Switch Mode

Chapter – 288

အခန်း (၂၈၈) နတ်ဆိုးရုံးတော် လွီပု
“မိစ္ဆာမျိုးနွယ်စုက မင်းကို တကယ် ကူညီနေတာပဲ၊ ဒါတောင် မင်းက ကပ်ဘေးသခင် မဟုတ်ပါဘူးလို့ ပြောရဲသေးတယ်” တိကျောက်ဝမ်ဟာ အော်ပြောလိုက်ပြီး ဂျိရှင်းရှန်ကို လက်ဝါးနဲ့ လှမ်းရိုက်လိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို မရေမတွက်နိုင်တဲ့ လျှပ်စီးနက်တွေဟာ ကြာပွတ်အသွင် ပြောင်းလဲသွားပြီး ဂျိရှင်းရှန်ကို အသားကုန် ရိုက်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂျိရှင်းရဲ့ ဝိညာဉ်တောင် စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ နာကျင်မှုကို ခံစားလိုက်ရပါတယ်။
“အား…” ဂျိရှင်းရှန်ဟာ နာကျင်စွာ အော်ဟစ်လိုက်ပြီး တိကျောက်ဝမ်ကို အစိမ်းဝါးစားမတက် စိုက်ကြည့်လိုက်ပါတယ် ‘ငါသာ ဒီနေရာကနေ ထွက်နိုင်မယ်ဆိုရင် ဟောဒီတိကျောက်ဝမ် နန်းတော်တစ်ခုလုံးကို အမှုန့်ချေပစ်မယ်’
တိကျောက်ဝမ်ဟာ ဂျိရှင်းရှန်ကို ကြည့်ပြီး စိုးရိမ်သွားပါတယ် ‘ဒီလိုမိစ္ဆာ ပေါ်လာတာက ကောင်းကင်တာအိုအတွက် ကံဆိုးမှုတစ်ခုပဲ’
…..
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ရင်း လုံဟောင်ထွက်သွားတာတောင် နှစ် ၂၀ တိုင်ခဲ့ပါပြီ။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း အတော်လေး တိုးတက်လာနေပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ကို သတ်ဖို့ကြာချိန်ကလည်း တဖြည်းဖြည်း လျော့ကျလာပါတယ်။ လျော့ကျလာတယ်ဆိုပေမဲ့ တစ်ချက်တည်း သတ်နိုင်ဖို့တော့ အတော်လေး အလှမ်းဝေးနေပါသေးတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ပြီးသွားတဲ့အတွက် ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်တာအိုကျောက်ပြားကို စစ်ဆေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာက အဆင့်တက်လိမ့်မယ်လို့ ထင်ထားပေမဲ့ ထိပ်ဆုံး ၃၀၀ စာရင်းတောင် မဝင်တော့တာ တွေ့လိုက်ရပါတယ်။
‘ဘာဖြစ်တာလဲဟ… ထုန်ကျန့်ကမ္ဘာက အရင်ကထက် အများကြီး အင်အားကြီးလာတာပဲ၊ ဘာဖြစ်လို့ အဆင့်ကျသွားရတာလဲ’
ဟန်ကျွယ်ဟာ သေချာစစ်ဆေးလိုက်တဲ့အခါမှာ ကောင်းကင်တာအိုကျောက်ပြားမှာရှိတဲ့ သေမျိုးကမ္ဘာအရေအတွက်က အရင်ကထက် နှစ်ဆနီးပါး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
‘သေမျိုးကမ္ဘာတွေက ဘယ်လိုလုပ်ပြီး များလာတာလဲ’
ဟန်ကျွယ်လည်း ထူဆန်းသွားတဲ့အတွက် တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ နတ်အာရုံနဲ့ တိထိုက်ပိုင်ရဲ့ နတ်အာရုံ ချိတ်ဆက်မိသွားပါတယ်။
“ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတွေကို လက်လွှတ်လိုက်ပြီဆို၊ ဘာလို့ အရင်ကထက် ပိုများနေရတာလဲ”
“ကောင်းကင်ရုံးတော်တင် မကဘူး၊ အင်မော်တယ်ကမ္ဘာရဲ့ တခြားအင်အားစုတွေကလည်း သူတို့ရဲ့ သေမျိုးကမ္ဘာတွေကို လွှတ်ပေးလိုက်တယ်၊ ဒီထဲမှာ ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ ပုန်းအောင်းနေတဲ့ မိသားစုတွေလည်း ပါတယ်၊ အခုဆိုရင် သေမျိုးကမ္ဘာအကုန်လုံးကို အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်တာအိုက ထိန်းချုပ်ထားတယ်၊ ဒါကြောင့် ဒီစာရင်းကလည်း ကောင်းကင်တာအိုရဲ့ သေမျိုးကမ္ဘာစာရင်းပဲ မဟုတ်တော့ဘူး၊ စကြဝဠာမှာရှိတဲ့ သေမျိုးကမ္ဘာတွေရဲ့စာရင်း ဖြစ်သွားပြီ” တိထိုက်ပိုင်က မတက်နိုင်တဲ့လေသံနဲ့ ပြန်ဖြေပါတယ်။
“ဆိုလိုချင်တာကတော့ကွာ… သေမျိုးကမ္ဘာရဲ့ အစောင့်က ကောင်းကင်ရုံးတော် လက်အောက်မှာ မရှိတော့ဘူး၊ အဲဒါကြောင့် ကောင်းကင်ရုံးတော်ရဲ့ ကံတရား အထောက်အပံ့က မင်းကို ကာကွယ်ပေးမှာ မဟုတ်တော့ဘူး၊ အဲဒါကြောင့် မင်း ဒုက္ခရောက်မှာကြောက်ရင် ထုန်ကျန့်ကမ္ဘာကို စွန့်ပစ်ပြီး ကောင်းကင်ရုံးတော်ဆီ လာခဲ့တော”
‘ဪ… ဒီလိုကို’ ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာ အဆင့်ကျသွားတဲ့ အကြောင်းရင်းကို နားလည် သဘောပေါက်သွားပါတယ် ‘ကောင်းကင်ရုံးတော်က အင်မော်တယ်ကမ္ဘာကို မအုပ်စိုးနိုင်တာ အံဩစရာ မရှိတော့ပါဘူး၊ သူတို့က သေမျိုးကမ္ဘာတစ်ဝက်ပဲ ထိန်းချုပ်နိုင်တာကို’
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကိုသွားဖို့ တိထိုက်ပိုင်ကို ကတိမပေးပါဘူး။ တိထိုက်ပိုင်က ဘယ်မှာပုန်းနေလဲ မေးတဲ့အခါမှာတော့ ဟန်ကျွယ်က လုံခြုံတဲ့နေရာတစ်နေရာလို့ပဲ ပြန်ဖြေလိုက်ပါတယ်။
ဟန်ကျွယ်က လုံဟောင်ကို သူတို့တွေ ငရဲပြည်မှာ ရှိနေတဲ့အကြောင်း ထုတ်မပြောဖို့ သတိပေးလိုက်တာကြောင့် ဟန်ကျွယ်အပေါ်ထားရှိတဲ့ လုံဟောင်ရဲ့ မျက်နှာသာပေးမှုအရ ဒီကိစ္စကို လုံးဝထုတ်ပြောမှာ မဟုတ်ပါဘူး။
တိထိုက်ပိုင်က ဒီတစ်ကြိမ်မှာ အရင်ကထက် စကားပိုပြောပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ရဲ့ အခြေအနေကို တီးခေါက်မိသွားပါတယ်။ ကောင်းကင်ရုံးတော်ရဲ့ အခြေအနေက အတွင်းရော အပြင်ရော ပြဿနာတက်နေတာပါ။
ဆက်တိုက်စစ်ရှုံးတာက ကောင်းကင်ရုံးတော်ရဲ့ စိတ်ဓာတ်ကို အောက်ဆုံးထိ ထိုးကျသွားစေပါတယ်။ ဒါ့အပြင် အနန္တကပ်ဘေးကလည်း ကျရောက်နေပြီဖြစ်တဲ့အတွက် အင်မော်တယ်အများစုဟာ သူတို့ရဲ့ ဂိုဏ်း၊ မျိုးနွယ်စု၊ အဂ္ဂပြည်တွေကိုတောင် ပြန်ပြီး အနန္တကပ်ဘေးနဲ့ ဝေးဝေးနေချင်ကြပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ ပြင်းထန်တဲ့ အာဏာစက်ကြောင့် ဘယ်သူမှ ထွက်မပြေးရဲပါဘူး။ နောက်ပြီး ကောင်းကင်ရုံးတော်ရဲ့ မဟာစစ်သူကြီးသုံးပါးကလည်း ကောင်းကင်ရုံးတော်ကို ပြန်ရောက်နေပြီ ဖြစ်တဲ့အတွက် နတ်ဆိုးရုံးတော်ဟာ ကောင်းကင်ရုံးတော်ရဲ့ မုခ်ဝလေးခုကို မထိုးဖောက်နိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ တိထိုက်ပိုင်နဲ့ အတန်ကြာ စကားပြောပြီးမှ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပြီး အတွေးနက်သွားပါတယ်။
‘အခု ထုန်ကျန့်ကမ္ဘာကို ကောင်းကင်ရုံးတော်က မပိုင်တော့ဘူးဆိုတော့ ကောင်းကင်ရုံးတော် ကပ်‌ဘေးထဲ ဝင်မယ်ဆိုရင်တောင် ထုန်ကျန့်ကမ္ဘာကို မသက်ရောက်နိုင်တော့ဘူး… ဒါ သတင်းကောင်းပဲ’
ဟုတ်ပါတယ်။ ဒီအကြောင်းကြောင့်လည်း ဝတ်ရုံဖြူဗုဒ္ဓက ထုန်ကျန့်ကမ္ဘာကို ဒုတိယ အင်မော်တယ်ကမ္ဘာအဖြစ် ပြောင်းလဲချင်တာပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပါတယ်။ ပုကျုံးနတ်ပန်းကတော့ သစ်ပင်ငယ်လေးတစ်ပင်စာ ရှိနေပြီး သူ့ဘေးနားက ပြန်လည်မွေးဖွားခြင်း လီလီပန်းတွေထက် ပိုရှည်နေပါပြီ။ ရှန်တျန်ချီကလည်း အရင်ထက် ပိုများပြားလာပေမဲ့ ဟန်ကျွယ် ကျင့်ကြံအားထုတ်ဖို့အတွက်တော့ မလုံလောက်သေးပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ကိုးလွှာရေစင်နဲ့ ပုကျုံးနတ်ပန်းကို ပေါင်းစပ်သင့် မသင့် ဆုံးဖြတ်ရခက်နေပါတယ်။ အခုအချိန်မှာ ကောင်းကင်ကိုးလွှာရေစင်ရဲ့ အင်မော်တယ်ချီက ဟန်ကျွယ်အတွက် သိပ်အရေးမကြီတော့ပါဘူး။
ဟန်ကျွယ် ဆုံးဖြတ်ရခက်နေတုန်းမှာပဲ အသံတစ်သံကို စိတ်ထဲမှာ ကြားလိုက်ရပါတယ် “သခင်… သတင်းဆိုး… စွမ်းအားကြီးရန်သူတစ်ယောက်က ဓားတာအိုမြစ်ကို လာလုနေတယ်” လျူပေ့ရဲ့အသံက အတော်လေး တုန်ယင်နေပါတယ်။
ဟန်ကျွယ်ဟာ လျူပေ့စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် ‘ဘယ်လိုလုပ်ပြီး စွမ်းအားကြီးရန်သူ ပေါ်လာပြန်ပြီလဲ၊ ငါ့အစ်ကိုတော် စောင့်ကြပ်တုန်းကတော့ ဘာမှမဖြစ်ဘူး၊ ငါ့ကျမှ ဘယ်လိုလုပ်ပြီး ရန်သူက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာရတာလဲ… ကောင်းကင်တာအိုက ငါ့ကို ဒုက္ခပေးချင်နေတာလား’
ဓားတာအိုမြစ်။
လျူပေ့ဟာ အဝေးတစ်နေရာက ရုပ်သွင်တစ်ခုကို ကြည့်နေပါတယ်။ ဒီရုပ်သွင်က တခြားသူ မဟုတ်ပါဘူး။ ယွီတျန်ပေါင်ပါ။ ယွီတျန်ပေါင်ဟာ ဓားတာအိုမြစ်ကို ကြည့်ရင်း ဟိုလျှောက်ဒီလျှောက် လုပ်နေပါတယ်။
“ကျွတ်..ကျွတ်… ကျန်းကူရှင်းက ဒီနေရာကို စောင့်ကြပ်နေတာ မအံဩတော့ပါဘူး၊ ဒီနေရာမှာ ဓားတာအိုနိယာမတွေ ရှိနေတော့ ဓားတာအိုနားလည်မှုကို အလွယ်လေး တိုးစေနိုင်တာပဲ” ယွီတျန်ပေါင်ဟာ ချီးကျူးလိုက်ပြီး လျူပေ့ကို လှည်ကြည့်လိုက်ပါတယ်။
“မင်း တွေးပြီးပြီလား၊ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုရင်ပြု မဟုတ်ရင် သေရမယ်”
လျူပေ့ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျုပ် တွေးပါရစေအုန်း”
“ဘာတွေးစရာ လိုသေးလို့လဲ၊ ငါ့ကို အချိန်ဆွဲနေတာလား၊ မင်း ဘယ်လောက်အချိန်ဆွဲဆွဲ မင်းကို ဘယ်သူမှ လာမကယ်ဘူး၊ ငါက ဓားတာအိုမြစ်ရဲ့ အရင်အစောင့်ကို ဖမ်းထားပြီးပြီ၊ မင်းက နောက်ပေါက်တဲ့ ရွှေကြာပင်ပဲ၊ နောက်ပြီးတော့ အင်အားကြီးတဲ့နောက်ခံလည်း ရှိတာ မဟုတ်ဘူး”
လျူပေ့ဟာ ပါးစပ်ပိတ်ထားပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး လောနေပါတယ်။ ဒီအချိန်မှာပဲ လျူပေ့ဘေးမှာ ဟန်ကျွယ်ပေါ်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ သိစိတ်ကိုပဲ လွှတ်လိုက်တာ မဟုတ်ပါဘူး။ လူကိုယ်တိုင် ဓားတာအိုမြစ်ထဲ ခုန်ဝင်လိုက်တာပါ။
ဟန်ကျွယ်ကိုယ့်ပေါ်မှာ ရတနာမျိုးစုံရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်စရာမလိုပါဘူး။ သိစိတ် ဒါမှမဟုတ် ဝိညာဉ်ပဲလာမယ်ဆိုရင် ဘာရတနာမှမရှိတဲ့အတွက် မတော်တဆ ထိခိုက်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ယွီတျန်ပေါင်ကို ကြည့်လိုက်တဲ့အခါ ကျင့်ကြံမှုအဆင့်ကို မမြင်ရပေမဲ့ ဘာအန္တရာယ် အငွေ့အသက်မှ မရပါဘူး။
ယွီတျန်ပေါင်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘တော်တော်ချောတဲ့ ယောက်ျားပဲ၊ မဟာညီညွတ်မှု အင်မော်တယ်စစ်… မဟုတ်ဘူး… ဒီလူက ဧကရာဇ်တာအိုရတနာကို ဝတ်ဆင်ထားတာပဲ’
ယွီတျန်ပေါင်က သတိကြီးကြီးနဲ့ မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”
ဟန်ကျွယ်က ဘာမထီတဲ့လေသံနဲ့ ပြန်ဖြေလိုက်ပါတယ် “နတ်ဆိုးရုံးတော်က လွီပု”
‘နတ်ဆိုးရုံးတော်က အင်မော်တယ်ဧကရာဇ်လား’ ယွီတျန်ပေါင်ဟာ မျက်မှောင် ပိုကြုတ်သွားပြီး သတ်ဖြတ်ငွေ့တွေ ထွက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော်က ကမ္ဘာမကျေတဲ့ ရန်သူတွေမို့လို့ပါ။
ယွီတျန်ပေါင်က တိုက်ခိုက်ဖို့ ပြင်နေတုန်းမှာပဲ ဟန်ကျွယ်ဟာ လက်ထဲမှာ ရုတ်တရက်ပေါ်လာတဲ့ ဟွမ်သွမ့်ဓားကို ဆုပ်ကိုင်ပြီး ခုတ်ပိုင်းချလိုက်ပါတယ်။
‘ကောင်စုတ်… မင်းကများ ငါ့ကို အရင်စတိုက်တယ်’ ယွီတျန်ပေါင်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး လက်မြှောက်ကာ ဟန့်တားလိုက်ပါတယ်။ အင်မော်တယ်ဧကရာဇ်ရဲ့ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားဟာ ကြီးမားတဲ့ အရံတားတစ်ခု ဖြစ်သွားတာကြောင့် ဓားတာအိုမြစ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပါတယ်။
“ဝုန်း…”
ကြောက်မက်ဖွယ်ဓားချီဟာ ယွီတျန်ပေါင်ရဲ့ အရံအတားကို ထိုးဖောက်သွားပြီး ယွီတျန်ပေါင်ကို လွှင့်စဉ်ထွက်သွားစေပါတယ်။ ဓားတာအိုမြစ်မှာ လျှောက်လှမ်းနေတဲ့ ဓားတာအိုကျင့်ကြံသူတွေလည်း ပျောက်ကွယ်သွားကြပါတယ်။ ဓားတာအိုမြစ်ဟာလည်း အလွန်ပြင်းထန်စွာ တုန်ခါသွားပြီး အချိန်မရွေး ပျောက်ကွယ်လုနီး ဖြစ်လာပါတယ်။
ယွီတျန်ပေါင်ဟာ သူ့ကိုယ်သူ ထိန်းချုပ်ပြီး ဟန်ကျွယ်ကို ထိတ်လန့်စွာ ကြည့်လိုက်ပါတယ် ‘ဒါက ဘယ်လိုဓားချီမျိုးလဲ… သာမန်ပုံစံလေးနဲ့ ငါ့ဝိညာဉ်ကို ထိခိုက်စေနိုင်တယ်… မဖြစ်ဘူး… ပြေးမှ’
ယွီတျန်ပေါင်ဟာ ဓားတာအိုမြစ်ကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ကလည်း နောက်ကနေ ချက်ချင်းလိုက်ပါတယ်။ ဟန်ကျွယ် စောစောကသုံးလိုက်တဲ့ ဓားချီက ယွီတျန်ပေါင် ကိုယ်ပေါ်မှာ အမှတ်မှတ်လိုက်တာပါ။
ယွီတျန်ပေါင်ဟာ ဟင်းလင်ပြင်မှာ ပေါ်လာလိုက် ပျောက်သွာလိုက်နဲ့ ဆက်တိုက်ရွှေ့လျားပါတယ် “သေစမ်း… နတ်ဆိုးရုံးတော်မှာ အင်မော်တယ်ဧကရာဇ်တွေ ဘယ်နှယောက်တောင် ပုန်းအောင်းနေတာလဲ” ယွီတျန်ပေါင်ဟာ အံကြိတ်ပြီး ကြိမ်းမောင်းလိုက်ပါတယ်။
‘လွီပု… ငါ မင်းနာမည်ကို လုံးဝမမေ့ဘူး… ဒီနေ့အဖြစ်အပျက်အတွက် ကျိန်းသေပေါက် လက်စားချေပြမယ်’
‘ကျန်းကူရှင်းက ဒီလောက်တောင် အကြောက်အရွံ့ ကင်းမဲ့နေတာ အံဩစရာ မရှိတော့ပါဘူး၊ သူက အစောကြီးကတည်းက နတ်ဆိုးရုံးတော်နဲ့ ပူးပေါင်းနေတာပဲ’
“အရှင်မင်းကြီး… သူ ရောက်လာပြီ”
ယွီတျန်ပေါင်ဟာ ထိတ်လန့်သွားပြီး ခြေထောက်က အလိုလို တန့်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ နှလုံးခုန်သံလည်း မြန်သွားပါတယ် ‘နတ်ဆိုးဧကရာဇ်က ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ’ ယွီတျန်ပေါင်ဟာ စေတီတစ်ခုကို ချက်ချင်း ထုတ်ယူပြီး အထဲဝင်ပုန်းပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset