အပိုင်း (၁၃၁) ဓားလက်ချောင်း၏ စွမ်းပကား
ထိုသို့တွေးလိုက်မိသော စုရှောင်ရှန် မှင်တက်သွားသည်။။ သူ့ကိုယ်သူ စိတ်လျော့လိုက်ပြီးနောက် ဓားထိပ်သီးနှင့်ပတ်သက်သည့်အရာများအားလုံးကို ပြန်စဉ်းစားကြည့်လိုက်သည်။
သူ့ဓားဆန္ဒက ဓားထိပ်သီးကြောင့် နားလည်သဘောပေါက်သွားပြီး ရရှိခဲ့ခြင်းဖြစ်လေသည်။ သို့ဖြင့် ဓားထိပ်သီးမှ တစ်ခုခု ရမလား မျှော်လင့်နေ၏။
“တကယ် အဆင့်ထပ်မြှင့်လို့မရသေးတာ နာတယ်ကွာ။ နောက်တစ်ဆင့်သာထပ်မြှင့်လိုက်နိုင်ရင် ဒီပြဿနာကို တန်းပြီးတော့ ဖြေရှင်းနိုင်မှာပဲ”
ဓားထိပ်သီးက အဆင့်တက်တိုင်းမှာ များပြားသော အသိအမြင်ပမာဏကြီးကိုပေးသည့်အတွက် သူကြုံတွေနေရသည့် ပြဿနာများကို ဖြေရှင်းနိုင်လေသည်။ သို့ဖြင့် အဆင့်တက်လိုက်ခြင်းမှ အသိအမြင်များကို ချက်ခြင်းမချေဖျက်နိုင်လျှင်တောင် အဆင်ပြေသေးသည်။
သို့သော် ကံဆိုးစွာဖြင့် [အဆင့်(၂) စွမ်းရည်] မှတ်ဟူသည့် အကွက်က ၀ယ်ယူ၍မရနိုင်သေးကြောင်းကို မီးခိုးရောင်ဖြင့်ပြသထား၏။ သို့ဖြင့်လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ခက်နေသည်။
စုရှောင်ရှန် အရှုံးတော့မပေးလိုက်ပါ။ အချိနာရီပေါင်းများစွာကြာအောင် အဖြေရှာနေပြီးတဲ့နောက်မှာ ပြဿနာကို အရင်းမဖြေရှင်းနိုင်သေးသော်လည်း သူ့မဟုတ်တရုတ် အကြံတစ်ချို့အတွက်တော့ လမ်းစရသွားသည်။
“အတွင်းမှ အပြင်ကို သွားတဲ့နည်းနဲ့ဆို အလုပ်ဖြစ်ရင်ဖြစ်မှာ။ ကြာပါတယ် စမ်းကြည့်ရအောင်”
စုရှောင်ရှန် အနက်ရေတံခွန်အောက်ကို ပြန်ခုန်၀င်သွားခဲ့သည်။ သို့သော် ဓားဆန္ဒကို ဖြန့်ထုတ်လိုက်မည့်အစား ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ပြီး သူ့ကိုလာခုတ်ထစ်နေသည့် အဖြူရောင်ဓားစွမ်းအင်များကို အပြည့်အ၀ခံစားလိုက်သည်။
ပါးလွှာသော ဓားစွမ်းအင်များသူ့ကို လာရိုက်နေကြရင်း စွမ်းအင်တစ်ကြောင်း ဘေးသို့ ရှောင်တိမ်းသွားလေသည်။ ထို့နောက် ဒုတိယ၊ တတိယ…
စုရှောင်ရှန်၏ အထက်မှ ကြပ်ထုပ်နေသော ဓားစွမ်းအင်များကျလာနေသည်။ သို့သော် တစ်ခုမှ သူ့ကို ခြစ်ရာထင်အောင်တောင်မလုပ်နိုင်ပါဘဲ ဘေးသို့ရှောင်ခွင်းသွားကြ၏။
စုရှောင်ရှန် တစ်ချိန်လုံးမျက်စိမှိတ်ထားသော်လည်း ပျော်ရွှင်မှုကြောင့် ကွေးတက်နေသော နှုတ်ခမ်းများကိုတော့ ထိန်းမရဖြစ်နေသည်။
“ဓားဆန္ဒဆိုတာဒါပဲ” စုရှောင်ရှန် ပျော်ပျော်ရွှင်ရွှင် တွေးလိုက်သည်။
စုရှောင်ရှန်က ဓားဆန္ဒကိုအတွင်းမှာ ကိန်းအောင်းနေစေလိုက်ခြင်းဖြစ်သည်။ သို့တောင် ဓားစွမ်းအင်များ သူ့ကို ထိခိုက်အောင်မလုပ်နိုင်ပါတော့လေ။
“မျက်နှာဖုံးတပ်နဲ့လူပြောတာမှန်နေတယ်။ ဓားဆန္ဒကို တစ်ကယ်ကျွမ်းကျင်သွားတဲ့လူကို ဘယ်သူမှ ဓားနဲ့ တိုက်ခိုက်ရဲမှာမဟုတ်ဘူးတဲ့… ဘာလို့ဆို ‘မင်းရဲ့ဓားက ငါ့ရဲ့ ဓား’ ဖြစ်လာလို့ပဲ”
စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်နေသည့် မျက်နှာကို မနည်းပြန်တည်လိုက်သည်။ ဤသို့သော ဆန္ဒ၏ တကယ့် စွမ်းပကားကို နားလည်လိုက်သောအခါ “ဆန္ဒ” က တိကျသည့် တိုက်ကွက်များပါသော “ပုံစံ” ထက် ပို၍ သန်မာသည်ကိုသိလိုက်ရသည်။
ထို့နောက် သူ၏ ဆန္ဒကို ဖြည်းဖြည်းခြင်း ကိုယ်ခန္ဓာ အပြင်ပန်းကို ဖြန့်ထုတ်လိုက်သည်။ ကြွက်သားများမှ အရည်ပြားအထိ ရောက်ဖို့ အချိန်က အဆုံးမရှိသည့် ချောက်နက်ကြီးထဲမှ ထွက်နေရသည်နှင့်ဆင်တူနေသည်။
စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ အခုရေတွင်းတူ အခု ရေကြည်သောက်လို့တော့ ဘယ်ရမလဲ။
အဖြူရောင်ဓားစွမ်းအင်များကို သူ့မပေါ်မကျရောက်အောင် ဖယ်ထုတ်ရင်း သူ့စမ်းသပ်မှုကိုဆက်လိုက်သည်။ သို့ဖြင့် လာနှောက်ယှက်မည့် အရာတစ်ခုမှ မရှိတော့ရာ နှောင်ဖွဲ့ခြင်းကင်းသလို ငူငူကြီး မှင်သေနေသည့် အခြေအနေကို ရောက်သွားတော့သည်။
၎င်းက လျှပ်တပြင်အတွင်းလောက်သာ ကြာမြင့်လိုက်သော်လည်း ခံရသူအဖို့တော့ အလင်းနှစ်သန်းပေါင်းချီ၍ ကြာသည့်အလားပင်။
စုရှောင်ရှန် ပုံရိပ်ယောင်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုထဲတွင် စတင်ခြင်းနယ်ပယ် ဓားဆန္ဒကို စတင်နားလည်ချိန်က လေလွင့်ရာသို့လားနေကြသော တိမ်တိုက်တိမ်ဆိုင်များကို ပြန်မြင်လိုက်၏။
“ငါဘယ်ရောက်နေတာ”
တိမ်တိုက်များပြန်ပေါ်လာသောအခါ သူ့ကိုယ်က တောင်မွှေးတစ်ခုအလား ပေ့ါပါးနေသလို ခံစားလိုက်ရသည်။ လေးလံသော ရေများဖြင့်ဖိခံနေရသော်လည်း သူကတော့ တိမ်များအကြားရောက်နေသည့်အလား။
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ဆင့်ခေါ်လိုက်ရာ ရွှစ်ကတည်း ပျံသန်းလာသည်။
၀ုနျးးးးး…။
အနက်ရောင်ချောက်ကမ်းပါးတစ်ခုလုံး သူ၏ နယ်မြေမှာ ခြောက်လှန့်ခံလိုက်ရသည့်အတွက် ဒေါသထွက်သွားသော ကျားအလား အပြင်းအထန် တုန်ခါသွားခဲ့၏။ ထို့နောက် အဆုံးမရှိသော ဓားစွမ်းအင်တို့ သူ့အပေါ်ကျလာကြတော့သည်။
ရွှစ် ရွှစ် ရွှစ်
ဓားချက်အားလုံးလွဲသည်။
သူ့မျက်လုံးများကိုဖွင့်ပြီး အပေါ်သို့ မော့ကြည့်လိုက်၏။
သူ့၀န်းကျင်တစ်ခုလုံးတုန်ခါလာ၍ ကောင်းကင်မှ စိတ်ဝိညာဉ်ချီများကလည်း နဂါးတစ်ကောင်အလား ပုံပေါ်လာကာ ဟိန်းလိုက်ကြပြီးနောက် သူ့ဒန်ထျန်ထဲ လေကိုခွင်းပြီး ၀င်သွားကြသည်။ ထို့နောက် ဓားဆန္ဒက ငွေရောင်မြူခိုးများ အသွင်ဖြင့် လေးကန်စွာ ထွက်လာကြသည်။
သူ့ကိုယ်မှ အဖြူရောင်အငွေ့များမှာ မီးခိုးငွေ့ပမာ လေထက်ပေါ့ရာ အထက်သို့ တက်သွား၏။
စုရှောင်ရှန် မဟာလမ်းစဉ်ကို တစ်စွန်းတစ်မြင်လိုက်ရသလို့ ခံစားလိုက်ရသည်။ ထိုမဟာလမ်းစဉ်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အနက်ရောင်ဓားတစ်ချောင်းသာ သူ့ရှေ့၌မြင်လိုက်ရ၏။
စုရှောင်ရှန် အသိစိတ်ပြန်လည်လာသောအခါ အနက်ရောင်ချောက်ကမ်းပါးတစ်ခုလုံးက သူ့ထံ ဓားစွမ်းအင်များ ဒေါသတကြီး ပစ်လွှတ်နေသည်ကို မြင်လိုက်ရသည်။ သို့သော် ထိုတိုး၀င်လာနေသော ဓားစွမ်းအင်များကို သူ့ကိုယ်မှ ထွက်နေသော “အဖြူရောင်တိမ်တိုက်” လိုအရာက အေးဆေး လမ်းလွှဲပေးလိုက်၏။
ထိုအဖြူရောင်မြူခိုးများက တစ်ဖြေးဖြေး ဝေဝါးလာရင်း နောက်ဆုံးတော့ လုံး၀အတိ ပျောက်ကွယ်သွားသည်။
စုရှောင်ရှန်၏ မျက်နှာအမူအရာ ပျော်ရွှင်ခြင်းပြရုပ် တစ်ခု ပြန်ဖြစ်သွားသည်။
“ဓားဆန္ဒနဲ့ ထိန်းချုပ်ခြင်း… ဟုတ်ပြီကွ”
စုရှောင်ရှန် လက်နှစ်ချောင်ကို ထောင်ထားရင်း အနက်ရောင်ရေတံခွန်ထဲမှ ထွက်လိုက်ကာ လေထဲ၌ ပျံဝဲနေလိုက်သည်။
“ဓားဆန္ဒနဲ့ထိန်းချုပ်နိုင်တယ်ဆိုတာ အချဉ်မှ မဟုတ်တာ… မမြင်နိုင်ဘူးဆိုပေမယ့် ရှိကြောင်းကို ငါခံစားလို့ရနေတယ်”
စုရှောင်ရှန် လက်နှစ်ချောင်းကို သာမန်ကာရှန်သာ ထောင်ထားသော်လည်း ဓားထုတ်ဓားကွက်နှင့် ယှဉ်လို့ရသည့် ကြောက်မက်ဖွယ်ရာအတိဖြစ်သော ဓားဆန္ဒမျာထွက်လာခဲ့၏။
ဘုန်းးး…။
ဓားဆန္ဒက အနက်ရောင် ရေတံခွန်ကြီးကို ပိုင်းဖြတ်လိုက်သည်။ သို့ဖြင့် အောက်သို့ကျနေသောရေက အဆက်ပြတ်သွားပြီး (၂) စက္ကန့်လောက်ကြာမှ ပြန်ကျတော့၏။
ဘုန်းးးး…။
ထို့နောက် လက်(၁၀) ချောင်းစလုံးဖြင့် စုရှောင်ရှန် ကြိုးပမ်းလိုက်သည်။ အပေါ်သို့ မြှောက်ပင့်လိုက်ရာ ရလဒ်က အနက်ရောင်ရေတံခွန်အထက်သို့ ပြောင်းပြန်စီးဆင်းသွားပြီး အချိန်တစ်ခုကြာမှ အောက်သို့အတည့်ပြန်ကျလာ၏။
“ကြမ်းထော်နေတာပဲ… ဓားကွက်တွေ ဘာညာ မလိုဘူးဆိုတာ ခုမှ သဘောပေါက်တော့တယ်။ ဒီလို စွန်းကြမ်းတဲ့ ဓားဆန္ဒနဲ့သာဆိုရင် ဘာနည်းစနစ်မှကိုမလိုတော့တာ။ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ပွဲပြီးသွားရော”
ဓားကိုနားလည်သဘောပေါက်ခြင်း အဆင့်တက်သွားသလို စုရှောင်ရှန် ခံစားလိုက်ရသည်။ သူ့ဓားဆန္ဒက စစ်မှန်ခြင်းနယ်ပယ်မှ အဆင့်တက်သွားခြင်းကို တော့မဆိုလိုပါ။ “လမ်းစဉ်” ကို နားလည်သဘောပေါက်သွားခြင်းမျိုးဖြစ်သည်။
ထိုမှ မျက်နှာဖုံးတပ်လူ “စစ်မှန်ခြင်းနယ်ပယ်” ကို ထိုစဉ်က ဆက်တိုက်အလေးပေးနေကြောင်းကို သတိရသွားသည်။ ကြည့်ရတာ မျက်နှာဖုံးတပ်နှင့်လူ လိမ်ညာနေသည့်ဟန်မရပါလေ။
ကတယ့်စစ်မှန်ခြင်းနယ်ပယ်က ၀န်းကျင်တစ်ခုလုံးကို အလုံးစုံ ဝင်နှောက်ယှက်ထိန်းချုပ်ခြင်းဖြစ်သည်။
စစ်မှန်တဲ့ ဓားလက်ချောင်းဆိုတာလည်း လက်ချောင်းကဓားဖြစ်ပြီး ဓားကလက်ချောင်းဖြစ်ခြင်းကိုဆိုလိုသည်။
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ကိုင်ပြီး လေထဲ၌ ဝှေ့ရမ်းလိုက်ရာ ဓားဆန္ဒများတိမ်ဆိုင်များအတွင်း ပျောက်ကွယ်သွားတော့၏။
သူ့ဒန်ထျန်ထဲမှ စိတ်ဝိညာဉ်အနှစ်များ ထိုဆက်တိုက် တိုက်ကွက်များပြီးနောက်တောင် တစ်စက်တစ်လေမှ မလျော့သွားပါပေ။ စိတ်ပင်ပန်းနွမ်းနယ်ရုံသာရှိလေသည်။
ပျော်ရွှင်မှု၊ အံ့အားသင့်မှု စသဖြင့် ခံစားချက်ပေါင်းစုံသူ့ကိုလာရိုက်ခတ်သည်။
ထိုမှ “ဓားဆန္ဒသက်သက်တည်းဖြင့်တိုက်ခိုက်ခြင်း” လမ်းစဉ်က အဘယ်ကြောင့် စိတ်ဝိညာဉ်အနှစ်များ မလိုအပ်လဲ သဘောပေါက်တော့သည်။
ယခင်က ဓားထုတ်ဓားကွက်ကိုသုံးတိုင်းမှာ စိတ်ဝိညာဉ်အနှစ်များစွာ ကုန်ဆုံးရပြီး လမ်းမှန်ပေါ်မှ သွေဖယ်နေကြောင်းသိတော့သည်။
“ငါက သဏ္ဌာန် ကိုပဲလိုချင်တာမဟုတ်ဘူး။ အဲ့တာကိုပါ ထက်အောင် သွေးချင်တာ”
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ပြန်သိမ်းလိုက်ပြီး သူ့လက်ချောင်းများကို ကြည့်လိုက်သည်။
ဓားလက်ချောင်း (၁၀) ခန်းကို ကျွမ်းကျင်ပြီးမှသာ “သာမန် အတွေးစွမ်းအင်” ဆိုတာ ဆန္ဒနှင့် အရှိန်အဝါအကြားတည်ရှိသည့် အခြေအနေတစ်ခုဖြစ်ကြောင်းသိရတော့သည်။
၎င်းက သဏ္ဌာန်အတိအကျမရှိပေမယ့် ထိတွေ့ကိုင်တွယ်နိုင်သည်။ အဓိက အချက်က သဏ္ဌာန်တွင်မဟုတ်ဘဲ ထိုအရာကို ဘယ်လို ဖော်ပြမလဲဆိုတာမှာ ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် စောနက သူအသုံးပြုလိုက်သည့် တိုက်ကွက်များဖြစ်သည်။
သူ့ဓားဆန္ဒက မလှုပ်မရှားရှိနေမယ်ဆိုရင် သူ့လက်ချောင်းများကလည်း သာမန်လက်ချောင်းများသာဖြစ်သည်။ သူစိတ်ရှိလိုက်ပြီဆိုတာနဲ့ ဓားဆန္ဒတို့က ရွေ့လျားနိုင်သည့် အတွေးများဖြစ်လာတော့သည်။ သူ၏ လက်ချောင်းများက ထိုရွေ့လျားနိုင်သောအတွေးကြောင့် ဓားများဖြစ်လာတော့သည်။
ဤနေရာတွင် “အတွေး” ဟူသည့်ဖော်ပြချက်က တကယ်က “အရှိန်အဝါ” ဒါမှမဟုတ် “ချီ” ဖြစ်သည်။
သူ့ယခင်လမ်းစဉ်က “ဆန္ဒ” နှင့် “စွမ်းအင်” အကြားမှားသုံးနေပြီး “အတွေး” မပါရှ်ိပေ။ သို့ဖြင့် ထိုနှစ်ခုအကြား၌ လမ်းပျောက်နေပြီး လမ်းမှန်ပေါ်ပြန်တက်ရခက်ဖြစ်နေသည်။
မျက်နှာဖုံးတပ်နှင့်လူ အတွေး(ခ) ဓားဆန္ဒဖြင့် အကြီးအကဲကြီးကိုးဦးကို စိတ်ရှိသလို ဓားဆန္ဒကို ပုံဖော်ပြီး ဖမ်းချုပ်ခဲ့ခြင်းဖြစ်လေသည်။
စုရှောင်ရှန် လက်ဖျားခါသွားရသည်။ “သာမန် အတွေးစွမ်းအင်”က တယ်ကြောက်စရာကောင်းပါဘိတနှောနှင့်။
ထို “သာမန် အတွေးစွမ်းအင်” တို့ဖြင့် ပေါင်းစပ်ထားသည့် လက်ချောင်းများက တိတ်တခိုးနာကျင်ခြင်းထက် ပို၍ ချွန်ထက်လာတော့သည်။
“ဓားလက်ချောင်း(၁၀) ခန်းကို ဖန်တီးနိုင်တဲ့ ရှစ်ယောက်မြောက်ဓားနတ်ဘုရားက တကယ် အစွမ်းထက်လွန်းတယ်။ ဒီလို ဘယ်သူမှ မစဉ်းစားနိုင်တဲ့အရာကို ဘယ်လိုများစဉ်းစားမိသွားလဲမသိဘူး”
စုရှောင်ရှန် ခေါင်းငုံ့ကာ သူ၏ အဆင့်နိမ့်မှုကို၀န်ခံရပေမည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆင်းသက်ရန် ပြင်လိုက်သည့် အချိန်…။
“ဟမ်… မြေပြင်ပေါ်ကို… လခွမ်း… ငါလေထဲမှာလားဟ”
စုရှောင်ရှန် သို့မှ လေထဲ၌ ရောက်နေသည်ကိုသတိထားမိသွားတော့သည်။ ထို့ပြင် သူ့၀န်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကလည်း ယခင်ကလို မညှင်သာတော့ကာ သူ့စီကို အလုံးအရင်းဝင်လာကြ၏။
မသိလျှင် မီးထဲ၀င်တိုးနေကြတယ့် ပိုးဖလံများအလား။
ထိုအခြေအနေက မကြာလိုက်ပါ။ စုရှောင်ရှန် ဘာဖြစ်နေမှန်းသိသွားသည်။
သူ့ဒန်ထျန်တုန်ခါသွားပြီး သူ၏ စိတ်ဝိညာဉ်အနှစ်များ အဆိုင်အခဲများဖြစ်လာသည်။
“စစ်… စစ်မှန်ခြင်းနယ်ပယ် ရောက်တော့မယ်”