Switch Mode

Chapter – 363

တိကျသော ရိုက်ချက်

စာကြည့်တိုက် တာအိုသခင်
အခန်း (၃၆၃) တိကျသော ရိုက်ချက်

သူမသည် မီနီ စကတ်ဝတ်ထားပြီး သူမ၏ဖြူဖွေးသောခြေကျင်းဝတ်တို့က ပေါ်နေလေ၏။ သူမက အလွန်မြန်ဆန်ပြီး ယဲ့ရှောင်ရှေ့သို့ နှစ်လမ်းသုံးလမ်းဖြင့်ရောက်လာသည်။
သူမသည် ကိုယ်ဖော့သိုင်းတစ်မျိုးသုံးထားတာ သ်ိသာ၏။
“ယဲ့ရှောင် မတွေ့ရတာကြာပြီ”
ယဲ့ရှောင်က ခေါင်းမော့ပြီး သူမကို ဖြတ်ခနဲကြည့်ကာ ခေါင်းငြိမ့်လိုက်လေ၏။
“မင်း ကြယ်စုံသောကောင်းကင်ကနေ ပြန်လာတာလား”
ရောက်လာသည့်သူက ချင်ယွိယန်ပဲဖြစ်သည်။
သူမက ခေါင်းညိတ်လိုက်လေ၏။
“ဟုတ်တယ်”
ပြီးနောက် သူမက မမေးပဲ မနေနိုင်တော့ချေ။
“အစောတုန်းက အဘ်ိုးအိုတစ်ယောက် ထွက်သွားတယ် အဲ့မှာ ဘာလုပ်လည်းဆိုတာ သိလိုက်လား”
ချင်ယွိယန်က ပေ့ထန်းစီ အကြောင်းမေးနေမှန်း ယဲ့ရှောင်သိသည်။ ဆိုရလျှင် ပေ့ထန်းစီက နာမည်ကျော်တစ်ယောက်ဟု သတ်မှတ်၍ရသည်။
သူမသည် သူ့အကြောင်း ယခင်က သေချာပေါက်ကြားဖူးလိမ့်မည်။
ထိုအကြောင်းကို စဥ်းစားပြီးနောက် ယဲ့ရှောင်ကခေါင်းခါလိုက်၏။
” ငါ မတွေ့မိဘူး ခုနတုန်းက ငါ စာဖတ်နေတာ ”
“ဒါဆ်ို ဟုတ်ပြီလေ”
ချင်ယွီယန်က အနည်းငယ်စိတ်ပျက်သွားသောကြောင့် အလျင်အမြန်ပဲ ပုံမှန်စိတ်အခြေအနေသို့ပြန်ရောက်လာ၏။ ပြီးနောက် သူမက အိတ်ကပ်ထဲကနေ ပုလင်းအသေးလေးတစ်လုံး ထုတ်လိုက်သည်။
” ကျွန်မ ရှင့်ကို အရင်က ပြောခဲ့ဖူးသလိုပဲ။ အံ့ဖွယ်အုတ်ဂူခိုးနိုင်အောင် နည်းလမ်းတစ်ခု ကျွန်မ သင်ယူတာ ကူညီပေးရင် ရှင့်အတွက် ဆုလာဘ်တစ်ချို့ပေးမယ်ဆိုတာလေ။ ဒါက ကြယ်စုံသောကောင်းကင်နယ်ပယ်မှာ ရှာတွေ့ခဲ့တဲ့ ဆေးလုံးပဲ။ တော်ဝင်ဆေးလုံးတစ်ချို့ရှိတယ်။ အထဲမှာရှိတဲ့ ဝိညာဥ်စွမ်းအင်က အရမ်း ကြွယ်ဝတယ်။ ဒါကြောင့် ရှင့်ကို ပေးတာ”
တော်ဝင်ဆေးလုံးက အတော်လေး ရက်ရောသည့်ဆုလာဘ်ဖြစ်နေပြီး ချင်ယွိယန်က အလွန်လက်တွေ့ကျတာ မြင်နိုင်ပေ၏။
” အားနာနေဖို့ မလိုဘူး…။ ပြန်ယူသွားလိုက် မင်းကိုကူညီနေရတာ အသေးအမွှားလေးပဲ..။ တော်ဝင်ဆေးလုံးက စျေးကြီးလွန်းတယ် ”
ချင်ယွိယန်က ပြုံးလျှက် ဆွံ့အနေတော့သည်။
” အားမနာသင့်တာက ရှင်လေ…။ ဒီတစ်ခေါက် ကြယ်စုံသောကောင်းကင်နယ်မှာ တော်တော်များများပစ္စည်းကောင်းတွေအများကြီးရလာခဲ့တယ်…..။ တော်ဝင်ဆေးလုံးက အခုအချိန်မှာ ကျွန်မအတွက် တန်ဖိုးမရှိတော့ဘူး….။ ကျွန်မမှာ ပစ္စည်းတွေ အများကြီးရှိသေးတယ် သိမ်းထားလို့ရတယ် ….”
ယဲ့ရှောင်သည် ငြင်းပယ်မနေတော့ပေ။ သူက ခေါင်းငြိမ့်ပြီး လက်ခံလိုက်၏။
” ဒါဆို ကျေးဇူးတင်ပါတယ် ”
ချင်ယွိယန်၏ပစ္စည်းများကို သူ လက်ခံလိုက်ရသည့်အကြောင်းအရင်းမှာ ချင်ယွိယန်နှင့်သူက တူညီသည့်ဘက်တွင်မရှိဟု ခံစားရမိသောကြောင့် ဖြစ်သည်။
သူမသည် သူနှင့်သာမန်မိတ်ဆွေဟု သတ်မှတ်၍ ရနိုင်သော စီနီယာပေ့ထန်းစီနှင့် ကျန်ရစ်သူများ မဟုတ်ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား အားနာရန် မလိုအပ်ပေ။ သူတို့က စီးပွားရေး ပိုဆန်၏။
သူက ချင်ယွိယန်၏လက်ဆောင်ကို ယူလိုက်သော်ငြား သူမ စာအုပ်များ လာရှာချိန်၌ သူမကို အကြံညဏ်လည်း ပေးမှာဖြစ်သည်။ သူတို့လိုရာကို သူတို့ယူတာဟု သတ်မှတ်၍ရသည်။
ယဲ့ရှောင်သည် ချင်ယွိယန်၏ကျင့်ကြံစဥ်ကာလ နောက်ထပ် နယ်ပယ် ရှန်းထျန်းအဋ္ဌမအဆင့်သို့ရောက်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ယင်းက ယဲ့ရှောင်ကို သံသယအချို့ဖြစ်သွားစေတော့သည်။
အကြောင်းမှာ ပုံမှန်အခြေအနေအောက်တွင် ချင်ယွိယန်၏ ပုံမှန်ကျင့်ကြံမှု အရှိန်က ပေ့ထန်းစီနှင့် ကျန်စီနီယာများနှင့် ယှဥ်နိုင်လောက်သည်။ အလွန်ဆုံးမှ သူတို့သည် သူမထက် အနည်းငယ်သာရုံသာ ရှိလောက်မည်။
သို့သော် သူမ၏ကျင့်ကြံခြင်း အရှိန်တိုးလာပြီး ယင်းက ကျန်သည့်စီနီယာများထက်ပိုတော်တာ သိသာ၏။
ယင်းက အလွန်ကို ပဟေဋ္ဌိဖြစ်နေသည်။
ယဲ့ရှောင်သည် ချင်ယွိယန်ကို စစ်ဆေးရန် သူ၏စိတ်စွမ်းအားကို အသုံးပြုလိုက်ရာ ထူးဆန်းသည့် ကွာဟချက်တစ်ချို့ကို ရုတ်တရက် ရှာတွေ့သွားသည်။
ချင်ယွိယန်၏ အံ့ဖွယ်သွေးထဲရှိ သွေးအဆီအနှစ်သည် ကျန်ရစ်သူများ၏ အံ့ဖွယ်သွေးထက် အနည်းငယ် ပိုသိပ်သည်းသည်။ သူ့ကိုယ်ပိုင်သွေး ဖြစ်လုနီးပါးပင်ဖြစ်သည်။
ကွာဟချက်က ကြီးမားလွန်းသည်ဟု မဆိုနိုင်သော်ငြား ယဲ့ရှောင်၏ တိကျသည့် ဝိညာဥ်အတက်အကျအောက်တွင် တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။
ပြသနာက ယဲ့ရှောင်၏ အံ့ဖွယ်သွေးအဆီအနှစ် ထိုမျှများပြားနေရသည့်အကြောင်းအရင်းမှာ သူသည် ကပ်ဘေးကို မဖြတ်ကျော်ခင် အံ့ဖွယ်သွေးပမာဏများစွာကို စုပ်ယူထားပြီး နတ်ဘုရားတစ်ပါးဖြစ်လာသောကြောင့်ဖြစ်သည်။ လူများစွာက သူတို့၏ အံ့ဖွယ်သွေးကို သူ့အားပေးခဲ့၏။
ဘုရင်ကျိုးဖြစ်စေ၊ ဧကရာဇ်၏ဝိညာဥ်ကျောက်တိုင်ဖြစ်စေ၊ ဘိုးဘေးများ၏အံ့ဖွယ်သွေးများဖြစ်စေအားလုံးကို သူစုပ်ယူထား၏။
နောက်ဆုံး သူ အဆင့်တက်သွားသောအခါ သူသည် လူတစ်ဒါဇင်ချီ၏ အံ့ဖွယ်သွေးကို စုစည်းဖိနှိပ်ကာ သန့်စင်ပြီး ၎င်းကို ရှင်းလိုက်တာနှင့် ဆင်တူညီမျှသည်။
သို့မှသာ သူသည် ဤမျှ များပြားလှသော ဖြတ်လတ်တက်ကြွသော အံ့ဖွယ်သွေးကို ရခဲ့တာဖြစ်သည်။
သို့သော် ချင်ယွိယန်က ဘာမှမလုပ်ခဲ့ပဲ သူမ၏ကိုယ်ပိုင်အဆင့်သို့ ရောက်ခါနီးပြီ ဖြစ်သည်။
သူမက သဘာဝရတနာတစ်မျိုးမျိုး စားထားတာများလား…။
သို့သော် သဘာဝရတနာများ၌ ထိုကဲ့သို့ အစွမ်းထက်သည့် အာနိသင် မရှိလောက်ပေ။
ဖြစ်နိုင်တာက သူမနှင့်သက်တမ်းတူ သူမ ဘ်ိုးဘေးတွေထဲက တစ်ယောက်ယောက်က ကျင့်ကြံစဥ်အလွန်အဆင့်မြင့်တဲ့ အဆင့်ထိ မြင့်တင်လိုက်ပြီး ရလဒ်အနေနဲ့သူမက သွယ်ဝှိုက်ပြီးအကျိုးအမြတ် ရလိုက်တာဖြစ်မယ်။
သို့သော် ထိုသီအိုရီကလည်း ယုတ္တိမရှိပေ။ အကြောင်းမှာ သူက ချင်ယွိယန်နှင့် တူညီ၏။ သူတို့အားလုံးက ရှန့်ယွမ်မျိုးနွယ်၏ မျိုးဆက်သားများဖြစ်ပြီး သူတို့အားလုံးက ဘိုးဘေးများ တူညီကြသည်။
အခြား ဘိုးဘေးများ ရှ်ိစရာ အကြောင်းမရှိ။ သူမ၏သွေးအဆီအနှစ်က တိုးလာသော် ချင်ယွိယန်၏ သွေးအဆီအနှစ်က တိုးမလာပေ။
” ရှင် ကျွန်မကို ဘာကြောင့် စိုက်ကြည့်နေတာလည်း ……”
ချင်ယွိယန်က အလျှင်မြန် ဇဝေဇဝါဖြစ်သွားသည်။
ယဲ့ရှောင်က သူမအပေါ် အမြင်ကောင်းရှိသည်ဟု သူမ မထင်ပေ။ သူက ထိုသို့သောလူမျိုး မဟုတ်ကြောင်းသူမ သိသည်။
သူသည် ကျန်သည့် အမျိုးသားများကဲ့သို့ မိန်းမလှတစ်ယောက်ကိုမြင်ချိန်တွင် သူက ဆိုးသွမ်း ညိုးနွမ်းသည့် အတွေးတစ်ချို့ရှိမည် မဟုတ်ပေ။
ယဲ့ရှောင်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
” ဘာမှမဟုတ်ဘူး….။ မင်း ကြယ်စုံသော ကောင်းကင်က ပြန်လာခါစဆိုတော့ စိတ်အလန့်တကြားဖြစ်နေတာကို ကာကွယ်ပေးဖို့ နဲနဲလောက် ပိုအနားယူရင် ပိုကောင်းလိမ့်မယ်….”
” ဟုတ်တယ်….။ ရှင်ပြောတာမှန်တယ်…။ ကျွန်မပြန်သွားပြီး အနားယူအုံးမယ်….။ ကျွန်မကို စာအုပ်နှစ်အုပ်လောက် ကူရှာပေးပါအုံး…..။ အစီအရင်တွေနဲ့ သက်ဆိုင်တဲ့စာအုပ် သူတို့တွေအကြောင်း ပိုပြီးနားလည်ချင်တယ်…..”။
” ဒီလိုဆိုရင် တစ်ဆင့်ပိုမြင့်တဲ့အုတ်ဂူတစ်ချို့ကိုတွေ့ရင်တော့ ကြိုးစားကြည့်လို့ရသေးတယ်…”။
ယဲ့ရှောင်က ပြောလိုက်သည်။
” ခုနှစ်တန်းမြောက်ရဲ့ ဘယ်ဘက်အောက်ထောင့်မှာ စာအုပ်သုံးအုပ်ရှိတယ်။ နဝမတန်းနဲ့ ပဥ္စမအလွှာထဲမှာ စာအုပ်တစ်ချို့ရှိတယ်။ ဆယ့်ငါးတန်းမြောက်ရဲ့ ညာဘက်အပေါ်ထောင့်မှာ စာအုပ်နှစ်အုပ် ..။ အားလုံးက တော်ဝင်အဆင့်နယ်ပယ်အတွင်းမှာရှိတဲ့ အစီအရင်တွေဖြစ်လာလောက်တယ်။ လတ်တလောမှ အံ့ဖွယ်ဂိုဏ်းကို အဆင့်တက်သွားတဲ့ပုံပဲ….။ ဟုတ်တယ်မလား….။ မင်းလည်း ကျင့်ကြံချင်တယ်ဆိုရင် ဒီစာအုပ်တွေကို ငှားပြီး နားလည်အောင် ကြည့်လို့ရလောက်တယ်။ ဒါ့အပြင် သူတို့ကို ငှားဖို့လည်း အရည်အချင်းမှီတယ် “။
” တစ်ဆင့် ပိုမြင့်တာတွေက ပိုသန်မာတဲ့ ခွန်အားလိုအပ်လောက်တယ် ”
” ဒါဆိုလုံလောက်ပါပြီ…။ ကြယ်စုံသောကောင်းကင်ထဲက အံ့ဖွယ်အုတ်ဂူတွေမှာ အံ့ဖွယ်အစီအရင်တွေမရှိဘူး။ အလွန်ဆုံးမှ တော်ဝင်အစီအရင်တွေပဲရှိတာ “။
သူမသည်စာအုပ်များ ယူလိုက်ပြီးနောက် ယဲ့ရှောင်က သူမကို စာအုပ်ငှားသည်ဖြစ်စဥ်ကို ကူညီပေးလိုက်၏။ ချင်ယွိယန်က နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
ယဲ့ရှောင်က စာဆက်ဖတ်လိုက်၏။
တစ်ချိန်ထဲတွင် ကြယ်စုံသောကောင်းကင်နယ်၌ နတ်ဘုရား မျိုးနွယ်သုံးစုပေါင်း တည်ဆောက်ထားသော အမိန့်ပေးစင်တာထဲ၌ အခြေအနေက တင်းမာနေပြီး ရန်ငွေ့အရိပ်အရောင်များ ပေါ်နေ၏။
” လတ်တလော ရှန့်ယွမ်မျိုးနွယ်ရဲ့ လှုပ်ရှားမှုတွေက ပိုကြီးလာပြီ….”
” ရှန့်ယွမ် မျိုးနွယ်အဖွဲ့က လောဘကြီးလွန်းတယ်….။ ကြယ်စုံသောကောင်းကင်မှာအဆင့် ဆယ့်ကိုးတောင်ရထားတာ….။ အဆုံးကျ အသားတစ်ခါမှ မစားဖူးတဲ့ ခွေးတွေလိုပဲ သူတို့တွေက ဒီလောက်ကြမ်းကြုတ်လှတာ….”။
” သူတို့မျက်နှာတောင် သူတို့ တကယ် ဂရုမစိုက်ကြဘူးပဲ ”
လူတိုင်းက တစ်ယောက်တစ်ပေါက် ပြောကြပြီး စကားများ၌ အကြင်နာမဲ့သော စောဒကတက်မှုများစွာကိုထုတ်ပြလာသည်။
သို့သော် ကျန်သူများသည် ကြယ်စုံသောကောင်းကင်ကို စိုက်ငေးကြည့်လျှက် အတွေးနစ်နေ၏။
” ဒါ နဲနဲထူးဆန်းတယ်လို့ မထင်ဘူးလား….။ ငါမှတ်မိတာအမှန်ပဲဆိုရင် ရှန့်ယွမ်မျိုးနွယ် ပထမဆုံးရောက်လာတုန်းက ငါတို့နဲ့ယှဥ်ရင် သူတို့မှာ အရှိန် သိပ်မရှိဘူး…။ ဒါ့အပြင် ကြယ်စုံသောကောင်းကင်နယ်မှာ လူတွေ အများကြီးရှိနေတာအားလုံးကို အချိန်တိုအတွင်း အပြီးသတ်နိုင်မှာမဟုတ်ဘူး။ ဒီလို အခြေနေအောက်မှာ ရှန့်ယွမ်မျိုးနွယ်က အရေးတကြီးပြစရာ မလိုဘူးလေ…”။
ဧရာမဂေါ်ရီလာမျိုးနွယ်မှ နောက်ထပ် သိုင်းပညာရှင် ဘာဘူလူက ပြောသည်။
” ရှန့်ယွမ်မျိုးက ကုန်ပစ္စည်းကောင်းတစ်ခုခုကို ရှာတွေ့ထားတာလို့ သံသယဝင်နေတာလား…”။
ကပ်စူးမားက ခေါင်းခါလိုက်သည်။
” မသေချာဘူး….။ ဒါကြောင့် ကောက်ချက်မချရဲဘူး….။ ငါ့ရဲ့အမြင်က သူတို့ပစ္စည်းကောင်းရှာတွေ့လို့ဆိုတာ ဖြစ်လောက်တယ်။ ရှာမတွေ့လောက်သေးတာ အခု သူတို့ရှာနေတုန်းလေ…..”။
” ဘာပဲဖြစ်ဖြစ် ရှန့်ယွမ် မျိုးနွယ်ရဲလ ထူးဆန်းတဲ့လုပ်ဆောင်မှုထဲမှာ ငါတို့အာရုံစိုက်ဖို့ ထိုက်တန်တယ်….။ ဒီစာကို ရှင်းရှင်းလင်းလင်း စစ်ဆေးရမယ်….။
လတ်တလောမှာ ရှန့်ယွမ်မျိုးနွယ်က ဂူဖောက်သူတစ်စုပြောင်းသွားတယ်တဲ့။ ရှန့်ယွမ်မျိုးနွယ်က ကြယ်စုံသင်္ချိုင်းထဲမှ သူတို့ တပည့်အများစုကို စီမံထားတယ်။ မြေပြင်ခုခံမှုက အရမ်းအားနည်းနေတာ…..”။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေ၏။ သူတို့မျက်လုံးထဲ၌ အဖြေတစ်ခုရှိနေပြီးသားဖြစ်သည်။
ရှန့်ယွမ်မျိုးနွယ်၏ မြေပြင်ခုခံမှုက အားနည်းလွန်းပြီး အုတ်ဂူဖောက်သူများကို အစားထိုးထားသောကြောင့် သူတို့အတွက် အကျိုးအမြတ်ရှိတာကို ရှာတွေ့ထားတာဖြစ်မည်။
ယဲ့ရှောင်ဘက်တွင်မူ သူတို့က ဆက်လက်သတ္ထုတူးနေပြီး ဖြစ်စဥ်က တစ်ထောင်ကို တစ်ထောင်၏ သုံးရာခိုင်နှုန်းမှ လေး ရာခိုင်နှုန်းအထိ တက်သွား၏။
ထိုအခြေအနေအရ ယဲ့ရှောင်သည် အနည်းဆုံးတော့ နဂါးသွေးကြောတစ်ခုလုံးကို အပြည့်အဝ တူးထုတ်ပြီးကာ နတ်တိုင်းပြည်၏ဘဏ္ဍာတိုက်ကို အပြည့်အဝဖွင့်လှစ်နိုင်ရန် အနည်းဆုံး နှစ်နှစ်အချ်ိန်ယူရအုံးမည်ဟု မှန်းဆမိသည်။
ထိုကာလက တကယ်ရှည်ကြာသည်။ သူသည် နတ်ဘုရားသလင်း မည်မျှများများတူးထုတ်ရန် လိုအပ်သနည်း။
ကျောက်စိမ်းစည်းတံဆိပ်ထဲရှိ နတ်ဘုရားသလင်းများသည် မရေမတွက်နိုင်အောင် တောင်ပုံရာပုံဖြစ်နေလေ၏။
ယဲ့ရှောင်ကိုယ်တိုင်တောင် နတ်ဘုရားသလင်း မည်မျှရှိကြောင်းတောင် မရေတွက်နိုင်တော့ပေ။
သူ၏နေ့စဥ်ဘဝက နံပါတ်နှစ် မျဥ်းနှစ်ကြောင်းဖြစ်နေသေးသည်။ အင်မတန်ရိုးရှင်း၏။
ဤတွင်မတိုင်ခင်တွင် လူအရိပ်နှစ်ရိပ်က တိတ်တဆိတ်ဝင်လာပြီး ကျန်းဟိုင်မြို့သို့ ရောက်လာသည်။
” ဒါက ကျန်းဟိုင်မြို့ စီရင်စုကိုးခုရဲ့ လူသားတွေ နေတဲ့နေရာ…..။ လက်ရှိစီရင်စုကိုးခုရဲ့ မဟာစုစည်းခြင်းနေရာငါးခုထဲက တစ်ခုပဲ….”။
အုတ်ဂူတူးတဲ့သူတစ်ချို့က ကျန်းဟိုင်မြို့ရဲ့အထက် ကြယ်စုံသောကောင်းကင်ကိုသွားကြတာ.. ငါတို့လျှို့ဝှက်အေးဂျင့်တွေက ရှန့်ယွမ်မျိုးနွယ်ရဲ့ ပြီးဆုံးတဲ့ အုတ်ဂူတူးသူတစ်ယောက်ဆီကနေ နာမည်စာရင်းတစ်ခုရှာတွေ့ထားတယ်…..”။
” ကျန်းဟိုင်မြို့မှာ အုတ်ဂူတူးသူ တစ်ချို့ရှိတယ်….။ တစ်ယောက်က လျိုချန်စွင်းလို့ခေါ်ပြီး တစ်ယောက်ကဖျောင်ကျန်းရှန် တစ်ယောက်က တုချန်ဖုန်း ….။ သူတို့ထဲက တစ်ယောက်က လတ်တလောက်ကမှ အောက်ဆင်းလာတာ ချင်ယွိယန် … သူမလည်း သတင်းအချက်အလက်တစ်ချို့ သိလောက်တယ်….”။
” သူရဲ့ပုံပန်းသွင်ပြင်နဲ့ တည်နေရာကို မေးဖို့တစ်ယောက်ယောက်ကို သွားရှာကြရအောင်….”။
လူနှစ်ယောက်က အမြန်မျက်နှာပြောင်းပြီးမျက်စိတစ်မှိတ်အတွင်း သူတို့က တစ်ခြားလူနှစ်ယောက်ဖြစ်သွားသည်။ သူတို့က အောက်ရှိ ရှန်းယွမ်မျိုးနွယ်သားနှစ်ယောက်နှင့်မချတော့ပေ။
ထိုလူနစ်ယောက်က ရုပ်ဖျက်နည်းကို သုံးလိုက်တာသိသာသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်က မြေပြင်ပေါ်ရောက်သွားပြီး မည်သူမှ အာရုံမစိုက်ပေ။ သိုင်းပညာရှင်အဖွဲ့အစည်း၌ ပျံသန်းနိုင်တာက သာမန်ပဲဖြစ်သည်။ သူတို့နှစ်ယောက်က လမ်းပေါ်၌လှည့်လည်သွားလာပြီး လက်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ထားသည်။ လူတစ်ယောက်ကို ရှာတွေ့သွား၏။
” အဲ့ဒါသူပဲ ….”
” သွားကြရအောင်…”
သူတို့နှစ်ယောက်သားက လိုက်သွားပြီး ထိုလူဆီ မျက်နာသေနှင့်လျှောက်သွားလိုက်သည်။ သူက ယဲ့ရှောင်ပဲဖြစ်၏။
သူသည် ထိုလူနှစ်ယောက်ကို အာရုံခံမိပြီးသားဖြစ်ကာ သူတို့အထောက်အထားများကို မြင်တွေ့ပြီးဖြစ်သည်။ တစ်ယောက်က တောင်ပံနတ်ဘုရားမျိုးနွယ်မှဖြစ်ပြီး ကျန်တစ်ယောက်က မိုးကြိုးနတ်ဘုရားမျိုးနွယ်မှဖြစ်သည်။ သူတို့က ရုပ်ဖျက်ထားကြ၏။ သူတို့နှစ်ယောက် ကျန်းဟိုင်မြို့သို့ လာရသည့်အကြောင်းအရင်းကို အကြမ်းဖျဥ်း မှန်းဆမိသည်။ လတ်တလော၌ နတ်ဘုရား ဘုရင်နယ်ပယ်၏အုတ်ဂူရှာတွေ့ကြောင်း သတင်းကြောင့် နင်ကျင့်ယွမ်သည် ရှန့်ယွမ်မျိုးနွယ်ကို အုတ်ဂူတူးသည့် အရှိန်တင်ခိုင်းလိုက်၏။
ယင်းက ကျန်သည့်နတ်ဘုရားမျိုးနွယ်၏ အကျိုးအမြတ်များကိုပါ ထိပါးလာသောကြောင့် တစ်ဖက်သူကို စိုးရိမ်ပူပန်စေသည်။ ထိုသို့သော အခြေအနေအောက်၌ အမည်မသိ မျိုးနွယ်သုံးစုကစုံစမ်းစစ်ဆေးရန် မသိရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် လူတစ်ယောက်အချို့ ပို့တာ ပုံမှန်ပဲဖြစ်သည်။
ဒါပေမယ့် ဒီလူနှစ်ယောက်က နဲနဲလေး တုန်လှုပ်မနေဘူးလား။ ဒီရောက်လာပြီးတော့ တစ်ခြားသူကို မရှာပဲ သူ့ကို ပစ်မှတ်ထားလိုက်တယ်။
ယင်က ယဲ့ရှောင်ကို ဇဝေဇဝါဖြစ်သွားစေ၏။
သူက အတော်ပဲ ကံဆိုးတဲ့ ပုံပေါ်နေလို့လား။ ထိုကဲ့သို့ ကိစ္စရပ်ဖြစ်လာတိုင်း အခြားတစ်ယောက်ကို ရှာရမည့်အစား သူ့ကိုသာ လာရှာခဲ့ကြောင်း သူ သဘောပေါက်သွားသည်။
ထိုကဲ့သို့ ကိစ္စရပ်များသည် အကြိမ်ပေါင်းများစွာဖြစ်ပွားဖူးလေ၏။ ယဲ့ရှောင်က သူ ကံဆိုးရွားနေလေသည်ဟုသာ ရိုးရိုးရှင်းရှင်း ပြောမိသွားသော်ငြား မယုံကြည်ပေ။
အင်း…သူ မှတ်မိတာ အမှန်ပဲဆိုရင် ရှေ့မှာ လမ်းကြားလေးတစ်ခုရှိတယ်။ သူ သူတို့ကို အဲ့မှာ စစ်မေးလ်ို့ရတာပဲ။
ဒီလူနှစ်ယောက် ဘာအတွက် ရောက်လာလည်းဆိုတာကြည့်ရသေးတာပေါ့။

အပိုင်း ( ၃၆၃ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset