အခန်း (၃၁၆) ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှ စွမ်းအားကြီးပုဂ္ဂိုလ်
ရှင်းဟုန်ရွှမ်ဟာ မိသားစုဦးစီးရဲ့ မေးခွန်းကို ပြန်ဖြေလိုက်ပါတယ် “မယ်မယ်က အဲဒီအကြောင်း မပြောဘူး၊ တစ်ခုခုကို ကြောက်နေတဲ့ပုံပဲ”
ရှင်းဟုန်ရွှမ်ရဲ့ မိသားစု၏ အဂ္ဂပြည်ရဲ့ အမျိုးအနွယ်တွေ ဖြစ်ပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ ထူးကဲတဲ့အရည်အချင်းကြောင့် ရှင်းဟုန်ရွှမ်ဟာ သူတို့မိသားစုထဲက တော်ကောက်ခံခဲ့ရတဲ့ ဧကရာဇ် ကိုယ်လုပ်တော်နဲ့ အတော်လေး ရင်းနှီးပါတယ်။
ရှင်းဟုန်ရွှမ်ရဲ့ စကားကြောင့် အကြီးအကဲတွေဟာ ခန့်မှန်းချက်မျိုးစုံ ဖြစ်ကုန်ကြပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တိတ်တဆိတ် နားထောင်နေပေမဲ့ သူ့စိတ်တွေကတော့ အဝေးရောက်နေပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နဲ့ မတွေ့ရတာ နှစ်ကြာပြီမို့ ဟန်ကျွယ်ကို အရမ်းသတိရနေပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အတိတ်တုန်းက မြူထူးပျော်ပါးခဲ့တာတွေကို ပြန်တွေးမိပြီး ပြုံးမိသွားပါတယ်။
ဒီလိုနဲ့ ၂၃ နှစ် ကြာသွားပါတယ်။
ဟန်ကျွယ်ကတော့ ပုံမှန်အတိုင်း ကျင့်ကြံနေတုန်းပါ။ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို ရောက်ရှိသွားလို့ ကျင့်ကြံမှုအလျင် လျော့သွားခြင်းမရှိဘဲ ဆက်တိုးလာပါတယ်။ ဒီလိုကျင့်ကြံမှုအလျင် တိုးလာရတာက ပုကျုံးနတ်ပန်းက ထုတ်လွှတ်တဲ့ ရှန်တျန်ချီ တိုးလာတာနဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ရဲ့ အကုသိုလ်ကံ စုပ်ယူမှု မြန်ဆန်လာတာကြောင့်ပါ။ ကမ္ဘာဖျက်ကြာနက်သာ မရှိဘူးဆိုရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်က တစ်ဝက်လောက် လျော့ကျသွားမှာပါ။
ဒီလိုနဲ့ တစ်နေ့မှာတော့ ဟန်ကျွယ် မြင်ကွင်းရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်တစ်ခု ပေးပို့လိုက်၏။ အိပ်မက်ထဲသို့ ဝင်လိုပါသလား။]
‘အိပ်မက်’ ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားပါတယ် ‘ငါ့တာအိုစက်ကွင်းက အထင်ကြီးဖို့ ကောင်းသားပဲ၊ ကောင်းကင်ဧကရာဇ်ရဲ့ ဆန်းကြယ်စွမ်းအားကိုတောင် ဟန့်တားနိုင်တယ်’
ဟန်ကျွယ်ဟာ ဝင်မည်ကို ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားပြီး တောအုပ်တစ်အုပ်ကို ရောက်သွားပါတယ်။ ဒီတောအုပ်က ယွီဂျင်ဂိုဏ်းတော်ကြီး ဘေးနားမှာရှိတဲ့ တောအုပ်လေးတစ်ခုပါ။ အရင်တုန်းက ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ် ဒီတောအုပ်မှာ တွေ့ဖူးပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို တွေ့လိုက်ရတဲ့အခါ ကောင်းကင်ဧကရာဇ်က မပြောင်းလဲသေးတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ပြုံးကြည့်ပြီး ပြောလိုက်ပါတယ် “ကြည့်ရတာ မင်းက ငရဲပြည်မှာ အဆင်ပြေနေတဲ့ပုံပဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မဟုတ်ပါဘူး၊ ကြိုးတန်းပေါ် လမ်းလျှောက်နေရတာ၊ ဒီကြားထဲ ငရဲမင်းက ပြဿနာရှာလို့ ကျွန်တော် နေရာပြောင်းလိုက်ရသေးတယ်”
“အဲဒီလိုလား၊ အဲဒါဆိုရင် မင်း ဘာလို့ ကောင်းကင်ရုံးတော်ကို ပြန်မလာတာလဲ”
“အဟွတ်… အဟွတ်… ကောင်းကင်ရုံးတော်က ကြီးမားတဲ့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နေတာဆိုတော့ အရမ်းအန္တရာယ်များတယ်လေ”
“အင်း… မင်းပြောတာ မှန်တယ်၊ အဲဒီလို အန္တရာယ်များလို့လည်း ငါ မင်းကို တွန်းအားမပေးတာ၊ ကောင်းကင်ရုံးတော်မှာ မင်းကလွဲပြီး ဘယ်သူမှ ဒီလို အခွင့်ထူးမရဘူး”
“ကျေးဇူးပါပဲ အရှင်မင်းကြီး”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဦးညွှတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို စိတ်ရင်းထဲကနေ ကျေးဇူးတင်တာပါ။ ကောင်းကင်ဧကရာဇ် ပေးခဲ့တဲ့ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကြောင့်သာ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တရာခန္ဓာကိုယ် နိုးထခဲ့ပြီး အခုလိုအခြေအနေမျိုး ရောက်နေတာ မဟုတ်ပါလား။
ဟန်ကျွယ်က ရုတ်တရက် မေလိုက်ပါတယ် “ဒါနဲ့ အရှင်မင်းကြီး… လွမ်ဟွေအင်မော်တယ်ဧကရာဇ်ကို သိလား”
ကောင်းကင်ဧကရာဇ်ဟာ မျက်စိမှေးသွားပါတယ် “လွမ်ဟွေ အင်မော်တယ်ဧကရာဇ်… သူက မင်းကို အမွေပေးခဲ့တဲ့သူလား”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒီလို မဟုတ်ဘူး၊ ကျွန်တော်က သူ့အမွေကို မတော်တဆ ရခဲ့တာ”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် ကျေနပ်စွာ ပြုံးလိုက်ပါတယ် “ငါ မင်း သူ့နောက် ပါသွားမှာကို စိုးရိမ်နေသေးတာ၊ ငါလည်း လွမ်ဟွေ အင်မော်တယ်ဧကရာဇ်အကြောင်း အများကြီး မသိဘူး၊ ဒီပုဂ္ဂိုလ်က တာအိုရရှိဖို့ ကြိုးစားအားထုတ်နေတာ အတော်ကြာပြီ၊ သူက အမြဲတမ်း လျှို့ဝှက်ပြီးနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း တာအိုလိုက်ဟောတာဆိုတော့ တစ်ခုခုကို ကြံစည်နေပုံတော့ရှိတယ်”
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “အရှင်မင်းကြီးက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို တစ်ခါမှ မမြင်ဖူးဘူးလား၊ ဒါ မဖြစ်နိုင်ပါဘူး၊ ကျွန်တော် သူ့ရောင်ဝါကို ကောင်းကင်ရုံးတော်မှာ ခံစားမိပါတယ်”
ဟန်ကျွယ်ဟာ နည်းနည်းလေးမှ မပြောရရင် နေမထိထိုင်မသာ ဖြစ်နေတာကြောင့် ပါးပါးလေး သဲလွန်စ ပေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ကတော့ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာအမူအရာကို သေချာအကဲခတ်နေပါတယ်။
ကောင်းကင်ဧကရာဇ်က ဒေါသတကြီး ပြောလိုက်ပါတယ် “ဘယ်သူလဲ ဆိုတာသာ ပြောစမ်းပါ၊ မင်း သိနေတယ်မလား၊ မဟုတ်ရင် ငါ့ကို လွမ်ဟွေ အင်မော်တယ်ဧကရာဇ်အကြောင်း အထူးတလည် မေးနေမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် “အရှင်မင်းကြီး တကယ်မသိတာလား၊ ကျွန်တော်က အရှင်မင်းကြီးရဲ့ အစီအစဉ်ကို ကဖျက်ယဖျက်လုပ်သလိုမျိုး ဖြစ်မှာစိုးတဲ့အတွက် မပြောတာ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အရှင်မင်းကြီးဘက်မှာပဲ အမြဲတမ်းရှိနေမှာပါ”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ် “မင်းက ငါ့ကို ဘာလို့ ထင်နေတာလဲ၊ ငါက မင်းကို လိမ်နေတယ်လို့ ထင်နေတာလား၊ ငါ့ကို ပြောစမ်းပါ၊ ငါ တကယ်သိချင်လွန်းလို့ပါ၊ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က တကယ်ကြီး ကောင်းကင်ရုံးတော်မှာ ပုန်းအောင်းနေတာလား”
“တိထိုက်ပိုင်၊ သူက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်နဲ့ ချွတ်စွပ်နီးပါးတူတယ်၊ ကျွန်တော် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ ကျင့်စဉ်ကို လေ့ကျင့်တုန်းက သူကျင့်ကြံနေတာကို အိပ်မက်မြင်မက်ခဲ့ဖူးတယ်”
‘တိထိုက်ပိုင်’ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး ပထမဆုံးတွေးလိုက်တာက မဖြစ်နိုင်ဘူးဆိုတဲ့ပါပဲ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ဟာ ဘာမှမပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စသာ အမှန်ဆိုရင် သူ တုံးအပုံ ပေါ်သွားမှာစိုးလို့ပါ။
အဲဒီနောက် ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ဟန်ကျွယ်က လိမ်မဲ့လူတစ်ယောက် မဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ် ကြီးပြင်းလာတာကို ကောင်းကင်ဧကရာဇ်ကိုယ်တိုင် စောင့်ကြည့်ခဲ့တာပဲ မဟုတ်ပါလား။ နောက်ပြီး ကောင်းကင်ဧကရာဇ်ဟာ သူ့မျက်လုံးကို သူယုံပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဒေါသထွက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်မှာ ကောင်းကင်ဧကရာဇ်က တိထိုက်ပိုင်က ရှန်စစ်သူကြီးထက်တောင် ပိုယုံကြည်လို့ပါပဲ။ ဒီလိုယုံကြည်ရတဲ့လူရဲ့ သစ္စာဖောက်ခံရတာက နောက်ကျောဓားနဲ့ ထိုးခံရသလိုပါပဲ။
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ဒီလိုလား၊ ငါလည်း သူ့နောက်ခံကို သံသယဝင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက အလုပ်ကောင်းကောင်း လုပ်နိုင်လို့ ငါ ထပ်ပြီးတော့ မစုံစမ်းတော့တာ”
“ကောင်းကင်ရုံးတော်မှာရှိတဲ့ အင်မော်တယ်တွေရဲ့ နောက်ခံက ရှုပ်ထွေးတယ်၊ အင်မော်တယ်တိုင်းရဲ့ နောက်ခံကို စုံစမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အရေးကြီးတာက ကောင်းကင်ရုံးတော်ကို သစ္စာရှိနေရင် ရပြီ”
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို လေးစားသွားပါတယ် ‘ကောင်းကင်ဧကရာဇ်လို့ မပြောရဘူး၊ စိတ်သဘောထားကြီးပြီး အမြင်ကျယ်ပါပေတယ်’
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ပျော့ပျောင်းစွာ ကြည့်လိုက်ပါတယ် “တိထိုက်ပိုင် မင်းကို လီတောက်ခုံးတပည့် ဖြစ်ချင်သေးလား မေးတုန်းက သူ့ဘေးနားမှာ လီတောက်ခုံး ရှိနေတယ်၊ မင်းပြန်ဖြေလိုက်တာ လုံးဝကောင်းတယ်”
“ဆရာလီ စွမ်းအားဘယ်လောက်ကြီးကြီး အရှင်မင်းကြီးကိုတော့ မမီဘူးမလား၊ ကျွန်တော်က ဆရာလီရဲ့တပည့်လုပ်မဲ့အစား အရှင်မင်းကြီးရဲ့တပည့်ပဲလုပ်မယ်”
ဟန်ကျွယ်ရဲ့ မြှောက်ပင့်စကားကြောင့် ကောင်းကင်ဧကရာဇ်ဟာ ပြုံးမိလိုက်ပါတယ်။
“လီတောက်ခုံး ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ငါ့ကိုတော့ ဘယ်မီနိုင်ပါ့မှာလဲ” ကောင်းကင်ဧကရာဇ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သိချင်စိတ်ကို မမြိုသိပ်နိုင်တာကြောင့် မေးလိုက်ပါတယ် “နတ်ဆိုးဧကရာဇ်၊ ကောင်းကင်တာအိုဗုဒ္ဓ၊ ရှန်နန်းတော်သခင်နဲ့ အရှင်မင်းကြီးတို့က အဆင့်တူတူပဲလား”
“ဟုတ်တယ်၊ ငါတို့ကျင့်ကြံမှုက ကန့်သတ်စည်းကို ရောက်နေပြီ၊ အနန္တကပ်ဘေးရဲ့ ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို အမှီပြုမှပဲ ငါတို့တွေ အဆင့်ထိုးဖောက်နိုင်မှာ”
“ရှန်နန်းတော်သခင်က အဲဒီလောက်တောင် စွမ်းအားကြီးရင် ဆရာလီကို ဘာလို့ လွှတ်ပေးထားတာလဲ”
“ဒါက တာအိုဘိုးဘေး ငါတို့ကိုပေးထားတဲ့ စည်းတစ်ခုပဲ၊ ငါတို့တွေက ကိုယ့်ထက်နိမ့်တဲ့ ကျင့်ကြံသူတွေကို တိုက်ခိုက်လို့မရဘူး၊ ငါတို့လေးယောက် သူသေကိုယ်သေတိုက်ရင် အင်မော်တယ်ကမ္ဘာတစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်”
ကောင်းကင်ဧကရာဇ်ဟာ သာမန်အဖြစ်အပျက်တစ်ခုကို ပြောနေသလိမျိုး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အကြောင်းအရာတွေကို နားလည်သဘောပေါက်သွားပါတယ် ‘အံဩစရာမရှိတော့ပါဘူး၊ သူတို့လေးယောက်က ရှိပဲရှိပြီး သုံးလို့မရတဲ့ နျူကလိယဗုံးတွေပဲ’
ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ဒီတစ်ခေါက် ငါမင်းကို လာတွေ့တာ အခွင့်အရေးတစ်ခု ပေးချင်လို့”
‘အခွင့်အရေး’ ဟန်ကျွယ်ဟာ အလိုလို မျက်မှောင်ကြုတ်မိလျက်သား ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေးနဲ့ အန္တရာယ်က ဒွန်တွဲနေလို့ပါ။
“ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက တာအိုဟောကြားလိမ့်မယ်၊ အင်အားစုအသီးအသီးက တပည့်သုံးယောက်ခေါ်ပြီး တာအိုသွားနားထောင်နိုင်တယ်၊ ငါ မင်းရယ် ရှန်စစ်သူကြီးရယ် အိမ်ရှေ့မင်းသားရယ်ကို ခေါ်သွားဖို့ စီစဉ်ထားတယ်၊ ဒီတာအိုနားထောင်တဲ့ ကိစ္စမှာ ဘာအန္တရာယ်မှ မရှိဘူး၊ တာအိုဟောကြားတာ ပြီးတာနဲ့ ငါမင်းကို ပြန်ပို့ပေးမယ်” ကောင်းကင်ဧကရာဇ်ဟာ တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ အမူအရာကိုကြည့်ပြီး ဟန်ကျွယ် ဘာတွေးနေလဲဆိုတာ သဘောပေါက်သွားတာကြောင့် ကောင်းကင်ဧကရာဇ်ဟာ ရယ်ချင်စိတ် ပေါက်သွားပါတယ်။
ဒီအချိန် ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်အား ကောင်းကင်ဧကရာဇ်က အန္တိမခန်းမသို့ တာအိုသွားနားထောင်ရန် ဖိတ်ကြားခဲ့သဖြင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ဖိတ်ကြားချက်အား ငြင်းဆန်လျှင် အခွင့်အရေးကြီးတစ်ခုအား ဆုံးရှုံးမည်။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါးအား ရရှိမည်။]
[၂။ ဖိတ်ကြားချက်အား လက်ခံလျှင် မဟာတာအို အပိုင်းအစ တစ်စအား ဆုလာဘ်အဖြစ် ရရှိမည်။]
ဟန်ကျွယ်ဟာ မသွားချင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို သွားစေလိုတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပါတယ်။
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ဒီအခွင့်အရေးက အနန္တကပ်ဘေးနဲ့ ဘာမှမဆိုင်ဘူး၊ ဒီကိစ္စကြောင့် မင်းကပ်ဘေးထဲ ဝင်မသွားပါဘူး၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာရှိတဲ့ လူတိုင်းက တာအိုကို ရထားပြီးပြီ၊ အနန္တကပ်ဘေးရဲ့ တိုက်ပွဲက အဲဒီလောက်ထိ မကြီးဘူး၊ ငါ မင်းကို သွားစေချင်တယ်၊ လီတောက်ခုံးနဲ့ လီရွှမ်အောက်လည်း သွားမှာ”
“တာအိုဟောကြားမှုအတွင်းမှာ အနန္တကပ်ဘေးက ရပ်တန့်နေလိမ့်မယ်၊ တချို့အင်အားစု သေးသေးလေးတွေပဲ တိုက်ခိုက်ကြလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 316
? Views, Released on December 4, 2024