Switch Mode

Chapter – 229

အခန်း (၂၂၉) သေမျိုးကမ္ဘာ ရွှေခေတ်ရောက်ခြင်း၊ လှည့်စားမိစ္ဆာမျက်လုံး
‘ဘာတွေဖြစ်နေတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ‌ကောင်းကင်တာအိုတိုကင်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ကျင့်ကြံမှုက မြင့်မားတဲ့အတွက် ဒီအပူလောက်တော့ မမူပါဘူး။
မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ ကောင်းတာအိုကျောက်ပြားရှေ့ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ အဆင့်ကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
အဆင့် ၇၆၃။
အဆင့်က ဒီလောက်နဲ့ မရပ်သေးပါဘူး။ ဆက်တက်နေတုန်းပါ။
‘ဘာလို့ ဒီလိုဖြစ်ကုန်တာလဲ’
ဟန်ကျွယ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာကို ချက်ချင်းကြည့်ရှုလိုက်တဲ့အခါမှာ ခန္ဓာပေါင်းစပ် ကျင့်ကြံသူတွေနဲ့ အတိဒုက္ခဖြတ်ကျော်ကျင့်ကြံသူတွေက ဆပွားတိုးတက်လာတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဘုံဝင်ကျင့်ကြံသူတွေကလည်း ဆက်တိုက်ကို ပေါ်ထွက်လာပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို ရှာတွေ့သွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ မြင့်မားတဲ့တောင်တန်းတစ်ခုမှာ ကျင့်ကြံသူထောင်ချီကို တာအိုဟောကြားနေပါတယ်။ ဒီကျင့်ကြံသူထောင်ချီမှာ အနိမ့်ဆုံးအဆင့်က ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် အဆင့်ထိုးဖောက်ကုန်ကြပါတယ်။
ဒါတင်မကသေးပါဘူး။ တစ်ခြားကျင့်ကြံသူတွေကလည်း တာအိုဟောကြားတာကို နားထောင်ဖို့အတွက် ဒီတောင်တန်းကို အပြေးအလွှားလာနေကြပါတယ်။
‘ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့က ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်သွားတာ အံဩစရာမရှိတော့ပါဘူး’
သေမျိုးကမ္ဘာရဲ့ ကံတရားအထောက်အပံ့ တိုးတက်လာတာနဲ့အမျှ သူ့ကံတရား အထောက်အပံ့ တိုးလာတာကိုလည်း ဟန်ကျွယ် ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်ပါတယ်။ အင်မော်တယ်ဧကရာဇ်အဆင့်ကို ထိုးဖောက်ဖို့ဆိုရင် အင်အားကြီးတဲ့ ကံတရား အထောက်အပံ့လိုတယ်လို့ တိထိုက်ပိုင်ပြောခဲ့တာကို ဟန်ကျွယ် မှတ်မိနေပါသေးတယ်။
အခု ဟန်ကျွယ်မှာ လိုအပ်တဲ့ ကံတရား အထောက်အပံ့ရှိနေပါပြီ။ ဟန်ကျွယ်ဟာ ပျော်ရွှင်မှုရော စိုးရိမ်ပူပန်မှုကိုရော တစ်ချိန်တည်း ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံတရား အထောက်အပံ့တိုးလို့ ပျော်ရတယ်ဆိုပေမဲ့ ကြက်သွေးရောင်တိမ်ကမ္ဘာက မြန်မြန်ဆန်ဆန် အဆင့်တက်လာတာကြောင့် တစ်ခြားသူတွေ အာရုံစိုက်ခံရမှာ မလွဲဧကန်ပါပဲ။
‘ထားလိုက်ပါတော့… ဆက်ကျင့်ကြံတာပဲ ကောင်းတယ်’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် နောက်ဆုံးအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာပါပြီ။ ဟန်ကျွယ်သာ နောက်ဆုံးအဆင့်ကို ရောက်သွားမယ်ဆိုရင် ထိပ်ဆုံးအဆင့်နဲ့ သိပ်ဝေးတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်သာ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်သွားရင် အင်မော်တယ်ဧကရာဇ်က လက်တစ်ကမ်းကို ရောက်လာမှာပါ။
အင်မော်တယ်ဧကရာဇ် ဖြစ်သွားရင် နတ်မင်းအဆင့်က အိပ်မက်တစ်ခု မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ စဉ်းစားရင်းနဲ့ စိတ်လှုပ်ရှားသွားပြီး စိတ်ဓာတ်တွေ တက်ကြွလာပါတယ်။
ဟန်ကျွယ် ကျင့်ကြံအားထုတ်နေတုန်းမှာပဲ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ တိုးတက်မှုကြောင့် မိုးမြေတစ်ခွင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီလည်း တိုးတက်လာပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူတိုင်းဟာ ပျော်ရွှင်သွားကြပါတယ်။ ဒီလို စိတ်ဝိညာဉ်ချီတိုးတက်တာက သူတို့အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ မြင့်မြတ်နယ်မြေက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒီဖြစ်ရပ်က ကောင်းကင်တာအိုရဲ့ ကောင်းချီးလို့ လောကကိုကြော်ငြာကြပါတယ်။ ဒီလိုနဲ့ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ရွှေခေတ်ကို ရောက်ရှိလို့ လာပါတော့တယ်။
နှစ်အနည်းငယ်တိုင်းမှာ ပါရမီရှင်တွေ ပေါ်ထွက်လာပြီး သူတို့မှာ ကိုယ်ပိုင်ပုံစံကိုယ်စီ ရှိကြပါတယ်။ နတ်ဆိုးလမ်းစဉ်ကတော့ ဆုတ်ယုတ်သွားပြီး ကျင့်ကြံခြင်းလောကဟာ ဂိုဏ်းတွေ အင်အားပြိုင်တဲ့ခေတ်ကို ရောက်ရှိလာပါတယ်။ ဂိုဏ်းတွေဟာ ကိုယ်ကျင့်တရားကို မပြိုင်ဆိုင်တော့ဘဲ အင်အားကိုသာ ပြိုင်ဆိုင်ကြပါတော့တယ်။
ကျင့်ကြံခြင်းလောက ဘယ်လိုဖြစ်ဖြစ် ယွီဂျင်ဂိုဏ်းတော်ကြီးကတော့ ငြိမ်းချမ်းနေတုန်းပါပဲ။ ဘယ်ဂိုဏ်းကမှ ယွီဂျင်ဂိုဏ်းတော်ကြီးကို ရန်မစရဲကြပါဘူး။
ဝတ်ရုံဖြူဗုဒ္ဓဟာ တာအိုဟောကြားမှုကြောင့် နာမည်ဂုဏ်သတင်းကြီးထွားလာပြီး ဝတ်ရုံဖြူဗုဒ္ဓ ဘုံကျောင်းနဲ့ ရုပ်တုတွေဟာ သေမျိုးတွေကြားထဲမှာတောင် ပေါ်ထွက်လို့လာပါတယ်။
သေမျိုးကမ္ဘာရဲ့ ပူဇော်မှုကို စံစားရင် ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကံတရား အထောက်အပံ့ဟာလည်း ပုံမှန် တိုးတက်လာပါတယ်။
၂၈ နှစ်ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက် ၂၀၀၀ ပြည့်ပြီဖြစ်သည့်အတွက် နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ အင်မော်တယ်ကမ္ဘာတွင် နာမည်ကျော်ကြားလာပါ။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး၊ ဆန်းကြယ်စွမ်းအားအမွေနှင့် အကောင်းစား ရတနာကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သင့်တာအိုနှလုံးသားနောက်လိုက်ပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားအမွေနှင့် မဟာတာအိုအပိုင်းအစအား ရရှိမည်။]
ဟန်ကျွယ်ဟာ သိချင်စိတ်ကြောင့် မျက်လုံး ဖွင့်ကြည့်လိုက်ပါတယ်။
‘မဟာတာအို အပိုင်းအစဆိုပါလား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဘုံပျံမတက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[သင်သည် ဘုံပျံမတက်ဖို့ ရွေးချယ်ခဲ့သည့်အတွက် ဆန်းကြယ်စွမ်းအားအမွေနှင့် မဟာတာအိုအပိုင်းအစအား ရရှိပါသည်။]
[ဒြပ်စင်ငါးပါး နတ်ရောင်ခြည် ဆန်းကြယ်စွမ်အားအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဒြပ်စင်ငါးပါး နတ်ရောင်ခြည်: ရှေးဟောင်း ဆန်းကြယ်စွမ်းအားဖြစ်ပြီး တိုက်ခိုက်ရာတွင် အလွန်အားပြင်းသကဲ့သို့ ရန်သူ၏ ဝိညာဉ်ရတနာကို အဓမ္မလုယူနိုင်ကာ အစီအရင်ပုံစံများကိုလည်း အင်အားသုံး ချိုးဖျက်နိုင်သည်။]
[မဟာတာအို အပိုင်းအစအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[မဟာတာအို အပိုင်းအစ: မဟာတာအိုအပိုင်းအစ ကိုးပိုင်းအား စုစည်းနိုင်ခဲ့လျှင် မဟာတာအိုအား ခံစားနိုင်ပြီး မဟာအဂ္ဂတာအိုကျင့်စဉ်အား ရရှိမည်။]
‘မဟာအဂ္ဂတာအိုကျင့်စဉ်လား’
‘အထင်ကြီးစရာတော့ ကောင်းသားပဲ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ သုံးစားမရသေးဘူး’
‘ငါ့စနစ်က တော်တော်လေး ကပ်စေးနှဲတာပဲ၊ ပေးမဲ့ပေး တစ်ခါတည်း အပြည့်အစုံမပေးဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပြီး ဒြပ်စင်ငါးပါး နတ်ရောင်ခြည်ကို ဆက်ခံလိုက်ပါတယ်။ ဒြပ်စင်ငါးပါး နတ်ရောင်ခြည်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအား မဟုတ်တာကြောင့် ဟန်ကျွယ်ဟာ အချိန်အတော်ယူပြီး လေ့လာလိုက်ရပါတယ်။
ဒီဒြပ်စင်ငါးပါး နတ်ရောင်ခြည် ဆန်းကြယ်စွမ်းအားက တယ်ကို စွမ်းအားကြီးတာပါ။ ဟန်ကျွယ်ဟာ သူပူနွေးနွေး တတ်မြောက်ထားတဲ့ ဆန်းကြယ်စွမ်းအားရဲ့ အစွမ်းကို သိချင်တာကြောင့် အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဝတ်ရုံဖြူဗုဒ္ဓနဲ့ တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒြပ်စင်ငါးပါး နတ်ရောင်ခြည် ဆန်းကြယ်စွမ်းအားနဲ့ ဝတ်ရုံဖြူဗုဒ္ဓကို တစ်ချက်တည်း မသတ်နိုင်ဘူးဆိုပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓကို သာသာယာယာလေး သတ်နိုင်လိုက်ပါတယ်။
ဒီဆန်းကြယ်စွမ်းအားက စွမ်းအားကြီးလွန်းတာကြောင့် ဟန်ကျွယ်ဟာ အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုမျိုး ဆန်းကြယ်စွမ်းကို အရမ်းကြိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဓားတာအိုမှာ ပါရမီရှိတယ်ဆိုပေမဲ့ ရိုးရိုးသားသား ပြောရရင် ဓားကို မချစ်ပါဘူး။
ဟန်ကျွယ်ဟာ စွမ်းအားကြီးမားတဲ့ ဆန်းကြယ်စွမ်းအား တတ်မြောက်ခြင်း အထိမ်းအမှတ်အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ ဘာမှထူးထူးခြားခြား မရှိတာကို တွေ့လိုက်ရပါတယ်။
မော့ကျူနဲ့ မော့ဖူချိုတို့ ဘုံပျံတက်ပြီးနောက်ပိုင်းမှာ အရာအားလုံးက ချောချောမွေ့မွေ့ပါပဲ။ သူတို့တွေ အတိုက်ခိုက် မခံရပါဘူး။
တိမ်ပင်လယ်အောက်မှာ ကောင်းကင်ထက် ဝဲပျံနေတဲ့ တောင်ထိပ်တစ်ထိပ် ရှိနေပါတယ်။
ဒီတောင်ထိပ်မှာတော့ ဟာလာဟင်းလင်း ပွင့်နေတဲ့ အ‌ဆောက်အဦးကြီးတစ်ခု ရှိပါတယ်။ နံရံတွေက စက်ဝိုင်းပုံစံ ဝန်းရံထားတာကြောင့် သတ်ကွင်းတစ်ခုလိုပါပဲ။ ကြီးမားပြီး ယုတ်မာရက်စက်တဲ့ ကျောက်တုံးရုပ်ထုတွေကိုလည်း အရပ်မျက်နှာတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။
ဒီအဆောက်အဦးရဲ့ လေးထောင့်တစ်နေရာမှာတော့ အလွန်ကြီးမားတဲ့ ကျောက်ပြားတစ်ပြား ရှိနေပါတယ်။ ဒီကျောက်ပြားမှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနေတဲ့ လူတစ်ယောက်ကို ချည်နှောင်ထားပါတယ်။ ဒီလူကတော့ ဖန်းလျန်ပဲ ဖြစ်ပါတယ်။
ဖန်းလျန်ဟာ ခေါင်းတုံးဖြစ်နေပြီး တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေ ရထားပါတယ်။
လေးထောင့်စင်မြင့်ရဲ့ လှေကားမှာတော့ ကျင့်ကြံသူတွေ မတ်တတ်ရပ်နေကြပြီး ဖန်းလျန်ကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။ အရှေ့အရပ်က နံရံပေါ်မှာတော့ အဆောင်တစ်ဆောင်ရှိနေပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေပါတယ်။ ဒီလူရဲ့မျက်လုံးတွေက အရမ်းကို စူးရှလှပါတယ်။
“သူ အောင်မြင်ပါ့မလား မသိဘူး” သက်လတ်ပိုင်း အမျိုးသားဘေးက အဝါရောင်ဝတ်စုံနဲ့ မိန်းကလေးဟာ ဖန်းလျန်ကို ကြည့်ပြီး စိုးရိမ်စွာ ရေရွတ်လိုက်ပါတယ်။
သက်လတ်ပိုင်းအမျိုးသားက နှာခေါင်းရှုံ့လိုက်ပါတယ် “သူ့ကို ငါတို့ဘိုးဘေးက ရွေးချယ်ထားတာ၊ အောင်မြင်မှာပါ၊ ဒါပေမဲ့ သူ့ကို ငါတို့စကားနားထောင်အောင် တော်တော်ကြိုးစားရလိမ့်မယ်၊ ရှင်းအာ… သမီး သူ့ကို လက်ထပ်နိုင်မှလား”
ဒီစကားကို ကြားလိုက်ရတဲ့ အဝါရောင်ဝတ်စုံနဲ့ မိန်းကလေးဟာ ရှက်သွေးဖြာတဲ့မျက်နှာနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
သက်လတ်ပိုင်းအမျိုးသားဟာ ဖန်းလျန်ကို ခံစားချက် ကင်းမဲ့တဲ့မျက်နှာနဲ့ ကြည့်လိုက်ပါတယ် ‘ဒီကောင်လေးက ဘယ်ကနေ ရောက်လာတာလဲ၊ ဘိုးဘေးရဲ့ နတ်စွမ်းအားကိုတောင် တောင့်ခံနိုင်တယ်’
သက်လတ်ပိုင်းအမျိုးသားဟာ စိတ်ထဲမှာ အံဩတုန်လှုပ်သွားပြီး ဖန်းလျန်ကို မနာလိုဝန်တိုစွာ ကြည့်လိုက်ပါတယ်။ သက်လတ်ပိုင်းအမျိုးသားဟာ ဖန်းလျန်ကို မနာလိုဖြစ်ပေမဲ့ နောက်ကျရင် ဖန်းလျန်ကို ကျေနပ်အောင်လုပ်ပေးရမယ်ဆိုတာ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်က သူတို့မျိုးနွယ်စု ပြန်မွေးဖွားလာဖို့အတွက် မျှော်လင့်ချက် ဖြစ်နေလို့ပါပဲ။
“အား…”
ကျောက်ပြားမှာ ချည်နှောင်ခံထားရတဲ့ ဖန်းလျန်ဟာ ရုတ်တရက်ဆိုသလို သားရဲတစ်ကောင်လို ကြောက်မက်ဖွယ်တဲ့အသံနဲ့ အော်ဟစ်လိုက်တာကြောင့် လှေကားမှာရပ်နေတဲ့ ကျင့်ကြံသူတွေကို နောက်ဆုတ်သွားစေပါတယ်။
ဖန်းလျန်ဟာ ရုတ်တရက်ခေါင်းမော့လိုက်ပါတယ်။ ဖန်းလျန်ရဲ့ မျက်လုံးတွေဟာ သွေးရောင်ဖြစ်နေပြီး နဖူးအလယ်တည့်တည့်မှာ မျက်ဆံနှစ်ဆံရှိတဲ့ ထူးဆန်းတဲ့မျက်လုံးတစ်လုံး ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ဒြပ်စင်ငါးပါး နတ်ရောင်ခြည်ကို တက်မြောက်သွားတာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း ကောင်းကင်တာအိုတိုကင်ကနေ တိထိုက်ပိုင်ရဲ့ နတ်အာရုံလှိုင်းကို ခံစားမိလိုက်တာကြောင့် ကောင်းကင်တာအိုတိုကင်ကို အမြန်ထုတ်ယူလိုက်ပါတယ်။
“မင်းရဲ့ မြေးတပည့် ဖန်းလျန် ပျောက်နေတယ်” တိထိုက်ပိုင်က ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “နတ်ဆိုးရုံးတော်က ဖမ်းသွားတာလား”
‘ဖန်းလျန်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ ဖိအားကြောင့် အသိဉာဏ်လင်းလက်သွားတာ မဟုတ်ဘူးလား’ ဟန်ကျွယ်ဟာ ဖန်းလျန်ကို ကောင်းကင်ရုံးတော်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ခေါ်ထားတယ်လို့ ထင်နေတာပါ။
“မဟုတ်ဘူး၊ လေ့ကျင့်ဖို့ထွက်သွားတာ အတော်ကြာနေပြီ၊ သူ ပြောထားတဲ့ရက်ကို ပြန်ရောက်မလာဘူး၊ ငါတို့ စုံစမ်းကြည့်တော့လည်း ဘာသတင်းအစအနမှ မရဘူး” တိထိုက်ပိုင်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ မြေးတပည့်တွေက ပြဿနာ တော်တော်ပေးတာပါ။ ဖန်းလျန်က ပျောက်ဆုံးနေပြီး မုရုံချီကလည်း ကောင်းကင်ရုံးတော်ကို ရောက်ရောက်ချင်း ရှန်စစ်သူကြီးနဲ့ ထွက်သွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်တောင် သူ့ကို မရှာနိုင်ဘူးလား”
“လောကကြီးက အကျယ်ကြီးပဲ၊ ကောင်းကင်ရုံး‌တော်ရဲ့ ကံတရား အထောက်အပံ့နှင့် မသက်ဆိုင်ရင် ငါတို့တွေ အကုန်လုံး မသိနိုင်ဘူး”
“ကျွန်တော် နားလည်ပြီ၊ အခုလို လာပြောပေးတဲ့အတွက် ကျေးဇူးပါ”
“သူက မိုးမြေသားတော်ပဲ၊ အင်မော်တယ်ကမ္ဘာမှာတောင် သူ့ကံတရား အထောာက်အပံ့က မဆိုးဘူး၊ ကောင်းကင်က သူ့ကို ကူညီမှာပါ”
“အင်း…”
ဆက်သွယ်မှုပြီးနောက် ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။ လူမှုဆက်ဆံရေးထဲမှာ ဖန်းလျန်ပုံ ရှိနေသေးတဲ့အတွက် မသေသေးဘူးဆိုတာ သိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ ပုံရိပ်ကို နှိပ်လိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် လှည့်စားမိစ္ဆာမျက်လုံးအား ဆက်ခံရရှိပြီး မဟာညီညွှတ်မှု ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွား၏။]
‘မဟာညီညွှတ်မှု ကောင်းကင်အင်မော်တယ်တောင် ဖြစ်သွားပြီလား… ကျွတ်..ကျွတ်… ဒီကောင်လေးက တော်တော်မြန်တာပဲ’
ဒီအခြင်းအရာကြောင့် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ အခုအခြေအနေကို ကြည့်ရသလောက် ဖန်းလျန်က အခွင့်အရေး အကြီးကြီးတစ်ခု ရရှိသွားပုံပါပဲ။
ဟန်ကျွယ် စိုးရိမ်နေလည်း ဘာမှထူးခြားသွားမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကိုသွားပြီး ဖန်းလျန်ကို လိုက်ရှာမှာ မဟုတ်ပါဘူး။ မတော်လို့ သေရေးရှင်ရေး ဖြစ်လာခဲ့ရင်တောင် ဖန်းလျန်က ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုပြီး ဟန်ကျွယ်ကို ဆင့်ဆိုနိုင်ပါသေးတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset