Switch Mode

Chapter – 236

အခန်း (၂၃၆) ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်၊ တဟွမ်အဂ္ဂပြည်
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ရွှမ်ချင်းကျွင်းဟာ ချီတုံချတုံ ဖြစ်သွားပေမဲ့ အကြောင်းရင်းမှန်ကို မကွယ်ဝှက်ထားဘဲ ပြောပြလိုက်ပါတယ်။
ရွှမ်ချင်းကျွင်းဟာ နတ်အရှင်ဝူသယ်ကို ကျော်ဖြတ်ပြီး ထုန်ကျန့်ကမ္ဘာဆီ ဝင်လာနိုင်တာက ကောင်းကင်တာအို ကျောက်တုံးရှိနေလို့ပါ။ နောက်ပြီး အင်မော်တယ်ကမ္ဘာတုန်းက ကံအားလျော်စွာ အခွင့်အရေးတစ်ခုကြောင့် အာကာသကို ဖြတ်ကျော်ပြီး သွားလာနိုင်တဲ့ စွမ်းအားကြီး ဆန်းကြယ်စွမ်းအားတစ်ပါးကိုလည်း တတ်မြောက်ခဲ့ပါတယ်။ ဒီအချက်နှစ်ချက်ကြောင့်ပဲ ရွှမ်ချင်းကျွင်းဟာ ကောင်းကင်ရုံးတော်လက်ကနေ လွတ်မြောက်လာတာပါ။ ဒီဆန်းကြယ်စွမ်းအားက ဟန်ကျွယ်အသုံးပြုတဲ့ ငရဲပြည်ဆီ ခုန်ဆင်းတဲ့ ဆန်းကြယ်စွမ်အားနဲ့ ခပ်ဆင်ဆင်ပါပဲ။
“ရှင်က ကောင်းကင်ရုံးတော်ထဲ ဝင်လိုက်တာလား” ရွှမ်ချင်းကျွင်းရဲ့ မေးလိုက်ပါတယ်။
“ငါက ဒီသေမျိုးကမ္ဘာရဲ့ အစောင့်နတ်ပဲ၊ လာ… တောင်ထဲမှာ ကျင့်ကြံပြီး ပြန်အားမွေးချည်”
ဘာပဲဖြစ်ဖြစ် ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရဲ့ ပထမဦးဆုံးသော တာအိုလက်တွဲဖော် ဖြစ်ပါတယ်။ ဒါ့အပြင် အရင်တုန်းကလည်း ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို ဂရုစိုက်ခဲ့ပါတယ်။
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်စကားကို ခေါင်းညိတ်ပြီး လက်ခံလိုက်ပါတယ်။
ရွှမ်ချင်းကျွင်းဟာ အစောကြီးကတည်းက ဝီရိယတောင်ထဲကို ဝင်ချင်နေတာပါ။ ဒါပေမဲ့ သူ့နတ်အာရုံက တာအိုစက်ကွင်းကို မထိုးဖောက်နိုင်တာကြောင့် လူပြောင်းသွားပြီလို့ တွေးထင်မိပြီး အတင်းမဝင်တာပါ။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ဝီရိယတောင်ဆီ ခေါ်သွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ အားပြန်မွေးစေပါတယ်။
ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့က တောင်အောက်ဆင်းပြီး လေ့ကျင့်တာ အခုထိ ပြန်မလာသေးပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို သူတို့ရဲ့ကျင့်ကြံခြင်းလိုဏ်ဂူတွေထဲမှာ မနေခိုင်းပါဘူး။
ဝူတောက်ကျန့်ဟာ ရွှမ်ချင်းကျွင်းကို မြင်တာနဲ့ နိုးနိုးကြားကြား ဖြစ်လာပါတယ် ‘နောက်ထပ် မိန်းမတစ်ယောက် လာပြန်ပြီ၊ ကျင့်ကြံခြင်းလိုဏ်ဂူထဲတောင် ခေါ်လာတာဆိုတော့ သခင်နဲ့သူ့ဆက်ဆံရေးက မရိုးရှင်းဘူးပဲ’
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းနဲ့ ဝူတောက်ကျန့်ကို နှုတ်ဆက်ပေးပါတယ်။ ရွှမ်ချင်းကျွင်းဟာ ဝူတောက်ကျန့်ကို ခေါင်းညိတ်ပြပြီး ထောင့်တစ်နေရာမှာ တရားထိုင်ကာ ဒဏ်ရာတွေ ကုသပါတယ်။
တစ်ခြားတပည့်တွေကလည်း ရွှမ်ချင်းကျွင်းက ဘယ်သူဘယ်ဝါဆိုတာကို သိချင်သွားပါတယ်။
ရွှမ်ချင်းကျွင်းဟာ အပြင်ပန်းမှာ တည်ငြိမ်ပုံပေါ်နေပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေးကို အံဩဘနန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဝီရိယတောင်မှာရှိတဲ့ အင်မော်တယ်ချီက ကျယ်ကျောင်းတော် အင်မော်တယ်ကျွန်းမှာရှိတဲ့ အင်မော်တယ်ချီထက် မနိမ့်ကျလို့ပါပဲ။ ဒီထက်ပိုပြီး အရေးကြီးတာက ဟန်ကျွယ်ရဲ့ တပည့်တွေထဲမှာ အင်မော်တယ်ရောင်ဝါရှိတဲ့သူကို ခံစားလိုက်ရလို့ပါပဲ။ နောက်ပြီး အင်မော်တယ်ရောင်ဝါရှိတဲ့သူက တစ်ယောက်မကပါဘူး။
ရွှမ်ချင်းကျွင်းရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်ဟာ သမုဒ္ဒရာလို နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက် ဖြစ်သွားပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ဟန်ကျွယ်ကို သူ ဘယ်တုန်းကမှ နားမလည်ခဲ့ဖူးဆိုတာ ရွှမ်ချင်းကျွင်း သဘောပေါက်သွားပါတယ်။ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ဟန်ကျွယ်ရဲ့ အရည်အချင်းက ဘယ်လောက်ထိ ရှိတယ်ဆိုတာကို ရွှမ်ချင်းကျွင်း မသိပါဘူး။
‘နှစ်နှစ်ထောင်တည်းနဲ့ မဟာညီညွတ်မှု အင်မော်တယ်စစ် ဖြစ်လာတယ်၊ ဒီလိုအရည်အချင်းမျိုးက ကျယ်ကျောင်းတော်မှာတောင် ရှားပါးစာရင်းဝင်တယ်’
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းက တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိမ့်မယ်လို့ တွေးထင်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း သုံးနှစ်ကြာလို့ ဒဏ်ရာပျောက်သွားတဲ့အခါမှာတော့ ရွှမ်ချင်းကျွင်းဟာ တောင်အောက်ဆင်းချင်လာပါတယ်။
“ဒီနေရာမှာ အင်မော်တယ်ချီရှိတယ်၊ အေးအေးဆေးဆေး ကျင့်ကြံပါလား” ဟန်ကျွယ်က ပြောလိုက်ပါတယ်။
ရွှမ်ချင်းကျွင်းဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “ကျွန်မက ရှင့်လောက် အရည်အချင်း မရှိတော့ ကျင့်ကြံမှုတစ်ခုတည်းနဲ့ မလုံလောက်ဘူး၊ ဒီလိုထိုင်ကျင့်ကြံရင် ခဏလေးနဲ့ ပျင်းသွားမှာ’
ရွှမ်ချင်းကျွင်းရဲ့ ဒီစကားဟာ ရှင်းဟုန်ရွှမ်နဲ့ တစ်ခြားသူတွေ ပြောချင်နေတဲ့ စကားပါပဲ။ သူတို့တွေမှာသာ ဟန်ကျွယ်လောက် ပါရမီရှိရင် ဘယ်သူက အပြင်လောကထွက်ပြီး တိုက်ခိုက်ချင်မှာလဲ။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းစကားကြောင့် ပြောစရာစကားမရှိ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ကောင်းကင်ရုံးတော်ထဲဝင်ဖို့ ဖိတ်ခေါ်ပေမဲ့လည်း ရွှမ်ချင်းကျွင်းက ကောင်းကင်ရုံးတော်ထဲ မဝင်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှမ်ချင်းကျွင်းဟာ ကျယ်ကျောင်းတော်နဲ့ ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲမှာ ကောင်းကင်စစ်သားအများကြီးကို သတ်ဖြတ်ထားလို့ပါ။ ဒါကြောင့် ရွှမ်ချင်းကျွင်းသာ ကေင်းကင်ရုံးတော်ထဲ ဝင်မယ်ဆိုရင် ကျိန်းသေပေါက် ပြဿနာတက်မှာပါ။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ဝီရိယတောင်မှာနေထိုင်ဖို့ ဖိအားမပေးတော့ပါဘူး။ ရွှမ်ချင်းကျွင်း ထွက်မသွားခင်မှာ ဟန်ကျွယ်ဟာ နောက်ဆုံးအနေနဲ့ ဖိတ်ခေါ်ပညာရပ် သင်ပေးလိုက်ပါတယ်။ သေရေရှင်ရေး အခြေအနေမဟုတ်ရင် အသုံးမပြုနဲ့လို့လည်း အထပ်ထပ်အခါခါ မှာကြားလိုက်ပါသေးတယ်။
ရွှမ်ချင်းကျွင်းဟာ ဖိတ်ခေါ်ပညာရပ်ကို တတ်မြောက်ဖို့ လဝက်သင်ယူရပြီး ဖိတ်ခေါ်ပညာရပ်ကို တတ်မြောက်တယ်ဆိုရင်ပဲ ဝီရိယတောင်ကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို လိုက်မပို့ပါဘူး။ ရွှမ်ချင်းကျွင်းဟာ ထုန်ကျန့်ကမ္ဘာကနေ ခုန်ထွက်သွားတာကြောင့် နတ်အရှင်ဝူသယ်နဲ့ မတိုးမိပါဘူး။
ရွှမ်ချင်းကျွင်း ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုက်ပိုင်ကို ဆက်သွယ်လိုက်ပါတယ်။
“ဟားဟား… ငါ့ကို ဘာကိစ္စနဲ့ ရှာတာလဲ” တိထိုက်ပိုင်က အပြုံးနဲ့ မေးလိုက်ပါတယ်။
“ကြည့်ရတာ ခင်ဗျားပျော်နေပုံပဲ၊ ဘာဝမ်းသာစရာများ ရှိလို့လဲ”
“ရှိတာပေါ့၊ မကြာသေးခင်က ငါတို့ကို လာတိုက်တဲ့ ကျယ်ကျောင်းတော်ကို လုံးဝဖျက်ဆီးနိုင်လိုက်တယ်လေ၊ အခုဆိုရင် ကောင်းကင်ရုံးတော်ရဲ့ ဩဇာအာဏာက အင်မော်တယ်ကမ္ဘာမှာ တစ်ဆင့်မြင့်တက်သွားပြီး၊ ဘယ်လိုလုပ်ပြီး ငါ ဝမ်းမသာဘဲ နေနိုင်မှာလဲ”
“ဂုဏ်ယူပါတယ်၊ ခင်ဗျာ ကျွန်တော့်အတွက် လူတစ်ယောက်ကို စုံစမ်းပေးလို့ရမလား၊ အဲဒီလူက ကျွန်တော်တပည့် စုချီပဲ”
“စုချီ၊ အဲဒီကြမ္မာဆိုးလား” တိထိုက်ပိုင်ရဲ့အသံဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ တအံတဩ ပြန်မေးလိုက်ပါတယ် “ကြမ္မာဆိုး…”
‘ကောင်းကင်ရုံးတော်က စုချီရဲ့ သရုပ်မှန်ကို သိနေတာပဲ၊ ဒါပေမဲ့ သူတို့က စုချီကို မသိမ်းသွင်းဘူး၊ ကြည့်ရတာ စုချီ ကောင်းကင်ရုံးတော်ကနေ ထွက်ပြီး သေမျိုးကမ္ဘာကို ဆင်းသက်တာက မရိုးရှင်းဘူးပဲ’
တိထိုက်ပိုင်က ပြောလိုက်ပါတယ် “မင်းတပည့်စုချီက ငါတို့ကောင်းကင်ရုံးတော်ရဲ့ ကြမ္မာဆိုးပဲ၊ သူကြမ္မာဆိုးက အရမ်းအားကောင်းတော့ ဘေးနားက အင်မော်တယ်တွေကို အမြဲတမ်း ဒုက္ခပေးတယ်၊ အဲဒါကြောင့် ကောင်းကင်ဧကရာဇ်က ရွေးချယ်စရာမရှိဘဲ သူ့ကို သေမျိုးကမ္ဘာဆီ နှင်ထုတ်လိုက်ရတာ၊ သူကိုယ်တိုင်ကလည်း ဘဝတစ်သောင်း ပြန်ဝင်စားပြီး ကြမ္မာဆိုးကို ဆေးကြောပစ်ချင်တယ်လေ”
“တကယ်တမ်းပြောရရင် စုချီက ကျယ်ကျောင်းတော်ကပဲ၊ လွန်ခဲ့တဲ့နှစ်တွေက လောကရဲ့ကံဆိုးမှုကနေ သူ့ကို မွေးဖွားလာတာ၊ ကောင်းကင်တာအိုရဲ့ ငြင်းဆန်မှုကြောင့် သူက အင်မော်တယ်ဧကရာဇ်ဖြစ်အောင် ကျင့်ကြံအားထုတ်ဖို့ အရမ်းခက်တယ်၊ သူက ကျယ်ကျောင်းတော်က လူတွေနဲ့ ဆက်ဆံရေး သိပ်မကောင်းဘူး၊ ကျယ်ကျောင်းတော်က ဘာမှမလုပ်ခဲ့လို့ မဟုတ်ရင် သူ အနန္တကမ္ဘာကနေ နှင်ထုတ်ခံရလောက်တယ်”
ဟန်ကျွယ်ဟာ ကရုဏာသက်သွားပါတယ် ‘စုချီက ဘဝ‌ဟောင်းမှာ ဒီလောက်ထိ သနားစရာ ကောင်းတာလား’
တိထိုက်ပိုင်က ဆက်ပြောပါတယ် “အင်မော်တယ်ဧကရာဇ် မဟုတ်ဘူးဆိုရင် ကြမ္မာဆိုးဒဏ်ကို ဘယ်သူမှလွယ်လွယ် မခံနိုင်ဘူး၊ အင်မော်တယ်ဧကရာဇ်ကျတော့ ဒီကြမ္မာဆိုး အထောက်အပံ့ကို လုံးဝ မလိုချင်ကြဘူး၊ ဒါကြောင့် သူ့အတွက် မစိုးရိမ်နဲ့၊ သူ့ကို သတ်မယ်ဆိုရင် သတ်လိုက်တဲ့သူက ဒီကြမ္မာဆိုးတွေကို လက်ခံရမှာ၊ ဒီအကြောင်းမသိတဲ့သူတွေကတော့ သူ့ကိုသတ်ဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်သေးတယ်”
“မင်းသူ့ကို ရှာချင်တယ်ဆိုရင်လည်း ငါ အထောက်တော်နှစ်ယောက် လွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် စုချီဟာ သူ့တပည့်ဖြစ်ပြီး သူ့ရန်သူတော်ကြီး နှစ်ယောက်ကို ရှင်းလင်းပေးခဲ့တဲ့အတွက် စုချီဒုက္ခရောက်နေချိန်မှာ ဟန်ကျွယ် ထိုင်ကြည့်‌နေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားစကားအရ ကောင်းကင်ရုံးတော်က ပြန်ငြိမ်းချမ်းသွားပြီပေါ့”
“အင်း… ဟုတ်တယ်၊ ငါတို့တွေ လောလောဆယ်တော့ ဘာပြဿနာမှ မရှိသေးဘူး၊ ကျယ်ကျောင်းတော် ရှုံးနိမ့်သွားတော့ နတ်ဆိုးရုံးတော်ကလည်း ကြောက်လန့်ပြီး အရင်ကထက် ခြေငြိမ်သွားတယ်၊ လာမဲ့နှစ်ငါးဆယ်မှာ ကောင်းကင်ရုံးတော်က အင်မော်တယ်စားသောက်ပွဲ ကျင်းပလိမ့်မယ်၊ ဒီပွဲကို မင်းတက်မှာလား”
“မတက်ပါဘူး… ကျွန်တော်မှ ကျယ်ကျောင်းတော်ကို တိုတ်တဲ့နေရာမှာ မပါတာ၊ ဒီပွဲကို တက်မယ်ဆိုရင် မျက်နှာပူနေရလိမ့်မယ်”
“ဒီအင်မော်တယ် စားသောက်ပွဲက ကျယ်ကျောင်းတော်နဲ့ မပတ်သက်ဘူး၊ အိမ်ရှေ့မင်းသာ ပညာရှိတပည့်ဖြစ်လာတာကို ဂုဏ်ပြုတဲ့ပွဲပဲ”
“ပညာရှိ…”
“ဟုတ်တယ်၊ သူတို့က ကောင်းကင်တာအိုလို မြင့်မားတဲ့ တည်ရှိမှုတစ်ခုပဲ၊ ခေတ်အဆက်ဆက်မှာ သူတို့ပေါ်လာတာ အရမ်းရှားတယ်၊ အနန္တကပ်ဘေး နီးကပ်လာမှပဲ သူတို့က အနန္တကမ္ဘာမှာ ကိုယ်ထင်ပြကြတာ”
“အိမ်ရှေ့မင်းသားအတွက် ဂုဏ်ပြုပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ဒီလိုပွဲမျိုးတွေ တက်လေ့တက်ထ မရှိတော့ မသွားတာပဲ ကောင်းပါတယ်လေ”
“ဟီးဟီး…”
နတ်အာရုံ ချိတ်ဆက်မှုကို ဖြတ်တောက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။ ဒီအချိန်မှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားတာမို့ ဝမ်းသာလုံးဆို့သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ပြုတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို လက်ဆောင်ပေးပါတယ်။ ဟန်ကျွယ်ရဲ့ လက်ဆောင်က သူ့ရန်သူတွေကို တစ်ရက်ပိုပြီး ကျိန်စာတိုက်တာပါ။
ဟန်ကျွယ်ဟာ သက်တမ်းရာချီ ဆုံးရှုံးသွားပေမဲ့ နှာမြောတသဖြစ်ခြင်းမရှိဘဲ တန်တယ်လို့ ခံစားလိုက်ရပါတယ်။
ထုံးစံအတိုင်းပဲ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်‌ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ဝိညာဉ်အပိုင်းအစကို ဝါးမျိုခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်မိတ်ဆွေ မော့ဖူချို၏ တိုက်ခိုက်ခြင်းကို ခံရပြီး နှစ်ဦလုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ကျယ်ကျောင်းတော်၏ စစ်မှန်သောပညာကို ရရှိသွားခဲ့သည်။]
[သင့်တပည့်စုချီ၏ ကြမ္မာဆိုး ဖြန့်ကျက်မှုကြောင့် တဟွမ်အဂ္ဂပြည်၏ ကံတရား အထောက်အပံ့သည် လျော့ကျသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၄၀၀၃၂
[သင့်မိတ်ဆွေ ကျန်းယီသည် အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ သိဟုန်ယဲ့သည် အချိန်အဓိပ္ပာယ်စစ်ကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
လူတိုင်းရဲ့ ခရီးလမ်းဟာ အဆင်ပြေချောမွေ့နေပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ စုချီကို ဖမ်းသွားတဲ့ အဂ္ဂပြည်နာမည်ကို သိလိုက်ရပါပြီ။ အရင်တုန်းက တိထိုက်ပိုင်ဟာ ဒီကိစ္စကို စုံစမ်းလို့ မရတာကြောင့် ဟန်ကျွယ်ဟာ ဒီအတိုင်းပဲ ပစ်ထားလိုက်ရပါတယ်။
‘ငါ အင်အားစုတစ်စုကို ကျိန်စာတိုက်လို့ရလား မသိဘူး’
ဟန်ကျွယ်ဟာ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး တဟွမ်အဂ္ဂပြည်ကို ကျိန်စာတိုက်ရမဲ့စာရင်းထဲ ထည့်လိုက်ပါတယ်။
ဒီအထဲမှာ ဟန်ကျွယ်ကို အံအားသင့်စေတာက ကျိုးဖန်နဲ့ မော့ဖူချိုပါ။ ကျိုးဖန်နဲ့ မော့ဖူချိုက အမြွာပူးထက်တောင် ဆက်နွှယ်နေပါသေးတယ်။ အင်မော်တယ်ကမ္ဘာကို ရောက်တာတောင် ထပ်တွေ့ကြပါသေးတယ်။ ကြည့်ရတာ သူတို့နှစ်ယောက်ရေစက်က သမုဒ္ဒရာလို နက်ရှိုင်းပုံပါပဲ။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းက ကျယ်ကျောင်းတော်ဆီ ပြန်သွားတာကိုလည်း သတိထားမိလိုက်ပါတယ်။ အခုပုံကို ကြည့်ရသလောက်တော့ ကျယ်ကျောင်းတော်ဟာ ရွှမ်ချင်းကျွင်းနဲ့ သင့်လျော်ပုံပါပဲ။
ကျယ်ကျောင်းတော်ဟာ တိုက်ပွဲမှာ ရှုံးနိမ့်ထားတာမို့ လတ်တလောမှာတော့ ပြဿနာရှာမှာ မဟုတ်ပါဘူး။ နောက်ပြီး တာအိုဂိုဏ်းရဲ့ အဓိကကျောင်းတော် သုံးကျောင်းထဲက တစ်ကျောင်းဖြစ်တာကြောင့် လူသူမရှိဘဲ ခြောက်ကပ်နေရင်တောင် ဘယ်အင်အားစုကမှ အနိုင်မကျင့်ရဲပါဘူး။ ဒါကြောင့် လောလောဆယ်မှာ ကျယ်ကျောင်းတော်ဟာ ငြိမ်းချမ်းနေပါတယ်။
ဒီအချိန်မှာပဲ…။
အသံတစ်သံဟာ ဟန်ကျွယ် စိတ်ထဲမှာ မြည်ဟိန်းလာပါတယ် “သခင်… ကျွန်တော် ပြဿနာတက်နေပြီ”
ဒီအသံက ဓားတာအိုမြစ်ကို စောင့်ကြပ်နေတဲ့ ပြန်လည်မွေးဖွားခြင်းကိုယ်ပွား လျူပေ့ဆီကနေ လာတာပါ။ သူ့အသံဟာ ကူကယ်ရာမဲ့နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset