Chapter – 30 ထိုက်တန်တဲ့ အရာ
၀ှစ်…!
ရေခဲအေးမြှားတစ်ချောင်းက ရှီဟောင်ရဲ့နှလုံးသားကို ထိုးဖောက်သွားမတတ် ၀င်ရောက်လာပါတယ်။ သူဟာ ချက်ချင်းပဲ အရမ်းကို မြန်ဆန်စွာပဲ တုံ့ပြန်လိုက်ပါတယ်။ ဒါပေမဲ့ အားကောင်းပြီး အရှိန်အဟုန်ပါတဲ့ ရေခဲအေမြှားက ရှီဟောင်ရဲ့ ပုခုံးကိုထိမှန်သွားပြီး သွေးတွေဖြာထွက်သွားပါတယ်။
“အိုင်းယား ….!”
ရှီဟောင်ဟာ နာနာကျင်ကျင် အော်ဟစ်လိုက်ပါတယ်။ သည်လိုမျိုး ကြောက်စရာကောင်းတဲ့ မြှားချက်ကို ထိပြီး ဒဏ်ရာရသွားတာဟာ သူ့ရဲ့ဘ၀မှာ ပထမအကြိမ်ပါပဲ။
သိပ့်မဝေးလှတဲ့နေရာမှာ ၀ံပုလွေရွာအမဲလိုက် အဖွဲ့ကပ္ပတိန် ပိုင်ရှမ်းဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ရှီဟောင်ရဲ့ လက်မောင်းကိုပဲ မြှားထိမှန်သွားပါတယ်။ ရှီဟောင်ပစ်လွှတ်လိုက်တဲ့ လစန္ဒာတက်တူးအလင်းတန်းကြောင့် သူ့ရဲ့ ဗိုက်ပွင့်သွားခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ ရှီဟောင်ကို ရက်ရက်စက်စက်သတ်ဖြတ်ချင်ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး နဲ့ ရှီဟောင်ရဲ့ တွယ်တာမှုကြောင့် သူတို့တွေကို မျှင်းသတ်တာက နှလုံးသားကိုဓားစိုက်ပြီး တစ်ချက်တည်းသတ်ရတာထက် အရသာရှိပါတယ်။
ရှီဟောင်ရဲ့ မျက်နှာဟာ နာကျင်မှုကြောင့် ဖြူဖပ်ဖြူ ရော်ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ ဒဏ်ရာကို စည်းနှောင်ဖို့အတွက် အ၀တ်အစားတွေကို စုတ်ဖြဲပစ်လိုက်ပါတယ်။ လစန္ဒာတက်တူးတွေကို ထုတ်ဖော်ပြီး ဒဏ်ရာကစီးကျနေတဲ့ သွေးတွေကို ရပ်တန့်စေလိုက်ပြန်ပါတယ်။
သည်အချိန်လေးမှာပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကတော့ နောက်ထပ် ရေခဲအေးမြှားဆယ်ချောင်းလောက် ထိမှန်သွားပြန်ပါတယ်။ ရှီဟောင်ဟာ သူ ကျားကုတ်ကျားခဲကာကွယ်နေပေမယ့်လည်း လင်းယုန်စိမ်းကြီးက အပစ်ခံနေရတာကြောင့် နာကျင်စွာ ငိုကြွေးလိုက်ပါတယ်။
” အမျိုးယုတ်တွေ.. ငါသေမှ သူ့ကိုသတ်လို့ရမယ်ကွ..”
သူကလျှင်မြန်စွာရှေ့ကို ပြေးထွက်သွားပြီး ရန်သူနှစ်ယောက်ကို အရှိန်အဟုန်ပြင်းပြင်း ရိုက်ချလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြှားမိုးရွာနေတာကို တားဆီးချင်ရင်တော့ သူဟာ အဆက်မပြတ်တိုက်ခိုက်သတ်ဖြတ်ဖို့ လိုအပ်နေပြီလေ။
တောင်တန်းဒေသထဲမှာတော့ ၀ံပုလွှေရွာရဲ့ မြှားစွမ်းရည်က အရမ်းကိုအစွမ်းထက်ပါတယ်။
ပြီးတော့ သူတို့လူတစ်ရာကျော်လုံးက ရှီဟောင်အပေါ်မှာ အပြည့်အ၀အားရုံစိုက်လို့ထားပါတယ်။ ဒီပိစိကွေးတေး သောက်ကလေးလေးက သူ့ရဲ့ငွေရောင်အလင်းတန်းတွေကို ထုတ်ပြီး သူတို့ကို မထင်ရင် မထင်သလို သတ်ဖြတ်နိုင်စွမ်းရှိနေတာမဟုတ်လား။
“သူ့ကိုသေအောင် သတ်ကြတော့..!”
၀ံပုလွေရွာအကြီးအကဲ ပိုင်လီချောင်ရဲ့ အပြုံးမျက်နှာဟာ ကွယ်ပျောက်သွားပြီး အေးစက်လူသတ်ချင်နေတဲ့ မျက်လုံးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ သူက လက်ကိုဝှေ့ရမ်းပြီး ရှီဟောင်ကို မီးမြှားတွေနဲ့ ပစ်သတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
ယား..!
ရှီဟောင်ဟာ အော်ဟစ်မာန်သွင်းလိုက်ပြန်ပါတယ်။ ငွေရောက်လစန္ဒာတက်တူးအလင်းတန်းတွေဟာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံကာ လှည့်ပတ်နေပါတယ်။ ချွမ် ချလွမ် အသံများထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်းအကာအကွယ်များကို ထိမှန်သွားတဲ့ ရေခဲအေးမြှားတွေဟာ ကျောက်ဆောင်များကို တိုက်မိတဲ့အလား ကျိုးပဲ့ပျက်စီးသွားကြပါတယ်။
ဒါပေမဲ့ ရှီဟောင်ဟာ သူ့ရဲ့ခြေထောက်တစ်ဖက်က မူမမှန်သလို ခံစားလိုက်ရပါတယ်။ သွေးစိမ်းရှင်ရှင်တွေဟာ အနီရောင်ဆေးဆိုးထားသလို သူရဲ့ ခြေထောက်တစ်ခုလုံးကို ပေကျံလို့နေပါတယ်။ သူဟာ နည်းနည်းလေးမှတောင် ညီးညူ လိုစိတ်မရှိတော့ပါဘူး။ သူဟာ မြေပြင်ပေါ်မှာ လှဲကျနေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို သမင်လည်ပြန်လှည့်ကြည့်လိုက်ရင်း ၀ံပုလွေရွာသားတွေဆီ တဟုန်ထိုးပြေးဝင်သွားပါတယ်။
ငွေရောင်အလင်းတန်းတွေဟာ တလက်လက်တောက်ပနေပြီး ဓားသွားတွေအလား ဖြစ်ပေါ်လာပါတယ်။ သူဟာ ၀ံပုလွှေရွာသားတွေကြားမှာ လှည့်ပတ်လို့ တိုက်ခိုက်ရင်း ခေါင်းဖြတ်သတ်နေတာကြောင့် နေရာတိုင်းမှာ သွေးနံ့တွေ လှိုင်တက်လာပါတယ်။ ၀ံပုလွှေရွာသား ဆယ့်ခုနှစ်ယောက် ဆယ့်ရှစ်ယောက်လောက်ကလည်း ပရမ်းပတာအခြေအနေတွေကို ကြုံတွေ့လိုက်ရပြီး သွေးအိုင်ထဲ လဲကျသွားကြပါတယ်။
” ခွေးကောင်လေး မရှိတော့ဘူး။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး ၀ိုင်းသတ်ကြ။ အခုအချိန်ရောက်မှတော့ ထောက်ထားညှာတာမနေကြနဲ့တော့..။”
၀ံပုလွေရွာအကြီးအကဲ ပိုင်လီချောင်က ပြောဆိုလိုက်ပါတယ်။
” ၀ူး..။ ၀ူး..။”
တဟူးဟူးနဲ့ လေဟုန်ခွင်းသံများထွက်ပေါ်လာပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဆီ ရေခဲအေးမြှားတွေ စုပြုံဝင်ရောက်သွားကြပါတယ်။ အခုဆို အခြေအနေတွေက အရမ်းကို ဆိုးရွားသွားခဲ့ပါပြီ။
ရှီဟောင်ရဲ့ ၀န်းစက်တဲ့မျက်လုံးရွှဲကြီးတွေဟာ ပတ္တမြားရောင်အလား နီရဲလာခဲ့ပါတယ်။ မျက်ရည်တွေလည်း တပေါက်ပေါက်ကျဆင်းလာခဲ့ပါတယ်။ သူဟာ လုံးဝကို အစွမ်းမဲ့သလို ခံစားလိုက်ရပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ကူညီဖို့ ပြန်မသွားရင် လင်းယုန်စိမ်းကြီးသေချာပေါက် သေသွားပါလိမ့်မယ်။ သူသာ ရန်သူတွေကို ကျောခိုင်းပြီး အမြန်ဆုံးလှုပ်ရှားမယ်ဆိုရင်တောင် နောက်ပွင့်နေပြီဖြစစ်တဲ့အတွက် ကျိန်းသေပစ်သတ်ခံရပါတော့မယ်။
” လူယုတ်မာတွေ..။ ငါ့ကို ထောက်ချောက်ဆင်တယ်ပေါ့။ မင်းတို့အားလုံးကို ပြန်သတ်ပစ်မယ်။”
ရှီဟောင်ဟာ နာနာကျဉ်းကျဉ်းအော်ဟစ်ငိုကြွေးလိုက်ပါတယ်။
” ပိုင်လီချောင် .. ခွေးတစ်ကောင်လောက်တောင် အရှက်မရှိတဲ့ ကောင်..။ ကလေးတစ်ယောက်ကို အနိုင်ရဖို့ ကောက်ကျစ်တဲ့ နည်းတွေသုံးတယ်။ မင်းကိုယ်မင်း မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်နေသေးလား။”
တစ်ယောက်ယောက်ရဲ့ အသံနက်ကြီးဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းအောင် ပေါ်ထွက်လာပါတယ်။
တစ်ချိန်တည်းမှာပဲ ကျိုင်းကောင်တွေနဲ့ ကြယ်ကြွေကျသလို သံမဏိလှံတံပေါင်းများစွာက မြှားမိုးရွာချသည့်အလား ကျဆင်းလာခဲ့ပါတယ်။ သွေးဆာလောင်နေတဲ့ အော်ဟသ်သံကြီးတွေဟာ ၀ံပုလွေရွာသားတွေဆီကို ဦးတည်ဝင်ရောက်သွားကြပါတယ်။
နောက်ဆုံးမှာတော့ ရှီယွီဖန်းဦးဆောင်တဲ့ ကျောက်ခေတ်ရွာကနေ စစ်ကူတွေရောက်ရှိလာကြပါတယ်။ သူတိူ့ဟာ ရပ်တန့်ခြင်းငှာ မစွမ်းနိုင်တဲ့ သတ်ဖြတ်လိုစိတ်တွေနဲ့ ရှီလင်းဟူ ၊ ရှီဖန်ကျင်းတို့အပြင် ရောက်လာသမျှသူတွေအလား ပြင်းထန်လို့နေပါတယ်။
ဂီးး ဂရော … ..
အားဖုန်၊ ရှောင်းရောင် နဲ့ ဇီယန်တို့ဟာ သူတို့ရဲ့ အတောင်ပံတွေကို ဖြန့်ပြီး မြန်ဆန်စွာရောက်ရှိလာကြပါတယ်။ သူတို့ဟာ မိုင်ထောင်ချီမပျံနိုင်သေးပေမဲ့ သူတို့ရဲ့အမြန်နှုန်းကတော့ ကြောက်စရာကောင်းနေပါပြီ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဆီကို ပျံသန်းသွားကြပြီး သူတို့တွေဟာ ၀မ်းနည်းနာကျင်သွားကြပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်သုံးကောင်လုံးဟာ သူတို့အပေါ်ကျရောက်လာတဲ့ ရေခဲအေးမြှားတွေကို တောင်ပံတွေနဲ့ ရိုက်ချပစ်လိုက်ပါတယ်။ သူတို့ရဲ့ အမေဖြစ်တဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်မကြီးရဲ့ ကိုယ်ပေါ်ခေါင်းတင်ပြီး အဆက်မပြတ်ငိုကြွေးလိုက်ကြပါတယ်။
၀ံပုလွှေရွာသားတွေ ပစ်လွှတ်လိုက်တဲ့ရာချီတဲ့ ရေခဲအေးမြှားတွေဟာ တ၀ှီးဝှီးအသံတွေပေါ်ထွက်နေပြီး သူတို့ရဲ့ အကြေးခွံတွေကို လာရောက်ထိမှန်သွားကြပါတယ်။ သို့ပေသိ သူတို့ဟာငယ်ရွယ်သေးတာကြောင့် အကြေးခွံတွေက သံမဏိတွေလို မမာကျောသေးဘဲ သွေးကွက်တွေ စတင်ဖြစ်ပေါ်လာပါတယ်။
” မင်းတို့ ဝံပူလွှေရွာက ခွေးမသားတွေ..။ သေလိုက်ကြစမ်း..။”
ရှီလင်းဟူက ဒေါသတကြီးအော်ဟစ်ဆဲဆိုလိုက်ပါတယ်။
” ကောင်းတယ် ။ ငှက်ပေါက်သုံးကောင်ကို မသတ်မိကြစေနဲ့။ သူတို့ကို အသက်ရှက်လျှက် ယူသွားကြမယ်။ ”
၀ံပူလွှေရွာအကြီးအကဲရဲ့ မျက်လုံးတွေဟာ လောဘကြောင့် အရောင်တလက်လက်တောက်ပလာပါတယ်။ အကြေးခွံစိမ်းလင်ယုန်ငှက်ပေါက်သုံးကောင်ဟာ တစ်နေ့နေ့မှာ သူတို့ဘိုးဘေးတွေရဲ့ မျိုးဆက်သွေးတွေ နိုးထလာကြပါလိမ့်မယ်။ ဒါ့ကြောင့်ပဲ သူဟာ လင်းယုန်စိမ်းငှက်ပေါက်သုံးကောင်ကို ငေးကြည့်ပြီး ချက်ချင်းပဲ သူတို့ကို ဖမ်းဆီးပစ်ချင်နေပါတယ်။
ကြောက်မက်ဖွယ်ရာ မှော်သားရဲလုပွဲကြီး စတင်လာပါတယ်။ သံမဏိလှံတံတွေဟာ တစ်ခုပြီးတစ်ခု ၀ှီးခေါ်နေသလို လေဟုန်ခွင်းနေတဲ့ မြှားသံတွေကလည်း တဟူးဟူးထနေပါတယ်။ လက်ရှိမှာတော့ ကျောက်ခေတ်ရွာနဲ့ဝံပုလွှေရွာဟာ အနီးကပ်တိုက်ပွဲအသွင်ကို ကူးပြောင်းသွားကြပါတယ်။
” အဘိုးအကြီးအကဲ ..။”
ရှီဟောင်ဟာ ရင်ထဲကနေ လှိုက်တက်လာတဲ့အသံကြီးနဲ့ အော်ခေါ်လိုက်ပါတယ်။
ကောင်လေးတွေအဖွဲ့ထဲက လူငယ်လေးတစ်ယောက်ဟာ ရှီဟောင်ရဲ့ ခြေထောက်မှာ ရေခဲအေးမြှားတစ်ချောင်းစိုက်ဝင်နေတာကို တွေ့လိုက်ရပါတယ်။ သွေးစိမ်းရှင်ရှင်တွေဟာ သူ့တို့ရဲ့ နှလုံးသားကို ဖျစ်ညှစ်ထားသလို ခံစားရစေပါတယ်။ ဒါက သူတို့ရဲ့ အတိုင်းအဆမဲ့ ဒေါသတွေနဲ့ သတ်ဖြတ်လိုစိတ်ကို အဆက်မပြတ်ထွက်ပေါ်လာစေပါတယ်။
” မင်းတို့ အရမ်းမစိုးရိမ်ကြနဲ့..!”
ရှီဟောင်ဟာ မျက်ရည်တွေကို မြန်မြန်ဆန်ဆန်သုတ်လိုက်ပြီး
” အဘိုးအကြီးအကဲ.. ကျွန်တော်ဘာမှ မဖြစ်ဘူး။ လင်းယုန်စိမ်းကြီးကို မြန်မြန်ကယ်ကြရအောင်..။”
ပြီးနောက်မှာတော့ ရှီဟောင်ဟာ အော်ဟစ်လိုက်ပြီး ၀ံပုလွှေရွာသားတွေဆီကို ၀င်ရောက်သွားပါတယ်။ ငွေရောင်အလင်းတန်းတွေဟာ လျှပ်စီးလျှက်သလိုဖြစ်ပေါ်နေပြီး ရှီဟောင်ဝင်ရောက်သွားရာလမ်းတစ်လျှောက် သွေးစက်တို့ ဖြာထွက်လာပါတယ်။ ၀ံပုလွှေရွာသားတွေရဲ့ နာနာကျင်ကျင်အော်ဟစ်သံတွေ ပေါ်ထွက်လာပြီး တစ်ချို့သူတွေဟာ အပိုင်းပိုင်းပြတ်တောက်သွားကြပါတယ်။ ” ငါ့ကို ကလေးဆိုပြီး အနိုင်ကျင့်ရဲတယ်ပေါ့။ အခုမင်းတို့ အလှည့်ပဲ။”
” ပိုင်လီချောင် , မင်းက တကယ့်ကို ၀ံပုလွှေတစ်ကောင်ပဲ။ မင်း တောင်တန်းဒေသရဲ့စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ခဲ့ဘူးလို့ ငါ့ကို မပြောနဲ့။ ငါတို့တွေက သီးခြားရပ်တည်ကြပြီး တစ်ယောက်ကို တစ်ယောက် မနှောက်ယှက်ကြဘူး။ မင်းက ဘာလုပ်ချင်နေတာလဲ။”
ရှီယွီဖန်းက ဒေါသတကြီးအော်ဟစ်လို့ ပြောဆိုလိုက်ပါတယ်။ သူက စကားပြောနေပေမယ့်လည်း သူ့လူတွေကို လိုအပ်သလို ညွန်ကြားနေပါတယ်။ သည်အချိန်ရောက်မှတော့ သူတို့ဟာ ငဲ့ညှာထောက်ထားမှာမဟုတ်တော့ဘဲ ၀ံပုလွှေရွာသားတွေကို အပြုတ်နှံဖို့အတွက် ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားကြပါတော့မယ်။
“ငါ့ကိုအပြစ်တင်မနေပါနဲ့, ရှန်းနီရဲ့ အဖိုးတန်ခန္ဓာကိုယ်နှင့်ဒဏ္ဍာရီလာ နွားမိစ္စာရဲ့ ဦးချိုဟာ တန်ဖိုးဖြတ်လို့တောင် မရဘူး။ ဘယ်သူက ဒါကို မလိုချင်ပဲနေမလား။ နောက်ပြီး ငါတို့ကလန်ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်က သိပ့်မကြာခင်မှာ အောင်မြင်မှုတွေရဖို့ အစစ်အမှန်သွေးမျိူးဆက်တွေ လိုတယ်။”
“သူတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်က အောင်မြင်မှုတွေ ရှိလာတော့မှာလား..။”
ရှီယွီဖန်းဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ သူ့ရဲ့ လက်မောင်းတစ်ဖက်ဟာ လင်းလက်တောက်ပတဲ့ စွမ်းအားတွေပေါ်ထွက်လာပြီး မျက်စိကန်းသွားစေမတတ်ပါပဲ။ သူဟာ လျှပ်စီးလျှက်သလို မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး အဆိပ်မိနေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်မကြီးရဲ့ ဒဏ်ရာပေါ်ကို ကျောက်စိမ်းဗူးလေးထဲက ဆေးရေတွေ လောင်းချလိုက်ပါတယ်။
ရှီဟောင်ရဲ့ မျက်လုံးတွေဟာ သတ်ဖြတ်လိုခြင်းတွေသာ ပြည့်နှက်နေပြီး လုံးဝကို အနီရောင်အဖြစ်ပြောင်းလဲနေပါပြီ။ သည်အချိန်မှာတော့ သူ့ဘေးနားပတ်ပတ်လည်မှာ ၀ံပုလွှေရွာသားတွေတစ်ယောက်မှ မရှိတော့ပါဘူး။ မြေပြင်တစ်ခုလုံးသွေးအလိမ်းလိမ်းနဲ့ဖြစ်နေပြီး ငွေရောင်အလင်းတန်းရဲ့ သတ်ဖြတ်မှုကြောင့် လူအယောက်နှစ်ဆယ်လောက် မြေပေါ်အတုန်အရုန်းလဲကျသေဆုံးနေပြီလေ။
ရုတ်တရက် ပြင်းထန်တဲ့အရှိန်အဝါတွေ ဖုံးလွှမ်းနေတဲ့ လူငယ်လေးတစ်ယောက်ဟာ ချုံပုတ်တွေကြားကနေ တဟုန်ထိုးပြေးထွက်လာခဲ့ပါတယ်။ တဟူးဟူးအသံတွေခပေါ်ထွက်လာပြီး ကျောက်ခေတ်ရွာသားတွေရဲ့ သွေးစက်တွေဟာ မိုးရေစက်တွေအလား ပျံ့ကြဲသွားပါတယ်။
ဒေါင်
ရှီဟောင်ဟာ အလစ်အငိုက်ဖမ်းတိုက်ခိုက်လာတဲ့ လူငယ်လေးရဲ့ တိုက်ချက်ကို ကာကွယ်လိုက်ပေမယ့်လည်း ပုခုံးတစ်ဖက်ဟာ ဟက်တက်ကွဲသွားပါတယ်။ သူ့ရဲ့ ဒဏ်ရာကနေ ကြောက်စရာကောင်းလောက်အောင် သွေးတွေ စီးကျလာပါတယ်။
“အဖိုးတန်ရှေးဟောင်းပစ္စည်း!”
ရွာသားတစ်ချို့ရဲ့ အထိတ်တလန့်အော်ဟစ်သံကြီးတွေ ထွက်ပေါ်လာပါတယ်။ ၀ံပုလွှေတစ်ကောင်လို အသားအရေဖြူဖပ်ဖြူရော်နဲ့ လူငယ်လေးတစ်ယောက်ဟာ အသံမပေးဘဲ တိတ်တဆိတ်ပုန်းအောင်းနေခဲ့တာပါ။ သူက ရှီဟောင်ကို တစ်ချက်တည်းနဲ့ အပြတ်သတ်ဖြတ်နိုင်ဖို့ အချိန်ကောင်းကို စောင့်နေခဲ့တာလေ။ တကယ့်တကယ်မှာတော့ သူ့ရဲ့ အလစ်အငိုက်အပိုင်ဖမ်းတိုက်ချက်ဟာ ရှီဟောင်ရဲ့ လည်ပင်းကို ဖြတ်နိုင်မဲ့အစား ပုခုံးကိုသာ ထိမှန်သွားပါတယ်။
လူငယ်လေးဟာ အမှန်တကယ်တော့ သိပ့်မကြာလပိုင်းမှာ ရှီဟောင်ကို ရှုံးနိပ့်သွားခဲ့ရတဲ့ ပိုင်ဖေးပါပဲ။ သူဟာ အရိုးလက်နက်တစ်ခုကို ကိုင်ဆောင်ထားပြီး အေးစိမ့်တဲ့အငွေ့အသက်တွေပြည့်နှက်နေပါတယ်။ သူဟာ သူ့ရဲ့ စွမ်းအားတွေကို အပြည့်အ၀ပြန်မရသေးပေမယ့် အေးဆေးတည်ငြိမ်နေပါတယ်။
” မင်းတစ်ယောက်တည်း အဖိုးတန်ရှေးဟောင်ပစ္စည်းကို ပိုင်ဆိုင်နိုင်တယ်ထင်နေလား. ငါ့မှာလည်း ရှိတယ်ကွ..။”
ပိုင်ဖေးဟာ သူ့ရဲ့ စွမ်းအားအရှိန်အဝါတွေကို လှည့်ပတ်လိုက်ရင် ရှီဟောင်ကို ပြောဆိုလိုက်ပါတယ်။ သူ့ကြောင့် အပြင်းအထန်ဒဏ်ရာရသွားကြတဲ့ ကျောက်ခေတ်ရွာသားတွေကြားမှာ မောက်မာဝင့်ကြွားစွာရပ်လို့နေပါတယ်။
ပိုင်ဖေးဟာ မှော်သားရဲတွေရဲ့ သွားတွေနဲ့ပြု လုပ်ထားတဲ့ လက်ပတ်တစ်ခုကို ၀တ်ဆင်ထားပါတယ်။ လက်ပတ်ပေါ်က မှော်သားရဲတွေရဲ့ သွားတစ်ချောင်းဆီက အမှန်တကယ်ကို ဖြူစင်တောက်ပနေတဲ့ နှင်းပွင့်တွေလိုပါပဲ။
ပိုင်ဖေးဟာ ရှေးဟောင်းပစ္စည်းရဲ့ အစွမ်းတွေကို ဘယ်လိုသုံးရမလဲဆိုတာ သိပေမယ့် အရိုးစာသားကိုတော့ နားလည်ခြင်းမရှိပါဘူး။ ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ဒါ့ကြောင့်ပဲ လူတွေဟာ အံ့သြဆွံ့အသွားကြတာပါ။ အဖိုးတန်ရှေးဟောင်းပစ္စည်းကို အသုံးပြုနိုင်ဖို့ အရိုးစာသားကို နားလည်ဖို့လိုအပ်တယ်လေ။
“ဦးလေးကြီး..။!”
ရှီဟောင်ရဲ့ စိုးရိမ်ပူပန်မှုဟာ အထွတ်အထိပ်ကို ပြန်ရောက်သွားပြန်ပါတယ်။ ပိုင်ဖေးရဲ့ ရှေးဟောင်းပစ္စည်းကနေ ထွက်ပေါ်လာတဲ့ အလင်းအစက်အပြောက်တွေက ကျောက်က်ခေတ်ရွာသားတွေကို ထွင်းဖောက်သွားခဲ့ပါတယ်။ သူတို့ရဲ့ ဒဏ်ရာတွေဟာ အရမ်းကို ပြင်းထန်ပါတယ်။ သူတို့ရဲ့ အူတွေ အသည်းတွေနဲ့ ကလိစာတွေဟာ အပြင်ကို ထွက်ကျလြာ
ပီး သူတို့ဟာ အချိန်မရွေးသေဆုံးနိုင်ပါတယ်။
ကျစ်..။!
ပိုင်ဖေးရဲ့ လက်ပတ်ကနေ အရောင်အဝါတွေထပ်မံထွက်ပေါ်လာပြီး ဥက္ကာပျံတွေအလား လှပစွာပျံထွက်လာကြပါတယ်။ သူတို့ရဲ့ သတ်ဖြတ်နိုင်ခြင်းစွမ်းအားတွေကတော့ အရမ်းအရမ်းကို တုန်လှုပ်စရာကောင်းလွန်းပါတယ်။
” ငါ့ရဲ့ စိတ်က အရမ်းကိုသနားကြင်နာတတ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြီး စက်ဆုပ်ရွံရှာမိတယ်။ ငါ မင်းတို့ရဲ့ နောက်ဆုံးခရီးကို ပို့ပေးမယ်။ အခုကစပြီး ငါ မင်းတို့ကို လုံးဝခွင့်လွှတ်မှာမဟုတ်တော့ဘူး…။”
ရှီဟောင်ရဲ့ မျက်နှာနုနုလေးဟာ တင်းမာပြတ်သားနေပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေပြည့်ဝနေခဲ့ပါတယ်။
***