အခန်း (၂၁၉) ရှင်းဟုန်ရွှမ် ပြန်ရောက်လာခြင်း
[နတ်သတ်ဓား: အကောင်းဆုံး မဟာညီညွှတ်မှု ရတနာ၊ ကောင်းကင်တာအို၏ လက်ဝဲရတနာဖြစ်ပြီး ရန်သူအား သတ်ဖြတ်သောအခါ ရေစက်ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ထို့အပြင် မိုးမြေတစ်ခွင်ရှိ မိစ္ဆာရောင်ဝါကို စုပ်ယူ၍ ဉာဏ်ရှိသလို အသုံးချနိုင်သည်။]
ဟန်ကျွယ်ဟာ နတ်သတ်ဓားအရဲ့ အချက်အလက်ကို မြင်လိုက်ရတဲ့အခါမှာ ဘဝင်ကျသွားပြီး ချက်ချင်းထုတ်ယူကာ ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ နတ်သတ်ဓားဟာ မည်းနက်နေပြီး တစ်ချက်ကြည့်ရုံနဲ့ မိစ္ဆာပစ္စည်းမှန်း သိသာလှပါတယ်။ အထူးသဖြင့် ဓားမှထွင်းထားတဲ့အရာတွေက ကြမ်းကြုတ်ရက်စက်တဲ့ နတ်ဆိုးတစ်ကောင် အစွယ်ဖြဲနေသလိုပါပဲ။
ဟန်ကျွယ်ဟာ နတ်သတ်ဓားကို ကိုယ်ပိုင်ပစ္စည်း ပြုပြီးတဲ့အခါမှာ သိမ်းဆည်းလိုက်ပြီး ဓားတာအိုကို ဆက်လက်သုံးသပ်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေ အကုန်လုံးကို ဧကရာဇ်အဆင့်ထိ မြှင့်တင်ဖို့ ဆုံးဖြတ်ထားပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ် ၇ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့စွမ်းအားတွေ အကုန်လုံးကို ကန့်သတ်ချက်ထိရောက်အောင် မြှင့်တင်ပြီးတာကြောင့် အသွင်တူလက်ရည်စမ်းပွဲထဲမှာ လက်ရည်စစမ်းပါတော့တယ်။
တိထိုက်ပိုင်ဟာ တစ်ချက်တည်းနဲ့ သေသွားပါတယ်။ မီးဧကရာဇ်လည်း ထို့အတူပါပဲ။
ကောင်းကင်ဧကရာဇ်ကို ယှဉ်တိုက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဗိုလ်ချုပ်ချန်ဖောင်ကိုတော့ တစ်ချက်တည်းနဲ့ သတ်နိုင်လိုက်ပါတယ်။
အိမ်ရှေ့မင်းသားတျန်ဇယ်လည်း တစ်ချက်တည်းပါပဲ။
နဂါနိုင်ဗုဒ္ဓလည်း တစ်ချက်တည်းနဲ့ သေဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဒီရလဒ်ကို အတော်လေး ကျေနပ်သွားပါတယ်။ အခုဆိုရင် အင်မော်တယ်ဧကရာဇ်အောက်မှာ ဟန်ကျွယ်ကို ဘယ်သူ့မှ မသတ်နိုင်တော့ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်ဆိုးရုံးတော်က ကိုးမြီးဧကရီကို သတိရသွားပြီး စိုးရိမ်ဝင်လာပြန်ပါတယ်။
‘မဟုတ်သေးဘူး… ငါက အင်မော်တယ်ဧကရာဇ်ကို မနိုင်ဘဲနဲ့ ဘယ်လိုပြီး အင်အားကြီးတယ်လို့ ပြောလို့ရမှာလဲ’
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့မာနကို ဖိနှိပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ပါတယ်။
ဟန်ကျွယ်ဟာ နတ်သတ်ဓားကို အဆင့်မမြှင့်တင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်သတ်ဓားက မိစ္ဆာရတနာဖြစ်တဲ့အတွက် ပိုင်ရှင်ကို အလွယ်တကူ ဝါးမြိုနိုင်ပါတယ်။ စိတ်မချရပါဘူး။ ဒါ့အပြင် ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်လိုက်ရင် ကျိန်စာစွမ်းအားက ဒီထက်အားကြီးလာမှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်ဟာ ရန်သူတွေကို သူတို့တွေ မတိုက်ခိုက်ကတည်းက သတ်ပစ်ချင်တာပါ။ ဒါမှ ပြဿနာနည်းမှာပါ။ ဟန်ကျွယ်ဟာ ဖြစ်နိုင်မယ်ဆိုရင် လုံးဝ မတိုက်ခိုက်ချင်ပါဘူး။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ အပြုအမူကို စိတ်ဝင်တစား ကြည့်နေပါတယ် ‘ဒါက သာမန်စာအုပ် မဟုတ်ဘူးလား၊ သခင်က ငါ့ကို ညာခဲ့တာလား’
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို လျစ်လျူရှုပြီး ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ပါတယ်။ လေးငါးခြောက်ရက် ကြာတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်ကို အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်သွားပါတယ်။
[သင့် ကြမ္မာဆိုးစာအုပ်သည် ဧကရာဇ်တာအို စိတ်ဝိညာဉ်ရတနာအဖြစ်သို့ အဆင့်မြှင့်တက်သွားပါပြီ။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမှာ အံဩမှင်သက်သွားပါတယ်။
‘အင်း… ကြည့်ရတာဒြပ်ငါးပါး စိန်လက်ကောက်က ဧကရာဇ်တာအို အကောင်းစားရတနာဆိုတော့ ကြမ္မာဆိုးစာအုပ်ထက် ပိုစွမ်းပုံပဲ’
ဧကရာဇ်တာအို စိတ်ဝိညာဉ်ရတနာနဲ့ ဧကရာတာအို အကောင်းစားရတနာတွေက အကောင်းဆုံး မဟာညီညွှတ်မှုရတနာတွေရဲ့ အထက်မှာရှိပါတယ်။
ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ ရန်သူတွေကို ကျိန်စာစတိုက်ပါတယ်။ ကျိန်စာတိုက်တာ ငါးရက်ကျော်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျှော့ကျလာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရန်သူတစ်ယောက်ကို ငါးရက်စီ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၆၃၁
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၉၃၂၃
[သင့်မြေးတပည့် ဖန်းလျန်သည် အပြင်းအထန် တိုက်ခိုက်ပြီး နတ်ဆိုးဝိညာဉ်ကို ဝါးမြိုခဲ့သောကြောင့် သွေးစည်း ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် သင့်မိတ်ဆွေ သိဟုန်ယဲ့၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ရှန်နန်းတော်၏ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် စုချီ၏ ကြမ္မာဆိုး ဖြန့်ကျက်မှုကြောင့် တာအိုသခင်တန်ချင်းသည် တာအိုနှလုံးသား ပြိုကွဲပြီး ဆင်ခြင်တုံတရား ကင်းမဲ့သွား၏။]
ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်က တိုက်ခိုက်နေတုန်းပါ။ ဒါပေမဲ့ စာအိတ်တွေကိုကြည့်ရသလောက် ကောင်းကင်ရုံးတော်က အသာစီးရလာပုံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလောက် အတိုက်ခိုက် မခံရတော့လို့ပါ။
ဒါပေမဲ့ ရှန်နန်းတော်ကတော့ တော်တော်လေး ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အထူးသဖြင့် ဓားနတ်ဧကရာဇ်က အခြေအနေ အဆိုးဆုံးပါ။ ရှန်နန်းတော်က ဘယ်လိုလုပ်ပြီး နတ်ရွှေကျီးကန်းမျိုးနွယ်စုကို ရန်စမိသွားလဲဆိုတာတော့ ဟန်ကျွယ် မသိသေးပါဘူး။
ဟန်ကျွယ်ဟာ နတ်ရွှေကျီးကန်း မျိုးနွယ်စုက ရှန်နန်းတော်ထက် အင်အားမနည်းဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
“သခင်… လီယောင် ထွက်ပြေးရပြန်ပြီ” ဝူတောက်ကျန့်က ရုတ်တရက် ပြောလိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ကောင်းကင်ကိုးလွှာရေစင်ဘေးမှာ ထိုင်ပြီး ရေမျက်နှာပြင်ကို ပြန်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းက မေးလိုက်ပါတယ် “အခြေအနေ ဘယ်လိုရှိလဲ”
“အဆင်ပြေပါတယ်၊ ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ဘူး”
နှစ်တွေ ဒီလောက်ကြာပြီဖြစ်တဲ့အတွက် လီယောင်ကလည်း အရင်ကထက် အများကြီး စွမ်းအားကြီးနေပါပြီ။
ဟန်ကျွယ်ဟာ လီယောင် ဘာမှမဖြစ်တဲ့အတွက် ဘာမှ ထပ်မမေးတော့ပါဘူး။
ဝူတောက်ကျန့်ကတော့ ရေမျက်နှာပြင်ကို ဆက်ကြည့်နေပါတယ်။
ခြောက်လအကြာမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပြီး ဆက်ကျင့်ကြံပါတယ်။ အဲဒီနောက် လေးငါးခြောက်ရက် အကြာမှာတော့ ရှင်းဟုန်ရွှမ် ရုတ်တရက် ပြန်ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းပြီး ရှင်းဟုန်ရွှမ်နဲ့ တစ်ဦးတည်း တွေ့ဆုံပါတယ်။
“ယောက်ျား… ဒီနှစ်ထဲ ကျင့်ကြံရတာ ဘယ်လိုနေလဲ” ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘေးမှာထိုင်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။
“အဆင်ပြေပါတယ်၊ မင်းရော ဘယ်လိုနေလဲ” မမြင်ရတာ အတော်ကြာပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို တော်တော်လေး သတိရနေတာပါ။
ရှင်းဟုန်ရွှမ်က ရယ်မောလိုက်ပါတယ် “ခစ်..ခစ်… မိန်းမက အဆင်ပြေပါတယ်၊ ဒါတွေ ထားလိုက်ပါတော့၊ အရေးကြီးတဲ့ကိစ္စကို အရင်လုပ်ရအောင်…”
အဲဒီနောက်မှာတော့….။
ဒီလိုနဲ့တစ်လကြာတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ အဝတ်တွေကို ပြန်ဝတ်လိုက်ပြီး ဒီနှစ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြပါတယ်။
စွန့်စားရတယ်ဆိုပေမဲ့ အကုန်လုံးက အဆင်ပြေပြေချည်းပါပဲ။ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုကလည်း ဟင်းလင်းပြင်ပေါင်းစပ်မှုအဆင့်ကို ရောက်ရှိလာပါပြီ။ ရှင်းဟုန်ရွှမ်ဟာ သူ့ကျင့်ကြံမှုကို တော်တော်လေး အားရကျေနပ်ပါတယ် “ယောက်ျား…. ယောက်ျားက ကျွန်မထက် အဆင့်ဘယ်လောက် ပိုမြင့်လဲ” ရှင်းဟုန်ရွှမ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရေရွတ်လိုက်ပါတယ် “ငါ ရေကြည့်အုန်းမယ်၊ တစ်..နှစ်..သုံး… ကိုးဆင့်”
ရှင်းဟုန်ရွှမ်: “…..”
လေးငါးခြောက်ရက် အကြာမှာတော့ ရှင်းဟုန်ရွှမ် ထွက်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက မထွက်သွားခင် ဟန်ကျွယ်ကို ရတနာတွေ လက်ဆောင်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီရတနာတွေက ကလေးကစားစရာအဆင့်တောင် မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ရှင်းဟုန်ရွှမ်ကိုသာ ဆန်းကြယ်စွမ်းအား သင်ပေးလိုက်ပါတယ်။
ဒီလိုနဲ့ဘဝမှာ ပုံမှန် ပြန်ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒီလိုအေးချမ်းတဲ့နေ့ရက်တွေပဲရှိပြီး ဘယ်သူ့မှ သူ့ကို လာမနှောင့်ယှက်ဖို့ မျှော်လင့်မိလိုက်ပါတယ်။ ကျင့်ကြံမှုတိုးတက်လာတာကို နေ့တိုင်းခံစားရတာက ပျင်းစရာတော့ မကောင်းပါဘူး။
ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကတော့ ဟန်ကျွယ်လို မနေနိုင်ကြပါဘူး။
ကျိုးမင်ယွဲ့ဟာ ဟန်ကျွယ်ရဲ့ သဘောတူညီချက်ကို ရပြီးတဲ့နောက်မှာ တောင်အောက်ဆင်းသွားပါတယ်။ ထူလင်းအာလည်း လောကအနှံ့ ခြေဆန့်ပါတယ်။ ရွှင်ချန်အန်း၊ လုံဟောင်၊ ခေါင်းငါးလုံး မြွေနဂါးဘုရင်၊ ငရဲကြက်နက်၊ ရွှေကျီးကန်းနှစ်ကောင်၊ ချူရှီရန်နဲ့ မုရုံချီတို့ကတော့ ကျင့်ကြံအားထုတ်နေတုန်းပါပဲ။
ခေါင်းငါးလုံး မြွေနဂါးဘုရင်ဟာ ငရဲကြက်နက်ကိုကြည့်ပြီး မေးလိုက်ပါတယ် “မင်းတစ်ဘဝလုံး အပြင်မထွက်တော့ဘူးလား”
ငရဲကြက်နက်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “အပြင်မှာ ဘာလုပ်စရာရှိလို့လဲ”
“ပဋိပက္ခကောင်းကင်ခွေးတောင် အပြင်ထွက်သေးတာပဲ၊ မင်းကျင့်ကြံမှုနဲ့ဆိုရင် ဘာအန္တရာယ်မှ မရှိလောက်ပါဘူး၊ ဟုတ်တယ်မလား”
“မဟုတ်ဘူး၊ အဲဒီခွေးသားက အစော်ခံရတာ ကျင့်သားရနေပြီ”
“မင်းက ကြောက်နေတာလား”
“ဘာကို ကြောက်ရမှာလဲ”
“အပြင်လောကကို ကြောက်တာလေ”
ငရဲကြက်နက်ဟာ တိတ်ဆိတ်သွားပါတယ်။
တစ်ခြားသူတွေလည်း မနေနိုင်ဘဲ မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။ သူတို့တွေဟာ ဒီအမြဲတမ်း စိတ်အနှောင့်အယှက်ပေးတက်တဲ့ ငရဲကြက်နက်က အပြင်လောကကို တကယ်ကြောက်လိမ့်မယ်လို့ ထင်မထားပါဘူး။
ဒါပေမဲ့ ဒါကလည်း အဓိပ္ပာယ်တော့ ရှိပါတယ်။ ငရဲကြက်နက်ဟာ တောင်ပေါ်က တစ်ခါမှ မဆင်းဖူးပါဘူး။
ငရဲကြက်နက်ဟာ ယမ်းပုံမီးကျ ဖြစ်သွားပါတယ် “ဘာလို့ကြောက်ရမှာလဲ၊ အချိန်မကျသေးလို့ မဆင်းသေးတာ” ကံဆိုးစွာပဲ ဘယ်သူမှ ငရဲကြက်နက်စကားကို မယုံကြပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံနေတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။
‘ဒီငရဲကြက်နက်က အပြင်လောကကို တော်တော်ကြောက်နေတာပဲ၊ အကြောက်လွန်နေပြီထင်တယ်’
ငရဲကြက်နက်ဟာ အခုဆိုရင် ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်နေပြီး အတိဒုက္ခဖြတ်ကျော်အဆင့်နဲ့ သိပ်မဝေးတော့ပါဘူး။ ဒီကျင့်ကြံမှုမျိုးနဲ့ဆိုရင် သေမျိုးကမ္ဘာမှာ သေဘေးတွေ့ဖို့က ၉၉.၉၉ ရာခိုင်နှုန်း မဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငရဲကြက်နက်ဟာ ဟန်ကျွယ်ဆီက ပညာတွေ အများကြီးရထားတာကြောင့် သာမန်အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူကို အလွယ်လေး အနိုင်ယူနိုင်ပါတယ်။
‘ဒီကောင် ကောင်းကင်ဘုံဝင်အဆင့်ရောက်ရင် အတင်းထွက်ခိုင်းရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာတွေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာတစ်ခုလုံးကို သူ့အိမ်လို သဘောထားတာပါ။ အိမ်ထဲမှာ ဟိုလျှောက်ဒီလျှောက်လုပ်တာက ဘာအန္တရာယ်တွေ့နိုင်မှာလဲ။
ဆယ်သုံးနှစ်ကြာတဲ့အခါမှာတော့ တိထိုက်ပိုင်ရောက်လာပါတယ်။ တိထိုက်ပိုင်ကိုယ်တိုင် ရောက်လာတာပါ။ ဟန်ကျွယ်ဟာ ရွေးချယ်စရာာမရှိဘဲ ဝူတောက်ကျန့်ကို အပြင်ထုတ်လိုက်ရပြီး တိထိုက်ပိုင်ကို တစ်ယောက်တည်း တွေ့ဆုံပါတယ်။
တိထိုက်ပိုင်ဟာ ကောင်းကင်ကိုးလွှရေစင်နဲ့ ပြန်လည်မွေးဖွားခြင်း လီလီပန်းကို သတိပြုမိသွားပါတယ်။ ပြန်လည်မွေးဖွားခြင်း လီလီပန်းဟာ ကြီးပြင်းနေပြီမို့ အင်မော်တယ်ချီကို စထုတ်လွှတ်နေပါပြီ။
‘ဒီကောင်လေးက ရတနာတွေ ပေါသားပဲ’ တိထိုက်ပိုင်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။ ဒါပေမဲ့ ရတနာတွေအကြောင်းကို မမေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြလို့ပါပဲ။
“နတ်ဆိုးရုံးတော်က စပြီး နောက်ဆုတ်သွားပြီ၊ မင်းကျင့်ကြံမှုက ဘယ်အဆင့်ရောက်ပြီလဲ” တိထိုက်ပိုင်က မေးလိုက်ပါတယ်။ တိထိုက်ပိုင် ဒီလိုမေးရတဲ့အကြောင်းရင်းက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အင်မော်တယ်စစ်အဆင့်မှာပဲ ရပ်တန့်နေတာကို တွေ့ရလို့ပါ။ ဒါကြောင့် တိထိုက်ပိုင်ဟာ ဟန်ကျွယ်က ပညာရပ်တစ်မျိုးမျိုးကို အသုံးပြုပြီး ကျင့်ကြံမှုအဆင့်ကို လျှို့ဝှက်ထားမှန်း ခန့်မှန်းမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချီတုံချတုံဖြစ်သွားပါတယ် “အင်း… ရွှေအင်မော်တယ်အဆင့်ကို ရောက်ခါနီးနေပြီ”
တိထိုက်ပိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “မင်း အဆင့်တက်တာက တကယ် မြန်သားပဲ၊ ဒီအတိုင်းဆို ကောင်းကင်ရုံးတော်ကို မကြာခင် ရောက်လာတော့မှာပဲ”
တိထိုက်ပိုင်ရဲ့စကားကြောင့် ဟန်ကျွယ်ဟာ ပိုပြီးတော့ ရှုပ်ထွေးသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 219
? Views, Released on December 2, 2024