အပိုင်း (၁၃၂) စစ်မှန်ခြင်းနယ်ပယ်၊ အရာအားလုံး စားသုံးခြင်း
“ဘာဆက်လုပ်ရမှာလဲဟ”
စုရှောင်ရှန် စစ်မှန်ခြင်းနယ်ပယ်သို့ အဆင့်တက်တော့မလို ဖြစ်လာလေရာ ကူကယ်ရာမဲ့သွားခဲ့သည်။ တစ်စုံ တစ်ယောက်က အဆင့်တက်တော့မည့်အခါ နည်းလမ်းတစ်ချို့သုံး၍ ရလဒ်ကောင်းရအောင် လုပ်တတ်ကြသည်။
သူ့အဖို့ကတော့ ဘာသုံးစရာနည်းလမ်းမှ မရှိလေရာ အဆင့်တက်သွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေရတော့သည်။
“လခွမ်း… မဖြစ်သေးဘူး တစ်ခုခုလုပ်ရမယ်”
သူ့ခန္ဓာကိုယ်ကို သူပိုင်သည်။ သူတစ်ယောက်တည်းသာ လုပ်ချင်သလိုလုပ်မည်။
သူ့ကိုယ်ကို ငုံ့ကြည့်လိုက်ပြီး “မင်းအဆင့်တက်ချင်တိုင်းတက်လို့ရမယ် ထင်နေလားကွ… ရှီးးး မှမရဘူး”
၎င်းကို ဖိနှိပ်လိုက်သည်။ သူ့ဒန်ထျန် တစ်ခဏသာတာ ငြိမ်ကျသွားပြီး ဆက်လက်၍ အနီးနား၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို အငမ်းမရစုပ်ယူလိုက်တော့သည်။
စုရှောင်ရှန်စွံ့အသွားရသည်။
“ထားလိုက်ပါတော့။ ဒီလို မဖိနှိပ်န်ိုင်တော့တဲ့အခြေအနေရောက်လာမှတော့လဲ ဘာတတ်နိုင်တော့မှာလဲ”
ထို့နောက် အဆင့်တက်မှု အောင်မြင်မှုနှုန်းကိုတိုးပေးသည်ဟု သိရသော ဗိုလ်ဆွဲသွားတုန်းက ရလိုက်သည့် စစ်မှတ်ခြင်းနယ်ပယ် ဆေးလုံးကို စုရှောင်ရှန်ထုတ်ယူလိုက်သည်။
စုရှောင် ထိုဆေးလုံးကို လိုလောက်မည်ဟုမထင်သော်လည်း မသုံးစွဲလျှင် သိုလှောင်လက်စွပ်ထဲ၌ ဖုံကပ်နေတော့မည်ဖြစ်သဖြင့် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည့် အသက်ကို အသာအယာ ရှိုက်လိုက်သည်။ ထို့နောက် ဆေးလုံး၏ စွမ်းအင်များ အငွေ့စီးကြောင်းတစ်ခုအဖြစ် သူ့ကိုယ်ထဲကိုစီး၀င်သွား၏။
သူ့ခန္ဓာကိုယ်က အဆင့်တက်နေတာကို ဒီတိုင်းဘာမှ မလုပ်ဘဲ ရပ်ကြည့်မနေနိုင်ပါလေ။
ဆေးလုံးသူ့ကိုယ်ထဲကို၀င်သွားသည်နှင့် ဂယက်ထနေသော အတွေးမျာပျောက်ကွယ်သွားပြီး စိတ်အေးသွားသည်ဟုခံစားလိုက်ရတော့သည်။ ထို့နောက် သူ့ဒန်ထျန်ကိုသာ အပြည့်အ၀ အာရုံစိုက်လိုက်တော့၏။
“တကယ် အသုံး၀င်သားပဲ” စုရှောင်ရှန် အပြည့်အ၀ အာရုံစိုက်နေသည့် အခြေအနေမှ ပြန်ထွက်လိုက်ပြီးနောက် အရင်းအမြစ်များကို မဖြုန်းတီးသင့်ဟုတွေးမိပြီး ကျင့်ကြံခြင်းကို ပြန်လုပ်လိုက်သည်။
သူ့ဒန်ထျန်ထဲနှ စွမ်းအင်လှိုင်းလုံးများက အင်မတန်ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာကောင်းစွာ ဂယက်ထလာသည်။ ထို့နောက် ထိုလှိုင်းများငြိမ်ကျသွားပြီး ဆူနာမီကြီးတစ်ခုဖြစ်ပေါ်လာတော့၏။
သူ့စိတ်ဝိညာဉ်အနှစ်များက ခန္ဓာကိုယ်ကို အားအင်ဖြည့်ဖို့ တဖြေးဖြေးကုန်ခမ်းလာခဲ့သည်။ သို့ဖြင့် အကြောအခြင်များ ပြေလျော့ကုန်ကာ ညည်းမိတော့မလိုတောင်ဖြစ်သွားသည်။
အထက်မှ ရွှေရောင်အလင်းတစ်ခု သူ့ဒန်ထျန်အပေါ် ကျလာ၏။
လေးဘက် လေးလံမှ မန္တန်ရွတ်ဖတ်သလို အသံများ ပေါ်လာပြီး မဟာလမ်းစဉ်က သူ့မျက်စိရှေ့၌ ရှင်းရှင်းလင်းလင်းပေါ်လာခဲ့သည်။ သို့သော် ၎င်းကိုလက်လှမ်းလိုက်ချိန်တွင် သူမြင်ချင်သလို ကမ္ဘာကြီး၏ နိယာမများမရှိသည့် ဘာမှမရှိသော ဟင်းလင်းပြင်ကြီးကိုသာတွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူ့ကိုယ်က အနက်ရောင်စုပ်ခွက်ကြီးတစ်ခုလို စိတ်ဝိညာဉ်စွမ်းအင်များကို ကြမ်းကြမ်းတမ်းတမ်း စတင် စုပ်ယူတော့သည်။
ထိုစိတ်ဝိညာဉ်စွမ်းအင်များကိုစုပ်ယူရင်း စိတ်ဝိညာဉ်အနှစ်များက ထိုထိုးကျနေသော ရွှေရောင်အလင်းအောက်တွင် ဖောက်မြင်နိုင်သလိုဖြစ်လာခဲ့သည်။ ထို့နောက် မူလအဖြစ်ကိုပြန်သွားကြ၏။
စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၁၀) ခုစလုံး သူ့ဒန်ထျန်ထဲကိုပြန်၀င်ကာ ရွှေရောင်နဂါးကြီးလိုရွှေရောင်အလင်းအောက်မှာ စစ်မှန်ခြင်းနယ်ပယ်သို့ပြောင်းကုန်ကြသည်။
သူ့ဒန်ထျန်မှ ကြောက်မက်ဖွယ်ရာအတိဖြစ်သော စိတ်ဝိညာဉ်စွမ်းအင်များ ၀န်းကျင်တစ်ခုလုံးကို ပေါက်ကွဲပြန့်နှံ့ထွက်လာပြီး အနက်ရောင်ချောက်ကမ်းပါးရှိ စိတ်ဝိညာဉ်မြူခိုးများကို တိုက်ခတ်သွားစေသည်။
မသိစိတ်က အဆင့်မြင့်တစ်ခုကို ရောက်သွားသလို သူ ရောက်ရှိသည့်နယ်ပယ်အတွင်း သူ့ဝိညာဉ်ကို လုံးလုံး စုပ်ယူလိုက်သည်။ မဟာလမ်းစဉ်ကို မရောက်နိုင်သေးဘူးဆိုပေမယ့် ၎င်းနှင့် အချိတ်အဆက်ဖြစ်သွားတာတော့ ခံစားလိုက်ရသည်။
အလင်းပေါက်နေသည့် ဖြစ်စဉ်ပြီးသွားလေသည်။ စုရှောင်ရှန် မျက်ခုံးအလယ်က သူ့အတွင်းစိတ်အနက်ရှိုင်းဆုံးအပိုင်းကို အာရုံစိုက်လိုက်သည်။
“အခု ငါစစ်မှန်ခြင်းနယ်ပယ်ကိုရောက်ပြီဆိုတော့ မူလနန်းတော်ကို ဖွင့်ရမယ့်အချိန်ပဲ”
သူ့ဒန်ထျန်ထဲတွင် တည်ငြိမ်သွားပြီဖြစ်သော စိတ်ဝိညာဉ်အနှစ်များ တဖန် သူ့မျက်ခုံးအလယ်ကို ရပ်ဆိုင်းခြင်းမရှိ ထိုးတက်သွားကြသည်။
စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သောအခါ ပိတ်ထားတာကြာပြီဖြစ်ဟန်ရသော တံခါးကြီးတစ်ခုက သူ့စိတ်ထဲတွင် ရေးရေးလေးပေါ်လာတော့သည်။ စိတ်ဝိညာဉ်အနှစ်များဖြင့် ထိုတံခါးကြီးကို ရိုက်ခတ်လိုက်သည်။
ဘုန်း…။
အဆိုပါ တံခါကြီးက စိတ်ဝိညာဉ်အနှစ်များကြောင့် ဘုန်းဟူ၍ မြည်သံဖြင့် တစ်ချက်တည်း ပွင့်ထွက်သွားရာ သူ၏ စိတ်တစ်ခုလုံး လှုပ်ရှားတုန်ခါသွားသည်။
အလွန်လွယ်ကူနေလေရာ စုရှောင်ရှန် နေမထိထိုင်မသာဖြစ်လာတော့သည်။
“မလွယ်လွန်းဘူးလား…”
တံခါးကြီးပွင့်ထွက်သွားရာ မူလနန်းတော် ပေါ်လာသည်။
ထိုနန်းတော်ကြီးက သူ့မျက်စိတစ်ဆုံးကို တိုးချဲ့ဖြစ်ပေါ်လာခဲ့သည်။ သူ့ဝိညာဉ်အရင်းအမြစ်တောင် ထိုနန်းတော်အကြား ကူးခတ်သွားနေတာ မြင်ရ၏။
စိတ်ဝိညာဉ်စွမ်းအင်များ ထိုမူလနန်းတော်အတွင်းတိုး၀င်ပေါင်းစပ်သွားရာ နန်းတော်ကြီးက ချက်ခြင်းဆောက်လုပ်ပြီးစီးသွားသည်။
စိတ်ဝိညာဉ်အာရုံ။
၎င်းက သူ၏ [အကြားအမြင်] နှင့် ဆင်တူဟန်ရသလိုလိုနှင့် ကွဲပြားသည်။
အကြားအမြင်က ထိုအခိုက်အတန့်၌ သူ၏ ပတ်လည်(၁၀) မီတာအတွင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ပုံဖော်ပြပေးနိုင်ကာ စိတ်ဝိညာဉ်အာရုံကတော့ ကီလိုမီတာ အနည်းငယ် တစ်ဝိုက်အတွင်း ရှိသည့်အရာများကို ဖော်ပြသည်။
သူတို့နှစ်ခုအကြားမှ ကွဲပြားချက်က အကြားအမြင်က အရောင်အသွေးစုံလင်အောင်ဖော်ပြပြီး စိတ်ဝိညာဉ်အာရုံကတော့ အကြမ်းဖျင်းသာဖော်ပြခြင်းဖြစ်သည်။
တစ်ခုနှင့်တစ်ခု ပဠိပက္ခမဖြစ်သည့်အတွက်ကိုပဲ ကျေးဇူးတင်ရမည်။ ထိုအာရုံခံသည့် စွမ်းရည်နှစ်ခုက တစ်ခုနှင့်တစ်ခု ဖြည့်ဖက်ပေး အသုံးပြု၍ရတာကြောင့် သူ့အတွက်တော့ ကောင်းတာဖြစ်သည်။
ထိုအဆင့်တက်ခြင်းဖြစ်စဉ်က အချိန်အတော်ကြာမြင့်သွားသည့်ဟန်ရသော်လည်း တကယ်က စက္ကန့်ပိုင်းအတွင်းပြီးဆုံးသွားလေသည်။ သူ့အရှိန်အဝါလည်း စတင်ခြင်းနယ်ပယ်မှ စစ်မှန်ခြင်းနယ်ပယ်သို့ အဆင့်တက်သွားပြီး လုံး၀ အသွင်ပြောင်းလဲသွားသည်။
သူ့ကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ အလုံးအရင်းနှင့် ၀င်ရောက်နေကြစဲဖြစ်သည်။ သူ၏ မူလနန်းတော်ကို မျှော်လင့်နေသော အကြည့်များဖြင့် စုရှောင်ရှန် အာရုံစိုက်ထားလိုက်၏။
ထိုနန်းတော်၏ အလယ်ဗဟို၌ လူရိပ်တစ်ခုလို ဝေဝေဝါးဝါးအရာတစ်ခုရှိသည်။ ၎င်းက သူ၏ ဝိညာဉ်အရင်းအမြစ်ဖြစ်၏။
ထိုပုံရိပ်က စိတ်ဝိညာဉ်စွမ်းအင်များကို အင်မတန်လျှင်မြန်သော နှုန်းထားဖြင့်စုပ်ယူနေလေရာ မကြာခင် ရှင်းရှင်းလင်းလင်း ပုံပေါ်လာတော့သည်။
သူ့မူလနန်းတော်တုန်ခါသွားပြီး ထိုဝိညာဉ်အရင်းအမြစ်မှ အရောင်အသွေးစုံလင်သော အလင်းတန်းများ ကောင်းကင်သို့ပျံတက်သွား၏။
“စစ်မှန်ခြင်းနယ်ပယ် ဓာတ်စွမ်းအင်… ဘာဖြစ်မလဲမသိဘူး” လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး စုရှောင်ရှန်၏ မျက်၀န်းများက မျှော်လင့်ချက်ရောင်ခြည်တို့ဖြင့်ပြည့်နေသည်။
ထိုအလင်းတန်းများအတွင်း အခြားအလင်းတန်းများထက် လုံးပတ်လည်းကြီးပြီး အရောင်လည်းရင့်သည့် အနီရောင်အလင်းတန်းက ကျစ်ကျစ်တောက်ပူနေသည် စွမ်းအင်များထုတ်လွှတ်နေသည်ကို တွေ့ရသည်။
“မီးဓာတ်စွမ်းအင်လား”
စုရှောင်ရှန်အလွန် စိတ်လှုပ်ရှားသွားသည်။”မီးဓာတ်စွမ်းအင်နဲ့ အခြား အရောင်လေးရောင်။ ငါ ဓာတ်ကြီးငါးပါးစွမ်းအင်ကိုရတော့မှာလား။ ငိငိ… ငါ စုရှောင်ရှန် က နှစ်တစ်ထောင်မှာ တစ်ခါတွေ့ရတဲ့ ပါရမီရှင်ပဲကွ။ ငါက ဓာတ်ကြီးငါးပါးစလုံးကို…”
စုရှောင်ရှန်၏ စိတ်လှုပ်ရှားမှုများ ကြာကြာမခံလိုက်ပါ။ အနီရောင်ဖန်သားပြင်တစ်ခု ထိုအလင်းတန်းများ၏ အထက်၌ ပေါ်လာပြီး ဧရာမ ပါးစပ်ကြီးဖွင့်လိုက်သလို ထိုအလင်းတန်းများကို ဖုံးအုပ်ဝါးမျိုသွားသည်။
စုရှောင်ရှန် မှင်တက်သွားသည်။
“ထွေးထုတ် ဟေ့ကောင် ပြန်ထွေထုတ်စမ်း ငါ့ဓာတ်စွမ်းအင်တွေ။ လခွမ်းမို့လို့ ငါ့ပင်ကိုယ်ဓာတ်စွမ်းအင်တွေကို စားပစ်လိုက်တာလား။ မင်းကဘာဖြစ်လို့ ရုတ်တရက်ကြီး ထာလာပြီး ငါ့ဓာတ်စွမ်းအင်တွေကိုစားပစ်လိုက်တာလဲ လခွေးမှ စနစ်”
စုရှောင်ရှန် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဒေါသူပုန်ထနေပြီး စနစ်ကိုတောင် ဖျက်ဆီးပစ်လိုက်ချင်စိတ်များပေါ်လာတော့သည်။ သို့သော် ဘာမှ မလုပ်နိုင်လိုက်ပါပေ။
စိတ်ဝိညာဥ်စွမ်းအင်များကို ထိန်းချုပ်ပြီး ထိုအနီရောင်ဖန်သားပြင်ကြီးကို လေးကြိုးမှ ပစ်လွှတ်လိုက်သောမြှားအလား ပစ်လိုက်သော်လည်း ၎င်းကိုသာဖြတ်သန်းသွားပြီး ဘာမှမပြောင်းလဲသွားပါချေ။
“လခွမ်းလိုမှ… ချလို့လည်းမရဘူး”
အရာအားလုံးကိုစားပြီးသည့်နောက် အနီရောင်ဖန်သားပြင်ကြီး ဘာမှ ပြောကြားခြင်း၊ ပြုလုပ်ခြင်းမပြုပါဘဲ ထွက်ခွာသွားသည်။
ထိုအခိုက်အတန့်၌ သူ၏ ဝိညာဉ်အရင်းအမြစ်က တစ်စုံတစ်ခုကို ထိန်းချုပ်ထားရသည့်အလား တုန်ရင်လာခဲ့ပြီး နောက်ဆုံး အဖြူရောင်အလင်းတန်းတစ်ခုကို ထပ်ပစ်လွှတ်လိုက်သည်။
“တစ်ခုခု ကျန်သေးတာလားဟ”
စုရှောင်ရှန် အံ့အားသင့်သွားပြီး ဓာတ်စွမ်းအင်ကို နှစ်ကြိမ်နိုးထနိုင်တာ သူက ပါရမီရှင်တွေကြားက တကယ့် ပါရမီရှင်လားလို့တွေးလိုက်သည်။
ထိုအဖြူရောင်အလင်းတန်းက ပထမ အရောင်ငါးခုထက် ပါးလွှာပြီး အထင်ကြီးစရာမကောင်းသော်လည်း ထိုမှ ထုတ်လွှတ်နေသည့် ဓားဆန္ဒက အခြား အရောင်(၅) ခုကို လုံးလုံးဖိနှိပ်ထားသည်။
“ဟားဟား… ငါစုရှောင်ရှန်က စနစ်ရဲ့ ဖိနှပ်တာကိုခံလိုက်ရပေမယ့် တစ်ခါမှ မမြင်ဖူးတဲ့ တကယ့် ပါရမီရှင်စစ်စစ်ပဲကွ။
စုရှောင်ရှန် ခါးထောက် အနောက်ကော့ပြီး ဗလုံးဗထွေး ရယ်လိုက်သည်။ ထို့နောက် ကောင်းကင်ကြီးကို ပြက်ရယ်ပြုမလိုကြံရာ “ဟားဟားဟား… ဟမ်။ လခွမ်း ဘာလုပ်နေတာလဲ ရပ်လိုက်စမ်း”
အနီရောင်ဖန်သားပြင်ကြီးက သူ့ပါရမီကြောင့် အံ့အားသင့်သွားသည့်အလား ချက်ခြင်းပြန်ပေါ်လာခဲ့သည်။
ထိုသဏ္ဌာန်မဲ့သလို ပါးစပ်ကြီးထပ်ဖွင့်လာပြီး အဖြူရောင်အလင်းတန်းကိုဝါးမျိုကာ ပြန်ပျောက်သွားသည်။
“ဠီးပဲ”
စုရှောင်ရှန် ဒေါကန်သွားသည်။
“ငါ့ပင်ကိုယ်ဓာတ်စွမ်းအင်လေးတွေ အကုန်အစားခံလိုက်ရပြီ”
ထိုအခိုက်အတန့်၌ စုရှောင်ရှန် သစ္စာဖောက်ခံလိုက်ရသလို ခံစားနေရသည်။ သူ့အမုန်းတရားက ကောင်းကင်ကိုတောင် ထိုးဖောက်သွားနိုင်လောက်၏။
သို့သော် သူဘာမှမလုပ်နိုင်ပါလေ။ ကောင်းကင်ကိုသော အသက်မဲ့နေသော မျက်လုံးကြီးဖြင့် ငူငူကြီးစိုက်ကြည့်နေလိုက်သည်။ သူ့ဓာတ်စွမ်းအင်များအကုန်စားသုံးခံလိုက်ရလေပြီ။
စုရှောင်ရှန် ငိုချင်သလိုလို မျက်ရည်များရွှန်းလဲ့လာနေရင်းမှ သူ၏ ဝိညာဉ်အရင်းအမြစ် စတင်တုန်ခါလာတာကို မြင်လိုက်ရသည်။
“လခွမ်း ရှိသေးတယ်လားဟ”
စုရှောင်ရှန် ပျော်သွားသည်။ ဝိညာဉ်အရင်းအမြစ်က ဒေါသကြောင့် တုန်ခါသလိုလို တဆတ်ဆတ်တုန်ခါနေပြီး မှုန်ဝါးလာကာ ဘာမှ မထုတ်လွှတ်လိုက်ပါပေ။
“မတရား အနိုင်ကျင့်ခံတာ မခံနိုင်ဘူးပေါ့”
စုရှောင်ရှန် အလိုလိုနေရင်း အလွန်ခံပြင်းလှသော ဒေါသတို့ကို အရင်းအမြစ်မှခံစားလိုက်ရကာ ၎င်းက အနက်ရောင်ဖန်သားပြင်ကြီးထွက်သွားသည့် ဘက်သို့ ထိုးတက်သွားတာကို မြင်လိုက်ရသည်။
စုရှောင်ရှန် ပျာယာခတ်သွားပြီး သူ့ဝိညာဉ်အရင်းအမြစ်ကို ချက်ခြင်း တားလိုက်၏။
“မလောနဲ့ဟ… မင်းကော အစားခံလိုက်ရရင် ဘယ်လိုလုပ်မလဲ” သူ့ဝိညာဉ်မည်မျှ မှုန်ဝါးဝါးဖြစ်နေသည်ကို မြင်သော စုရှောင်ရှန် ငိုချင်မိသွားသည်။
“မှတ်ထား… မှတ်ထား ငါ့ညီ”
အနီရောင်ဖန်သားပြင်ထွက်သွားသည့်ဘက်သို့ စိတ်ဝိညာဉ်အာရုံကိုဖြန့်ကျက်ရင်း လက်ညှိုးထိုးကာ အသံတစ်ဆုံးအော်လိုက်သည်။
“အဲ့ဒီအနီရောင်ဖန်သားပြင်က ငါ့တို့ရန်သူပဲ။ အနာဂါတ်မှာ ငါတို့သန်မာလာရင် လက်စားချေရမယ်။ အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်”
“ခုတော့ စိတ်လျော့ထားဦး။ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်တဲ့…”