Switch Mode

Chapter – 232

အခန်း (၂၃၂) ထိုက်စုတျန်၊ ကျယ်ကျောင်းတော်
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ထိုက်စုတျန်ရဲ့ အချက်အလက်ကို လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်ပါတယ်။ ထိုက်စုတျန်က တော်တော်ကို ချောပါတယ်။
[ထိုက်စုတျန်: ကျင့်ကြံမှုမသိ။ ကောင်းကင်ဘုံ ၃၃ လွှာ၏ လျှိုဝှက်ဆန်းကြယ်ပုဂ္ဂိုလ်မှ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပြီး နွီဝါနန်းတော်၌ တစ်ချိန်လုံး နေထိုင်ကာ ပညာရှိများ၏ ဟောကြားမှုကို နားထောင်ရသူ ဖြစ်သည်။ ပညာရှိ၏ အမိန့်ကြောင့် ထိုက်စုတျန်သည် နောက်ခံကြီးကြီးမားမား မရှိသော ပါရမီရှင်အား ရှာဖွေရန် ကောင်းကင်ဖာကျောက်တုံးအား ကောင်းကင်ရုံးတော်၏ သေမျိုးကမ္ဘာတစ်ခုသို့ ပစ်ချခဲ့ခြင်းတည်း။ သင်က ကောင်းကင်ဖာကျောက်တုံးအား သန့်စင်ပြီး သက်ရှိအဖြစ် ဖန်းတီးလိုက်သောကြောင့် အရင်ကံတရားထောက်အပံ့အား ချေဖျက်ပြီးသား ဖြစ်သွား၏။ ထို့ကြောင့် ထိုက်စုတျန်သည် သင့်အား စိတ်ဝင်စားသွား၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
ထိုက်စုတျန်ရဲ့ ကျင့်ကြံမှုကို မသိနိုင်တဲ့အတွက် အနိမ့်ဆုံး အင်မော်တယ်ဧကရာဇ်ပါပဲ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘ပညာရှိတဲ့လား… နွီဝါနန်းတော်ရဲ့ ပညာက နွီဝါနဲ့တူတယ်’
ဟန်ကျွယ်ဟာ နည်းနည်း ရင်ထိတ်သွားပါတယ်။ နွီဝါနန်းတော် ပါလာတဲ့အတွက် ကောင်းကင်ဧကရာဇ်က သူ့ကိုဆက်ပြီးတော့တောင် ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ဟန်ကျွယ် ကြောင့်ကြသွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ တိထိုက်ပိုင်ဟာ ချက်ချင်းပဲ နတ်အာရုံချင်း ဆက်ပြီး မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
“အရှင်မင်းကြီးနဲ့ စကားပြောလို့ရမလား”
“အရှင်မင်းကြီးက နေ့တိုင်း အရမ်းအလုပ်များတယ်၊ အရေးကြီးတဲ့ကိစ္စမဟုတ်ရင် သူ့ကို မနှောင့်ယှက်တာ ပိုကောင်းလိမ့်မယ်”
“ကျွန်တော်က ကိုယ်ရေးကိုယ်တာအကြောင်း ပြောချင်လို့ပါ”
“ကိုယ်ရေးကိုယ်တာကိစ္စလောက်ကတော့ ငါ ဖြေရှင်းပေးနိုင်ပါတယ်”
ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။
“ငါ ရောက်လာပြီ” ကောင်းကင်ဧကရာဇ်ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာတာကြောင့် ဟန်ကျွယ်နဲ့ တိထိုက်ပိုင်နှစ်ယောက်လုံး ကြက်သေသေသွားပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်ကြပါတယ်။
ဟန်ကျွယ်: ခင်ဗျားက နောက်ယောင်ခံလိုက်နေတာလား။
တိထိုက်ပိုင်: ဒီကောင်လေးက ကောင်းကင်ဧကရာဇ်ရဲ့ သားတော်များလား။
တိထိုက်ပိုင်ဟာ မနှောင့်ယှက်ရဲတာကြောင့် နတ်အာရုံနဲ့ ဆက်သွယ်ထားတာကို ချက်ချင်း ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်မောင်းထုတ်လိုက်ပြီးမှ ကောင်းကင်ဧကရာဇ်နဲ့ စကားပြောပါတယ်။
“အရှင်မင်းကြီး… နွီဝါနန်းတော်ကိုသိလား” ဟန်ကျွယ်က ဂရုတစိုက် မေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က တအံတဩနဲ့ ပြန်မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
“ကျွန်တော်ရထားတဲ့ အမွေက ပြန်လည်မွေးဖွားခြင်းနဲ့ ဆက်နွှယ်မှုရှိတဲ့အတွက် ကံကြမ္မာကို ကျွန်တော် နည်းနည်း နားလည်တယ်၊ အခု ကျွန်တော် ကောက်ရထားတဲ့ ကျောက်တုံးကို တွက်ချက်ကြည့်လိုက်တာ ကောင်းကင်ဘုံ ၃၃ လွှာအထက်က လာတာ ဖြစ်နေတယ်”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်စကားကြောင့် တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဆီက စကားပြန်မရတာကြောင့် နှလုံးခုန်မြန်သွားပါတယ် ‘ငါ့နောက်ခံက အားနည်းသေးတာလား’
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “အဲဒီကျောက်တုံးက ကောင်းကင်ဖာကျောက်တုံး ဖြစ်လောက်တယ်”
ဟန်ကျွယ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ကောင်းကင်ဖာကျောက်တုံးက ဘယ်လိုကျောက်တုံးမျိုးလဲ”
“ဘာမှမဖြစ်ဘူး၊ အေးအေးဆေးဆေးသာ ကျင့်ကြံအားထုတ်ချည်၊ နွီဝါနနန်းတော်က မင်းကို ဘယ်တော့မှာ ပစ်မှတ်ထားမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နွီဝါနန်းတော်က ကျော်ကြားမှုနဲ့ ကံတရားအထောက်အပံ့အတွက် ဘယ်တုန်းကမှ မတိုက်ခိုက်လို့ပဲ”
“အရှင်မင်းကြီး… သတိဆိုတာ ပိုတဲ့မရှိပါဘူး၊ လူတွေက ပြောင်းလဲတက်တယ်”
“အင်း… ငါ သိပါတယ်၊ မင်းမှာ တစ်ခြားမေးစရာ ရှိသေးလား”
“ဒါဆို… ကျွန်တော် အရှင်မင်းကြီးကို မနှောင့်ယှက်တော့ပါဘူး”
“မင်း ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကိုရောက်ရင် ကောင်းကင်ရုံးတော်ကိုလာပြီး ငါ့ကိုလာရှာချည်၊ ဧကရာအဆင့်ကို မင်း တက်လှမ်းနိုင်အောင် ငါ နည်လမ်းရှာပေးမယ်”
“ကျေးဇူးပါပဲ အရှင်မင်းကြီး”
ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး အပြုံးနဲ့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ တစ်ခြားအတွေးကို တွေးနေပါတယ်။
‘ဟမ်… ငါ့ကို ကောင်းကင်ပေါ်တက်ဖို့ ဖြားယောင်းသွေးဆောင်နေတာပဲ၊ ဘာပဲဖြစ်ဖြစ် လုံးဝမသွားဘူး’
‘အခုကြည့်ရတာ ကောင်းကင်တာအိုက ကောင်းကင်ဧကရာဇ်ကို စေလွှတ်ပြီး ငါ့တာအိုနှလုံးသားကို ဖျက်ဆီးချင်ပုံပဲ’
ရှန်စစ်သူကြီးရဲ့ အဖြစ်အပျက်တွေက ဟန်ကျွယ်စိတ်ထဲမှာ စွဲထင်နေတုန်းပါပဲ။ ရှန်စစ်သူကြီးဟာ အပြင်ပန်းမှာသာ ဂုဏ်သိက္ခကြီးမားပေမဲ့ တကယ်တမ်းတော့ မရပ်မနား အလုပ်ကြိုးစားနေရတဲ့ သနားစရာလူတစ်ယောက်ပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို ကျေးဇူးပြန်ဆပ်မှာဆိုပေမဲ့ ဒီလိုမျိုး အပင်ပန်းခံပြီး လုပ်ပေးမှာ မဟုတ်သလို ကိုယ့်အသက်ကိုလည်း စွန့်စားမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ထွက်ကာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။ ဘူးသီးရှစ်လုံးက ပြောင်းလဲပုံ မပေါ်သေးပါဘူး။ ဟန်ကျွယ်ဟာ ဘူးသီးရှစ်လုံးကို နတ်အာရုံနဲ့ စစ်ဆေးကြည့်တဲ့အခါမှာတော့ အားပျော့တဲ့စိတ်ဝိညာဉ်ကို ခံစားမိလိုက်ပါတယ်။
‘မဆိုးဘူး… မဆိုးဘူး…’
ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ပြောလိုက်ပါတယ် “ဘူးသီးရှစ်လုံးက စိတ်ဝိညာဉ်ဖြစ်လာပြီ၊ သူတို့ကို ဂရုစိုက်ကြ”
လူတိုင်းဟာ မတ်တတ်ရပ်ပြီး ဘူးသီးရှစ်လုံးကို ဝင်းကြည့်ကြပါတယ်။ ဟန်ကျွယ်ကတော့ ဘူးသီးရှစ်လုံးကို တအောင့်ကြည့်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ ဘူးသီးရှစ်လုံးအတွက် အချိန်တိုအတွင်း အသွင်ပြောင်းလဲနိုင်ဖို့က မလွယ်ကူလှပါဘူး။ ဒီအတွက် ဟန်ကျွယ်က အချိန်တော်တော်လေး စောင့်ရအုန်းမှာပါ။
ဒီကိစ္စကို အောင်ပွဲခံတဲ့အနေနဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ တစ်ချိတည်းမှာပဲ ထုံးစံအတိုင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်ကျိန်စာကြောင့် ကောင်းကင်ဒေါသဗုဒ္ဓသည် ဗုဒ္ဓနှလုံးသား ဆုံးရှုံပြီး အတွင်းနတ်ဆိုး နိုးထလာကာ နတ်ဆိုးဗုဒ္ဓအသွင် ပြောင်းလဲသွား၏။]
[သင့်တပည့်စုချီသည် အဂ္ဂပြည်မှ ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကိုခံရပြီး ကံနှိမ်အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကျင့်ကြံမှု မိသားစုတစ်စုအား သတ်ဖြတ်လိုက်သောကြောင့် ကံဆိုးများ တိုးပွားလာ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၅၀၃၃
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်ပြီး ကံတရား အ‌ထောက်အပံ့များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ရှန်နန်းတော် အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ကျယ်ကျောင်းတော်၏ တာအိုကို နားထောင်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
ကံမကောင်းတာတစ်ခုက မိစ္ဆာမြွေနဂါးဘုရင်ဟာ ဟန်ကျွယ်နဲ့ ဘာအဆက်အဆံမှ မရှိတာပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ မိစ္ဆာမြွေနဂါးဘုရင် ဘာလုပ်နေတယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမဲ့လည်း ဘာမှမဖြစ်ပါဘူး။ ဟန်ကျွယ်က မိစ္ဆာမြွေနဂါးဘုရင် တစ်ခုခု မဖြစ်မချင်း ဆက်ပြီးတော့ ကျိန်စာတိုက်နေအုန်းမှာပါ။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရဲ့ အခွင့်အရေးကို တော်တော်လေး စိတ်ဝင်စားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျောင်းတော်က ကောင်းကင်ရုံး‌တော်နဲ့ ရန်သူ ဖြစ်နေလို့ပါ ‘ငါတို့တွေ နောက်ပိုင်းတွေ့ကျရင် ဘယ်လိုဖြစ်လာမှာလဲ’ ပြောစရာရှိတာဆိုလို့ ရွှမ်ချင်းကျွင်းရဲ့ ကျင့်ကြံမှုက မဟာညီညွှတ်မှု ကောင်းကင်အင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေတာပါ။
ဒီကျင့်ကြံမှုအလျင်က မြန်တယ်လို့ ပြောလို့ရပါတယ်။
နှစ်ဝက်ကျော် ကျိန်စာတိုက်ပြီးတဲ့နောက်မှတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကိုတော့ ဘယ်နည်းနဲ့မှ အပျက်မခံပါဘူး။
တာအိုဘုံကျောင်းတစ်ခုမှာ တာအိုဝတ်ရုံ ဆင်မြန်းထားတဲ့ ရွှမ်ချင်းကျွင်းဟာ ကျယ်ကျောင်းတော်က တပည့်အချို့နဲ့ ဖျာပေါ်မှာ ထိုင်နေကြပါတယ်။ သူတို့ရှေ့မှာ တာအိုသီလရှင်တစ်ဦး ရှိနေပါတယ်။
တာအိုသီလရှင်ဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဒီနေ့ ဩဝါဒကတော့ ဒီလောက်ပဲ၊ မင်းတို့တွေပြန်ပြီး ကျင့်ကြံအားထုတ်ကြတော့၊ ဒါပေမဲ့ ဒီကျွန်းကနေတော့ ထွက်သွားခွင့်မရှိဘူး”
“ဟုတ်ကဲ့ပါ” တပည့်တွေဟာ တညီတညာတည်း ပြန်ဖြေလိုက်ကြပါတယ်။ အဲဒီနောက် သူတို့ဟာ မတ်တတ်ရပ်လိုက်ပြီး ထပ်မံဦးညွှတ်ကာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
“ရွှင်ချန်းကျွင်း နေခဲ့၊ ကျန်တဲ့လူတွေ သွားလို့ရပြီ”
တာအိုသီလရှင်ရဲ့စကားကြောင့် ရွှမ်ချင်းကျွင်းဟာ နေရာမှာ ပြန်ထိုင်လိုက်ပါတယ်။ ရွှမ်ချင်းကျွင်းရဲ့ မျက်နှာထားဟာ တည်ငြိမ်နေပြီး တာအိုသီလရှင်ဆီက စကားကို စောင့်နေပါတယ်။
တာအိုသီလရှင်က ပြောလိုက်ပါတယ် “မင်းလည်း ကျယ်ကျောင်းတော်ကို ရောက်လာတာ အတော်ကြာပြီ၊ မင်းမှာ တာအိုလက်တွဲဖော် ရှိပြီလား”
ရွှမ်ချင်းကျွင်းဟာ ပြန်ဖြေလိုက်ပါတယ် “ကျွန်မမှာ သေမျိူးကမ္ဘာက တာအိုလက်တွဲဖော်တစ်ယောက် ရှိတယ်၊ သူ့အရည်အချင်းက အရမ်းထူးချွန်းတယ်၊ သေမျိုးကမ္ဘာမှာ နံပါတစ်တစ်ပဲ၊ အခုလောက်ဆို သူလည်း ဘုံပျံတက်လာလောက်ပြီ”
ရွှင်ချင်းကျွင်းရဲ့ စကားကြောင့် တာအိုသီလရှင်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး နောင်တရသံနဲ့ ပြောလိုက်ပါတယ် “ဒါဆိုလည်း ထားလိုက်ပါတော့၊ ငါက မင်းကို တာအိုလက်တွဲဖော်တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့၊ နှမြောဖို့ ကောင်းလိုက်တာ…”
ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပါတယ်။
“ဟိုးအရင်တုန်းက အနန္တကပ်ဘေးမှာ ကျယ်ကျောင်းတောင်က ကောင်းကင်ရုံးတော်ကို ရှုံးနိမ့်ခဲ့တယ်၊ တပည့်တွေအများကြီးလည်း ကောင်းကင်ရုံးတော်မှာ ချုပ်နှောင်ခံခဲ့ရတယ်၊ အသင့်ဖြစ်အောင် ပြင်ဆင်ထားချည်၊ မကြာခင်မှာ ကျယ်ကျောင်းတော်က ကောင်းကင်ရုံးတော်ကို အလစ်တိုက်ခိုက်လိမ့်မယ်” တာအိုသီလရှင်က ဆက်ပြောလိုက်ပါတယ်။
ရွှမ်ချင်းကျွင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်မတို့ ကျယ်ကျောင်းတော်က ကောင်းကင်ရုံးတော်ကို အနိုင်ယူနိုင်မှာလား”
ရွှမ်ချင်းကျွင်းဟာ ကျယ်ကျောင်းတော်ကို ရောက်လာတာ အချိန်တစ်ခုရှိနေပြီမို့ ကျယ်ကျောင်းတော်မှာ စွမ်းကြီးပုဂ္ဂိုလ်တွေ ရှိနေပေမဲ့ တပည့်တွေရှားပါးတာကို သတိထားမိလာပါတယ်။
တာအိုသီလရှင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းက ငါတို့ကျယ်ကျောင်းတော်ကို အထင်သေးနေတာပဲ၊ ကောင်းကင်ဧကရာဇ်တောင် ငါတို့ဂိုဏ်းချုပ်ကို စီနီယာလို့ တ‌လေးတစား ခေါ်ရတယ်၊ ငါတို့အခုနေတဲ့ကျွန်းတဲ့ ကျယ်ကျောင်းတော်ရဲ့ ထောင်သောင်းချီကျွန်းတွေထဲက ကျွန်းလေးတစ်ကျွန်းပဲ၊ တပည့်အများစုက ဖုန်းလိုင်အင်မော်တယ်ကျွန်မှာ စုစည်းနေကြတယ်”
ရွှင်ချင်းကျွင်းဟာ အခြေအနေကို သဘောပေါက်သွားပြီး ကျယ်ကျောင်းတော်အကြောင်း ပိုသိချင်သွားပါတယ် ‘ကျယ်ကျောင်းတော်က ဘယ်လိုအင်အားစုမျိုးပါလိမ့်’
နှစ် ၃၀ ကြာပြီးနောက်။
ဘူးသီးစိတ်ဝိညာဉ် ရှစ်ဖော်ဟာ စကားစပြောလာပေမဲ့ အသွင်တော့ မပြောင်းနိုင်သေးပါဘူး။

ဟန်ကျွယ်ဟာ မြေအင်မော်တယ်ဘူးပင်ရဲ့ ဘူးသီးဝိညာဉ်တွေကို ဟန်တစ်၊ ဟန်နှစ်ဆိုပြီး အစဉ်လိုက်အတိုင်း ဟန်ခုနစ်အထိ ပေးလိုက်ပါတယ်။ ပဋိပက္ခဘူးသီးစိတ်ဝိညာဉ်ကို ဟန်ရှစ်လို့ နာမည်ပေးလိုက်ပါတယ်။ ဒီနာမည်တွေက ရိုးရှင်းတဲ့အပြင် မှတ်သားဖို့လည်း လွယ်ကူပါတယ်။
ဟန်ကျွယ်တပည့်တွေဟာ ဟန်ကျွယ်ရဲ့ နာမည်အပေးကောင်းမှုကြောင့် ကြက်သေသေသွားကြပေမဲ့ မငြင်းဆန်ရဲကြပါဘူး။ ဘူးသီးစိတ်ဝိညာဉ်ရှစ်ဖော်ကလည်း သူတို့နာမည်ရဲ့ ဆိုလိုရင်းကို နားမလည်တာကြောင့် ဘာပြဿနာမှ မရှိပါဘူး။
ဒီနှစ်တွေမှာ ဘူးသီးစိတ်ဝိညာဉ်ရှစ်ဖော်ရဲ့ ကျင့်ကြံမှုတွေက လျင်မြန်စွာ ထိုးတက်လာပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့က စိတ်ဝိညာဉ်ချီကို စုပ်ယူတာမဟုတ်ဘဲ အင်မော်တယ်ချီကို စုပ်ယူလို့ပါပဲ။ ဒါကြောင့် အားအနည်းဆုံဖြစ်တဲ့ ဟန်ရှစ်တောင် ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပါပြီ။
ဒီဘူးသီးစိတ်ဝိညာဉ်ရှစ်ဖော်ရဲ့ အရည်အချင်းက ဟန်ကျွယ်ရဲ့ တပည့်တွေထက်တောင် ပိုပြီးတော့ ထူးချွန်နေပါသေးတယ်။ ဒါပေမဲ့ လုံဟောင်နဲ့ ချူရှီရှန်းကို လောလောဆယ်မှာ မယှဉ်နိုင်သေးပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေရင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ အဲဒီနောက် မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ် “ဒီရောင်ဝါက…”
တစ်ချိန်တည်းမှာပဲ အဝေးတစ်နေရာက ကောင်းကင်ပြင်မှာ အက်ကြောင်းကြီးတစ်ခု ပေါ်လာပါတယ်။ ဒီအက်ကြောင်းဟာ လျှပ်စီးတွေ လင်းလက်နေပြီး ငရဲပြည်က အသူရာချောက်လို မည်းမှောင်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset