Switch Mode

Chapter – 301

အခန်း (၃၀၁) ဗုဒ္ဓဂိုဏ်းအတွက် ပုံပြင်တစ်ပုဒ်
‘ကံတရား အထောက်အပံ့ရှိသူလား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘နောက်ထပ် ရန်သူတစ်ယောက် ပေါ်လာပြန်ပြီလား’ ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းအားကြီးမားတဲ့ ရန်သူတစ်ယောက်ရဲ့ ရောင်ဝါကို မခံစားမိလို့ပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ဖူစန်းသစ်ပင်: မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ် ကနဦးအဆင့်။ ရှေးဟောင်း နတ်သစ်ပင်ဖြစ်ပြီး အာကာသနှင့် အချိန် နိယာမများ ပါဝင်နေ၏။ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ပြုစုပြိုးထောင်မှု၊ နှစ်ပေါင်းများစွာ ယင်ချီနှင့် ယန်ချီတို့အား စုပ်ယူခဲ့မှုတို့ကြောင့် နောက်ဆုံး၌ အသိဉာဏ်ရင့်ကျက်သွား၏။]
‘လက်စသတ်တော့ ဖူစန်းသစ်ပင်ကို’ ဟန်ကျွယ်ဟာ စိတ်ချမ်းသာသွားပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အခုအချိန်မှာ စနစ်ရဲ့ ကံတရား အထောက်အပံ့ရှိတဲ့သူက အနည်းဆုံး အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ အစွမ်းအစရှိလို့ပါပဲ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဖူစန်းသစ်ပင်ဆီ သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်ပါတယ်။ ဖူစန်းသစ်ပင်ပေါ်မှာ ကျင့်ကြံအားထုတ်နေတဲ့ အာတ ရှောင်အာနဲ့ ငရဲကြက်နက်တို့ဟာ ဟန်ကျွယ် ရောက်လာတာကို လုံးဝ သတိမထားမိကြပါဘူး။
ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး ဖူစန်းသစ်ပင်နဲ့ ဆက်သွယ်တဲ့အခါမှာတော့ ဖူစန်းသစ်ပင်ဟာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပေမဲ့ ဟန်ကျွယ်ရဲ့ နတ်အာရုံကို မငြင်းဆန်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဖူစန်းသစ်ပင်ဟာ လောကဦးကတည်းက တည်ရှိခဲ့တဲ့ စွမ်းအားကြီး နတ်သစ်ပင်ပါ။ ဒါ့အပြင် ဖူစန်းသစ်ပင်ဟာ အသိဉာဏ် ကြီးထွားလာတဲ့ အတောအတွင်း သေမျိုးတွေရဲ့ ဘာသာစကားကို လေ့လာပြီးပြီမို့ လူသားတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ပြဿနာမရှိပါဘူး။
အတန်ကြာ ဆက်သွယ်ပြီးတဲ့အခါမှာတော့ ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဖူစန်းသစ်ပင်ဟာ လူသားအသွင်ကို ချက်ချင်းကြီး မပြောင်းလဲနိုင်သေးပါဘူး။ လူသားအသွင် ပြောင်းလဲဖို့က ဒီထက်မြင့်မားတဲ့အဆင့်ကို ရောက်ရှိဖို့ လိုအပ်ပါတယ်။
“ကောင်းပြီ၊ ကျန်တဲ့လူတွေကို နှုတ်ဆက်လိုက်ပါအုန်း” ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး သူ့တပည့်တွေကို နှိုးလိုက်ပါတယ်။
‘ဘယ်သူလဲ’ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ပတ်ဝန်းကျင်ကို စူစမ်းကြည့်ရှုလိုက်ပါတယ်။
ဖူစန်းသစ်ပင်ရဲ့ အကိုင်းအခက်တွေဟာ လှုပ်ခါသွားပြီး ကလေးသံတစ်သံ ထွက်ပေါ်လာပါတယ် “အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ဖူစန်းသစ်ပင်ပါ၊ နောက်ကျရင် ကျွန်တော်ကို ဂရုစိုက်ပေးပါ၊ နောက်ပြီးတော့ ကျွန်တော်ပေါ်မှာ ထပ်မနေတော့နဲ့”
ငရဲကြက်နက် အာတနဲ့ ရှောင်အာတို့ဟာ မျက်လုံးပြူးသွားပြီး ချက်ချင်းပဲ ဖူစန်းသစ်ပင်ကနေ ခုန်ဆင်းလိုက်ပါတယ်။
“ဖူစန်းသစ်ပင်က စိတ်ဝိညာဉ် ဖြစ်လာတာလား” ကျိုးမင်ယွဲ့က တအံတဩ ပြောလိုက်ပါတယ်။
ရွှင်ချန်အန်းကတော့ ဒီလိုဖြစ်လာမှာကို ကြိုသိထားတဲ့အလား တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျန်တဲ့သူတွေကလည်း ဖူစန်းသစ်ပင်နား ရောက်လာပြီး မေးခွန်းတွေ မေးမြန်းပါတော့တယ်။
ဟန်ကျွယ်ဟာ သူ့တပည့်တွေ ဆွေးနွေးတဲ့အထဲမှာ ဝင်မပါတော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူဆီပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ဖူစန်းသစ်ပင် စိတ်ဝိညာဉ် ဖြစ်လာတာက ဟန်ကျွယ်အတွက် သတင်းကောင်းတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖူစန်းသစ်ပင်က လူသားအသွင် မပြောင်းလဲနိုင်သေးဘူးဆိုပေမဲ့ အနည်းဆုံး တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်နိုင်လို့ပါပဲ။
ဒီလိုနဲ့ ဖူစန်းသစ်ပင်ကြောင့် တိတ်ဆိတ်ဂိုဏ်းဟာ တစ်ဖန်ပြန်ပြီး စည်ကားလာပါတယ်။
ငါးနှစ်ကြာ ကျင့်ကြံပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓ ဆက်သွယ်ထားတဲ့ ကျင့်ကြံသူတွေကို ထုန်ကျန့်ကမ္ဘာဆီ ပို့ဆောင်ဖို့ ငရဲပြည်ကနေ ခုန်ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာရှိခဲ့တဲ့နေရာမှာ လမ်းခြောက်သွယ် အမှတ်အသား ထားခဲ့တာမို့ ခဏလေးနဲ့ ရှာတွေ့သွားပါတယ်။
အရင်တုန်းက ထုန်ကျန့်ကမ္ဘာ တည်ရှိခဲ့တဲ့နေရာမှာ အင်မော်တယ်ကမ္ဘာက ကျင့်ကြံသူတစ်ထောင်ကျော် စုစည်းနေကြပါတယ်။ သူတို့အားလုံးဟာ ဟန်ကျွယ် ရောက်မလာမှာကို စိုးရိမ်နေကြတဲ့အတွက် တည်တည်ငြိမ်ငြိမ် မနေနိုင်ကြပါဘူး။
“သေမျိုးကမ္ဘာရဲ့ အစောင့်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ”
“ကျွတ်..ကျွတ်… ဒီလူက ကမ္ဘာတစ်ခုလုံးကို တကယ်ကြီး ရွှေ့သွားတာပဲ”
“ချီယွင်ရှန်းက အဲဒီလော်ကတောင် စွမ်းအားကြီးနေပြီလား”
“အစောင့်နတ်က ချီယွင်ရှန်း မဟုတ်ဘူး၊ ချီယွင်ရှန်း သေသွားတာကြာပြီ၊ ဒီသေမျိုးကမ္ဘာရဲ့ အစောင့်နတ်က အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်”
“ဟင်း… ငါတို့မျိုးဆက်ကြမှ အနန္တကပ်ဘေးကို ရင်ဆိုင်ရတယ်လို့၊ ငါတို့တွေ တကယ် ကံမကောင်းတာပဲ”
ကျင့်ကြံသူတွေဟာ တစ်ယောက်တစ်ပေါက်နဲ့ ဟန်ကျွယ်အကြောင်း ဆွေးနွေးသူက ဆွေးနွေး အနန္တကပ်ဘေး အကြောင်း ပြောသူကပြောနဲ့ ဆူညံနေကြပါတယ်။
ဒီလိုနဲ့ အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ် ပေါ်လာပါတယ်။ ပထမတော့ ကျင့်ကြံသူတွေဟာ ဟန်ကျွယ်ကို သူလိုငါလိုပဲထင်ပြီး ဘယ်သူမှ အရေးမလုပ်ကြပါဘူး။
ဒါကြောင့် ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ အင်မော်တယ်ဧကရာဇ်‌ရောင်ဝါကို ထုတ်လွှတ်ပြီး ဟင်းလင်းပြင်ကို ဖိနှိပ်လိုက်တော့မှ ကျင့်ကြံသူတွေဟာ ဟန်ကျွယ်ကို ဝိုင်းကြည့်ကြပါတယ်။
“ပြောချင်တာ တစ်ခုခုရှိလား” ဟန်ကျွယ်ဟာ ကျင့်ကြံသူတွေကို အကဲခတ်ရင်း မေးလိုက်ပါတယ်။ ဒီကျင့်ကြံသူတွေရဲ့ အမြင့်ဆုံးအဆင့်က မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်ပါ။ ရွှေအင်မော်တယ်ဆိုလို့ တစ်ယောက်တောင် မပါဘူး။
ဟန်ကျွယ်ဟာ ဒီအဖြစ်ကြောင့် စိတ်ပျက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့် ရောက်ဖို့က အရမ်းခက်ခဲတယ်ဆိုတာ တွေးမိလိုက်တာကြောင့် နည်းနည်းဖြေသာသွားပါတယ်။ နောက်ပြီး ရွှေအင်မော်တယ်ကျင့်ကြံသူတွေက ကောင်းကင်ရုံးတော်မှာ အရေးပါတဲ့သူတွေမို့ ကောင်းကင်ရုံးတော်က အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဘယ်သူမှ ပါးစပ်မဟတဲ့အတွက် ဘာမှထပ်မပြောတော့ဘဲ အင်္ကျီလက်ကိုဝှေ့ယမ်းပြီး ကျင့်ကြံသူအကုန်လုံးကို ထုန်ကျန့်ကမ္ဘာထဲ ပို့ဆောင်‌ပေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းဆီ ပြန်ဖို့ ပြင်လိုက်ပါတယ်။ တိတ်ဆိတ်ကျွန်းက ထွက်လာကတည်းက ဟန်ကျွယ်က မလုံခြုံဘူးလို့ ခံစားနေရတာကြောင့် တိတ်ဆိတ်ကျွန်းကို တက်နိုင်သလောက် မြန်မြန် ပြန်ချင်နေပါပြီ။
“နေအုန်း…”
တရင်းတနှီးရှိလှတဲ့အသံကြောင့် ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ နေမီးလျှံစစ်နဲ့ ပျံသန်းလာတဲ့ ကျန်းယီကို တွေ့လိုက်ရတာကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ သတိကြီးသွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ”
ကျန်းယီက ဒေါသတကြီး ပြန်ဖြေပါတယ် “ငါ မင်းကို လာရှာတာ၊ ငါ့ဆီမှာ မင်းအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုရှိတယ်၊ မင်း ဒီမှာ ရှိမနေမှာကို ငါတွက်မထားခဲ့ဘူး၊ ကံကောင်းသွားတစ်ခုက မင်းကိုစောင့်နေတဲ့ ဒီသေမျိုးလေးတွေ ရှိနေတာပဲ”
“ဘာသတင်းကောင်းလဲ”
“မင်းကို လိုက်သတ်နေတဲ့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် သေသွားပြီ”
“ဘာ… တကယ်ကြီးလား” ဟန်ကျွယ်ဟာ ဝမ်းသာအားရဖြစ်သွားပြီး မယုံကြည်နိုင်တဲ့ မျက်နှာဖြစ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ သရုပ်ဆောင်မှုက အော်စကာဆုရှင်တောင် မမီနိုင်ပါဘူး။
ကျန်းယီဟာ ဟန်ကျွယ်ရဲ့ အမူအရာကိုကြည့်ပြီး စိတ်ကောင်းဝင်သွားတာကြောင့် အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒီကိစ္စမှာ ငါကြိုးစားအားထုတ်မှုလည်း ပါတယ်၊ ဒီကောင် မင်းကို လိုက်သတ်နေမှန်းသိတော့ ငါ တားဖို့ကြိုးစားသေးတယ်၊ ဒါပေမဲ့ ဒီကောင်က နားအရမ်းထူးတယ်လေ”
‘ဒါကြောင့် မင်းက သေအောင် အစော်ခံလိုက်ရတာကို’ ဟန်ကျွယ်ဟာ ကျန်းယီကို စိတ်ထဲမှာ ပြက်ရယ်ပြုလိုက်ပေမဲ့ အပြင်ပန်းမှာတော့ ကျေးဇူးအထူးတင်ရှိတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ကျေးဇူးပါပဲ တာအို‌ရောင်းရင်း”
ကျန်းယီဟာ မာနတစ်ခွဲသားနဲ့ လက်ဝှေ့ယမ်းလိုက်ပါတယ် “မလိုပါဘူး၊ ငါ မင်းကို လာရှာတာ တခြားကိစ္စတစ်ခုအတွက်၊ မင်း ငရဲပြည်မှာ ပုန်းနေတယ်လို့ ငါ ကြားတယ်၊ အဲဒါအမှန်ပဲလား…၊ ငါ ငရဲပြည်သွားပြီး လုပ်စရာတစ်ခုရှိတယ်၊ အဲဒါ မင်း ငါ့ကို ကူညီပေးနိုင်မလား”
“ဘာကိစ္စလဲ၊ ပြောကြည့်လေ…”
“မှော်မျိုးနွယ်စုရဲ့ ဘိုးဘေးမျှော်စင်ပဲ၊ နတ်ရွှေကျီးကန်း မိသာစုးက ငါကို အဲဒီရတနာ ရှာခိုင်းထားတယ်၊ မင်းသာ ငါ့ကို ကူညီပေးမယ်ဆိုရင် မင်းကို လက်ဆောင်အများကြီးပေးမယ်၊ ဘယ်လိုသဘောရလဲ”
“ငါ တကယ်မသိဘူး”
ကျန်းယီဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်း ငါ့ကို ကူညီပြီး စုံစမ်းပေး၊ ငါ ငရဲပြည်ကို ဒီအတိုင်းကြီး မသွားချင်းဘူး၊ ပါရမီရှင်တွေကို စိန်ခေါ်ပြီး ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ချင်သေးတယ်”
“ကောင်းပြီလေ… ငါမင်းကို ကူညီမယ်”
“အင်း… ငါ မင်းကို အားကိုးမယ်နော်”
ကျန်းယီဟာ ရွှေကျီးကန်းပုံ ထွင်းထားတဲ့ တိုကင်တစ်ခုကို ထုတ်ယူပြီး ဟန်ကျွယ်ကို ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရွှေကျီးကန်းတိုကင်ကို ယူလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်ပေမဲ့ ကျန်းယီက ဟန်ကျွယ်ကို တားလိုက်ပါတယ်။
“နေပါအုန်းဟ… ငါ့ကို နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ပြောပြအုန်း”
‘မင်းက ဇာတ်လမ်းနားထောင်ချင်လို့ ငါ့ကို လာရှာတာကို’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီးနောက် အတွေးတစ်ခု ရသွားတာကြောင့် လေးနက်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဒီနေရာမှာ ပြောပြလို့ အဆင်မပြေဘူး၊ တခြားသူတွေ ကြားသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်”
ကျန်းယီဟာ မျက်ခုံးပင့်တက်သွားပြီး ပျော်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းယီက အဖြစ်မှန်ကို ပိုကြားချင်လို့ပါ။ ဒါကြောင့် ကျန်းယီဟာ နတ်ကျောက်စိမ်းကို ထုတ်ယူပြီး ခေါင်းပေါ် ပစ်တင်လိုက်တဲ့အတွက် နတ်ကျောက်စိမ်းကနေ အလင်းတန်း ထွက်ပေါ်လာပြီး ကျန်းယီနဲ့ ဟန်ကျွယ်ကို ဖုံးအုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ တင်ပလ္လင်ခွေထိုင်လိုက်ပါတယ် “ဒဏ္ဍာရီအရ ပန်ကူးက မိုးကောင်းကင်နဲ့ မြေကြီးကို ခွဲထုတ်လိုက်တဲ့အခါမှာ ပန်ကူးရဲ့ခန္ဓာကိုယ်က လောကဦးကမ္ဘာအဖြစ် ပြောင်းလဲသွားတယ်၊ လောကဦးကမ္ဘာရဲ့ အပြင်ဘက်မှာလည်း သက်ရှိတွေရှိတယ်၊ အဲဒီသက်ရှိတွေကိုတော့ ပဋိပက္ခနတ်ဘီလူးလို့ ခေါ်တယ်၊ လောကဦးကမ္ဘာက တဖြည်းဖြည်း တိုးတက်လာတော့ ဒီပဋိပက္ခနတ်ဘီလူးတွေကလည်း လောကဦးကမ္ဘာကို မျက်စိကျလာကြတယ်၊ ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ ဟန့်တားမှုကြောင့် ပဋိပက္ခနတ်ဘီလူးတွေဟာ လောကဦးကမ္ဘာထဲကို ဝင်မလာနိုင်ကြဘူး၊ ဒါပေမဲ့ အနန္တကပ်ဘေး ဖြစ်ပေါ်လာမှုနဲ့အတူ လောကဦးကမ္ဘာက ပျက်စီးယိုယွင်းလာခဲ့တယ်၊ ဒါကြောင့် ပဋိပက္ခနတ်ဘီလူးတွေမှာ အခွင့်အရေးတစ်ခု ရသွားခဲ့တယ်”
“နတ်ဘီလူးတစ်ပါးက အဲဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ လောကဦးကမ္ဘာထဲ ဝင်‌ရောက်ပြီး ကောင်းကင်ဘုံ အနောက်ဘက်က ဗုဒ္ဓတစ်ပါးရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းပိုက်လိုက်တယ်၊ ပြီးတဲ့အခါမှာတော့ အဲဒီဗုဒ္ဓရဲ့ခန္ဓာကိုယ်နဲ့ အသားကျအောင်လုပ်ပြီး သူ့သရုပ်မှန်ကို ဖုံးကွယ်လိုက်တယ်…”
ကျန်းယီဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါက ‌ဗုဒ္ဓဂိုဏ်းရဲ့ ဇာတ်လမ်း မဟုတ်ဘူးလား’
ဗုဒ္ဓဂိုဏ်းရဲ့ မိစ္ဆာနှလုံးသားက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာက လူတိုင်းဟာ ဒီမိစ္ဆာနှလုံးသားက ဗုဒ္ဓဂိုဏ်းရဲ့ တပည့်တွေကို ထိန်းချုပ်တဲ့နည်းလမ်းလို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဇာတ်လမ်းကြောင့် ကျန်းယီရဲ့စိတ်ထဲမှာ သံသယဝင်သွားပါတယ်။
ဟန်ကျွယ်က သူ့ဇာတ်လမ်းကို ဆက်ပါတယ် “ဒီလိုနဲ့ အနန္တကပ်ဘေး တစ်ခါ ထပ်ဖြစ်လာတော့ လောကဦးကမ္ဘာက ဖရိုဖရဲဖြစ်လာတယ်၊ ဒီအချိန်မှာ ဗုဒ္ဓဂိုဏ်းက ကယ်တင်ရှင် ဝင်လုပ်တယ်၊ ဒါပေမဲ့ သူတို့က လောကကြီး ငြိမ်းချမ်းရေးအတွက် အပေါ်ယံပဲ ဆောင်ရွက်ပြီး အနန္တကပ်ဘေးကို ပိုပိုရှုပ်ထွေးအောင် ပြဿနာမီးမွှေးတော့တာပဲ”
ဟန်ကျွယ်ဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး ဗုဒ္ဓဂိုဏ်းကို လုပ်ကြံဇာတ်ခင်းပြီး နည်းမျိုးစုံနဲ့ ချောက်ချပါတော့တယ်။
“ဒီလိုနဲ့ နောက်ဆုံးလည်းကျရော ဗုဒ္ဓဂိုဏ်းက အနန္တကပ်ဘေးမှာ အနိုင်ရပြီး သက်ရှိအားလုံးကို ကယ်တင်လိုက်တယ်၊ အဲဒီအတွက် ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က ဗုဒ္ဓဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ ပဋိပက္ခနတ်ဘီလူးတွေဆီ ရောက်သွားတယ်၊ အဲဒီမှာ အဲဒီအယောင်ဆောင်ဗုဒ္ဓက သူ့ရဲ့ ဝိညာဉ်စွမ်းအားကို သုံးပြီး ကောင်းကင်တာအိုရဲ့ အရံအတားကို ဖောက်ထွင်းလိုက်တယ်၊ ကောင်းကင်တာအိုရဲ့ အရံအတား ပေါက်သွားတဲ့အတွက် ပဋိပက္ခနတ်ဘီလူးတွေ အများကြီးက လောကဦးကမ္ဘာကို ကျူးကျော်လာပြီး သက်ရှိအကုန်လုံးကို ဖျက်ဆီးပစ်လိုက်ရော”
“ဒါက ငါရဲ့ စိတ်ကူးယဉ်ဝတ္ထုဆိုတော့ အတည်မယူနဲ့နော်” ဟန်ကျွယ်က အပြုံးနဲ့ အဆုံးသတ်လိုက်ပါတယ်။
ကျန်းယီဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “အဲဒီတော့ ဘာဖြစ်လဲ၊ ဒီဇာတ်လမ်းက နတ်ရွှေကျီးကန်း မိသားစုနဲ့လည်း ဘာမှမဆိုင်ဘူး”
“နတ်ရွှေကျီးကန်း မိသားစုက သိုသိပ်လွန်းတော့ သေမျိုးကမ္ဘာမှာ သူတို့နဲ့ပတ်သက်ပြီး ဇာတ်လမ်းသိပ်မရှိဘူး”
“ဟမ်..”
“ကောင်းပြီ၊ ဇာတ်လမ်းလည်း ပြီးပြီဆိုတော့ ငါ သွားတော့မယ်၊ ဒီဇာတ်လမ်းကိုတော့ လျှောက်မပြောနဲ့, မဟုတ်ရင် ငါက ဗုဒ္ဓဂိုဏ်းကို ချောက်ချပုံ ပေါ်နေလိမ့်မယ်”
“ငါ သိပါတယ်” ကျန်းယီဟာ လက်ဝှေ့ယမ်းပြီး စိတ်မရှည်စွာ ပြောလိုက်ပါတယ်။ ကျန်းယီဆီက ကတိစကားကို ရတာနဲ့ ဟန်ကျွယ်လည်း ချက်ချင်းပဲ ထွက်သွားပါတော့တယ်။ ဟန်ကျွယ် ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ ကျန်းယီရဲ့ မျက်နှာတစ်ခုလုံး မှောင်မည်းသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset