Switch Mode

Chapter – 29

အကြပ်အတည်းကြား ရောက်ရှိခြင်း

Chapter – 29 အကြပ်အတည်းကြား ရောက်ရှိခြင်း

နေ၀င်ချိန်ရောက်ရှိသွားပြီဖြစ်တာကြောင့် တောင်တန်းတွေနဲ့ သစ်တောတွေဟာ အလင်းရောင်ပျောက်ဆုံးလာပါတယ်။ ဒါ့ကြောင့်လည်း အမှောင်ထုကြီးစိုးလာတာနဲ့အမျှ မျက်လုံးကို ပိုမိုအားစိုက်လို့ကြည့်ရပါတယ်။ သွေးညှီနံ့တွေဟာ လေထုထဲကို ပျံ့နှံ့လာတာကြောင့် မှော်သားရဲတွေကို ဆွဲဆောင်နေပါတယ်။ ကံကောင်းထောက်မတာကတော့ ဒီနေရာက အရမ်းကို အစွမ်းထက်တဲ့ မှော်သားရဲတွေ ကျက်စားရာနေရာမဟုတ်တာကြောင့်ပါပဲ။

ကျွီ … , ကျွီ … ။

ထူးဆန်းတဲ့အရောင်တွေဟာ ကျောပေါ်မှာဖြာထွက်နေတဲ့ ပိုးကောင်ကြီးတစ်ကောင်နဲ့ တူတဲ့ ကြမ်းပိုးကြီးတစ်ကောင်ပေါ်ထွက်လာပါတယ်။ ကြမ်းပိုးကောင်ကြီးက အော်ဂလီဆန်စရာအနံ့အသက်တွေထွက်ပေါ်နေပြီး ငါးမီတာ ခြောက်မီတာလောက်ကို ကြီးမားလို့နေပါတယ်။ ဒီကြမ်းပိုးကြီးဟာ ရှေးဟောင်းသားရဲမျိုးဆက်ဖြစ်တဲ့ သန့်စင်သော သွေးနံ့ကို ရသွားတာကြောင့် ရှန်းနီးရဲ့ အစိတ်အပိုင်းတွေကို စားသောက်ဖို့ ရောက်ရှိလာတာပါ။
၀ှစ်…!
ရှီဟောင်ဟာ ချက်ချင်းပဲ ကြမ်းပိုးကြီးရဲ့ခေါင်းကို သံမဏိလှံတံနဲ့ ထိုးဖောက်ဖို့ပစ်လွှတ်လိုက်ပါတယ်။ အွစ်ခနဲ အော်သံကြီးနဲ့ သွေးစက်တွေဖြာထွက်သွားပြီး မြေပြင်ပေါ်ကို ဒရွတ်ဆွဲသံတွေ ထွက်ပေါ်သွားပါတယ်။ သိပ့်မကြာခင်မှာပဲ ကြမ်းပိုးကြီးရဲ့ ဘ၀အဆုံးသတ်သွားပါတော့တယ်။
ချောက်ကမ်းပါးဘေးက ကျောက်သားတွေရဲ့နောက်ကနေ အသံမထွက်ဘဲ ချောင်းမြောင်းနေတဲ့ စပါးအုံးမြွေပျံတစ်ကောင်လည်း ရှိနေပါတယ်။ သူ့ရဲ့သရေပြားပုံစံဖြစ်နေတဲ့အတောင်ပံတွေကို ဖြန့်ထုတ်လိုက်တဲ့အခါမှာ ညှီစို့စို့အနံ့တွေဟာ လေထဲကို ပျံ့သွားပါတယ်။ သူ့ရဲ့သားကောင်ကို ချက်ချင်းပဲဖမ်းစားတော့မဲ့အလား ကြီးမားလှတဲ့ ပါးစပ်ကြီးကို ဟလိုက်ပါတယ်။
၀ှစ်!
ဒီလိုမျိုးကြောက်စရာကောင်းလှတဲ့ မြွေပျံကြီးကို ရင်ဆိုင်ရချိန်မှာတော့ ရှီဟောင်ဟာ ပေါ့ပေါ့ဆဆမလုပ်ရဲပါဘူး။ သူဟာ အချိန်မဆွဲရဲဘဲ လမင်းတက်တူးအလင်းတန်းတွေကို ထုတ်ဖော်ကာ ကြာပွတ်ရိုက်ချက်တွေလို မြွေပျံကြီးကို ပိုင်းချလိုက်ပါတယ်။ သွေးစက်တွေဟာ မိုးရေတွေအလား နေရာတိုင်းကို ပန်းထွက်လို့လာပြန်ပါတယ်။
ဒါတွေအားလုံးဟာ အချိန်ခဏလေးအတွင်းမှာကို တရစပ်ဖြစ်ပေါ်သွားပြီး ရှီဟောင်လည်း သားရဲကောင်တော်တော်များများကို သတ်ဖြတ်ပြီးခဲ့ပါပြီ။ သူဟာ အကြေးခွံစိမ်းလင်းယုန်ကြီးနဲ့ သူ့ကိုယ်သူ ကာကွယ်လို့ထားနိုင်စဲပါပဲ။ ဒီအတိုင်းဆက်သွားနေရင်တော့ တောင်တန်းဒေသရဲ့ အနက်ရှိုင်းဆုံးအပိုင်းက သားရဲကြီးတွေလည်း ရောက်ရှိလာနိုင်ပါတယ်။
” ၀ံပုလွှေရွာက လူတွေ သိပ့်မကြာခင်ပြန်ရောက်လာတော့မယ်။ အဘိုးအကြီးအကဲ… လင်းယုန်စိမ်းကြီးရဲ့အော်သံကို မကြားခဲ့လိုက်ဘူးလို့ ငါ့ကိုမပြောနဲ့..။”
ရှီဟောင်ဟာ စိတ်ပူလာခဲ့ပါတယ်။ သူတစ်ယောက်တည်းသာဆိုရင် ထွက်ပြေးလွှတ်မြောက်ဖို့ဆိုတာက ငှက်ပျော်သီးအခွံခွာစားသလို လွယ်ကူပေမယ့် ဒဏ်ရာအပြင်းအထန်ရထားတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကိုလည်း မထားခဲ့နိုင်ပါဘူး။
သားရဲငှက်ရိုင်းများစွာက ကောင်းကင်တစ်ခွင်ကနေ ထွက်ပေါ်လာသလို ခံစားလိုက်ရတာကြောင့် ရှီဟောင်ဟာ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပါတယ်။ အခုဆို သူ့အသက်ကိုခြွေလိုနေတဲ့ ရေခဲအေးမြှားတွေဟာ မိုးသီးမိုးပေါက်တွေအလား ကျဆင်းလာခဲ့ပါတယ်။
သတ်ဖြတ်လိုစိတ်တွေဟာ လေထုတစ်ခုလုံး ပြည့်နှက်လို့နေပါတယ်။ သစ်တောအတွင်းထဲက သစ်ပင်တွေအားလုံးဟာ အပိုင်းပိုင်းအပြတ်ပြတ် ကျိုးပဲ့သွားပြီး ရေခဲအေးမြှားတွေဟာ ငါးသီတံတွေအလား ထုတ်ခြင်းခတ်ဖောက်ဝင်သွားကြပါတယ်။ ဒါဟာ ရေခဲအေးမြှားတွေရဲ့ လားရာလမ်းကြောင်းကို ကြီးမားလှတဲ့ဆင်နဂါးသားရဲကောင်ကြီးပိတ်ဆို့ထားမယ်ဆိုရင်တောင် ဇကာပေါက်တွေဖြစ်သွားစေပါလိမ့်မယ်။
ရှီဟောင်က အော်ဟစ်လို့မာန်သွင်းလိုက်ပါတယ်။ သူဟာ နှာခေါင်းနဲ့ပါးစပ်ကနေ ချီစွမ်းအားတွေကို အပြည့်အ၀စုစည်းလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ အရောင်အဝါတွေ ထွန်းလင်းခဲ့ပါပြီ။ ဓားတွေလို ထက်မြက်လှတဲ့ လစန္ဒာတက်တူးတွေဟာ သူ့ရဲ့အရှေ့မှာ အကာအကွယ်အရံအတားအဖြစ် ပိတ်ဆို့သွားခဲ့ပြီး သံ သံချင်း ထိခိုက်သံ တချွင်ချွင်သံများ ထွက်ပေါ်သွားပါတယ်။
ရေခဲအေးမြှားတွေဟာ အတားအဆီးကြောင့် တရပ်စပ်လွှင့်စက်သွားသလို အဆက်မပြတ်လည်း တိုးဝင်လာနေတုန်းပါပဲ။ ရေခဲအေးမြှားတွေဟာ အံ့သြစရာကောင်းလောက် တဖိတ်ဖိတ်တောက်ပနေပြီး မြေပေါ်မှာလည်း တောင်ကုန်းငယ်တစ်ခုအလား ပုံထပ်လာခဲ့ပါတယ်။
” ၀ံပုလွှေရွာကလူတွေ… ငါ့ကို အတင်းအကျပ်သေစေချင်တယ်ပေါ့..”
ရှီဟောင်ဟာ ရေခဲမြှားတစ်ချို့ ထပ်ပြီးအထိခံလိုက်ရတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ကြည့်လိုက်ပါတယ်။
မိုးသက်မုန်တိုင်းကျဆင်းလာသလို ရေခဲအေးမြှားတွေဟာလည်း နောက်ဆုံးမှာ ရပ်တန့်သွားခဲ့ပါတယ်။ သိပ့်မကြာခင်မှာပဲ လူတစ်ရာကျော်လောက်ဟာ ရှီဟောင်ရဲ့ မြင်ကွင်းထဲကို ၀င်ရောက်လာပါတယ်။ သူတို့ဟာ တော်တေ်ာဝေးဝေးကနေ စနစ်တကျဝိုင်းရံထားလိုက်ပြီး ရှန်းနီ နဲ့ နွားမိစ္စာချိုတို့ကို ငေးကြည့်မိနေပါတယ်။ သူတို့ရဲ့ နှလုံးသားတွေက ပါးစပ်ထဲကနေ ထွက်ကျလာတော့မတတ် အသက်ရှူ မှားသွားကြပါတယ်။

သူတို့တွေဟာ ရှည်လျားတဲ့သမိုင်းကြောင်းတစ်လျှောက် အစစ်အမှန်မှော်သားရဲတွေကို မြင်တွေ့ရဖို့ မလွယ်ကူနိုင်ပါဘူး။ သူတို့တွေအနေနဲ့ ရှေးဟောင်းမှော်သားရဲတွေရဲ့ အစစ်အမှန်သွေးမျိုးဆက်တွေက ဘယ်လောက်အထိ အဖိုးတန်သလဲဆိုတာကို သိထားကြပါတယ်။ ဒါက အဖိုးတန်တယ်ဆိုတာရဲ့ ဟိုမှာအရပ်က တစ်ဖက်ကမ်းကိုတောင် ကျော်လွန်သွားနိုင်ပါသေးတယ်။
” ကောင်လေး .. ရှန်းနီဆိုတာ အဖိုးတန်လွန်းတဲ့ အစစ်အမှန်မှော်သားရဲကြီးလေ။ ဒါကို မင်းစောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် လက်လွှတ်လိုက်တော့။ ဒါဆိုရင် ငါတို့ကလည်း မင်းကို ခက်ခဲစေမှာ မဟုတ်ဘူး..။”
၀ံပုလွှေရွာရဲ့ အကြီးအကဲတစ်ယောက်က ရင်းနှီးဖော်ရွေစွာနဲ့ ပြောလိုက်ပါတယ်။
ရှီဟောင်က ချက်ချင်းပဲ ဒေါသထွက်သွားပါတယ်။ သူတို့က ရှန်းနီမှော်သားရဲကြီးကို အရင်းမရှိ ကိုမြတ်သာ လုပ်ပြီး အချိုအချောင်နေချင်တာလား။ သိပ့်မကြာခင်မှာ ဒီအဖိုးမဖြတ်နိုင်တဲ့ မှော်သားရဲအစိတ်အပိုင်းတွေကို ကျောက်ခေတ်ရွာကို သူ သယ်သွားနိုင်ပါတော့မယ်။ သည်လိုမျိုး ရှေးဟောင်းအစစ်အမှန်မှော်သားရဲမျိုးဆက်တွေကို ရဖို့ လင်းယုန်စိမ်းကြီးလည်း သေငယ်ဇောမြောနေပြီလေ။ ဒါကိုတောင် ၀ံပုလွှေရွာသားတွေကို သူ့ကို ထွက်သွားခိုင်းနေတယ်။ ရယ်စရာကောင်းလွန်းမနေဘူးလား။
ရှီဟောင်ဟာ သူ့ရဲ့လက်သီးသေးသေးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
” ခင်ဗျားတို့တွေက လူကြီးတွေဖြ၀်ပြီး တော်တော်လွန်နေပြီ..။”

” ကောင်ကလေး။ အသက်ရှင်သန်တယ်ဆိုတာ အမြဲတမ်း ဒီလိုပါပဲကွာ။ ငါတို့က ဒီတောင်တန်းဒေသထဲမှာ အမြဲတမ်းတိုက်ခိုက်နေကြရတာပါပဲ။ ငါတို့က တခြားသူတွေထက် အားနည်းနေရင် ဒါမှမဟုတ် မရက်စက်တတ်ဘူးဆိုရင် ငါတို့ပဲ သေကြရတော့မှာပေါ့။ အာ့ဒါကြောင့် ရက်စက်တတ်ရမှာပဲ..။”
၀ံပုလွှေရွာရဲ့ အကြီးအကဲတစ်ယောက်ဟာ သက်ပြင်းရှည်ကြီးကို တစ်ချက်ချကာ ပြောဆိုလိုက်ပါတယ်။
” ဒီကနေ မြန်မြန်ထွက်သွားလိုက်တော့..။”
ရှီဟောင်ကတော့ တိတ်ဆိတ်နေခဲ့ပြီး ကျောက်ခေတ်ရွာသားတွေ ရောက်လာမှာကို စောင့်ကြည့်လို့နေပါတယ်။
“၀ိုး.. တကယ်ကို ကြောက်စရာကောင်းတာပဲ.. အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက အစိမ်းရောင်တောက်နေတာပဲ.. ပထမတော့ ငါက သာမန်ပဲထင်ထားတာ။ မမျှော်လင့်ဘဲ ကျောက်ခေတ်ရွာသားလေးတစ်ယောက်ဆီမှာ မိုးကောင်းကင်ရဲ့ အရှင်သခင်က အံ့သြစရာကောင်းလောက်အောင် ခိုလှုံသွားမယ်လို့ မထင်မိဘူး။”
၀ံပုလွေရွာရဲ့အကြီးအကဲဟာ တမက်သက်သက် အဓိပ္ပါယ်မရှိတာတွေ ပြောနေတာတော့မဟုတ်ပါဘူး။
” သူက ကျွန်တော့်ကို ကာကွယ်ပေးတာလေ။
အာ့ဒါကြောင့်ပဲ အဆိပ်မိသွားတာ။ ကျွန်တော်သေရရင်တောင် သူ့ကို ပြန်ကာကွယ်သွားမှာ..။”
ရှီဟောင်က ရင်ဘတ်ထဲကလာတဲ့ စကားတွေကို ပြောဆိုလိုက်ပါတယ်။ သူလည်း သိနေပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက တော်တော်လေးကို အခြေအနေမကောင်းတော့ပါဘူး။ ဒီ့အတွက်လည်း သူဟာ မျက်ရည်ကျနေရပါပြီ။
” ရွာအကြီးအကဲ .. ဒီကောင်ကြီးက ကျုပ်တို့ရဲ့ ဘိုးဘေးဝိညာဉ်တွေကို ပူဇော်ဖို့ အကောင်းဆုံးပဲ။ အကြီးအကဲအနေနဲ့ သနားစရာမလိုပါဘူး။”
ရွာသားတစ်ယောက်က ပြောဆိုလိုက်ပါတယ်။

” မင်းလုပ်ရဲလား ?!”
ရှီဟောင်ရဲ့ မျက်လုံးတွေဟာ ရဲတက်သွားပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ရှေ့မှာပိတ်ရပ်လိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပါတယ်။

” ဟား…. ကောင်းလိုက်တဲ့ သတ္တိကွာ … ”
၀ံပုလွေရွာအကြီးအကဲတစ်ယောက်က လှောင်ရယ်ရယ်လိုက်ပါတယ်။
” မင်းက ဒီငှက်မိစ္စာကို တကယ်ကာကွယ်နိုင်မယ်ထင်တယ်ပေါ့ … တော်တော်ကြင်နာတတ်တဲ့ ကလေးနဲ့တူတယ်။”

သည့်နောက်မှာတော့ သူ့ရဲ့မျက်လုံးတွေဟာ အေးစိမ့်သွားပါတယ်။ သူဟာ လက်ကိုဝေ့ရမ်းပြလိုက်ပါပြီ။
” အကြေးခွံစိမ်းလင်းယုန်ငှက်ကို သတ်မယ်။ မြှားနဲ့ ပစ်ကြတော့..”
၀ံပုလွှေရွာသားတွေဟာ ထိတ်လန့်နေကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တွန့်ဆုတ်မနေ၀ံ့ကြပါဘူး။ ဒါ့ကြောင့်ပဲ သူတို့ဟာ အမိန့်ကိုနာခံပြီး မြှားမိုးရွာစေကာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို တိုက်ခိုက်လိုက်ပါတယ်။
ရှီဟောင်ရဲ့မျက်လုံးတွေဟာ လုံးဝကို နီရဲလို့သွားခဲ့ပါတယ်။ သူဟာ ချက်ချင်းပဲ ခုခံကာကွယ်တွန်းလှန်ဖို့ ကြိုးစားလိုက်ပါတယ်။ ရှေးဟောင်းအစစ်အမှန်နတ်မိစ္စာငှက်မျိုးဆက်သွေးနဲ့ ချိတ်ဆက်ထားတဲ့ ငွေရောင်လစန္ဒာစွမ်းအားတွေကို ထုတ်ဖော်ရင်း ရေခဲအေးမြှားတွေကို တားဆီးဖို့ပါ။
သို့ပေသိ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခန္ဓာကိုယ်ကြီးက ကြီးမားလွန်းလှပါတယ်။ ဒါ့ကြောင့်လည်း ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ကတော့ တော်တေ်ာလေးကို မဖြစ်နိုင်ပါဘူး။ ရှီဟောင်ဟာ ငွေရောင်လစန္ဒာစွမ်းအားတွေနဲ့ ရေခဲအေးမြှားတွေကို ပိတ်ဆို့ကာကွယ်ရင်း လူးလာခေါက်တုန့်ရှပ်တိုက်ပြေးလွှားနေလို့ပါ။ သူ့ရဲ့ ကျောပြင်ဟာ ချောင်းငယ်တစ်ခုလို ချွေးတဒီးဒီးကျဆင်းလာအောင် ပင်ပန်းလာခဲ့ပါတယ်။
ရှီဟောင်ရဲ့အခြေအနေကို အခုအချိန်မှာ ၀ံပုလွှေရွာက လူတွေအားလုံးရှင်းရှင်းလင်းလင်းမြင်နေရသလို သူတို့ရဲ့ အကြီးအကဲ ပိုင်လျှန် လည်း ရှီဟောင်က လင်းယုန်စိမ်းငှက်ကြီးလိုစွမ်းအားတွေကို ထုတ်သုံးနေတာကို မြင်လိုက်ရပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရှီဟောင်ထက်စာရင် အဆရာထောင်ချီကြီးမားလွန်းတာကြောင့် အချိန်ကြာလာတာနဲ့အမျှ မြန်မြန်အားကုန်လာပါလိမ့်မယ်။ ဒါဆိုရင် သူတို့ကို သတ်ရတာ ကြက်ကလေး ငှက်ကလေးတွေကို သတ်ရသလိုကို လွယ်ကူသွားပါလိမ့်မယ်။

” ရွာအကြီးအကဲ ။ ဒီကလေးကိုလည်း အလွှတ်မပေးဘူးလို့ ကတိပေးထားတယ်မလား..။ ”
” ကျုပ် သူ့ရဲ့ အဝေးကနေတိုက်ခိုက်နိုင်စွမ်းကိုတော့ လန့်တယ်။ အလေးအနက်မထားလို့ မရဘူး။ သူနဲ့ပတ်သက်ရာတွေကို အရမ်းဂရုစိုက်တာကို သိရမှတော့ ကျုပ်တို့ကိုင်တွယ်ဖြေရှင်လို့ရပါတယ်။ ဒီကလေးသာ ကြီးလာလို့ကတော့ အတိုင်းအဆမရှိတဲ့ အန္တရာယ်ကောင်ဖြစ်လာလိမ့်မယ်။ ထုံးစံအတိုင်းပဲ အခုကျုပ်တို့ သူ့ကို ၀ိုင်းသတ်ကြတာပေါ့..။ ”

သိပ့်သည်းခြင်းအော်ရာတွေပြည့်နှက်နေတဲ့ ရေခဲအေးမြှားတွေဟာ ၀ှစ်ခနဲအသံနဲ့အတူ ပြေးထွက်သွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရှေ့က သစ်ပင်အိုကြီးတွေကတော့ အပိုင်းပိုင်း အစစ ဖွာလံကျဲထွက်သွားပါတယ်။
ရှီဟောင်ဟာ အရမ်းကို ပင်ပန်းလာခဲ့ပေမယ့်လည်း ကြိုးစားခုခံနေပါတယ်။ သူက အံတင်းတင်းကြိတ်လိုက်ပါတယ်။ သူ့ရဲ့ ငွေရောင်လစန္ဒာအလင်းတန်းတွေက အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးတစ်ကိုယ်လုံးကို ကာကွယ်ရခက်ခဲနေဆဲပါပဲ။

၀ူး..!

ရေခဲအေးမြှားတွေဟာ မိုးသက်မုန်တိုင်းတွေအလား လင်းယုန်စိမ်းငှက်ကြီးကို အသားတစ်အလား ထိုးဖောက်ချင်နေပါပြီ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ မျက်လုံးတွေထဲမှာတော့ ဒေါသမီးတောက်တွေနဲ့ ၀မ်းနည်းမှုတွေကြောင့် အသားတွေတောင် တဆတ်ဆတ်တုန်နေပါတယ်။ သူက လုံးဝကို မရွေ့နိုင်ပါဘူး။ မဟုတ်ရင် ပုရွတ်ဆိတ်လို လူသားတွေက သူ့မျက်ထဲမှာ အရေးအရာမဟုတ်သလို ဒီလူတွေလည်း အနားတောင်သီရဲမှာ မဟုတ်ပါဘူး။

ဒေါင်, ဒေါင် …။

၀ံပုလွှေရွာသားတွေရဲ့ အဆက်မပြတ်မြှားမိုးရွာစေတာကြောင့် ရှီဟောင်ဟာ သူ့ရဲ့ အကာအကွယ်စွမ်းအားတံတိုင်းကို ပိုပြီး သိပ့်သည်းစေလိုက်ပါတယ်။ ဒါပေမဲ့ မလုံလောက်ခဲ့ပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ရေခဲအေးမြှား အချောင်း နှစ်ဆယ်လောက် စိုက်ဝင်သွားခဲ့ပါတယ်။ ရေခဲအေးမြှားတွေဟာ လင်းယုန်စိမ်းကြီးရဲ့ အသားနက်နက်ထဲထိ ၀င်ရောက်သွားတာကြောင့် သွေးတွေ ဒရဟောထွက်လာပါတယ်။
” အဒေါ်ကြီး……။”
ရှီဟောင်က နာနာကျင်ကျင်အော်ဟစ်လိုက်ပါတယ်။ သူ ချစ်ခင်တွယ်တာရတဲ့သူတွေကို သူ့ရှေ့မှာ ပြင်းပြင်းထန်ထန်ထိခိုက်စေတာဟာ မျက်ရည်တွေအတားအဆီးမရှိကျစေပါတယ်။ အမှန်တကယ်တော့ သူလည်း သူ့ထုတ်သုံးနိုင်တဲ့ စွမ်းအားရဲ့ အကန့်အသတ်ကို ရောက်ခါနီးပြီလေ။

*****

Comment

Leave a Reply

Options

not work with dark mode
Reset