Chapter – 21 တောင်တန်းများထဲက ပုန်ကန်မှု
“ဝေါင်း ..!”
မျှော်လင့်ထားသည့်အတိုင်းပါပဲ တောင်ပေါ်မှာ မှော်သားရဲကောင်တွေရဲ့ အပြိုင်အဆိုင်ဟိန်းဟောက်သံတွေပေါ်ထွက်လာပါပြီ။ သူတို့တွေဟာ ရှန်းနီမှော်သားရဲကြီးထွက်ပေါ်လာလို့ ကြောက်လန့်တကြားထွက်ပြေးတိမ်ရှောင်သွားရတဲ့ အကောင်တွေပါ။ ဒါပေမယ့် ရှန်းနီမှော်သားရဲကြီးက သက်တမ်းကုန်ဆုံးသွားလို့ သေဆုံးသွားတာကို သိသွားကြချိန်မှာတော့ မြန်ဆန်စွာပဲ ပြန်ရောက်လာကြပါတယ်။ သူတို့က သူတို့ကိုယ် သူတုိ့ အားကောင်းတဲ့အစွမ်းတွေပိုင်ဆိုင်နိူင်ဖို့ ရှန်းနီရဲ့ အဖိုးတန်အစိတ်အပိုင်းတွေကို လောဘတက်သွားကြတာပါ။
ဒီလိုပရမ်းပတာအခြေအနေတွေဟာ တောင်တန်းဒေသအတွင်းပိုင်းထဲမှာ ဖြစ်ပွားလာပါပြီ။ ရှန်းနီမှော်သားရဲကြီး ရှိစဉ်အခါတုန်းကတော့ သူက မှော်သားရဲတွေရဲ့ ရှင်ဘုရင်ကြီးပီသစွာပဲ အားလုံးကို ကောင်းကောင်းနှိပ့်ကွက်ထားခဲ့တာပါ။ အစွမ်းထက်လွန်းတဲ့ မှော်သားရဲကောင်တွေကိုလည်း တောင်တန်းဒေသရဲ့တစ်ဖက်က တောင်တွေဆီကို မောင်းထုတ်ထားတာပါ။ အခုလက်ရှိချိန်မှာတော့ မှော်သားရဲမိစ္စာငှက်တွေတောင် တောင်တန်းဒေသကို ပဲ့တင်ထပ်စေတဲ့အသံတွေပေးပြီး ပြန်ရောက်လာကြပြီလေ။
တောင်တန်းထဲကမှော်သားရဲတွေအားလုံး ပုန်ကန်မှုကြီး စတင်ခဲ့ပါပြီ။ ပိုပြီးကြီးမားတဲ့မှော်သားရဲတွေက ဆယ်မီတာလောက်ရှိပြီး အငယ်ဆုံးသော မှော်သားရဲတွေတောင် နှစ်မီတာလောက်ရှိပါတယ်။ မျက်စိတမှိတ်လျှပ်တပြက်အတွင်းမှာပဲ မှော်သားရဲတစ်ရာကျော်ရောက်ရှိလာပါတယ်။ သူတို့တွေဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ မျိုးစိတ်တွေပါပဲ။ ဒါပေမယ့် သူတို့တွေဟာလည်း အလျှင်စလိုတိုက်ခိုက်ကြဦးမဲ့အခြေအနေမရှိသေးပါဘူး။ သူတို့တွေဟာ တောင်တန်းဒေသထဲမှာပဲ ရှင်သန်ကြီးပြင်းလာတာကြောင့် အချိန်အခါကောင်းကို သေချာစွာသိနေကြပုံပါပဲ။
မြေပြင်အခြေအနေနဲ့ တူညီစွာပဲ မိုးကောင်းကင်မှာလည်း ဖြစ်ပျက်နေပါပြီ။ သူတို့တွေကတော့ သံမဏိနှုတ်သီးတွေနဲ့ ချွန်ထက်တဲ့ ခြေသည်းတွေကို ပိုင်ဆိုင်ထားကြတဲ့ မှော်သားရဲငှက်မျိုးစိတ်တွေပါပဲ။ သူတို့တွေဟာ မိုးကောင်းကင်တစ်ခုလုံးကိုတောင် ဖုံးလွှမ်းသွားမတတ်များပြားလို့နေပါတယ်။ ထူထပ်တဲ့အကြေးခွံတွေနဲ့ လေထုကိုထိုးဖောက်နိုင်တဲ့ ပျံသန်းနှုန်းတွေနဲ့ မြေပြင်ပေါ်ကို ဆင်းသက်လာကြပါတယ်။
“ပြေးဟ!”
မှော်သားရဲငှက်မိစ္စာပထမအသုတ်ရဲ့တိုက်ခိုက်မှုကြောင့် အသက်ရှင်ကျန်ရစ်နေသေးသူတွေဟာလည်း တစ်ယောက်ကို တစ်ယောက်သတိပေးလိုက်ပြီး တောင်တန်းဒေသကို ဖြတ်စီးနေတဲ့မြစ်ဆီကို ပြေးသွားကြပါတယ်။ ဒီလိုမှ မဟုတ်ရင် သူတို့တွေတစ်ယောက်မှကို အသက်ရှင်နိုင်တော့မှာ မဟူတ်ဘူးလေ။
တောင်ထိပ်မှာ ပုန်းအောင်းကြည့်ရှုနေကြတဲ့ ကျောက်ခေတ်ရွာသားတွေရဲ့ မျက်နှာဟာ ဖြူ ဖတ်ဖြူရော်ဖြစ်သွားကြပါတယ်။ အစတုန်းကတော့ သူတို့တွေဟာ ရှန်းနီမှော်သားရဲအလောင်းကောင်အတွက် တိုက်ခိုက်ကြမဲ့မှော်သားရဲတွေရှိလာမယ်ဆိုတာမျှော်လင့်သားပြီးသားပါ။ သူတို့တွေမထင်မှတ်ထားတာတစ်ခုကတော့ မှော်သားရဲတွေဒီလောက်များများရောက်လာမယ်ဆိုတာကိုပါပဲ။
အမ်..!
သူတို့တွေဟာ အန္တရာယ်အငွေ့အသက်ကိုသာ အာရုံရလိုက်တာကြောင့်သာ ဘေးကင်းလုံခြုံနေခဲ့တာပါ။ မိုးပေါ်က ထပ်ပြီးဆင်းသက်လာတဲ့ သားရဲငှက်တွေကို ကြောက်ပြီး အသက်လုထွက်ပြေးတဲ့လူတွေကို ဆယ်မီတာကျော်လောက်ရှည်တဲ့ မြွေကြီးတွေက ရသမျှ ရစ်ပတ်လိုက်ကြပါတယ်။ လျှပ်တပြက်ထွက်ပေါ်လာတဲ့မြွေကြီးတွေကို မရှောင်တိမ်းနိုင်ခဲ့တဲ့ လူလေးငါးယောက်ဟာ မြွေမြို ခံကြရပြန်ပါတယ်။
” ဝုန်း..”
မြစ်ကမ်းနားဘေးကို ရောက်ရှိသွားကြတဲ့လူတွေဟာလည်း ရေထဲကနေ ရုတ်တရက်ထွက်ပေါ်လာတဲ့ ရွှေရောင်မိကျောင်းရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ရွှေရောင်မိကျောင်းဟာ သူဖမ်းမိထားတဲ့ လူတွေကို ချက်ချင်းပဲ ကိုက်ဖြတ်စားသောက်ပါပြီ။ အသည်းခိုက်မတတ်နာကျင်မှုကြောင့် ထွက်ပေါ်လာတဲ့ အသံကြီးနဲ့ ဝါကျင့်ကျင့်မိကျောင်းသွားထက်ကနေ စီးကျလာတဲ့သွေးတွေဟာ အနီရောင်မြစ်တစ်စင်းဖြစ်သွားစေပါတယ်။
ဒီမြင်ကွင်းဟာ ကျောက်ခေတ်ရွာသားတွေကို အရိုးထဲကနေတောင် တုန်လှုပ်သွားစေခဲ့ပါတယ်။
” ကြောက်စရာကောင်းလွန်းတယ်.. ကံကောင်းတာက ငါတို့ယာယီဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်တာပဲ.. ဒီလိုမှ မဟုတ်ရင်တော့ ငါတို့လည်း သူတို့လို အဆုံးသတ်သွားရလိမ့်မယ်..”
ရှီလင်းဟူက ကျောရိုးထဲကနေ စိမ့်တက်လာသလိုခံစားလိုက်ရပါတယ်။ သူ့ရဲ့နောက်ကျောကနေ ချွေးတွေစိုရွဲနေမှန်း သတိထားမိလိုက်ပါတယ်။
” ရှန်းနီ က ငါထက်ထင်ထားတာထက် အများကြီးပိုတန်ကြေးရှိနေတာပဲ။ ကြည့်လေ။ ဒီလိုမှ မဟုတ်ရင် ဒီလောက်များတဲ့ ငှက်တွေနဲ့ မှော်သားရဲကောင်တွေက သူတို့အသက်ကို ဘယ်အန္တရာယ်ဖြစ်စေမလဲ။”
ရှီဖန်ကျင်းက ပြောလိုက်ပါတယ်။
ပြိုကျနေတဲ့ တောင်ပေါ်မှာတော့ ရာပေါင်းများစွာသော မှော်သားရဲကောင်တွေနဲ့ ကြမ်းကြုတ်တဲ့ငှက်တွေရှိနေကြပါတယ်။ သူတို့တွေဟာ ကျောက်ဆောင်တွေကို အရူးအမူးကိုက်ဖြတ်နေကြပြီး ရှန်းနီရဲ့ အဖိုးတန်အစိတ်အပိုင်းတွေကို တူးဖော်ဖို့ကြိုးစားနေကြပါတယ်။ ရှန်းနီမှော်သားရဲကြီးဟာ သူ့ရဲ့ အလောင်းကို ဘယ်သူမှ နှောက်ယှက်မဖျက်စီးနိုင်အောင် သေဆုံးခါနီးမှာ ကျောက်ဂူကြီးကို ဖြိုချပစ်လိုက်တာပါ။ မှော်သားရဲကောင်တွေဟာ အစက အချင်းချင်းတိုက်ခိုက်နေကြပေမယ့် ရှန်းနီရဲ့ အလောင်းကို တူးဖော်ရာမှာတော့ တက်ညီလက်ညီရှိနေကြပါတယ်။
” အစွမ်းထက်တဲ့ မှော်သားရဲကောင်တွေ ဒီလောက်တောင်များတယ်။ ဒီနေရာက လုံး၀ကို ရှုပ်ထွေးနေပြီ။ ဒါ့ကြောင့် ဒီနေရာက ငါတို့အတွက် အလုံခြုံဆုံးပဲ”
ရွာသားတစ်ယောက်က ပြောဆိုလိုက်ပါတယ်။
ဝေါင်း… ။
သူ့ရဲ့ စကားမဆုံးခင်မှာပဲ မုန်တိုင်းတိုက်ခတ်တဲ့အလား ကျယ်လောင်တဲ့ဟိန်းဟောက်သံကြီးထွက်ပေါ်လာပါတယ်။ ခုနှစ်မီတာ ရှစ်မီတာလောက်ကြီးမားလှတဲ့ မှော်ကျားရဲတစ်ကောင်ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ကိုယ်ပေါ်က ထွက်ပေါ်နေတဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေဟာ ကျောက်ခေတ်ရွာသားတွေအားလုံးကိုတောင် လွှမ်းခြုံသွားပါတယ်။
သူတို့တွေဟာ ခြောက်ချားသွားကြပါတယ်။ မှော်ကျားရဲဟာ ရွာသားနှစ်ယောက်ရဲ့ ရှေ့မှာ ပေါ်ထွက်လာတာပါ။ မှော်ကျားရဲအတွက် စားသောက်စရာသားကောင်တွေကို ရှာဖွေတွေ့ရှိသွားသလိုပါပဲ။ ရွာသားနှဝ်ယောက်ကလည်း သူတို့ရှေ့မှာ မှော်ကျားရဲတစ်ကောင်ရုတ်တရက်ကြီး ပေါ်လာတာကြောင့် အမှန်တကယ်အံ့သြသွားကြပါတယ်။ သူတို့ကျောက်ခေတ်ရွာသားတွေဟာ လုံခြုံမယ်လို့ထင်တဲ့ နေရာတွေမှာ အသီးသီးပုန်းအောင်းနေခဲ့ကြတာလေ။ မှော်ကျားရဲဆိုတာ ကောက်ကျစ်စဉ်းလဲတဲ့ သားရဲကောင်ဖြစ်တာကြောင့် သူတို့တွေရင်ဆိုင်တိုက်ခိုက်ဖို့ အရမ်းကို ခက်ခဲသွားပါတယ်။
” ဝေါင်း ..”
မှော်ကျားရဲဆီကနေ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်ပြီး လေပြင်းတိုက်ခိုက်သလို ခုန်အုပ်တိုက်ခိုက်ပါတယ်။ သူ့ရဲ့ အံ့သြသင့်စရာအမြန်နှုန်းကြောင့် ငေးကြောင်နေမိတဲ့ ရွာသားတစ်ယောက်ဟာ မှော်ကျားရဲပါးစပ်ထဲကို ရောက်ရှိသွားပါတယ်။ ဆူပွက်နေတဲ့ သွေးနီရောင်တွေဟာလည်း နေရာအနှံ့ပြန့်ကျဲသွားပါတယ်။
“ရှီလင်း!”
“အန်းယန်!”
ကျောက်ခေတ်ရွာသားတွေဟာ ၀မ်းနည်းတကြီးအော်ဟစ်လိုက်ကြပြီး သူတို့ရဲ့ အမျက်ဒေါသတွေကို အတိုင်အဆမရှိထုတ်ဖော်လိုက်ကြပါတယ်။ သူတို့ဆီကနေ မြှားမိုးရွာသလို မြှားရာပေါင်းများစွာက မှော်ကျားရဲဆီကို ၀င်ရောက်သွားပါတယ်။
ဒါတွေအားလုံးလည်းရုတ်တရက်ဖြစ်သွားခဲ့တာပါ။ မြှားရာပေါင်းများစွာက သူ့ဆီကို ၀င်ရောက်လာတာကြောင့် မှော်ကျားရဲလည်း သူ့ရဲ့ သားကောင်ကို လွှတ်ချလိုက်ပြီး အလျှင်အမြန်ရှောင်တိမ်းလိုက်ပါတယ်။
“မိမစစ် ဖမစစ်ကောင်..!”
ရှီလင်းဟူ နှင့်ရှီဖန်ကျင်းဟာ ကျယ်လောင်စွာဟိန်းဟောက်ကာ ဆဲဆိုလိုက်ပါတယ်။ တခြားသူတွေကလည်း သူတို့ရဲ့ ဓားတွေကို ဝေ့ယမ်းပြီး တစ်ဟုန်ထိုးပြေးထွက်သွားကြပါတယ်။ သူတို့တွေဟာ သူတို့ထက်ပိုပြီး အားကောင်းတဲ့ မှော်ကျားရဲကို ဒေါသစိတ်တစ်ခုတည်းနဲ့ ရင်ဆိုင်လိုက်ကြပါပြီ။
မှော်ကျားရဲဆိုတာက သူတို့ရဲ့ အရိုးတွေမှာ ရှေးဟောင်းဘိုးဘေးမှော်သားရဲတွေရဲ့ အရိုးစာသားပါလာလေ့မရှိပါဘူး။ ပြောရရင် မှော်ကျားရဲတွေဟာ မျိုးရိုးစဉ်ဆက် အရိုးစာသားပါလာလေ့မရှိပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေက ကြောက်မက်ဖွယ်ရာကောင်းလှပြီး ခွန်အားကလည်း အဆမတန်အားကောင်းလို့နေပါတယ်။ သာမန်အချိန်တွေဆို ကျောက်ခေတ်ရွာသားတွေဟာ အမဲလိုက်ချိန်တိုင်း ဒီလိုမှော်ကျားရဲတွေကို ရှောင်ရှားလေ့ရှိပါတယ်။ ခွန်အားကောင်းပြီး သန်မာတဲ့ ရန်သူကို ရှောင်တိမ်းတာက ကောင်းမွန်မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါပဲ။
ဝေါင်း …
မှော်ကျားရဲရဲ့ ဟိန်းဟောက်သံကြီးထွက်ပေါ်လာပြီး တစ်ခြားရွာသားတွေကို အငိုက်ဖမ်းတိုက်ခိုက်ဖို့ ချောင်းမြောင်းနေပါတယ်။ မှော်ကျားရဲဟာ သူ့ရဲ့ ဟိန်းဟောက်သံကြီးနဲ့ရွာသားတွေကို ခြောက်လန့်နေပြီး ၀င်ရောက်လာသမျှ မြှားတွေကို လွှင့်စင်ထွက်သွားအောင် လက်နဲ့ ပုတ်ထုတ်နေပါတယ်။
၀ူး ..
မှော်ကျားရဲကြီးရဲ့ အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ခံလိုက်ရတဲ့ ရွာသားနှစ်ယောက်ကို ပြန်လည်ရရှိသွားကြပါတယ်။ သူတို့ကိုယ်ပေါ်က ထွက်ပေါ်လာတဲ့ သွေးတွေကတော့ စမ်းချောင်းငယ်တစ်ခုအလား စီးဆင်းလို့နေပါတယ်။ သူတို့ရဲ့ သေခြင်းနတ်ဘုရားက သူတို့့နဲ့ နီးကပ်သလို ခံစားနေကြရပါပြီ။ သူတို့တွေကို ကျောက်ခေတ်ရွာသားတွေက ပြန်ဆွဲခေါ်လာနိုင်ခဲ့ပေမယ့် အသက်ရှင်ဖို့ကတော့ ကောင်းကင်ဘုံကို တက်ရခက်သလိုပါပဲ။
“မင်း… တရိစ္ဆာန်ကောင် .. သိကြသေးတာပေါ့။ ဦးလေးယန်တို့အတွက် ပြန်ပေးဆပ်စေရမယ်..”
ရှီဟောင်ဟာ အကြီးအကျယ်ဒေါသထွက်သွားပါတယ်။ သူဟာ ရှေ့ကိုထွက်လာခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ လက်ချောင်းလေးတွေဟာ ကြယ်ပွင့်တွေအလား လင်းလက်လာပြီး လက်မောင်းနှစ်ဖက်စလုံးကလည်း လမင်းသင်္ကေတအစက်အပြောက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒါက အစစ်အမှန်လနတ်ဘုရားန၀မမြောက်ကောင်းကင်ဘုံကနေ ဆင်းသက်လာတာကို ကြည့်နေရသလိုပါပဲ။ လမင်းသင်္ကေတတွေဟာ ရှီဟောင်ရဲ့ လက်ထဲကနေ တိုးထွက်သွားပြီး မှော်ကျားရဲဆီကို ဦးတည်၀င်ရောက်သွားပါတယ်။ ကြယ်ပွင့်တွေလို လင်းလက်နေတဲ့ အလင်းတန်းဟာ ရှင်းသန့်တောက်ပြောင်နေပါတယ်။
ဒေါင်..!
မှော်ကျားရဲကြီးဟာ သူ့ဆီကို၀င်ရောက်လာတဲ့ အလင်းတန်းကို ကြီးမားတဲ့လက်ကြီးနဲ့ ပုတ်ထုတ်လိုက်ပါတယ်။ လမင်းသင်္ကေတအလင်းတန်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မိချိန်မှာတော့ တောင်တစ်ခုလုံး တုန်လှုပ်သွားစေတဲ့ အသံကြီးထွက်ပေါ်လာပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ ရှီဟောင်ရဲ့လမင်းသင်္ကေတတွေက ကျောက်သားကိုတောင် ထိုးခွဲနိုင်စွမ်းရှိမှန်းသိထားကြပါတယ်။ ကျောက်သားတွေကိုတောင် ထိုးခွဲနိုင်တဲ့ အလင်းတန်းကို မှော်ကျားရဲကြီးက သူ့ရဲ့ချွန်ထက်တဲ့လက်သည်းကြီးနဲ့ ရင်ဆိုင်ခဲ့ပါတယ်။
လမင်းသင်္ကေတအလင်းတန်း နဲ့ မှော်ကျားရဲလက်တို့ကြားက တိုက်ပွဲက ရုတ်တရက်ပဲရပ်တန့်သွားပါပြီ။ ဒီ့နောက်မှာတော့ မှော်ကျားရဲကြီးဟာ လောကဓာတ်တစ်ခုလုံးကို တုန်လှုပ်စေတဲ့ အမျက်ဒေါသပါတဲ့ အသံနဲ့ နာနာကျဉ်းကျဉ်း အော်ဟစ်လိုက်ပါတယ်။ မှော်ကျားရဲကြီးရဲ့ နီးစွေးနေတဲ့သွေးတွေဟာ မြေပြင်အနှံ့ဖြာထွက်လို့သွားပါတယ်။
ဤအချိန်မှာပဲ ရှီဟောင်ရဲ့ လမင်းသင်္ကေတအလင်းတန်းတွေဟာ အားဖျော့မှေးမှိန်သွားကြပါတယ်။ ဘုန်းခနဲအသံနဲ့အတူ လမင်းသင်္ကေတအလင်းတန်းရဲ့ ပြင်းထန်တဲ့အကျိုးဆက်ဟာ မှော်ကျားရဲကြီး ခေါင်းကို ဟက်တက်ကွဲသွားစေပြန်ပါတယ်။ မှော်ကျားရဲကြီးရဲ့ ခေါင်းပေါက်ဒဏ်ရာကနေ သွေးတွေတရဟော စီးထွက်လာပြန်ပါတယ်။
မှော်ကျားရဲကြီးရဲ့ အသည်းဆွေးမတတ်နာနာကျင်ကျင်အော်ဟစ်ကြီးဟာ မိုးတိမ်တွေကြားကတစ်ဆင့် တောင်တန်းဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ မှော်ကျားရဲကြီးဟာ ရှီဟောင်ကို မယုံနိုင်စရာကောင်းတဲ့လူသားတစ်ယောက်အဖြစ် စူးစိုက်ကြည့်လိုက်ရင်း သူ့ရဲ့မျက်လုံးထဲက အသက်ဝိညာဉ်က တဖည်းဖြည်း မှေးမှိန်လိူ့သွားပါတယ်။ ဝုန်းခနဲကျယ်လောင်တဲ့ လဲပြိုကျသွားတဲ့ အသံကြီးပေါ်ထွက်လာပြီး မှော်ကျားရဲကြီးဟာ သူ့ရဲ့သွေးအိုင်ထဲမှာပဲ ထာ၀ရလဲလျောင်းသွားပါတော့တယ်။
***