Chapter – 26 ရှန်းနီ
ရှီဟောင်က နွားမိစ္စာအကြောင်းကို ရှီယွီဖန်းဆီကနေ ကြားဖူးထားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က သူအရမ်းငယ်လွန်းပါသေးတယ်။
ရှီယွီဖန်းပြောပြခဲ့တာက တောင်တန်းဒေသရဲ့ နက်ရှိုင်းလှတဲ့အပိုင်းမှာ နွားမိစ္စာတစ်ကောင်နေထိုင်တယ်ဆိုတဲ့အကြောင်းပါပဲ။ သူက နတ်ဘုရားတွေရဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး မှော်သားရဲအပေါင်းကို ခညောင်းစေပါတယ်။ ပြောရရင် သူက မမျှော်လင့်ဘဲ အခုချိန်ထိ အသက်ရှင်လို့နေသေးတာကို တွေ့လိုက်ရပါတယ်။
မိုးပြိုမခန်းကြွေးကြော်မာန်သွင်းသံကြီးနဲ့အတူ လူဝံနတ်ဆိုးကြီးဟာ အတောင်ပံတွေကို ဖြန့်ရင်း နွားမိစ္စာကြီးကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ကောင်းကင်ကို ပျံတက်သွားပါတယ်။ ကောင်းကင်တစ်ခုလုံးကို အနက်ရောင်နဲ့ မီးတောက်အော်ရာတွေဖုံးလွှမ်းသွားပြီး တောင်တန်းဒေသတစ်ခွင်ကို ပျက်သုန်းစေနိုင်တဲ့ ဟာရီကိန်းမုန်တိုင်းကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အလား.. ပေါက်ကွဲသံကြီးပေါ်ထွက်လာပါတယ်။
အူး…
ဘွန်း …
လူဝံနတ်ဆိုးကြီးနဲ့ နွားမိစ္စာတို့ရဲ့ တစ်ဦးချင်းတိုက်ခိုက်မှုစွမ်းအင်ဟာ အထွတ်အထိပ်ကို ရောက်ရှိလို့နေကြတာပါ။ ဒါ့ကြောင့်လည်း မြေကြီးတွေကွဲအက်လာပြီး တောင်များလည်း တူန်လှုပ်လာခဲ့ပါတယ်။ ရှေးကျလှတဲ့ သစ်ပင်အိုကြီးတွေတောင် လှဲပြိုသွားခဲ့ပြီး ကျောာက်တုံးကျောက်ခဲတွေလည်း မိုးပျံသွားကြပါတယ်။
ဟူး … ။
ရုတ်တရက်ရွှေရောင်အလင်းတစ်ခုဟာ တောင်တန်းဒေသတစ်ခွင်ကို ထွန်းလင်းလို့လာပါတယ်။ သစ်တောနဲ့ တောင်ကြီးတောင်ငယ်တွေ အားလုံးတောင်မှ မှေးမှိန်သွားလောက်အောင် ရွှေအလင်းက ဖြာထွက်လာတာပါ။ ပြောရမယ်ဆိုရင် ရှန်းနီမှော်သားရဲကြီးဟာ သူ့ရဲ့အံ့မခန်းစွမ်းအားတွေကို ထုတ်ဖော်ရင်း ရုတ်တရက်ခုန်ထလို့လာခဲ့ပါတယ်။ ပြီးတော့ အပြင်းအထန်တိုက်နေကြတဲ့ မှော်သားရဲရှင်ဘုရင်နှစ်ကောင်ဆီ ရွှေအလင်းတန်းတွေဟာ ရုတ်တရက်ဝင်ရောက်သွားပါတယ်။
၀ူး….။
ဒါက ရုတ်တရက်ဆန်လွန်းတဲ့ ရှောင်တိမ်းဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်သလောက်ပါပဲ။ ရွှေအလင်းတန်းဟာ ဥက္ကာပျံတစ်ခုလို လူဝံနတ်ဆိုးကြီးဆီပြေးဝင်လာတာကြောာင့် သူဟာ လျှပ်စီးလျပ်သလို တောင်ပံရိုက်ချက်တစ်ချက်နဲ့ တုန့်ပြန်လိုက်ပါတယ်။ လူဝံနတ်ဆိုးကြီးတောင်ပံကို ရပ့်တန့်ခြင်းငှာမစွမ်းသာတဲ့ ရွှေအလင်းတန်းက ဖောက်ဝင်သွားတာကြောင့် သွေးစက်တွေဟာ ရေပန်းပေါက်သလို ငေါက်ခနဲပန်းထွက်လာပါတယ်။
ဘွန်း….!
တစ်ချိန်တည်းမှာပဲ တစ်ကိုယ်လုံးမီးတောက်မီးလျှံတွေကောင်းကင်ထိ မြင့်တက်နေတဲ့ နွားမိစ္စာကြီးရဲ့ ချိုတစ်ဖက်လည်း ကျွတ်ထွက်လို့သွားပါတယ်။ ရှန်းနီမှော်သားရဲကြီးဟာ့ ရဲ့ ခြေသည်းတွေကို သိမ်းဆည်းလိုက်ပြီး မြေပြင်မှာ မားမားမတ်မတ်ရပ်လိုက်ပါတယ်။
သည်မြင်ကွင်းတစ်ခုလုံးဟာ ရှန်းနီရဲ့အဖိုးတန်အစိတ်အပိုင်းတွေကို အမဲလိုက်ဖို့ရောက်ရှိလာတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲတွေနဲ့ မိစ္စာငှက်တွေအားလုံးကို ကြောင်အမ်းအမ်းဖြစ်လို့ သွားစေခဲ့ပါတယ်။ သူတို့တွေဟာ အလွန်အမင်းကို တုန်လှုပ်သွားကြပြီး မြေပြင်မှာ ပြားပြားဝပ်သွားကြပါတယ်။
မိုးတိမ်တိုက်တွေရဲ့ အလယ်မှာရှိနေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း တုန်လှုပ်သွားခဲ့ပါတယ်။ ဒါက အရမ်းကို ထိတ်လန့်ခြောက်ခြားစရာကောင်းလှပါတယ်။ ရှန်းနီမှော်သားရဲကြီးက အမှန်တကယ်သေဆုံးခဲ့ခြင်းမရှိဘဲ မှော်သားရဲအပေါင်းကို လှည့်ဖျားခဲ့တာကြောင့် အခုလိုသွေးချောင်းစီးတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။ အရမ်းကိုကြောက်စရာကောင်းတဲ့ ရိုးရှင်းပြီး အလှည့်အပြောင်းများတဲ့ မဟာဗျူ ဟာမြောက်အကွက်တစ်ခုပါပဲ။
“ဘာလဲဟ။ နောက်တစ်ခါ အသက်ပြန်ရှင်လာတာလား။ ယိ ယ ..”
ရှီဟောင်ဟာ ရှုပ်ထွေးသွားပြီး ခေါင်းကုတ်လိုက်ပါတယ်။
ဟူး … ..
ကမ္ဘာမြေတုန်ခါသံကြီးဟာ တောင်တန်းဒေသထဲမှာ ပေါ်ထွက်လာပါပြီ။ လူဝံနတ်ဆိုးကြီးဟာ ဒေါသတကြီး မြည်တမ်းလိုက်သည်။ သူ့ရဲ့ အသံဟာ အရမ်းကိုရူးသွပ်နေပြီး အသက်ရှင်နေစဉ်အချိန်မှာပဲ သူ့ရဲ့တောင်ပံတစ်ဖက်ဟာ ကျိုးပဲ့လို့သွားပါပြီ။ လတ်ဆတ်တဲ့ သွေးတွေဟာလည်း သူ့ရဲ့ဒဏ်ရာကနေ ယိုစိမ့်လို့နေပါတယ်။
လူဝံနတ်ဆိုးကြီးဟာ သူ့ရဲ့လက်သီးကို ဆန့်ထုတ်ပြီး ရှန်းနီရဲ့ရွှေအလင်းတန်းတွေကို တိုက်ခိုက်လိုက်ပါတယ်။ သို့ပေသိ ရှန်းနီဟာ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး။ သူဟာ လူဝံနတ်ဆိုးကြီးရဲ့လက်သီးချက်ကို ခုန်ပျံကျော်လွှားလို့ မီတာတော်တော်များများထိ ဆုတ်ခွာသွားပါတယ်။
လူဝံနတ်ဆိုးကြီးဟာ ဒေါသကြီးသထက် ကြီးလာခဲ့ပြီး သစ်ပင်အိုကြီးတွေကို ခြောက်ခြားစရာကောင်းလောက်အောင် ချိုးဖဲ့လိုက်ပါတယ်။ သူ့ရဲ့ အမျက်ဒေါသတွေဟာ ရပ်တန့်ခြင်းငှာ မစွမ်းသာတဲ့ ရေအလျှင်တစ်ခုလိုပါပဲ။ သူဟာ ခူန်ပျံကျော်လွှားလိုက်တဲ့အခါမှာ မီတာ တစ်ရာနှစ်ရာကျော်အထိ ရောက်ရှိသွားပါတယ်။ ဒါက သူဟာဒဏ်ရာရရှိနေပေမယ့်လည်း တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်သူဟာ ပြင်းပြင်းထန်ထန်ဒေါသထွက်နေပေမယ့်လည်း မှော်သားရဲအပေါင်းရဲ့ အရှင်သခင်ရှန်းနီရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်နေပါတယ်။
ရှန်းနီမှော်သားရဲကြီးရဲ့ ရွှေရောင်မျက်လုံးအစုံကတော့ အလွန်အေးချမ်းလို့နေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ရွှေရောင်အလင်းတန်းတွေဟာ ဆူနာမီတစ်ခုအလား မိုးကောင်းကင်ကို လျှံတက်နေပါတယ်။ ဒါ့ကြောင့် လျှပ်စီးလိုရွှေရောင်အလင်းတန်းတွေဟာ လူဝံနတ်ဆိုးကြီးရဲ့ နောက်ကျောကို တဟုန်ထိုးဝင်ရောက်သွားပြီး အုန်းခနဲအသံကြီး မြည်ဟိန်းထွက်လာပါတယ်။
အူး ဟူး…
လူဝံနတ်ဆိုးကြီးရဲ့ တကိုယ်လုံးဟာ တဆတ်ဆတ်တုန်ခါသွားပြီး အရိုးကွဲမတတ်အော်ဟစ်လိုက်ပါတယ်။ ငေါက်ခနဲပန်းထွက်လာတဲ့ သွေးတွေဟာ ဆယ်ပေကျော်အထိ ပြန့်ကျဲသွားပါတယ်။ ဒီတစ်ကြိမ် ရှန်းနီရဲ့တိုက်ခိုက်မှုဟာ ကြောက်ခမန်းလိလိ အဖိုးတန်နည်းစနစ်ဖြစ်တာကြောင့် လူဝံနတ်ဆိုးကြီးကို ကောင်းကောင်းခံစားသွားစေပါတယ်။ ကြည့်ရသည်မှာ လူဝံနတ်ဆိုးကြီးရဲ့ ရင်ဘတ်ဟာ ပေါက်ထွက်သွားပြီး သွေးစက်တို့ အဆင်မပြတ်စီးကျလာပါတယ်။
ကြောက်မက်ဖွယ်ရာကောင်းတဲ့ လူဝံနတ်ဆိုးကြီးဟာ ချက်ချင်းပဲ ပြိုဆင်းကျသွားပါတယ်။ သူ့ရဲ့ ဝါကျင့်ကျင့်အစွယ်တွေကို ထုတ်ဖော်ရင်း ပါးစပ်ထဲကနေ သွေးပွက်ပွက်အန်နေပါပြီ။ သူ့ရဲ့ တစ်ဖက်တည်းသော ကျန်ရစ်ခဲ့တဲ့လက်မောင်းကိုအားပြုရင်း အဖိုးတန်နည်းစနစ်တွေကို တကိုယ်လုံးပြန့်နှံ့လာဖို့ အသက်သွင်းလိုက်ပါတယ်။
တခြားဘက်ခြမ်းမှာလည်း ဒဏ္ဍာရီလာ နွားမိစ္စာကြီးရဲ့ တစ်ကိုယ်လုံးမီးလျှံတွေ ဖုံးလွှမ်းနေပါတယ်။ သူ့ရဲ့ သားမွှေးတွေဟာ တောက်ပလွန်းတဲ့ ပိုးအထည်ဆင်တစ်ခုအလား…
သူဟာ အစပိုင်းတုန်းက အမှန်တကယ်ကို ရူးသွပ်သွားမတတ်ပါပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ရှန်းနီကို အသေခံပြီး တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် သူလွတ်မြောက်နိုင်မဲ့ အားသာချက်တစ်ခုကို အမှတ်မထင်တွေ့ရှိလိုက်ပါပြီ။
သို့ပေသိ ရှန်းနီဟာ ကြောက်စရာကောင်းလွန်းနေပါတယ်။
ရှန်းနီရဲ့ မျက်လုံးထဲကနေ အလင်းတန်းနှစ်ခုဟာ စက်သေနတ်ပစ်သလိုအရှိန်အဟုန်နဲ့တိုးထွက်လာပါတယ်။ ပြီးတော့ ဒဏ္ဍာရီလာ နွားမိစ္စာကြီးကို တိုက်ခိုက်လိုက်ပါပြီ။ ဒဏ္ဍာရီလာနွားမိစ္စာကြီးဟာ အပေါ်ယံပြတ်ရှဒဏ်ရာတွေရရှိသွားတာကြောင့် မိုးပြိုမခန်းမာန်သွင်းကာသူ့ရဲ့စွမ်းအားတွေကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပါတယ်။
ဘူး… ။
