Chapter – 22 တောင်တန်းများထဲက ပုန်ကန်မှု ( 2 )
မှန်ပါတယ်။
အတိအကျပြောရရင်တော့ ဒါက အကြေးခွံစိမ်းလင်းယုန်ငှက်တွေရဲ့ အရိုးစာသားဆက်နွယ်မှုကနေ ရရှိလာတဲ့ စွမ်းအားတွေပါပဲ။ ဒီစွမ်အားက တကယ်ကိုအံ့သြစရာကောင်းခဲ့ပါတယ်။ ရှီဟောင်ရဲ့ တိုက်ကွက်တစ်ကွက်တည်းက မှော်ကျားရဲကြီးကို ခေါင်းပေါက်သွားစေခဲ့ပါတယ်။
” ကောင်းလိုက်တဲ့စွမ်းအား။ ဟောင်အယ်ကတော့ နောက်ထပ်လုပ်ပြလိုက်ပြန်ပြီ။”
ရှီဖန်ကျင်းက အော်ဟစ်လိုက်ပါတယ်။ ရှီဟောင်ရဲ့လမင်းသင်္ကေတစွမ်းအားက မှော်ကျားရဲကြီးကို တိုက်ရိုက်သတ်ဖြတ်ခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့လက်ဝါးပေါ်ကနေတဆင့်ဖြစ်ပေါ်လာတဲ့အလင်းတန်းတွေဟာ အမှန်တကယ်ကို စွမ်းအားမြင့်မားပြီးကြောက်မက်ဖွယ်ရာကောင်းတဲ့သတ်ဖြတ်မှုကို ဖြစ်ပေါ်စေပါတယ်။
” ဂီး…”
ကျယ်လောင်စူးရှတဲ့အော်မြည်သံကြီးတစ်ခုမိုးကောင်းကင်မှာ ပေါ်ထွက်လာပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရောက်ရှိလာပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အေးစိမ့်နေတဲ့အော်ရာတွေနဲ့ မှိန်တုတ်မှိန်တုတ်လင်းလက်နေတဲ့အကြေးခွံစိမ်းတွေကြောင့် စွမ်းအားမြင့်မှော်သားရဲတစ်ကောင်ပီသလို့နေပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ မြေပြင်ပေါ်မှာဖြစ်ပျက်နေတဲ့အခြေအနေကို လျစ်လျူ ရှုလို့ တစ်စုံတစ်ခုကိုသာ အပြင်းအထန်ရှာဖွေနေပါတယ်။
“အဒေါ်စိမ်း.. မြန်မြန်လေး..”
ရှီဟောင်ဟာ ကျောက်တုံးကြီးတစ်တုံးပေါ်ပြေးတက်သွားပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို လက်ဝေ့ယမ်းပြလိုက်ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း ရှီဟောင်ကို တွေ့သွားပြီး လျှင်မြန်စွာဆင်းလာခဲ့ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ သူ့ရဲ့အတောင်ပံတွေကို ဖြန့်ကျက်လိုက်ချိန်မှာတော့ အကြမ်းဖျဉ်အားဖြင့် မီတာငါးဆယ်ခြောက်ဆယ်ခန့်ရောက်ရှိလို့သွားပါတယ်။ သူဟာ တောင်ထိပ်ပေါ် နားလိုက်ချိန်မှာတော့ အရမ်းကိုကြီးမားတဲ့အနက်ရောင်အရိပ်ကြီးတ၀်ခုဖြစ်ပေါ်သွားပါတယ်။
” ၀ူး..”
လေတိုးသံတစ်ချက်ဖြစ်ပေါ်သွားပြီး ရှီဟောင်ဟာ ငါးမီတာခြောက်မီတာလောက်မြင့်တဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကျောပေါ်ကိုခုန်တက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာလေးဟာ ချက်ချင်းပဲ အခက်အခဲတစ်ခုကိုရင်ဆိုင်လိုက်သလို ပျက်ယွင်းပါတယ်။ သံမဏိတွေအလား မာကျောအေးစက်နေတဲ့ အကြေးခွံးစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကျောပြင်ဟာ သူ့ကို အမှန်တကယ်အခက်အခဲဖြစ်သွားစေပုံပါပဲ။
” ဟောင်အယ် .. သတိထား .. ပြုတ်ကျနေမယ်..”
ရွာအကြီးအကဲရှီယွီဖန်းဟာ ကျယ်လောင်စွာအော်ဟစ်လိုက်ပါတယ်။ အရာအားလုံးလျှင်မြန်စွာဖြစ်ပေါ်သွားကြောင့် သူဟာ ရှီဟောင်ခုန်ထွက်သွားတာကို တားဆီးဖို့ အချိန်မမီခဲ့ပါဘူး။
” အဘိုးအကြီးအကဲ။ ကျွန်တော်အန္တရာယ်ဖြစ်မှာမဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့မှာ မျှော်လင့်စရာဆိုလို့ ဒီတစ်နည်းပဲရှိတော့တယ်။”
ရှီဟောင်က လက်တစ်ချက်ဝှေ့ယမ်းပြလိုက်ပြီး သူ့အတွက်စိတ်ပူစရာမလိုကြောင်း ပြောဆိုလိုက်ပါတယ်။
” ဟောင်အော် .. မင်းသတိမပြတ်စေနဲ့နော်..”
ရှီလင်းဟူကလည်း ထွက်လာပြီးအော်ပြောလိူက်ပါတယ်။ သူ့အနေနဲ့ ကျားမကြောက် ဆင်မကြောက် နားကောက်ကောင်လေးကို တားလိူ့မရမှန်းသိတာကြောင့်လည်း သတိထားဖို့ပဲပြောနိုင်ပါတော့တယ်။
” ဦးလေး ။ ကျွန်တော်သိပါတယ် ။ အဘိုးအကြီးအကဲ .. အားလုံးပဲပြန်သွားကြပါ။ ဒီနေရာက အရမ်းကို အန္တရာယ်များနေပြီ။ ကြောက်စရာကောင်းတဲ့အရာတွေ တဖြည်းဖြည်းများလာနေတယ်။ အခွင့်အရေးကောင်းရဖို့ဆိုတာ တော်တော်ခက်ခဲနေပြီ..”
ရွာသားတွေအားလုံးတိတ်ဆိတ်သွားကြပါတယ်။ ဒါဟာ အမှန်တရားပါပဲ။ အခုဆို စွမ်းအားအရမ်းကောင်းတဲ့လူတွေတောင် ရူးသွပ်သလိုဖြစ်နေတဲ့မှော်သားရဲရာပေါင်းများစွာကြောင့် သွေးမြေကျရနိုင်ခြေရှိပါတယ်။
“ငါတို့ထွက်ခွာကြမယ်!”
ရွာအကြီးအကဲရှီယွီဖန်းက ချက်ချင်းပဲအမိန့်ထုတ်လိုက်ပါတယ်။ အခုသူတို့မပြန်ဘူးဆိုရင် သူတို့ဟာ သေချာပေါက်ဘေးအန္တရာယ်ကြီးကြီးမားမားကို ရင်ဆိုင်ရနိုင်ပါတယ်။
“မင်းသတိမပြတ်စေနဲ့နော် .. ဟောင်အယ်..”
ရွာသားတွေအားလုံးက ရှီဟောင်ကို သတိမပြတ်ဖို့ အော်ဟစ်လို့ပြောလိုက်ကြပါတယ်။
“ကျွန်တော်သိပါတယ်, အဘိုးအကြီးအကဲ , ခင်ဗျားတို့လည်း ကောင်းကောင်း သတိထားပြီး သွားကြဦး။ ”
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ တောင်ပံတွေကို ဖြန့်လိုက်ပြီး တောင်ထိပ်ပေါ်ကနေ စတင်ထွက်ခွာလိုက်ပါတယ်။ သူ့ရဲ့ လျှပ်ပြက်သလို အမြန်နှုန်းက ရှီဟောင်ကို မျက်လုံးဖွင့်ပြီးအရာရာတိုင်းကို ကြည့်ဖို့ အခက်အခဲဖြစ်သွားစေပါတယ်။ ရှီဟောင်က အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကျောပေါ်ဝပ်အခိုင်အမာဝပ်ချလိုက်ရင်း အစိမ်းရောင်တောက်ပနေတဲ့ အကြေးခွံတွေကို အမိအရဖမ်းဆုပ်ထားလိုက်ပါတယ်။ ပြီးတော့ သူဟာ မြေပြင်ပေါ်ကအဖြစ်အပျက်တွေကို ဘေးတိုက်အနေအထားနဲ့ အကဲခတ်ကြည့်ုလိုက်ပါတယ်။
” အဒေါ်စိမ်း .. မှော်သားရဲကောင်တွေ အရမ်းများတယ်။ သတိထားပါ..”
သူဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ပြောလိုက်ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း အတော်လေးကို လိမ်မာပါးနပ်လို့နေပါတယ်။ သူဟာ လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ တောင်ထွတ်တစ်ခုကနေ တခြားတောင်ထွတ်တွေဆီ ကူးသန်းနေလို့ပါ။ သူတို့အောက်က သစ်တောတွေကတော့ အဆက်မပြတ်ပြိုလဲလို့နေပါတယ်။ ကြီးမားလှတဲ့သစ်ပင်အိုကြီးတွေတောင် လေညွန်တံတစ်လို ယိမ်းထိုးလို့နေပါတယ်။
အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲတွေဟာ ပိုပိုပြီးများပြားလာခဲ့ပါတယ်။ လေထုတစ်ခုလုံးကို ရေခဲပြင်တစ်ခုအလား အေးစိမ့်စေတဲ့ မှော်မိစ္စာငှက်တစ်ရာကျော်ကလည်း ရှိလို့နေတာပါ။ သူတို့တွေဟာ ရှန်းနီမှော်သားရဲနှစ်မြုတ်သွားရာကျောက်ဆောင်တွေကို သည်းကြီးမည်းကြီး တူးဆွနေပါတယ်။ ဒါက အကြွမ်းမဲ့ ပရမ်းပတာအခြေအနေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
မှော်သားရဲတွေရဲ့ ဟိန်းဟောက်သံနဲ့ ငှက်မိစ္စာတွေရဲ့ အော်ဟစ်တွေဟာ တောင်တန်းတစ်လျှောက်ပဲ့တင်ထပ်လို့ မြည်ဟိန်းနေပါတယ်။ီနီထွေးလှတဲ့ သွေးတွေဟာလည်း စမ်းချောင်းငယ်လေးအလား နေရာအနှံ့စီးဆင်းလို့နေပါပြီ။ သေဆုံးသွားကြတဲ့မှော်သားရဲအသေကောင်တွေဟာလည်း တောင်ကုန်းငယ်တစ်ခုအလား ပုံထပ်လို့လာပါတယ်။ သည်နေရာဝန်းကျင်တစ်ခုလုံးက သတ်ဖြတ်ခြင်းသွေးစက်တွေနဲ့ ရှုပ်ထွေးလို့နေပါတယ်။
မှော်သားရဲတွေအချင်းချင်း အပြန်အလှန်တိုက်ခိုက်မှုတွေက ကမ္ဘာပျက်စစ်ပွဲကြီးတ၀်ခုလို ကြောက်မက်ဖွယ်ရာပြင်းထန်လို့နေပါတယ်။ သူတို့တွေဟာ ရှန်းနီမှော်သားရဲရှင်ဘုရင်အလောင်းကို ရှာတွေနိုင်ဖို့ ကြီးမားလေးလံတဲ့ ကျောက်တုံးကြီးတွေကို ကျားကုတ်ကျားခဲတူးဆွလို့နေပါတယ်။
အချိန်အတော်လေးကြာသွားချိန်မှာတော့ မီတာအနည်းငယ်ရှည်လျားတဲ့ မှော်သားရဲကြောင်မြီးတိုတစ်ကောင်ပေါ်ထွက်လာပါတယ်။ သူဟာ အစွမ်းထက်တဲ့ မှော်သားရဲတစ်ကောင်ဖြစ်သလို ဦးချိုတစ်ချောင်းလည်း ရှိလို့နေပါတယ်။ မှော်သားရဲကြောင်မြီးတိုတွေရဲ့ အံ့မခန်းတဲ့ လျှင်မြန်မှုတွေက ခန္ဓာကိုယ်ကြီးမားလှတဲ့မှော်သားရဲကြီးတွေကို နှစ်ခြမ်းကွဲအောင် တိုက်ခိုက်ပစ်နိုင်စွမ်းရှိပါတယ်။ အာ့ဒီအတွက်တော့ သူ့ရဲ့ ချွန်မြလှတဲ့ခြေသည်းလက်သည်းတွေက သူ့အတွက်အကောင်းဆုံးသော လက်နက်တွေပါပဲ။
ညောင် …
မှော်သားရဲကြောင်မြီးတိုဟာ ကြောက်မက်ဖွယ်ရာဟာ အော်ညည်းလိုက်ပါတယ်။ သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးက သေးငယ်လှတဲ့တောင်ကုန်းငယ်တစ်ခုအလားခိုင်မာလို့နေပါတယ်။ သူ့ ရဲ့ လက်သည်းတွေကို ထုတ်ပြီးတိုက်ခိုက်လိုက်ချိန်မှာတော့ မှော်သားရဲများစွာ သွေးတွေဟာ ရေပန်းတွေလို ဖြာထွက်သွားပါတယ်။
ဒဏ္ဍာရီလာ မှော်သားရဲကောင်
သူ့ရဲ့ခေါင်းပေါ်က ရှစ်မီတာ ကိုးမီတာလောက်ရှည်တဲ့ ဦးချိုကြီးကလည်း ငွေရောင်အလင်းတန်းတွေဖြာထွက်နေပါတယ်။ ဒါက မယုံကြည်နိုင်စရာကောက်းလောက်အောင် အစွမ်းထက်လို့နေပါတယ်။ မှော်သားရဲကြောင်မြီးတိုကြီးဟာ ရှေ့ကို တစ်ချက်ခုန်တက်သွားတိုင်း ကျောက်တုံးတွေဟာ ပြိုကျလို့သွားကြရပါတယ်
။ ဒါ့ကြောင့်ပဲ တောင်ကြီးတောင်ငယ်တွေကြား သူသွားရာတစ်လျှောက် လမ်းဖြစ်လို့သွားခဲ့ပါတယ်။
…
တောင်တန်းဒေသအတွင်းမှာတော့ များပြားပြီး မတူညီတဲ့ မျိုးစိတ်ပေါင်းများစွာရှိလို့နေပါတယ်။ သူတို့တွေမှာ လုံလောက်တဲ့အစွမ်းအစမရှိဘူးဆိုရင် ဒီလိုပရမ်းပတာအခြေအနေတွေဖြစ်ပေါ်နေတဲ့ နေရာကို လာမှာမဟုတ်ပါဘူး။ ဒီလိုနေရာမျိုးကို သူတို့တွေလာရဲတယ်ဆိုတာကလည်း အမှန်တကယ်အစွမ်းထက်လို့ ရောက်လာကြသူတွေချည်းပါပဲ။ သူတို့တွေအားလုံးက မှော်သားရဲတွေဆိုပေမယ့် လူသားတွေလိုပဲ မြင့်မားတဲ့ အသိဥာဏ်ရှိကြပါတယ်။
ဒါ့ကြောင့်လည်း မှော်သားရဲတွေရဲ့ အမြင့်ဆုံးသော သြဇာအာဏာအတွက် တိုက်ပွဲဝင်နေကြတာပါပဲ။ ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲတွေကတော့ အခုလို အကြမ်းဖတ်တိုက်ခိုက်သတ်ဖြတ်ရတာကိုပဲ ကျေနပ်လို့နေပါတယ်။ သူတို့တွေဟာ ရှန်းနီမှော်သားရဲရှင်ဘုရင်ရဲ့ အသားကို စားသောက်နိုင်မယ်ဆိုရင် တောင်တန်းဒေသရဲ့ အရှင်သခင်ဖြစ်လာနိုင်မဲ့ အခွင့်အရေးကောင်းလည်း ရှိနေပါတယ်။ ဒါ့ကြောင့်ပဲ ရှန်းနီမှော်သားရဲ အလောင်းကို အရူးအမူးလိုချင်နေကြတာဖြစ်ပါတယ်။
ဟူး!
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း အရှိန်အဟုန်ပြင်းထန်စွာ တဟုန်ထိုးဆင်းသက်လာပါတယ်။ သူ့ရဲ့ ကြီးမားရှည်လျားတဲ့ ခြေသည်းကြီးတွေဟာ ငွေရောင်တလက်လက်တောက်ကနေပါပြီ။ မှော်သားရဲတွေအားလုံးကြားမှာမှ သူဟာ ရှန်းနီရဲ့အလောင်းကို ပထမဆုံးရရှိသူအဖြစ် ကြိုးစားအားထုတ်လိုက်ပါတယ်။ သူ့ရဲ့ ရှစ်မီတာ ကိုးမီတာလောက်ရှည်တဲ့ ခြေသည်းကြီးတွေဟာ ကျောက်ဆောင်တွေကြားထဲကို ထက်ဝက်ခန့်နှစ်မြုတ်သွားကြပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ တောင်ပံခပ်သံတဖြန်းဖြန်းအသံကြီးတွ အဆက်မပြတ်ပေါ်ထွက်လာပြီး အေးစိမ့်နေတဲ့ မှိန်တုတ်မှိန်တုတ်အလင်းတန်းတွေပါ ပေါ်ထွက်လာပါတယ်။
အလွန်အမင်းဒေါသထွက်နေတဲ့ အသံကြီးတ်ခုဟာ တောင်တန်းတွေတစ်လျှောက် ရုတ်တရက်ကြီး ပဲ့တင်ထပ်လို့ထွက်ပေါ်လာပါတယ်။ ဒါက သင်းခွေချပ်မှော်သားရဲကြီးတစ်ကောင်ဖြစ်ပါတယ်။ သူဟာ ရူးသွပ်သွားမတတ်ဖြစ်လို့နေပါပြီ။ ဘာဖြစ်လို့လဲတော့ သူဟာ အကြေးခွံလင်းယုန်ငှက်ကြီးရဲ့ ခြေသည်းတွေနဲ့ ကျောက်ဆောင်တွေကြားညှပ်လို့သွားခဲ့တာကြောင့်ပါပဲ။ ဒါကြောင့် သင်းခွေချပ်မှော်သားရဲကြီးဟာ ချက်ချင်းပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ရင်ဘတ်ကို သူ့ရဲ့ အမြီးကြီးနဲ့ ရိုက်ချလိုက်ပါတယ်။
သို့ပေမယ့် အကြေးခွံလင်းယုန်ငှက်ကြီးဆိုတာ အရိုးစာသားပါရှိတဲ့ မှော်သားရဲကြီးဖြစ်သလို ကျောက်ခေတ်ရွာသားတွေရဲ့ အရိုးစာသားတွေနဲ့ အတင်းအကျပ်ဆက်နွယ်ခြင်း ခံထားရပြီးပါပြီ။ ဒါ့ကြောင့် သူဟာ ရှီဟောင်ရဲ့ မှော်သားရဲတစ်ကောင်ပမာ ဖြစ်မှန်းမသိဖြစ်လာခဲ့တာပါ။ ဒါက သူ့ရဲ့ အရိုင်းဆန်လှတဲ့ အရိုးစာသားတွေကို လူသားတွေရဲ့ အရိုးစာသားက အပြည့်အ၀ထိန်းချုပ်သွားတာကြောင့်ပါပဲ။ ပြောရရင် သူက ရှေးဟောင်း မှော်သားရဲနတ်ဆိုးငှက်မိစ္စာရဲ့ သွေးမျိုးဆက်အဖြစ်ဆင်းလာတာကြောင့်လည်း ဖြစ်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း ချက်ချင်းပဲ မိုးကောင်းကင်ကို ပျံတက်လိုက်ပါတယ်။ မှန်ပါတယ်။ သူဟာ ရုတ်တရက်မိုးပေါ်ကို ပျံတက်လိုက်တာကြောင့် သင်းခွေချပ်မှော်သားရဲကြီးရဲ့ အမြီးရိုက်ချက်က အားပျော့လို့သွားပါတယ်။ မိုးကောင်းကင်ရဲ့ ရှင်ဘုရင်တစ်ပါးအဖြစ်သတ်မှတ်ရမဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ခြေသည်းကြားကနေ မြေပြင်မှာကျက်စားတဲ့ သင်းခွေချပ်မှော်သားရဲက ရုန်းထွက်နိုင်ဖို့ ဆိုတာခက်ခဲလွန်းပါတယ်။ ဒါကြောင့်ပဲ မြေပြင်ရဲ့ အကူအညီကို မရနိုင်တဲ့ သင်းခွေချပ်မှော်သားရဲကြီးဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ သတ်ဖြတ်မှုကြောင့် ဧကန်မုချပျက်စီးရပါတော့မယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ရုတ်တရက်ပဲ သူ့ရဲ့ခြေသည်းတွေကို အားနဲ့ဖျစ်ညှစ်လိုက်ပြီး လွတ်ချလိုက်ပါတယ်။ သင်းခွေချပ်မှော်သားရဲကြီးလည်း ကော
င်းကင်ကနေ ဇောက်ထိုးမိုးမျှော်လျှင်မြန်စွာ ကျဆင်းလို့လာခဲ့ပါတယ်။
ဘန်း..!
ကျယ်လောက်တဲ့ မြည်ဟိန်းသံကြီးဟာ ငလျှင်တစ်ခုလို ဖြစ်ပေါ်သွားပါတယ်။ သိပ့်မကြာခင်ပဲ ဖုန်မှုန့်တွေကလည်း မိုးကောင်းကင်အထိ ဖုံးလွှမ်းသွားပါတယ်။ ရှစ်မီတာကိုးမီတာလောက်ရှည်လျားတဲ့ သင်းခွေချပ်မှော်သားရဲကြီးလည်း အရိုးအဆစ်တွေအားလုံး ကျိုးပဲ့သွားပြီး ရိုက်ချိုးခံလိုက်ပါပြီ။ ဒါက သွေးအလိမ်းလိမ်းနဲ့ သေငယ်ဇောကပ်သွားစေအောင် မြေပြင်နဲ့ ရကိုင်ရိုက်ခံခြင်းပါပဲ။ သင်းခွေချပ်မှော်သားရဲကြီးက ခန္ဓာကိုယ်ကြီးမားလှပေမယ့် လုံလောက်အောင်တော့ အစွမ်းမထက်ခဲ့ပါဘူး။
*****