Switch Mode

Chapter – 129

အပိုင်း (၁၂၉) အနက်ရောင်ရေတံခွန်ကြီး

စုရှောင်ရှန် ကောင်းကင်ယံမှာ ခုန်ပေါက်ပျံသန်းနေ၏။

ထျန်းရွှမ်တံခါးက အလွန်ကြီးမားလေပြီး တစ်ကြိမ်မှာ (၁၀) ယောက်သာ၀င်နိုင်လေရာ တစ်ခါ၀င်တိုင်း တစ်ယောက်ချင်းစီ သိမ်းကြုံးနိုင်သည့် အရင်းအမြစ်များက မနည်းပါလေ။

လူတိုင်း ကိုယ့်လိမ်းကိုယ်သွားကြသည်ဖြစ်ရာ ထျန်းရွှမ်တံခါးတစ်လျှောက် ခုန်ပေါက်လာသည့် အခိုက်မှာ တစ်ယောက်ကိုမှ မတွေ့ရပါလေ။

ကောင်းကင်နှင့် မြေပြင်တွင် တိတ်‌ဆိတ်ခြင်းကသာ ကြီးစိုးနေသည်။ စိတ်ဝိညာဉ်စွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်ထဲကို အလုံးအရင်း တိုက်ခိုက်၀င်ရောက်နေကြ၏။

ထို့နောက် ရိုက်ခတ်သံ တစ်စုံတစ်ခုကို ဖျော့တော့တော့လေးကြားလိုက်ရသည်။

စုရှောင်ရှန်၏ အမူအရာပြောင်းလဲသွား၏။ အနက်ရောင်ချောက်ကမ်းပါးက အနီးမှာလား။

စုရှောင်ရှန် နောက်ထပ် အကြိမ်ရေအနည်းငယ် ခုန်ပေါက်လာပြီးတဲ့နောက်မှာ လမ်းစတစ်ခုကိုတွေ့လိုက်ရသည်။ မြေပြင်ပေါ် တည်တည်ငြိမ်ငြိမ်ဆင်းလာပြီးသောအခါ သူ့ရှေ့မှ အရာကြောင့် စုရှင်ရှန် မှင်တက်သွားတော့၏။

သူက အင်မတန်နက်ရှိုင်းသည့် ချောက်နက်ကြီး၏ အခြေတွင် ရပ်နေခြင်းဖြစ်လေသည်။ ကောင်းကင်ကိုမော့ကြည့်လိုက်ရာ ‌တိမ်တွေကြားထဲမှ ကျလာနေသော ရေတံခွန်ကြီးကိုမြင်ရ၏။ ရေတံခွန်ရဲ့အစက ဘယ်ကမှန်းမသိပေမယ့် ကောင်းကင်မှ ကျလာနေသည်ကိုသာ တွေ့ရလေသည်။

အနက်ရောင်ရေတံခွန်ကြီးက ဓားစွမ်းအင်များ ပါရှိသည့် ရေများဖြင့် စီးဆင်းကျလာနေသည်။ ၎င်းမှ တဝုန်းဝုန်းဟူသည့် ကျောက်ဆိုင်ကျောက်ခဲကြီး မြေပြင်နှင့်တိုက်မိသလို မိုးချိမ်းမတတ် ကျယ်လောင်သော အသံကြီး မြည်တမ်းနေ၏။

“ဘုရားရေ ဒီရေတံခွန်ကို ဖြတ်မယ်ဆိုရင် ဖိအားတစ်ခုတည်းကပဲ ငါ့ကိုတောင် ဖိသတ်သွားမလားဘဲ”

စုရှောင်ရှန် ကြောက်ရွံ့သွားသည်။ ယောင်ယင်ယင်၏ ခြံ၌လည်း ရေတံခွန်အသေးလေးကို မြင်ခဲ့ဖူး၏။ သို့သော် သူတို့နှစ်ခုကို ယှဉ်လျှင် ကမ်းခြေ၌ဆောက်ထားသော ရဲတိုက်ကလေးနှင့် ကောင်းကင်ဘုံနတ်နန်းတော်အလား ကွာခြားလေသည်။

အကြီးအကဲစန်းက သူ့ကို ကောင်းမွန်လွယ်ကူသည့် နေရာကို ညွှန်းမှာမဟုတ်ဘူးဆိုတာသိပေမယ့် ဒီလောက်ကြီးကြ…။

ရေတံခွန်မှရေက ကန်အကြီးကြီးတစ်ခုထဲကျနေသည်။ ကန်၏အလယ်၌ ကျောက်တုံးများဖြင့် ဖောက်လုပ်ထား‌သော ကွင်းပြင်ကြီးတစ်ခုရှိသည်။ ၎င်းက ကျင့်ကြံရန်နေရာဖြစ်ပုံရသည်။

မလှမ်းမကမ်း၌ ကျောက်ပြားကြီးတစ်ချက်ရှိလေပြီး စုရှောင်ရှန် ထိုအနားသွားလိုက်သည်။

ကျောက်တုံးကြီး၏ ထိပ်ဆုံးအပိုင်း၌ “ပန်” ဟူသည့် စာလုံးတစ်လုံးရှိနေပြီး အောက်၌ နာမည်များစွာ ဆက်တိုက် ရေးထိုးထား၏။ ထိုနာမည်များအောက်ဆုံးမှ တစ်ခုနှင့်တော့ စုရှောင်ရှန်ရင်းနှီးပါသည်။

စုရှင်းရှင်း။

“သူမ ဒီကိုလာဖူးတာပေါ့”

ဆိုလိုသည်က…

စုရှောင်ရှန် ကျောက်ပြားကြီး၏ ထိပ်ဆုံးကို ပြန်ကြည့်လိုက်သည်။ “ပန်” ဟူသည့် စာလုံးကလည်း နာမည်ဖြစ်လောက်၏။

“ပန်ကျွင်းအန်လား”

“ပန်”ဟူသည့် စာလုံးကိုတွေ့တာနဲ့ ကောက်ချက်တွေ တန်းချနေတာ မည်မျှ ရူးမိုက်ကြောင်းကို သိလိုက်၏။

ရှစ်ယောက်မြောက်ဓားနတ်ဘုရား ဤနေရာကို ရောက်ဖူးသည်မှာ မည်သို့မှ မဖြစ်နိုင်ပါလေ။ မဟုတ်ပါက သူက စိတ်ဝိညာဉ်နန်းတော်၏ ဂိုဏ်းသားဖြစ်ခဲ့သည်ဟု မဆိုပေဘူးလော။ အကယ်၍ ထိုသို့သော ဂိုဏ်းသားတစ်ယောက်သာရှိပါက ထျန်းစန်းနန်းတော်၏ ယခင် ခေါင်းဆောင်များ နတ်ပြည်‌၌ ပျော်နေလောက်ပြီ။

ထို့ပြင် ဓားနတ်ဘုရားများ၏ လက်ရာကို တစ်ချက်ကြည့်ခြင်းအားဖြင့် ဓားဆန္ဒအပေါ် ကျွမ်းကျင်မှုနဲ့ အလင်းပေါက်မှုတို့ကို သိသွားသင့်သည်မဟုတ်ပါလား။

စုရှောင်ရှန် ကျောက်ပြားကြီးကို အကြာကြီးစိုက်ကြည့်နေလိုက်ပေမယ့် အကျိုးမဖြစ်ထွန်းပါပေ။ ဒဏ္ဌာရီလာ ဆန်းကြယ် လေးနက်သော နယ်ပယ်ထဲကို မရောက်ရှိသွားပါချေ။ နှင်းမြို့တော်ရဲ့အလွမ်းကတောင် ဒီ့ထက် ပိုအသုံး၀င်သေးသည်။

“ဟင်…”

တစ်ခဏကြာ ‌တွေးတောပြီးနောက် နောင်လာနောင်သားများကို ဦးနှောက်ခြောက်သွားရအောင်လုပ်လိုက်မည်ဟု ဆုံးဖြတ်လိုက်၏။ တိတ်တခိုးနာကျင်ခြင်းကို ထုတ်ပြီး “နိုး အိုရိုချီ” နောက်မှဆက်၍ “ရာမာတာ” ဟု ထွင်းလိုက်တော့သည်။ (ဂျပန် ဒဏ္ဌာရီလာ ခေါင်းရှစ်လုံး၊ အမြှီးရှစ်ချောင်း နဂါး/မြွေကြီး)

ကွက်တိပဲ။

“နောက်… ငါ့နာမည်ကို ချန်ခဲ့ရမလား”

စုရှောင်ရှန်က လူယဉ်ကျေးတစ်ယောက်ဖြစ်ပါသည်။ “ငါဒီမှာရောက်ခဲ့တယ်” ဆိုသော စကားကိုချန်ခဲ့တတ်သည့် အကျင့်လည်းမရှိရပါ။ ယခု လူတိုင်းက လုပ်နေမှတော့… စုရှောင်ရှန် ကျောက်ပြား၏ ထိပ်ဆုံး၌ “စု သားရဲကြီး” လို့ ထွင်းလိုက်၏။

“ဒီနာမည်က ဖတ်လို့ မိုက်ပြီးတော့ ကြောက်ဖို့လည်းကောင်းတယ်။ ငါ့စရိုက်နဲ့တော့ ကွက်တိပဲ” စုရှောင်ရှန် ကျေနပ်စွာ ခေါင်ညိတ်လိုက်သည်။

ထို့နောက် အနက်ရောင်ရေတံခွန်ကြီးကိုပြန်ကြည့်လိုက်သည်။ ထိုမှ မိုးချိမ်းသံအလား ရေကျသံကြောင့် မျက်ခုံးများ အပြင်းအထန် တုန်ခါသွားတော့၏။

“ဘာဖြစ်ဖြစ်ကွာ။ သေခြင်းဆိုတာ သက်ရှိကမ္ဘာနဲ့ ‌ခြေတစ်လှမ်းပဲကွာဝေးတာ။ ငါစမ်းကြည့်ရမယ်”

သူ့အင်္ကျီ (၁၃) ထပ်က သူ့ကို ဘာကာကွယ်မှုမှ ပေးလိမ့်မည်မဟုတ်ပေ။ သို့ဖြင့် အောက်ခံသာကျန်တော့သည်အထိ ချွတ်ချလိုက်ပြီး အသက်ရှင်သန်မည့်ပုံလုံး၀မပေါက်သည့် ‌ကန်လေးထဲမှ ကျောက်တုံးလမ်းအပေါ် ခြေချလိုက်သည်။

အကြားအမြင်ဖြင့် ရေတံခွန်နောက်၌ ဖုန်းကွယ်ထားသော ကျင့်ကြံသည့်နေရာနှင့်တူသည့် ကွင်းကြီးတစ်ခုကိုတွေ့ရလေသည်။ အဆက်မပြတ်စီးကျနေသော ရေများက ၎င်းကို ချောမွေ့ တောက်ပြောင်အောင်ပွတ်တိုက်သွားဟန်ရသည်။

စုရှောင်ရှန် သတ္တိခဲလိုက်ပြီး အနက်ရောင်ရေတံခွန် အထဲကို ခုန်၀င်လိုက်၏။

ဘုတ်…။

စုရှောင်ရှန် ကျင့်ကြံခြင်းကွင်းထဲကို ဖြတ်၀င်လိုက်သည့် အခိုက် ရေတံခွန်၏ ဖိအားကြောင့် ကွင်းပြင်ပေါ်သို့ စဉ်းနှီတုံးပေါ်မှ ငါးသေတစ်ကောင်အလား ရိုက်ချခံလိုက်ရ၏။

“လခွမ်း…” ၎င်းမှ သက်ရောက်မှုကြောင့် သွေးပွက်ပွက်အန်သွားရသည်။

စုရှောင်ရှန်၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နေ၏။ အကြီးအကဲစန်းက ရေတံခွန်မှ ရေ၏ ထူးခြားစွာ လေးလံခြင်းအကြောင်းကို ပြောဖူးပါသည်။ သို့ပေမယ့် သူ့စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကိုတောင် ထိုးဖောက် ဒဏ်ရာရစေလောက်တဲ့အထိ လေးလံမည်ဟုတော့ မထင်ပါလေ။

ထို သက်ရောက်မှုက သူ့တစ်ကိုယ်လုံးမှ အရိုးများကို ကွဲကြေမတတ်ဖြစ်သွားစေသည်။

ဘုန်းးး…။

ရေတံခွန်မှ ရေက ဆက်တိုက်ကျနေကာ လေးဘက်လေးရံလုံးမှ ဖိအားများကို ခံစားလိုက်ရတော့သည်။ ၎င်းက စုရှောင်ရှန် ခံစားနေရသော သာယာမှုများကို တစ်စက်မှမကျန်အောင် ညှစ်ထုတ်သွားကာ နာကျင်မှုများဖြင့်သာ ဖုံးလွှမ်းစေလိုက်၏။

ခက်ခက်ခဲခဲရုန်းကန်ပြီး စိတ်ဝိညာဉ်အနှစ်ဖြင့် အကာအကွယ်တစ်ခု အသက်သွင်းနိုင်လိုက်ကာမှ အသက်ရှူချောင်သွားသည်။

စုရှောင်ရှန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူ့အခြေအနေကိုသူကြည့်ပြီး ရေတံခွန်ထဲ သူ့လို ခန္ဓာကိုယ်မရှိသည့် ရူးရူမိုက်မိုက်၀င်လိုက်မည့်သူ၏ ကံကြမ္မာကို တွေးမိသွားသည်။ ဝိညာဉ်ပါမကျန်အောင် စုတ်ဖြဲလိုက်မည်လားမသိ။

သူ့လို စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်မရှိသည့် လူများက သူ့လောက် ရူးမိုက်လိမ့်မည်မဟုတ်ပါပေ။ အသေအချာ ပြင်ဆင်ပြီး အကာအကွယ်‌‌တွေဘာ‌တွေ အသက်သွင်းပြီးမှ ရေတံခွန်းကိုတိုး၀င်ကြပေလိမ့်မည်။

စုရှောင်ရှန်၏ လုပ်ရပ်က မိုက်ရူးရဲဆန်ပေသည်။

သူ့စိတ်ဝိညာဉ်အနှစ်အကာအကွယ်က တဖြေးဖြေး ချိုင့်ဝင်လာခဲ့၏။ စုရှောင်ရှန် ၎င်းကို ဖျက်ပယ်ကာ ရေတံခွန်၏ ဖိအားကို ခံရန်ဆုံးဖြတ်လိုက်သည်။ သူ့အတွက် လေ့ကျင့်ခန်းကောင်း တစ်ခုလည်းဖြစ်ပေလေမည်။ ထိုသို့ကြံနေတုန်းရှိသေး ရုတ်တရက် သူ့ကို အဖြူရောင် ဓားစွမ်းအင်တစ်ခုလာရိုက်ခတ်သည်။

ဇွက်…။

ထိုဓားစွမ်းအင်က သူ၏ အကာကွယ်ကို အေးဆေးစုတ်ဖြဲပြီး ပခုံးသားပေါ်လာကျလေရာ အသားများကိုပင် စုတ်ပြတ်သွားစေသည်။

သွေးများနေရာအနှံ့ပြန့်သွားပြီး စုရှောင်ရှန်လည်း နာကျင်မှုကြောင့် အော်လိုက်၏။ ပင်ကိုယ်စွမ်းရည်များဖြင့် အဆင့်မြှင့်ထားတာတောင် သူ့ခန္ဓာကိုယ်က ဒဏ်ရာ အပြင်းအထန်ရသွားသည်။

သူထင်သည့်အတိုင်း ဤနေရာက စတင်ခြင်းနယ်ပယ် ကျင့်ကြံသူများအတွက် လုံး၀ လုံး၀ မဟုတ်ပါပေ။

အသက်ရှူတောင်မချောင်သေးခင် ရေတံခွန်မှ မြောက်များစွာသော အဖြူရောင်ဓားစွမ်းအင်များ သူ့ထံဦးတည်၍ သံလိုက်ကိုလာကပ်သည့် သံများအလား စီးကျလာတာကို အကြားအမြင်မှ တစ်ဆင့် တွေ့လိုက်ရသည်။

ထိုဓားစွမ်းအင်များက ကောင်းကင်ပေါ်မှ မိုးကြိုးလျှပ်ပန်းများအလား သူကတော့ ၎င်းတို့ကို ဆွဲဆောင်လိုက်သည့် မိုးကြိုးလွှဲအလား။

“သောက်ခွက်လာပြောင်နေတာလားဟ”

စုရှောင်ရှန်၏ နှလုံးတစ်ချက်ခုန်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ သူ့ခေါင်းကိုသာ ထိုဓားစွမ်းအင်အနည်းငယ် လာထိရိုက်ပါက ဖရဲသီးလို နှစ်ခြမ်းကွဲသွားလောက်သည်။

စုရှောင်ရှန် ခြေထောက်ကိုအားယူပြီး ရေတံခွန်ထဲမှ ခုန်ထွက်ရန်ပြင်လိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပြီဖြစ်ကာ သူ့ကို ဓားစွမ်အင်အချို့ လာရိုက်ခတ်သည်။ တစ်ဖန် ကွင်းပေါ်၌ ပြားပြားပြန်၀ပ်သွားပြီး နာကျင်မှုများတစ်ကိုယ်လုံးပြန့်သွား၏။

မျက်စိတစ်မှိတ်အတွင်း…

ဇွက် ဇွက် ဇွက်

စုရှောင်ရှန် ပုဇွန်ထုပ်လိုကွေးကွေးလေး သူ့ခေါင်းကိုလက်ဖြင့် ခက်ခက်ခဲခဲပိုက်လိုက်နိုင်သည့် တစ်ခဏ ဓားစွမ်းအင်များ ထောင်နှင့်ချီ၍ လာရိုက်တော့သည်။ စီးကျလာနေသော အနက်ရောင်ရေများနှင့်အတူ ရေကန်ကြီး သွေးများဖြင့် ရဲရဲနီသွားတော့သည်။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“… …”

အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်မြောက်များစွာဖြင့် ပြည့်သွားတော့သည်။ စုရှောင်ရှန် ခံစားနေရသော နာကျင်မှုကို ဘေးက ကြည့်သူတောင် ခံစားရနိုင်လောက်သည်။

“ချီး”

စုရှောင်ရှန်၏ မျက်နှာထိုရိုက်ချက်များကြောင့် သွေးဆုတ်ဖြူရော်သွား၏။ သူက လုံး၀ လှုပ်မရဖြစ်နေကာ ထာ၀ရအသက်စွမ်းအင်အပေါ်၌သာ အမှီပြုထားရတော့သည်။ ထို့တောင် ဒဏ်ရာများ သူ့ကိုယ်ပေါ်၌ တစ်စထက် တစ်စ များလာခဲ့သည်။

ဒဏ်ရာရသည့်နှုန်းနှင့် ပြန်ကောင်းသည့် နှုန်းက မကိုက်ညီနေပါပေ။

ကံကောင်းသည်က ကျင့်ကြံခြင်းကွင်ပြင်က အလွန်ချောမွေ့နေသောကြောင့်ပင်။ ဆက်တိုက် စုတ်ပြတ်သတ်အောင် ဖိရိုက်နေသည့် ရေတံခွန်အကြားမှ နာကျင်မှုကို ကြိတ်မှိတ်ခံကာ ဖြေးဖြေးချင်း ရေကန်လေးထဲကို တွားသွား လှိမ့်ချလိုက်သည်။ သို့မှ ရေတံခွန်၏ ခက်ထန်သော စီးကျရေကြောင့် ရေအနက်ထဲကို နှစ်ခံလိုက်ရတော့သည်။

စုရှောင်ရှန် မျက်နှာပြင်ထက်ကို အလျင်အမြန် ပြန်ကူးခတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်၏။

ရေပေါ်မှာ ငါးသေတစ်ကောင်အလား ပေါလောမျောနေရင်းမှ သေခြင်း၏တံခါး၀မှ လွတ်လာနိုင်သောကြောင့် ပီတိတို့ဝေဖြာသွားတော့သည်။

သူ့တစ်ကိုယ်လုံး၌ ဖြတ်ရာ ပြတ်ရာများဖြင့် သွေးများစိမ့်ထွက်နေတော့လေသည်။

“အဲ့ဒီအဖိုးကြီးရဲ့ စကားကို ငါကိုက မယုံလိုက်သင့်တာ။ ဒါက ငရဲမီးတောက်အ စေ့စားရတာထက်တောင် ပိုဆိုးနေတယ်”

(၅) မိနစ်ခန့်ကြာသော် စုရှောင်ရှန်၏ ဒဏ်ရာများ တဖြေးဖြေးပျောက်ကင်းသွား‌ပြီး ခြေလက်များကိုလည်း အနည်းငယ် လှုပ်ရှားလို့ရသွားသည်။ အနက်ရောင်ရေတံခွန်မှ သူ့ကိုတောင် ဒဏ်ရာ ရသွားစေသော ဓားစွမ်းအင်များကိုထိတ်လန့်ကြောက်ရွံ့စွာကြည့်ပြီး ကမ်းစပ်ကို ကူးသွားလိုက်၏။

ဘာလဲဟ။ ဓားစွမ်းအင်တွေက ရေတံခွန်ထဲကို၀င်တော့ ဘာလို့သူ့ကို သေလောက်အောင် ဝိုင်းတိုက်ခိုက်ကြတာလဲ။

ထိုဓားစွမ်းအင်များသာမရှိပါက ဤနေရာက သူ့အခြေခံအုတ်မြစ်ကို တိုးတက်အောင်လုပ်ဖို့အတွက် အကောင်းဆုံးနေရာဖြစ်ပေလိမ့်မည်။ ထိုဓားစွမ်အင်များအကြားမှ သွားရောက်လေ့ကျင့်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေနေခြင်းနှင့် ဘာမှ မထူးခြားနားပါပေ။

ကံဆိုးပါက အချိန်မှီပြန်မထွက်လိုက်နိုင်လျှင် အပိုင်းပိုင်းပြတ်သွားပေမည်။

“ဒီလို လေ့ကျင့်တဲ့ပုံနဲ့ ငါနဲ့ မလိုက်ပါဘူးလေ”

အကြီးအကဲစန်းပြောတာမှန်သည်။ သူ့အခြေခံအုတ်မြစ်က မသန်မာပါပေ။ ဒီလို နာကျင်မှုကြီးကို ခံစားဖို့မလိုအပ်ချေ။

သို့သော် ထိုအတွေးက အနီရောင်ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွား၏။

သူ၏ ပင်ကိုယ်မှတ်များက ၂၅၀၀ မှ ၂၈၀၀ သို့ တစ်ခဏအတွင်းတက်သွားလေသည်။ ပင်ကိုယ်မှတ် (၃၀၀) ကြီးများတောင်ဖြစ်၏။

၎င်းက အချိန်သိပ်မကြာလိုက်ပါပေ။ တစ်သက်တစ်ခါရှူကို ၁.၃၅ စက္ကန့်ဖြင့် အသက်အနည်းငယ်ရှူချိန်လောက်သာကြာမြင့်လိုက်ပါသည်။

“ငါသာ တစ်ရက်လုံးဒါကို လုပ်လိုက်မယ်ဆိုရင်…”

စုရှောင်ရှန် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ့မျက်၀န်းထဲ၌ ဆုံးပိုင်းဖြတ်လိုက်သော အကြည့်များပေါ်လာ၏။

“ဟက်… ငါနာကျင်မှုကိုအဲ့လောက်ကြီး နှစ်သက်လို့တော့ မဟုတ်ဘူးနော်”

Comment

Leave a Reply

Options

not work with dark mode
Reset