အပိုင်း (၁၃၀) အတွေးစွမ်းအား
“ယောက်ျားကွ။ ချကွာ”
စိတ်ပိုင်းဖြတ်ထားသော အကြည့်မျိုးဖြင့် ချောမွေ့သော ကွင်းပေါ်၌ စုရှောင်ရှန် ခေါင်းကိုကာထားရင်း ရပ်နေ၏။
သူ့တစ်ကိုယ်လုံးက သွေးသံရဲရဲဖြစ်နေသော်လည်း မမှုပေ။ တကယ့် ယောက်ျားဆိုတာ ဘယ်တော့မှ အရှုံးမပေးပါ။
စုရှောင်ရှန် ကြိုးစားနေတာ ယခုဆို (၁၂) ကြိမ်မြောက်ရှိပြီဖြစ်သည်။ ရေတံခွန်မှရေက သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ကောင်းမွန်သောနည်းလမ်းသာမက ထိုဓားစွမ်းအင်များကြောင့်လည်း နောက်တစ်ဆင့်ကို ရောက်ဖို့ တွန်းပို့ပေးနေသည်။ ဤသို့ ကျင့်ကြံလို့ရသည့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ပါပေ။
၁.၃၅ စက္ကန့်တိုင်းမှာရနေတဲ့ ပင်ကိုယ်မှတ်များစုစုပေါင်းကတော့… ဘယ်လိုပြောမလဲ ဒီလောက်အမှတ်နည်းနည်းလေးအတွက် ဒါတွေကိုလုပ်နေတာမဟုတ်ရဘူးနော်။
[ပင်ကိုယ်မှတ် : ၆၆၆၆]
ထန်းးး…။
စုရှောင်ရှန် လဲပြိုကျတော့မည့်စဲစဲ သူ့ရင်ဘက်ထဲမှ အပြင်းအထန်တုန်ခါနေသော ဆေးမီးဖိုအိုးသေးသေးလေးပေါ်လာသည်။ ၎င်း၏ တုန်ခါနှုန်းမှအားက စုရှောင်ရှန်ကို ရေတံခွန်စီမှ ကန်ထုတ်လိုက်၏။ ထို့နောက် သူ့လည်ပင်ရှိ သိုလှောင်လက်စွပ်ထဲသို့ မီးဖိုအိုးကြီးကို ပြန်ထည့်လိုက်သည်။
ကျင့်ကြံခြင်းကွင်းပြင်၏ ချောမွေ့သော မျက်နှာပြင်ကို အားကိုး၍ ရေကန်ထဲ အရေးပေါ်ပြန်ပြေးမဆင်းနိုင်ရာ သူ့ကိုယ်သူ ကယ်တင်ရန် နည်းလမ်းများထုတ်ထားလေသည်။ သူ့အသက်နှင့်တော့ လောင်းကြေးမထပ်ရဲပါလေ။
စုရှောင်ရှန် ရေကန်မျက်နှာပြင်၌ ငါးသေတစ်ကောင်လို မျောနေရင်း အချိန်အတော်ကြာ ပြန်သက်သာတော့မှ ကမ်းစပ်ကိုကူးသွားလိုက်သည်။
“ပင်ကိုယ်မှတ်တွေကိုကြည့်ပါဦး။ ဒီလေ့ကျင့်ခန်းက မလွန်လွန်းဘူးလားလို့”
သူ့ဒန်ထျန်ထဲကိုကြည့်လိုက်ရာ အနက်ရောင် ရေတံခွန်၏ ဖိအားနှင့် ဓားစွမ်းအင်တို့ ကြောင့် သူ၏ ကျင့်ကြံမှုမနှေးကွေးသွားသည့်အပြင် ပိုလို့တောင် တိုးတက်လာသည်ကို မြင်လိုက်ရသည်။
သူ၏ ဒန်ထျန်ထဲတွင် စိတ်ဝိညာဉ်အနှစ်များက သစ်သားတုံးကြီးအလား လှဲလျောင်းနေကြသည်။ ရေတံခွန်အောက်တွင် လေ့ကျင့်၍ သူ၏ ဒန်ထျန်ကိုသာ မချဲ့ထားပါက စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၁၀) ၏ အထွတ်အထိပ်ကို ရောက်တော့မည်ဟုတောင် ခံစားနေရသည်။
“အသက်ရှူခြင်းနည်းစနစ်က တကယ်ကို အံ့ဘွယ်သရဲပဲ။ စိတ်ဝိညာဉ်စွမ်းအင်ထူထပ်နဲ့နေရာမှာ အေးဆေးလှဲနေတောင် အဆင့်တက်တယ်။ လုံး၀ ညစ်ပတ်နေတာပဲ”
စုရှောင်ရှန် ပျောက်စရာစကားပျောက်ရှနေ၏။ အခြေခံပင်ကိုယ်စွမ်းရည်တစ်ခုတည်းဖြင့် ပြိုင်ဘက်ကင်းလောက်အောင် ဖြစ်နေတော့ကာ အခြား ပင်ကိုယ်စွမ်းရည် (၈) ခုလည်းရှိသေးသည်။
ပင်ကိုယ်စွမ်းရည်များက ၎င်းတို့၏ စွမ်းပကားများကို အမှန်ချပြလေပြီ။
တိုးတက်လာသော သူ၏ ကိုယ်ပိုင်ခွန်အားက ဤပင်ကိုယ်စွမ်းရည်များကို အားနည်းစေမည့်အစား ပို၍ အလားအလာကောင်းလာအောင် လုပ်ပေးလိမ့်မည်ဟု စုရှောင်ရှန်ယုံကြည်သည်။
ပင်ကိုယ်စွမ်းရည်ဟူသည် နှောင်းပိုင်းမှ ၎င်းတို့၏ ခွန်အားကို အပြည့်အ၀ ထုတ်ပြသည်မဟုတ်ပါလား။
စုရှောင်ရှန်၏ မျက်၀န်းများ အနက်ရောင်ရေတံခွန်အပေါ်ထပ်ရောက်သွားသည်။ ရေတံခွန်အောက်ကိုပြန်သွားဖို့ အလျင်လိုဟန်မရဘဲ ဓားလက်ချောင်း(၁၀) ခန်းကိုပြန်ထုတ်ယူကာ ဖတ်ကြည့်လိုက်သည်။
အကြီးအကဲကျောက်၏ အဆိုအရတော့ အနက်ရောင်ချောက်ကမ်းပါးက ဓားလက်ချောင်း(၁၀) ခန်းကို လေ့ကျင့်ဖို့အသင့်တော်ဆုံးနေရာဖြစ်လေသည်။ ထိုစဉ်က နားမလည်သော်လည်း ယခုတော့ သဘောပေါက်သွားသည်။
ထိုကောင်းကင်မှ စီးကျလာဟန်ရသော အဖြးရောင်ဓားစွမ်းအင်များက သူ့အခြေခံအုတ်မြစ်ကိုတောင် ပိုင်းဖြတ်နိုင်သည့်ဟန်ရနေသည်။ ထို့အပြင် ၎င်းတို့ကို အသေအချာ ဆန်းစစ်ကြည့်လျှင် မပျောက်ကွယ်သွားခင် ဝေဝေဝါးဝါး နက်ရှိုင်းသော အသိအမြင်များကို ခံစားရသည်။
ထိုအရာက တစ်ခဏသာဖြစ်သော်လည်း ထိုသို့ မရေမတွက်နိုင်သော တစ်ခဏပေါင်းများစွာကို ခံစားကြည့်ပြီးဖြစ်၏။
ဤနေရာက ဓားဆန္ဒနှင့် ဓားလမ်းစဉ်ကို ကျင့်ကြံရန် အကောင်းဆုံးနေရာဖြစ်သလို အဘယ်ကြောင့် ထိုကျောက်ပြားကြီးတွင် နာမည်များစွာရေးထိုးထားကြောင်းကို ရှင်းပြနေသည်။
သူ့စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်က လိုအပ်ချက်မျာကိုဖြည့်စည်းပြီးသည်ကိုသိရာ စုရှောင်ရှန် ဓားလက်ချောင်း(၁၀) ခန်း၏ ပထမအဆင့်တွင် ပေခံမနေတော့ပါ။ ဆက်လက်၍ “ဓားဆန္ဒကိုသဏ္ဌာန်ဖြစ်ပေါ်စေခြင်း” ကိုသာ နားလည်အောင်လုပ်ရမည်။
ကျောက်စိမ်းစာလိပ်အရတော့ ဓားဆန္ဒ၏သဏ္ဌာန်က မျက်စိဖြင့်မြင်နိုင်မည်ဖြစ်ကာ ဓားကဲ့သို့ ပုံစံကိုလည်း မဆောင်ပါချေ။ ၎င်းက ဖော်ပြ၍ရသလို တစ်ခါတစ်ရံ ဖော်ပြ၍လည်းမရပေ။ တည်ရှိသလိုလိုနှင့် ရှိလည်းမရှိပါ။
ကျောက်စိမ်းစာလိပ်က ထိုအရာကို သာမန်အတွေးအမြင်ရဲ့စွမ်းပကားဟုခေါ်သည်။ စိတ်ဖြင့်အရာ၀တ္ထုကို ရွေ့လျားစေနိုင်ခြင်းမျိုးမဟုတ်ရပါ။ စိတ်ဖြင့်တွေးတောခြင်းသာဖြစ်သည်။
အစက သူကိုယ်တိုင်လည်း မှားများဖတ်မိသလားဟု ကြောင်သွားခဲ့သည်။ သို့သော် အကြိမ်ရေများစွာ ဖတ်ရှူနေပြီးနောက်မှ ထိုသို့သာ ရေးထားကြောင်းကို သေချာသွားတော့သည်။
စုရှောင်ရှန် ထိုအရာကို နားမလည်နိုင်ပါ။
အဘယ်ကြောင့် ၎င်းကို ပုံမှန် အတွေးစွမ်းအားလို့ မဟုတ်ဘဲ သာမန် အတွေးစွမ်းအားဟု နာမည်မှည့်ထားရပါသနည်း။
ဒုတိယအချက်က သာမန် အတွေးစွမ်းအားရှိရင် ထူးခြားတဲ့ အတွေးစွမ်းအားရော မရှိပေဘူးလော။
၎င်းတို့က သူလျှောက်တွေးနေခြင်းသာဖြစ်သည်။ ထိုအခိုက်အတန့်၌ ဓားဆန္ဒ စစ်စစ်ကိုတောင် သဏ္ဌာန်မဖော်နိုင်သေးလေပေ။
ကျောက်စိမ်းစာလိပ်ထဲမှ အချက်အလက်များကလည်း အလွန်အမင်းဝေဝါးကာ အဓိပ္ပာယ်ကို နားလည်နိုင်အောင် သေချာမဖော်ပြထားပါလေ။
“ကြည့်ရတာ ဒီလို ထူးဆန်းတဲ့အရာတွေက အဓိပ္ပာယ်ဆိုတာကြီးကို မရှိလောက်အောင် ကြမ်းထော်နေလို့ဖြစ်ရမယ်”
စုရှောင်ရှန် ပညာရှိဟန်ဖြင့် မေးစေ့ကို ပွတ်လိုက်သည်။ ဓာဆန္ဒသက်သက်တည်းဖြင့်တိုက်ခိုက်ခြင်းက ကျောက်စိမ်းစာလိပ်မှ ဖော်ပြချက်အရတော့ အင်မတန်ဆန်းကြယ်သည့် နက်နဲသော ပညာရပ်တစ်ခုဖြစ်ပြီး နည်းစနစ်မပါဘဲ နည်းစနစ်များကို ဖိနှိပ်ရသည့် အရာဖြစ်သည်။
စုရှောင်ရှန် ၎င်းက ဖြစ်နိုင်သောအရာလားတောင် သံသယဖြစ်သွားသည်။
“စမ်းကြည့်မယ်ကွာ”
စုရှောင်ရှန် စိတ်ဝိညာဉ်အနှစ်များကို အလွှာတစ်ခုချုံလိုက်ပြီး ဓားစွမ်းအင်များစီးကျနေသော ရေတံခွန်ထဲ နောက်တစ်ခေါက်ပြန်၀င်လိုက်သည်။
ယခုတစ်ခေါက်က ပင်ကိုယ်မှတ်များရရန် မဟုတ်ဘဲ ကျင့်ကြံရန်ဖြစ်သည်။
ဓားစွမ်းအင်များသူ့ကို ရိုက်ခတ်လာလျှင် ၎င်းတို့နောက်မှ အဓိပ္ပာယ် အသိအမြင်ကို နားလည်အောင်ကြိုးစားရန်ဖြစ်သည်။ ကျင့်ကြံမှု မနှောင့်နှေးသွားအောင် သူ့ကိုယ်သူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရတာမဖြစ်အောင် ကြိုးစားရပေမည်။
စိတ်ဝိညာဉ်အနှစ်အလွှာက ထိုဓားစွမ်းအင်များကို အားနည်းသွားစေပေလိမ့်မည်။ ကာကွယ်ရေးစိတ်ဝိညာဉ်လက်နက်များရှိပါက ဤနည်းလမ်းကို ရွေးချယ်စရာလိုလိမ့်မည်မဟုတ်။ ကံကောင်းတာက အဆင့်မြင့်စိတ်ဝိညာဉ်ရှိသောကြောင့် စိတ်ဝိညာဉ်အနှစ်ကုန်ခမ်းသွားမှာ ပူစရာမလိုပါပေ။
အချိန်တစ်ခုကြာအောင် ခုခံလိုက်၊ ပြန်ထွက်လိုက်နှင့် လုပ်နေပြီးနောက် ရေတံခွန်အောက်၌ ကြာကြာနေဖို့ ခက်ခဲကြောင်း သိလိုက်ရသည်။
သူ့ကိုယ်ပိုင်ဓားဆန္ဒက အနက်ရောင်ရေတံခွန်နှင့်ပေါင်းစပ်ပြီး အပေါ်သို့တက်သွားရာ အနက်ရောင်ချောက်ကမ်းပါးတစ်ခုလုံး အတန်ငယ် တုန်ခါသွားသည်။
ချက်ခြင်း ယခင်ကထက် (၁၀)ဆ အဆ(၂၀) လောက်ပိုများသည့် ဓားစွမ်းအင်များ တစ်သုတ်ပြီး တစ်သုတ် လျှင်လျှင်မြန်မြန်ဆင်းလာတော့၏။
“လခွမ်း”
စုရှောင်ရှန် ဒူးများတုန်အောင်ကြောက်သွားပြီး ရေတံခွန်ထဲမှ ချက်ခြင်းခုန်ထွက်လိုက်၏။
ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကျင့်ကြံခြင်းကွင်းပြင်ကြီးတစ်ခုလုံး အစအနမကျန်ပျောက်သွားသည်။ စုရှောင်ရှန် အသံတောင်မထွက်နိုင်တော့အောင် မှင်သေသေကြီး ရပ်ကြည့်နေလိုက်သည်။
ဘာဖြစ်သွားတာလဲဟ။
ငါ့ကိုအေးအေးဆေးဆေးကျင့်ကြံခွင့်လေးပေးပါလားကွာ။ ဒီလိုမနောက်ပါနဲ့။
ထို့နောက် တိမ်တိုက်ထဲထိတိုး၀င်ပျောက်ကွယ်နေသော ရေတံခွန်က်ိုကြည့်ပြီး တွေးတောလိုက်သည်။ “အပေါ်မှာ ဘာရှိတာလဲ မသိဘူး”
အဘယ်ကြောင့် ဓားစွမ်းအင်များ အစကတည်းက ကောင်းကင်မှ စီးကျလာနေရပါသနည်း။ အရာရာတိုင်းက သူ့အလိုလိုနေရင်းတော့ ဖြစ်လာတာမဟုတ်ဘူးမလား။
သို့မှ ဓားစွမ်းအင်များထဲမှာ အသိအမြင်တွေပါနေတာကလည်း ထူးဆန်းနေကြောင်း အသိစိတ်၀င်လာတော့သည်။
“ဒီနေရာမှာ ကြွေလွင့်သွားတဲ့ ဝိညာဉ်တွေရှိနေတာလားဟ”
ကြည့်ရတာ ဓားဆန္ဒစစ်စစ်ကို ဘယ်လို အသုံးချမည်ဆိုသော ထူးဆန်းအရေးမပါသည့် အရာများကြောင့် ကယောင်ခြောက်ခြား လျှောက်တွေးနေမိခြင်းသာဖြစ်ရမည်။
စုရှောင်ရှန်ခေါင်းကို အပြင်းအထန် ကုတ်ခါလိုက်သည်။ သူ့အတွေးတွေလေလွင့်နေရမည့် အချိန်မဟုတ်ပါလေ။
“ထပ်ချကွာ”
ရေတံခွန်ထဲကို ပြန်ပြေး၀င်သွားလိုက်သည်။ ရေတံခွန်အောက်က ကွင်းပြင်ကြီးက အစအနမကျန်ပျောက်ကွယ်သွားပြီဆိုပေမယ့် ကျောက်တုံးကြီးအချို့တော့ကျန်သေးသည်။ ကျောက်တုံးတစ်တုံးပေါ်တွင် စုရှောင်ရှန် ရပ်လိုက်၏။
ယခင်တစ်ခေါက်က အတွေ့အကြုံကြောင့် ဓားဆန္ဒကို သတိကြီးကြီးထားပြီးမှ ထုတ်လွှတ်လိုက်လေသည်။ ထို့နောက်၎င်းကို မိုးပေါ်သို့ တင်ရမည့်အစား သူ့ကိုယ်သူ ရစ်ပတ်လိုက်သည်။
“ငါသိသားပဲ…”
သူအပေါ်ကျလာသော ဓားစွမ်းအင်များ မတိုးလာတော့ဘဲ ရေချိန်တစ်ခုတည်း၌သာ ကျန်ရှိနေသည်။
၎င်းက စုရှောင်ရှန်၏ စပ်စုလိုစိတ်ကို ပြင်းပြသွားစေ၏။ ထျန်းရွှမ်တံခါးသို့၀င်လာသောလူတိုင်း (၃) ရက်အတွင်း သူတို့၏ ကိုယ်ပိုင် လေ့ကျင့်ခန်းများကို ကိုယ်စီ ပြီးမြောက်အောင်လုပ်ဆောင်ကြမည်ဖြစ်ပေသည်။ သူကတော့ထိုသို့မဟုတ်ဘဲ သူ့အာရုံကိုဖမ်းစားသွားသည့် အရာတစ်ခုကို ဖော်ထုတ်ရန်ကြိုးစားလိုက်၏။
ယခု အနက်ရောင်ချောက်ကမ်းပါး၏ အထက်သို့ ပျံတက်ပြီး ဘာရှိသလဲကြည့်ချင်စိတ်များဖြစ်လာနေသည်။
ကံဆိုးစွာနဲ့ သူက မပျံနိုင်ပါပေ။
“ဓားလက်ချောင်း(၁၀) ခန်းကိုဆက်ကျင့်ပြီး စစ်မှန်ခြင်းနယ်ပယ် အရင်ရောက်အောင်လုပ်ရမယ်” စုရှောင်ရှန် စိတ်ပိုင်းဖြတ်လိုက်သည်။
ထို့နောက်မှ ပျံသန်းနိုင်စွမ်းရှိကာ အချိန်ရှိသေးပါက ချောက်ကမ်းပါးအပေါ်ကိုတက်ကြည့်မည်ဖြစ်သည်။
စုရှောင်ရှန် ရစ်ပတ်နေသော သူ၏ ဓားဆန္ဒကို လက်ချောင်းထိပ်ပေါ်၌ အစက်ကလေးတစ်ခုအရွယ်အစားလေးသာ ပြန်သိပ်သည်းလိုက်သည်။ သူ့စိတ်ထဲ၌ရှိသည့်အတိုင်း ဓားဆန္ဒကို သဏ္ဌာန်ဖော်နေခြင်းဖြစ်ပါသည်။
စုရှောင်ရှန် နေ့တစ်၀က်လောက်ကြိုးစားလုပ်ဆောင်ကြည့်ရာတွင် ဘာမှ မထူးသွားပါပေ။ ဘာဆက်လုပ်ရမှန်းမသိတော့ရာ ဒဏ်ရာများပြန်ကုရန်သာ ရေတံခွန်အောက်ကနေထွက်လိုက်တော့သည်။
“လက်တွေ့လည်းမဆန်ဘူး။ ဖြစ်နိုင်ပါ့မလား”
နောက်ထပ်အကြိမ်အနည်းငယ် ထပ်စမ်းကြည့်လိုက်သော်လည်း ထူးမခြားနားလာပါ။
သူ့ကိုယ်သူတောင် သံသယများစ၀င်လာတော့သည်။ ကျောက်စိမ်းစာလိပ်အတိုင်း တစ်တွေမသိမ်းလိုက်နာသည်ကို ဘာလို့ ရှုံးနိမ့်နေရပါသနည်း။ ရှစ်ယောက်မြောက်ဓားနတ်ဘုရားတောင် ထိုအဆင့်ကို တွေးတောခဲ့တာကို အံ့အားသင့်ရသည်။ ဘယ်လို ဘယ်လိုများ အောင်မြင်သွားလဲမသိ။
ပါရမီရှင်တွေက တကယ် ရူးကြောင်ကြောင်နိုင်ကြသည်။ သာမန်လူတို့၏ အတွေးခြေရာကို မလိုက်ကြပါပေ။
စုရှောင်ရှန် ရေတံခွန်ထဲကို ထပ်မဝင်သွားလိုက်ပါ။ ကျောက်စိမ်းစာလိပ်ထဲကညွှန်ကြားသည့်အတိုင်း လုပ်၍ မအောင်မြင်လေရာ ဆက်ကြိုးစားနေလည်း ထူးမခြားနားသာဖြစ်မည်။
သို့ဖြင့် နိယာမကို ပြောင်းလဲရန်ကြံလိုက်တော့သည်။
အဘယ်ကြောင့် ဓားဆန္ဒကို အရင်ထုတ်လွှတ်ပြီးမှ သဏ္ဌာန်ပေါ်အောင် ပြန်ဆင့်ခေါ်ရပါသနည်း။ အခြားနည်းလမ်းဖြင့်လိုက်လျှင် ပို၍ မလွယ်ပေဘူးလော။