Switch Mode

Chapter – 364

ဂန္တဝင်ကျင့်စဥ်၏ ပထမဆုံးစမ်းသပ်မှု အမြင့်ဆုံးဂုဏ်ရည်

စာကြည့်တိုက် တာအိုသခင်
အခန်း (၃၆၄) ဂန္တဝင်ကျင့်စဥ်၏ ပထမဆုံးစမ်းသပ်မှု အမြင့်ဆုံးဂုဏ်ရည်

ယဲ့ရှောင် နောက်သို့လိုက်သွားသည့်လူနှစ်ယောက်က ယဲ့ရှောင်လမ်းကြားလေးထဲ လျှောက်သွားတာကို မြင်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
” ဒီကောင်က သူ့ဘာသာသူ သူ့အတွေးတွေနဲ့သူ ဟုတ်နေတာပဲ ”
နှစ်ယောက်သား စ်ိုးရိမ်ပူပန်နေသေးသည်။ လူအများနေရာအနှံ့ရှိနေပြီး လှုပ်ရှားရန် မလွယ်ကူချေ။ ယဲ့ရှောင်က သူ့ဘာသာသူလမ်းကြားလေးထဲ လျှောက်သွားလိမ့်မည်ဟု သူတို့ မထင်ထားပေ။
သူတို့ထဲမှတစ်ယောက်က ညစ်ကျယ်ကျယ်အပြုံးဖြင့်ပြောလိုက်၏။
” ငါသွားပြီး သူ့ကိုတွေ့လိုက်မယ်…”။ ငါ သူ့ကို စစ်မေးပြီး သူ့ဆီကနေ သတင်းရမလား ကြည့်ကြသေးတာပေါ့….”။
” ဟုတ်ပြီ….။ ဒါပေမယ့် မြန်မြန်တော့ လုပ်ရမယ်။ ရုတ်ရုတ်သဲသဲ ဖြစ်အောင် မလုပ်နဲ့….”။ ရှန့်ယွမ်မျိုးနွယ်က သိုင်းပညာရှင်တွေကို အာရုံစိုက်မိအောင်မလုပ်မိစေနဲ့….”။
” စိတ်မပူနဲ့….။ ဒီလိုအသေးအမွှားလေးကို ဖြေရှင်းယုံပဲကို…။ ငါ့အတွက် ငှက်ပျောသီးအခွံခွာရသလိုလွယ်တယ်….။ ကြက်ဖမ်းတာလိုမျိုး ခွေးသတ်တာလို ကိစ္စအသေးအမွှားလေးတွေက ပြောပြလောက်အောင်မတန်ဘူး…..”။
သူနှင့်ပါလာသူကလည်း ဘာမှထပ်မပြောတော့ပေ။ သူသည်လည်း ထိုသို့တွေးနေတာ သိသာသည်။
တောင်ကြားထဲသို့ဝင်သွားသည့် ယဲ့ရှောင်နောက်သို့ ထိုလူလိုက်သွားတာကို ကြည့်ပြီးနောက် လမ်းပေါ်တွင်တစ်ယောက်ထဲ စောင့်နေ၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူကြည့်လိုက်စဥ် ယဲ့ရှောင်က လမ်းကြားလေးထဲကနေ ထွက်လာ၏။ သူအံ့သြဆွံ့အသွားသည်။
ဒါ ဘာအခြေအနေလဲ၊ သူ အဖော် ဘယ်မှာလည်း၊ သူဘာကြောင့်ထွက်မလာတာလည်း၊ သူ့အဖော်ကမေးခွန်းမေးဖို့ သွားတာမဟုတ်ဘူးလား။
ထိုစဥ် ယဲ့ရှောင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့်သူ၏စိတ်စွမ်းအားတို့ ထိန်းချုပ်မှု ချက်ချင်းကင်းမဲ့သွားတာကို ခံစားမိသည်။
ဖုန်း….။
ချက်ချင်းပင်သူက သွေးမြူအဖြစ် ပေါက်ကွဲသွား၏။ သေသွားသည့်အချိန်ထိ သူ့စကားကို မယုံရဲသေးပေ။ သူ သရဲတစ်ကောင်တွေ့ရတာပဲ ဖြစ်ရမယ်။ မဟုတ်လျှင် သူ ရောက်လာသည်နှင့် မည်ကဲ့သို့ ချက်ချင်းအသတ်ခံလိုက်ရမည်နည်း။
အတွေးသည် စက္ကန့်ဝက်ခန့်သာ ကြာလိုက်၏။ အကြောင်းမှာ သူ၏ဝိညာဥ်သည်လည်း ယဲ့ရှောင်၏ မူလပုံ ဓားသူငယ်အိမ်၏အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားသောကြောင့်ဖြစ်သည်။
သူ လှုပ်ရှားတာတွေ့သည့် ရန်သူတိုင်း သူ၏ မျက်နှာကိုတွေ့သည့် ရန်သူဆိုလျှင်တောင် သေရပေမည်။
စက္ကန့်အနည်းငယ်သာ ကုန်ဆုံးသေးသော်ငြား ယဲ့ရှောင်သည် သူတို့နှစ်ယောက်၏နေရာသို့ရောက်လာရသည့်အကြောင်းအရင်းကို အပြည့်အဝထုတ်ဖော်နိုင်မည်ဖြစ်သည်။
သတင်းကောင်းက သူတို့သည် နတ်ဘုရားဧကရာဇ်၏ အုတ်ဂူတည်ရှိမှုအကြောင်း မသိသေးပေ။
သို့သော် ရွှမ်းယွမ်မျိုးနွယ်၏ လတ်တလော လှုပ်ရှားမှုကြီးက မျိုးနွယ်စုသုံးစုကို သတိအနေအထားဖြစ်စေ၏။ ထို့ကြောင့် အခြေအနေကို စုံစမ်းစစ်ဆေးရန် သူတို့သည် စီရင်စုကိုးခု၏မြေပေါ်သို့ လူများလွှတ်တာပဲဖြစ်သည်။
သူတို့သည် သူလျှိုများ လွှတ်ထားရုံသာမက ကျန်သည့်နေရာများ၌လည်း သူလျှိုများထားထားပြီးသားဖြစ်သည်။
ကံဆိုးသည်မှာ ယဲ့ရှောင်သည် တစ်ဖက်သူ၏စိတ်ကိုစစ်ဆေးမိချိန်၌ သူသည် ထိုစာရင်းကို ချက်ချင်းကြည့်လိုက်၏။ နောက်ထပ်ဖြစ်သွားသည်ကား အလွန်ရိုးရှင်းသည်။ ယဲ့ရှောင်သည် သတင်းအချက်အစိတ်အပိုင်းများကို ပေါင်းစည်းလျှက် စာရင်းကို ဆန္ဒကျောက်တုံးကနေ ပေ့ထန်းစီအား ပို့လိုက်၏။
ပေ့ထန်းစီနှင့် ကျန်သည့်သူများက ထိုလူများကိုဖယ်ရှားနိုင်သည်။
ဆိုရလျှင် သူတို့သည်နတ်ဘုရားမျိုးနွယ်သုံးစုမှ သူလျှိုများဖြစ်၏။ သူတို့ကို အသက်ရှင်လျှက် မထားနိုင်ပေ။
ပေ့ထန်းစီက သတင်းလက်ခံရရှိပြီးနောက် ချက်ချင်းပင် ယဲ့ရှောင်၏ စာကို ပြန်ကာ စတင်လှုပ်ရှားလိုက်တော့၏။
သူ၏အမည်အတိုင်းပင် သူက ထိုလူများကို ရှာရန် လူစီစဥ်လိုက်၏။ သို့မှသာ ယဲ့ရှောင်၏ အထောက်အထားမပေါ်သွားမှာ ဖြစ်သည်။ ပြီးနောက် ယဲ့ရှောင်သည် စာဖတ်ရန် စာကြည့်တိုက်သို့သွားပြီး အလုပ်ဆက်သွားတော့သည်။
သို့သော် နာရီဝက်မပြည့်မှီ၌ ဧကရာဇ်ကျင်း၏ ဆန္ဒကျောက်တုံးက စာတစ်စောင်ပို့လာသည်။
စကားလုံးနှစ်လုံးသာ ရေးထားသည်။
” တစ်ခုခုဖြစ်သွားပြီ….”။
ယဲ့ရှောင်က မျက်ဝန်းများမှေးကျဥ်းလျှက် ဧကရာဇ်ကျင်းကို ချက်ချင်းဆက်သွယ်လိုက်သည်။
” ဘာဖြစ်တာလဲ….”။
ဧကရာဇ်ကျင်း၏လေသံက အနည်းငယ်လေးလံနေသည်။
” ပေ့ထန်းစီက ပြင်းပြင်းထန်ထန်ရထားပြီး သူ့မျက်လုံး တူးထုတ်ခံထားရတယ် ….”။
ယဲ့ရှောင်၏ သူငယ်အိမ်တောင် ကျုံ့သွားကာ သူ့ရင်ထဲ၌ သတ်ဖြတ်ရိပ်လိုပေါ်လာသည်။
” ဘာကြောင့်ဖြစ်သွားတာလဲ …..။ သူလျှိုကို လိုက်ဖို့ တစ်ယောက်ထဲသွားတာများလား….”။
” အဲ့လိုမဟုတ်ဘူး….။ ရှန့်ယွမ်မျိုးနွယ်က လူတွေနဲ့သွားနေတာ။ ဒါပေမယ့် ရှန့်ယွမ် နတ်ဘုရားမျိုးနွယ်က လူအများစုက အခုကြယ်စုံသောကောင်းကင်ထဲမှာရှိတော့ မင်းလည်း သိတာပဲ။ မြေပြင်ပေါ်ကခုခံမှုက အလွန်အားနည်းနေတယ်…..”။
” တိုက်ခိုက်သွားတဲ့သူက နဂါးနှစ်ဆယ့်ခုနှစ်ကောင်ရှိတဲ့ ဧကရာဇ်နယ်ပယ်သိုင်းပညာရှင်တစ်ယောက်ဖြစ်တယ် “။
” ရှန့်ယွမ်မျိုးနွယ်ရဲ့ ဧကရာဇ်နယ်ပယ်သိုင်းပညာရှင်နှစ်ယောက်လည်း သေသွားတယ်….။ တစ်ဖက်သူက ကြယ်စုံသောကောင်းကင်ဆီကိုထွက်ပြေးသွားပြီးပြီ….။ ငါခန့်မှန်းတာမှန်မယ်ဆိုရင် သူ အခုချိန်လောက်ဆို လွှတ်မြောက်သွားလောက်ပြီ… “။
ယဲ့ရှောင်က လက်သီးကို အနည်းငယ် ကျစ်ကျစ်ဆုပ်လျှက် သူ၏အရိုးများ တကျွတ်ကျွတ် မြည်လာတော့သည်။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတို့က အစိုင်အခဲတစ်ခုအဖြစ်သိပ်သည်းလာတော့သည်။
သူ သတိမမူခဲ့မိပေ။
ရှန့်ယွမ်မျိုးနွယ်သည် သူတို့သိုင်းပညာရှင်အများစုကိုကြယ်စုံသော ကောင်းကင်နယ်၌ အုတ်ဂူတူးရန် လွှတ်ထားပြီး မြေပြင်ပေါ်၌ ခုခံမှု လျှော့ချထားလိမ့်မည်ဟု သူ မထင်ထားပေ။
တကယ်တော့ ယင်းက သူ့အမှား မဟုတ်ပေ။ သူရထားသည့်အချက်အလက်က သူတို့ထဲမှ အချို့သည် အစောပိုင်း အဆင့်မြင့်ဧကရာဇ်နယ်ပယ်သာ ရှိသည်။ နဂါးနှစ်ဆယ့်ခုနှစ်ကောင် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် မရှိပေ။
နတ်ဘုရားမျိုးနွယ်က တစ်ယောက်ကိုတစ်ယောက်အကောက်ကြံထားပုံပေါ်၏။ သူတို့ကို ပို့ခဲ့သည်။ သူလျှိုများ၏ ခွန်အားအစစ်အမှန်ကိုတောင် မပြောခဲ့ပေ။
ထို့ကြောင့် တစ်ဖက်သူ၏စိတ်ဓာတ်ကိုရှာဖွေသည့် အချက်အလက်က မှားယွင်းသွားတာဖြစ်သည်။
” စီနီယာ ပေ့ထန်းကို ဂရုစိုက်လိုက်ပါ….”။
” ယဲ့ရှောင် မင်း ဘာလုပ်ချင်တာလဲ ….။ ငါ ရှန့်ယွမ်မျိုးနွယ်ကို ချက်ချင်းအကြောင်းကြားလိုက်မယ်….။ သူတို့တွေ အဲ့ဒီမှာသိုင်းပညာရှင်တွေ ရှိနေတာ နတ်ဘုရားနယ်ပယ်သိုင်းပညာရှင်တွေ ရှိတယ်။ ဒီကိစ္စကို သူတို့ကောင်းကောင်းဖြေရှင်းနိုင်မှာ သေချာတယ်….။ မင်းကိုယ်တိုင်မသွားရင် ပိုကောင်းလိမ့်မယ်…။ တစ်ခုခုဖြစ်သွားရင် ငါတို့အတွက် ဆုံးရှုံးမှုကြီးဖြစ်မှာ…..”။
” ဒါ့အပြင် သူလျှိုက မင်းကြောင့် ရောက်လာတာမဟုတ်ဘူး….။ မင်း စိတ်ထဲထားစရာမလိုဘူး….”။
ယဲ့ရှောင်က အေးစက်စက်ပြောလိုက်သည်။
” သူလျှိုက ကျွန်တော့ကြောင့် ရောက်လာတာမဟုတ်ဘူး….။ ကျွန်တော်ပို့လိုက်တာဟုတ်ပေမဲ့ စီနီယာပေ့ထံကို အကြောင်းကြားလိုက်တာ ကျွန်တော်လေ…။ ကျွန်တော်သာအကြောင်းမကြားလိုက်ရင် ဒါမျိုးကိစ္စကြုံတွေ့ရမှာ မဟုတ်ဘူး….။ ဒါ့အပြင်စိတ်စွမ်းအားဉာဏ်မျက်စိက အထွတ်အမြတ်ရတနာတစ်ပါးပဲ…။ စီနီယာပေ့ထံနဲ့ရှိနေရင် ရှန့်ယွမ်မျိုးနွယ်က ဘာမှပြောလောက်မှာမဟုတ်ဘူး….။ ဒါ့ပေမယ့် အခုယူသွားခံရပြီဆိုတော့ ရှန့်ယွမ်မျိုးနွယ်က ပြန်ယူခဲ့မယ်ဆိုရင်တော့ သူတို့အတွက်ယူထားဖို့ဖြစ်လောက်တယ်…..။ ရှန့်ယွမ်မျိုးနွယ်ဆီ သတင်းပို့လိုက်တဲ့အချိန် စီနီယာပေ့ထန်းရဲ့ မျက်လုံးအခိုးခံလိုက်ရတယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောလိုက်နဲ့….။ ပြန်ယူနိုင်ဖို့ အခွင့်အရေးရှိအုံးမလား ကြည့်အုံးမယ်….”။
” ယဲ့ရှောင် မင်းယုံကြည်ချက်ရှိလား….။ မိုးကြိုးနတ်ဘုရားမျိုးနွယ်က ပို့လိုက်တဲ့သိုင်းပညာရှင်တွေကြားထဲမှာ ဧကရာဇ်နယ်ပယ်သိုင်းပညာရှင် တစ်ရာကျော်တယ်လို့ကြားထားတယ်…..။ ပြီးတော့ အဲ့ထက်မကလောက်ဖို့ မင်းရဲ့ခွန်အားက သူတို့ထက် နဲနဲလေးသာတယ်ဆိုရင်တောင် သူတို့တွေအများကြီးပူးပေါင်းတိုက်ခိုက်ခဲ့မယ်ဆိုရင် မင်းအနိုင်ရဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး….။ မင်း သတိလက်လွှတ်လို့ မရဘူးနော်….”။
” စိတ်မပူပါနဲ့ …။ ကျွန်တော် ဘာလုပ်ရမယ်မှန်းသိတယ်….”။
ယဲ့ရှောင်သည် ဆန္ဒကျောက်တုံးနဲ့ ဆက်သွယ်တာကိုရပ်တန့်ပြီး သိုလှောင်လက်စွပ်ထဲ ထည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူက ယင် ယန် လွှတ်မြောက်ခြင်းသိုင်းကို တန်းအသုံးပြုပြီးနောက် ကြယ်စုံသောကောင်းကင်ထဲ ချက်ချင်းရောက်သွားလေ၏။
နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက် သူ၏အရှိန်ကလည်း မှန်းဆ၍မရသည့်အရှိန်သို့ ရောက်နေပြီဖြစ်သည်။ ကြယ်စုံသောကောင်းကင်သို့ရောက်လာပြီးနောက် သူက မျက်လုံးမှိတ်လျှက် သူ၏အတွေးများကိုတိုက်ရိုက်ဖြန့်ကျက်လိုက်တော့သည်။
ထိုအစွမ်းထက်သည့် အတက်အကျ စွမ်းအားလှိုင်းများက ကြယ်စုံသော ကောင်းကင်တစ်ခုလုံး ပြန့်သွားပြီး အဝေးသို့ ဆက်လက်ပြန့်သွား၏။ မျက်စိတစ်မှိတ်အတွင်း မိုင်သိန်းချီအကွာထိ ပြန့်သွား၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ယဲ့ရှောင်သည် မျက်လုံးဖွင့်လိုက်သည်။ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတို့ဖြင့် သွေးဆာလှောင်မှုများ ကျောစိမ့်ဖွယ်ကောင်းအောင် ပြည့်နေလေ၏။
” မင်းတို့ကို ရှာတွေ့ပြီ…..”။
သူပြောပြီးသည်နောက် သူ ရပ်နေသည့်နေရာကနေပျောက်သွားတော့သည်။
တစ်ဖက်တွင်မူ မျိုးနွယ်စုသုံးစုက ယာယီဖွဲ့စည်းထားသည့် အမိန့်ပေးစင်တာ၌ သွေးလွှမ်းနေသော ဧကရာဇ်နယ်ပယ်သိုင်းပညာရှင်က ခြေလှမ်းကြဲကြီးများဖြင့်လျှောက်လာကာ အမိန့်ပေးစင်တာကိုရောက်လာသည်။
” မက်ဂရီဂေါ် မင်း ဘာကြောင့်သွေးတွေနဲ့လဲ ….”
နတ်ဘုရားမျိုးနွယ်သုံးစု၏ ခေါင်းဆောင်များက ထိုမြင်ကွင်းကိုမြင်တွေ့သောအခါ မမေးပဲမနေနိုင်တော့ချေ။
မက်ဂရီဂေါ်က အမောတကောအသက်ရှုပြီးနောက် အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
” လခွမ်းပဲ…..။ ကျုပ်တို့တော့ ပြသနာတက်ပြီ….။ ဘယ်သူသစ္စာဖောက်သွားလည်း မသိဘူး…။ အဆုံးကျ လူတိုင်း ရှင်းထုတ်ခံလိုက်ရတယ်…။ ကံကောင်းလို့ကျုပ်ခွန်အားကို ဖုံးကွယ်ခဲ့တာ မြန်မြန်ပြေးလာခဲ့မိတယ်….။ မဟုတ်ရင် မင်းတို့တွေ ကျုပ်ကို တွေ့ရမှာတောင် မဟုတ်ဘူး….”။
” ဒါဆို ဒါဆို အချက်အလက်ရလာသေးလား….”။
” ကျုပ်တောင် ကံကောင်းပြီး အသက်ရှင်လျှက်ပြန်လာနိုင်တာ…”။
ကပ်စူမား၏ မျက်နာက အေးစက်သွားသည်။
” မင်းရဲ့အထောက်အထားကို ထုတ်မပြခဲ့ဘူးမလား….။ဒါမှမဟုတ် မင်း နောက်တစ်ယောက်ယောက် လိုက်မလာခဲ့ဘူးမလား…”။
” မလိုက်လာဘူးပေါ့…။ ကျွန်တော့်မှာ ဦးနှောက်ရှိပါသေးတယ်….”။
ကပ်စူမားက ခေါင်းညိတ်လိုက်သည်။
” ငါတို့နောက် ဘယ်သူမှ လိုက်မလာတာကောင်းတယ်…။ ရှန့်ယွမ်မျိုးနွယ်က မေးလာခဲ့ရင် သူတို့ ငါတို့က်ို သစ္စာဖောက်သွားတာလို့ ပြောလို့ရတယ်….။ ဒီနည်းနဲ့ဆို ငါတို့ဘာသာ ခွဲထွက်လို့ရတယ်…”။
” အကြံကောင်းပဲ….။ အခုတောင် ကပ်စူမားက ထင်တဲ့အတိုင်းပဲ သူရဲ့ဆက်ဆံရေးက တကယ်ထူးချွန်တာပဲ….”။
ကပ်စူမားက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
” အခုပျော်ရမယ့် အချိန်မဟုတ်ဘူး….။ ငါတို့လူတွေဘယ်လိုလုပ်ပေါ်သွားတာလဲ …။ အခု ဒီတစ်ခေါက်ပို့လိုက်တဲ့သူတွေက ဧကရာဇ်နယ်ပယ်သိုင်းပညာရှင်တွေကြီးပဲ….။ အားမနည်းကြဘူး…”။
” အဆင့်တူကြတယ်ဆိုရင်တောင် သူတို့ဟာကွက်ကို အလွယ်တကူမြင်နိုင်မှာ မဟုတ်ဘူး….”။
” ကြည့်ရတာ ရှန့်ယွမ်မျိုးနွယ်ရဲ့ အုတ်မြစ်က ငါတို့မှန်းဆထားတာထက် ကျော်လွန်နေတဲ့ပုံပဲ…”။
” အခုငါတို့တွေ မျိုးနွယ်စုသုံးစုက သိုင်းပညာရှင်တွေကြီးတွေ ဆင်းသက်လာပြီး ရှန့်ယွမ်မျိုးနွယ်နှင့် ယှဥ်ပြိုင်ဖို့ စောင့်ရုံပဲ ရှိတော့တယ်…”။
သူပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင်အပြင်ဘက်ကနေပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာ၏။
ဖုန်း….
ဒီပေါက်ကွဲမှုကြီးက လူတိုင်းကို ထိတ်လန့်သွားစေသည်။
” ဘာတွေဖြစ်နေတာလဲ….”။
သူပြောပြီးသည်နှင့် အမြန်ဆုံးအရှိန်ဖြင့် ပုံရိပ်တစ်ရိပ်က ရောက်လာပြီး သတင်းပို့သည်။
” သတင်းပို့ပါတယ်….သတင်းပို့ပါတယ်….။ ခေါင်းဆောင်တို့ မကောင်းတာ တစ်ခုခုဖြစ်နေပြီ….”။
” ရှန့်ယွမ်မျိုးနွယ်က သိုင်းပညာရှင်က ဖောက်ဝင်လာတယ်….”။
” ဘာ…”။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အမူအရာပြောင်းလဲသွားပြီး ချက်ချင်းပင် သူတို့ထွက်လာတော့သည်။
” တစ်ချက်ထွက်ကြည့်ရအောင်….”။
လူတိုင်း အပြင်သို့ရောက်သောအခါ သူတို့၏သာငယ်အိမ်များကျုံ့ပြီး စိတ်နှလုံးကို တုန်ရီသွားသည်။
ကြယ်စုံသောကောင်းကင်အောက်၌ အင်မတန်ချောမောခန့်ညားသော ရှန့်ယွမ်မျိုးနွယ်သားသည် မြေပြန့်ပေါ်၌လမ်းလျှောက်နေသည့်ပမာ ကြယ်များကိုနှင်းဖြတ်လာ၏။ သူ တစ်လှမ်းပြီး တစ်လှမ်းလျှောက်လာသည်။
သူက လက်နောက်ပစ်ထားလျှက် အမူအရာကတည်ငြိမ်နေသည့် သူ့လက်ကို လုံးဝ မလှုပ်ရှားပေ။
သို့သော် သူခြေလှမ်းလှမ်းလိုက်တိုင်း၌ နတ်ဘုရားမျိုးနွယ်၏ အဖွဲ့ဝင်အနည်းငယ် သို့မဟုတ် ဆယ်ယောက်ကျော်က လဲကျသွားသည်။ ထိုမျိုးနွယ်သားများသည် တွန်းအားတစ်ခုကြောင့် အတွန်းခံလိုက်ရပုံ ပေါ်၏။ သူတို့က ခုခံနိုင်သော စိတ်များ မရှိပေ။
ထိုဖိအားကို မြင်တောင်မမြင်နိုင်။ သူ မည်ကဲ့သို့လှုပ်ရှားမှန်း နားမလည်နိုင်ပေ။
သို့သော် ယခုက ယင်းကို ဂရုစိုက်ရမည့် အချိန်မဟုတ်ပေ။
ယဲ့ရှောင်သည် သူတို့ မျိုးနွယ်စုသုံးစုမှ လူများကိုသတ်ဖြတ်နေသောကြောင့် ဖြစ်၏။ လုံလောက်နေပြီဖြစ်သည်။
” နေပါဦး ဆရာ….။ ကျေးဇူးပြုပြီး နေပါဦး…”။
မိုက်ခမ်းက ချက်ချင်းပင် ထိုပုံရိပ်ရှေ့သို့ရောက်လာပြီး လက်သီးဆုပ်လျှက် ပြောလိုက်သည်။
” ကျုပ်တို့မျိုးနွယ်စုသုံးစုက ရှန့်ယွမ်မျိုးနွယ်နဲ့ ဘာအငြင်းပွားမှုမှ မရှိခဲ့ပါဘူး…။ ဘာကြောင့် ဒါမျိုး လုပ်တာလဲ ….။ ကျုပ်တို့ မျိုးနွယ်စုသုံးစုရဲ့တပည့်တွေကိုဘာကြောင့်သတ်ရတာလဲ ….”။
ထိုပုံရိပ်က ယဲ့ရှောင်ပဲ ဖြစ်သည်။
ယဲ့ရှောင်သည် သူ့ကိုတစ်ချက်မျှသာကြည့်ပြီး ပြန်မပြောခဲ့ပေ။
မူလ ဓားသူငယ်အိမ် အသက်သွင်းလိုက်ပြီး သတ်ဖြတ်လိုစွမ်းအားက မိုက်ခမ်း၏မျက်နှာပေါ် ချက်ချင်း ချည်းကပ်လာ၏။
သိပ်အစွမ်းထက်တာပဲ။
ထိုစွမ်းအား၏ ခွန်အားကို အာရုံခံမိပြီး မိုင်ခန့်၏မျက်နှာက ချက်ချင်း ဖြူစုတ်သွားသည်။
ထိုကဲ့သို့ အစွမ်းထက်သူကို ပက်ပင်းတိုးတာ ပထမဆုံးအချိန်ဖြစ်သည်။
သူ မြင်ခဲ့ဖူးသည့် နတ်ဘုရားနယ်ပယ် စီနီယာများကတောင် မလှုပ်ရှားရသေးခင် ယခုယဲ့ရှောင်လောက် အစွမ်းမထက်ကြချေ။
တစ်စက္ကန့် မပြည့်မှီ၌ သူ ယဲ့ရှောင်၏ အကြည့်ကို မြင်လိုက်ရချိန် သွေးမြူအဖြစ် ပေါက်ကွဲသွား၏။
သူသည် ရန်သူများကို ဘယ်တော့မှ သက်ညှာလေ့ မရှိ။ ယင်းက ယဲ့ရှောင်၏ ယုံကြည်ချက်လည်း ဖြစ်သည်။

အပိုင်း ၃၆၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset