ထားပါတယ်။ ကျောက်စိမ်းဗုဒ္ဓရဲ့ မျက်နှာကတော့ ကရုဏာတရားအပြည့်ပါပဲ။
တာအိုခုနစ်ပါး ပညာရှိကတော့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အေးစက်တဲ့မျက်နှာနဲ့ စူးရှတဲ့မျက်လုံးရှိပါတယ်။ ခန္ဓာကိုယ်ကလည်း မိစ္ဆာရောင်ဝါ ထွက်ပေါ်နေပါတယ်။
“ဒီကလေးမှာ လောကဦးချီနဲ့ ဆက်စပ်တဲ့ လျှို့ဝှက်ဆန်းကြယ်ရတနာတစ်ပါး ပိုင်ဆိုင်ထားပုံရတယ်” တာအိုခုနစ်ပါး ပညာရှိဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြောလိုက်ပါတယ်။
သိကျွင်းက ပြုံးပြီး ပြောလိုက်ပါတယ် “ဟားဟား… ငါ တွက်ချက်ရသလောက် ဒီကောင်လေးက ငါ့ကိုယ်ပွားတစ်ခုရဲ့ ဇာတ်လမ်းကို ကြားဖူးတားတယ်၊ နည်းနည်း ဘက်လိုက်တယ်ဆိုပေမဲ့ ဒီကောင်လေးက ငါ့ကိုတော့ လေးစားသေးတယ်”
ကျောက်စိမ်းဗုဒ္ဓက ခေါင်းခါပြီး ပြောလိုက်ပါတယ် “ဒီကလေးရဲ့ စိတ်ဓာတ်က မဆိုးဘူး၊ ကံဆိုးချင်တော့ ခေတ်မှားပြီး မွေးလာတာပဲ၊ လောကကြီးစတင်ဖြစ်ပေါ်တဲ့ အချိန်တုန်းကဆိုရင် တာအိုကို ရချင်ရနိုင်မှာ၊ ဘယ်လောက် နှမြောဖို့ကောင်းလိုက်လဲ”
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “ဒီကောင်လေး တာအိုကို ရနိုင်မလား မရနိုင်ဘူးလားဆိုတာ ငါတို့တွေ ဘာလို့ အလောင်းအစား မလုပ်ကြတာလဲ၊ ငါတော့ မရနိုင်ဘူးလို့ထင်တယ်”
တာအိုခုနစ်ပါး ပညာရှိက ခေါင်းညိတ်လိုက်ပါတယ် “ငါလည်း ရနိုင်မယ်လို့ မထင်ဘူး”
ကျောက်စိမ်းဗုဒ္ဓကလည်း ပြောလိုက်ပါတယ် “သူ မရနိုင်ဘူး”
သိကျွင်းက ပြုံးပြီး ပြောလိုက်ပါတယ် “ဒါဆိုရင် ငါက တခြားတစ်ခုကို ရွေးမယ်၊ မဟုတ်ရင် ဒီအလောင်းအစားက အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး၊ ငါ ဘာလောင်းရမလဲ”
စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်ဟာ အတွေးနက်သွားကြပါတယ်။ အတန်ကြာမှ တာအိုခုနစ်ပါး ပညာရှိက လူဆိုးပြုံးပြုံးလိုက်ပါတယ် “နိဗ္ဗာန် မဟာတာအိုကို လောင်းရအောင်”
သိကျွင်းက စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “ရက်စက်လှချည်လား၊ မင်းတို့ အဘိုးကြီးသုံးယောက်က ငါ့ကို အနိုင်ကျင့်ချင်တာလား”
“ဘာ… မင်းက အနှိုင်းမဲ့နတ်မင်းဆိုတာ မေ့နေပြီလား၊ ဒီအလောင်းအစား သေးသေးလေးတောင် မလုပ်ရဲဘူးလား” ကျောက်စိမ်းဗုဒ္ဓက မခံချင်အောင် ပြောလိုက်ပါတယ်။
သိကျွင်းက နှာခေါင်းရှုံ့လိုက်ပါတယ် “ထားပါတော့၊ မင်းတို့ရှုံးရင် တစ်ယောက်ကို မဟာတာအိုတစ်ပါးဆီ ပေးရမယ်”
ဘိုးဘေးရှီတျန်၊ ကျောက်စိမ်းဗုဒ္ဓနဲ့ တာအိုခုနစ်ပါးပညာရှိတို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ် သဘောတူလိုက်ပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
မဟာအန္တိမခန်းမကနေ ပြန်ရောက်လာပြီးနောက် ဟန်ကျွယ်ဟာ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အနန္တကပ်ဘေးရဲ့ တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာပါတယ်။
ဝူတောက်ကျန့်ဟာ ဒီအတောအတွင်း ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ မနေလိုတော့ဘဲ အပြင်မှာ လီယောင်နဲ့ အတူနေပါတယ်။ ဘိုဘေးမှော်မျှော်စင်နဲ့ ပြိုင်ဘက်ကင်းခဲ့တဲ့ ထူလင်းအာကို လီယောင် အနိုင်ယူလိုက်ပြီးကတည်းက ဝူတောက်ကျန့်ဟာ လီယောင်ကို စလေးစားသွားပါတယ်။
ဒါကလည်း သတင်းကောင်းပါပဲ။ အနည်းဆုံးတော့ ဟန်ကျွယ်မှာ ပိုပြီးတော့ ငြိမ်းချမ်းသွားပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ရှန်နန်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၅
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၀
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ရှန်နန်းတော် တပည့်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၉၈၄၃၁
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် အဂ္ဂပြည် ကံတရား အထောက်အပံ့၏ တိုက်ခိုက်မှုကြောင့် ကံတရား အထောက်အပံ့ လျော့ကျသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် အဂ္ဂပြည်၏ ကံတရား အထောက်အပံ့အား ဝါးမြိုလိုက်သဖြင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မော့ကျူသည် ရှေးဟောင်းကောင်းချီးနယ်မြေသို့ မတော်တဆ ဝင်ရောက်မိပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်တပည့် လုံဟောင်သည် ဟောင်တျန်၏ အမွေအနှစ်ကို အိပ်မက်ထဲတွင် ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
လီတောက်ခုံးဟာ ရှန်နန်းတော် တိုက်ခိုက်တာကို ခံရတုန်းပါပဲ။ ဒါပေမဲ့ လီတောက်ခုံးဟာ အင်မော်တယ်ဧကရာဇ်ထက် သာလွန်တဲ့ ကျင့်ကြံသူတွေ တိုက်ခိုက်တာ ခံရတာတောင် အခုထိ ဒဏ်ရာ မရသေးပါဘူး။
ဂျိရှင်းရှန်ကလည်း ကပ်ဘေးသခင်လို့ မပြောရပါဘူး။ အဂ္ဂပြည်ရဲ့ ကံတရား အထောက်အပံ့ကို ဝါးမြိုပြီး ရွှေအင်မော်တယ် ဖြစ်သွားပါပြီ။
လုံဟောင်က ဟောင်တျန်ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိသွားတာ တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ လုံဟောင်အတွက် နည်းနည်း စိုးရိမ်သွားပါတယ်။ ဒါပေမဲ့ လုံဟောင်ရဲ့ မျက်နှာသာပေးမှုက လျော့မကျသေးတဲ့အတွက် ဟောင်တျန်ဝိညာဉ်က လောလောဆယ်မှာ ခန္ဓာမသိမ်းသေးတာကို သိနိုင်ပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ဒီအကြောင်းပြောရကောင်းမလား ဝေခွဲမရ ဖြစ်သွားပါတယ်။ ဟန်ကျွယ် ဒီအကြောင်းကို မပြောတာက ကောင်းကင်ဧကရာဇ်နဲ့ ဟောင်တျန် အရှုပ်ထုတ်ထဲကို ဝင်မပါချင်လို့ပါ။
‘ဒါနဲ့ ငါမေ့နေလိုက်တာ၊ ငါ အဆင့်ထပ်တက်ထားတာပဲ၊ နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓကို နည်းနည်းတော့ ဂရုစိုက်ပေးသင့်တယ်’
ဟန်ကျွယ်ဟာ အခုအချိန်မှာ တစ်ကွာဒရီလီယံတောင် ရှိနေပြီဖြစ်တဲ့အတွက် လေးငါးဆယ်ဘီလီယံ သုံးဖြုန်းတာက အကြောင်း မဟုတ်တော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တစ်ယောက်ကို နှစ်ဘီလီယံဆီသုံးပြီး ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကျိန်စာစွမ်းအားကို တိုးလိုက်ပါတယ်။ ဟန်ကျွယ် အရင်ဆုံး ကျိန်စာတိုက်တာက ကောင်းကင်တာအိုဗုဒ္ဓပါ။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့သက်တမ်းက စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကိုဖွင့်ပြီး ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
နှစ်တစ်သန်း။
နှစ်ဆယ်သန်း။
သန်း ၅၀၀။
တစ်ဘီလီယံ။
နှစ်ဘီလီယံအရောက်မှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို လွှင့်ပစ်ကာ ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး ဒဏ်ရာတွေ ကုသပါတယ်။ ဒီအကြိမ်ဟာ ပထမဆုံး သက်တမ်း နှစ်ဘီလီယံ ဆုံးရှုံးတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ခေါင်းနည်းနည်း မူးဝေပြီး ခန္ဓာကိုယ်တစ်ခုလုံး အားငယ်နေပါတယ်။
‘နောက်ကျရင် ငါ ရန်သူတွေကို နှစ်ဘီလီယံထက် အဆုံးရှုံးခံပြီး ကျိန်စာတိုက်လို့ မဖြစ်ဘူး၊ မဟုတ်ရင် သေချာပေါက် တစ်ခုခု ဖြစ်နိုင်တယ်’
ဟန်ကျွယ်ဟာ ဒဏ်ရာတွေကို ကုသရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။ အံဩစွာပဲ သူ့ကျိန်စာတိုက်မှုက အရမ်းထိရောက်တာကို ဟန်ကျွယ် သိလိုက်ရပါတယ်။
[သင့်ကျိန်စာ စွမ်းအားကြောင့် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် စိတ်ရိုင်းဝင်ပြီး မတော်တဆ တိုက်ခိုက်မိသောကြောင့် ဗုဒ္ဓအချို့အား သတ်ဖြတ်မိပြီး ဗုဒ္ဓဂိုဏ်းတပည့်ရာချီအား ဒဏ်ရာရာသွားစေ၏။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ် ‘နောက်ဆုံးတော့ မင်းရုပ်ဖျက်တာ ကွာကျပြီပဲ၊ မင်း ဘယ်လောက်ထိ ဆက်ပြီးတော့ ဟန်ဆောင်နိုင်မလဲဆိုတာ ကြည့်ရမယ်’
လေးငါးခြောက်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ဒဏ်ရာတွေ ပျောက်ကင်းသွားတဲ့အတွက် နတ်ဆိုးဧကရာဇ်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကိုလည်း နှစ်ဘီလီယံသုံးပြီး ကျိန်စာတိုက်ပါတယ်။ ဒီတစ်ခါမှာတော့ နတ်ဆိုးဧကရာဇ်ဟာ ဟန်ကျွယ်ကျိန်စာစွမ်းအားကို မခုခံနိုင်ရှာဘဲ ဒုက္ခရောက်ရရှာပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ နတ်ဆိုးဧကရာဇ်၏ သတ်ဖြတ်ငွေ့သည် များစွာ အားကောင်းသွား၏။ ထို့ကြောင့် နတ်ဆိုးဧကရာဇ်သည် ကပ်ဘေးအတွင်းသို့ ကိုယ်တိုင်ဝင်ရောက်ပြီး သက်ရှိများအား သတ်ဖြတ်ကာ ဒေါသဖြေသောကြောင့် အကုသိုလ်ကံ များပြားလာပြီး ကပ်ဘေးသခင် ဖြစ်သွား၏။]
‘ဟင်… ကပ်ဘေးသခင် ဖြစ်သွားတာလား’ ဟန်ကျွယ်ဟာ ကပ်ဘေးသခင်ဖြစ်စေတဲ့ ကြမ်းခင်းသတ်မှတ်ချက်က ဘယ်လောက်လဲဆိုတာ သိချင်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အနားယူပါတယ်။
အင်မော်တယ်ကမ္ဘာတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေပြီဆိုတာတော့ ဟန်ကျွယ် မသိရှာပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓက ဗုဒ္ဓဂိုဏ်းတပည့်တွေကို သတ်ဖြတ်တာကြောင့် ဂူအောင်းကျင့်ကြံနေတဲ့ တခြားဗုဒ္ဓသုံးပါးဟာ ဂူအောင်းကျင့်ကြံနေရာကနေ ထွက်လာပြီး ကောင်းကင်တာအိုဗုဒ္ဓကို ဝိုင်းဝန်းဖိနှိပ်တာကြောင့် ဗုဒ္ဓဂိုဏ်းတစ်ခုလုံးကို အထိတ်တလန့် ဖြစ်သွားစေပါတယ်။
နတ်ဆိုးဧကရာဇ်ကလည်း စိတ်ရိုင်းဝင်ပြီး သက်ရှိအားလုံးကို သတ်ဖြတ်တာကြောင့် လူနတ် မုန်းတီးခြင်းကို ခံရပါတော့တယ်။ နတ်ဆိုးဧကရာဇ်ရဲ့ သတ်ဖြတ်မှုကြောင့် ဒေသတစ်ခုဟာ သွေးပယ်လယ် ဖြစ်သွားတယ်လို့တောင် ပြောကြပါတယ်။
လဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
“ငါ အနန္တကပ်ဘေးမှာ အနိုင်ရသူကို သိချင်တယ်”
[သက်တမ်း တစ်ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မည်။
ဟန်ကျွယ်အတွက် တစ်ဘီလီယံက ဘာမှမဟုတ်တော့အတွက် နှာမြောတွန့်တိုခြင်း စိုးစဉ်းမျှမဖြစ်ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ မြင်ကွင်းဟာ ချာချာလည်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မြေပြင်ပေါ်ကို ရောက်နေပါတယ်။ ဟန်ကျွယ် ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ လောကဦးတစ်ခုလုံး နက်မှောင်ပြီး သဲတွေကို ကောင်းကင်ပြင်ကို ဖုံးလွှမ်းနေတာ တွေ့လိုက်ရပါတယ်။ မြေပြင်ပေါ်မှာ ဘာအပင်မှာမရှိဘဲ အရိုးတွေပဲရှိပြီး အလွန်တရာမှ ခြောက်သွေ့နေပါတယ်။
‘ဘာဖြစ်တာလဲ၊ လောကကြီးက ဖျက်ဆီးခံလိုက်ရတာလား’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 322
? Views, Released on December 4, 2024