မီတာသုံးဆယ်ရှည်လျှားတဲ့ နွားမိစ္စာကြီးဟာ မီးတောက်မီးလျှံတွေအလား ပြင်းထန်လာခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်က မီးတောက်တွေဟာ ကောင်းကင်ကို လျှံတက်နေပြီး ဒါက ဒဏ္ဍာရီမီးတောက်ကို ဆင့်ခေါ်ထားတာပါ။ နွားမိစ္စာကြီးဟာ သူ့ရဲ့ပါးစပ်ကြီးကို အစွမ်းကုန်ဖွင့်ထုတ်ပြီး ကျောက်တောင် ကျောက်ဆောင်တွေအနှံ့ မီးလောင်တိုက်သွင်းလိုက်ပါတယ်
။
သည်လိုကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုဟာ မှော်သားရဲပေါင်းများစွာကို ချက်ချင်းပဲ ပြာကျသွားစေခဲ့ပါတယ်။ သူတို့ဟာ နာကျင်မှုတွေအတွက် တစ်ချက်လေးတောင် အော်ဟစ်ချိန်မရလိုက်ပါဘူး။
ဒီအဖြစ်အပျက်ဟာ ရှန်းနီကို ဒေါသထွက်စေပြီး သူရဲ့ကိုယ်ပေါ်က ရွှေရောင်အလင်းတန်းတွေဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ သူရဲ့ တောက်ပမှုအရှိန်အဝါဟာ တောင်တန်ဒေသတ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ ရွှေရောင်အခိုးအငွေ့တွေဟာ ဒဏ္ဍာရီလာမီးတောက်ကို ဆက်မထွက်လာအောင် တားဆီးလိုက်ပါတယ်။
မိုးတိမ်တိုက်တွေကြားမှာ ရှန်းနီမှော်သားရဲကြီးရဲ့ သေဟန်ဆောင်တဲ့ အကြောင်းအရင်းကို ရှိ
ီဟောင်က စဉ်းစားနေပါတယ်။
” ကိုယ့်ဘာသာ သေလိုက်တယ်။ ဒါက သူ့ရဲ့ရန်သူတွေကို သတ်ချင်တာကြောင့်ကိုး။ သူသေပြီဆိုတာနဲ့ လူဝံနတ်ဆိုးကြီးနဲ့ နွားမိစ္စာကသေချာပေါက်ထွက်လာမှာလေ။ ဒါက တကယ်ကို လူသားတွေထက်တောင် ဥာဏ်များပြီး အထာကျနေသေးတယ်။”
နတ်ဆိုးကြီးရဲ့ အော်ဟစ်မာန်သွင်းသံထွက်ပေါ်လာတာနဲ့အတူ ဒဏ္ဍာရီလာ မီးတောက်တွေက မိုကောင်းကင်ကို လွှမ်းခြုံလို့နေပါတယ်။ အခိုးအငွေ့တွေနဲ့ လျှပ်ပြက်သလိုအလင်းတန်းတွေက ရောထွေးနေပါတယ်။ သည်တောင်တန်းမြေပြင်တစ်ဝိုက်ကတော့ လုံးဝကို မရိုဖရဲဖြစ်နေခဲ့ပါပြီ။ ဒါဟာရှေးဟောင်းသားရဲမျိုးဆက်တွေအကြားက ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကြီးဖြစ်ပြီး မိုးနဲ့မြေကို တသိပ့်သိပ့်တုန်ခါစေပါတယ်။
ရှန်းနီ၊ ဒဏ္ဍာရီလာ နွားမိစ္စာ နဲ့ လူဝံနတ်ဆိုးကြီးတို့ရဲ့ ခန္ဓာကိုယ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတွေကို အဆက်မပြတ်ထုတ်လွှတ်နေပါတယ်။ သူတို့တွေဟာ တစ်ယောက်ရဲ့စွမ်းအားကို အခြားတစ်ယောက်က အလျှော့မပေးဘဲ အစွမ်းကုန်ကြိုးစားလို့နေပါတယ်။ သူတို့ရဲ့အဖိုးတန်တဲ့နည်းစနစ်တွေဟာ မောက်မာဝင့်ကြွားတဲ့ အစွမ်းသတ္တိကို ထုတ်ပြနေကြတာကြောင့် တောင်တန်းမြေပြင်ရဲ့ နယ်ပယ်ဟာ ပိုပြီး မတည်ငြိမ်မသက်ဖြစ်လာပါတယ်။
၀ုန်း…။ ဝေါ…။!
နားကွဲမတတ်ဆူညံသံကြီးတွေဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ ဒါက န၀မမြောက်ကောင်းကင်ဘုံကနေ တံပိုးခရာမှုတ်သံကြီးထွက်ပေါ်လို့လာသလိုပါပဲ။ အနီရောင်အလင်းတန်းတွေဟာ မိုးတိမ်တိုက်တွေကို ဖြတ်သန်းပြီး တဟုန်ထိုးဆင်းသက်လာခဲ့ပါပြီ။ ဒါက ရှန်းနီ၊ လူဝံနတ်ဆိုးကြီး နဲ့ ဒဏ္ဍာရီလာနွားမိစ္စာကြီးတို့အားလုံးဟာ တုန်လှုပ်သွားကြစေပါတယ်။ တောင်တန်းဒေသရဲ့ ပရမ်းပတာအခြေအနေကို ကောင်းကင်ဘုံက တရားစီရင်ချက်ချမှတ်ပြီး အပြစ်ဒဏ်ပေးလိုက်တဲ့အလား..။
၀ူး…။
နတ်ဘုရားတွေရဲ့အရှိန်အဝါပါဝင်နေတဲ့အလင်းတန်းနီဟာ လူဝံနတ်ဆိုးကြီးကို ထိမှန်သွားပြီး တောင်စောင်းတစ်လျှောက် ဒလိပ့်ခေါက်ကွေးပြုတ်ကျသွားစေပါတယ်။ သူ့ရဲ့ တကိုယ်လုံးသွေးအလူးလူးဖြစ်သွားရုံသာမက အရိုးတွေပါ ကျိုးပဲ့သွားခဲ့ပါတယ်။ သို့ပေမယ့် ရှန်းနီရဲ့ ရွှေရောင်အခိုးအငွေ့တွေကိုတော့ ထိခိုက်ခဲ့ခြင်း မရှိပါဘူး။
လူဝံနတ်ဆိုးကြီးရဲ့ ခြေလှမ်းတစ်လှမ်းကတောင် မြေကမ္ဘာကိုတုန်ဟီးသွားစေပါတယ်။ သူ့ရဲ့နတ်ဆိုးတောင်ပံတွေကို ဖြန့်ပြီး မိုးကောင်းကင်က ကျဆင်းလာတဲ့အလင်းတန်းကို ရှောင်တိမ်းဖို့ကြိုးစားလိုက်ပါတယ်။ လူဝံနတ်ဆိုးကြီးဟာ တောင်တန်းဒေသအတွင်းပိုင်းထဲကို အပြေးအလွှားဝင်ရောက်ပေမယ့် အလင်းတန်းတွေကိုတော့ ရှောင်ရှားနိုင်ခြင်းမရှိခဲ့ပါဘူး။
နတ်ဆိုးကြီးဟာလည်း တကိုယ်လုံးသွေးအလူးလူးနဲ့ အရိုးတွေတော်တော်များများ ကျိုးကြေသွားခဲ့ပါတယ်။
လူဝံနတ်ဆိုးကြီးရော ဒဏ္ဍာရီလာ နွားမိစ္စာကြီးပါ သေလောက်တဲ့ဒဏ်ရာတွေအပြင်းအထန်ရရှိသွားကြပြီး တောင်တန်းဒေသအနက်ဆုံးအပိုင်းကို ပြေးဝင်သွားကြပါပြီ။ ပြောရရင်တော့ သူတို့တွေ ရရှိသွားတဲ့ ဒဏ်ရာတွေဟာ သူတို့ကို သေခြင်းနတ်ဘုရားက သေချာပေါက်လာရောက်ခေါ်ဆောင်သွားတော့မှာပါ။
