အခန်း (၁၇၄) ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ၊ ဓားနတ်ဧကရာဇ်
“အို… မင်းက ငါ့ကို ကြားဖူးတယ်ဆိုတော့ မင်းနဲ့ငါက ကမ္ဘာတူတူက လာတာပဲ၊ ငါ့ကို မင်းရဲ့ ဆရာသခင်အဖြစ် အသိအမှတ်ပြု၊ မင်း အရည်အချင်းက မဆိုးဘူး၊ ငါ မင်းကို လောကနံပါတ်နှစ် ဖြစ်လာအောင် လုပ်ပေးမယ်” ဂျိရှင်းရှန်က ဝင့်ကြွားစွာ ပြောလိုက်ပါတယ်။ ဂျိရှင်းရှန် ဖန်းလျန်ကို ကူညီချင်တာက ဖန်းလျန်ရဲ့ အရည်အချင်းကြောင့်ပါ။
ဖန်းလျန်ဟာ မျက်နှာက သွေးတွေကို သုတ်လိုက်ပြီး ပြုံးကာ ခက်ခက်ခဲခဲ ပြောလိုက်ပါတယ် “ခင်ဗျားက လောကနံပါတစ်၊ တစ်ကယ်ကြီးလား”
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ ယောင်ယက်ခတ်သွားပါတယ် ‘ငါ ရှုံးနိမ့်မှုက သူက ဘယ်လိုလုပ်ပြီး သိနေတာလဲ’
“ကျွန်တော်က ယွီဂျင်ဂိုဏ်းတော်ကြီးကပဲ၊ ခင်ဗျားက ကျွန်တော်ရဲ့ ဆရာဘိုးဘိုး ခဏခဏ လာရှာတာလေ၊ မေ့သွားပြီလား” ဖန်းလျန်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ ချက်ချင်းသဘောပေါက်သွားပြီး ရှက်သွားသလို ဒေါသလည်း ထွက်သွားပါတယ်။
“မင်းက ကွမ်း… ချောင်ချောင်ရဲ့ မြေးတပည့်လား” ဂျိရှင်းရှန်က အံဩတကြီး မေးလိုက်ပါတယ်။
“ဟုတ်တယ်၊ အရင်တုန်းက ဆရာဘိုးဘိုးကို ခင်ဗျား မကြာခဏ လာရှာတယ်လေ၊ အဲဒီတုန်းက ခင်ဗျားကို ဝီရိယတောင်ပေါ်ကနေ ကျွန်တော် မြင်ဖူးတယ်”
“မင်း…”
ဂျိရှင်းရှန်ဟာ ရုက်တရက်ဆိုသလို ဖန်းလျန်ကို နှုတ်ပိတ်ပစ်ချစ်စိတ် ပေါက်သွားပါတယ်။ ဒါပေမဲ့ ဖန်းလျန်က ဟန်ကျွယ်တပည့်ဖြစ်နေတာကြောင့် ဘာမှမလုပ်ဖြစ်ပါဘူး။
ဂျိရှင်းရှန်ဟာ ရင်းနှီးတဲ့မိတ်ဆွေဆိုလို့ ဟန်ကျွယ် တစ်ယောက်တည်း ရှိတာပါ။ ဒါ့အပြင် ဂျိရှင်းရှန်နဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို အတူပြန်တိုက်ဖို့ သဘောတူခဲ့ပြီးပါပြီ။ ဒီလိုဆက်ဆံရေးရှိတာကြောင့် ဖန်းလျန်ဟာ ဂျိရှင်းရှန်ရဲ့ မြေးဂျူနီယာလို့ပြောရင် မမှားပါဘူး။
“ဟားဟား… ဒီလိုကိုး၊ တာအိုရောင်းရင်းချောင်ရဲ့ မြေးတပည့်က တကယ်ကို မရိုးရှင်းဘူးပဲ၊ ငါနဲ့ မင်းဆရာဘိုးဘိုးက မိတ်ဆွေရင်းတွေဆိုတော့ နတ်ဆိုးနယ်မြေမှာ ငါတို့တွေ ဘာလို့ အတူမသွားရမှာလဲ၊ မတော်တဆ မင်းသေသွားရင် တာအိုရောင်းရင်းချောင် ဝမ်းနည်းနေလိမ့်မယ်” ဂျိရှင်းရှန်ဟာ ရယ်မောလိုက်ပြီး ဖန်းလျန်နောက်ဘက်မှာ ဆင်းသက်လိုက်ပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဖန်းလျန်ရဲ့ ဒဏ်ရာတွေကို ကုသပေးပါတယ်။
“တကယ်တော့ ကျွန်တော်က ကောင်းကင်အမတစံအိမ်ရဲ့ တပည့်ဖြစ်ခဲ့ဖူးတယ်၊ ကျွန်တော် နာမည်က ဖန်းလျန်ပါ၊ စီနီယာ ကြားဖူးလား မသိဘူး”
ဂျိရှင်းရှန်က ပြန်ဖြေပါတယ် “မကြားဖူးဘူး၊ ကောင်းကင်အမတစံအိမ်က လူတွေရဲ့ နောက်ကြောင်းကို ငါ မသိသလို တစ်ခြားတပည့်တွေကိုလည်း ခေါင်းထဲ ထည့်မထားဘူး”
‘တော်တော် လေလုံးထွားတာပဲ’ ဖန်းလျန်ဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပါတယ်။ ဒါပေမဲ့ ဖန်းလျန်ဟာ ဂျိရှင်းရှန်အကြောင်းကို သိချင်တုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန်က အပေါ်ယံမှာ လောကနံပါတစ် ဖြစ်နေတုန်းမို့ပါ။
ငါးနှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ ကနဦးအဆင့်ကို အားသုံးပြီး ထိုးဖောက်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ တဟုန်ထိုး ထိုးတက်သွားပြီး ဝိညာဉ်လည်း တိုးတက်ပြောင်းလဲသွားပါတယ်။ အကျဉ်းချုပ်ပြောရရင် အရင်ကထက် အများကြီး စွမ်းအား ပိုကြီးသွားပါတယ်။
ဝီရိယတောင်တစ်ခုလုံးလည်း တုန်လှုပ်သွားပါတယ်။
ဝူတောက်ကျန့်ဟာ လွန်ခဲ့တဲ့တစ်နှစ်ကတည်းက လိုဏ်ဂူအပြင်ဘက်ကို နှင်ထုတ်ခံထားရတာကြောင့် အခုအချိန်မှာ တစ်ခြားသူတွေနဲ့ ဆွေးနွေးနေပါတယ်။
“သခင်က အဆင့်ထပ်တက်ပြန်ပြီလား” ခေါင်းသုံးလုံး မြွေနဂါးဘုရင်က တအံတဩ မေးလိုက်ပါတယ်။
ရန်ထျန်တုန်းဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဆရာသခင်က ကြိုးကြိုးစားစား ကျင့်ကြံရုံတင် မဟုတ်ဘူး၊ အရည်အချင်းကလည်း ငါတို့အကုန်လုံးပေါင်းတောင် လိုက်မီမှာ မဟုတ်ဘူး”
ချူရှီရန်ကတော့ နှလုံးကျိုးပျက်သလို ခံစားလိုက်ရပါတယ်။
‘အဆင့်ထပ်တက်ပြန်ပြီလား၊ မဖြစ်ဘူး… ငါ ဆရာဘိုးဘိုးကို ဖျောင်းဖျရမယ်’
ချူရှီရန်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူဆီ လျှောက်သွားပါတယ်။ ဒါပေမဲ့ ချူရှီရန် လိုဏ်ဂူဝကို ချဉ်းကပ်သွားတယ်ဆိုရင်ပဲ ကြောက်မက်ဖွယ်အင်အားတစ်ခုကြောင့် လွင့်စဉ်ထွက်သွားပြီး သွေးအန်သွားပါတယ်။
ရန်ထျန်တုန်းဟာ ချူရှီရန်ကို အမြန်ဖမ်းလိုက်ပါတယ်။
ငရဲကြက်နက်က ရန်ထျန်တုန်းက စလိုက်ပါတယ် “ရန်ထျန်တုန်း… မင်းတပည့်ကို ကောင်းကောင်း ဂရုစိုက်နော်၊ သူ့အတွေးကိုသာ ဆရာသခင်သိရင် ကံဆိုးမိုးမှောင်ကျလိမ့်မယ်”
ဟန်ကျွယ်က ကျင့်ကြံခြင်းကိုပဲ စိတ်ဝင်စားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဟန်ကျွယ်ကို မကျင့်ကြံဖို့ ဖျောင်းဖျတာက ကျိန်းသေပေါက် ကိုယ့်သေတွင်း ကိုယ်တူးတာပါ။
ရန်ထျန်တုန်းဟာ မဲ့ပြုံးပြုံးလိုက်ပြီး သတိလစ်နေတဲ့ ချူရှီရန်ကို ကြည့်ကာ ခေါင်းကိုက်သွားပါတယ်။
ငါးနှစ်။
ငါးနှစ်လုံးလုံး ချူရှီရန်ဟာ တစ်စက်ကလေးတောင် မကျင့်ကြံခဲ့ပါဘူး။
ဒီကိစ္စက ယုံနိုင်စရာကို မရှိတာပါ။
လောကမှာ ပြိုင်ဘက်ကင်းအရည်အချင်းနဲ့ မကျင့်ကြံချင်တဲ့လူ ရှိနေတာကို တကယ်ကို ဩချလောက်စရာပါ။ ဒီဟာက ကျိန်းသေပေါက် ကောင်းကင်တာအိုကို ဆန့်ကျင်တာပါပဲ။ ချူရှီရန်ရဲ့ ရှားပါးလွန်းတဲ့ ကျင့်ကြံမှုစွမ်းရည်ကြောင့်သာ မဟုတ်ရင် ရန်ထျန်တုန်းဟာ သူ့ကို ဝီရိယတောင်ပေါ်ကနေ ကန်ချလိုက်တာ ကြာပါပြီ။
“သက်တမ်း ကုန်ခါနီးရင် ကျင့်ကြံဖိုလိုတယ်ဆိုတာ သူ သိလာလိမ့်မယ်” ဝူတောက်ကျန့်ဟာ ပါးစပ်ကို လက်နဲ့ကာပြီး ရယ်မောလိုက်ပါတယ် ‘ငါ ဒီလိုတပည့်မျိုးကို လက်မခံမိတာ ကံကောင်းတာပဲ’
အာတက ရုတ်တရက် ပြောလိုက်ပါတယ် “သူက မကျင့်ကြံဘူးဆိုပေမဲ့ သူ့ဝိညာဉ်က အရမ်းသန်မာတယ်၊ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို တုန်လှုပ်စေတဲ့ ရောင်ဝါရှိတယ်”
ရှောင်အာက ခေါင်းညိတ်ပြီး ထောက်ခံပါတယ်။
အာတရဲ့စကားကြောင့် တစ်ခြားသူတွေဟာ ချူရှီရန်ကို စပ်စုအကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝီရိယတောင်မှာ ဟန်ကျွယ်ကလွဲရင် ဘယ်သူကမှာ ရွှေကျီးကန်းနှစ်ကောင်ထက် စွမ်းအား မကြီးလို့ပါပဲ။ အခု ရွှေကျီးကန်းနှစ်ကောင်ကိုတောင် တုန်လှုပ်စေတယ်ဆိုတော့ ချူရှီရန်က မရိုးရှင်းဘူးဆိုသာ သိနိုင်ပါတယ်။ သူတို့အားလုံးဟာ အတွေးတစ်ခုကို ပြိုင်တူတွေးလိုက်ကြပါတယ်။
‘သူက ဘယ်ကနေ လာတာလဲ’
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁,၀၂၀/၁၄,၀၀၄,၃၉၉]
[မျိုးနွယ်စု: အမတ]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ ကနဦးအဆင့်။]
[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရရှိသည်)]
[မှော်ပညာ: ပြိုင်ဘက်ကင်း ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်း၊ မူလရုပ်ပြန်ပညာရပ်]
[ဆန်းကြယ်စွမ်းအား: လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား၊ မိုးနှင့်မြေ၊ တိမ်ကျွမ်းထိုး၊ ဓားတစ်သောင်း (အမွေဆက်ခံ၍ ရရှိသည်)၊ ရူလိုင်မန္တန်၊ လမ်းခြောက်သွယ် အန္တိမတံဆိပ်တော်၊ မိုးကောင်းကင်ဓားချီ၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း၊ စကြဝဠာအင်္ကျီလက်၊ ပြန်လည်မွေးဖွားခြင်းတံခါး၊ ဖိတ်ခေါ်ခြင်းပညာရပ်၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်။]
[အသုံးအဆောင်: စကြဝဠာခါးပတ်၊ ချီလင်ဓား၊ နတ်ဆိုးချည်ကြိုး၊ မီးမိစ္ဆာခေါင်းလောင်း (စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်)၊ ကြမ္မာဆိုးစာအုပ် (အကောင်းစား မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ)၊ မြေဧကရာဇ်၏ ဝိညာဉ်ပဝါ (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ နှလုံးကာနတ်ဆွဲကြိုး (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ တရားထိုင်ဖျာ (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဆဋ္ဌအဆင့်)၊ ကောင်းကင်စိတ်ဝိညာဉ် လက်ကောက် (အကောင်းစား စိတ်ဝိညာဉ်ရတနာ)၊ ရွှေခရမ်းရောင်ချပ်ဝတ်ပျော့ (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အဋ္ဌမအဆင့်)၊ ကောင်းကင်ကိုးလွှာခြေနင်း (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အဋ္ဌမအဆင့်)၊ လက်ပတ်ကြီး (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်)၊ ဧကရာဇ်နဂါး ရထားလုံး (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဒုတိယအဆင့်)၊ ဧကရာဇ်ဝတ်ရုံ (မဟာညီညွှတ်မှု အကောင်းစား ရတနာ)၊ ဖီးနစ်တောင်ပံသရဖူ (မဟာညီညွှတ်မှု အကောင်းစား ရတနာ)။]
[ဓားငွေ့: ပြန်လည်းမွေးဖွားခြင်းဓားငွေ့(မဟာညီညွှတ်မှု)]
[ကိုယ်ပိုင်ဖန်တီး ဆန်းကြယ်စွမ်းအား: လောကသုံးပါး သန့်ရှင်းခြင်း(မဟာညီညွှတ်မှု)]
[ဝိညာဉ်ရတနာ: ဟွမ့်သွမ့်ဓား]
[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ မွေးရာပါကံတရားအား ကောင်းချီးအနည်းငယ် ပေးသည်။]
[မွေးရာပါကံတရားမှာ အောက်ပါအတိုင်း ဖြစ်သည်]
[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]
[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]
[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]
[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အကောင်းစား စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]
[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]
‘အသက် ၁၄ သန်းလား၊ ဘယ်သူက ငါ့ကို ယှဉ်နိုင်အုန်းမှာလဲ’ ဟန်ကျွယ်ဟာ ဘဝမြင့်သွားပါတယ်။
ဟန်ကျွယ် ဘဝမြင့်ချင်လည်း မြင့်စရာပါ။ အသက်တစ်ထောင်နဲ့ ကောင်းကင်အမတ ဖြစ်တဲ့လူက အနန္တကမ္ဘာမှာ လက်ချိုးရေလို့ ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အောက်ခြေလွတ်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဘုံဝင်အဆင့်နဲ့ မွေးဖွားလာခဲ့တဲ့ ရွှေကျီးကန်းလေး နှစ်ကောင်က နတ်ရွှေကျီးကန်း မျိုးနွယ်စုမှာ အောက်ဆုံးအဆင့် အရည်အချင်းပဲ ရှိလို့ပါ။ ဒါကို ထောက်ဆခြင်းအားဖြင့် အမတကမ္ဘာရဲ့ နံပါတစ်ပါရမီရှင်က ဘယ်လောက်ထိ အရည်အချင်းရှိနေမလဲဆိုတာ တွေးဖို့တောင် ခက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ကျင့်ကြံမှုကို ခိုင်မြဲအောင် ဆက်ကျင့်ကြံပါတယ်။
[တာအိုစက်ကွင်း၏ ခုခံစွမ်းအားသည် မဟာညီညွှတ်မှု အမတစစ်အဆင့်သို့ တိုးမြှင့်သွားပြီး မဟာညီညွှတ်မှု အမတစစ်အဆင့်အောက်ရှိ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်သွားပါပြီ။]
[ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတအဆင့်သို့ ထိုးဖောက်နိုင်ခြင်းအတွက် ဂုဏ်ယူပါသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ အမတနတ်ဘုရား ဖြစ်လာပါ။ ဆုလာဘ်အဖြစ် ကောင်းကင်စိတ်ဝိညာဉ်ကျောက်တုံးကို ရရှိမည်။]
[၂။ သေမျိုးကမ္ဘာတွင် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် တာအိုဂိုဏ်းမှ ရွှေဆေးလုံးတစ်ပုလင်းကို ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ တာအိုဂိုဏ်းက ရွှေဆေးလုံးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။
[တာအိုဂိုဏ်း ရွှေဆေးလုံး: တာအိုဂိုဏ်းသည် ကျင့်ကြံမှုတိုးတက်စေသော ရွှေဆေးလုံးအား ဖော်စပ်ခဲ့သည်။ ၄င်းရွှေဆေးလုံးသည် သေသူကို ပြန်ရှင်စေနိုင်ပြီး ခန္ဓာကိုယ်အား ပြန်တည်ဆောက်စေခြင်း၊ သက်တမ်းအား တစ်သောင်းတိုးစေခြင်း စသည့် အကျိုးကျေးဇူးများ ရှိသည်။]
‘မဆိုးဘူး… မဆိုးဘူး… ဒီရွှေဆေးလုံးက အသက်ကယ်ဆေးလုံးပဲ’
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ယုံကြည်ချက်ရှိတယ်ဆိုပေမဲ့ မာနထောင်လွှားတဲ့လူတော့ မဟုတ်ပါဘူး။ တစ်နေ့ကျ ကံဆိုးလို့ သူ့ခန္ဓာကိုယ် ပျက်စီးသွားရင် ဒီရွှေဆေးလုံးက ကျိန်းသေပေါက် အသုံးဝင်မှာပါ။
‘ဝိညာဉ်က ဘယ်လိုလုပ်ပြီး ဆေးလုံးကို သောက်နိုင်တာလဲ၊ ဒီတာအိုဂိုဏ်းက မရိုးရှင်းဘူးပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်မြဲအောင် ဆက်လက်ကျင့်ကြံပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ ကနဦးအဆင့်ဟာ ခိုင်မြဲသွားပါတယ်။ ဒီအခါမှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို လိုဏ်ဂူထဲ ပြန်ခေါ်လိုက်ပြီး သုံးလောကသန့်ရှင်းကို စတင်သုံးသပ်ပါတယ်။
ငါးမိနစ်တောင် မကြာလိုက်ပဲ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲကို ရောက်သွားပါတယ်။ အရင်တုန်းကနဲ့စာရင် ဒီတစ်ခါက လုံးဝကို ပြောင်းလဲသွားတာပါ။ ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက် သတိတရရှိနေပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ကိုယ်ဟန်ကိုတော့ အပျက်မခံပါဘူး။
ဟန်ကျွယ်ဟာ ကျန်းကူရှင်းရှေ့ကို လျှောက်သွားပြီး သူ့ကျင့်ကြံမှုအဆင့်ကို ပြလိုက်ပါတယ်။ ကျန်းကူရှင်းဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါကို အာရုံခံမိလိုက်တာကြောင့် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။
“မဆိုးဘူး… မင်းတောင် ကောင်းကင်အမတအဆင့်ကို ရောက်ပြီပဲ… နေအုန်း… မင်း ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို ရောက်သွားတာလဲ”
“မင်းကို အမတဧကရာဇ် ခန္ဓာဝင်သိမ်းထားတာလား”
ကျန်းကူရှင်းရဲ့ လေသံဟာ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပါတယ်။
‘ဒီကောင်လေး ကျင့်ကြံတာ မြန်လှချည်လား၊ ဒါလုံးဝ အဓိပ္ပာယ်မရှိဘူး’
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “မဟုတ်ပါဘူး၊ ကျွန်တော်က ဒီကျင့်ကြံမှုအဆင့် ရောက်အောင် နေတိုင်း ကြိုးကြိုးစားစား ကျင့်ကြံခဲ့တာ”
ကျန်းကူရှင်းက ထူးဆန်းတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဒီတစ်ခါ ကောင်းကင်ရုံးတော်တော့ ဒုက္ခတွေ့ပြီပဲ”
[ကျန်းကူရှင်းသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ် ‘ငါ့အစ်ကိုက တကယ့်လူကောင်းပဲ’
[ဓားနတ်ဧကရာဇ်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
Chapter – 174
? Views, Released on November 30, 2024