အခန်း (၂၅၁) ပဋိပက္ခနယ်မြေ၊ တာအိုအရှင်သခင်
မှောင်မိုက်တဲ့ ခန်းမထဲမှာ တရားထိုင်နေတဲ့ တာအိုအဘိုးအိုတစ်ဦးဟာ ရှေးဟောင်း ခေါင်းလောင်းသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ပါတယ် “အင်း… နောက်ထပ် ပဋိပက္ခရုပ်ခန္ဓာ ပေါ်လာပြန်ပြီပဲ”
အံအားသင့်သွားတဲ့ တာအိုအဘိုးအိုဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါမှာတော့ ထူးဆန်းသွားပါတယ်။
“ဒီကလေးက ဘယ်လိုလုပ်ပြီး ပဋိပက္ခရုပ်ခန္ဓာကို ရသွားတာလဲ၊ သူ့ဝိညာဉ်က ပဋိပက္ခကနေ လာတာလည်း မဟုတ်ဘဲနဲ့” တာအိုအဘိုးအိုဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး တွေးကြည့်လေ ထူးဆန်းလေ ဖြစ်သွားပါတယ်။
အဲဒီနောက် တာအိုအဘိုးအိုဟာ ခေါင်းခါပြီး တစ်ချက် ရယ်မောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး မျက်လုံးပြန်မှိတ်လိုက်ပါတယ်။
ခေါင်းလောင်းသံကတော့ ခန်းမထဲမှာ ပဲ့တင်ထပ်နေတုန်းပါပဲ။ ဒီခေါင်းလောင်းသံဟာ ရှေးခေတ်ကနေ အချိန်ကိုဖြတ်ပြီး မြည်ဟိန်းနေသလိုပါပဲ။
ဟန်ကျွယ်ဟာ အိပ်မက်မက်နေပြီး အိပ်မက်ထဲကနေ နိုးထသွားတဲ့အခါ ဘဝဟောင်းက ကမ္ဘာမြေကို ပြန်ရောက်သွားပြီး အိမ်ထဲမှာ ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းမူးပြီး ရှုပ်ထွေးသွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဖုန်းဟာ ရုတ်တရက် မြည်လာပါတယ်။ ဟန်ကျွယ် ဖုန်းကို ကောက်ကိုင်လိုက်တဲ့အခါမှာတော့ တစ်ဖက်ဆရာဝန်က ဆေးစစ်ချက်မှားတာလို့ ပြောလာပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ကမ္ဘာမြေကို ပြန်ရောက်လာလို့ ပျော်ရွှင်မှုမရှိတဲ့အပြင် အကြောင်းအရင်းတစ်ချို့ကြောင့် စိတ်ပျက်လက်ပျက်တောင် ဖြစ်သွားပါတယ်။
‘ငါ နှစ် ၂၀၀၀ လုံး ကျင့်ကြံအားထုတ်ခဲ့တာက အိပ်မက်တစ်ခုလား’
သေချာစဉ်းစား ကြည့်လိုက်တဲ့အခါမှာတော့ တကယ်ပဲ အိပ်မက်နဲ့တူနေတာကို ဟန်ကျွယ် တွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ချိန်လုံးနီးပါး ကျင့်ကြံအားထုတ်နေခဲ့တာကြောင့် ဘာအတွေ့အကြုံမှလည်း များများစားစား မရှိပါဘူး။
ဟန်ကျွယ်ရဲ့ဘဝဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ သူ့ဘဝကို ပျင်းရိငြီးငွေ့လာပါတယ်။ တစ်ညမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ယံက ကြယ်တွေကို ကြည့်မိလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကြယ်တွေက သူ့ကို ဆင့်ခေါ်နေတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ သူ့အိပ်မက်က ဘယ်အချိန် အဆုံးသတ်သွားလဲ မသိပါဘူး။ ညကောင်းကင်ယံကို ကြယ်တွေအကုန်လုံး လင်းလက်တောက်ပသွားတာကိုပဲ မှတ်မိပါတော့တယ်။
ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပြီး မြူခိုးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီနေရာမှာ လောကကြီးက အခုမှစဖြစ်ပေါ်သလို ဘာဆိုဘာမှ မရှိပါဘူး။
ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲက ပဋိပက္ခချီဟာ ထိုးတက်သွားပြီး ကြယ်ဘီလီယံချီမှာ ပြည့်နှက်နေတဲ့ ဝိညာဉ်စွမ်းအားနေရာမှာ အစားထိုးဝင်ရောက်သွားတာကို တွေ့လိုက်ရပါတယ်။ သေခြင်းရှင်ခြင်း မဟာတာအိုကလည်း ဟန်ကျွယ်နဲ့ ကြယ်တွေကို ဆက်သွယ်ပေးလိုက်ပြီး မြင်သူတိုင်း လက်ဖျားခါရလောက်တဲ့ ပန်းချီကားတစ်ချပ် ဖြစ်ပေါ်သွားစေပါတယ်။
သေခြင်းရှင်ခြင်း ပန်းချီကား။
ဟန်ကျွယ်ဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါမှာတော့ သေခြင်းရှင်ခြင်း ပန်းချီကားဟာ ဟန်ကျွယ် လက်ဖဝါးပေါ် ရောက်လာပါတယ်။ ဒီပန်းချီးကားဟာ သေခြင်းရှင်း မဟာတာအိုရဲ့ ဆန်းကြယ်စွမ်းအားကနေ ဖြစ်ပေါ်လာတာပါ။ ဝိညာဉ်ရတနာလို့ ပြောရင်လည်း မမှားပါဘူး။
ဟန်ကျွယ်ဟာ လက်ပြန်သိမ်းပြီး သေခြင်းရှင်ခြင်း ပန်းချီကားကို ဖျောက်ပစ်လိုက်ပါတယ်။ သူခန္ဓာကိုယ်ဆီ ပြန်ရောက်မှာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဒီပန်းချီကားရဲ့အစွမ်းကို စမ်းသပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘေးဘီးပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ပါတယ်။
‘ဒါက ဘယ်နေရာလဲ၊ ဘာလို့ ဘာမှမရှိရတာလဲ’
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ရှေ့မှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။
“ပဋိပက္ခရုပ်ခန္ဓာကို နိုးထနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒါက ပဋိပက္ခနယ်မြေပဲ၊ ပဋိပက္ခသက်ရှိတွေရဲ့ သိစိတ်ပဲ ဒီနယ်မြေကို ဝင်လာနိုင်တယ်”
ရုပ်သွင်ဟာ ဟန်ကျွယ်ဆီ လျှောက်လာရင်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီရုပ်သွင်ရဲ့ ပုံရိပ်အစစ်အမှန်ကို မမြင်နိုင်ပါဘူး။ ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆို လူအများကြီး ဝင်နိုင်မှာပေါ့”
‘ဒီပဋိပက္ခနယ်မြေက ဓားတာအိုမြစ်လိုပဲနဲ့ တူတယ်၊ ဒါပေမဲ့ အဆင့်သတ်မှတ်ချက်က အရမ်းနိမ့်လွန်းနေတယ်’
“ဘယ်က အများကြီး ရှိရမှာလဲ၊ လောလောဆယ်မှာ မင်းနဲ့ငါပဲ ရှိတယ်”
“ပဋိပက္ခတားမြစ်နယ်မြေမှာ သက်ရှိတွေ အများကြီးရှိတယ်မလား”
“သူတို့က နှင်ထုတ်ခံရတဲ့ အရှုံးသမားတွေ၊ ပဋိပက္ခကနေ မွေးဖွားလာတာ မဟုတ်ဘူး”
“ကျွန်တော် တာအိုရောင်းရင်းရဲ့နာမည်ကို သိလို့ရမလား”
“ရှန်နန်းတော်၊ တာအိုအရှင်သခင်၊ မင်းကရော”
“ကောင်းကင်ရုံးတော်၊ စီးမာယိ”
“အင်း… နောက်ကျရင် ငါတို့တွေ တာအိုအတူဆွေးနွေးဖို့ အခွင့်အရေး ရှိမှာပါ၊ အခုတော့ မင်းကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်လိုက်အုန်း”
စကားအဆုံးမှာပဲ တာအိုအရှင်သခင်ဟာ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်လည်း ပင်ပန်းနေတာမို့ ပဋိပက္ခနယ်မြေထဲက ထွက်ခွာဖို့ ကြံစည်လိုက်ပါတယ်။ ဟန်ကျွယ် ဒီလို ကြံစည်လိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ရဲ့သိစိတ်ဟာ ခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားပါတယ်။
မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက အရာတွေကို မြင်လိုက်ရတဲ့အတွက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်
‘ဒါက အစစ်အမှန်ပဲ’
ဟန်ကျွယ်ဟာ အခုမြင်တွေ့နေရာတဲ့ အရာတွေ အားလုံးက အစစ်အမှန်လို့ ခံစားနိုင်ပါတယ်။ အိပ်မက်ထဲမှာ ဟန်ကျွယ်ဟာ ဘဝဟောင်းကို ပြန်ရောက်သွားပေမဲ့ ထင်သလောက် မပျော်ရွှင်ရတဲ့ အကြောင်းအရင်းက ကျင့်ကြံတာနဲ့ အသားကျနေပြီမို့လို့ပါ။
ဟန်ကျွယ်ဟာ သူ့ဝိညာဉ် အသွင်ပြောင်းလဲသွားတာကို ရုတ်တရက် သတိထားမိလိုက်တာကြောင့် မျက်နှာအကြီးအကျယ် ပြောင်းလဲသွားပါတယ်။ ပဋိပက္ခချီက သူ့ဝိညာဉ်ဘေးနားမှာ ရစ်ပတ်နေတဲ့အတွက် ဟန်ကျွယ်ရဲ့ဝိညာဉ်ဟာ ဖျော့တော့တဲ့အလင်းရောင် ထွက်ပေါ်နေပါတယ်။
ဟန်ကျွယ်ဟာ သေသေချာချာ ခံစားကြည့်တဲ့အခါမှာတော့ ဧကရာဇ်အဆင့်ကို အာရုံခံလို့ ရသွားပါတယ် ‘ငါနောက်ဆုံးတော့ ဧကရာဇ်အဆင့်ရဲ့ရောင်ဝါကို ခံစားနိုင်ပြီပဲ’
ဒီခံစားချက်က အရမ်းထူးဆန်းပြီး စကားလုံးနဲ့ ဖော်ပြလို့မရပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်က စွမ်အားကြီးရုံသာမက ဝိညာဉ်တစ်ခုလုံး ပြောင်းလဲသွားတာကိုလည်း ခံစားလာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် အင်မော်တယ်ဧကရာဇ်က အသက်တစ်မျှင် ကျန်နေသေးရင်တောင် ထာဝရအသက်ရှင်နိုင်ပါတယ်။
[စနစ် အဆင့်မြှင့်တင်ပြီးသွားပါပြီ။]
ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ အံဩမှင်သက်သွားပါတယ်။
‘ဘယ်လိုလုပ်ပြီး စနစ်က အဆင့်မြှင့်တင်လို့ ပြီးသွားတာလဲ’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။
[သိဟုန်ယဲ့: အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်၊ နတ်ရွှေကျီးမျိုးနွယ်စုမှ ဖြစ်ပြီး ရွှေကျီးခုနစ်ကောင်အား ဖွားမြင်ခဲ့ဖူးသည်။ အငယ်ဆုံး ရွှေကျီးနှစ်ကောင်မှာ အရည်အချင်း ညံဖျင်းလွန်းသောကြောင့် နတ်ရွှေကျီးမျိုးနွယ်စုမှ နှင်ထုတ်ခံခဲ့ရသည်။ သိဟုန်ယဲ့သည် သူ့ကလေးနှစ်ယောက်ကို အမြဲတမ်း စိုးရိမ်ကြောင့်ကြနေခဲ့ပြီး တွက်ချက်ကြည့်သောအခါ သင့်က သူ့ကလေးနှစ်ယောက်အား လက်ခံပေးထား၍ သင့်အပေါ်တွင် အကောင်းမြင်လာခဲ့သည်။ အကယ်၍ သင်သာ နတ်ရွှေကျီးနှစ်ကောင်အား သတ်ခဲ့မည်ဆိုလျှင် သိဟုန်ယဲ့၏ မုန်းတီးခြင်းကို ခံရမည်ဖြစ်ပြီး လောကအဆုံးတိုင် လက်စားလက်ချေခြင်းကို ခံရပေလိမ့်မည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
[ကောင်းကင်ဒေါသဗုဒ္ဓ: အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်၊ ဗုဒ္ဓဂိုဏ်းမှ ရှန်ဗုဒ္ဓဖြစ်ပြီး ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း၏ သခင်ဟောင်း ဖြစ်သည်။ ကောင်းကင်ဒေါသဗုဒ္ဓသည် သင်က ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်းအား အချစ်ဒုက္ခမှ လွတ်မြောက်ရန် ကူညီခဲ့သောကြောင့် သင့်အား မုန်းတီးသွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်ခွဲ့။]
‘ရှန်စစ်သူကြီးက အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့်’
‘ကျန်းယီက အင်မော်တယ်ဧကရာဇ်အဆင့် ပထမအဆင့်’
‘ကောင်းကင်ဧကရာဇ်၊ နတ်ဆိုးဧကရာဇ်နဲ့ ထိုက်စုတျန်ရဲ့ ကျင့်ကြံမှုက မသိသေးဘူး’
‘အင်မော်တယ်ဧကရာဇ်က ခြောက်ဆင့်ရှိတာလား၊ ကိုးဆင့် ရှိတာလား’
‘ဒီလိုဆို ကောင်းကင်ဧကရာဇ်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’
‘နေပါအုန်း… ရှန်စစ်သူကြီးက တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ တိုက်ခိုက်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရလာတာဆိုတော့ တိုက်တိုင်းအောင်ဗုဒ္ဓက ဘယ်လောက်ထိတောင် စွမ်းအားကြီးတာလဲ’
ဟန်ကျွယ်ဟာ ထိတ်လန့်သွားပြီး အန္တရာယ်အငွေ့အသက်ကို ထပ်မံခံစားလိုက်ရပါတယ်။
‘မဖြစ်ဘူး… ငါ ဧကရာဇ်အဆင့်ကို မြန်မြန်တက်မှာပဲ’
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကို ဆက်မကျင့်ကြံတော့ဘဲ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို ပြန်ကျင့်ကြံပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်မျက်လုံးတွေထဲမှာ အံအားသင့်မှုတွေ အပြည့်ပါပဲ။
ဟန်ကျွယ်ဟာ တာအိုအသိဉာဏ်ပွင့်လင်းမှုကို ရရှိပြီးကတည်းက ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်နဲ့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် အင်မော်တယ်ဧကရာဇ် ဖြစ်လာဖို့ အရည်အချင်း လုံးဝပြည့်မီသွားပါပြီ။
ပြန်လည်မွေးဖွားခြင်းတာအိုက ကံတရားအထောက်အပံ့ မလိုအပ်ပါဘူး။ ပြန်လည်မွေးဖွားခြင်းတာအိုဟာ ကံတရားအထောက်အပံ့ကို ကျော်ဖြတ်ပြီး ဟန်ကျွယ်ကို ပြီးပြည့်စုံတဲ့ အင်မော်တယ်ဧကရာဇ် လုပ်ပေးနိုင်ပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ဒါအရမ်းကောင်းတယ်၊ ငါ ပြန်မွေးဖွားစရာ မလိုတော့ဘူး’
ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ ချက်ချင်းပဲ ကြိုးစားပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အချိန်အကြာကြီး ဂူအောင်းကျင့်ကြံမှာ ဖြစ်တဲ့အတွက် ဝူတောက်ကျန့်ကို အပြင်မှာနေခိုင်းလိုက်ပါတယ်။
ခမ်းနားထည်ဝါလှတဲ့ ရှန်နန်းတော်မှာ ထူးဆန်းလှတဲ့ရုပ်တု နှစ်တန်း ရှိနေပါတယ်။ တစ်ချို့ရုပ်တုတွေက ကြောက်ဖို့ကောင်းပြီး တစ်ချို့ရုပ်တုတွေက လေးနက်တည်ကြပါတယ်။ တစ်ချို့ရုပ်တုတွေကျတော့ သနားစရာကောင်းတဲ့ မျက်နှာလေးတွေပါ။
ခန်းမထဲမှာ ချောမောတဲ့ အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူဟာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဓားတစ်လက် ချိတ်ဆွဲထားပါတယ်။ လှံသုံးချောင်းကလည်း သူ့နောက်မှာ ဝဲပျံနေပါတယ်။ ဒီလိုသာမန်ကာလျှံကာ မတ်တတ် ရပ်နေရုံနဲ့တင် ပြိုင်ဘက်ကင်းတဲ့ ရောင်ဝါတွေ ထွက်ပေါ်နေပါတယ်။
သူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ တာအိုအရှင်သခင်ပါ။
တာအိုအရှင်သခင်ရှေ့မှာတော့ ဆံဖြူအဘိုးဘိုတစ်ဦး ထိုင်နေပါတယ်။ အဘိုးဘိုဟာ မျက်လုံးမှိတ်ထားပြီး ဘာရောင်ဝါမှ မရှိတဲ့အတွက် လူသေတစ်ယောက်လိုပါပဲ။
“ကောင်းကင်ရုံးတော်မှာ ပဋိပက္ခရုပ်ခန္ဓာ ပေါ်လာတာလား” အဘိုးအိုက တစ်လုံးချင်း မေးလိုက်ပါတယ်။
တာအိုအရှင်သခင်က ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ် “ဟုတ်ပါတယ်၊ သူ့နာမည်က စီးမာယိပါ”
အဘိုးဘိုဟာ မျက်ဖုံးဖွင့်လိုက်ပြီး ပျော့ပျောင်းတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဒီလိုဆိုရင် ကောင်းကင်ရုံးတော်က ရှန်နန်းတော်နဲ့ တစ်ဖက်တည်းမှာရပ်ဖို့ အရည်အချင်း ပြည့်မီသွားပြီ”
တာအိုအရှင်သခင်ဟာ အထင်အမြင်သေးတဲ့မျက်နှာနဲ့ ပြုံးလိုက်ပါတယ်။
“မင်းအခြေအနေရော ဘယ်လိုရှိလဲ” အဘိုးဘိုက မေးလိုက်ပါတယ်။
တာအိုအရှင်သခင်ရဲ့ မျက်နှာဟာ ချက်ချင်းကို လေးနက်တည်ကြည်သွားပါတယ် “ကောင်းကင်မိစ္ဆာမျိုးနွယ်စုက ရင်ဆိုင်ဖို့ တော်တော်ခက်တယ်၊ သူတို့မှာ ဗုဒ္ဓဂိုဏ်းရဲ့ အကူအညီလည်းရှိတယ်၊ မကြာသေးခင်ကပဲ ကျွန်တော် ရတနာကိုးပါးဗုဒ္ဓနဲ့ ရင်ဆိုင်တိုးမိပြီး ဒဏ်ရာကြီးကြီးမားမား ရတော့မလို့”
အဘိုးအိုဟာ မျက်မှောင်ကြုတ်သွားပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း… ဗုဒ္ဓတစ်ပါးက တကယ်ကို ဝင်နှောင့်ယှက်တာပဲ၊ ကြည့်ရတာ ဗုဒ္ဓဂိုဏ်းကို အရင်လို အရှက်မရှိတုန်းပဲ” တာအိုအရှင်သခင်ဟာ ခေါင်းညိတ်ပြီး အဘိုးအိုရဲ့စကားကို ထောက်ခံလိုက်ပါတယ်။
အဲဒီနောက် တာအိုအရှင်သခင်ဟာ ခန်းမထဲကို ထွက်သွားပါတယ်။ ဒါပေမဲ့ ခန်းမဝကို အရောက်မှာပဲ ရုတ်တရက် ခေါင်းလှည့်ပြီး ပြောလိုက်ပါတယ် “စီးမာယိကို ပစ်မှတ်မထားနဲ့၊ ကျွန်တော် သူနဲ့ တိုက်ခိုက်ချင်သေးတယ်”
စကားအဆုံးမှာပဲ တာအိုအရှင်သခင်ဟာ ပျောက်ကွယ်သွားပါတယ်။
အဘိုးအိုဟာ ခေါင်းခါပြီး ရည်မောလိုက်ပါတယ်။ အဲဒီနောက် အဘိုးအိုရဲ့ အကြည့်တွေဟာ အေးစက်သွားပါတယ် “စီးမာယိ… တော်တော်လေး သတိကြီးတဲ့လူပဲ၊ နာမည်တုတောင် သုံးတယ်ဆိုတော့ ဒီကလေးက ပါရမီရှင်နဲ့ မတူဘူး” အဘိုးဘိုဟာ နက်နက်တဲ့လေသံနဲ့ ရေရွတ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ အဘိုးဘိုဟာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။ မတ်တတ်မရပ်တာ အတော်ကြာပြီ ဖြစ်တာကြောင့် အဘိုးအိုရဲ့ခန္ဓာကိုယ်ဟာ အနည်းငယ်ယိုင်ထိုးနေပါတယ်။
“မိတ်ဆွေဟောင်းဆီ သွားလည်သင့်ပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 251
? Views, Released on December 3, 2024