လက်ရှိအချိန်မှာတော့ ရှန်းနီတစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပါတော့တယ်။ သူ့ရဲ့ တကိုယ်လုံးဟာ နေတစ်စင်းလတစ်စင်းအလား ပြိုးပြက်တဲ့ရွှေရောင်သားမွှေးတွေ လွှမ်းခြုံနေပါတယ်။ သူဟာ ခေါင်းကိုမော့လိုက်ပြီး ငါ နဲ့ ငါသာ နှိုင်းစရာမရှိတဲ့ အရှင်သခင်တစ်ပါးလို ကြီးစွာသောအသံကြီးနဲ့ ဟစ်ကြွေးလိုက်ပါတယ်။ မြက်ပင်တွေနဲ့ ဆူးချုံနွယ်ပိတ်ပေါင်းများစွာဟာ လေဆင်နှာမောင်းမွှေံခံရသလို အမြစ်ကကျွတ်ထွက်သွားပါတယ်။ သစ်ပင်အိုကြီးတွေဟာ ယိမ်းခါလို့နေသလို တောင်ကြီးတောင်ငယ်က ကျောက်တုံးတွေတောင် ပြိုဆင်းကျသွားပါတယ်။ သည်အရပ်ဒေသကတော့ တကယ့်ကို ဖရိုဖရဲပရမ်းပတာဖြစ်လို့သွားပါပြီ။
ရှန်းနီဟာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အစွမထက်မှော်သားရဲတွေကို အေးစက်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်။ အခုချိန်မှာ မှော်သားရဲတွေဟာ အသံတစိုးတစိမှ မထွက်ရဲတော့ပါဘူး။ မဟုတ်ရင်တော့ သူတို့တွေဟာ သေချာပေါက်အသက်နဲ့ကိုယ် အိုးစားကွဲသွားကြပါလိမ့်မယ်။
အမှန်တကယ်တမ်းပြောရရင် မိစ္စာငှက်တွေနဲ့ မှော်သားရဲရှစ်ဆယ်ရာခိုင်နှုန်းလောက်က သေသွားကြပါတယ်။ ဒဏ်ရာရတဲ့မှော်သားရဲအရေအတွက်ကလည်း လူဝံနတ်ဆိုးကြီးနဲ့ ဒဏ္ဍာရီလာ နွားမိစ္စာတို့ တိုက်ပွဲအစမှာပဲ တရိပ်ရိပ်တိုးတက်လာပြီး ရှန်းနီ ပါ တိုက်ပွဲထဲဝင်ရောက်လာချိန်မှာတော့ ပိုပိုပြီးများသွားပါတယ်။ ဒီသက်ရောက်မှုမျိုးဟာ တောင်တန်းဒေသရဲ့ မှော်သားရဲတွေကို မမျှော်လင့်ဘဲ ဘေးဥပဒ်ဆိုးတွေကို ခံစားသွားရစေပါတယ်။
တောင်တန်းဒေသဟာ နောက်ထပ်တစ်ကြိမ်တိတ်ဆိတ်ငြိမ်သက်လို့သွားပါတယ်။ မှော်သားရဲအသေကောင်တွေနဲ့ သွေးပင်လယ်ပြင်ဟာ စတင်အေးခဲစပြုလာပါတယ်။ ရှန်းနီမှော်သားရဲကြီးကတော့ နတ်ဘုရားတွေရဲ့ အစောင့်အရှောက်အလား ထီးတည်းကြီးရပ်လို့နေပါတယ်။ သည်မြင်ကွင်းဟာ နည်းနည်းတော့ အထီးကျန်ဆန်ပြီး လွမ်းမောဖွယ်ရာကောင်းလှပါတယ်။ သူ့ရဲ့ ကိုယ်ပေါ်က ထွက်ပေါ်နေတဲ့ ရွှေရောသ်အလင်းတန်းတွေက တဖြည်းဖြည်းမှိန်ဖျော့လာပြီး သူ့ရဲ့ပါးစပ်ကနေ သွေးတွေအဆက်မပြတ် အန်ထွက်လာပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့တစ်ကိုယ်လုံးသွေးချင်းချင်းရဲလာပြီး ၀ုန်းခနဲလဲပြိုကျသွားပါတယ်။
*****