Chapter – 23 အမြင့်ဆုံး တိုက်ပွဲ
” ၀ိုး.. အဒေါ်ကြီး.. ခင်ဗျားက သန်မာလှချည်လား..”
ရှီဟောင်ဟာ အတော်လေးကို လေးစားလို့သွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကတော့ နောင်တစ်ကြိမ်ကောင်းကင်ကနေ အရှိန်အဟုန်နဲ့ ဆင်းသက်သွားပါတယ်။ ဒီတောင်တန်းပတ်ဝန်းကျင်ဒေသဟာ သူ့အမဲလိုက်ကျင်လည်နေရာနေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ ရောက်ရှိလာသမျှ မှော်သားရဲကောင်တွေကို အထက်စီးဆန်ဆန်ကြည့်ရှုလိုက်ပါတယ်။
ဗုန်း ..
သည်တစ်ကြိမ်မှာတော့ အကြေးခွံစိမ်းလင်ဟုန်ငှက်ကြီးဟာ သူ့ရဲ့ သန်မာလှတဲ့ခန္ဓာကိုယ်စွမ်အားတွေအပြင် လစန္ဒာအော်ရာအနည်းငယ်ကိုလည်း ထုတ်လွှတ်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုက ရှီဟောင်ရဲ့ လမင်းသင်္ကေတနဲ့တော့ အနည်းငယ်ကွာခြားမှုရှိပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး ထုတ်လွှတ်ခဲ့တဲ့ လစန္ဒာအလင်းတန်းဟာ အချင်းနှစ်မီတာခန့်ရှည်လျားပြီးတော့ ဥက္ကာပျံတစ်ခုအလား ဖြောင့်တန်းလို့သွားပါတယ်။
ဒီဘိုးဘေးတွေရဲ့ အမွေခံစွမ်းအားတွေကို အသက်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် မြေပြင်ပေါ်ကအခြေအနေတွေကို ပိုပြီးပရမ်းပတာဖြစ်သွားစေပါတယ်။ ငှက်မိစ္စာတော်တော်များများနဲ့ မှော်သားရဲတစ်ချို့ဟာ ကြောက်လန့်ပြီး ခြေဦးတည့်ရာ ပြေးထွက်သွားကြပါတယ်။ သို့ပေသိ မိုးကောင်းကင်ရဲ့အရှင်သခင် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး နဲ့ တစ်ပွဲတစ်လမ်းအကဲစမ်းချင်တဲ့ မှော်သားရဲကြီးတွေလည်း ရှိနေပါတယ်။ သူတို့တွေဟာ ဒီလိုမျိုးကြောက်မက်ဖွယ်ရာပြိုင်ဘက်ကောင်းကိုတွေ့လိုက်ရာတာကြောင့် ပြိုင်လာသမျှ ဗိုလ်မထားချိုကားယား နဲ့ပဲဆိုတာ ပြချင်နေကြပါပြီ။
( PS. ” ယောကျာ်းဆိုတာ ဗိုလ်မထား ချိုကားယား နဲ့ချည်းပဲ .. ဖိုခွာကြီး နင် ရှုံးပြီးသာ ပြန်မလာနဲ့ .. လက်ဦးအောင် ချ .” အမိုးပြောနေကျစကား 😂😂 မူရင်းမှာမပါဘူးဆိုတာ ပြောပြတာပါ.)
၀ှစ်..!
အပြာရောင်အလင်းတန်းတစ်ချက်တောက်ပလို့သွားခဲ့ပါတယ်။ ဒါဟာ သားရဲကောင်တစ်ကောင်ရဲ့ ကြီးမားလှတဲ့ဦးခေါင်းထက်က ချိုကနေ ထွက်ပေါ်လာတာပါ။ မှော်သားရဲကောင်ကြီးဟာ တစ်ချက်ခုန်လိုက်တိုင်း လေထဲမှာ ဆယ်မီတာအမြင့်ထိရောက်ရှိသွားပြီး တဟုန်ထိုးပြေးဝင်လာပါတယ်။ သူ့ရဲ့ ပြင်းထန်လှတဲ့ နှာမှုတ်သံကြီးကြောင့် မြေပြင်ဟာ တသိမ့်သိမ့်တုန်ခါလို့သွားပါတယ်။
ညောင်!
မှော်သားရဲတွေကို အကြီးအကျယ်တုန်လှုပ်သွားစေတဲ့ အသံကြီးလည်း ဆက်လက်ထွက်ပေါ်လာပါတယ်။ မှော်သားရဲတွေဟာ သူ့ထက်ငါ လူစွမ်းကောင်းဆိုသလို တစ်ကောင်ပြီး တစ်ကောင်ထွက်ပေါ်လို့လာပါတယ်။ ဒါက အတော်လေးမြင့်တဲ့ တောင်ကုန်းငယ်လေးတစ်ခုနောက်မှာ ပုန်းအောင်နေပုံရတဲ့ ကျားသစ်ကြီးတစ်ကောင်ပါ။ သူဟာ အတော်ကြီးကို ကြီးမားလို့နေတဲ့ မှော်သားရဲကြီးတစ်ကောင်ဖြစ်လို့နေပါတယ်။ သူဟာ ချက်ချင်းပဲ အပြင်ခုန်ထွက်လာပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ခုန်အုပ်လိုက်ပါတယ်။ ဒါပေမဲ့လည်း အကြေးခွံစိမ်းလင်းယုန်ကြီးက လိမ္မာပါနပ်စွာပဲ ရှောင်တိမ်းလို့သွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာ သူ့ ရဲ့ သံမဏိတွေအလား ချွန်ထက်လှတဲ့ခြေသည်းရှည်တွေနဲ့ ကျားသစ်ကြီးကုတ်ဆွဲလိုက်ပါတယ်။ ကျားသစ်ကြီးရဲ့ ဦးခေါင်းဟာ ရိတ်ဖြတ်ခံလိုက်ရတဲ့ ကောက်ပင်တွေလို ဟက်တက်ကွဲခြမ်းသွားပါတယ်။ ကျားသစ်ကြီးရဲ့ အရိုးတွေထဲကနေ စိမ့်ထွက်လာတဲ့ နာနာကျင်ကျင်အော်ဟစ်သံကြီးနဲ့ အတူ သွေးစက်တွေဖြာစင်းသွားခဲ့ပါတယ်။
” ဒေါ်ကြီး ။ စိတ်မပူနဲ့ ။ ရန်သူတွေကို ကျုပ်အတွက် ချန်ထားပေး..”
ရှီဟောင်က ယုံကြည်မှုအပြည့်နဲ့ပြောဆိုလိုက်ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း သူနားလည်ကြောင်း ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ သူဟာ အတောင်ပံတွေကို ဖြန့်လို့ ငှက်မိစ္စာတွေဆီကို တိုးဝင်သွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဖြတ်သန်းသွားရာတစ်လျှောက် နီထွေးလှတဲ့ သွေးစေးတွေဟာ မိုးသီးမိုးပေါက်တွေလို ဖြာကျသွားပါတယ်။ ဒါက တိုက်ပွဲထဲကို ၀င်မပါသေးဘဲအခြေအနေကို စောင့်ကြည့်နေတဲ့ အစွမ်းထက်မှော်သားရဲတစ်ချို့ကို တွန့်ဆုတ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း သူ့ရဲ့ ကြံ့ခိုင်သန်မာလှတဲ့ ရုပ်ပိုင်းဆိုင်ရာသက်သက်နဲ့ မှော်သားရဲတွေကို သက်သက်သာသာသတ်ဖြတ်သွားတာပါ။ သူဟာ ရှေးဟောင်းနတ်မိစ္စာငှက်ကနေ ဆင်းသက်လာခဲ့တာပါ။ ဒါ့ကြောင့် သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမွေခံစွမ်းအားတွေကို မသုံးဘဲ ခန္ဓာကိုယ်သန်မာမှုစွမ်းအားသက်သက်နဲ့တင် တောင်တန်းဒေသထဲမှာတော့ ပြိုင်ဘက်ကင်းလို့ နေပါပြီ။
လေဟုန်ခွင်းသံတွေ အဆက်မပြတ်ထွက်ပေါ်နေပါပြီ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး နောက်တစ်ကြိမ်မြေပြင်ပေါ်ကို တဟုန်ထိုးဆင်းသက်လာခဲ့ချိန်မှာ မှော်သားရဲတွေဟာ အလျှင်အမြန်ပဲ ရှောင်တိမ်းလိုက်ကြပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ တိုက်ခိုက်မှုတွေဟာ အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်လို့ နေပါတယ်။
” အဒေါ်ကြီး။ ကျောက်ဆောင်တွေကို တူးကြမယ်။ ရှန်းနီက အောက်မှာရှိနေတာ..”
ရှီဟောင်က ပြောလိုက်ပါတယ်။
ရှီဟောင်ရဲ့စကားဆုံးတာနဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း ချက်ချင်းပဲ အလေးချိန်ဂျင်ထောင်ပေါင်းများစွာ လေးလံတဲ့ ကျောက်ဆောင်ကြီးကို စတင်ပြီးထိုးခွဲလိုက်ပါတယ်။ သူ့ရဲ့အတောင်ပံတွေခပ်လို့ အားယူရင်း ကျောင်ဆောင်တွေကို ဖယ်ရှားလိုက်ပါတယ်။ သည်နေရာပတ်ဝန်းကျင်ဟာ အရမ်းကိုအန္တရာယ်များနေပြီဖြစ်တာကြောင့် ရှန်းနီအလောင်းကို မြန်မြန်ဆန်ဆန်တူးဖော်ဖို့လိုအပ်နေပါပြီ။ သူ့ထက်သူ အစွမ်းထက်လွန်းလှတဲ့ မှော်သားရဲတွေလည်း အများကြီးရှိနေသေးတာကြောင့် မရောက်လာဖို့ မပြောနိုင်ဘူးလေ။
ကျောက်တုံးကျောက်ခဲအကျိုးအပဲ့တွေဟာ လေထဲမှာ ပလူပျံသွားကြပြီး သိပ့်မကြာခင်မှာတော့ ကျင်းပေါက်ကြီးတ၀်ခုဖြစ်သွားပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ခရမ်းရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပါပြီး အကြေးခွံစိမ်းလင်ယုန်ငှက်ကြီးကို တိုက်ရိုက်ထိမှန်သွားခဲ့ပါပြီ။
ဒုတ်..!
ခရမ်းရောင်အလင်းတန်းထွက်ပေါ်လာတာကြောင့် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ တောင်ပံတွေကို အဆက်မပြတ်ခပ်လိုက်ပြီး အလျှင်အမြန်ရှောင်တိမ်းလိုက်ပါတယ်။ သိုပေမယ့်လည်း သူ့ရဲ့ရှောင်တိမ်းမှုဟာ ဆံခြည်မျှင်တစ်မျှင်စာခန့် နောက်ကျလို့သွားတာကြောင့် ဘယ်ဘက်တောင်ပံကို ထိမှန်လို့သွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း သူ့ရဲ့ တောင်ပံကနေ အသည်းခိုက်မတတ်နာကျင်မှုဖြစ်ပေါ်သွားတာကြောင့် အမျက်ဒေါသကြီးစွာအော်ဟစ်လိုက်ပါတယ်။
” ယား , ခရမ်းရောင် မြွေဆိုး! ”
ရှီဟောင်လည်း အလန့်တကြားအော်ဟစ်လိုက်ပါတယ်။ ခရမ်းရောင်မြွေဆိုးဟာ အရှောင်အတိမ်းလွန်စွာအားကောင်းပါတယ်။ သူဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို တိုက်ခိုက်ပြီးတာနဲ့ လျှင်မြန်စွာပဲ နောက်ဆုတ်သွားပြီး နောက်တစ်ကြိမ်ထပ်တိုက်ဖို့ အားယူနေပါတယ်။ ခရမ်းရောင်မြွေဆိုးဟာ လူကြီးတစ်ယောက်ရဲ့ ပေါင်လုံးခန့်ကြီးမားပြီး ခြောက်မီတာ ခုနှစ်မီတာလောက်ကို ရှည်လျားပါတယ်။ အရမ်းကိုကြီးမားတဲ့ မှော်သားရဲကောင်ကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ခရမ်းရောင်မြွေဆိုးဟာ အတော်လေးကို သေးငယ်လို့နေပါတယ်။
ဒါပေမဲ့လည်း ခရမ်းရောင်မြွေဆိုးက အင်မတန်အားကောင်းပါတယ်။ သူ့ရဲ့တကိုယ်လုံးခရမ်းရောင်အကြေးခွံတွေအထပ်ထပ်ဖုံးလွှမ်းနေပြီး အလင်းရောင်မှိန်မှိန်လေးတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီလိုမျိုးသန်မာကြံ့ခိုင်လှတာကြောင့်လည်း အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အကြေးခွံစိမ်းတွေကို ထိုးဖောက်ပြီး ကိုက်နိုင်ခဲ့တာပါ။ ဒါ့အပြင်အကြေးခွံစိမ်းလက်းယုန်ငှက်ကြီးရဲ့တောင်ပံစိမ်းဟာ ချက်ချင်းပဲ မဲနက်လို့လာပါတယ်။ သေချာတာကတော့ လင်းယုန်စိမ်းကြီးဟာ ခရမ်းရောင်မြွေဆိုးရဲ့ အဆိပ်မိသွားခဲ့ပါပြီ။
ဂူး…!
လင်းယုန်စိမ်းကြီးကတော့ ရှေးဟောင်းနတ်မိစ္စာငှက်ဆီကနေ ဆင်းသက်လာသူပီပီ သူ့ရဲ့လှုပ်ရှားမှုတွေဟာ အရမ်းပဲရိုးရှင်းလှပါတယ်။ သူ့ရဲ့ ပါးစပ်ကနေ လစန္ဒာအော်ရာအစက်အပြောက်တွေပါဝင်နေတဲ့ တံတွေးတွေကို ခရမ်းရောင်မြွေဆိုးကိုက်လိုက်တဲ့ တောင်ပံပေါ်က ဒဏ်ရာဆီ လှည့်ထွေးချလိုက်ပါတယ်။ ခရမ်းရောင်မြွေဆိုးအဆိပ်ကြောင့် မဲနက်လို့နေတဲ့ ဒဏ်ရာဟာ ချက်ချင်းပဲ သွေးရောင်ပြန်လွှမ်းသွားခဲ့ပါတယ်။ သိပ့်မကြာခင်မှာပဲ အကြေးခွံစိမ်းတွေကလည်း လျှပ်ပြက်သလို ထွက်ပေါ်လာပြီး ပကတိအတိုင်းပြန်ဖြစ်သွားပါပြီ။
“အဒေါ်ကြီး.. !”
ရှီဟောင်ဟာ သူ့ထက်မွန်းစတားဆန်တဲ့အဖြစ်ပျက်ကို တွေ့လိုက်ရတာကြာင့် ဆွံ့အသွားခဲ့ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ဘယ်လောက်ပဲအစွမ်းထက်တယ်ပြောပြော ခရမ်းရောင်မြွေဆိုးကတော့ တောင်ကုန်းတွေကြားမှာ ပုန်းခိုနေနိုင်ပါတယ်။ ဒါ့ကြောင့်လည်း မိုးကောင်းကင်ရဲ့အရှင်သခင်ဖြစ်နေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို တိုက်ခိုက်နိုင်တဲ့အထိ အစွမ်းရှိလို့နေတာပါ။
********