Switch Mode

Chapter – 25

တောင်တန်းဒေသအရှင်သခင် က ဘယ်သူလဲ

Chapter – 25 တောင်တန်းဒေသအရှင်သခင် က ဘယ်သူလဲ

အနည်းငယ်အစွမ်းထက်တဲ့မှော်သားရဲတွေဟာလည်း ရှေ့တက်လာကြပါတယ်။ သူတို့တွေဟာ တခြားအစွမ်းထက်မှော်သားရဲကြီးတွေကို ထိတ်လန့်လို့နေပေမယ့်လည်း ချက်ချင်းပဲအုပ်စုဖွဲ့ပြီး လေထဲကနေ ပျံသန်းကာထွက်ပြေးနိုင်ပါသေးတယ်။

နတ်ဘုရားတွေရဲ့ အရှိန်အဝါတွေအလား ထွန်းလင်းတောက်ပနေတဲ့ ခြင်္သေ့အသွင်ရှိတဲ့ ကြီးမားလှတဲ့နဂါးကြီးတစ်ကောင်ပါပဲ။ ရှန်းနီမှော်သားရဲကြီးရဲ့ ခေါင်းထက်မှာတော့ ရွှေရောင်တောက်ပနေတဲ့ နဂါးဦးချိုရှိနေပါတယ်။ သူ့ရဲ့တကိုယ်လုံးဟာ ရွှေရောင်အမွှေးအမျှင်တွေကြောင့် အရမ်းကို တောက်ပလို့နေပါတယ်။

ဒါက အစစ်အမှန်ရှေးဟောင်းဒဏ္ဍာရီလာ ရှန်းနီမှော်သားရဲစစ်စစ်ပါပဲ။ ရှေးဟောင်ဒဏ္ဍာရီလာ မှော်သားရဲကြီးဖြစ်တာနဲ့အညီ မြင့်မြတ်တဲ့သွေးမျိုးဆက်ကြောင့် မှော်သားရဲတွေအားလုံးဟာ အန်တုဖက်ပြိုင်နိုင်စွမ်းမရှိကြပါဘူး။ ဒီလိုအချက်တွေကြောင့် ရှန်းနီမှော်သာရဲဆိုတာ တောင်တန်းဒေသအနက်ရှိုင်းဆုံးအပိုင်းမှာ အများရဲ့ လေးစားဖွယ်အဖြစ်ရပ်တည်လို့နေပါတယ်။

ရှန်းနီမှော်သားရဲကြီးရဲ့ ကျန်ရှိနေခဲ့တဲ့ အသေကောင်ကြီးတောင် ၆မီတာထက်ပိုပြီး မကြီးနိုင်ပါဘူး။ ဒါပေမယ့် မှော်သားရဲတွေရဲ့ စွမ်းအားတွေဆိုတာ သူတို့ရဲ့ အရွယ်အစားပေါ်ကြည့်ပြီး ဆုံးဖြတ်ကြတာမဟုတ်ပါဘူး။ သူတို့တွေရဲ့ ရှေ့မှာရှိနေတဲ့ ၆မီတာတောင်မရှိတဲ့ မှော်သားရဲတို့ရဲ့ အရှင်သခင်ရှန်းနီက အကောင်းဆုံးသက်သေပဲလေ။

သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေချထားသလိုပါပဲ။ သူဟာ သေဆုံးသွားခဲ့ပေမယ့်လည်း သူ့ရဲ့အစွမ်းတွေကတော့ လက်ရှိအချိန်အထိကျန်ရှိနေတုန်းပါလေ။ အသက်ရှူ မွန်ကြပ်စေတဲ့ သိပ့်သည်းခြင်းနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အော်ရာတွေကလည်း လေထုတစ်ခုလုံးပြည့်နှက်လို့နေပါတယ်။ သူ့ရဲ့ရွှေရောင်အလင်းတန်းတွေဟာ မိုးကောင်းကင်ထိပြန့်နေပြီး တောင်တန်းဒေသတစ်ခုလုံးကို အလင်းရောင်ပေးထားသည့်အလား။

ဤသည်ကပဲ ဒဏ္ဍာရီလာ ရှန်းနီမှော်သားရဲကြီးဟာ ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲဆိုတာကို ထင်ရှားစေပါတယ်။

ဟူး …

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး၊ ကျားသစ်ကြီး၊ မီးတိမ်တိုက်ကြံ့တွေနဲ့ တခြားမှော်သား ရဲပေါင်းများစွာဟာ ချက်ချင်းပဲလှုပ်ရှားလာကြပါတယ်။ အခုဆို သူတို့ဟာ ရှန်းနီရဲ့အဖိုးတန်အစိတ်အပိုင်းတွေအတွက် လုယက်မှုတိုက်ပွဲကြီးကို ပြန်လည်အစပျိုးလိုက်ကြပါတယ်။

ဝေါင်း…

မှော်ကျားသစ်ကြီးဟာ ဟိန်းဟောက်လိုက်ရင်း သူ့ရဲ့ကိုယ်ကနေ လျှပ်စီးလို အလင်းတန်းတစ်ချက်ထွက်ပေါ်လာပါတယ်။ ဒါက မမျှော်လင့်ဘဲ ထွက်ပေါ်လာတဲ့ မှော်ကျားသစ်ကြီးရဲ့ဘိုးဘွားအမွှေအနှစ်စွမ်းအားတွေပါပဲ။

၀ူး…..။

မှော်သားရဲကြီးတွေဆီကနေ အပြင်းအထန်ကျယ်လောင်တဲ့အော်ဟစ်သံကြီးတွေပေါ်ထွက်လာပါတယ်။ သူတို့ရဲ့ ရင်ဘတ်တွေဟာ ထိုးဖောက်ခံလိုက်ရပြီး လက်သည်းချွန်ကြီးတွေဆက်တိုက်ပေါ်ထွက်လို့နေပါတယ်။ မှော်ကျားသစ်ကြီးက သူတို့ရဲ့နှလုံးသားတွေကို ရှေ့နောက်ထိုးဖောက်လို့ ထုတ်ပစ်လိုက်ပါတယ်။

သိပ့်မကြာခင်အချိန်တုန်းကတော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးနဲ့ မှော်ကျားသစ်ကြီးဟာ အရူးအမူးတိုက်ခိုက်ကြပါသေးတယ်။ သူတို့တွေဟာ တောင်တန်းဒေသရဲ့ စွမ်းအားကြီးမှော်သားရဲကြီးတွေပါ။ သူတို့တွေရဲ့ အပြင်းအထန်သုတ်သင်သတ်ဖြတ်မှုတွေကြောင့် မှော်သားရဲထက်ဝက်ခန့်ဟာ ပွဲချင်းပြီးသေဆုံးသွားကြပါတယ်။
ဒါက သူတို့ရဲ့တိုက်ခိုက်မှုဟာ အင်အားအကောင်းဆုံးရန်သူတွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ အဆင့်နိမ့်မှော်သားရဲတွေကိုသာ ဂရုဏာမဲ့သတ်ဖြတ်ကြပါတယ်။ စွမ်းအားကြီးမှော်သားရဲတွေရဲ့ ကြီးမားတဲ့ခြိမ်းခြောက်မှုဟာ မှော်သားရဲပေါင်းများစွာ နဲ့ တခြားမှော်သားရဲငှက်တွေကို ကြီးမားတဲ့ပြဿ နာကို ဖြစ်ပေါ်စေပါတယ်။

အဆိုပါဧရိယာဝန်းကျင်တစ်ခုလုံးဟာ ချက်ချင်းပဲ အနီရောင်သွေးမြစ်တစ်စင်းဖြစ်လို့သွားပါတယ်။ တစ်ချို့အစွမ်းထက်မှော်သားရဲကြီးတွေကတော့ ရှန်းနီမှော်သားရဲကြီးရဲ့ အဖိုးတန်အစိတ်အပိုင်းတွေနဲ့ အသွေးအသားတွေကို
ကိုက်ဖြတ်စားသောက်လိုနေကြပါတယ်။

တောင်တန်းဒေသရဲ့ဆိုင်ရာပိုင်ရာအစွမ်းထက်မှော်သားရဲအရှင်သခင်တွေထဲမှာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း ပါဝင်ပါတယ်။ သူတို့တွေဟာ သူတို့သွားရာလမ်းတစ်လျှောက်အတားအဆီးဖြစ်လို့နေတဲ့ မှော်သားရဲတွေကို ကြောက်ခမန်းလိလိသတ်ဖြတ်ကြပါတယ်။

ရှီး…

ရုတ်တရက်ဆိုသလို စိတ်ဝိဥာည်ကိုတောင် အနာတရဖြစ်နိုင်လောက်တဲ့ တွန်သံတစ်ခုပေါ်ထွက်လာပါတယ်။ ရှီဟောင်ဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့နောက်ကနေထွက်ပေါ်လာတဲ့ ခရမ်းရောင်အရိပ်မဲကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။

” အဒေါ်ကြီး ..။ သတိထား..။ ”

ရှီဟောင်ရဲ့ အထိတ်တလန့်အော်ဟစ်သတိပေးသံကြီး ထွက်ပေါ်လာပါတယ်။ ခရမ်းရောင်ကြွက်ကြီးရဲ့ မျက်လုံးထဲမှာတော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက အကြီးမားဆုံးခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ပါပဲ။ ဒါ့ကြောင့်ပထမဦးဆုံး ဖယ်ရှားပစ်ချင်နေပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ သူ့ရဲ့ခန္ဓာကိုယ်ဟာ အရမ်းကိုသေးငယ်လွန်းပါတယ်။ ဒါပေမဲ့ သူ့ရဲ့တိုက်ခိုက်မှုကတော့ အတော်လေးကို ပြင်းထန်လှပါတယ်။ သူ့ရဲ့လက်သည်းတွေဟာ လင်းယုန်စိမ်းကြီးရဲ့ အကြေးခွံတွေကို ကျွတ်ထွက်လို့သွားစေနိုင်ပါတယ်။

” ဒါ ဒါ တကယ်ပဲ အကြေးခွံခွာနိုင်တာပဲဟ…”

ရှီဟောင်လည်း အလန့်တကြားအော်ဟစ်လိုက်ပါတယ်။ ပြီးတော့ သူဟာ ချက်ချင်းပဲ လမင်းတက်တူးအလင်းတန်းကို ထုတ်ဖော်ပြီးတိုက်ခိုက်လိုက်ပါတယ်။ လမင်းတက်တူးအလင်းတန်းတွေဟာ ခရမ်းရောင်ကြွက်ဆီကို ၀င်ရောက်သွားပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ဒေါသထွက်နေခဲ့ပေမယ့်လည်း အခွင့်အရေးတော့ ဆုံးရှုံးခဲ့ခြင်းမရှိပါဘူး။ သူဟာ တောင်တန်းဒေသရဲ့နက်ရှိုင်းတဲ့အပိုင်းတွေထဲက နယ်ပယ်တစ်ခုမှာ မှော်သားရဲတော်တော်များများကို ကြောက်ရွံ့ရိုသေစေရတဲ့ ကြွက်ဘုရင်တစ်ကောင်ရှိမှန်းသိထားပါတယ်။ သူ့ဆီမှာ သတ္တုတွေကိုတောင် ဖြတ်တောက်နိုင်တဲ့ ခြေသည်းလက်သည်းတွေကို ပိုင်ဆိုင်ထားပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့အရှိန်အဝါတွေလည်း တကိုယ်လုံးတောက်ပလာပါတယ်။ လစန္ဒာအော်ရာတွေကလည်း သူ့ရဲ့တစ်ကိုယ်လုံးကို ဖြာထွက်လို့နေပါတယ်။ ဒါဟာ သူ့ရဲ့အမျက်ဒေါသတွေနဲ့အတူ ဘိုးဘေးတွေရဲ့အံ့မခန်းအမွှေအနှစ်တွေကို အချိန်အတော်ကြာထုတ်သုံးလို့လာပါတယ်။
ရှီဟောင်ကလည်း ခရမ်းရောင်ကြွက်ဘုရင်ကို တိုက်ခိုက်ဖို့ သူ့ရဲ့လမင်းတက်တူးကို အပြည့်အ၀အသုံးချလိုက်ပါတယ်။ ဂလောင် ဂလောင်မြည်သံကြီးတွေနဲ့အတူ လမင်းတက်တူးတွေဟာ ကြွက်ဘုရင်ရဲ့ကိုယ်ထဲကို ဖောက်ဝင်နိုင်စွမ်းမရှိခဲ့ပါဘူး။ ရှီဟောင်ဟာ တုန်လှုပ်ခြောက်ခြားမှုကြောင့် သူ့ရဲ့မျက်လုံးတွေ ပြူးကျယ်လို့သွားပါတယ်။

“ချီးတဲ့မှပဲ , ယိယ!”

0ုန်း, 0ုန်း …

လမင်းတက်တူးအလင်းတန်းတွေဟာ ကြွက်ဘုရင်ကြီးရဲ့ခရမ်းရောင်အမွှေးတွေကို အဆက်မပြတ်ထိမှန်နေခဲ့ပြီး မီးပွားတွေတောင် လွှင့်စင်နေပါတယ်။ ရှီဟောင်ရဲ့ လမင်းတက်တူးအလင်းတန်းတွေဟာ အားကောင်းလှပေမယ့်လည်း ကြွက်ဘုရင်ကြီးရဲ့ မာကျောလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတော့ ပိုင်းဖြတ်နိုင်ဖို့ ခက်ခဲလို့နေပါတယ်။

ရှီဟောင်က မရပ်တန့်ခဲ့ပါဘူး။ လမင်းတက်တူးအလင်းတန်းကို စက္ကန့်နဲ့မလပ် ထုတ်ဖော်လို့တိုက်ခိုက်နေပါတယ်။ နောက်ဆုံးမှာတော့ ကြံ့ခိုင်သန်မာလှတဲ့ ကြွက်ဘုရင်ကြီးရဲ့ အရိုးအက်ကွဲသံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဂေရာ…!

တစ်ချိန်တည်းမှာပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း သူ့ရဲ့ကြောက်မက်ဖွယ်ရာကောင်းတဲ့ လစန္ဒာအော်ရာတွေကို ထုတ်ဖော်လို့ ကြွက်ဘုရင်ကြီးကို တိုက်ခိုက်လိုက်ပါတယ်။ ပုတ်သိုးဆွေးမြေ့တဲ့သတ်ဖြတ်ခြင်းအော်ရာတွေဟာ မိုးကောင်းကင်ကနေတစ်ဆင့် မြေပြင်ပေါ်ကို အားကောင်းစွာကျဆင်းသွားပါတယ်။

မှော်မိစ္စာငှက်တို့ရဲ့ ဘုရင်လည်း ချက်ချင်းပဲ သေဆုံးလို့သွားခဲ့ပါပြီ။ အခုအချိန်မှာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ မှော်သားရဲတွေအားလုံးမှာ ခြိမ်းခြောက်နိုင်စွမ်းအရှိဆုံးဖြစ်နေပါတယ်။ ဒါ့ကြောင့်ပဲ မှော်သားရဲတွေဟာ အလျှင်စလို မလှုပ်ရှားရဲဘဲ စောင့်ဆိုင်းလို့ကြည့်ရှုနေပါတယ်။

ပြောရမယ်ဆိုရင် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း အရမ်းမလှုပ်ရှားရဲခဲ့ပါဘူး။ သူ နည်းနည်းလောက်တိုက်ခိုက်ပြီးတာနဲ့ တခြားမှော်သားရဲဘုရင်တွေမှာလည်း အင်အားကောင်းတဲ့ ကျောထောက်နောက်ခံရှိလို့နေမှန်း နားလည်သွားပါတယ်။ သူတို့က အခုလိုမျိုး ပရမ်းပတာဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မှာ တခြားသူတွေဆီကနေ အမြတ်ထုတ်ဖို့ ကြံစည်လို့နေပါတယ်။

ရုတ်တရက်ပဲ အမျိုးအမည်မသိနိုင်တဲ့ အားကောင်းလှတဲ့ဖိအားတစ်ခုဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ပါတယ်။ ပြီးတော့ သူဟာ အရမ်းကိုကြောက်မက်ဖွယ်ရာကောင်းတဲ့အသိကြောင့် တင်းကျပ်သလိုခံစားလိုက်ရပါတယ်။ ဒီ့နောက်မှာတော့ သူဟာ ရုတ်တရက်လျှင်မြန်တဲ့ လှုပ်ရှားတစ်ခုကို ပြုလုပ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ ရှီဟောင်လည်း ရေခဲမြစ်ထဲ ပြုတ်ကျသလို ခံစားလိုက်ရပြီး နောက်ကျောတစ်ခုလုံး အေးစိမ့်သွားပါတယ်။ သိပ့်မကြာခင်မှာပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကမူးရူးတိုးနိုင်လှတဲ့ ပျံသန်းမှုကြောင့် တောတန်းဒေသဟာ တဖြည်းဖြည်း မှုံးဝါးလာခဲ့ပါတယ်။

“အဲ့ဒါက ဘာလဲ…”

ရှီဟောင်ဟာ အပြင်းအထန်စိတ်လှုပ်ရှားနေပြီး လုံးဝကိုအသက်ရှူ ရပ်မတတ်ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာလေးကလည်း ဖြူ ဖပ်ဖြူ ရော်ဖြစ်သွားပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ တောင်တန်းဒေသနဲ့ ဝေးနိုင်သမျှ ဝေးအောင်ပျံသန်းလိုက်ပါတယ်။ ပြီးတော့ မိုးတိမ်တွေပေါ်ကို လျင်မြန်စွာပဲ တက်ရောက်လိုက်ပါတယ်။ သူရဲ့ ခန္ဓာကိုယ်ကို မိုးတိမ်တိုက်တွေကြားမှာ ပုန်းအောင်းလိုက်ပြီး တောင်တန်းဒေသထဲကို အပြူးအပြဲစူးစိုက်ကြည့်လိုက်ပါတယ်။

ရှီဟောင်လည်း သူ့ရဲ့အရိုးစာသားစွမ်းရည်တွေကို အသုံးပြုလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ ကြယ်ပွင့်တွေအလား တလက်လက်တောက်ပလာပါတယ်။ သူဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကျောပေါ်မှာ ၀ပ်ချလိုက်ပြီး တောင်တန်းဒေသထဲကို စိုက်ကြည့်လိုက်ပါတယ်။

၀ူး…

မြေကမ္ဘာကို ဗလောင်းဗလဲဖြစ်စေပြီး တောင်ကြီးတောင်ငယ် မြစ်ချောင်းအင်းအိုင် ထောင်ပေါင်းများစွာကို တုန်လှုပ်ခြောက်ခြားစေတဲ့အသံကြီးတစ်ခုဟာ လေထဲကနေပြန့်လွှင့်လာပါတယ်။ တရှဲရှဲတောတိုးသံကြီးဟာ ဆူညံစွာပေါ်ထွက်လို့လာပါတယ်။ ကြောက်စရာကောင်းတဲ့ဖိအားတွေဟာ ပိုပိုအားကောင်းလာပြီး ကမ္ဘာကြီးတစ်ခုလုံးဟာ ချက်ချင်းပဲ အေးခဲလို့လာပါတယ်။

တောင်တန်းဒေသရဲ့ သစ်တောတွေဟာ ဖရိုဖရဲဖြစ်လာခဲ့ပါပြီ။ မှော်မိစ္စာငှက်တွေနဲ့ မှော်သားရဲတွေလည်း ချက်ချင်းပဲ အသံတိတ်လို့သွားခဲ့ပါတယ်။ မှော်သားရဲတွေအားလုံးဟာ ခေါင်းစခြေဆုံး အသံမထွက်ရဲလောက်အောင် တုန်လှုပ်နေကြပါပြီ။ သွေးဆတ်ခလောက်၊ ခရမ်ရောင်မြွေဆိုးများနဲ့ မီးတိမ်တိုက်ကြံ့တို့လည်း နေရာက မရွေ့ရဲကြတော့ပါဘူး။

အရိပ်မည်းကြီးတစ်ခု ပေါ်ထွက်လာပါပြီ။ ကမ္ဘာမြေရဲ့အနက်ရှိုင်းဆုံးသောမတူညီတဲ့အရပ်ကနေ နတ်ဆိုးဘုရင်ထွက်ပေါ်လာတဲ့အလား။ ဒါက တောတောင် မြစ်ချောင်းအင်းအိုင်တွေသာမက မိုးကောင်းကင်တစ်ခုလုံးကိုတောင် ကြောက်မက်ဖွယ်ရာအရှိန်အဝါတွေ ဖုံးလွှမ်းလို့သွားပါတယ်။
အရိပ်မည်းကြီးဟာ ရုပ်လုံးပေါ်လာချိန်မှာတော့ နတ်ဆိုးလူဝံမှန်းသိလိုက်ကြပါတယ်။ သူဟာ အရမ်းတော့မကြီးမားပေမဲ့ ၂မီတာလောက်ပဲမြင့်မားပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ မဲနက်ရှည်လျှားတဲ့အမွှေးရှည်ကြီးတွေဖုံးလွှမ်းနေပြီး ကြောက်စရာကောင်းနေပါပြီ။ အဲ့ဒါတွေထက် အမှန်တကယ်ပိုပြီး တုန်လှုပ်စရာကောင်းတာကတော့ အနက်ရောင်တောင်ပံတစ်စုံပဲဖြစ်ပါတယ်။ ဒါ့ကြောင့်သူဟာ လမ်းလျှောက်လာစရာမလိုခဲ့ဘဲ ကောင်းကင်ကနေ ပျံသန်းလာခဲ့တာပါ။

“ယ, နတ်ဆိုးလူဝံပဲဟ။ ငါ့ကိုပြောပြကြပါဦး! ဒါက သူ့ရဲ့သွေးမျိုးဆက်ကအရမ်းကိုမြင့်မားတဲ့ဆင့်ကဲပြောင်းလဲမှုတွေကို ဖန်တီးနိုင်စွမ်းရှိတယ်မလား။ ဒီလိုမှမဟုတ်ရင်သူက ဘယ်လိုမှ နတ်ဆိုးတောင်ပံတွေကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။”

ရှီဟောင်ဟာ အထိတ်တလန့်အော်ဟစ်လိုက်ပါတယ်။
နတ်ဆိုးလူဝံတွေက အရမ်းကိုအားကြီးခဲ့ကြပ့တယ်။ သူပေါ်ထွက်လာတာကြောင့်လည်း သောင်းချီတဲ့မှော်သားရဲတွေဟာ တုန်လှုပ်ခြောက်ခြားနေတာသာမကဘဲ ဘယ်သူမှ တိုက်ပွဲမဖြစ်ရဲကြတော့ပါဘူး။ ဒါ့အပြင် လူဝံနတ်ဆိုးကြီးရဲ့ တစ်ကိုယ်လုံးဟာ အနက်ရောင်အော်ရာတွေ လွှမ်းခြုံရစ်သိုင်းနေပါတယ်။အဲ့ဒါက တခြားသော မှော်သားရဲတွေကို အဆုံးမဲ့သတ်ဖြတ်ခံရသလို ခါးသီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။

” တောင်တန်းဒေသရဲ့နက်နဲသောအတွင်းပိုင်းကနေမင်းပဲ ဒီအော်ရာတွေက သိပ့်မဝေးတဲ့ရှန်းနီဆီက မဟုတ်ဘူးပေါ့..”

လူဝံနတ်ဆိုးကြီးဟာ စတင်ပြီး ခြေလှမ်းလိုက်ပါတယ်။ ပြီတော့ မီတာတော်တေ်ာများများထိ ခုန်ထွက်ပျံသန်းလိုက်ပြီး မှော်မိစ္စာငှက်ကြီးတစ်ကောင်ဆီရောက်သွားပါတယ်။
မှော်မိစ္စာငှက်ကြီးဟာ လုံးဝကို ရှားပါးပြီး ဆယ်မီတာကျော်ရှည်လျားပြီး ရက်စက်ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ဖြစ်ပါတယ်။ သူဟာ အတောင်ပံပါပြီး ပျံသန်းနိုင်တဲ့မှော်သားရဲဖြစ်တာကြောင့် ကောင်းကင်ကိုချက်ချင်းပျံသန်းသွားနိုင်ပါတယ်။ သို့ပေမဲ့ အခုက လူဝံနတ်ဆိုးကြီးကို ကြောက်ရွံတုန်လှုပ်နေတာကြောင့် နည်းနည်းလေးမှ မလှုပ်ရှားရဲခဲ့ပါဘူး။
လူဝံနတ်ဆိုးကြီးကတော့ အေးဆေးတည်ငြိမ်စွာပဲ မှော်မိစ္စာငှက်ကြီးရဲ့ ခေါင်းထက်မှာ ရပ်တန့်လိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့လက်သည်းချွန်တွေနဲ့ မှော်မိစ္စာငှက်ကြီးခေါင်းကို ဖွင့်ထုတ်လိုက်ပါတယ်။ လူဝံနတ်ဆိုးကြီးဟာ အတားအဆီးမဲ့ မှော်မိစ္စာငှက်ကြီးကို စားသောက်ပါတော့တယ်။
မှော်မိစ္စာငှက်ကြီးဟာ သူ့ရဲ့ဦးဏှောက်ဖောက်စားခံရတာကြောင့် ထွက်ပြေးလိုလှပေမယ့် နေရာကမရွေ့နိုင်ခဲ့ပါဘူး။ ကြည့်ရတာတော့ လူဝံနတ်ဆိုးကြီးရဲ့ကောင်းကင်ဘုံကိုတောင်လွှမ်မိုးနိုင်တဲ့အော်ရာတွေနဲ့ ဖိနှိပ့်ခံထားရတာကြောင့် ဖြစ်နိုင်ပါတယ်။

ထောင်သောင်းချီတဲ့မှော်သားရဲတွေဟာ တုန်လှုပ်ခြောက်ခြားနေကြပါတယ်။ ဒါက ရှန်းနီထက် အများကြီးအားမနည်းနိုင်တဲ့ လူဝံနတ်ဆိုးဘုရင်ကြီးလေ။ သူက တောင်တန်းဒေသရဲ့ နက်ရှိုင်းတဲ့အပိုင်းကနေ ထွက်ပေါ်လာတာကြောင့် ဘယ်လိုသူတွေက သူ့ကို ထိတ်လန့်အောင် လုပ်နိုင်မှာတဲ့လဲ။

ဒဏ္ဍာရီလာ မှော်သားရဲကြီး..။
လူဝံနတ်ဆိုးကြီးဟာ ကောင်းကင်ကို ပျံမတက်ခင် မှော်မိစ္စာငှက်ကြီးကို အနည်းငယ်စားလိုက်ပြန်ပါတယ်။ သူဟာ ရှန်းနီအလောင်းရှိရာရောက်ရှိသွားချိန်မှာတော့ ဆယ်မီတာကျော်ရှည်လျားတဲ့မှော်မိစ္စာငှက်ကြီးကို လွှင့်ပစ်လိုက်ပါတယ်။
အနက်ရောင်လူဝံဘုရင်ဟာ အရမ်းကြီးမားတဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ ရုတ်တရက်ကောင်းကင်ကိုပျံတက်လိုက်ပြီး ကျောက်ဆောင် ကျောက်တောင်တွေကို ခြေဆောင့်ကာ ဖြိုချလိုက်ပါတယ်။ မြေပြင်တစ်ခုလုံး ကျောက်ဆောင်ကျောက်တောင်ပြိုကျသံတွေဆူညံပွက်လောရိုက်နေကာ သိပ့်မကြာခင်မှာပဲ ရှန်းနီအလောင်းရှိရာအရပ်ဟာ ရှင်းလင်းလို့လာပါတယ်။

ဘူး…

ရုတ်တရက်နွားများရဲ့ အော်ဟစ်သံကြီးတွေကို ကြားလိုက်ရပါတယ်။ ဝေးကွာလှတဲ့မီးတောင်ကြီးတစ်တောင်ဆီကနေ အရိပ်တစ်ခုဟာ တဟုန်ထိုးပြေးလွှားလာပါတယ်။ ဒါက အရမ်းကိုကြီးမားလှတဲ့ အနီရောင်နွားမိစ္စာကြီးတစ်ကောင်ဖြစ်ပါတယ်။ ဆယ့်နှစ်မီတာကျော်မြင့်မားပြီး မီတာ သုံးဆယ်ကျော်ရှည်လျားတဲ့ တကိုယ်လုံး မီးလျှံတွေတဟုန်းဟုန်းတောက်လောင်နေတဲ့ နွားမိစ္စာကြီးပါ။

ရှီဟောင်ရဲ့မျက်လုံးဝိုင်းဝိုင်းတွေဟာ မယုံနိုင်စရာကောင်းတဲ့မြင်ကွင်းကြောင့် ပြူးကျယ်လာကာ ငေးကြည့်လိုက်ပြီး
” ဒါ ဒါက အဘိုးအကြီးအကဲပြောပြထားတဲ့ နွားမိစ္စာကြီးလား..”

****°

Comment

Leave a Reply

Options

not work with dark mode
Reset