Switch Mode

Chapter – 135

အပိုင်း (၁၃၅) အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“…”

[ပင်ကိုယ်မှတ် : ၁၀၀၈၆၁]

[ပင်ကိုယ်မှတ် : ၂၀၀၄၀၄]

“…”

စုရှောင်ရှန် အင်မတန် ပီတိဖြာနေသည်။

အသိပေးချက်ဖန်သားပြင်တွင် စိတ်ဝိညာဉ်အာရုံအနည်းငယ်ကိုချန်ထားပြီး ကျန်တာအားလုံးကို ထိုကြမ်းတမ်းသော ဓားချက်များကိုရှောင်ဖို့ အာရုံ အလုံးစုံစိုက်ထား၏။

သူ့ပင်ကိုယ်မှတ် နှစ်သိန်းလောက်ရောက်ဖို့ကို ၁၅မိနစ်လောက်သာ အချိန်ယူလိုက်ရသည်။

အဖြူရောင်ဓားစွမ်းအင်များက အားဆေးစားထားသည့်အလား ကြမ်းတမ်းခက်ထန်စွာကျ‌လာနေသည်။ သို့ဖြင့် တစ်စက္ကန့်အတွင်း ပင်ကိုယ်မှတ် (၅၀၀) ကျော်ရနေပြီး ၎င်းက တဖြည်းဖြည်းလည်း မြင့်တက်လာနေသေးသည်။

သာမန်‌ဆိုစုရှောင်ရှန် ပျော်နေလိမ့်မည်ဖြစ်သော်လည်း ထိုကြမ်းတမ်းသောဓားချက်မျိုးက မကြာခဏဆိုသလို ကျလာနေ၏။ ထိုမှ တစ်ဆင့် တစ်စက္ကန့်ကို တစ်ခုလောက်ကျလာတော့သည်။

အချိန်တစ်ကြာသော် ထိုသို့သော ဓားစွမ်းအင်များသာ ကျလာနေတော့ရာ စုရှောင်ရှန် မရှောင်နိုင်တော့သဖြင့် အနက်ရောင်ရေတံခွန်ထဲမှ အချိန်မရွေး ခုန်ထွက်ရန်ပြင်လိုက်သည်။

“တောင့်ထား စုရှောင်ရှန်။ နောက်ထပ် နည်းနည်းလေးဆိုရင် မင်းလိုချင်တဲ့ အမှတ်တွေရပြီ”

ထိုကြောက်မက်ဖွယ်ရာအတိဖြစ်သော ဓားစွမ်းအင်များက သူ၏ ဆုံးဖြတ်ချက်ကို ရွေ့လျားစေဟန် မရပါလေ။ ပင်ကိုယ်မှတ်များသာ လိုချင်သောကြောင့်မဟုတ်လျှင် “ခွန်အား” ကို အဆင့်အမြင့်ဆုံးထိ တိုးပြီးလေပြီ။

ဇွက် ဇွက်

ဓားစွမ်းအင်ကြီးနှစ်ခု သူ့ခန္ဓာကိုယ်ကိုလာရိုက်ခတ်ရာ နာကျင်မှုကြောင့် စုရှောင်ရှန် ရှူးရှူးရှဲရှဲ ဖြစ်သွားသည်။

သို့ဖြင့် ရေတံခွန်ထဲမှ ခုန်ထွက်ရန်ပြင်လိုက်ချိန် အ‌ပေါ်မှ ကျလာနေသော အဖြူရောင်ဓားစွမ်းအင်များပျောက်ကွယ်သွား၏။

စုရှောင်ရှန် မှင်တက်သွားတော့သည်။

“ဘာလဲဟ။ ပြီးပြီလား။ လုပ်စမ်းပါကွာ။ ကြောက်သွားတာလား”

စုရှောင်ရှန် မသိလျှင် သူက ထွက်ပြေးတော့မည့်သူမဟုတ်သလို ရေတံခွန်ကိုတောင် ရန်စလိုက်သေးသည်။ ရုတ်တရက် စိတ်ဝိညာဉ်အာရုံမှ အသိပေးချက်ခေါင်းလောင်းများညံလာသည်။

သူမော့ကြည့်လိုက်သောအခါ ရေတံခွန်၏ ထိပ်ပိုင်းမှ ဧရာမ အဖြူ‌ရောင် ဓားစွမ်းအင် အကြီးကြီး ကျလာသည်ကိုတွေ့လိုက်ရ၏။

အကြားအမြင်မှ အတည်ပြုချက်ကိုလည်း ရနေရာ သူအမြင်မမှားကြောင်းကိုသိလိုက်ရသည်။

၎င်းက ဓားစွမ်းအင်တစ်ခုသာသာမဟုတ်ပါဘဲ ဓားစွမ်းအင် ရေတံခွန်ကြီးဖြစ်၏။

“လခွမ်း ဒီလို မနောက်ပါနဲ့ဟ”

ရေတံခွန်ထဲမှ ပြန်ခုန်ထွက်ရန်အချိန်မရှိပါတော့ပေ။ သို့ဖြင့် ပင်ကိုယ်မှတ်များဖြင့် စွမ်းရည်မှတ်များ သူ့တစ်ဘ၀စာလုံး မ၀ယ်ဖူးသည့် အမြန်နှုန်းနှင့် ၀ယ်ပြီး ခွန်အားအပေါ်ထည့်လိုက်သည်။

[ခွန်အား(အရှင်သခင်နယ်ပယ်အဆင့်-၁)]

“တကယ် အရှင်သခင်နယ်ပယ်ကိုရောက်သွားတာဟ…” အသိပေးချက်ဖန်သားပြင်ပေါ်က အရာကြောင့် စုရှောင်ရှန် မှင်တက်သွားသည်။

ဘုန်းးး…။

သို့သော် သူကောင်းကောင်းမပျော်ရသေးပါ။ ထိုဧရာမ ဓားစွမ်းကြီးပိပြီး ရေကန်၏ အခြေထိ ပါသွားတော့သည်။ ထို့နောက် ပေါက်ကွဲသွားရာ ရေပြင်အထက် ပေ၃၀ ကျော် ရေများလွင့်ထွက်သွား၏။

သူ့၀န်းကျင်တစ်ခုလုံးက မဲမှောင်နေကာ ဘာကိုမှ မြင်ရပါ‌လေ။

ခရက်…။

စုရှောင်ရှန် လည်ကြောဆန့်လိုက်သည်။ သို့မှ ရေကန်၏ အောက်ခြေအထိ အဖိခံလိုက်ရကြောင်းကိုသိသွားသည်။

“နာတယ်ဟ…” ထိုကြောက်မက်ဖွယ်ရာအတိဖြစ်သောဓားစွမ်းအင်ကြီးပိ၍ လည်ပင်း ဘေးတစ်ဘက်သို့ဆောင့်ကာစောင်းသွားသဖြင့် အနည်းငယ် နာသည်မှတစ်ပါး ဒဏ်ရာဒဏ်ချက်တစ်ချက်မှ မရလိုက်ပါ။

“အရှင်သခင်နယ်ပယ်ရဲ့ စွမ်းပကားဆိုတာ…”

အကြီးအကဲစန်း၏ ငရဲမီးတောက်ကောင်းကင်ကို ပြန်မြင်ယောင်မိသွားသည်။ အတိတ်ကဆိုလျှင် ထိုကြောက်မက်ဖွယ်ရာကောင်းသော စိတ်ဝိညာဉ်နည်းစနစ်ကို အထင်သိပ်မကြီးပေမယ့် ယခု အရှင်သခင်နယ်ပယ်သို့ရောက်မှ ဘယ်လောက်ကြောက်စရာကောင်းလဲသိလိုက်ရသည်။

“အဲ့ဒီ နည်းစနစ်က တကယ် နတ်ဘုရားသဖွယ်ပဲ”

ကုန်းမြေတစ်လျှောက်လုံးအနည်းစုသာ ရောက်နိုင်သည့် အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်အတွက်ဆို သူခံစားလိုက် ရသော ဒုက္ခများက ဘာမှ မဟုတ်တော့ပါ။

“ခဏအနာခံပြီး ဘ၀အတွက် အသာစံမလား ရွေးချယ်ရင် ဘယ်သူမှ မတုံးအလောက်ပါဘူး ဟုတ်တယ်မလား”

ဒီလိုကြောက်မက်ဖွယ်ရာကောင်းသော ခန္ဓာကိုယ်ဖြင့်ဆို အဆင့်(၉)၊ အဆင့်(၁၀) စိတ်ဝိညာဉ်လက်နက်များ သူ့အသားကိုတောင် ဖောက်နိုင်လိမ့်မည်မဟုတ်ပါပေ။

“ဒီလောက်ဆို ငါကြမ်းပြီမလား”

အရှင်သခင်နယ်ပယ်သို့ စွမ်းရည်မှတ်များကြောင့်ရောက်ပြီးနောက်မှ ဤသို့သော နယ်ပယ်ကို ကိုယ်ပိုင်ကြိုးစားမှုဖြင့် ရောက်သွားသည့်သူများကို မ‌လေးစားဘဲကို မနေနိုင်တော့ပါ။

“တကယ့် ယောက်ျားစစ်စစ်တွေ”

ထိုအရှင်သခင်နယ်ပယ်သို့တက်ရန် စစ်မှန်ခြင်းနယ်ပယ်မှ နောက်ဆုံးအဆင့်က လုံး၀ ရူးလောက်သည်။

ထိုသို့ ဓားစွမ်းအင်ကြီးက သူ့ကိုတောင် ဒဏ်ရာရအောင်မလုပ်နိုင်လေရာ ထိုသို့သောအဆင့်ရောက်ဖို့ ကြိုးစားသည့်သူတိုင်း ပိုးလောင်းဘ၀မှ လိပ်ပြာအဖြစ်ရောက်အောင် မည်မျှ နာကျင်ဒုက္ခခံခဲ့ရမည်ကိုသိနိုင်သည်။

သူ့ခန္ဓာကိုယ်မှ ထွက်လာသော ကပ်စေးစေး အနံ့ဆိုးဆိုး အရာများကြောင့် အရာများကြောင့် သူ့ကိုယ်က နောက်တစ်ကြိမ် အညစ်အကြေးများ သန့်စင်ထုတ်လိုက်ကြောင်းသိလိုက်ရသည်။

“စစ်မှန်ခြင်းနယ်ပယ်လို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကတောင် ဒီလို အညစ်အကြေးကို စွန့်ထုတ်နိုင်သေးတာ ဩချလောက်စရာပဲ”

ထို့နောက် ကန်ခြေမှနေ၍ ရေမျက်နှာပြင်ထက်ကို ဆောင့်ကန်ကာ ခုန်တက်လိုက်သည်။ သူ့တစ်ကိုယ်လုံးက အကျိအချွဲများဖြင့် ဖုံးလွှမ်းနေ၏။

စုရှောင်ရှန် ရေတံခွန်အောက်သို့ဝင်ပြီး ကိုယ်လက်ဆေးကြောလိုက်သည်။ သန့်ရှင်းသွားသောအခါ သူ့တစ်ကိုယ်လုံး ‌၀င်းလက်တောက်ပနေသည်ကို တွေ့လိုက်ရ၏။

သူ့ခန္ဓာကိုယ်ရှိကြွက်သားများက ကျစ်လစ်ပြီးတုတ်ခိုင်လေသည်။ ထိုမှ ပြိုးပြိုးပျက်ပျက် အရောင်များ တစ်လက်လက်ထနေရာ အလွန်ကြည့်၍ လှ‌‌နေတော့သည်။

စုရှောင်ရှန်‌ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဘာလဲဟ ဓားစွမ်းအင်တွေ ထပ်မကျလာသေးပါလား”

စုရှောင်ရှန် မော့ကြညိ့လိုက်သောအခါ ဓားစွမ်းအင်များ သူ့ကို ပစ်မှတ်မထားတော့တာကိုမြင်လိုက်ရသည်။ သူ့အပေါ်တွင် စိတ်ဝင်စားမှုလုံး၀ကုန်ဆုံးသွားသည့်အလား ရှောင်ဖယ်သွားကြ၏။

“ဟ ငါမသေသေးပါဘူး။ မင်းတို့ကဘာဖြစ်တာ”

သူ့အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်သောအခါ…။

[ပင်ကိုယ်မှတ် : ၂၈၈၆၆၆]

“၄သိန်း၊ ၅သိန်း အသာထားဦး သုံးသိန်းတောင်မပြည့်သေးဘူး”

ဓားစွမ်းအင်များကို သူ့ဓာန္ဒဖြန့်ထုတ်၍ မျှားခေါ်တာတောင် မတုန့်ပြန်ပါပေ။ မသိလျှင် ရေတံခွန်က သူ့ကို လုံးလုံး လစ်လျူရှူထားသည့်အလား။

စုရှောင်ရှန် စွံ့အသွားပြီး ရေတံခွန်ကို ရေတံခွန်အလုပ်မလုပ်သည့်အတွက် ဆဲဆိုအော်ဟစ်လိုက်၏။

သို့သော် ရေတံခွန်က သူ့ကို တုန့်ပြန်လျှင်လည်း ပင်ကိုယ်မှတ်များ မရတော့မှာကိုသူသိသည်။

ဤရလဒ်နှင့် စိတ်ပျက်လက်ပျက်ဖြစ်နေရင်းမှ ရေတံခွန်ထဲကခုန်ထွက်လိုက်လေသည်။

ပင်ကိုယ်မှတ် ၃သိန်းတောင်မပြည့်လို့ စုရှောင်ရှန် မတင်းတိမ်မိသော်လည်း ယခုလို အမြင့်ကိုရောက်ဖူးသည်မှာ ဘ၀၌ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ဘာပြောပြော သူပျော်ပါသည်။

ထိုအမှတ်များဖြင့်သာ ကံစမ်းမဲလှည့်လိုက်မယ်ဆိုရင်… ဝိုးဟိုးဟိုး။

တွက်ချက်မှုများပြီးနောက် စုရှောင်ရှန် အံ့အားသင့်သွားသည်။

“ငါတော်တော်ရလိုက်တာပဲ။ ငါ့ခန္ဓာကိုယ်ကို ပင်ကိုယ်မှတ်တွေနဲ့ မလဲချင်ပေမယ့် မတတ်သာလို့ လုပ်ရတာပါ။ ရေတံခွန်ထဲကို၀င်တာက လေ့ကျင့်ဖို့အတွက်ပဲ။ ဟုတ်တယ် အမှတ်တွေက အရေးမကြီးဘူး”

စုရှောင်ရှန် လက်ကိုဝေ့ရမ်းလိုက်ပြီး တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် သူ၏ ထူးခြားပင်ကိုယ်စွမ်းရည်ကို ဆန်းစစ်ကြည့်လိုက်သည်။

[ပင်ကိုယ်လက်သီး (စွမ်းအင်၂.၁၁%)]

“ဘာလဲဟ”

ဒီလောက်အရိုက်အပုတ်အထုအထောင်းခံရတာတောင် ၂.၁၁ ရာခိုင်နှုန်းပဲလား။

စုရှောင်ရှန် ခေါင်းခဲသွားသည်။ ပင်ကိုယ်လက်သီး၏ အထက်စည်းက တကယ် ကြောက်ဖို့ကောင်းပေသည်။ သေမလောက်အရိုက်ခံရရင်တောင် ၁၀ရာခိုင်နှုန်းကျော်မလားမသိ။

စုရှောင်ရှန် ပင်ကိုယ်လက်သီးကို သုံးကြည့်ရန်ပြင်လိုက်ပြီး ပြန်ရပ်လိုက်၏။

၂.၁၁ ရာခိုင်နှုန်း၌သာရှိတယ်‌ဆိုပေမယ့် ၎င်းနောက်က ခွန်အားကို အထင်သေးလို့မရပါပေ။ အဆုံးမှာ ထိုမျှ ဓားစွမ်းအင်များဖြင့် အရိုက်အပုတ်ခံထားရသော စွမ်းအင်ကို အလကားဖြုန်းတီးပစ် လို့မရပါလား။

“ကျန်းရှင်းရှုံမျက်နှာကိုဖိုးကြည့်ပြီးမှ ဘယ်လို နေလဲ ကြည့်ရမယ်။ တော်တော်ပျော်ဖို့ကောင်းမှာပဲ… ကဲ ခုတော့ ငါဘာတွေရသလိုက်သလဲကြည့်ရအောင်”

သူ့လည်းပင်ပန်းနေသလို ရေတံခွန်ကလည်း သူ့ကို ဂရုမစိုက်ပေ။ စပ်ဖြီးဖြီးမျက်နှာထားဖြင့် အနီရောင်ဖန်သားပြင်က ပင်ကိုယ်မှတ် ၃သိန်းကိုကြည့်လိုက်သည်။

ပင်ကိုယ်မှတ်များအားလုံးကို အသုံးပြုရန်သူမရည်ရွယ်ထားပါ။ အရေးပေါ်အခြေအနေဆိုမှ ကြောင်ပျောက်နေရင် ခက်မည်။ သို့ဖြင့် ၎င်းတို့ကို ဂရုတစိုက်သုံးရန် တွက်ချက်လိုက်သည်။

“ဘာဖြစ်ဖြစ်ကွာ။ ၁သိန်းလောက်ကိုတော့ နိုးထခြင်းရေကန်အတွက်ထားလိုက်ရအောင်။ ဆယ်ခါဆိုရင်တော့ ကျရှုံးရင်တောင် ဖြေသာမယ်။ ခုတော့ ၁သိန်း၈သောင်းကျန်သေးတယ်။ ‘ခွန်အား’ ကလည်း အဆင့်က ဆုံးနေပြီဆိုတော့ တခြား (၈) ခုထဲက ဘယ်သာကို မြှင့်ရမလဲ”

“အခြေခံပင်ကိုယ်စွမ်းရည်(၃) ခုက တော်တော်အသုံး၀င်မှာဆိုပေမယ့် အဲ့တစ်ခုတည်းကိုပဲ အာရုံစိုက်ထားလို့မဖြစ်ဘူး။ အရင်ဆုံး နတ်ဘုရားသဖွယ် ‘ထာ၀ရအသက်စွမ်းအင်’ ကိုမြှင့်တာပေါ့”

သေခြင်းရှင်ခြင်းက အရေးပါဆုံးအရာဖြစ်သေးသည်။ သို့ဖြင့် စုရှောင်ရှန် ထာ၀ရအသက်စွမ်းအင်ကို တုန့်ဆိုင်းခြင်းမရှိ အဆင့်မြှင့်လိုက်၏။

ထာ၀ရအသက်စွမ်းအင်က အရေးကြီးသည့်အခိုက်အတန့်များ၌ သူ့ကို ကယ်နိုင်သော ပင်ကိုယ်စွမ်းရည်ဖြစ်သည်။ ဘယ်လောက် အန္တရာယ်ရှိပါတယ်၊ ကြမ်းပါတယ်ဆိုတဲ့ တိုက်ခိုက်မှုဖြစ်ပါစေ နတ်ဘုရားသဖွယ် ပြန်‌လည်ကောင်းမွန်မှုနှင့်တွေ့ရရင်တော့ ဒူးထောက်ရမည်သာ။

[ထာ၀ရအသက်စွမ်းအင် (အရှင်သခင်အဆင့်၁)]

အသက်စွမ်းအင်များသူ့ကိုယ်အတွင်း ကြမ်းတမ်းခက်ထန်စွာ ကူးခတ်နေတော့ရာ သူ့ခန္ဓာကိုယ်ကို ပို၀င်းပသွားစေသည်။ သာယာမှုမှ စုရှောင်ရှန် ညည်းသံသဲ့သဲ့ကလေးပြုလိုက်မိ၏။

“၅သောင်းတောင်ပြောင်သွားပြီ…”

စုရှောင်ရှန်၏ နှုတ်ခမ်းထောင့်တွန့်သွားသည်။ ထိုမျှ ဆင်းရဲဒုက္ခကိုခံရပြီးမှ သူ့ပင်ကိုယ်အမှတ်များက ဘာမှ မဟုတ်သလို ‌ပြောင်သလင်းခါသွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset