Switch Mode

Chapter – 242

အခန်း (၂၄၂) ဝေးကွာနေသေးသော ဧကရာဇ်အဆင့်
ဝတ်ရုံဖြူဗုဒ္ဓဟာ ပေါက်ကွဲလုနီး ဖြစ်နေပါပြီ ‘သေစမ်း… သူက ငါ့ကို တကယ်ကြီး နှစ်ဝက်တောင် စောင့်ခိုင်းတယ်၊ ဗုဒ္ဓတွေတောင် ငါ့ရှေ့မှာ ဒီလောက်ထိ ဟိတ်ဟန်မရှိဘူး’ ဝတ်ရုံဖြူဗုဒ္ဓလည်း ဘာမှမတက်နိုင်ဘဲ ဗုဒ္ဓကျမ်းစာတွေ ရွတ်ဖတ်ပြီး စိတ်ထိန်းရပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရှေ့မှာ ပေါ်လာပါတယ် “ဘာကိစ္စလဲ”
သစ်တစ်ပင်အောက်မှာ တရားထိုင်နေတဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်စိမှေးပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်း စွန်းချွမ်းက ဘာကိစ္စတွေနဲ့ ဒီလောက်တောင် အလုပ်များနေတာလဲ”
“ကောင်းကင်လျှို့ဝှက်ချက် ထုတ်ပြောလို့မရဘူး”
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ကိုကြည့်ပြီး ထရိုက်ချင်စိတ် ပေါက်လာပါတယ်။ ဒါပေမဲ့ တကယ် ထမရိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို သူ့မနိုင်တဲ့အပြင် ဟန်ကျွယ်အထက်မှာ ကောင်းကင်ဧကရာဇ် ရှိနေတာကြောင့်ပါ။
ဝတ်ရုံဖြူဗုဒ္ဓက မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဒီနှစ်ထဲမှာ သေမျိုးကမ္ဘာက အေးချမ်းနေတယ်၊ ပါရမီရှင်တွေလည်း အမြောက်အမြား ထွက်ပေါ်လာတယ်၊ ဒါပေမဲ့ ဘုံပျံတက်နှုန်းက အရမ်းမြင့်နေတယ်၊ ကျုပ် သူတို့ကို သေမျိုးကမ္ဘာမှာပဲ ဆက်နေစေချင်တယ်၊ ဒါပေမဲ့ ကျုပ်သူတို့ကို ဖိအားပေးလို့မရဘူး…”
ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားက ဘာဖြစ်လို့ သူတို့ကို သေမျိုးကမ္ဘာမှာ ဆက်နေစေချင်တာလဲ”
“သေမျိုးကမ္ဘာမှာ ကျင့်ကြံသူများလေလေ ကံတရားအထောက်အပံ့က အားကောင်းလေလေပဲ၊ ဒီလိုဆိုရင် သေမျိုးကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီကလည်း အားကောင်းလာပြီး သေမျိုးကမ္ဘာတစ်ခုလုံး ပိုပိုအားကောင်းလာလိမ့်မယ်၊ ကျုပ်တို့ရဲ့ ကံတရားအထောက်အပံ့ကလည်း ပိုတိုးတက်လာလိမ့်မယ်”
ဝတ်ရုံဖြူဗုဒ္ဓဟာ သူ့ရဲ့ဆန္ဒအမှန်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ဖွင့်ပြောလိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီအကြံက သိပ်မကောင်းဘူးနော်၊ ဟုတ်တယ်မလား”
‘ဒါ ကောင်းကင်ရုံးတော်ရဲ့ သွေးသစ်ကို ဖြတ်တောက်တာပဲ၊ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတွေကို အမှီပြုပြီး ပါရမီရှင်တွေ အမြောက်အမြား ရနေတာ၊ ဒီကောင် မသိတာလား၊ ဒါမှမဟုတ် တမင်သက်သက် လုပ်တာလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
“ဒီအကြံက မကောင်းမဟုတ်ဘူး၊ စွမ်းအားကြီးတဲ့ သေမျိုးကမ္ဘာတိုင်းက အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေကို ထိန်းသိမ်းထားကြတာချည်းပဲ”
“ခင်ဗျား ဒီကိစ္စအတွက် ကောင်းကင်ရုံးတော်ကို စိုးရိမ်စရာ မလိုဘူး၊ ဘုံပျံတက်တဲ့ ကျင့်ကြံသူအများစုက ကောင်းကင်ရုံးတော်ထဲ ဝင်မယ်ဆိုရင် ကောင်းကင်စစ်သားတွေပဲ ဖြစ်နိုင်ကြတာ၊ နောက်ပြီး ကောင်းကင်ရုံးတော်ထဲဝင်ဖို့ဆိုတာလည်း အရမ်းခက်တယ်၊ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတွေကို အုပ်ချုပ်တယ်ဆိုပေမဲ့ သေမျိုးကမ္ဘာတွေကိုချည်း အမှီပြုနေတာ မဟုတ်ဘူး” ဝတ်ရုံဖြူဗုဒ္ဓက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်နဲ့ သေမျိုးကမ္ဘာတွေရဲ့ ဆက်ဆံရေးကို အလိုလိုတွေးမိလိုက်ပါတယ်။
ကောင်းကင်ရုံးတော်က ကံတရားအထောက်အပံ့ လိုတယ်ဆိုပေမဲ့ သေမျိုးကမ္ဘာရဲ့ ကံတရားအထောက်အပံ့ကိုချည်း မှီခိုနေတာ မဟုတ်ပါဘူး။ လိုတော့လိုတယ်၊ ဒါပေမဲ့ မဖြစ်မနေ လိုအပ်တာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒါဆိုလည်း ခင်ဗျား ကြိုက်သလိုလုပ်၊ ကျုပ်မှာ ကျင့်ကြံစရာရှိသေးတယ်၊ ဒီကိစ္စတွေကို ခင်ဗျားဆီပဲ လွှဲထားခဲ့မယ်၊ ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို ကျုပ်တို့နှစ်ယောက် ခွဲယူကြတာပေါ့၊ ခင်‌ဗျားသာ ကျုပ်ရန်သူ ဖြစ်မလာဘူးဆိုရင် ဒီသေမျိုးကမ္ဘာမှာ နေချင်သလို လုပ်ချင်သလို လုပ်လို့ရတယ်”
[ဝတ်ရုံဖြူဗုဒ္ဓသည် သင့်အား မျက်နှာသာပေးမှု တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်ခွဲ။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကြောင့် အတော်လေး ကျေနပ်အားရသွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓက အပြုံးနဲ့ ပြောလိုက်ပါတယ် “ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ဒီသေမျိုးကမ္ဘာရဲ့ အစောင့်နတ်ဆိုတော့ ကျုပ်က ခင်ဗျားရဲ့ သဘောတူညီချက်လိုတယ်”
ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျား ဧကရာဇ်အဆင့်ကို ဘယ်တော့ တက်လှမ်းမှာလဲ”
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်က ဒီမေးခွန်းကို ရုတ်တရက်မေးမယ်လို့ ထင်မထားတာကြောင့် အံဩမှင်သက်သွားပါတယ်။ အဲဒီနောက် မဲ့ပြုံးပြုံးပြီး ဖြေလိုက်ပါတယ် “ဘယ်လိုလုပ် သိနိုင်မှာလဲ၊ ကျုပ် ဒီအတွက် ပြင်ဆင်နေတာ နှစ်သန်းချီပြီ… ဟင်း”
‘နှစ်သန်းချီ… ကြာလှချည်လား’ ဟန်ကျွယ်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ ဒီဟာက တော်တော်ကို ယုတ္တိမရှိတာပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်ဖို့က သူထင်ထားတာထက် ပိုခက်ခဲမှန်း ရုတ်တရက် သ‌ဘောပေါက်သွားပါတယ်။
‘ဒီပုံအတိုင်းဆို ကျန်းယီက တော်တော်ကြောက်ဖို့ကောင်းတဲ့လူပဲ’
“ခင်ဗျားရော ဘယ်လိုအခြေအနေရှိလဲ” ဝတ်ရုံဖြူဗုဒ္ဓက ဟန်ကျွယ်ကို ပြန်မေးလိုက်ပါတယ်။
“အတူတူပါပဲ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်စကားက အဓိပ္ပာယ်လေးနက်လို့ပါပဲ။
‘သူက ဘာကိုဆိုလိုတာလဲ၊ ငါတို့နှစ်ယောက်စလုံးက အင်မော်တယ်ဧကရာဇ် ဖြစ်ခါနီးတာ တူတယ်လို့ ပြောချင်တာလား၊ ဒါမှမဟုတ် သူက ငါ့ထက် အသက်ရှည်တယ်လို့ ပြောချင်တာလား’
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ကို မြင်ရတိုင်း စိတ်လေးပါတယ်။ ဘယ်လိုစိတ်လေးတာလဲဆိုတော့ ဘယ်နည်းနဲ့မှ ရန်မစသင့်တဲ့ အရမ်းအန္တရာယ်ရှိတဲ့အရာကို ရင်ဆိုင်ရသလို့မျိုးပါ။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းဝင်တွေကို စုစည်းလိုက်ပြီး တာအိုဟောကြားပါတယ်။
ဒါက လီယောင်အတွက် ဟန်ကျွယ် တာအိုဟောကြားတာကို ပထမဆုံး နားထောင်ရခြင်းပါ။ လီယောင်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို အမြဲတမ်း သိချင်နေခဲ့တာပါ ‘စီနီယာက ဘယ်လောက်ထိတောင် စွမ်းအားကြီးတာလဲ’
သေခြင်းရှင်ခြင်း မဟာတာအိုကို သိမြင်နားလည်အောင် သုံးသပ်ပြီးနောက်မှာ ဟန်ကျွယ်ရဲ့ တာအိုအမြင်က ပိုပြီးတော့ နက်နဲ့သိမ်မွေ့လာပါတယ်။ ဟန်ကျွယ်အသံက တာအိုအနှစ်သာရတွေ ပြည့်ဝနေတာကြောင့် လူတိုင်းဟာ တာအိုသိမြင်နားလည်တဲ့ အခြေအနေကို လျင်လျင်မြန်မြန်ပဲ ရောက်ရှိသွားပါတယ်။ ဒီဟောပြောမှုက နှစ်ဝက်ကြာပြီး လူတိုင်းဟာ တစ်စုံတစ်ခုကို အနည်းအများ နားလည်သွားကြပါတယ်။
ဒဏ္ဍာရီထဲမှာ ပြောကြတာကတော့ တာအိုဘိုးဘေးက နှစ်သုံးသောင်းကြာအောင် တာအိုဟောကြားတဲ့အတွက် လက်ယာကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုကို မရေမတွက်နိုင်လောက်အောင် တိုးတက်သွားစေခဲ့ပြီး တစ်ခြားတာအိုလမ်းစဉ်တွေကို ကျော်တက်သွားတယ်လို့ အဆိုရှိကြပါတယ်။
ကျင့်ကြံမှုအဆင့်မြင့်မားလေလေ တာအိုဟောကြားဖို့နဲ့ တာအိုဆွေးနွေးဖို့က အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ဦးရဲ့ တာအိုနားလည်မှုက အကန့်အသက်ရှိတဲ့အတွက် တစ်ခြားသူတွေရဲ့ တာအိုနားလည်မှုနဲ့ ပေါင်းစပ်မှုပြီး ပိုတိုးတက်အောင်လုပ်ရလို့ပါပဲ။
တာအိုဟောကြားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ လူတိုင်းကို မေးခွန်းမေးခွင့်ပြုပြီး တစ်ခုချင်း ဖြေကြားပါတယ်။
[လီယောင်: လီယောင်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်ခွဲ။]
လီယောင်ဟာ ဟန်ကျွယ်ကို လေးစားယုံကြည်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ပုံရိပ်ဟာ လီယောင်ရဲ့စိတ်ထဲက အရာအားလုံးပြည့်စုံပြီး လောဘမရှိတဲ့ ထိပ်သီးကျင့်ကြံသူနဲ့ တစ်ထပ်တည်းကျနေလို့ပါပဲ။
ဟန်ကျွယ်ဟာ ဘူးသီးညီနောင်ရှစ်ဖော်ကို ကြည့်လိုက်ပါတယ်။ ဟန်ရှစ်ကလွဲရင် ကျန်တဲ့ဘူးသီးညီနောင် ခုနစ်ဖော်က တော်တော်လေးကဲပါတယ်။ ဟန်ရှစ်ကတော့ အရမ်းရှက်တက်ပြီး သူများနဲ့ စကားပြောရင်းတောင် မျက်နှာနီပါတယ်။ ဟန်ရှစ်နဲ့ အရင်းနှီးဆုံးကတေ့ ငရဲကြက်နက်ပါပဲ။ ဒါပေမဲ့ ငရဲကြက်နက်မှာလည်း အပြင်ထွက်ရမှာကြောက်တဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။
‘ငါ့တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ ကိုယ်စီအားနည်းချက်ရှိတယ်လို့ ငါ ဘာလို့ ခံစားနေရပါလိမ့်’
ဟန်ကျွယ်ဟာ စိတ်ထဲကို အတွေးတွေကို ရှင်းလင်းလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကိုပြန်ကာ ဆက်လက်ကျင့်ကြံပါတယ်။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ကောင်းကင်ဧကရာဇ်ဟာ မုရုံချီကိုကြည့်ပြီး မေးလိုက်ပါတယ် “မင်း တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား”
မုရုံချီဟာ လုံးဝပြတ်သားတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “အရှင်မင်းကြီး ကျွန်တော် ပဋိပက္ခ တားမြစ်နယ်မြေကိုသွားပြီး မိစ္ဆာတွေကို ရှင်းလင်းပါ့မယ်၊ ဒါက ကောင်းကင်ရုံးတော်ရဲ့ ကံတရားအတွက်လည်း ဟုတ်သလို ကျွန်တော်ကိုယ် ကျွန်တော်လည်း လေ့ကျင့်ချင့်လို့ပါ”
မုရုံချီဟာ ဟန်ကျွယ် လာကယ်တာကို ခံလိုက်ရတဲ့နေ့ကစပြီး အမြန်ဆုံး စွမ်အားကြီးလာဖို့ ကြံဆနေတာပါ။ မုရုံချီဟာ ဒီလိုအဖြစ်မျိုးကို နောက်တစ်ခါ ထပ်မကြုံချင်ပါဘူး။ နောက်ပြီး မုရုံချီဟာ သူ့ဆရာဘိုးဘိုးဖြစ်တဲ့ ဟန်ကျွယ်ကို ပြဿနာမပေးချင်တာလည်း ပါပါတယ်။
နတ်ဘုရားခန်းမတည်းမှာ မုရုံချီတစ်ယောက်တည်း မဟုတ်ပါဘူး။ ရှန်စစ်သူကြီးနဲ့ နတ်ဆိုးကျားလည်း ရှိနေပါတယ်။
“ဒါဆိုလည်း သွားကြ”
ကောင်းကင်ဧကရာဇ် လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ‌တော့ ပြင်းထန်လေပွေတစ်ခုဟာ မုရုံချီနဲ့ နတ်ဆိုးကျားဆီ တိုက်ခိုက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ မုရုံချီနဲ့ နတ်ဆိုးကျားရဲ့ နောက်ဘက်ကနေ အာကာသအက်ကြောင်းတစ်ခု ပေါ်လာပြီး မုရုံချီနဲ့ နတ်ဆိုးကျားကို ဆွဲစုပ်သွားပါတယ်။
ရှန်စစ်သူကြီးက မေးလိုက်ပါတယ် “စီနီယာထိုက်ပိုင် ဘယ်လိုနေသေးလဲ”
ကောင်းကင်ဧကရာဇ်က ဖြေလိုက်ပါတယ် “သူ့ဝိညာဉ် လုံခြုံသွားပြီ၊ ဒါပေမဲ့ ဒီကိစ္စက ခွင့်လွှတ်လို့မရဘူး၊ ကောင်းကင်စစ်သည်တော် တစ်သိန်းနဲ့ တဟွမ်အဂ္ဂပြည်ကိုသွားပြီး သူတို့ဆီက ရှင်းပြးချက် တောင်းလာခဲ့ချည်၊ စုချီနောက် မလိုက်ဖို့လည်း သူတို့ကို ပြောလိုက်”
“နားလည်ပါပြီ”
ရှန်စစ်သူကြီး ထွက်ခွာသွားတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟင်း… ကျယ်ကျောင်းတော်က တကယ်ကို ရင်ဆိုင်ရခက်တာပဲ”
နှစ် ၂၀ ကြာပြီးနောက်။
အသက် ၂၃၄၉ နှစ် ပြည့်ပြီဖြစ်တဲ့ ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုကို သိမြင်နားလည်အောင် သုံးသပ်နေတုန်းပါပဲ။ အင်မော်တယ်ဧကရာဇ်အဆင့်နဲ့တော့ အများကြီးလိုပါသေးတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ထူးဆန်းလိုက်တာ၊ ငါ စွမ်းအားကြီးလာတာ အမှန်ပဲ၊ ဘာဖြစ်လို့ ဧကရာဇ်အဆင့်ကို မရောက်နိုင်သေးတာလဲ’ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တဲ့နေရာမှာ ပြဿနာမရှိတာ အ‌တော်ကိုကြာခဲ့ပါပြီ။
‘ငါ ကံတရားအထောက်အပံ့တိုးအောင် တကယ်ကြီး ပြန်မွေးဖွားရမလား’
‘မဖြစ်ဘူး… ပြန်မွေးဖွားတာက အရမ်းအန္တရာယ်များတယ်၊ သေမျိုးကမ္ဘာကို ငါဒီအတိုင်း ရောဝင်လိုက်လို့ မရဘူးလား’
ဟန်ကျွယ်ခေါင်းထဲမှာ အတွေးမျိုးစုံ ဖြတ်သန်းသွားပြီးနောက် ဘာပဲဖြစ်ဖြစ် စမ်းသပ်ကြည့်တာ မမှားဘူးလို့ ခံစားလိုက်ရပါတယ်။ အလုပ်မဖြစ်ရင်လည်း နှစ်လေးငါးဆယ်ပဲ ကုန်မှာပါ။ နောက်ပြီး ဒီလိုလုပ်တာက ဟန်ကျွယ်အတွက် ဘာအသက်အန္တရာယ်မှ မရှိပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်ဝက်ကုန်သွားပါတယ်။
ဟန်ကျွယ်ဟာ အပြင်ထွက်ပြီး ဖူစန်းသစ်ပင်ကို သွားကြည့်မလို့ ပြင်လိုက်စဉ်မှာပဲ ရင်းနှီးသလို ရှိလှတဲ့ အသံတစ်သံကို နားထဲမှာ ကြားလိုက်ရပါတယ်။
“စီးမာယိ ထွက်လာခဲ့အုန်း”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါက ကျန်းယီရဲ့အသံမလား’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ သူ့ဘေးနားမှာရှိတဲ့ အစွမ်းဆုံးပုဂ္ဂိုလ်ကို စစ်ဆေးလိုက်ပါတယ်။
[ကျန်းယီ: ကျင့်ကြံမှုမသိ။ နတ်ရွှေကျီးမျိုးနွယ်စု၏ ပါရမီရှင်။]
ဟန်ကျွယ်ဟာ တစ်ခဏမျှ တုံ့ဆိုင်းသွားပေမဲ့ ဟင်းလင်းပြင်ကိုသွားပြီး ကျန်းယီနဲ့ တွေ့ဆုံပါတယ်။
ကျန်းယီနဲ့ နတ်အရှင်ဝူသယ်ဟာ မျက်နှာချင်းဆိုင် ရပ်နေကြပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့အတွက် ကျန်းယီက အရင်တုန်းကထက်တောင် ပိုပြီးတော့ လန်းဆန်းတက်ကြွပုံ ပေါက်နေပါတယ်။
နတ်အရှင်ဝူသယ်ဟာ ဟန်ကျွယ်ပေါ်လာတာကို တွေ့တာနဲ့ ဟန်ကျွယ်ကို ခေါင်းညိတ်ပြပြီး ပျောက်ကွယ်သွားပါတယ်။
ကျန်းယီဟာ ဟန်ကျွယ်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး အံအားသင့်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “မဟာတာအိုရောင်ဝါပါလား၊ ကြည့်ရတာ မင်းလည်း ဧကရာဇ်အဆင့်ကို စထိုးဖောက်နေပြီပဲ၊ မင်းအရည်အချင်းက ငါ့ထက်တောင် ကြမ်းနေပါ့လား” ကျန်းယီဟာ ဟန်ကျွယ်က ငယ်ငယ်လေး ရှိသေးတယ်ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိပါတယ်။ ဘယ်လောက်ငယ်လဲဆိုတာသာ မပြောနိုင်တာပါ။
ဟန်ကျွယ်ဟာ‌ ခေါင်းခါလိုက်ပါတယ် “ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ၊ ခင်ဗျားက လောကနံပါတစ်၊ လောကပြိုင်ဘက်ကင်းပဲ”
ကျန်းယီဟာ ဟန်ကျွယ်စကားကြောင့် မျက်နှာမှာ ပြုံးယောင်သမ်းသွားပါတယ် “ငါ မင်းကို ဒီတစ်ခါလာရှာတာ အခွင့်ကောင်းတစ်ခုအကြောင်း ပြောချင်လို့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset