Chapter – 24 အမြင့်ဆုံး တိုက်ပွဲ ( 2 )
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ လစန္ဒာအော်ရာတွေဟာ သူ့ရဲ့ဒဏ်ရာပတ်ပတ်လည်မှာ မှိန်ဖျော့ဖျော့လင်းလက်နေပြီး ပကတ်အသားအတိုင်းဖြစ်သွားစေပါတယ်။ ခရမ်းရောင်မြွေဆိုးကြီးက လင်းယုန်စိမ်းကြီးရဲ့ ထူးခြားမှုကို ငေးကြည့်လိုက်ပြီး သူ့ရဲ့မျက်လုံးထဲကနေ အေးစက်တဲ့အလင်းတန်းတွေ ထွက်ပေါ်လာပါတယ်။
ပလွှတ် … ။
ခရမ်းရောင်မြွေဆိုးကြီးကလည်း သာမည ညောင်ညမဟုတ်ဘဲ နားလည်နိုင်မှုစွမ်းအားကြီးပြီး အာရုံခံစွမ်းရည်ဟာ မြင့်မားလို့နေပါတယ်။ ဒါဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ကောင်းကောင်းရင်ဆိုင်နိုင်စေပါတယ်။
လစန္ဒာအော်ရာတွေဟာ ရုတ်တရက်ထွန်းလင်းလာပြီး အလင်းရောင်တွေဟာ အရပ်ဆယ်မျက်နှာကိုဖြာထွက်လို့သွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ခရမ်းရောင်မြွေကြီးဆီကို သူ့ရဲ့လစန္ဒာအော်ရာတွေထုတ်လွှတ်ပြီးတိုက်ခိုက်လိုက်တာပါ။ တဟူးဟူး သံတွေဟာ လေထုကိုဖြတ်သန်းလို့ ဆူညံပေါက်ကွဲသွားပါတယ်။
အတော်လေးကို အံ့အားသင့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ ခရမ်းရောင်မြွေကြီးဟာ လင်းယုန်စိမ်းကြီးရဲ့ တိူက်ခိုက်မှုကို ကျွမ်းကျင်လှပစွာရှောင်တိမ်းလို့သွားနိုင်ခဲ့ပါတယ်။ သူရဲ့ ကြီးမားလှတဲ့ကိူယ်လုံးကြီးကို အမြီးနဲ့ထိန်းပြီး မီတာ၂၀ခန့်ရောက်အောင် ခုန်ပျံလို့ရှောင်ထွက်သွားတာဖြစ်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ သူ့ရဲ့တောင်ပံတွေကို လျင်မြန်စွာခတ်လိုက်ရင်း နောက်တစ်ကြိမ်သတ်ဖြတ်ဖို့ ကြိုးစားလိုက်ပြန်ပါတယ်။ သူ့ရဲ့နှုတ်သီးကြီးကို အစွမ်းကုန်ဖွင့်လို့ ခရမ်းရောင်မြွေကြီးဆီဦးတည်လိုက်ပါတယ်။ အပြာရောင်တလက်လက်တောက်ပနေတဲ့ လစန္ဒာအော်ရာတွေဟာလည်း လက်ရှိအချိန်မှာ ပိုပြီးထွန်းလင်းလို့လာပါတယ်။
ဒေါင်.!
အကြေးခွံစိမ်းလင်းယုန်ကြီးဟာ နောက်ဆုံးမှာတော့ သူ့ရဲ့လစန္ဒာအော်ရာကို ထုတ်လွှင့်လိုက်ပါပြီ။ သို့ပေသိ ခရမ်းရောင်မြွေကြီးရဲ့ ထူထဲလှတဲ့ အကြေးခွံပေါ်ဒဏ်ရာအနည်းငယ်သာ ရစေခဲ့ပြီး နက်ရှိုင်းအောင်တော့ မထိခိုက်သွားစေခဲ့ပါဘူး။ ခရမ်းရောင်မြေကြီးဟာ နာကျင်လှတဲ့အတွက် ၀ရုန်းသုန်းကားရုန်းကန်လိုက်ပါတယ်။ ပြီးတော့ သူဟာ လျှင်မြန်စွာပဲ နောက်ထပ်မီတာ၂၀လောက် ခုန်ထွက်လို့ ဆုတ်ခွာလိုက်ပါတယ်။
ရှစ်…။
ရှီဟောင်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားခဲ့ပါတယ်။ သူ့ရဲ့ညာဘက်လက်ဟာလည်း လမင်းတက်တူး ( သင်္ကေတ = တက်တူး ) တွေဟာ အရိပ်တွေလို ထွက်ပေါ်လာပါပြီ။ သက်တံ့ရောင်စဉ်တွေလို အလင်းတန်းတွေဟာ တဖြည်းဖြည်းများပြားလာပြီး စွမ်းအားတွေလည်း အရိပ်ရိပ်ထွက်ပေါ်လို့လာပါတယ်။ ရှစ်ဆိုတဲ့ အသံကြီးနဲ့အတူ လမင်းတက်တူးရောင်စဉ်အလင်းတန်းဟာ ခရမ်းရောင်မြွေကြီးရဲ့ သွေးထွက်နေတဲ့ဒဏ်ရာပေါ် ကျရောက်လို့သွားပါတယ်။
လမင်းတက်တူးအလင်းတန်းကြောင့် မ
မြွေကြီးရဲ့ အကြေးခွံတော်တော်များများကွာကျသွားပြီး သူ့ရဲ့ခံနိုင်ရည်စွမ်းအားကို သိသိသာသာကျဆင်းလို့သွားစေခဲ့ပါတယ်။ သွေးစက်တွေဟာ ဆေးရေးပန်းချီကားချပ်တစ်ချပ်ပေါ် အနီရောင်စုတ်ချက်တင်လိုက်သလို ဖြာဆင်းလို့သွားပါတယ်။ သို့သော် ဒီထူးဆန်းလွန်းတဲ့မြေကြီးရဲ့ အသားနက်နက်ထဲကိုတော့ ထိုးဖောက်နိုင်ခြင်းမရှိပါဘူး။ ရှီဟောင်ရဲ့ တိုက်ခိုက်မှုဟာ လက်မအနည်းငယ်ရှည်လျှားတဲ့ ပြတ်ရှရာ ဒဏ်ရာသေးသေးလေးကို ရရှိသွားစေပါတယ်။ ခရမ်းရောင်မြွေကြီးရဲ့ အသားနဲ့အရိုးတွေဟာ အရမ်းကို မာကျောလို့နေပါတယ်။ ဤကဲ့သို့သော တိုက်ခိုက်မှုတွေဟာ သူ့ကို သတ်ဖြတ်နိင်ဖို့ အရမ်းကို ခက်ခဲလို့နေပုံရပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အကြည့်တွေဟာ ရေခဲတွေအလား အေးစက်လို့လာခဲ့ပါတယ်။ သူဟာ တောင်တန်းဒေသအတွင်းမှာ နေထိုင်စဉ်ကာလတစ်လျှောက်လုံး မိုးကောင်းကင်အရှင်သခင်တစ်ပါးဖြစ်ခဲ့ပါတယ်။ သူ့ကို ဘယ်မှော်သားရဲနဲ့လူသားတစ်ဦးတစ်ယောက်မှ ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူ့ကို အမှန်တကယ်ထိခိုက်စေတဲ့သူ ပေါ်ထွက်လာပါတယ်။ ဒါက ခရမ်းရောင်မြွေကြီးရဲ့ သေနေ့စေ့သွားချိန်လည်း ဖြစ်နိုင်ပါတယ်။
ရုတ်တရက် သတ်ဖြတ်လိုစိတ်ကြီးမားတဲ့ အရှိန်အဝါတစ်ခုဟာ ထွက်ပေါ်လို့လာပါတယ်။ ဒါဟာ အရှည်၂မီတာလောက်ရှိပြီး အနီရောင်အလင်းတန်းတွေဖြာထွက်နေတဲ့ မှော်သားရဲတစ်ကောင်ရောက်ရှိလာခဲ့ပါတယ်။ မှော်သားရဲကောင်ဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ နောက်ကျောဘက်ကနေ ချက်ချင်းပဲပေါ်ထွက်လာတာကြောင့် လင်းယုန်စိမ်းကြီးလည်း ထိထိရောက်ရောက်ခုခံကာကွယ်ဖို့ ခက်ခဲသွားခဲ့ပါတယ်။
မှော်သားရဲကောင်ဟာ ၂မီတာကျော်ရှည်လျားတဲ့ ဆိတ်ခလောက်သားရဲဖြစ်ပါတယ်။ သူဟာ တောက်ပတဲ့ မဟူရာနီရောင်သွေးခဲကြီးလိုဖြစ်နေပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အတောင်ပံတစ်စုံကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လက်ရှိရောက်ရှိနေကြတဲ့ မှော်သားရဲကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူဟာ သေးငယ်နေပေမယ့်လည်း အမှန်တကယ်တော့ အရမ်းကို အစွမ်းထက်ပါတယ်။
( PS . ဆိတ်ခလောက် က အာတိတ်ဒေသဘက်မှာ မွေးဖွားကြီးပြင်းပြီးတော့ လက်ရှိကမ္ဘာပေါ်မှာ ရှိနေတဲ့ သတ္တဝါတစ်ကောင်ပါပဲ။ သူက ဖျံနဲ့မျိုးစိတ်တူပြီးတော့ အညိုရောင်အမွှေးအမျှင်တွေရှိပါတယ်။ အဓိကပြောချင်တာက သူ့ရဲ့ အညိုရောင်သားမွှေးတွေပါပဲ။ အာ့ဒါက သားမွှေးအကျီ င်္ရက်လုပ်တဲ့နေရာမှာအရမ်းကောင်းမွန်ပြီးတော့ အရမ်းလည်း ဈေးကြီးပါတယ်။ ပြင်သစ်နိုင်ငံကထုတ်တဲ့ မိကျောင်းသားရေအမျိုးသမီးလက်ကိုင်အိတ်လိုပဲ တော်တော်လေးကို ဈေးမြှောက်ပါတယ်။ ဒီမူရင်းစာစဉ်ထဲမှာတော့ စာရေးဆရာက သားရဲတွေအများကြီးကို ထည့်သွင်းဖော်ပြထားပြီး အစွမ်းထက်မှော်သားရဲတွေအဖြစ် ပုံဖော်ထားပါတယ်။ ဒါပေမယ့် ကျနော်က ဖော်ကောင်လုပ်ပေးချင်စိတ် ဖြစ်သွားလို့ ဆိုင်ရာဆိုင်ရာအခန်းတွေရောက်တိုင်း ဗဟုသုတအလို့ငှာ အမှန်တကယ်ပြောပြပေးသွားပါ့မယ်။ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီလာ သားရဲတွေကလွဲရင် ကျန်တဲ့သားရဲတွေက လက်ရှိကမ္ဘာမြေရဲ့ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ အာရှစတဲ့ တိုက်ကြီးတွေက ရှားပါးသတ္တဝါအဖြစ်ကမ္ဘာ့ထိန်းသိမ်းစောင့်ရှောက်ရေအဖွဲ့ ယူနက်စကို က သတ်မှတ်ထားကြပါတယ်။ ပြောချင်တာက စာစဉ်ဖတ်ချိန်မှာ အစွမ်းထက်သားရဲတွေအဖြစ်ခံစားပေးပြီး ရှင်းလင်းပေးချက်မှာတော့ ကမ္ဘာ့အမွှေအနှစ်သားရဲတွေအဖြစ်ခံစားပေးဖို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ ကိုယ်တိုင်ရေးစာရေးဆရာတွေအတွက် ကိုးကားချက်သားရဲတွေရရှိစေချင်တာကြောင့်ပါပဲ။ )
ဆိတ်ခလောက်မှော်သားရဲရဲ့ ထူးခြားတဲ့အစွမ်းသတ္တိကတော့ လျှပ်စီးလျက်သလို ရှောင်တိမ်းမှုလုပ်နိုင်တဲ့ မြန်နှုန်းမြင့်လှုပ်ရှားမှုပါပဲ။ သူဟာ တဟုန်ထိုးခုန်ပျံပြေးလွှားလိုက်ပြီး ရှီဟောင်ရဲ့ ရင်ဘတ်ကို ထက်ခြမ်းခွဲပစ်နိုင်ဖို့ ကြိုးစားလိုက်ပါတယ်။ ရှီဟောင်က ပွတ်သီးပွတ်ခါလေး ရှောက်တိမ်းပေးလိုက်တာကြောင့် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ လည်ပင်းကို ခုန်ဝင်တိုက်ခိုက်လိုက်ပြန်ပါတယ်။ ရှီဟောင်ဟာ မာန်သွင်းသံတစ်ချက်ပြုလိုက်ပါတယ်။ သူ့ရဲ့ လမင်းတက်တူးအလင်းတန်းတွေဟာလည်း ထပ်မံပြီး ပေါ်ထွက်လာပြန်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကတော့ တုန်လှုပ်သွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ အလင်းတန်းတွေအရှိန်အဟုန်နဲ့ ထွက်ပေါ်လာသလို ပြင်းထန်လှတဲ့ ဒေါသတွေလည်း မုန်တိုင်းတစ်ခုအလား ကြီးမားသွားပါတယ်။ ဒီပုံမှန်မဟုတ်တဲ့ မှော်သားရဲနှစ်ကောင်ကတော့ အမှန်တကယ်ကို သေချင်နေကြပြီထင်တယ်။
ပြောရမယ်ဆိုရင်တော့ ခရမ်းရောင်မြွေကြီးနဲ့ ဆိတ်ခလောက်မှော်သားရဲတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုဟာ လစ်ကွက်ဟာကွက်မရှိတာကြောင့် အမှန်တကယ်ကို စံနမူနာယူစရာကောင်းလှပါတယ်။ ဒါက ရှီဟောင်ကို အံအားသင့်သွားစေပါတယ်။ ဤမှော်သားရဲကောင်တွေက အမှန်တကယ်ကို အသိဥာဏ်မြင့်မားကြပ့ပေတယ်။
၀ုန်း…!
ငွေရောင်မိကျောင်းကြီးကလည်း ရေထဲကနေ တဟုန်ထိုးပြေးတက်လာပါတယ်။ သူရောက်ရှိလာတာနဲ့ ချက်ချငိးပဲ ကျောက်တောင်ကျောက်ခဲတွေကို အမြီးနဲ့ ရိုက်ချိုးပစ်လိုက်ပါတယ်။
၁
တစ်ချိန်တည်းမှာပဲ, တစ်ခြားရက်စက်ကြမ်းကြုတ်ပြီး သန်မာပုံရတဲ့မှော်သားရဲခုနှစ်ကောင် ရှစ်ကောင်ခန့်ဟာလည်း ပေါ်ထွက်လာပါတယ်။ သူတို့တွေဟာ သာမန်မှော်သားရဲတွေထက် ပိုပြီးအစွမ်းထက်ကြပါတယ်။ ဒီမှော်သားရဲကောင် တစ်ကောင်ချင်းဆီက အစွမ်းထက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်လို့ထားပါတယ်။
မှော်သားရဲပေါင်းများစွာဟာ ရုတ်တရက်စုဝေးမိသွားချိန်မှာတော့ ပြောစရာမလိုလောက်အောင် နားလည်မှုရသွားကြတဲ့အလား တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ကျောက်ဆောင်ကြီးကို တူးဖော်ဖို့စတင်လိုက်ကြပါတယ်။ သူတို့တွေအပြင်းအထန်တိုက်ခိုက်ကြဦးမှာပါ။ ဒါပေမယ့် ရှန်းနီရဲ့ အဖိုးတန်တဲ့ အလောင်းကို ရှာတွေ့ချိန်အထိစောင့်ဆိုငိးကြဦးမှာလေ။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း သူ့ရဲ့ဒေါသတွေကို ခဏလောက်ခေါက်သိမ်းလိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ သွေးကွက်တွေ စွန်းထင်းလို့နေပါပြီ။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့အစိမ်းရောင်အကြေးခွံတွေဟာလည်း အလင်းရောင်တွေဖြာထွက်နေဆဲပါပဲ။
” အဒေါ်ကြီး။ ခင်ဗျားအဆင်ပြေရဲ့လား”
ရှီဟောင်လည်း စိတ်ပူလို့လာခဲ့ပါတယ်။ ရာပေါင်းများစွာသော ကြီးမားလှတဲ့ မှော်သားရဲတွေဟာ သည်နေရာမှာ စုဝေးနေကြပါပြီ။ အကြေးခွံစိမ်းလင်းယုန်ကြီးထက် အားမနည်းနိုင်တဲ့ မှော်သားရဲတွေလည်း အတော်လေးပါဝင်လို့နေပါတယ်။
၀ုန်း..!
ငွေရောင်မိကျောင်းကလည်း အဆက်မပြတ်ကို ရူးသွပ်နေတဲ့အလား ကြီးမားလှတဲ့ ကျောက်တောင်ကြီးကို ထိုးခွဲလို့နေပါတယ်။ နေရောင်ခြည်အနည်းငယ်မြင့်တက်လာပြီး ကျောက်တောင်ကြီးပေါ်ဖြာကျလာချိန်မှာပဲ ရုတ်တရက်ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပါတယ်။
ဒါက ရွှေသားရဲတစ်ကောင်ကောင်ရဲ့အမွှေးတွေဖုံးလွှမ်းနေတဲ့ ကြံ့ခိုင်ပြီးအစွမ်းထက်သည့် ခြေထောက်ဖြစ်ပါတယ်။ ရွှေရောင်သားမွှေးတွေဟာ နေရောင်ခြည်တွေနဲ့ထိတွေ့သွားကြပြီး လုံးဝကိုပြိုးပြိုးပြက်ပြက်လင်းလက်နေပါတယ်။ သူ့ရဲ့ မျက်စိကျိမ်းမတတ်အော်ရာတွေကလည်း မိုးကောင်းကင်ကိုတောင် လွှမ်းမိုးသွားတဲ့အလား ထင်မှတ်ရပါတယ်။
နောက်ဆုံးတော့ ရှေးဟောင်းမှော်သားရဲတွေကနေဆင်းသက်လာတဲ့ ရှန်းနီရဲ့ အဖိုးတန်ခန္ဓာကိုယ်ဟာ ပေါ်ထွက်လို့လာပါပြီ။ ရှေးဟောင်းဆန်တဲ့အော်ရာတွေကလည်း သူ့ရဲ့ခန္ဓာကိုယ်တ၀်လျှောက် ပိုးစုန်းကြူးအလား လင်းလက်နေပါတယ်။ မှော်သားရဲတွေအားလုံးတွေဟာ သူတို့မျက်စိရှေ့အရာအတွက် ကြောင်အလို့နေပါတယ်။ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေဟာ ငယ်ထိပ်ကို တက်ဆောင့်ပြီး သွေးအန်လှဲကျစေမတတ်ရူးသွပ်စေပါပြီ။
ရှန်းနီမှော်သားရဲရဲ့ ရွှေခြေထောက်တစ်ချောင်းပါပဲ။ ဒါဟာ ဒဏ္ဍာရီလာမှော်သားရဲဖြစ်တာနဲ့အညီ ခန့်ညားတဲ့အရှိန်အဝါးတွေကိာ ဖြစ်ပေါ်စေပါတယ်။ ရှန်းနီမှော်သားရဲဟာ သေဆုံးသွားပြီးနောက်မှာတောင်မှ သူ့ရဲ့ကြောင်မက်ဖွယ်အော်ရာတွေက လွှမ်ခြုံလို့နေဆဲပါပဲ။ တခြားမှော်သားရဲတွေရဲ့ စိတ်နှလုံးကို ဦးညွတ်ဝပ်တွားစေတဲ့ ခန့်ညားမှုတွေပြည့်နှက်လို့နေပါတယ်။
ဒီအချိန်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အော်ရာတွေရဲ့ ထိခိုက်မှုကို ခံလိုက်ရတဲ့ ရာပေါင်းများစွာသော မိစ္စာငှက်များ၊ ငွေရောင်မိကျောင်း၊ သွေးဆတ်ခလောက်နဲ့ ခရမ်းရောင်မြွေကြီးတို့ဟာ နောက်ဆုတ်လို့သွားကြရပါတယ်။ ရှန်းနီမှော်သားရဲရဲ့ အရှိန်အဝါဟာ သေသည့်တိုင်အောင် မှော်သားရဲတွေအပေါ်မှာ သြဇာအာဏာသက်ရောက်မှုရှိနေပါတယ်။
နောက်ဆုံးမှာတော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ပထမဆုံးရှေ့တက်လာခဲ့ပါတယ်။ သူ့ရဲ့နောက်မှာမှ တခြားသော မှော်သားရဲတွေဟာ သွေးတိုးစမ်းသလို ရှေ့တက်လာခဲ့ပါတယ်။ လင်းယုန်စိမ်းငှက်ကြီးနဲ့ရင်ဘောင်တန်းလို့ ရှေ့တက်လာတာက မီးတိမ်တိုက်ကြံ့ကြီးတစ်ကောင်ဖြစ်ပါတယ်။ သူတို့တွေဟာ ဒဏ္ဍာရီလာရှန်းနီမှော်သားရဲကြီးအောက်က တောင်တန်းဒေသရဲ့ အရှင်သခင်တွေပါပဲ။ ဒါပေမယ့် ဒီဧရိယာပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးသာ အရှင်သခင်တစ်ပါးဖြစ်လို့နေပါတယ်။ ပြင်းထန်ကျယ်လောင်တဲ့တောင်ပံခတ်သံကြီးတွေနဲ့အတူ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ကျောက်ဆောင်ကျောက်ခဲတွေကို လွှင့်စင်ထွက်သွားအောင် ရိုက်ထုတ်လိုက်ပါတယ်။ ဖုန်ပင်လယ်ကြီးဖြစ်ပေါ်သွားစေပြီး ကျောက်တုံးကျောက်ခဲတွေကင်းစင်သွားချိန်မှာတော့ ဒဏ္ဍာရီလာ မှော်သားရဲကြီးရဲ့ခန္ဓာကိုယ်ဟာ ထီးထီးကြီးပေါ်ထွက်လို့လာပါတယ်။
****