Switch Mode

Chapter – 134

အပိုင်း (၁၃၄) မြန်မြန်ချမ်းသာဖို့

[နိုးထခြင်း ရေကန် : နိုးထခြင်းကို တို့ချဲ့ပင်ကိုယ်စွမ်းရည်များအပေါ်သာ လုပ်ဆောင်နိုင်သည်။]

ထိုတိုတောင်းသော မိတ်ဆက်ကြောင့် စုရှောင်ရှန် တဆတ်ဆတ်ခါအောင်တုန်ခါသွားသည်။

တိုးချဲ့ပင်ကိုယ်စွမ်းရည်ကို နိုးထစေမယ် ဟုတ်လား။

သူ့လက်ရှိ ပင်ကိုယ်စွမ်းရည်များက နတ်ဘုရားသဖွယ်တောင်ကြမ်းနေပြီ ထပ်၍ နိုးထလိုက်လျှင် မည်သို့ ဖြစ်လာမည်ကို စုရှောင်ရှန် မစဉ်းစားရဲပေ။

သို့သော် “တိုးချဲ့” ဟူသည့် အပိုင်းကို သတိထားမိလိုက်ပြီးနောက် စိတ်ကိုလျော့လိုက်သည်။

“ဆိုတော့ တိုးချဲ့ပင်ကိုယ်စွမ်းရည်တွေပဲပေါ့လေ…”

“အခြေခံ” နှင့် “ကျွမ်းကျင်” တို့မပါဘဲ ထိုစာကြောင်းက “တိုးချဲ့” ဟူသည့် အပိုင်းကိုသာ လေးလေးနက်နက်ဖော်ပြထားပြီး တခြားကန့်သတ်ချက်များကို မပြောထားပါလေ။

သို့ဖြင့် အဆင့်တောင်မြှင့်လို့မရသည့် “ထူးခြားပင်ကိုယ်စွမ်းရည်” ကလည်း နိုးထခြင်းပြုလို့ရသည့်ဟန်မပေါ်ပါလေ။

နိုးထခြင်းရေကန်ကိုခဏထားပြီး ဈေးဆိုင်ထဲက အကွက်များကိုကြည့်လိုက်သည်။ ယခု ထိုနေရာတွင် အကွက်လေးကွက်ရှိပြီဖြစ်လေသည်။

[အဆင့်(၁) စွမ်းရည်မှတ် (ဈေးနှုန်း: ပင်ကိုယ်မှတ် ၁၀၀၀)]

[အဆင့်(၂) စွမ်းရည်မှတ် (ဈေးနှုန်း: ပင်ကိုယ်မှတ် ၅၀၀၀)]

[ပင်ကိုယ်သော့ (ဈေးနှုန်း : ပင်ကိုယ်မှတ် ၅၀၀၀)]

[နိုးထခြင်းကျောက်တုံး(ဈေးနှုန်း : ပင်ကိုယ်မှတ် ၁၀၀၀၀)]

ကပ်စည်း‌နဲသည့် သူဖြစ်တာနှင့်အညီ စုရှောင်ရှန် ပထမဆုံးသတိထားမိသည့်အရာမှာ ပင်ကိုယ်သော့များ၏ (၅) ဆတိုးမြင့်သွားသော ဈေးနှုန်းဖြစ်သည်။ ၎င်းကိုကြည့်ပြီး စုရှောင်ရှန် မျက်လုံးအိမ်မှ မျက်လုံးများ ပြုတ်ထွက်မတတ် ပြူးကျယ်သွား၏။

“ဘယ်လိုတောင်ခေါင်းပုံဖြတ်နေတာလဲ။ အရင်ကတောင် ပင်ကိုယ်မှတ် (၁၀၀၀) လေးကုန်တာ။ စနစ်လေးအဆင့်တစ်ခါမြှင့်ပါတယ် ဒါလည်း ဈေးတက်သွားတယ်တဲ့။ အမြတ်ကြီးစားနေတာပဲ”

နောက်ထပ် နိုးထခြင်းကျောက်တုံး၏ ဈေးနှုန်း (၁၀၀၀၀) ကိုကြည့်လိုက်သောအခါ စုရှောင်ရှန် သူ့နှလုံးအကြိမ်ရေ (၁၀၀၀၀) ကွဲကြေသွားသလိုခံစားလိုက်ရသည်။

သွေးဆုတ်ဖြူရော်သွား သောမျက်နှာဖြင့် “လခွမ်းး… ဒီငရဲကိုဖြတ်သန်းပြီးတာတောင် ပင်ကိုယ်မှတ် (၆၀၀၀၀) လေးရတာ ခုတော့ (၆) ခါပဲ နိုးထလို့ရတယ်ပေါ့”

ကံစမ်းမဲပေါက်နှုန်းက မြင့်မားနေပါက သူဘာမှ ပြောလိမ့်မည်မဟုတ်သော်လည်း စနစ်က အမြတ်ကြီးစား ခေါင်းပုံဖြတ်လွန်းတာကြောင့် သွေးအန်တော့မလိုဖြစ်သွားသည်။

“နေဦး နေဦး ဘာမှ မဖြစ်ဘူး အေးဆေး” စုရှောင်ရှန် စိတ်လျော့လိုက်ပြီး သူအလွန်လိုချင်ခဲ့သည့် “အဆင့်(၂) စွမ်းရည်မှတ်” ဘက်ကို အကြည့်ရောက်သွားသည်။

အခြား အရာများနှင့်ယှဉ်လျှင် စွမ်းရည်မှတ်များက ကံကိုယုံပြီး ဆူးပုံနင်းစရာ မလိုပါလေ။

အဆင့်(၂) စွမ်းရည်မှတ်က ပင်ကိုယ်မှတ် (၅၀၀၀) တန်ဖိုးရှိသော်လည်း အရှင်သခင်နယ်ပယ် ပင်ကိုယ်စွမ်းရည်မျာကိုတွေးမိပြီး သရေများကျလာတော့သည်။

သို့သော် ထိုဈေးနှုန်းက ကျိုးကြောင်းစီလျော်သေးကာ တစ်စုံတစ်ခုလိုတော့ မသေချာမရေရာမှုများနှင့်ပြည့်နေတာတောင် ဈေးကြီးရောင်းချခြင်းမဟုတ်ပါလေ။ စနစ်က ဤသို့ ဈေးချိုချိုဖြင့်ရောင်းချနေတာကြောင့် စနစ်ချို့ယွင်းချက် ဘာညာများဖြစ်နေသလား စုရှောင်ရှန် မနေနိုင်ဘဲ တွေးမိသွား၏။

ထိုမှ ပင်ကိုယ်စွမ်းရည်တစ်ခုတည်းကိုတောင် အရှင်သခင်နယ်ပယ်ရောက်ဖို့ ပင်ကိုယ်မှတ် (၅၀၀၀၀) လိုမည်ဖြစ်ကြောင်းတွေးမိမှ အသိစိတ်ပြန်လည်လာတော့သည်။

စွမ်းရည်ကိုးခုဆိုလျှင် … ပင်ကိုယ်မှတ် လေးသိန်းငါးသောင်း။

“လခွမ်း” စုရှောင်ရှန် ရေကန်စပ်နှင့်မျက်နှာ မိတ်ဆက်သွားသည်။

“ဘယ်လိုတောင် စုတ်ပြတ်သတ်နေတဲ့ စနစ်လဲဟ။ အထင်အမြင်ကောင်းလေးရှိမိတာတောင်မှားတယ်”

စနစ်က သဘောကောင်းတယ်လို့ ထင်မိတဲ့ သူ… စုရှောင်ရှန်ကပဲ ဦးနှောက်ချို့ယွင်းနေတာဖြစ်လိမ့်မည်။ ဆက်တိုက်အဆင့်တက်ခြင်းကြောင့် သူထုံထိုင်းသွားသည်လား။

ပင်ကိုယ်မှတ် ငါးသိန်း ဟူသော ၀န်ကြီးကိုထမ်းထားရသော စုရှောင်ရှန် အနက်ရောင်ရေတံခွန်ကြီးကိုကြည့်လိုက်သည်။ ထိုအချိန်တွင် ရေကျသံများက တေးဂီတသံလေးများအလား။

ကနဦးက သူက ယောက်ျားတစ်ယောက်ဖြစ်ပြီး ပင်ကိုယ်မှတ်များကို အနာခံရမှ ရခြင်းကို စက်ဆုပ်သည်ဟု ပြောခဲ့သော်လည်း… ခုတော့ ကိုယ့်စကားကိုယ် ပြန်ပျိူချလိုက်ရသည်။

“လုပ်စမ်းပါ။ အသားတွေစုတ်ပြတ်ထွက်သွားအောင်လုပ်စမ်းပါ။ ငါ့ကိုဒီနေ့ မြေပြင်မှာ ပြားပြား၀ပ်သွားအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် အနက်ရောင်ရေတံခွန်လို့ခေါ်မနေနဲ့တော့။ အဖြူလေးလို့သာ ခေါ်လိုက်တော့”

ရုတ်တရက် ရေတံခွန်မှ ဓားစွမ်းအင်များ သူ့ကို ဦးတည်၍ စူးစူးရှရှ အသံပေးလိုက်ကြ၏။ စုရှောင်ရှန် ဤအချင်းအရာကိုမြင်မှ အလန့်တကြား ခုခံသည့် အနေအထားကိုပြောင်းလိုက်ပြီး အသိပြန်လည်လာတော့သည်။

“ဆိုတော့… ငါ ထာ၀ရ အသက်စွမ်းအင်ကို အဆင့်မြှင့်ရမလား”

စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်သည်။ ကနဦးက ပြန်လည်ကောင်းမွန်သည့်နှုန်းမြန်ပါက ပင်ကိုယ်မှတ် များများရမည်ဟု ထင်နေ၏။

ယခု သေချာစဉ်းစားကြည့်တော့မှ “ခွန်အား” က ပိုမိုကောင်းမွန်သည့် ရွေးချယ်ချက်မဖြစ်ပေဘူးလော။

“ငါ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုခံနိုင်ရည်ရှိမယ်ဆိုရင် ဓားစွမ်းအင်တွေက ငါ့ကို ကြီးကြီးမားမား ထိခိုက်အောင်လုပ်နိုင်လောက်မှာမဟုတ်ဘူး။ ငါသတိထားရမှာက အရှင်သခင်နယ်ပယ်အထိ အဆင့်မမြှင့်လိုက်လို့ပဲ။ မဟုတ်ရင် ဓားစွမ်းအင်တွေက အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ကို မဖောက်နိုင်မှ သေပြီဆရာဖြစ်နေဦးမယ်။ အဲ့ကျမှ ပင်ကိုယ်မှတ်တွေမရရင် ပင်ကိုယ်စွမ်းရည် (၉) ခုကို ဘယ်လို ပျိုးထောင်ရတော့မှာလဲ”

ထို့နောက် အဆင့်(၂) စွမ်းရည်မှတ် တစ်မှတ်ကို၀ယ်ယူလိုက်သည်။ သူ့အနေနဲ့ ပင်ကိုယ်မှတ် (၆၀၀၀၀) ရှိတာကြောင့် ဆယ်မှတ်လောက်တစ်ပါးတည်း၀ယ်ယူနိုင်သော်လည်း သူထင်ထားသည့်အတိုင်း ဖြစ်လာမည်စိုး၍ သတိကြီးကြီးထားကာ လုပ်လိုက်သည်။

“စွမ်းရည်မှတ်တွေအများကြီးတစ်ခါတည်း၀ယ်လိုက်တာက ခံစားလို့ကောင်းပေမယ့် ရှေ့‌ရေးကို ကြိုမျှော်မှန်းပြီး ထားထားလိုက်ဦးမယ်”

[ခွန်အား(စစ်မှန်ခြင်း အဆင့်၆)]

အဆင့်(၅)ခါလောက် တစ်ခါတည်းမြှင့်လိုက်ပြီးသော ပထမဆုံး သူ့ပုခုံးကို စုတ်ပြတ်သတ်သွားစေခဲ့သည့် ထိုဓားစွမ်းအင်မျိုးက ပြတ်ရာသေးသေးလာဖြစ်လာခဲ့သည်။

၎င်းက သူ့ကို ပင်ကိုယ်မှတ် ရရှိ‌စေနိုင်မည့် အတိုင်းအတာဖြစ်တာကြောင့် အဆင့်မြှင့်တင်နေခြင်းကို ရပ်တန့်လိုက်သည်။

“ဒါနဲ့ ‘ထာ၀ရအသက်စွမ်းအင်’ နဲ့ပေါင်းလိုက်လို့ကတော့… ပင်ကိုယ်မှတ်တွေကို ဒဏ်ရာဒဏ်ချက် မရှိဘဲ ရနိုင်မှာဘဲ”

“ယေးးးး”

ဆရာကြီးဟန်ပန်ဖြင့် သူ့လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရေတံခွန်ထဲကို အေးဆေးလျှောက်၀င်သွားလိုက်သည်။

လမ်းလျှောက်နေရင်း တစ်ခဏမှ စစ်မှန်ခြင်းနယ်ပယ် ‌ရောက်သောအခါ ပျံသန်းနိုင်တာကိုသတိရသွားသည်။ စုရှောင်ရှန် ပတ်၀န်းကျင်နှင့် အာရုံချိတ်ဆက်လိုက်သောအခါ ခန္ဓာကိုယ်က လေထဲသို့ တက်သွား၏။

“ပျံစမ်း”

တိတ်တခိုးနာကျင်ခြင်းကိုအသုံးပြုစရာမလိုဘဲ ပျံသန်းနိုင်သည့် အိပ်မက်က အကောင်အထည်ပေါ်လေပြီ။

စုရှောင်ရှန် အလွန့် အလွန်ကို သူ့ကိုယ်သူ ကျေနပ်နေမိတော့သည်။ သို့ဖြင့် စပ်ဖြီးဖြီး မျက်နှာကြီးနှင့် နားရွက်တက်ချိတ်မတတ်ပြုံးရင်း ပျံသန်းလိုက်သည်။ သူက တစ်ချိန်တည်း ပင်ကိုယ်မှတ်များရိတ်သိမ်းခြင်း၊ စစ်မှန်ခြင်းနယ်ပယ် စွမ်းအင်များနှင့် ရင်းနှီးအောင်လုပ်ခြင်း၊ ပျံသန်းတာကို အသားကျအောင်လုပ်ခြင်းတို့ကို တစ်ပြိုင်တည်းလုပ်နေသည်။

ထို့ပြင် တစ်ဆက်တည်းလည်း ကျင့်ကြံခြင်းကို မရပ်မနားဘဲ လုပ်နေ၏။

“မူလနန်းတော်မှာ သိစရာတွေ မြင်စရာတွေ အများကြီးရှိသေးပါလား”

ထို့နောက် ယွမ်တုကို သတိရသွားသည်။

“ဟီးဟီး ဒီဘဲက အရေးမကြီးပါဘူး။ တကယ်က ကျန်ရှင်းရှုံလား ဘာလား နောက်က ဆရာကြီးကမှ တကယ် အရေးကြီးတာ။ ငါ့ကိုများ သတ်ဖို့ ခဏ ခဏ ကြိုးစားရဲတယ်။ ထျန်းရွှမ်တံခါးက ငါထွက်လာရင်တော့ တွေ့ပြီပဲ”

“ငါ့ကို ငြိမ်ခံတတ်တဲ့ အကောင်‌လေးစု လို့မင်းတို့ထင်နေတယ်ပေါ့။ သားရဲကြီးစု ဘာလုပ်နိုင်လဲ ပြရသေးတာပေါ့ကွာ”

ပျော်ရွှင်၊ ဂုဏ်ယူ၀င့်ကြွားမှု စသဖြင့် ခံစားချက်များ စိတ်ထဲကို တစ်ပြိုင်တည်း၀င်ရောက်လာခဲ့သည်။ စုရှောင်ရှန် အောက်ခြေလွတ်လို့မဖြစ်တာသိတာကြောင့် ထို ဂယက်ထနေသော ခံစားချက်များကို ဖိနှိပ်လိုက်၏။

သူ့ဓားဆန္ဒများကို ဖြန့်ထုတ်လိုက်သောအခါ ရေတံခွန်တစ်ခုလုံးက ကြပ်ထုပ်နေသော ဓားဆန္ဒများ အလုံးလိုက်အရင်းလိုက်ဖြင့် သူ့ကို ဒေါသတကြီး တိုက်ခိုက်လိုက်ကြသည်။

ဇွက် ဇွက် ဇွက်

သူ့ကိုယ်ပေါ်၌ ပြတ်ရာများစွာပေါ်လာပြီး ချက်ခြင်းပြန်ပျောက်သွားကြသည်။

စုရှောင်ရှန် ကျေနပ်သွားသည်။ မကြာသေးခင်လေးက သူ့ကို ခွေးပြေး၀က်ပြေး ပြေးစေသည့် အဖြူရောင်ဓားစွမ်းအင်များက ယခု အဆင့်တက်သွားပြီးတဲ့နောက်မှာတော့ အာရုံစိုက်စရာတောင်မလိုတော့အောင်ဖြစ်လာသည်။

တစ်စက္ကန့်ကို ၃၀၊ ၅၀ စသဖြင့် ၀င်လာနေသည့် ပင်ကိုယ်မှတ်များက ချက်ခြင်း ၁၀၀ အဖြစ်သို့ နှစ်ဆ၊ သုံးဆ တက်သွားသည်။

ထို့ပြင် ဒဏ်ပြန်ကုသရန် နားစရာလည်းမလိုတော့ပေ။

“တွက်ကြည့်ရအောင်…” စိတ်လှုပ်ရှားလွန်းလို့ သူ့လက်များတောင် တဆတ်ဆတ် တုန်ခါနေ၏။ ဓားဆန္ဒများ မိုးရွာကျသည့်အလား သူ့ကိုယ်ကျလာနေရင်းမှ လက်ချောင်းများထောင်ကာ ရေတွက်ကြည့်လိုက်သည်။

“၆ ခြောက်လီဆို ၃၆။ တစ်နာရီမှာ ၃၆၀၀ စက္ကန့်ရှိမယ်။ တစ်စက္ကန့်ကို ပင်ကိုယ်မှတ် ၁၀၀ လောက်ရနေတယ်ဆိုရင်… သုံးသိန်းခြောက်သောင်း။ ဟ နှစ်နာရီလောက်တည်းနဲ့ ငါ့ကလေးလေးတွေကို လူကြီးတွေဖြစ်အောင် ပျိုးထောင်ပေးနိုင်တော့မှာပေါ့”

စုရှောင်ရှန် စိတ်လှုပ်တရှား သူ့ပေါင်ကို ဖျတ်ကတည်း ရိုက်လိုက်ပြီး အိုင်းရွန်းမန်း လို လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ပျံတက်လိုက်သည်။

“လာစမ်းပါ။ (၂) နာရီလေးတောင် မခံနိုင်တဲ့ကောင် အရှုံးပဲ”

မြင့်မြင့်ပျံလေ ဓားစွမ်းအင်များပို၍ ကြမ်းတမ်းလာလေဖြစ်ကာ ဓားစွမ်းအင် အရည်အတွက်များကလည်း ဆက်တိုက်မြင့်တက်လာနေတော့သည်။

ကနဦး ၁၀၀ကနေ တစ်စက္ကန့်ကို ၂၀၀၊ ထို့နောက် ၃၀၀ ဖြစ်လာတော့သည်။

သူ့အပြုံးက နားရွက်တက်ချိတ်မတတ်ထက်တောင် ပိုကျယ်နေလေသည်။ “ဓားစွမ်းအင်အရေအတွက်သာပိုများလာတယ် ဘယ်မှာလဲ တကယ် ထိခိုက်စေတာက”

ဇွက်…။

ထိုသို့ပြောလိုက်ပြီးနောက် ချက်ခြင်း ဓားစွမ်းအင်တစ်ခုက သူ့ကိုလာရိုက်ခတ်ပြီး လက်ကို ပုခုံးမှ ပြုတ်ထွက်သွားစေမလိုတောင် ဖြစ်ပျက်သွားသည်။

စုရှောင် လန့်ဖျပ်သွား၏။

“လခွမ်း ခုမှ ဘာထဖြစ်”

စုရှောင်ရှန် အာရုံချက်ခြင်းစိုက်လိုက်သည်။ စိတ်ဝိညာဉ်အာရုံက ထိုဓားစွမ်းအင်များအကြားမှ ဤသို့သော စွမ်းအားမြင့် ဓားစွမ်းအင်ကိုမထောက်လှမ်းနိုင်ဘူးဆိုပေမယ့် သူ့အကြားအမြင်ကတော့ တတ်နိုင်သည်။

သို့ဖြင့်…

“ရှောင်၊ ကပ်”

“ဟီးဟီး… လွဲသွားပြီ”

စုရှောင်ရှန် ထိုသို့သော ဓားစွမ်းအင်များကိုရှောင်ရင်း အထက်သို့ ပျံတက်သွား၏။

အပေါ်မှ စီးကျလာနေသော ဓားစွမ်းအင်များပို၍ ကြမ်းတမ်းလာပြီး သူ့အသိပေးချက်ဖန်သားပြင်၌ ဂဏာန်းများကိုပေါက်ကွဲထွက်သွားစေလိုက်သည်။ စနစ်သာ စောနက အဆင့်မမြင့်သွားပါက ယခုလို အသိပေးချက်များဆက်တိုက်ကျလာနေမှုကြောင့် စနစ်‌တောင် ပေါက်ကွဲထွက်သွားမလားဘ စုရှောင်ရှန် စိုးရိမ်မိ၏။

“မဖြစ်လောက်ပါဘူး။ စုတ်ချာတယ်ဆိုပေမယ့် စနစ်က စနစ်ပဲလေ”

“ကဲ လာစမ်းပါ။ ငါ့ကို ချမ်းသာသွားအောင် လုပ်ပေးစမ်းပါ”

Comment

Leave a Reply

Options

not work with dark mode
Reset