အခန်း (၂၁၄) ဓားတာအိုအားမြစ်အား စောင့်ကြပ်ခြင်း၊ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွား
တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ဟာ သတိပြန်ရလာပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဓားတာအိုမြစ်ကိုသာ မြင်ရပြီး စောစောကပုဂ္ဂိုလ် မရှိတော့တာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ အရာအားလုံး ပြောင်းလဲသွားတယ်လို့ ခံစားလိုက်ရပြီး ဓားတာအိုမြစ်နဲ့ အလွန်ရင်းနှီးနေတဲ့ ခံစားချက်မျိုး ရလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံကိုတောင် ဖြန့်ကျက်လို့ ရသွားပါတယ်။ ဒီခံစားချက်က သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ရှုနေရသလိုပါပဲ။
အခုအချိန်ကစပြီး ဟန်ကျွယ်ဟာ ဓားတာအိုမြစ် စောင့်ကြပ်သူ ဖြစ်သွားပါပြီ။ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲမှာ လျှောက်လှမ်းနေကြတဲ့ ပုဂ္ဂိုအသီးသီးရဲ့ ပုံရိပ်အစစ်ကို မြင်တွေ့နိုင်သွားပြီး ဓားတာအိုမြစ်ရဲ့ ဆန်းကြယ်စွမ်းအားကို အသုံးပြုကာ သူလိုချင်တဲ့ ဘယ်သူ့ကိုမဆို ဓားတာအိုမြစ်ထဲကနေ နှင်ထုတ်နိုင်ပါတယ်။ နောက်ပြီး ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို တံခါးမရှိ ဓားမရှိ ဖြစ်သွားပါတယ်။
အခုအချိန်ကစပြီး ဓားတာအိုမြစ်ဟာ ဟန်ကျွယ်ရဲ့ အိမ်တစ်လုံး ဖြစ်သွားပါပြီ။
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ဒီကိစ္စကြောင့် အံဩဝမ်းသာခြင်းမရှိဘဲ စိတ်လေးလက်လံ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းကူရှင်းက သူ့ကို တော်တော်လေး ဂရုစိုက်လို့ပါ။ အရင်တုန်းက ကျန်းကူရှင်းသာ မကယ်ခဲ့ရင် ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲမှာ ဘဝဆုံးသွားလောက်ပါပြီ။
နောက်ပြီး ဟန်ကျွယ်ဟာ သူနားမလည်သမျှကို ကျန်းကူရှင်းဆီ မေးမြန်းတဲ့အတွက် ဟန်ကျွယ်နဲ့ ကျန်းကူရှင်းရဲ့ ဆက်ဆံရေးက ဆရာမကျ မိတ်ဆွေမကျ ဆက်ဆံရေးပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “စီနီယာ… ကျွန်တော် အစ်ကိုတော်ကို ဖမ်းသွားတဲ့လူက ဘယ်သူလဲ”
ဟန်ကျွယ်ဟာ စောစောက စီနီယာ ထွက်မသွားသေးမှန်း ယုံကြည်တာကြောင့် အခုလို မေးလိုက်ခြင်း ဖြစ်ပါတယ်။ ဟန်ကျွယ် ခန့်မှန်းချက် မှန်သွားပါတယ်။
“ရှန်နန်းတော်ရဲ့ အင်မော်တယ်ဧကရာဇ် ယွီတျန်ပေါင်ပဲ၊ ဘာလဲ၊ မင်းက သူ့ကို ကယ်ချင်လို့လား၊ မင်းတစ်ယောက်တည်းနဲ့လေ…”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်က အင်မော်တယ်ဧကရာဇ် ပြိုင်ဘက်မှ မဟုတ်တာ၊ ဒီအတိုင်း သိချင်လို့ မေးကြည့်ရုံပါ”
[ဓားနတ်ဧကရာဇ်သည် သင့်အပေါ် မျက်နှာသာပေးမှု လျော့ကျသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
‘အား… သူက ဓားနတ်ဧကရာဇ်ကိုး၊ မျက်နှာသာပေးမှုက ဒီလိုပဲ လျော့ကျသွားရလား၊ တစ်ခုခုတော့ မဟုတ်သေးဘူး’
‘ဓားနတ်ဧကရာဇ်က ကျန်းကူရှင်းအတွက် ငါလက်စားချေဖို့ မျှော်လင့်နေတာလား၊ မဟုတ်သေးဘူး…’
‘ဓားနတ်ဧကရာဇ်က ငါ့ကို ကောင်းကင်ရုံးတော်ဆီ အကူအညီတောင်းစေချင်တာလား’
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
ဒီအချိန်မှာ ဓားနတ်ဧကရာဇ်ရဲ့ အေးစက်တဲ့အသံ ထပ်မံ ထွက်ပေါ်လာပါတယ် “မင်းကို နောက်ဆုံးတစ်ကြိမ် သတိပေးလိုက်မယ်၊ အခု မင်းက ဓားတာအိုမြစ်ကို စောင့်ကြပ်နေတဲ့လူဆိုပေမဲ့ အခွင့်အာဏာတစ်ခုပဲ ရှိတာ၊ မင်းလုပ်ချင်းတိုင်း လျှောက်လုပ်လို့မရဘူး၊ မင်းထက် ကျင့်ကြံမှုမြင့်တဲ့သူ ဝင်လာရင် မင်း သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”
“ဒါကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်ကို အပြစ်မပြုမိစေနဲ့”
ဟန်ကျွယ်က ဒီလောက်တော့ နားလည်ပါတယ်။ ဓားတာအိုမြစ်ကိုမှီပြီး လုပ်ချင်ရာ လုပ်လို့ရနေရင် ကျန်းကူးရှင်း အဖမ်းခံရမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်အမြင်မှာ ဓားတာအိုမြစ်က ကုမ္ပဏီတစ်ခု ဖြစ်ပြီး သူက လုံခြုံရေးဝန်းထမ်းပါ။ တစ်ချို့အခြေအနေတွေမှာ သူက လူတစ်ချို့ကို မောင်းထုတ်နိုင်တယ်ဆိုပေမဲ့ ကုမ္ပဏီပိုင်ရှင်တော့ မဟုတ်ပါဘူး။ သော့တစ်ချောင်းကို ရထားရုံလေးပါ။
ဟန်ကျွယ်ဟာ ဦးညွှတ်လိုက်ပြီးနောက် ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ အဲဒီနောက် ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုင်ပိုင်ကို ဆက်သွယ်လိုက်ပါတယ်။
“စီနီယာ… ရှန်နန်းတော်က အမဧကရာဇ် ယွီတျန်ပေါင်ကို သိလား” ဟန်ကျွယ်က အသံလွှင့်ပြီး မေးလိုက်ပါတယ်။
တိထိုင်ပိုင်က ပြန်ဖြေပါတယ် “သိတာပေါ့၊ သူက ရှန်နန်းတော်ရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲအသစ်ပဲ၊ သူက ရှန်နန်းတော်မျာ တော်တော်လေး အာဏာရှိတယ်”
“ဘာလဲ၊ သူက မင်းကို မျက်စိကျနေလို့လား” တိထိုက်ပိုင်ရဲ့အသံဟာ တုန်ယင်သံ ပေါက်သွားပါတယ်။
“ကျွန်တော့်ကို မျက်စိကျတာ မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့ အစ်ကိုတော်ကို ဖမ်းသွားလို့ပါ၊ အဲဒါကို သူ့ကိုကယ်ဖို့ နည်းလမ်းများရှိမလားလို့”
“အစ်ကို… မင်း ဘယ်တုန်းက အစ်ကို ရသွားတာလဲ”
“ဓားတာအိုမြစ်ကို စောင့်ကြပ်နေတဲ့လူလေ၊ သူ့နာမည်က ကျန်းကူရှင်း”
“ဘာ… ကျန်းကူရှင်းက မင်းအစ်ကိုတော်၊ ဟုတ်သားပဲ… မင်းရဲ့ ဓားတာအိုစွမ်းရည်က ဒီထောက်ထိ ကြောက်ဖို့ကောင်းတာ သူနဲ့ဆုံတွေမိတာ မဆန်းပါဘူး…”
အဲဒီနောက် ချက်ချင်းဆိုလိုပဲ တိထိုက်ပိုင်ဟာ အတွေးနက်သွားပါတယ်။
ဟန်ကျွယ်လည်း နည်းနည်း မျက်မှောင်ကြုတ်သွားပါတယ်။
‘ကြည့်ရတာ ဒီကိစ္စက တော်တော်ခက်ပုံပဲ’ ဟန်ကျွယ် ဘာဖြစ်လို့ ဒီလိုတွေးရတာလဲဆိုတော့ အရင်ကဆိုရင် တိထိုက်ပိုင်ဟာ ဟန်ကျွယ်တောင်းဆိုချက်တိုင်းကို အချိန်မဆိုင်းဘဲ သဘောတူလို့ပါပဲ။
အတန်ကြာမှ တိထိုက်ပိုင်ဆီကနေ စကားသံ ထွက်ပေါ်လာပါတယ် “ကျန်းကူရှင်းက ရှန်နန်းတော်ရဲ့ နံပါတ်တစ် ဓားကျင့်ကြံသူ ဖြစ်ခဲ့ပါတယ်၊ သူတို့မျိုးဆက်မှာ ကျန်းကူရှင်းက ပြိုင်ဘက်ကင်းပြီး စိတ်နှလုံးသားထဲမှာ ဓားပဲရှိတယ်၊ ရှန်နန်းတော်သခင်က သူ့သမီးကို ကျန်းကူရှင်းနဲ့ ပေးစားခဲ့တယ်၊ ဒါပေမဲ့ ကျန်းကူရှင်းက လက်မခံခဲ့ဘူး၊ ရှန်နန်းတော်သခင်ရဲ့ သမီးက ဒီကိစ္စကြောင့် ကြေကွဲပြီး ယွီတျန်ပေါင်ကို လက်ထပ်ခဲ့ရတယ်”
“ယွီတျန်ပေါင်က ရှန်နန်းတော်သခင်ရဲ့ သမီးကို လက်ထပ်နိုင်ခဲ့တယ်ဆိုပေမဲ့ ကျန်းကူရှင်းထက် ညံတယ်လို့ အမြဲခံစားနေရတယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ကျန်းကူရှင်း အပြင်ထွက်လေ့ကျင့်တော့ အင်မော်တယ်ဧကရာဇ်တွေ ဝိုင်းတိုက်တာကို ခံခဲ့ရတယ်၊ အကြောင်းအရင်းတစ်ချို့ကြောင့် ကျန်းကူရှင်းက သူ့ခန္ဓာကို စွန့်ပစ်ပြီး သူ့ဝိညာဉ်ကလည်း ရှန်းနန်းတော်ကနေ ထွက်လာခဲ့တယ်၊ အဲဒီအချိန်ကစပြီး သူက ဓားတာအိုမြစ် စောင့်ကြပ်သူ ဖြစ်လာတာပဲ”
“ကျန်းကူရှင်းကို ကယ်ဖို့က မဖြစ်နိုင်ဘူး၊ ဒီနှစ်ထဲမှာ ကောင်းကင်ရုံးတော်နဲ့ ရှန်နန်းတော်ရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းလာတယ်၊ အများဆုံးတော့ သူမသေအောင်ပဲ ငါ အာမခံနိုင်တယ်”
တိထိုင်ပိုင်ရဲ့ ကတိပေးစကားကြောင့် ဟန်ကျွယ်ဟာ အတော်လေး သက်သာရာ ရသွားပါတယ်။ အသက်ရှင်နေသေးတာက သေတာထက်စာရင် အများကြီး ကောင်းပါတယ်။
“မသေလည်း အဆင်ပြေပါတယ်”
တိထိုက်ပိုင်က ဆက်ပြောပါတယ် “ဒီကိစ္စကို ကောင်းကင်ရုံးတော် ဖြေရှင်းလိမ့်မယ်၊ မင်းအရည်အချင်းက ကြောက်ဖို့ကောင်းပေမဲ့ စွမ်းအားက မလုံလောက်သေးဘူး၊ အင်မော်တယ်ဧကရာဇ်ကို မင်းမတိုက်နိုင်သေးဘူး၊ ဒါကြောင့် တဇွတ်ထိုးမလုပ်နဲ့”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် သိပါတယ်”
တိထိုက်ပိုင်နဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရှန်နန်းတော်က ယွီတျန်းပေါင်ကို ကျိန်စာစတိုက်ပါတယ်။ အနန္တကမ္ဘာမှာ ယွီတျန်းပေါင် အများကြီး ရှိနိုင်ပေမဲ့ ရှန်နန်းတော်မှာတော့ တစ်ယောက်ပဲ ရှိတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ မှားပြီး ကျိန်စာတိုက်မိမှာ စိုးတဲ့အတွက် ရှန်နန်းတော်က ယွီတျန်းပေါင်ဆိုပြီး ကျိန်စာတိုက်ပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရှန်နန်းတော်က ယွီတျန်းပေါင်ကို ထပ်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် တာအိုအကြောင်း ဆွေးနွေးခဲ့သောကြောင့် အကျိုးထူးများစွာ ရရှိသွားပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆဆွ သိဟုန်ယဲ့သည် ရှန်နန်းတော် အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် နတ်ရွှေကျီးကန်းမျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၀
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ဓားတာအို အဓိပ္ပာယ်စစ်ကို သိမြင်နားလည်ပြီး ကောင်းကင်တာအို ဆန်းကြယ်စွမ်းအားကို နားလည် သဘောပေါက်သွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကံအားလျော်စွာ အခွင့်အရေးတစ်ခုရရှိပြီး တာအိုဂိုဏ်း၏ အကောင်းစား ကျင့်စဉ်ကို ရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် နတ်ဆိုးသူတော်စင် တိုက်ခိုက်ခြင်းကို ခံရပြီး ဂိုဏ်းတစ်ခုလုံး မျိုးတုံးခံလိုက်ရ၏။]
ဟန်ကျွယ်ဟာ ယွီတျန်းပေါင် တစ်ခုခုဖြစ်တာကို မမြင်ရတဲ့အတွက် စိတ်နည်းနည်း ပျက်သွားပါတယ်။ ဒါပေမဲ့ ကျန်းကူရှင်းက ဆန်းကြယ်စွမ်းအား သိမြင်နားလည်သွားတာကို မြင်လိုက်ရတဲ့အတွက် ကျန်းကူရှင်း အခြေအနေကောင်းမှန်း သိလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျန်းကူရှင်းရဲ့ ကျင့်ကြံမှုကို လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါမှာ မသိနိုင် ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျန်းကူရှင်း အင်မော်တယ်ဧကရာဇ် ဖြစ်သွားမှန်း သိလိုက်ပါတယ်။
‘အစ်ကိုတော်က တော်တော်ကြမ်းတာပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ အခြေအနေကိုလည်း သတိပြုမိပါတယ်။ ကောင်းကင်ဧကရာဇ်နဲ့ တာအိုအကြောင်းဆွေးနွေးပြီး ကောင်းကင်ဧကရာဇ်ကို ကျင့်ကြံမှု တိုးတက်စေတဲ့လူက သာမန်လူတော့ မဖြစ်နိုင်ပါဘူး။
‘ဒီစွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်သူများပါလိမ့်’
ဟန်ကျွယ်ဟာ သိချင်သွားပါတယ်။
ဒါ့အပြင် ဟန်ကျွယ်ဟာ နတ်ရွှေကျီးကန်း မျိုးနွယ်စုနဲ့ ရှန်နန်းတော်တို့ တိုက်ခိုက်တာကို တွေ့လိုက်ရပါတယ်။ ရွှေကျီးကန်းလေးနှစ်ကောင်ရဲ့ မိခင် သိဟုန်ယဲ့က တော်တော်လေးကို ကြမ်းပုံပါပဲ။ မဟုတ်ရင် ရှန်နန်းတော်က အင်မော်တယ်ဧကရာဇ်လေးပါးကို ယှဉ်တိုက်နိုင်မှာ မဟုတ်ပါဘူး။
‘တော်သေးတယ်… ငါ ဘုံပျံမတက်လို့ မဟုတ်ရင် ဒီရှုပ်ရှုပ်ယှက်ယှက် ပြဿနာတွေကနေ ငါလွတ်မှာ မဟုတ်ဘူး၊ ကျိုးဖန်ကို ကြည့်လိုက်စမ်းပါအုန်း၊ သူဝင်သွားတဲ့ဂိုဏ်းက တစ်ဂိုဏ်းလုံး အသတ်ခံလိုက်ရတယ်’
ဟန်ကျွယ်ဟာ ဘုံပျံမတက်မိတာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။
ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ရန်သူအားလုံးကို ကျိန်စာတိုက်လို့ ပြီးသွားပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[ကောင်းကင်ရုံးတော်အား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက တိုက်ခိုက်နေသည်ကို ရှာဖွေတွေ့ရှိထားသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်း ဘုံပျံတက်ပြီး ကောင်းကင်ရုံးတော်ကို ကူညီပါ။ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနှင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို ဆက်ခံရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သေမျိုးကမ္ဘာတွင် ဆက်ကျင့်ကြံပါ။ ဆန်းကြယ်စွမ်းအားတစ်ပါးကို ဆက်ခံရရှိမည်။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကြိမ်းမောင်းလိုက်ပါတယ် ‘ဘာလဲဟ… မင်းက ငါ့ကို ဘုံပျံတက်စေချင်နေတာလား… မဖြစ်နိုင်ဘူး’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် ဘုံပျံမတက်ဘဲ သေမျိုးကကမ္ဘာတွင် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို ဆက်ခံရရှိပါသည်။]
[ပြန်လည်မွေးဖွားခြင်း ကိုယ်ပွား ဆန်းကြယ်စွမ်းအားကို ရရှိခြင်းအတွက် ဂုဏ်ပြုပါသည်။]
[ပြန်လည်မွေးဖွားခြင်း ကိုယ်ပွား: လွတ်လပ်သော အတွေးရှိသည့် ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ပြီး ထိုကိုယ်ပွားသည် သခင်အား ဘယ်သောအခါမျှ သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။ ထိုကိုယ်ပွားသည် ကမ္ဘာများကို လွတ်လပ်စွာ ခရီးနှင်နိုင်ပြီး ကံနှောင်ကြိုး မရှိချေ။]
‘ဒီဆန်းကြယ်စွမ်းအားက မဆိုးဘူးဟ၊ ဓားတာအိုမြစ်ကို စောင့်ကြပ်ဖို့ ကိုယ်ပွားဖန်တီလို့ရပြီ’
ဟန်ကျွယ်ဟာ သူ့ကိုယ်ပွားကို သူ့အတွက် ပြဿနာမရှာစေချင်ပါဘူး။ အဲဒီနောက်မှာတော့ ဟန်ကျွယ် ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်စွမ်းအားကို ဆက်ခံလိုက်ပါတယ်။
ဒီလိုနဲ့ နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားတဲ့အခါ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ ရုတ်တရက်ဆိုသလို စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စုံစမ်းနေသည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[အိမ်ရှေ့မင်းသား တျန်ဇယ်: မဟာညီညွှတ်မှု ရွှေအင်မော်တယ် အလယ်အဆင့်၊ နတ်ဆိုးရုံးတော်အရှင်သခင် နတ်ဆိုးဧကရာဇ်၏ သားတော်ဖြစ်သည်။ တျန်ဇယ်သည် ရှေးဟောင်း နတ်ဆိုးမျိုးနွယ်စု နတ်ဆိုးသူတော်စင်တစ်ပါး၏ ဝိညာဉ်ကို ဆက်ခံရရှိခဲ့ပြီး ထူးကဲသောပါရမီနှင့် ပြည့်စုံ၏။ ဤအကြိမ်၌ တျန်ဇယ်သည် ကောင်းကင်ရုံးတော်အား တိုက်ခိုက်ရန်အတွက် နတ်ဆိုးရုံးတော်နောက် လိုက်လာခြင်းဖြစ်ပြီး ကောင်းကင်ရုံးတော်၏ သေမျိုးကမ္ဘာများအား ရှင်းလင်းရန် တာဝန်ယူထားသည်။]
Chapter – 214
? Views, Released on December 2, 2024